PSYCHO FRIEND (Season-2)

By May555myat55mon

17.1K 1.7K 284

🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ္မက္ေလလား... More

Attention!!!
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19

Part 3

700 100 2
By May555myat55mon

🐺Unicode🐍

ဘေစင်က ရေစက်ကျသံ တတောက်တောက်ကလွဲ တိတ်ဆိတ်နေတဲ့ ရေချိုးခန်း။ လူနှစ်ယောက်လွတ်လွတ်လပ်လပ်ရေချိုးနိုင်လောက်အောင်ကျယ်ဝန်းတဲ့ bathtub ထဲ ရေစိမ်ရင်း ဘောင်ကိုခေါင်းမီပြီး သူ့ညာလက်သူပြန်ကြည့်နေတဲ့ရှောင်ကျန့်။ အကြည့်တို့က မှုန်မှိုင်းပြီး တစ်စုံတစ်ခုကို လွမ်းလွမ်းဆွေးဆွေးနဲ့ တွေးတောနေသလို။

ခဏအကြာမှာပဲ မှုန်မှိုင်းမှိုင်းအကြည့်တို့မှ ခပ်စူးစူးအကြည့်အဖြစ်ကိုပြောင်းလဲလို့ တည်တင်းခက်ထန်လာတဲ့ မျက်နှာနဲ့အတူ ရေမျက်နှာပြင်ကို ရိုက်ချလိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့ရေချိုးခန်းထဲက တတောက်တောက်မြည်နေတဲ့ ရေစက်ကျသံကို ဖုံးလွှမ်းသွားခဲ့တယ်။ အသက်ရှူသံတို့က တဖြည်းဖြည်းမြန်ဆန်လို့ တစ်စုံတစ်ခုကို ဒေါသထွက်နေသလို တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်လာခဲ့တယ်။ ထို့နောက်မှာတော့ ရေချိုးခန်းအပြင်ဘက်က ကြားလိုက်ရတဲ့အသံကြောင့် ရှောင်ကျန့်လည်း ရေချိုးခန်းတံခါးရှိရာသာ အလိုမကျစွာ စူးစိုက်ကြည့်မိတယ်။

"သခင်လေးရှောင်။ မနက်စာအဆင်သင့်ဖြစ်ပါပြီ။ သခင်ကြီးနဲ့သခင်မကြီးက သခင်လေးရှောင်ကို ရေချိုးပြီးရင် အမြန်လာခဲ့ပါတဲ့။"

အခန်းအပြင်က အိမ်စေလေးရဲ့စကားအဆုံး ရှောင်ကျန့်ရဲ့မျက်နှာဟာ အစောပိုင်းက ဒေါသထွက်နေခဲ့တာ သူမဟုတ်တဲ့အတိုင်း ရုတ်ချည်းပြောင်းလဲလို့ အိမ်စေလေးကို ချိုချိုသာသာပြန်ဖြေလိုက်တယ်။

"ကောင်းပါပြီ။ ကျွန်တော်လာခဲ့မယ်လို့ ပါးပါးနဲ့မားမားကို ပြောလိုက်နော်။"

"ကောင်းပါပြီသခင်လေး။"

အိမ်စေထွက်သွားတဲ့နာက် ရှောင်ကျန့်လည်း ရေပန်းအောက်ကိုဝင် ရေထပ်ချိုးပြီး တက္ကသိုလ်သွားဖို့ရာ ဝတ်စုံပြည့်ဝတ်ဆင်လို့ အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ အောက်ထပ်က ထမင်းစားခန်းထဲမှာတော့ ရှောင်ပါးပါးနဲ့ရှောင်မားမားက ရှောင်ကျန့်အလာကိုစောင့်ရင်း စကားလက်ဆုံကျနေကြတယ်။ ရှောင်ကျန့်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခုန်ပေါက်လာပြီးထိုင်ခုံမှာ ပေါ့ပေါ့ပါးပါးဝင်ထိုင်လိုက်တော့ ရှောင်ပါးပါးက မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်တယ်။

"ဒီကလေး မျောက်နဲ့စပ်ပြီးများ မွေးလာသလား။ ငြိမ်ငြိမ်ကိုမနေဘူး။"

ရှောင်ပါးပါးက လေသံကို အနည်းငယ်မာသလိုလိုနဲ့ ဟောက်ပြီးပြောလိုက်တဲ့အခါ ရှောင်ကျန့်က ကြောက်ရွံ့ဟန် ဇက်ပုပြပြီး သွားဖြဲရယ်ပြတယ်။ ရှောင်မားမားကတော့ ရှောင်ကျန့်ကိုကြည့်ရင်း အသာပြုံးနေရာက တစ်ခုခုကို သဘောပေါက်သွားသလို တခစ်ခစ်နဲ့ ထရယ်တာမို့ ရှောင်ပါးပါးနဲ့ရှောင်ကျန့်တို့နှစ်ယောက်လည်း ပြူးတိပြူးကြောင် လှည့်ကြည့်လာကြတယ်။ ရှောင်မားမားကတော့ ရယ်ရင်းတန်းလန်း ရှောင်ပါးပါးကိုလှည့်ကြည့်လို့ ပြောလာတဲ့စကားကြောင့် ရှောင်ကျန့်ပါ ထရယ်မိတော့တယ်။

"မျောက်နဲ့စပ်ပြီး မွေးတယ်ဟုတ်လား။ ဟားဟားဟား။ သူက ရှင်နဲ့ကျွန်မနဲ့ရပြီးမွေးလာတာလေ။ ရှင်က အခုလိုပြောတော့ ဘယ်သူက မျောက်ဖြစ်နေပြီတုန်း။ ဟားဟားဟား။"

ရှောင်မားမားစကားအဆုံး သူ့ကိုယ်သူပြန်ထိသွားမှန်း သိလိုက်ရတဲ့ ရှောင်ပါးပါးကတော့ ပါးစပ်အဟောင်းသားနဲ့ ဘာမှပြန်မပြောနိုင်။ ခဏအကြာမှာ အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီး မနက်စာကို ခပ်တည်တည်နဲ့စားရင်း ပြောလာတဲ့စကားကြောင့် ရှောင်မားမားခမျာ ရှောင်ပါးပါးနောက်ကျောကို တဖုန်းဖုန်းနဲ့ ထုရိုက်တော့တယ်။ ရှောင်ကျန့်ကတော့ ရှောင်ပါးပါးနဲ့ရှောင်မားမားကိုကြည့်ရင်း အူတက်လို့။

"မသိပါဘူးကွာ။ ကိုယ်က မင်းကိုယ်နဲ့မတွေ့ခင် မင်းအမြဲတမ်းတားပြီး စီးနေကျ ကားဒရိုက်ဘာနဲ့များ အ အ စတာပါကွ။ အ!"

"ဟားဟားဟား။"

မီးဖိုခန်းထဲမှာ အလုပ်လုပ်နေကြတဲ့ အိမ်စေတွေအားလုံးဟာလည်း ရယ်ကာမောကာနဲ့ မနက်စာစားနေကြတဲ့ မိသားစုလေးကိုကြည့်ရင်း ပီတိပြုံးတို့ဝေဆာနေတော့တယ်။

မနက်စာစားသောက်ပြီးနောက် ရှောင်ပါးပါးနဲ့မားမားက ရှောင်ကျန့်ပါးကို တစ်ယောက်တစ်ဖက်စီမွှေးကြူတယ်။ ထို့နောက်မှာ ရှောင်ကျန့်ကိုနှုတ်ဆက်လို့ ကုမ္ပဏီကိုသွားကြတယ်။ ဟိုအရင်အချိန်တွေတုန်းကလိုပါပဲ။ ရှောင်ကျန့်ဟာ သူ့ပါးပါးနဲ့မားမားရဲ့ကားလေးပျောက်ကွယ်သွားတဲ့အထိ လက်ပြနှုတ်ဆက်ရင်း ကျန်ရစ်တယ်။ ကားလေးပျောက်ကွယ်သွားတဲ့နောက် ရှောင်ကျန့်လည်း သက်ပြင်းအသာချပြီး တက္ကသိုလ်ကိုသာ ထွက်လာခဲ့တော့တယ်။

--------------------------------------

တက္ကသိုလ်ကိုရောက်ရောက်ခြင်း ပထမဆုံးတွေ့ရတာက အတန်းရှေ့ဆုံးခုံမှာထိုင်ပြီး စကားလက်ဆုံကျနေကြတဲ့ ရှောင်ကျန့်တို့သုံးယောက်။ အရင်အချိန်တွေတုန်းကဆို ရိပေါ်ဟာ ရှောင်ကျန့်တို့သုံးယောက်နဲ့ အတူတူထိုင်ဖို့နေနေသာသာ စိတ်ရှုပ်မှုကို မခံနိုင်တာမို့ နောက်တန်းမှာပဲ သီးသန့်ထိုင်မိတယ်။ အခုတော့ ရိပေါ်အတွက် အခြေအနေတွေကိုပြောင်းလဲဖို့ရာ တစ်စုံတစ်ခုတော့ လုပ်မှဖြစ်မှာမို့။ သို့ပေမယ့် ရိပေါ်ကိုယ်တိုင် ရှောင်ကျန့်တို့နဲ့ အတူတူသွားထိုင်ဖို့ရာ ချီတုံချတုံဖြစ်နေမိတယ်။ သူရှောင်ကျန့်တို့ကို ဘယ်လိုပြောပြီး သွားထိုင်ရမှာလဲ။

ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်လို့ ကျောပိုးအိတ်ကို ကိုင်ထားတဲ့လက်က ဖြည်လိုက်ဆုပ်လိုက်နဲ့ တစ်စုံတစ်ခုကို အပြင်းအထန်စဉ်းစားနေသလို နှုတ်ခမ်းကိုဖိကိုက်ရင်း ဂနာမငြိမ်ဖြစ်နေတဲ့ရိပေါ်ကို ကျန်းချန်ကမြင်တော့ လက်လှမ်းထောင်ပြရင်း လှမ်းခေါ်တယ်။

"အာ ရိပေါ် လာလေ။ ဘာလုပ်နေတာလဲ။"

ရိပေါ်လည်း ကျန်းချန်ခေါ်တာနဲ့ အားတင်းလို့ ရှောင်ကျန့်တို့နားသွားလိုက်တယ်။ အစွန်ဆုံးမှယထိုင်နေတဲ့ရှောင်ကျန့်က ရိပေါ်လာတော့ တစ်ဖက်ကိုတိုးပေးတာမို့ ရိပေါ်လည်း ရှောင်ကျန့်ဘေးနားသာ ဝင်ထိုင်လိုက်တယ်။

"ရိပေါ် အဆင်ပြေတယ်မလား။ နေကောင်းသွားပြီလား။"

ရှောင်ကျန့်ကမေးတော့ ရိပေါ်လည်း ခေါင်းအသာညိတ်ပြလိုက်တယ်။

"အင်း။ ကောင်းသွားပြီ။"

"ဂရုစိုက်ဦးရိပေါ်။ မင်းကြည့်ရတာ အခုပဲလဲတော့မယ့်ပုံနဲ့။"

ကျန်းချန်က ရှောင်ကျန့်ကိုကျော်ရင်းလှမ်းပြောတေယ့ ရိပေါ်လည်း ပြုံးတယ်ဆိုရုံ နှုတ်ခမ်းတွန့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ယွီပင်းကတော့ ရိပေါ်ကို မျက်ခုံးပင့်ပြရင်း မေးခွန်းထုတ်လာပြန်တယ်။

"ဘယ်လိုဖြစ်လို့ နောက်ကျနေတာလဲရိပေါ်။ တကယ်နေပြန်ကောင်းတာရော ဟုတ်ရဲ့လား။"

"အာ မနက်က အိပ်ရာထနောက်ကျသွားလို့ပါ။ နေကောင်းသွားပါပြီ။"

ရိပေါ်လည်း ပြန်ဖြေပြီးတာနဲ့ ရှောင်ကျန့်ကိုကြည့်လိုက်တော့ ရှောင်ကျန့်က ရိပေါ်ကို စိုက်ကြည့်နေခဲ့တယ်။ မျက်ဝန်းထက်မှာ ရိပေါ် ဘယ်လိုမှဖတ်လို့မရတဲ့ ပဟေဠိပေါင်းများစွာနဲ့။ ရိပေါ်နဲ့မျက်လုံးချင်းဆုံတော့ ရှောင်ကျန့်မျက်ဝန်းက အရောင်ပြောင်းလို့ ရိပေါ်ကို ပြုံးပြလာတယ်။ ပြောင်းလဲသွားတာ သိပ်ကိုမြန်လွန်းလို့ ရိပေါ်လို ရှောင်ကျန့်အရိပ်တကြည့်ကြည့်မလုပ်တဲ့သူဆို သတိထားမိမှာတောင်မဟုတ်။

ရိပေါ်လည်း တုန်ရင်လာတဲ့ရင်ဘတ်အစုံကို အသာလျစ်လျူရှုလို့ ပြန်ပြုံးပြလိုက်မိတယ်။

"ရိပေါ်က တကယ်ကို စကားနည်းတယ်နော်။ မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပဲ။ ဒီ့ထက်လည်း ပိုမပြောဘူး။"

ရှောင်ကျန့်နှုတ်ခမ်းပါးထက်က ထွက်ပေါ်လာတဲ့စကားတစ်ခွန်းက သာမန်လူတွေအဖို့ သာမန်စကားပဲဆိုပေမယ့် ရိပေါ်အတွက်တော့ ဘာကြောင့်မှန်းမသိ၊ အနည်းငယ်တင်းမာနေသလို အေးစက်စက်နိုင်လွန်းတာမို့ ရိပေါ်ကိုယ်တိုင် ကြက်သီးထလာရတဲ့အထိ။ ရိပေါ်လည်း အသာရယ်လိုက်ပြီး

"အာ ဒီလိုပါပဲ။ ငါက စကားသိပ်မပြောတတ်လို့။"

ရိပေါ်အဖြေစကားအဆုံး ရှောင်ကျန့်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။

"စကားပြောတတ်အောင်လုပ်ပါရိပေါ်။ မဟုတ်ရင် ပြောသင့်တဲ့စကားတွေကို မပြောလိုက်ရဘဲ ဒုက္ခရောက်ရတတ်တယ်။"

ရှောင်ကျန့်က ရိပေါ်ကို တည့်တည့်စိုက်ကြည့်လို့ တစ်လုံးချင်းပြောလာတာမို့ ရိပေါ်လည်း ယောင်ယမ်းပြီး ခေါင်းအမြန်ညိတ်ပြလိုက်မိတယ်။ ရှောင်ကျန့်ကတော့ ရိပေါ်ဖြစ်သွားတဲ့ရုပ်ကိုကြည့်လို့ နှုတ်ခမ်းထောင့်တစ်ဖက် ကော့တက်သွားတဲ့အထိပြုံးပြီး တစ်ဖက်ကိုလှည့်သွားတော့တယ်။ ကျန်းချန်နဲ့ ယွီပင်းက စကားစဖို့ပြင်လိုက်ပေမယ့် အခန်းထဲကို မေဂျာဆရာဝင်လာတာမို့ သူတို့စကားပြောခန်းလည်း ထိုနေရာမှာပဲ ရပ်ခဲ့ရတယ်။ ရိပေါ်နားထဲမှာတော့ ရှောင်ကျန့်ပြောတဲ့စကားတစ်လုံးချင်းစီက အနည်းငယ်မျှ ခြိမ်းခြောက်သတိပေးနေသယောင်။

-----------------------------------

နှစ်လနီးပါး အခက်အခဲမရှိ လေးယောက်သားတပူးပူးတတွဲတွဲပေါင်းလာခဲ့ပြီးနောက် တစ်ကျောင်းလုံးမလိုက်မနေရ အပန်းဖြေခရီးစဉ်အဖြစ် ပင်လယ်ဘက်ကိုခရီးထွက်မယ့်နေ့ ရောက်ရှိလို့ လာခဲ့လေပြီ။ ရိပေါ်လည်း ကုမ္ပဏီကိစ္စအားလုံး အတွင်းရေးမှူးထံအကုန်အပ်လို့ ခရီးထွက်ဖို့ကိုသာ ပြင်ဆင်ထားလိုက်တော့တယ်။

ခရီးထွက်မယ့်နေ့ ကားပေါ်ရောက်တဲ့အခါ ရှောင်ကျန့်က မည်သည့်စကားမှမပြောပါဘဲ ရိပေါ်ကို လွတ်နေတဲ့ခုံတွေထဲက တစ်ခုံကို မေးငေါ့ပြလို့ သူကိုယ်တိုင်ကလည်း ရိပေါ်ဘေးဝင်ထိုင်တယ်။ ကျန်းချန်နဲ့ ယွီပင်းကတော့ နောက်ကလွတ်နေတဲ့ခုံမှာပဲ နှစ်ယောက်သားဝင်ထိုင်တယ်။ ကားစထွက်ပြီး အချိန်အတော်ကြာတဲ့အထိ ရှောင်ကျန့်ဘက်က ဘာစကားမှမစသလို ရိပေါ်ဘက်ကလည်း စကားမစမိဘူး။ ထိုအစား ခရီးတစ်ဝက်လောက်မှာပဲ ရှောင်ကျန့်က တစ်ဖက်ကိုလှည့်ပြီး အိပ်ပျော်သွားတာမို့ ရိပေါ်လည်း သက်ပြင်းသာချပြီး အိပ်ပျော်ဖို့ရာ ကြိုးစားလိုက်ရတော့တယ်။

------------------------------------

ကမ်းခြေရောက်လာတဲ့အခါ နှစ်ယောက်တစ်ခန်းနေရမှာဖြစ်လို့ ရှောင်ကျန့်ဘက်က

"ရိပေါ် မင်းနဲ့ငါနဲ့ တစ်ခန်းနေကြတာပေါ့။"

ဆိုပြီး သော့ဆွဲပြီးထွက်သွားတာမို့ ရိပေါ်လည်း ပြန်ဖြေချိန်တောင်မရဘဲ နောက်ကနေ အမြန်လိုက်ရတော့တယ်။ အခန်းထဲရောက်တဲ့အခါမှာလည်း ရှောင်ကျန့်ထံက မည်သည့်မေးခွန်းမှ ထွက်လာခြင်းမရှိပါဘဲ ရှေ့ကုတင်ကို နေရာယူပြီး အဝတ်ထုတ်ထဲက ပစ္စည်းတွေထုတ်နေတာမို့ ရိပေါ်လည်း အနောက်ဘက်ကုတင်ကိုသာယူလိုက်ပြီး သူ့ပစ္စည်းသူထုတ်နေလိုက်တယ်။ ရိပေါ်စိတ်ထဲမှာတော့ ရှောင်ကျန့်နဲ့ပတ်သတ်ပြီး တော်တော်လေးကို ထူးထူးဆန်းဆန်းခံစားနေရပြီ။

အရင်ကရှောင်ကျန့်ဆို အခုလိုနှုတ်ဆိတ်နေမယ့်အစား ရိပေါ်ကို တစ်ခုပြီးတစ်ခုမေးနေကျ။ အခုရှောင်ကျန့်ကတော့ သူ့အတွက် တိတ်ဆိတ်လွန်းတယ်ဆိုတာထက် ပိုနေပြီ။ ရိပေါ်လည်း စိတ်ထဲ တနုံ့နုံ့နဲ့မို့ နောက်လှည့်ပြီးမေးလိုက်တော့တယ်။

"ရှောင်ကျန့် ငါမင်းကို စိတ်ခုစရာ တစ်ခုခုများလုပ်မိလား။"

ရိပေါ်လှည့်ကြည့်တော့ ရှောင်ကျန့်က ရေချိုးဖို့ရာအတွက် အားလုံးပြင်ဆင်ပြီးနေပြီ။ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ကိုယ်ပေါ် တဘတ်တစ်ခုကို ပုခုံးပေါ်တင်လို့ ဘောင်းဘီတိုထဲလက်ထည့်ရင်း ရိပေါ်ကို အလိုမကျတဲ့မျက်နှာနဲ့လှည့်ကြည့်လာတယ်။ သို့ပေမယ့် ရှောင်ကျန့်ရဲ့ အလိုမကျဖြစ်နေတဲ့မျက်နှာက ချက်ချင်းကိုပဲပြုံးယောင်သမ်းလို့ ရိပေါ်ကို နှုတ်ခမ်းထောင့်တစ်ဖက်ကွေးညွတ်သွားရုံပြုံးပြပြီး ပြန်ဖြေတယ်။

"ငါမင်းကို စိတ်မခုပါဘူး။ မင်းစိတ်ထင်နေတာပါ။ ဒါဆို ငါ ရေချိုးခန်းဝင်ပြီနော်။"

ရိပေါ် ဘာမှပြန်မပြောရသေးခင်မှာပဲ ရှောင်ကျန့်က အသာပြုံးလို့ ရေချိုးခန်းထဲ လေချွန်ရင်းဝင်သွားတော့တယ်။ ကျန်ခဲ့တဲ့ရိပေါ်မှာသာ ရင်ထဲက တိုးတိုးလာတဲ့ စိုးထိတ်မှုတွေနဲ့။

"ရှောင်ကျန့်မင်းတကယ်ပဲ အတိတ်ကို မှတ်မိနေတာလား။ ဒါကြောင့် ငါ့ကို အခုလို ဆက်ဆံနေတာလား။"

#Monster

-----------------------------------------------------------------------

သာသာ ဒီကြားထဲ နေမကောင်းဖြစ်သွားလို့ update နောက်ကျသွားတယ်။ 🙇‍♀️🙇‍♀️🙇‍♀️

Love you all my readers.😘😘😘

(Comment လေးတွေ ဒါဒါတို့ကြိုက်သလိုမန့်လို့ရပါတယ်။ rp မပြန်တော့ဘူးနော်။ 😘😘😘)








🐺Zawgyi🐍

ေဘစင္က ေရစက္က်သံ တေတာက္ေတာက္ကလြဲ တိတ္ဆိတ္ေနတဲ့ ေရခ်ိဳးခန္း။ လူႏွစ္ေယာက္လြတ္လြတ္လပ္လပ္ေရခ်ိဳးႏိုင္ေလာက္ေအာင္က်ယ္ဝန္းတဲ့ bathtub ထဲ ေရစိမ္ရင္း ေဘာင္ကိုေခါင္းမီၿပီး သူ႔ညာလက္သူျပန္ၾကည့္ေနတဲ့ေရွာင္က်န႔္။ အၾကည့္တို႔က မႈန္မႈိင္းၿပီး တစ္စုံတစ္ခုကို လြမ္းလြမ္းေဆြးေဆြးနဲ႔ ေတြးေတာေနသလို။

ခဏအၾကာမွာပဲ မႈန္မႈိင္းမႈိင္းအၾကည့္တို႔မွ ခပ္စူးစူးအၾကည့္အျဖစ္ကိုေျပာင္းလဲလို႔ တည္တင္းခက္ထန္လာတဲ့ မ်က္ႏွာနဲ႔အတူ ေရမ်က္ႏွာျပင္ကို ႐ိုက္ခ်လိုက္တဲ့အသံက တိတ္ဆိတ္ေနတဲ့ေရခ်ိဳးခန္းထဲက တေတာက္ေတာက္ျမည္ေနတဲ့ ေရစက္က်သံကို ဖုံးလႊမ္းသြားခဲ့တယ္။ အသက္ရွဴသံတို႔က တျဖည္းျဖည္းျမန္ဆန္လို႔ တစ္စုံတစ္ခုကို ေဒါသထြက္ေနသလို တစ္ကိုယ္လုံးလည္း တဆတ္ဆတ္တုန္ယင္လာခဲ့တယ္။ ထို႔ေနာက္မွာေတာ့ ေရခ်ိဳးခန္းအျပင္ဘက္က ၾကားလိုက္ရတဲ့အသံေၾကာင့္ ေရွာင္က်န႔္လည္း ေရခ်ိဳးခန္းတံခါးရွိရာသာ အလိုမက်စြာ စူးစိုက္ၾကည့္မိတယ္။

"သခင္ေလးေရွာင္။ မနက္စာအဆင္သင့္ျဖစ္ပါၿပီ။ သခင္ႀကီးနဲ႔သခင္မႀကီးက သခင္ေလးေရွာင္ကို ေရခ်ိဳးၿပီးရင္ အျမန္လာခဲ့ပါတဲ့။"

အခန္းအျပင္က အိမ္ေစေလးရဲ႕စကားအဆုံး ေရွာင္က်န႔္ရဲ႕မ်က္ႏွာဟာ အေစာပိုင္းက ေဒါသထြက္ေနခဲ့တာ သူမဟုတ္တဲ့အတိုင္း ႐ုတ္ခ်ည္းေျပာင္းလဲလို႔ အိမ္ေစေလးကို ခ်ိဳခ်ိဳသာသာျပန္ေျဖလိုက္တယ္။

"ေကာင္းပါၿပီ။ ကြၽန္ေတာ္လာခဲ့မယ္လို႔ ပါးပါးနဲ႔မားမားကို ေျပာလိုက္ေနာ္။"

"ေကာင္းပါၿပီသခင္ေလး။"

အိမ္ေစထြက္သြားတဲ့နာက္ ေရွာင္က်န႔္လည္း ေရပန္းေအာက္ကိုဝင္ ေရထပ္ခ်ိဳးၿပီး တကၠသိုလ္သြားဖို႔ရာ ဝတ္စုံျပည့္ဝတ္ဆင္လို႔ ေအာက္ထပ္ကို ဆင္းလာခဲ့လိုက္တယ္။ ေအာက္ထပ္က ထမင္းစားခန္းထဲမွာေတာ့ ေရွာင္ပါးပါးနဲ႔ေရွာင္မားမားက ေရွာင္က်န႔္အလာကိုေစာင့္ရင္း စကားလက္ဆုံက်ေနၾကတယ္။ ေရွာင္က်န႔္က ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ခုန္ေပါက္လာၿပီးထိုင္ခုံမွာ ေပါ့ေပါ့ပါးပါးဝင္ထိုင္လိုက္ေတာ့ ေရွာင္ပါးပါးက မ်က္ေမွာင္ၾကဳတ္ၿပီး လွည့္ၾကည့္တယ္။

"ဒီကေလး ေမ်ာက္နဲ႔စပ္ၿပီးမ်ား ေမြးလာသလား။ ၿငိမ္ၿငိမ္ကိုမေနဘူး။"

ေရွာင္ပါးပါးက ေလသံကို အနည္းငယ္မာသလိုလိုနဲ႔ ေဟာက္ၿပီးေျပာလိုက္တဲ့အခါ ေရွာင္က်န႔္က ေၾကာက္႐ြံ႕ဟန္ ဇက္ပုျပၿပီး သြားၿဖဲရယ္ျပတယ္။ ေရွာင္မားမားကေတာ့ ေရွာင္က်န႔္ကိုၾကည့္ရင္း အသာၿပဳံးေနရာက တစ္ခုခုကို သေဘာေပါက္သြားသလို တခစ္ခစ္နဲ႔ ထရယ္တာမို႔ ေရွာင္ပါးပါးနဲ႔ေရွာင္က်န႔္တို႔ႏွစ္ေယာက္လည္း ျပဴးတိျပဴးေၾကာင္ လွည့္ၾကည့္လာၾကတယ္။ ေရွာင္မားမားကေတာ့ ရယ္ရင္းတန္းလန္း ေရွာင္ပါးပါးကိုလွည့္ၾကည့္လို႔ ေျပာလာတဲ့စကားေၾကာင့္ ေရွာင္က်န႔္ပါ ထရယ္မိေတာ့တယ္။

"ေမ်ာက္နဲ႔စပ္ၿပီး ေမြးတယ္ဟုတ္လား။ ဟားဟားဟား။ သူက ရွင္နဲ႔ကြၽန္မနဲ႔ရၿပီးေမြးလာတာေလ။ ရွင္က အခုလိုေျပာေတာ့ ဘယ္သူက ေမ်ာက္ျဖစ္ေနၿပီတုန္း။ ဟားဟားဟား။"

ေရွာင္မားမားစကားအဆုံး သူ႔ကိုယ္သူျပန္ထိသြားမွန္း သိလိုက္ရတဲ့ ေရွာင္ပါးပါးကေတာ့ ပါးစပ္အေဟာင္းသားနဲ႔ ဘာမွျပန္မေျပာႏိုင္။ ခဏအၾကာမွာ အရွက္ေျပေခ်ာင္းတစ္ခ်က္ဟန႔္ၿပီး မနက္စာကို ခပ္တည္တည္နဲ႔စားရင္း ေျပာလာတဲ့စကားေၾကာင့္ ေရွာင္မားမားခမ်ာ ေရွာင္ပါးပါးေနာက္ေက်ာကို တဖုန္းဖုန္းနဲ႔ ထု႐ိုက္ေတာ့တယ္။ ေရွာင္က်န႔္ကေတာ့ ေရွာင္ပါးပါးနဲ႔ေရွာင္မားမားကိုၾကည့္ရင္း အူတက္လို႔။

"မသိပါဘူးကြာ။ ကိုယ္က မင္းကိုယ္နဲ႔မေတြ႕ခင္ မင္းအၿမဲတမ္းတားၿပီး စီးေနက် ကားဒ႐ိုက္ဘာနဲ႔မ်ား အ အ စတာပါကြ။ အ!"

"ဟားဟားဟား။"

မီးဖိုခန္းထဲမွာ အလုပ္လုပ္ေနၾကတဲ့ အိမ္ေစေတြအားလုံးဟာလည္း ရယ္ကာေမာကာနဲ႔ မနက္စာစားေနၾကတဲ့ မိသားစုေလးကိုၾကည့္ရင္း ပီတိၿပဳံးတို႔ေဝဆာေနေတာ့တယ္။

မနက္စာစားေသာက္ၿပီးေနာက္ ေရွာင္ပါးပါးနဲ႔မားမားက ေရွာင္က်န႔္ပါးကို တစ္ေယာက္တစ္ဖက္စီေမႊးၾကဴတယ္။ ထို႔ေနာက္မွာ ေရွာင္က်န႔္ကိုႏႈတ္ဆက္လို႔ ကုမၸဏီကိုသြားၾကတယ္။ ဟိုအရင္အခ်ိန္ေတြတုန္းကလိုပါပဲ။ ေရွာင္က်န႔္ဟာ သူ႔ပါးပါးနဲ႔မားမားရဲ႕ကားေလးေပ်ာက္ကြယ္သြားတဲ့အထိ လက္ျပႏႈတ္ဆက္ရင္း က်န္ရစ္တယ္။ ကားေလးေပ်ာက္ကြယ္သြားတဲ့ေနာက္ ေရွာင္က်န႔္လည္း သက္ျပင္းအသာခ်ၿပီး တကၠသိုလ္ကိုသာ ထြက္လာခဲ့ေတာ့တယ္။

--------------------------------------

တကၠသိုလ္ကိုေရာက္ေရာက္ျခင္း ပထမဆုံးေတြ႕ရတာက အတန္းေရွ႕ဆုံးခုံမွာထိုင္ၿပီး စကားလက္ဆုံက်ေနၾကတဲ့ ေရွာင္က်န႔္တို႔သုံးေယာက္။ အရင္အခ်ိန္ေတြတုန္းကဆို ရိေပၚဟာ ေရွာင္က်န႔္တို႔သုံးေယာက္နဲ႔ အတူတူထိုင္ဖို႔ေနေနသာသာ စိတ္ရႈပ္မႈကို မခံႏိုင္တာမို႔ ေနာက္တန္းမွာပဲ သီးသန႔္ထိုင္မိတယ္။ အခုေတာ့ ရိေပၚအတြက္ အေျခအေနေတြကိုေျပာင္းလဲဖို႔ရာ တစ္စုံတစ္ခုေတာ့ လုပ္မွျဖစ္မွာမို႔။ သို႔ေပမယ့္ ရိေပၚကိုယ္တိုင္ ေရွာင္က်န႔္တို႔နဲ႔ အတူတူသြားထိုင္ဖို႔ရာ ခ်ီတုံခ်တုံျဖစ္ေနမိတယ္။ သူေရွာင္က်န႔္တို႔ကို ဘယ္လိုေျပာၿပီး သြားထိုင္ရမွာလဲ။

ေဘာင္းဘီအိတ္ကပ္ထဲ လက္တစ္ဖက္ထည့္လို႔ ေက်ာပိုးအိတ္ကို ကိုင္ထားတဲ့လက္က ျဖည္လိုက္ဆုပ္လိုက္နဲ႔ တစ္စုံတစ္ခုကို အျပင္းအထန္စဥ္းစားေနသလို ႏႈတ္ခမ္းကိုဖိကိုက္ရင္း ဂနာမၿငိမ္ျဖစ္ေနတဲ့ရိေပၚကို က်န္းခ်န္ကျမင္ေတာ့ လက္လွမ္းေထာင္ျပရင္း လွမ္းေခၚတယ္။

"အာ ရိေပၚ လာေလ။ ဘာလုပ္ေနတာလဲ။"

ရိေပၚလည္း က်န္းခ်န္ေခၚတာနဲ႔ အားတင္းလို႔ ေရွာင္က်န႔္တို႔နားသြားလိုက္တယ္။ အစြန္ဆုံးမွယထိုင္ေနတဲ့ေရွာင္က်န႔္က ရိေပၚလာေတာ့ တစ္ဖက္ကိုတိုးေပးတာမို႔ ရိေပၚလည္း ေရွာင္က်န႔္ေဘးနားသာ ဝင္ထိုင္လိုက္တယ္။

"ရိေပၚ အဆင္ေျပတယ္မလား။ ေနေကာင္းသြားၿပီလား။"

ေရွာင္က်န႔္ကေမးေတာ့ ရိေပၚလည္း ေခါင္းအသာညိတ္ျပလိုက္တယ္။

"အင္း။ ေကာင္းသြားၿပီ။"

"ဂ႐ုစိုက္ဦးရိေပၚ။ မင္းၾကည့္ရတာ အခုပဲလဲေတာ့မယ့္ပုံနဲ႔။"

က်န္းခ်န္က ေရွာင္က်န႔္ကိုေက်ာ္ရင္းလွမ္းေျပာေတယ့ ရိေပၚလည္း ၿပဳံးတယ္ဆို႐ုံ ႏႈတ္ခမ္းတြန႔္ၿပီး ေခါင္းညိတ္ျပလိုက္တယ္။ ယြီပင္းကေတာ့ ရိေပၚကို မ်က္ခုံးပင့္ျပရင္း ေမးခြန္းထုတ္လာျပန္တယ္။

"ဘယ္လိုျဖစ္လို႔ ေနာက္က်ေနတာလဲရိေပၚ။ တကယ္ေနျပန္ေကာင္းတာေရာ ဟုတ္ရဲ႕လား။"

"အာ မနက္က အိပ္ရာထေနာက္က်သြားလို႔ပါ။ ေနေကာင္းသြားပါၿပီ။"

ရိေပၚလည္း ျပန္ေျဖၿပီးတာနဲ႔ ေရွာင္က်န႔္ကိုၾကည့္လိုက္ေတာ့ ေရွာင္က်န႔္က ရိေပၚကို စိုက္ၾကည့္ေနခဲ့တယ္။ မ်က္ဝန္းထက္မွာ ရိေပၚ ဘယ္လိုမွဖတ္လို႔မရတဲ့ ပေဟဠိေပါင္းမ်ားစြာနဲ႔။ ရိေပၚနဲ႔မ်က္လုံးခ်င္းဆုံေတာ့ ေရွာင္က်န႔္မ်က္ဝန္းက အေရာင္ေျပာင္းလို႔ ရိေပၚကို ၿပဳံးျပလာတယ္။ ေျပာင္းလဲသြားတာ သိပ္ကိုျမန္လြန္းလို႔ ရိေပၚလို ေရွာင္က်န႔္အရိပ္တၾကည့္ၾကည့္မလုပ္တဲ့သူဆို သတိထားမိမွာေတာင္မဟုတ္။

ရိေပၚလည္း တုန္ရင္လာတဲ့ရင္ဘတ္အစုံကို အသာလ်စ္လ်ဴရႈလို႔ ျပန္ၿပဳံးျပလိုက္မိတယ္။

"ရိေပၚက တကယ္ကို စကားနည္းတယ္ေနာ္။ ေမးတစ္ခြန္း၊ ေျဖတစ္ခြန္းပဲ။ ဒီ့ထက္လည္း ပိုမေျပာဘူး။"

ေရွာင္က်န႔္ႏႈတ္ခမ္းပါးထက္က ထြက္ေပၚလာတဲ့စကားတစ္ခြန္းက သာမန္လူေတြအဖို႔ သာမန္စကားပဲဆိုေပမယ့္ ရိေပၚအတြက္ေတာ့ ဘာေၾကာင့္မွန္းမသိ၊ အနည္းငယ္တင္းမာေနသလို ေအးစက္စက္ႏိုင္လြန္းတာမို႔ ရိေပၚကိုယ္တိုင္ ၾကက္သီးထလာရတဲ့အထိ။ ရိေပၚလည္း အသာရယ္လိုက္ၿပီး

"အာ ဒီလိုပါပဲ။ ငါက စကားသိပ္မေျပာတတ္လို႔။"

ရိေပၚအေျဖစကားအဆုံး ေရွာင္က်န႔္က ေခါင္းတဆတ္ဆတ္ညိတ္တယ္။

"စကားေျပာတတ္ေအာင္လုပ္ပါရိေပၚ။ မဟုတ္ရင္ ေျပာသင့္တဲ့စကားေတြကို မေျပာလိုက္ရဘဲ ဒုကၡေရာက္ရတတ္တယ္။"

ေရွာင္က်န႔္က ရိေပၚကို တည့္တည့္စိုက္ၾကည့္လို႔ တစ္လုံးခ်င္းေျပာလာတာမို႔ ရိေပၚလည္း ေယာင္ယမ္းၿပီး ေခါင္းအျမန္ညိတ္ျပလိုက္မိတယ္။ ေရွာင္က်န႔္ကေတာ့ ရိေပၚျဖစ္သြားတဲ့႐ုပ္ကိုၾကည့္လို႔ ႏႈတ္ခမ္းေထာင့္တစ္ဖက္ ေကာ့တက္သြားတဲ့အထိၿပဳံးၿပီး တစ္ဖက္ကိုလွည့္သြားေတာ့တယ္။ က်န္းခ်န္နဲ႔ ယြီပင္းက စကားစဖို႔ျပင္လိုက္ေပမယ့္ အခန္းထဲကို ေမဂ်ာဆရာဝင္လာတာမို႔ သူတို႔စကားေျပာခန္းလည္း ထိုေနရာမွာပဲ ရပ္ခဲ့ရတယ္။ ရိေပၚနားထဲမွာေတာ့ ေရွာင္က်န႔္ေျပာတဲ့စကားတစ္လုံးခ်င္းစီက အနည္းငယ္မွ် ၿခိမ္းေျခာက္သတိေပးေနသေယာင္။

-----------------------------------

ႏွစ္လနီးပါး အခက္အခဲမရွိ ေလးေယာက္သားတပူးပူးတတြဲတြဲေပါင္းလာခဲ့ၿပီးေနာက္ တစ္ေက်ာင္းလုံးမလိုက္မေနရ အပန္းေျဖခရီးစဥ္အျဖစ္ ပင္လယ္ဘက္ကိုခရီးထြက္မယ့္ေန႔ ေရာက္ရွိလို႔ လာခဲ့ေလၿပီ။ ရိေပၚလည္း ကုမၸဏီကိစၥအားလုံး အတြင္းေရးမႉးထံအကုန္အပ္လို႔ ခရီးထြက္ဖို႔ကိုသာ ျပင္ဆင္ထားလိုက္ေတာ့တယ္။

ခရီးထြက္မယ့္ေန႔ ကားေပၚေရာက္တဲ့အခါ ေရွာင္က်န႔္က မည္သည့္စကားမွမေျပာပါဘဲ ရိေပၚကို လြတ္ေနတဲ့ခုံေတြထဲက တစ္ခုံကို ေမးေငါ့ျပလို႔ သူကိုယ္တိုင္ကလည္း ရိေပၚေဘးဝင္ထိုင္တယ္။ က်န္းခ်န္နဲ႔ ယြီပင္းကေတာ့ ေနာက္ကလြတ္ေနတဲ့ခုံမွာပဲ ႏွစ္ေယာက္သားဝင္ထိုင္တယ္။ ကားစထြက္ၿပီး အခ်ိန္အေတာ္ၾကာတဲ့အထိ ေရွာင္က်န႔္ဘက္က ဘာစကားမွမစသလို ရိေပၚဘက္ကလည္း စကားမစမိဘူး။ ထိုအစား ခရီးတစ္ဝက္ေလာက္မွာပဲ ေရွာင္က်န႔္က တစ္ဖက္ကိုလွည့္ၿပီး အိပ္ေပ်ာ္သြားတာမို႔ ရိေပၚလည္း သက္ျပင္းသာခ်ၿပီး အိပ္ေပ်ာ္ဖို႔ရာ ႀကိဳးစားလိုက္ရေတာ့တယ္။

------------------------------------

ကမ္းေျခေရာက္လာတဲ့အခါ ႏွစ္ေယာက္တစ္ခန္းေနရမွာျဖစ္လို႔ ေရွာင္က်န႔္ဘက္က

"ရိေပၚ မင္းနဲ႔ငါနဲ႔ တစ္ခန္းေနၾကတာေပါ့။"

ဆိုၿပီး ေသာ့ဆြဲၿပီးထြက္သြားတာမို႔ ရိေပၚလည္း ျပန္ေျဖခ်ိန္ေတာင္မရဘဲ ေနာက္ကေန အျမန္လိုက္ရေတာ့တယ္။ အခန္းထဲေရာက္တဲ့အခါမွာလည္း ေရွာင္က်န႔္ထံက မည္သည့္ေမးခြန္းမွ ထြက္လာျခင္းမရွိပါဘဲ ေရွ႕ကုတင္ကို ေနရာယူၿပီး အဝတ္ထုတ္ထဲက ပစၥည္းေတြထုတ္ေနတာမို႔ ရိေပၚလည္း အေနာက္ဘက္ကုတင္ကိုသာယူလိုက္ၿပီး သူ႔ပစၥည္းသူထုတ္ေနလိုက္တယ္။ ရိေပၚစိတ္ထဲမွာေတာ့ ေရွာင္က်န႔္နဲ႔ပတ္သတ္ၿပီး ေတာ္ေတာ္ေလးကို ထူးထူးဆန္းဆန္းခံစားေနရၿပီ။

အရင္ကေရွာင္က်န႔္ဆို အခုလိုႏႈတ္ဆိတ္ေနမယ့္အစား ရိေပၚကို တစ္ခုၿပီးတစ္ခုေမးေနက်။ အခုေရွာင္က်န႔္ကေတာ့ သူ႔အတြက္ တိတ္ဆိတ္လြန္းတယ္ဆိုတာထက္ ပိုေနၿပီ။ ရိေပၚလည္း စိတ္ထဲ တႏုံ႔ႏုံ႔နဲ႔မို႔ ေနာက္လွည့္ၿပီးေမးလိုက္ေတာ့တယ္။

"ေရွာင္က်န႔္ ငါမင္းကို စိတ္ခုစရာ တစ္ခုခုမ်ားလုပ္မိလား။"

ရိေပၚလွည့္ၾကည့္ေတာ့ ေရွာင္က်န႔္က ေရခ်ိဳးဖို႔ရာအတြက္ အားလုံးျပင္ဆင္ၿပီးေနၿပီ။ အေပၚပိုင္း ဗလာက်င္းေနတဲ့ကိုယ္ေပၚ တဘတ္တစ္ခုကို ပုခုံးေပၚတင္လို႔ ေဘာင္းဘီတိုထဲလက္ထည့္ရင္း ရိေပၚကို အလိုမက်တဲ့မ်က္ႏွာနဲ႔လွည့္ၾကည့္လာတယ္။ သို႔ေပမယ့္ ေရွာင္က်န႔္ရဲ႕ အလိုမက်ျဖစ္ေနတဲ့မ်က္ႏွာက ခ်က္ခ်င္းကိုပဲၿပဳံးေယာင္သမ္းလို႔ ရိေပၚကို ႏႈတ္ခမ္းေထာင့္တစ္ဖက္ေကြးၫြတ္သြား႐ုံၿပဳံးျပၿပီး ျပန္ေျဖတယ္။

"ငါမင္းကို စိတ္မခုပါဘူး။ မင္းစိတ္ထင္ေနတာပါ။ ဒါဆို ငါ ေရခ်ိဳးခန္းဝင္ၿပီေနာ္။"

ရိေပၚ ဘာမွျပန္မေျပာရေသးခင္မွာပဲ ေရွာင္က်န႔္က အသာၿပဳံးလို႔ ေရခ်ိဳးခန္းထဲ ေလခြၽန္ရင္းဝင္သြားေတာ့တယ္။ က်န္ခဲ့တဲ့ရိေပၚမွာသာ ရင္ထဲက တိုးတိုးလာတဲ့ စိုးထိတ္မႈေတြနဲ႔။

"ေရွာင္က်န႔္မင္းတကယ္ပဲ အတိတ္ကို မွတ္မိေနတာလား။ ဒါေၾကာင့္ ငါ့ကို အခုလို ဆက္ဆံေနတာလား။"

#Monster

-----------------------------------------------------------------------

သာသာ ဒီၾကားထဲ ေနမေကာင္းျဖစ္သြားလို႔ update ေနာက္က်သြားတယ္။ 🙇‍♀️🙇‍♀️🙇‍♀️

Love you all my readers.😘😘😘

(Comment ေလးေတြ ဒါဒါတို႔ႀကိဳက္သလိုမန႔္လို႔ရပါတယ္။ rp မျပန္ေတာ့ဘူးေနာ္။ 😘😘😘)







Continue Reading

You'll Also Like

173K 10.6K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
Twenty Six Revenge By Grey

Mystery / Thriller

572K 37.5K 49
Khoon Thant Shein Wah+Sunshine SiThu
35.7K 5.3K 34
لە ڕۆژی هەینیدا چاویان بەیەک کەوت .. باس لە کچێکی ليکۆڵەر دەکات کە هاوسەرگیرت لەگەڵ کوڕێکی دەوڵەمەند و بەناوبانگ دەکات بەبێ ویستی خۆی لە ماوەی پەیوە...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...