Witnessing To The MaNaw Land_...

By DiDi_0410

6.3K 460 188

မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက္ေသတည္ပါတယ္... ခ်စ္ရသူအ... More

Intro ( Uni )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please

အပိုင်း - ၁ ( Uni + Zaw )

546 31 12
By DiDi_0410

♪  ~ ဂျိန်းဖောသူ ဂျိန်းဖောသူ
ရိုးတဲ့စကားတွေဆိုလဲ ဆန်းတယ်ထင်နေရ...
သားရေပေါ်မှာနားပြီးတော့
သားရေနားကပ်စား ကိုယ်ဟာဒီလိုမျိုး
ကျေးစွပ်စွာမဟုတ်ဘူး...
ယုံလို့တော့ အတင်းမပြောပါ ညီမလေးရာ ~ ♪

စိုင်းထီးဆိုင်ရဲ့ ဂျိန်းဖောသူ သီချင်းက ကားရဲ့ရေဒီယိုမှတဆင့် ကားထဲမှာပျံ့လွင့်နေသည်။ ကားရဲ့နောက်ခန်းထဲတွင်တော့ ဝတ်စုံပြည့်ဝတ်ထားပြီး ငယ်ရွယ်တောက်ပတဲ့အရှိန်အဝါအပြည့်နဲ့ လူငယ်တယောက်
ဖြောင့်တန်းနေတဲ့ မျက်ခုံးတွေဟာ စိတ်ငြိုငြင်မှုအချို့ကြောင့် မဖြောင့်တန်းနေတော့ပေ..။

" မင်းတို့အလုပ်ကို သေချာလုပ်ရမယ်ဆိုတာ နားမလည်တာလား ဟမ်!!
ငါအဲ့ကျောက်တွေကို ရမှဖြစ်မှာမို့လို့ မင်းတို့ကို အဲ့အထိလွှတ်ထားတာလေ..
မင်းတို့ရဲ့အပြစ်ကြောင့် အဲ့ကျောက်တွေကိုငါလွတ်သွားပြီ....တောက်စ်.."

".................."

" မလိုဘူး... ငါ့ဘာသာတက်လာခဲ့တော့မယ်
ငါလာရင် နေဖို့နေရာအဆင်သင့်ပြင်ထား.."

"..................."

တဖက်မှဖြေနေရင်း တဝက်တပျက်မှာတင် ဖုန်းကိုချလိုက်သူက အတော်လေးစိတ်ညစ်နေဟန် ..... မျက်ခုံးစပ်နားကို လက်မနဲ့လက်ညိုးသုံးကာ ဖိပွတ်ရင်း မျက်စိမှိတ်ကာ စိတ်ဖြေလျှော့နေ‌သည်။
တခဏအကြာမှာ အစိမ်းရောင်မျက်ဝန်းများက ပွင့်အာလာကြ‌ရင်း ခေါင်းခန်းမှ ဒရိုင်ဘာအား တစုံတခုလှမ်းပြောလိုက်သည် ။
ထိုအမိန့်ကြောင့် ဒရိုင်ဘာသည်လဲ ကားကိုစံအိမ်တော်ဘက်ပြန်လည်ဦးတည်လိုက်တော့သည် ။

နံဘေးက ရှုခင်းတေွကိုဖြတ်ကျော်ရင်းကားလေးဟာ နေပြည်တော်ရဲ့ ၁၂ လမ်းသွား လမ်းမကြီးပေါ်မှာ တရိပ်ရိပ်ပြေးနေလျက်...သူ့နာမည်က ဆောင်းဧကမိုး နှစ်ယောက်မရှိတဲ့နာမည်ပိုင်ရှင်ဖြစ်သလို ချမ်းသာမှုနဲ့ စည်းကမ်းတင်းကပ်မှုကလဲ နှစ်ယောက် မရှိပေ။ ယခုစိတ်တိုနေရခြင်းမှာလဲ သူလိုချင်တဲ့ ဖားကန့်ကကျောက်တွေကို ဝယ်ဖို့လွှတ်လိုက်တဲ့ လူယုံကလမ်းမှားသွားပြီး ကျောက်ပွဲတန်းရောက်တာ နောက်ကျသွားခဲ့တာမို့ ကျောက်တွေကို တခြားတယောက်ကဝယ်သွားတာကြောင့်ပင်...

ဆောင်းဧကဟာ နေပြည်တော်ရဲ့ အဓိက ရွှေ ၊ ငွေ နှင့်ကျောက်မြတ်ရတနာအရောင်းခန်းမကြီးရဲ့ ပိုင်ရှင်ဖြစ်ပြီး တင်သွင်းတဲ့ကျောက်တေွရဲ့ အရည်အသွေးဟာလဲ စိတ်ချရတာမို့ နေပြည်တော်မှာရှိတဲ့ ဝန်ကတော်တွေနဲ့ အာဏာရှိလူချမ်းသာများရဲ့ အဓိကပင်တိုင်ကြီးပင်ဖြစ်သည်။ ချောမောမှုနဲ့ ခန့်ညားမှုကို အချိုးကျပေါင်းစပ်ထားတဲ့ မျက်နှာကြောင့်အပြင် ချမ်းသာမှုနဲ့ အာဏာကြောင့်ပါ သူ့အားသမက်တော်ချင်သူတွေ မနည်းလှပေ။သို့သော် သူကတော့ မည်သူ့ကိုမှ စိတ်ဝင်စားခြင်းမရှိခဲ့သလို မည်သူနှင့်မျှသတင်းထွက်ခြင်း ၊ တွဲသွားတွဲလာလုပ်ခြင်းလဲမရှိတာမို့ တကယ်ကိုပြည့်စုံလှတဲ့ လူတယောက်ပင်...။

*********ဂျေဒိုက် စံအိမ်*******

တချို့ကတော့ စံအိမ်တော် နာမည်ကိုတမျိုးကြီးထင်ကြတဲ့သူတွေရှိတယ် ။ တကယ်တော့ ဂျေဒိုက်ဆိုတဲ့ ကျောက်စိမ်းအမျိုးအစားဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးကျောက်စိမ်းအမျိုးအစားဖြစ်သလို မြန်မာနိုင်ငံရဲ့ ကျောက်တွင်းကြီး ဒါမှမဟုတ် ဘဏ္ဏာတိုက် လို့ခေါ်ကြတဲ့ ဖားကန့်ဒေသမှာပဲ ထွက်ရှိတဲ့ ကျောက်အမျိုးအစားဖြစ်တာကြောင့် ဒီလိုနာမည်မျိုးပေးထားရခြင်းပင်ဖြစ်တယ် ။

" ပြန်လာပြီလား သားငယ်..."

" သားငယ်ပြန်လာပြီပဲ ထမင်းစားတော့မလား "

ဧကစံအိမ်ထဲဝင်ရောက်လိုက်တာနဲ့ ဆီးကြိုနေတဲ့ မိဘနှစ်ပါးရဲ့ အသံ... ဖခင်ဖြစ်တဲ့ ဦးဧကမိုးနိုင်ကတော့ ပင်စင်ယူထားတဲ့ ဝန်ကြီးဟောင်းတ‌ေယာက်...ဘယ်လိုပဲ ပင်စင်ယူထားတယ်ပြောပါစေ ကျန်ခဲ့တဲ့ တပည့်တပန်းတွေက အာဏာရှိပြီး နေရာရထားတဲ့ သူတွေကြီးပဲမို့လို့ ဖခင်ရဲ့ အာဏာစက်ကပြင်းထန်ဆဲလို့ပြောလို့ရနိုင်သည်။ မိခင်ဖြစ်တဲ့ ‌ဒေါ်ထွေးဧကရီကလဲ နေပြည်တော် စာစစ်ဌာနရဲ့ ဌာနမှူးတယောက်အဖြစ်ကနေ ပင်စင်ယူထားသူမို့ နှစ်ယောက်လုံးရဲ့ အာဏာစက်ကအတော်လေးရှိတယ်လို့ပြောလို့ရသည်..။

" မစားသေးဘူး မေမေ...ဒါနဲ့ ထွေး‌ရော?.."

ဧကမှာ သူ့ထပ် တနှစ်ပဲကြီးတဲ့ ဆောင်းဧကထွေးငယ် ဆိုတဲ့ အမတယောက်ရှိသေးသည်။အကုန်လုံးကတော့ ထွေးလို့ပဲခေါ်ကြတာကြောင့် သူလဲငယ်ငယ်ကတည်းက နှုတ်ကျိုးပြီးထွေးလို့သာခေါ်မိနေခြင်းပင်...။ဒါပေမယ့် ထွေးကအမလို့သာနာမည်ခံထားပေမယ့် သူက tran တယောက်ဖြစ်သည် ။ လိင်အင်္ဂါကိုသာ ပြောင်းလဲထားခြင်းဖြစ်တာမို့ ဒီတိုင်းကြည့်လျှင်တော့ မိန်းကလေးတစ်ဦးသာ.... ထွေးက နောက်မှအပေါ်ပိုင်းကို ထပ်မံခွဲစိတ်မည် ဟုဆိုသည်..။

" သူ့အခန်းထဲမှာပဲနေမှာပေါ့ သားငယ်ရယ်..."

" အင်း..ဒါနဲ့မေမေကျွန်‌ေတာ့်ကို အဝတ်တချက်လောက်ထုတ်ပေးထားပါဦး ။ ကျွန်တော် အလုပ်ကိစ္စနဲ့ ဖားကန့်ဘက်တက်ရမှာမို့ သွားရင်းအပန်းဖြေချင်လို့.."

" ဟုတ်ပါပြီရှင်.."

" ဟဲ့ ဧက! ဖားကန့်ဘက်ဆိုတော့ မြစ်ကြီးနားပါရောက်မှာလား ?"

လှေကားလက်ရန်လးပေါ်ထိုင်ပြီး လှမ်းမေးတဲ့ထွေးကြောင့် မော့ကြည့်ရင်း...

" အွန်း ရောက်ဖြစ်မယ်..နင် လိုက်မလို့လား ?"

" လိုက်ချင်တယ်ဟ မြစ်ကြီးနားဘက်ကျတော့မရောက်ဖူးလို့.."

" အဲ့တာဆို အထုပ်ပြင်ထားလိုက်တော့ မနက်ဖြန်မနက်ထွက်မယ်.."

ထွေးကိုဖြေရင်းတက်လာတာ အခန်းရှေ့ရောက်နေပြီမို့ တခါတည်းအခန်းထဲပါဝင်သွားတော့တယ်...

နောက်တနေ့ မနက် 3:00 တွင်  ဂျေဒိုက်စံအိမ်ရှေ့၌စက်နိုးပြီးအသင့်ပြင်နေတဲ့ ကားတစ်စီးနဲ့အတူ ကားပေါ်အထုပ်တွေတင်ပေးနေကြတဲ့ အလုပ်သမားတွေကြား ကားပေါ်တက်ရန်အသင့်ဖြစ်နေပြီဖြစ်တဲ့ ဧကတို့မောင်နှမ....စံအိမ်ကနေ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းကြမှာဖြစ်ပြီး ထိုမှတဆင့် မြစ်ကြီးနားလေဆိပ်ကိုဆင်းရမှာဖြစ်သည်။

တရွေ့ရေွ့ထွက်ခွာလာတဲ့ ကားလေးနဲ့အတူတဖြေးဖြေးဝေး၍ကျန်နေခဲ့တဲ့ စံအိမ်ကြီး...နဂိုတည်းက ကားအသွားအလာနည်းသော 12 လမ်းသွားလမ်းမကြီးဟာ အခုအချိန်မှာတော့ လူမရှိတဲ့တစပြင်လို ခြောက်ကပ်နေလေသည်....လေဆိပ်ကိုအချိန်တိုအတွင်းဆိုက်ရောက်လာခဲ့ပြီးမကြာမီလေယာဉ်အတွင်းသို့ဝင်ရောက်ကာ တဖြေးဖြေး မြင့်တက်သွားတဲ့တိမ်ဆိုင်တွေကြားမှာ ထွက်‌ပေါ်လာတဲ့ အရုဏ်နဲ့အတူ စိတ်အစဉ်ကအဝေးသို့....

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ချစ်ခြင်းနဲ့ ထိတွေ့မိသူတိုင်းကပြောကြတယ်..

အချစ်ကရစ်မူးစေတယ်တဲ့....

ဟူ နဲ့သာဆိုရင် ကိုယ်အမြဲရစ်မူးနေမိ မယ်ထင်တယ်...

*မနောမြေအား သက်သေတည်လျက်*

#vote and comment ><
TBC~✨

♪  ~ ဂ်ိန္းေဖာသူ ဂ်ိန္းေဖာသူ
ရိုးတဲ့စကားေတြဆိုလဲ ဆန္းတယ္ထင္ေနရ...
သားေရေပၚမွာနားၿပီးေတာ့
သားေရနားကပ္စား ကိုယ္ဟာဒီလိုမ်ိဳး
ေက်းစြပ္စြာမဟုတ္ဘူး...
ယုံလို႔ေတာ့ အတင္းမေျပာပါ ညီမေလးရာ ~ ♪

စိုင္းထီးဆိုင္ရဲ႕ ဂ်ိန္းေဖာသူ သီခ်င္းက ကားရဲ႕ေရဒီယိုမွတဆင့္ ကားထဲမွာပ်ံ့လြင့္ေနသည္။ ကားရဲ႕ေနာက္ခန္းထဲတြင္ေတာ့ ဝတ္စုံျပည့္ဝတ္ထားၿပီး ငယ္႐ြယ္ေတာက္ပတဲ့အရွိန္အဝါအျပည့္နဲ႕ လူငယ္တေယာက္
ေျဖာင့္တန္းေနတဲ့ မ်က္ခုံးေတြဟာ စိတ္ၿငိဳျငင္မႈအခ်ိဳ႕ေၾကာင့္ မေျဖာင့္တန္းေနေတာ့ေပ..။

" မင္းတို႔အလုပ္ကို ေသခ်ာလုပ္ရမယ္ဆိုတာ နားမလည္တာလား ဟမ္!!
ငါအဲ့ေက်ာက္ေတြကို ရမွျဖစ္မွာမို႔လို႔ မင္းတို႔ကို အဲ့အထိလႊတ္ထားတာေလ..
မင္းတို႔ရဲ႕အျပစ္ေၾကာင့္ အဲ့ေက်ာက္ေတြကိုငါလြတ္သြားၿပီ....ေတာက္စ္.."

".................."

" မလိုဘူး... ငါ့ဘာသာတက္လာခဲ့ေတာ့မယ္
ငါလာရင္ ေနဖို႔ေနရာအဆင္သင့္ျပင္ထား.."

"..................."

တဖက္မွေျဖေနရင္း တဝက္တပ်က္မွာတင္ ဖုန္းကိုခ်လိဳက္သူက အေတာ္ေလးစိတ္ညစ္ေနဟန္ ..... မ်က္ခုံးစပ္နားကို လက္မနဲ႕လက္ညိုးသုံးကာ ဖိပြတ္ရင္း မ်က္စိမွိတ္ကာ စိတ္ေျဖေလွ်ာ့ေန‌သည္။
တခဏအၾကာမွာ အစိမ္းေရာင္မ်က္ဝန္းမ်ားက ပြင့္အာလာၾက‌ရင္း ေခါင္းခန္းမွ ဒရိုင္ဘာအား တစုံတခုလွမ္းေျပာလိုက္သည္ ။
ထိုအမိန႔္ေၾကာင့္ ဒရိုင္ဘာသည္လဲ ကားကိုစံအိမ္ေတာ္ဘက္ျပန္လည္ဦးတည္လိုက္ေတာ့သည္ ။

နံေဘးက ရႈခင္းေတြကိုျဖတ္ေက်ာ္ရင္းကားေလးဟာ ေနျပည္ေတာ္ရဲ႕ ၁၂ လမ္းသြား လမ္းမႀကီးေပၚမွာ တရိပ္ရိပ္ေျပးေနလ်က္...သူ႕နာမည္က ေဆာင္းဧကမိုး ႏွစ္ေယာက္မရွိတဲ့နာမည္ပိုင္ရွင္ျဖစ္သလို ခ်မ္းသာမႈနဲ႕ စည္းကမ္းတင္းကပ္မႈကလဲ ႏွစ္ေယာက္ မရွိေပ။ ယခုစိတ္တိုေနရျခင္းမွာလဲ သူလိုခ်င္တဲ့ ဖားကန႔္ကေက်ာက္ေတြကို ဝယ္ဖို႔လႊတ္လိုက္တဲ့ လူယုံကလမ္းမွားသြားၿပီး ေက်ာက္ပြဲတန္းေရာက္တာ ေနာက္က်သြားခဲ့တာမို႔ ေက်ာက္ေတြကို တျခားတေယာက္ကဝယ္သြားတာေၾကာင့္ပင္...

ေဆာင္းဧကဟာ ေနျပည္ေတာ္ရဲ႕ အဓိက ေ႐ႊ ၊ ေငြ ႏွင့္ေက်ာက္ျမတ္ရတနာအေရာင္းခန္းမႀကီးရဲ႕ ပိုင္ရွင္ျဖစ္ၿပီး တင္သြင္းတဲ့ေက်ာက္ေတြရဲ႕ အရည္အေသြးဟာလဲ စိတ္ခ်ရတာမို႔ ေနျပည္ေတာ္မွာရွိတဲ့ ဝန္ကေတာ္ေတြနဲ႕ အာဏာရွိလူခ်မ္းသာမ်ားရဲ႕ အဓိကပင္တိုင္ႀကီးပင္ျဖစ္သည္။ ေခ်ာေမာမႈနဲ႕ ခန႔္ညားမႈကို အခ်ိဳးက်ေပါင္းစပ္ထားတဲ့ မ်က္ႏွာေၾကာင့္အျပင္ ခ်မ္းသာမႈနဲ႕ အာဏာေၾကာင့္ပါ သူ႕အားသမက္ေတာ္ခ်င္သူေတြ မနည္းလွေပ။သို႔ေသာ္ သူကေတာ့ မည္သူ႕ကိုမွ စိတ္ဝင္စားျခင္းမရွိခဲ့သလို မည္သူႏွင့္မွ်သတင္းထြက္ျခင္း ၊ တြဲသြားတြဲလာလုပ္ျခင္းလဲမရွိတာမို႔ တကယ္ကိုျပည့္စုံလွတဲ့ လူတေယာက္ပင္...။

*********ေဂ်ဒိဳက္ စံအိမ္*******

တခ်ိဳ႕ကေတာ့ စံအိမ္ေတာ္ နာမည္ကိုတမ်ိဳးႀကီးထင္ၾကတဲ့သူေတြရွိတယ္ ။ တကယ္ေတာ့ ေဂ်ဒိဳက္ဆိုတဲ့ ေက်ာက္စိမ္းအမ်ိဳးအစားဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံးေက်ာက္စိမ္းအမ်ိဳးအစားျဖစ္သလို ျမန္မာနိုင္ငံရဲ႕ ေက်ာက္တြင္းႀကီး ဒါမွမဟုတ္ ဘဏၰာတိုက္ လို႔ေခၚၾကတဲ့ ဖားကန႔္ေဒသမွာပဲ ထြက္ရွိတဲ့ ေက်ာက္အမ်ိဳးအစားျဖစ္တာေၾကာင့္ ဒီလိုနာမည္မ်ိဳးေပးထားရျခင္းပင္ျဖစ္တယ္ ။

" ျပန္လာၿပီလား သားငယ္..."

" သားငယ္ျပန္လာၿပီပဲ ထမင္းစားေတာ့မလား "

ဧကစံအိမ္ထဲဝင္ေရာက္လိုက္တာနဲ႕ ဆီးႀကိဳေနတဲ့ မိဘႏွစ္ပါးရဲ႕ အသံ... ဖခင္ျဖစ္တဲ့ ဦးဧကမိုးနိုင္ကေတာ့ ပင္စင္ယူထားတဲ့ ဝန္ႀကီးေဟာင္းတ‌ေယာက္...ဘယ္လိုပဲ ပင္စင္ယူထားတယ္ေျပာပါေစ က်န္ခဲ့တဲ့ တပည့္တပန္းေတြက အာဏာရွိၿပီး ေနရာရထားတဲ့ သူေတြႀကီးပဲမို႔လို႔ ဖခင္ရဲ႕ အာဏာစက္ကျပင္းထန္ဆဲလို႔ေျပာလို႔ရနိုင္သည္။ မိခင္ျဖစ္တဲ့ ‌ေဒၚေထြးဧကရီကလဲ ေနျပည္ေတာ္ စာစစ္ဌာနရဲ႕ ဌာနမႉးတေယာက္အျဖစ္ကေန ပင္စင္ယူထားသူမို႔ ႏွစ္ေယာက္လုံးရဲ႕ အာဏာစက္ကအေတာ္ေလးရွိတယ္လို႔ေျပာလို႔ရသည္..။

" မစားေသးဘူး ေမေမ...ဒါနဲ႕ ေထြး‌ေရာ?.."

ဧကမွာ သူ႕ထပ္ တႏွစ္ပဲႀကီးတဲ့ ေဆာင္းဧကေထြးငယ္ ဆိုတဲ့ အမတေယာက္ရွိေသးသည္။အကုန္လုံးကေတာ့ ေထြးလို႔ပဲေခၚၾကတာေၾကာင့္ သူလဲငယ္ငယ္ကတည္းက ႏႈတ္က်ိဳးၿပီးေထြးလို႔သာေခၚမိေနျခင္းပင္...။ဒါေပမယ့္ ေထြးကအမလို႔သာနာမည္ခံထားေပမယ့္ သူက tran တေယာက္ျဖစ္သည္ ။ လိင္အဂၤါကိုသာ ေျပာင္းလဲထားျခင္းျဖစ္တာမို႔ ဒီတိုင္းၾကည့္လွ်င္ေတာ့ မိန္းကေလးတစ္ဦးသာ.... ေထြးက ေနာက္မွအေပၚပိုင္းကို ထပ္မံခြဲစိတ္မည္ ဟုဆိုသည္..။

" သူ႕အခန္းထဲမွာပဲေနမွာေပါ့ သားငယ္ရယ္..."

" အင္း..ဒါနဲ႕ေမေမကြၽန္‌ေတာ့္ကို အဝတ္တခ်က္ေလာက္ထုတ္ေပးထားပါဦး ။ ကြၽန္ေတာ္ အလုပ္ကိစၥနဲ႕ ဖားကန႔္ဘက္တက္ရမွာမို႔ သြားရင္းအပန္းေျဖခ်င္လို႔.."

" ဟုတ္ပါၿပီရွင္.."

" ဟဲ့ ဧက! ဖားကန႔္ဘက္ဆိုေတာ့ ျမစ္ႀကီးနားပါေရာက္မွာလား ?"

ေလွကားလက္ရန္လးေပၚထိုင္ၿပီး လွမ္းေမးတဲ့ေထြးေၾကာင့္ ေမာ့ၾကည့္ရင္း...

" အြန္း ေရာက္ျဖစ္မယ္..နင္ လိုက္မလို႔လား ?"

" လိုက္ခ်င္တယ္ဟ ျမစ္ႀကီးနားဘက္က်ေတာ့မေရာက္ဖူးလို႔.."

" အဲ့တာဆို အထုပ္ျပင္ထားလိုက္ေတာ့ မနက္ျဖန္မနက္ထြက္မယ္.."

ေထြးကိုေျဖရင္းတက္လာတာ အခန္းေရွ႕ေရာက္ေနၿပီမို႔ တခါတည္းအခန္းထဲပါဝင္သြားေတာ့တယ္...

ေနာက္တေန႕ မနက္ 3:00 တြင္  ေဂ်ဒိဳက္စံအိမ္ေရွ႕၌စက္နိုးၿပီးအသင့္ျပင္ေနတဲ့ ကားတစ္စီးနဲ႕အတူ ကားေပၚအထုပ္ေတြတင္ေပးေနၾကတဲ့ အလုပ္သမားေတြၾကား ကားေပၚတက္ရန္အသင့္ျဖစ္ေနၿပီျဖစ္တဲ့ ဧကတို႔ေမာင္ႏွမ....စံအိမ္ကေန ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္ကိုဆင္းၾကမွာျဖစ္ၿပီး ထိုမွတဆင့္ ျမစ္ႀကီးနားေလဆိပ္ကိုဆင္းရမွာျဖစ္သည္။

တေ႐ြ႕ေရြ႕ထြက္ခြာလာတဲ့ ကားေလးနဲ႕အတူတေျဖးေျဖးေဝး၍က်န္ေနခဲ့တဲ့ စံအိမ္ႀကီး...နဂိုတည္းက ကားအသြားအလာနည္းေသာ 12 လမ္းသြားလမ္းမႀကီးဟာ အခုအခ်ိန္မွာေတာ့ လူမရွိတဲ့တစျပင္လို ေျခာက္ကပ္ေနေလသည္....ေလဆိပ္ကိုအခ်ိန္တိုအတြင္းဆိုက္ေရာက္လာခဲ့ၿပီးမၾကာမီေလယာဥ္အတြင္းသို႔ဝင္ေရာက္ကာ တေျဖးေျဖး ျမင့္တက္သြားတဲ့တိမ္ဆိုင္ေတြၾကားမွာ ထြက္‌ေပၚလာတဲ့ အ႐ုဏ္နဲ႕အတူ စိတ္အစဥ္ကအေဝးသို႔....

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ခ်စ္ျခင္းနဲ႕ ထိေတြ႕မိသူတိုင္းကေျပာၾကတယ္..

အခ်စ္ကရစ္မူးေစတယ္တဲ့....

ဟူ နဲ႕သာဆိုရင္ ကိုယ္အၿမဲရစ္မူးေနမိ မယ္ထင္တယ္...

*မေနာေျမအား သက္ေသတည္လ်က္*

#vote and comment ><
TBC~✨

Continue Reading

You'll Also Like

15.3K 537 16
Omegaverseပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါးလေး ရေးထားတယ်ဆို‌ပေမယ့် dramaတော့ ‌နည်းနည်းထက်ချိုးထားပါတယ် Omegaverseပုံစံေလးနဲ႕ ေပါ့ေပါ့ပါးပါးေလး ေရးထားတယ္ဆို‌...
1.7M 206K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
796K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
45.5K 3.9K 62
အညာမြေ fic ကိုအရင်ဖတ်ပါလို့အကြံပြုပါတယ်။အညာေျမ fic ကိုအရင္ဖတ္ပါလို႔အၾကံျပဳပါတယ္။အညာေျမ fic ရဲ႕ book-2 ပါ။