Emperor and the Knightness (Z...
By CrystSnow
7.4K 671 32
Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More
အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁
အခန်း ၃၁၉
52 9 0
By CrystSnow
Poliana က ဘာကိုမှ သေချာမတွေးတောနိုင်တော့ပေ. Lucius က သူ့အလှတရားကို အသုံးချကာ သူ့ရန်သူတွေကို အနှောင့်အယှက်ပေးနိုင်တာ အသိသာကြီးဖြစ်သည်.
အမှန်တော့ ဧကရာဇ်က Yapa ကို ရောက်တဲ့နေ့တည်းက ဒီနေ့အတွက်ကို ပြင်ဆင်နေခဲ့တာဖြစ်သည်. သူက သူ့အခန်းကို အစအဆုံးပြန်လည်ပြင်ဆင်ခဲ့သည်. ကော်ဇောတွေ, နံရံကပ်စက္ကူတွေနဲ့ ပရိဘောဂတွေကိုပါ အသစ်လဲထားတာကြောင့် ဒီအသုံးအဆောင်တွေရဲ့ အရောင်ကလဲ သူ့ရဲ့အသွင်အပြင်ကို ပိုပြီး တောက်ပလာစေသည်.
Poliana က ဆက်ပြောလိုက်သည်.
"အရှင်ဆင်မြန်းထားတဲ့ ဒီအဖိုးမဖြတ်နိုင်တဲ့ရတနာတွေထက်တောင် ဘယ်လိုလုပ် ပိုပြီး လှပနေနိုင်တာလဲ, အရှင်? အရှင်ဝတ်ထားတဲ့ ဝတ်ရုံအနီရောင်ကလဲ ဒီနေ့မှာမှ ပိုပြီးတော့ ကြည့်ကောင်းနေသလိုပဲ. ဒါက တော်တော်လေးဈေးကြီးမယ်ထင်တယ် ဒါပေမဲ့ အရှင်သာ ခွင့်ပြုမယ်ဆိုရင် ကျွန်မရဲ့ စည်းစိမ်တွေအားလုံးသုံးပြီးတော့ အရှင့်အတွက် အများကြီး ဝယ်ပေးချင်ပါတယ်...!"
ဧကရာဇ်ရဲ့ သီးသန့်ကိုယ်ရံတော်အဖြစ် သူမ အလုပ်လုပ်ခဲ့တုန်းက သင်ကြားခဲ့တာတွေကို သူမ အသုံးချနိုင်ခဲ့သည်. ဧကရာဇ်ကို ဘယ်လိုစကားလုံးတွေသုံးပြီးတော့ ချီးမွှမ်းရမလဲဆိုတာကို Sir Mahogal က သူမကို သင်ကြားပေးခဲ့တာဖြစ်ပြီး Poliana ကတော့ အံ့ဩတကြီးရေရွတ်နေမိတာကို မရပ်တန့်နိုင်တော့ပေ. ကော်ဇောအခင်းတွေကတောင် ဧကရာဇ်ကို ပိုပြီးကြည့်ကောင်းအောင် အထောက်အပံ့ပေးနေသလို ဖြစ်နေတယ်လို့ သူမ တွေးလိုက်မိပြီး ရုတ်တရက် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူမ သတိပြုမိသွားသည်.
ဒါက ဧကရာဇ်ရဲ့ တိုက်ကွက်တစ်ခုဖြစ်သည်!
'ဒါ့ကြောင့် သူက ငါ့ကို အပြင်မှာ စောင့်ခိုင်းခဲ့တာကိုး!'
ဒီအချက်ကို သတိပြုမိတာက အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်. Poliana ရဲ့ စိတ်တွေ ပြန်လည်စုစည်းလာနိုင်ချိန်မှာတော့ Lucius က သူမလက်တွေကို ဆုပ်ကိုင်ထားပြီးသား ဖြစ်နေသည်. သူ့ကို အနီးကပ်တွေ့လိုက်ရတော့ Poliana က ရှက်သွေးဖြာလာသည်. ဧကရာဇ်ရဲ့ ကိုယ်သင်းရနံ့တောင်မှပဲ ပိုပြီးတော့ ဆွဲမက်စရာဖြစ်နေသည်.
သူမက သူ့ကို ပြောလိုက်သည်.
"အရှင်!! ဒါက မတရားဘူး! အရှင်က တရားနည်းလမ်းကျကျ တိုက်ခိုက်နေတာမှ မဟုတ်တာ. အရှင်.! အရှင် ဒီလိုလုပ်လို့မရဘူး!"
"ဟားဟား"
Lucius က ဆင်ခြေမပေးလိုက်တော့ပေ. သူက Poliana ကို သူ့ထိုင်ခုံနားမှာ ရှိနေတဲ့ ထိုင်ခုံမှာ ထိုင်ဖို့ နေရာချပေးလိုက်သည်. Poliana က သူလုပ်နေတာတွေက တရားမျှတမှုမရှိကြောင်း ဆက်ပြောနေပြီး သူ့ဘေးနားမှာ ထိုင်လိုက်တော့ သူမက တွေဝေလာသည်. 'သူက ဘာလို့ ငါ့ဘေးနား ထိုင်နေတာလဲ? သူက ဘာလို့ ငါ့အရှေ့မှာ မထိုင်တာလဲ?!'
Poliana က သူနဲ့ဝေးနိုင်သမျှဝေးတဲ့နေရာမှာ ထိုင်ဖို့ ကြိုးစားနေပြီး ဧကရာဇ်က အနီးနားကို ထပ်မတိုးလာပေ. Poliana က မေးလိုက်သည်.
"ဒါဆို အရှင်က ကျွန်မတို့အကြောင်းတွေကို သတင်းဖြန့်ခဲ့တာလား?! အရှင်ဘယ်လိုလုပ်! ဒါ လုံးဝမတရားဘူး!"
"စစ်ပွဲတစ်ခုမှာ တရားတာ မတရားတာမှ မရှိတာပဲကို"
"ဒါပေမဲ့ ဒါက စစ်ပွဲတစ်ခုမှ မဟုတ်တာ!"
"ဒါက စစ်ပွဲတစ်ခုပဲပေါ့. ပြီးတော့ အရက်စက်ဆုံးစစ်ပွဲတစ်ခုလေ. ဒါက အချစ်စစ်ပွဲတစ်ခု; အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားကို အပိုင်သိမ်းမဲ့စစ်ပွဲတစ်ခုလေ"
တကယ်လို့ ဒီကိစ္စသာ စစ်ပွဲတစ်ခုဆိုရင်တော့ Poliana က အရေးနိမ့်နေတဲ့အခြေအနေဖြစ်သည်. Lucius က လျှပ်တစ်ပြက်တိုက်ကွက်တစ်ခုကို အသုံးချခဲ့ပြီးဖြစ်ကာ သူမက သူ့ရဲ့ မှင်သက်ဖွယ်ရာအလှအပနဲ့ ဗုံးကျဲတိုက်ခိုက်ခံခဲ့ရသည်. ဒါပေမဲ့ သူက တစ်ဖက်သတ်ချစ်မိနေတဲ့သူဖြစ်တာကြောင့် သူက အမြဲတမ်းအရေးနိမ့်နေမှာဖြစ်ကာ ဧကရာဇ်က သူမရဲ့သုံးသပ်မှုကို သဘောမတူပေ. ဒီတိုက်ပွဲရဲ့ နောက်ဆုံးအဖြေက Poliana ရဲ့လက်ထဲမှာသာ အမြဲတမ်းရှိနေခဲ့တာဖြစ်သည်.
တိုင်းပြည်တစ်ခုလုံးရဲ့ဧကရာဇ်ဖြစ်နေတာတောင်မှပဲ သူချစ်တဲ့အမျိုးသမီးရှေ့မှာတော့ အားနည်းနေသည်. Lucius က သူ့ရဲ့ အားနည်းတဲ့အခြေအနေကို ဘယ်တော့မှ မမေ့လျော့ခဲ့ပေ. သူက ဒီအချက်ကို နေ့တိုင်းအမှတ်ရနေပြီး ဒီအချက်နဲ့ပတ်သက်ပြီးအထွန့်တက်ရမဲ့အစား သူက ဒီအချက်ကို အကျိုးရှိရှိအသုံးချဖို့ အဆင်သင့်ဖြစ်အောင် လုပ်လိုက်သည်.
အနိုင်ရဖို့အတွက် လိုအပ်သမျှ အရာတိုင်းကို လုပ်ဆောင်ရမှာပဲဖြစ်သည်. Poliana ရဲ့ နှလုံးသားကို အပိုင်ရဖို့အတွက် ဧကရာဇ်က ဘာမဆိုလုပ်ဖို့ အဆင်သင့်ဖြစ်နေသည်.
Poliana က သူ့ကို ပြောလိုက်သည်.
"ကျွန်မ..."
နောက်ဆုံးမှာတော့ သူမက ဧကရာဇ်ရဲ့ လှပတဲ့အသွင်အပြင်ကို ကျင့်သားရသွားခဲ့သည်. ဒါက အရမ်းခက်ခဲတဲ့ကိစ္စဖြစ်ပေမဲ့ သူမက သူနဲ့အတူ အချိန်အများကြီးအတူကုန်ဆုံးခဲ့တာကြောင့် အနည်းဆုံးတော့ သူ့အနားမှာရှိနေတာကို နေသားကျလာသည်. Yapa ကို မလာခင်မှာ သူ့ကို ပြောဖို့ စီစဉ်ခဲ့တာတွေကို Poliana က အမှတ်ရလိုက်သည်. သူမရဲ့အစီအစဉ်တွေကို သူ့ကို ပြောဖို့ ပြင်လိုက်သည်.
'ဒီလိုလုပ်ရအောင်!'
"အရှင်.. အရှင်နဲ့ ကျွန်မ..."
"Sitrin ကနေ ထွက်လာပြီးတော့ ငါတို့အခြေအနေတွေကို ငါ လေးလေးနက်နက်စဉ်းစားခဲ့တယ်"
"ရှင်?"
Poliana က တိတ်ဆိတ်သွားပြီး ဧကရာဇ်က ဆက်ပြောလိုက်သည်.
"ငါသိထားတဲ့ Pol က ဘယ်လိုတုန့်ပြန်လာမလဲလို့ ငါစဉ်းစားခဲ့တယ်. သူမ ဘာပြောလာမလဲ? ငါတို့မှာ ကလေးတစ်ယောက်ရှိလာတာနဲ့ပဲ သူမက ငါ့ကို လက်ထပ်ချင်ပါ့မလား? ငါ ထွက်မလာခင်က မင်းပျော်ရွှင်ဖို့ကိုပဲ ငါမျှော်လင့်တယ်လို့ ငါပြောခဲ့တယ်နော်. မင်းက မိန်းမတစ်ယောက်ဆိုတာကို မင်း မငြင်းဆန်သင့်ဘူး"Lucius က စကားထပ်မပြောခင်မှာ ခေါင်းငုံ့ကြည့်လိုက်သည်.
"နောက်တော့ ငါက ဘာလို့ မင်းကို ဒီလိုစကားမျိုးပြောခဲ့တာလဲဆိုပြီးတော့ စဉ်းစားကြည့်တယ်. မင်းက ငတုံးတစ်ယောက် မဟုတ်ဘူးဆိုတာ ငါသိပါတယ်. မင်းရဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီးတော့ မင်းက ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူး, ဟုတ်တယ်မလား? ပြီးတော့.. ရုတ်တရက်.....မင်းအဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ပျော်ရွှင်မှုဆိုတာက ငါသိထားသလို မဟုတ်ဘူးဆိုတာကို ငါ သတိပြုမိလိုက်တယ်. ဒါက မင်းလိုချင်တာမဟုတ်ဘူး. ဒီနေ့ မင်း ဒီကိုလာတာက ငါ့ကို ဒီစကားတွေပြောဖို့ မဟုတ်လား, ဟုတ်တယ်မလား?"
ဧကရာဇ်က ပြုံးလိုက်ကာ Poliana ပြောမဲ့စကားတွေကို ဆက်ပြောလိုက်သည်.
"မင်းက Gerald အတွက် ငါ့ကို လက်ထပ်မယ်လို့ ပြောကောင်းပြောလိမ့်မယ်. ဒါပေမဲ့ မင်းက စစ်သည်အဖြစ်ကနေ အနားမယူနိုင်ဘူး ဒါကြောင့် ငါတို့လက်ထပ်ပြီးတာနဲ့ ကွာရှင်းချင်တယ်. ဒီအစီအစဉ်ကို ငါလက်ခံပေးဖို့ ငါ့ကို ပြောတော့မှာမလား?"
ဒါက Poliana အနေနဲ့ ဧကရာဇ်ကို ပြောမဲ့ စကားလုံးအတိအကျပဲဖြစ်သည်. Lucius က သူမကို ကြည့်ကာ သူမရဲ့လက်တွေကို ဆုပ်ကိုင်လိုက်သည်. Poliana က သူမလက်တွေကို ပြန်မဆွဲယူတော့ သူက မေးလိုက်သည်.
"ငါပြောတာ မှန်တယ်မလား?"
"အရှင်က အရမ်းထက်မြက်တယ် အမျှော်အမြင်ကြီးတယ် ပြီးတော့... ကျွန်မကိုလဲ ကောင်းကောင်းသိနေတာပဲ.. တကယ်လို့ ကျွန်မ ဘာပြောမလဲဆိုတာကို အရှင်သိနေတယ်ဆိုရင် အရှင် ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ?"
"ဘာလို့လဲဆိုတော့ မင်းမှမသိတာ"
"ဘာကို မသိတာလဲ?"
"ပျော်ရွှင်မှု"
Poliana က မျက်မှောင်ကြုံ့သွားသည်. ပျော်ရွှင်မှုဆိုတာကို သူမ သေချာသိသည်. သူမ ဧကရာဇ်နဲ့တွေ့ပြီး သူက သူမကို သူ့စစ်သည်အဖြစ် လက်ခံခဲ့တဲ့နေ့; သူ့စစ်သည်တွေအားလုံးကသာ သူမလိုမျိုး ဖြစ်မယ်ဆိုရင် သူက ဒီထက်နှစ်ဆလောက်မြန်တဲ့နှုန်းနဲ့ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်မှာပဲလို့ သူမကို ပြောခဲ့တဲ့နေ့.. အရှင့်ကို သူမ ကူညီနိုင်ခဲ့တဲ့နေ့.. Sir Donau ကို မွေးစားမောင်အဖြစ် ရခဲ့တဲ့နေ့... ပြီးတော့.. တောင်စွန်းအငူမှာ ဧကရာဇ်ရဲ့အပြုံးကို သူမ မြင်ခွင့်ရခဲ့တဲ့နေ့..
ဒီနေ့ရက်တွေအားလုံးက.... ဒီအရာတွေက Poliana ရဲ့ ပျော်ရွှင်မှုတွေပဲဖြစ်သည်.
"အရှင်.. ပျော်ရွှင်မှုဆိုတာကို ကျွန်မ ကောင်းကောင်းသိပါတယ်"
"ဟင်အင်း.. မင်း မသိဘူး. မင်းမသိသေးလို့ မင်းက ဒီအချက်ကို ငြင်းဆန်နေတာ. မင်းက ပျော်ရွှင်မှုရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ သိကောင်းသိတာဖြစ်မယ်. အားလုံးကိုတော့ မင်းမသိသေးဘူး. မင်းဘဝတစ်လျှောက်လုံး တွေ့ကြုံနိုင်တဲ့ ပျော်ရွှင်မှုအမျိုးမျိုးကို မင်းမသိသေးဘူး. ကြုံဖူးတဲ့သူတွေကပဲ ဒီလိုပျော်ရွှင်မှုတွေကိုသိတာ.. မင်းက မတွေ့ကြုံဖူးသေးတော့ မင်းဘယ်လိုလုပ်သိနိုင်မှာလဲ? ပျော်ရွှင်မှုဆိုတာကို မင်းအဓိပ္ပါယ်ဖွင့်ဆိုထားတာက တခြားသူတွေနဲ့ မတူဘူးဆိုတာကို ငါသိတယ်. ဒါပေမဲ့ Pol. မင်းက တခြားသူတွေ တွေ့ကြုံခံစားဖူးတဲ့ ပျော်ရွှင်မှုမျိုးကို မင်းမသိသေးဘူး. ဒါဆို အဲ့လိုပျော်ရွှင်မှုမျိုးကို မလိုချင်ဘူးလို့ မင်းဘယ်လိုလုပ်ပြောနိုင်တာလဲ? တခြားအမျိုးသမီးတွေက သူတို့ဘဝမှာ ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုမျိုးကို မင်းမှ မခံစားဖူးသေးပဲနဲ့ မင်းက အဲ့လို ပျော်ရွှင်မှုမျိုးကို မလိုချင်ဘူးလို့ ဘာလို့ ပြောနိုင်တာလဲ? တခြားသူတွေက မင်းသတ်မှတ်ထားတဲ့ ပျော်ရွှင်မှုဆိုတာကို နားမလည်ပေးလို့ မင်း စိတ်ရှုပ်နေတာ ဆိုရင် မင်းကရော ဘာလို့ သူတို့လိုမျိုးလုပ်နေတာလဲ. တခြားအမျိုးသမီးတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရာတွေကို ခံစားကြည့်ဖို့တောင် မင်း စိတ်မဝင်စားဘူးလေ"
ဒါက အမှန်တရားဖြစ်သည်. Poliana က ပြောစရာစကားမဲ့သွားပြီး Lucius က သူ့အခွင့်အရေးကို အသုံးချလိုက်သည်. သူမလက်တွေကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို ညှစ်လိုက်ကာ သူမရဲ့တိတ်ဆိတ်နေမှုကို သူမရဲ့လက်ခံပေးမှုအဖြစ် ယူဆလိုက်သည်. တကယ်လို့ သူမ သဘောမတူရင်တောင်မှပဲ ကိစ္စမရှိပေ. 
သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် သူက ဘာမဆို လုပ်နိုင်သည်.
သူက သူမကို ပြောလိုက်သည်.
"ဒါ့ကြောင့် ကျေးဇူးပြုပြီးတော့ ငါ့ကို အခွင့်အရေးတစ်ခုပေးပါ"
Poliana က အထိတ်တလန့်ဖြစ်မိသွားသည်. ဧကရာဇ်ရဲ့ မျက်ဝန်းထဲမှာ သူမရဲ့ ပုံရိပ်ကို သူမ မြင်နေနိုင်သည်. ဒီအခိုက်အတန့်မှာ သူ့မျက်ဝန်းတွေထဲမှာ သူမတစ်ယောက်တည်းရှိနေတာကို သူမ တွေ့မြင်နိုင်သည်. Lucius က ဆက်ပြောလိုက်သည်.
"ပျော်ရွှင်မှုက ဘယ်လိုမျိုးလဲဆိုတာကို ငါ မင်းကို ပြမယ်. အချစ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပျော်ရွှင်မှုအစစ်အမှန်က ဘယ်လိုမျိုးလဲဆိုတာကို ငါ မင်းကို ပြမယ်. ဧကရာဇ်ချစ်တာကို ခံရတာက ဘယ်လိုမျိုးလဲဆိုတာကို မင်းသိအောင် ငါ သင်ပေးမယ်. မင်းကို ချစ်မိနေတဲ့ ငါ့အချစ်တွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို ငါ ကတိပေးပါတယ်"
Continue Reading
You'll Also Like
430K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
170 46 25
အရမ်းချီးကျူးလေးစားဖို့ကောင်းတဲ့မိခင်တွေထဲမှာကျန်းကျယ်ဟန့်ဆိုတဲ့ လူသားလေးကိုမွေးထုတ်ပေးခဲ့ပြီး အကြည်ဓါတ်လေးနဲ့ အဖြူရောင်လူသားလေးအဖြစ်ကြီးပြင်းစေခဲ့တဲ...
1.2M 63.6K 50
356K 56.7K 200
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...