မင္း!...[COMPLETED]

By qutirah

13.7K 1.4K 279

သြားစမ္းပါ...အို္ဆယ္ဟြန္း...ငါမင္းတို႔လိုလူေတြကိုရြံလြန္းလို႔... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတ... More

•1•
°2°
•3•
•4•
•5•
•6•
•7•
•8•
•9•
•10•
•11•
•12•
•13•
•14•
•15•
•16•
•18•
•19•
•20•
•21•
•17•
•23•
•24•
•25•
•26•
•27•
•28•
•29•
•30•
•31•
•32•
•33•
•34•
•35•
ပစ္ထားမိတာအတြက္ေတာင္းပန္ပါတယ္..
•36•
•37•
•38•
•39•
•40•
•41•
•42•
•43•
•44•
•45•
•46•
•47•
•FINAL•

•22•

195 24 8
By qutirah

ကုန္တိုက္မွာဝယ္စရာ႐ွိတာဝယ္..
စားစရာ႐ွိတာစားၿပီးအိမ္ျပန္ရန္
ဂြၽန္ေျမာင္ႏွင့္ဆယ္ဟြန္းတို႔
ႏွစ္ေယာက္သားကားပါကင္ကို
ေရာက္ေနျခင္းျဖစ္သည္...။
ႏွစ္ေယာက္သားကအထုပ္ေတြ
ကိုယ္စီနဲ႔ေဘးခ်င္းယွဥ္လ်က္သား
ကားဆီရာသို႔လမ္းေလ်ွာက္သြား
ေနၾကျခင္း...။
ကားဆီကိုေရာက္ေတာ့
ဂြၽန္ေျမာင့္ဆီကအထုပ္ေတြကိုပါ
ဆယ္ဟြန္းေတာင္းလိုက္သည္..။

"ဂြၽန္ေျမာင္ရဲ႕အထုပ္ေတြေပး..
ကိုယ္ကားေနာက္ခန္းထဲထည့္
ေပးမလို႔..."

"အင္း.."

သူ႔လက္ထဲကအထုပ္ေတြကိုေပး
ၿပီးဂြၽန္ေျမာင္ကေ႐ွ႕ခန္းမွာ
ဝင္ထိုင္လိုက္ၿပီျဖစ္သည္...။
ဆယ္ဟြန္းလည္းအထုပ္ေတြကို
ေနာက္ခန္းထဲထည့္ေနရင္း
အကြယ္တစ္ေနရာကလ်ွာထိုး
ဦးထုပ္အနက္နဲ႔ဟိုလူက
သူတို႔ကိုၾကည့္ေနတာေတြ႔
လိုက္တာေၾကာင့္ ဆယ္ဟြန္း
အဓိပၸါယ္ပါပါေခါင္းၿငိမ့္ျပလိုက္
သည္...။
ထိုလူကလည္းထိုနည္းတူ
ေခါင္းၿငိမ့္ျပၿပီးအေမွာင္ထဲ
တိုးဝင္ေပ်ာက္ကြယ္သြားသည္..။
ထိုေတာ့မွ ေနာက္ခန္းတံခါး
ကိုပိတ္ၿပီးကားေမာင္းသူေနရာ
မွာဝင္ထိုင္လိုက္သည္...။
ထို႔ေနာက္ အနက္ေရာင္ကားေလး
ဟာကတၱရာလမ္းမႀကီးေပၚသို႔..။

°°°°°
ဂြၽန္ေျမာင္တို႔ရဲ႕တစ္ထပ္အိမ္ေလး
ေ႐ွ႕ကိုအနက္ေရာင္ကားေလး
ထိုးရပ္သြားသည္...။

"ေက်းဇူးပဲ...ဆယ္ဟြန္း..ငါ
သြားေတာ့မယ္ေနာ.."

ဂြၽန္ေျမာင္ကလံုျခံဳေရးခါးပတ္
ကိုျဖဳတ္လို႔ေနာက္ခန္းကသူ႔ရဲ႕
အထုပ္ေတြကိုသြားယူေနသည္..။
ျမင္ေနရတဲ့ဂြၽန္ေျမာင္ရဲ႕အိမ္ကို
ၾကည့္ၿပီးဆယ္ဟြန္းေတြးမိ
လိဳက္သည္..။
ဒီအထိေတာင္ေရာက္ေနၿပီးမွ
ေတာ့ဂြၽန္ေျမာင္ရဲ႕အိမ္ကိုဝင္ရင္
ေကာင္းမလားလို႔ေလ...။
ဒီေန႔ကသူ႔မွာလုပ္စရာလည္း႐ွိ
ေတာ့တာမဟုတ္ဘူးဆိုေတာ့...။

"ဂြၽန္ေျမာင္..."

"အင္း.."

သူေခၚေတာ့ဂြၽန္ေျမာင္က
အထုပ္ေတြယူေနရင္းကထူးသည္။

"ကိုယ့္ကိုအိမ္ထဲမေခၚေတာ့
ဘူးလား..."

"ဟမ္.."

ကိုယ့္အထုပ္သူ႔အထုပ္ေတြေရာ
ေနတဲ့ၾကားထဲဂြၽန္ေျမာင္က
သူ႔ဥစၥာကိုေရြးေနရင္းကြၽန္ေတာ့္
စကားၾကားေတာ့ ထိုေရြးေနတဲ့
လက္ေတြကရပ္တန္႔သြားသည္..။
ၿပီးေတာ့တစ္ခုခုကိုေတြးေနဟန္။
.....

ဆယ္ဟြန္႔းကအိမ္ထဲဝင္မယ္ေျပာ
ေတာ့ဂြၽန္ေျမာင္ဘာျပန္ေျပာ
ရမွန္းမသိ..။
႐ုတ္တရက္ႀကီးဒီလိုေျပာလာ
လိုက္မယ္လို႔လည္းမထင္ထား
ေတာ့....။
လက္ကနာရီကိုငံု႔ၾကည့္ေတာ့
ညေနသံုးနာရီထိုးခါနီးၿပီ..။
ဂ်ံဳအင္ကျပန္လာေတာ့မွာ...။
ဂ်ံဳအင္ကဆယ္ဟြန္းကိုဆို
ခါးခါးသီးသီးျဖစ္ေနရတဲ့အထဲ..။
မျဖစ္...မျဖစ္...ဆယ္ဟြန္း
ခုေန႔ေတာ့အိမ္ထဲဝင္လို႔မျဖစ္
ေသးဘူး...။

"ဟင့္အင္း...မင္းခုေန႔ေတာ့
ျပန္လိုက္ဦး..ဆယ္ဟြန္း.."

"ဘာလို႔လဲ...ဂြၽန္ေျမာင္ရဲ႕...
ကိုယ္ကခုေန႔.လည္ခ်င္တာယ
ေလ.."

"မျဖစ္လို႔ပါ..ဆယ္ဟြန္းရယ္..
ေနာက္ေန႔ေပါ့...ေနာက္ေန႔ေတြ
က်လည္လို႔ရေနတာပဲ.."

"ဟင္း..."

ဆိုၿပီးမ်က္ေမွာင္ႀကီးကုတ္ကာ
ေ႐ွ႕လွည့္သြားတဲ့ဆယ္ဟြန္း
ကိုၾကည့္ၿပီးဂြၽန္ေျမာင္ေၾကာင္
ေနမိသည္..။
ဆယ္ဟြန္းကအဲလိုလည္း
စိတ္ဆိုးတတ္တာပဲလား..။
အဟက္...ခ်စ္ဖို႔ေတာ့ေကာင္းသား...။

"မင္း..အဲဒါႀကီးကဘာျဖစ္သြား
တာလဲ...ဆယ္ဟြန္း.."

ဂြၽန္ေျမာင္အရယ္တဝက္နဲ႔ေျပာ
ေတာ့ဆယ္ဟြန္းကမ်က္ေမွာင္
ႀကီးကိုပိုကုတ္ပစ္ၿပီး...

"ဂြၽန္ေျမာင္ကကိုယ့္ကိုအလည္မွ
မေခၚတာ...ကိုယ္ကခုေန႔ပဲ
အားတာကို..."

အမယ္...အမယ္..စကားေျပာပံု
ေတြအသံေတြကအစခါတိုင္းနဲ႔
မတူေတာ့ဘဲနည္းနည္းခြၽဲခ်င္
ေနသလိုလို...။
ဂြၽန္ေျမာင္သေဘာတက်ကို
ရီမိလိုက္သည္...။

"ဟား...ဟား...ဆယ္ဟြန္း...
မင္းကကြာ...ကေလးလည္းမဟုတ္ဘဲနဲ႔..အဟားဟား.."

တဟားဟားနဲ႔သူ႔ကိုေလွာင္ေနတဲ့
ကြၽန္ေတာ့္ကိုဆယ္ဟြန္းက
မ်က္ေမွာင္ႀကီးက်ဳတ္ကာၾကည့္
ဆဲ...။

"အင္းပါကြာ...အင္းပါ...
အဲဒါဆိုရင္လည္းလိုက္ခဲ့..
ဟုတ္ၿပီလား...."

ဆိုေတာ့ဆယ္ဟြန္းရဲ႕မ်က္လံုး
ေလးေတြထဲအေရာင္တလက္
လက္...။
ခုနကစိတ္ပူမိေနတဲ့ဂ်ံဳအင္ဆို
တာလည္းေခါင္းထဲမ႐ွိေတာ့
ဘဲဆယ္ဟြန္းဆႏၵကိုလိုက္ေလ်ာမိသည္...။
အရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔ပါ...။
ခုနက...ဆယ္ဟြန္းရဲ႕ပံုစံက
တအားေတြခ်စ္ဖို႔ေကာင္းေနလို႔....။
........

ကြၽန္ေတာ္ဧည့္ခန္းကဆိုဖာမွာ
ထိုင္ေနစဥ္ဂြၽန္ေျမာင္ကမီးဖိုထဲ
ဝင္သြားကာဝယ္လာတဲ့ပစၥည္းေတြကိုေနရာခ်ေနသည္..။
ေရခဲေသတၱာထဲထည့္သင့္တာ
ထည့္ စင္ေပၚတင္သင့္တာကိုတင္ရင္းအလုပ္႐ႈပ္ေနသည့္
ဂြၽန္ေျမာင္ကိုဆယ္ဟြန္းျပံဳးကာ
ၾကည့္ေနမိသည္...။
မီးဖိုေလးထဲအလုပ္႐ႈပ္ေနတဲ့
ဂြၽန္ေျမာင္ကအိမ္႐ွင္ထီးေလး
တစ္ေယာက္လို...။
ျဖဴဥဳၿပီးခ်စ္ဖို႔ေကာင္းေနတဲ့
ထိုအိမ္႐ွင္ထီးေလးကိုကြၽန္ေတာ့္
ရဲ႕အပိုင္အိမ္႐ွင္ထီးေလးျဖစ္ေစ
ခ်င္သည္...။
ခက္တာက အိမ္႐ွင္ထီးေလးက
မူေနသည္မို႔...။

"ဆယ္ဟြန္း...ဘာေဖ်ာ္ရည္
ေသာက္ခ်င္လဲ.."

အိမ္႐ွင္ထီးေလးကိုၾကည့္ရင္း
အေတြးလြန္ေနတုန္းခပ္စူးစူး
ထြက္လာတဲ့အသံေၾကာင့္
အေတြးေတြျပတ္သြားရသည္...။

"အာ...ေနပါေစေတာ့...
ကိုယ္ဗိုက္ျပည့္ေနၿပီ..."

"ၿပီးတာပဲ...ဒါဆိုရင္ခနေစာင့္
ေနဦး....ငါေရသြားခ်ိဳးဦးမယ္.."

"အင္း.."

အေပၚထပ္ကိုခပ္သုတ္သုတ္တက္သြားေသာဂြၽန္ေျမာင္က
ကေလးေလးနဲ႔တူေနျပန္ေသး
သည္..။
ဖင္ေလးလံုးတံုးလံုးတံုးနဲ႔
ေျပးတက္သြားလိုက္တာမ်ား..
ဟား.....ဂြၽန္ေျမာင္ကေတာ့
ကြၽန္ေတာ့္ကိုတစ္မ်ိဳးၿပီးတစ္မ်ိဳးကို
ဆြဲေဆာင္ေနေတာ့တာပဲဗ်ာ...။
(ဒီေနရာမွာအေပၚထပ္ဆိုတာက
တစ္ထပ္အိမ္ေလးေပမယ့္
ေလွကားငါးထစ္ေျခာက္ထစ္
ေလာက္ပဲတက္ရတဲ့အေပၚထပ္ကိုေျပာတာပါ...ဂြၽန္ေလး
တို႔ညီအစ္ကိုရဲ႕အိပ္ရာခန္းနဲ႔
ေရခ်ိဳးခန္းကအဲ့ဒီအေပၚမွာေလ)
.......

အခန္းထဲေရာက္တာနဲ႔ဂြၽန္ေျမာင္
မွန္ေ႐ွ႕အျမန္သြားကာကိုယ့္
ကိုယ္ျပန္ၾကည့္လိုက္သည္...။
အနည္းငယ္နီေနေသာပါးျပင္
နဲ႔နားရြက္ဖ်ားေလးေတြ..။
ဟြန္း..အဲဒါဆယ္ဟြန္းေၾကာင့္
သူမီးဖိုထဲအလုပ္႐ႈပ္ေနတဲ့
တစ္ခ်ိန္လံုး အဲ့ဆယ္ဟြန္းၾကည့္
ေနတာသိသားပဲ...။
လုပ္ေနတာေတြကအေယာင္
ေယာင္အမွားမွားေတြေတာင္ျဖစ္
ေတာ့မလို႔...။
တေျဖးေျဖးနဲ႔ဂြၽန္ေျမာင္ေဝခြဲ
ရခက္လာသလိုပဲ...။
သူဆယ္ဟြန္းေဘးမွာ႐ွိေနရင္
ခံစားရတဲ့ခံစားခ်က္ႀကီးက
ဘာလဲဆိုတာ..။
အလုပ္ထဲမွာဆိုရင္အေနေတာ့
တည္ေပမယ့္ စကားေတာ့တအား
မ်ားတဲ့ကြၽန္ေတာ္ကသူ႔ေ႐ွ႕ေရာက္
ရင္ဘာမွမေျပာတတ္မဆိုတတ္
ေတာ့တာမ်ိဳး....အဲဒီလိုျဖစ္ေန
ေပမယ့္လည္းသူနဲ႔အတူ႐ွိေနရရင္
ေႏြးေထြးသလို..လံုျခံဳသလို..
သင္ေတာင့္သက္သာ႐ွိသလို
ခံစားခ်က္ႀကီးကိုလည္းခံစားရျပန္
တယ္...။
ေနာက္ၿပီး အခုလို႐ွက္ေနတာက်
ေတာ့ေရာ...။
ေတြးရင္းပင္ မ်က္ႏွာကရဲေဆြး
လာျပန္သည္...။
အား...မသိဘူးကြာ..အိုဆယ္ဟြန္းဆိုတာတအားအေတြးမ်ားေစ
တဲ့လူ...ဟုတ္တယ္....
တကယ္တမ္းေတာ့သူကစိတ္႐ႈပ္
ဖို႔ေကာင္းတဲ့လူပဲ..။
ထိုသို႔ေကာက္ခ်က္ခ်ရင္းဂြၽန္ေျမာင္ေရခ်ိဳးဖို႔ျပင္ဆင္လိုက္ေတာ့
သည္...။
အိုဆယ္ဟြန္းေၾကာင့္ေခါင္းထဲ
ျပည့္ေနတဲ့မဟုတ္တ႐ုတ္အေတြး
ေတြကိုေရနဲ႔ေဆးခ်ပစ္လိုက္
မယ္!..။

°°°°°

ဂြၽန္ေျမာင္အေပၚတက္သြားေတာ့
တစ္ေယာက္တည္းက်န္ခဲ့တာ
နဲ႔ဖုန္းသံုးေနတုန္း..။
တတီတီနဲ႔အိမ္လ်ိွဳ႕ဝွက္နံပါတ္
႐ိုက္ေနသံကိုၾကားလိုက္ရသည္။
ဂြၽန္ေျမာင္ရဲ႕ညီေလးပဲျဖစ္ရ
မယ္..ဆိုတဲ့အေတြးေၾကာင့္
ဆယ္ဟြန္းခါးမတ္သြားသည္..။
ညီေလးဆိုေပမယ့္လို႔ကိုယ္
သေဘာက်တဲ့သူရဲ႕တစ္ဦးတည္း
ေသာမိသားစုဝင္မဟုတ္လား..။
ခုခ်ိန္ဆယ္ဟြန္းခံစားလိုက္ရ
တာက ကိုယ့္ခ်စ္သူရဲ႕မိသားစု
ဝင္ေတြနဲ႔ေတြ႔ဆံုပြဲလုပ္ေတာ့
မယ့္လူပ်ိဳေလးတစ္ေယာက္လို
ခံစားခ်က္မ်ိဳး...။
ဆိုေတာ့ကာ အနည္းငယ္ေတာ့
စိတ္လႈပ္႐ွားေနသည္ေပါ့..။
ထိုအခ်ိန္မွာပဲတံခါးဖြင့္သံနဲ႔အတူ
အိမ္ထဲကိုလွမ္းလာတဲ့ေျခသံေတြ
ကိုလည္းၾကားေနရသည္...။
ေျခသံကတျဖည္းျဖည္းနီးလာ
တာနဲ႔အမ်ွ ဆယ္ဟြန္းရင္ေတြ
ေတာင္တုန္လာသလိုလို..။
လူဆိုးေတြနဲ႔ရင္ဆိုင္ရတုန္း
ကေအးေအးေဆးေဆးနဲ႔ပဲ
ရင္ဆိုင္ေျဖ႐ွင္းခဲ့တဲ့ကြၽန္ေတာ့္လို
လူဟာညီေလးအရြယ္ေကာင္ေလးတစ္ေယာက္နဲ႔ေတြ႔ရဖို႔အေရး
ကိုေတာ့ျဖင့္ရင္ေတြတုန္ေနပါ
သတဲ့..။
ရယ္စရာေတာ့ေကာင္းသားပဲ..။
ဒါေပမယ့္လည္းဂြၽန္ေျမာင္နဲ႔
နီးစပ္ဖို႔ရာသူ႔ရဲ႕အျမင္ၾကည္မႈ
ကလည္းအေရးပါတာမို႔
ဆယ္ဟြန္းဒီလိုေတြျဖစ္ပ်က္ေနတာလြန္တယ္လို႔ေတာ့မထင္ပါ..။
ေျခသံပိုင္႐ွင္ဟာဆယ္ဟြန္း
ေ႐ွ႕အေရာက္မွာေျခလွမ္းေတြ
ရပ္သြားသည္...။
အေ႐ွ႕ကေနသူ႔ကိုမ်က္ေမွာင္
က်ံဳ႕ကာၾကည့္ေနတဲ့ခပ္ညိဳညိဳ
ေကာင္ေလးကိုဆယ္ဟြန္း
အသာေလးျပံဳးျပလိုက္သည္..။
ဒါေပမယ့္ ထိုေကာင္ေလးက
မွန္မဟုတ္လို႔ထင္ပါတယ္...။
ကိုယ္ကျပံဳးျပလိုက္ေပမယ့္
အျပံဳးေတြျပန္မရလိုက္ဘူး...။
လူကိုမ်က္ေမွာင္က်ံဳ႕ကာၾကည့္ၿပီး
အိမ္လာတဲ့ဧည့္သည္ကို
ႏႈတ္ဆက္စကားလည္းမဆို..
ဘာမွလည္းမေမးမျမန္းဘဲ
အေပၚကိုတက္သြားသည္...။
ျပံဳးျပလိုက္ရတဲ့ဆယ္ဟြန္းမွာ
သာေအာင့္သက္သက္ႏွင့္..။
ဘားလားဟ...ဒီေကာင္ေလးက..။

°°°°°

ဂ်ံဳအင္အခန္းထဲဝင္လာေတာ့
Hyung ကသီခ်င္းေလး
တေအးေအးႏွင့္ေရခ်ိဳးခန္းထဲ
ကထြက္လာသည္...။
ႀကီးဝတ္ၿပီးသဘက္တစ္ထည္
နဲ႔ေခါင္းသုတ္လ်က္သား..။

"Hyung ကြၽန္ေတာ္ေမးစရာ
႐ွိတယ္..."

"အယ္..ငယ္ေလးျပန္ေရာက္ေန
ၿပီလား...."

ကုတင္ေပၚထိုင္ေနတဲ့ကြၽန္ေတာ့္
ကို hyung ကခုမွေတြ႔
သြားပံုနဲ႔ေျပာသည္...။

"အင္း....ဒါနဲ႔ hyung
ေအာက္ကတစ္ေယာက္က
ဘာလာလုပ္တာလဲ.."

"ဆယ္ဟြန္းလား....
သူခနလာလည္တာေလ..."

"ဟာ...hyung ဗ်ာ...
ကြၽန္ေတာ္မႀကိဳက္မွန္းသိရက္နဲ႔...
ေနာက္ၿပီး...ခနခနမွာေနတာ
ပဲကို...."

"Hyung လည္းသတိရပါ
တယ္..ငယ္ေလးရယ္...
သူကအတင္းေျပာေနေတာ့..."

"ဒီတစ္ခါေတာ့႐ွိေစေတာ့...
ေနာက္ခါေတြဆိုမရဘူး..
Hyung.... ကြၽန္ေတာ္မႀကိဳက္ဘူး..."

"အင္းပါ....ဟီး..ဟီး..
အဲဒါေၾကာင့္ ငယ္ေလးကိုခ်စ္ေန
ရတာ..."

ေျပာရင္းဆိုရင္းပါးကိုလာဆြဲ
ညစ္ပါေသာ hyung..။
တကယ္တမ္းဆိုရင္ေတာ့
ပတ္ေတာင္မပတ္သတ္ေစခ်င္
ဘူး...။
ဒါေပမယ့္ ေျပာလည္းhyung
ကနားေထာင္မယ့္ပံုမေပၚ
တာမို႔ေျပာမေနေတာ့တာ..။
အဲဒီေလာက္အေလ်ွာ့ေပးထား
ေပးၿပီျဖစ္တာမို႔ခုလိုအိမိလည္
တဲ့ကိစၥမွာ
ေတာ့အေလ်ွာ့ေပးလို႔မျဖစ္ေတာ့
ပါ...။

°°°°°

"ဆယ္ဟြန္း....ပ်င္းေနၿပီလား.."

ဖုန္းသံုးေနတုန္းဂြၽန္ေျမာင္
အသံေလးကိုၾကားလိုက္တာ
မို႔ေမာ့ၾကည့္လိုက္ေတာ့ဆယ္ဟြန္းမွာၾကက္ေသ.ေသသြား
မိတယ္...။
ဘယ္လိုေတာင္ျဖဴဥၿပီးခ်စ္
ဖို႔ေကာင္းေနတာလဲ..ဂြၽန္ေျမာင္ရာ...။
ေရခ်ိဳးၿပီဳးကာစေရစက္ေလး
ေတြတြဲလဲြခိုေနတဲ့ေရႊဝါေရာင္
ဆံပင္ေလးရယ္...မ်က္လံုး
ဝိုင္းဝိုင္းေလးရယ္...အနည္းငယ္
စူေနတဲ့အေနအထားနဲ႔နီတာရဲ
ႏႈတ္ခမ္းပိစိေလးရယ္...
ေနာက္ၿပီး အိုဆယ္ဟြန္းကို
ပိုမ႐ိုးမရြျဖစ္ေစတာက...
အျဖဴေရာင္ဂ်ိဳင္းျပတ္အက်ႌနဲ႔
အျပဳႏုေရာင္ဒူးေပၚေဘာင္းဘီ
ေလးဝတ္ထားတဲ့အခ်က္ပင္...။
နဂိုတည္းကအသားျဖဴပါတယ္
ဆိုကာမွခု..ေရခ်ိဳးၿပီးစဆိုေတာ့
အသားေလးေတြကႏွင္းခဲေလး
ေတြလို...။

"ဆယ္ဟြန္း..."

ေငးေကာင္းေနတုန္းမွအနား
ေရာက္လာတဲ့ဂြၽန္ေျမာင္က
မ်က္စိေ႐ွ႕ကိုလက္ခါရမ္းလာ
သည္...။

"ေတာ္ေသးတာေပါ့...
မ်က္လံုးေသႀကီးနဲ႔မင္းက
ဘာေတြအေတြးလြန္ေနတာ
တုန္း..."

"အမ္....ဟို...ဘာမွ
မေတြးပါဘူး..."

အမေလး..အိုဆယ္ဟြန္းရယ္...
အဲေလာက္ႀကီးအထိသြားငမ္း
ေနရလား...ေတာ္ေသးတာေပါ့
ဂြၽန္ေျမာင္စိတ္ဆိုးမသြားလို႔...။

"ပ်င္းစရာႀကီးပဲ...နဂိုတည္းက
ငါကအိမ္မွာဆိုရင္ TV ၾကည့္
လိုက္အိပ္လိုက္ပဲဆိုေတာ့
ခုလည္းဘာမွလုပ္စရာမ႐ွိဘူး...
မင္းလည္းပ်င္းေနမွာပဲ....
ဆယ္ဟြန္း..."

"အာ...ကိုယ္မပ်င္းပါဘူး....
ရတယ္..."

ေျခတခါခါ လက္တခါခါနဲ႔
မပ်င္းဘူးျငင္းလိုက္တာက
ဂြၽန္ေျမာင္အနားေနခ်င္လို႔...။
အျမဲတမ္းအတိုက္အခိုက္ေတြ
နဲ့ဘဲအသားက်လာတဲ့သူက
ဒီလိုႀကီးထိုင္ေနရတာ..
ပ်င္းစရာေတာ့ေကာင္းပါတယ္..။
ဒါေပမယ့္ အနားမွာဂြၽန္ေျမာင္
႐ွိေနတယ္ဆိုတဲ့အသိက
သူ႔ကိုရင္ခုန္ေစတယ္...။
ဘယ္လိုပဲျဖစ္ျဖစ္ လူတိုင္းက
ေတာ့ကိုယ္ခ်စ္တဲ့သူအနား
မွာအခ်ိန္ေတြကုန္ဆံုးခ်င္ၾကတာ
ခ်ည္းပဲမလား...။
ဆယ္ဟြန္းလည္းလူတစ္ေယာက္ပဲမို႔ ကိုယ္ခ်စ္တဲ့သူအနား
ေနခ်င္တာပဲေလ...။

Tbc°°°°°

ဒီကေတာ့ ဒီအပိုင္းကို
အားမရဘူး..🤧🤧
ဘာေတြေလ်ွာက္ေရးလိုက္မွန္း
လည္းမသိဘူး..

Media ကပံုေလးက
Junmyeon ရဲ႕ဒီ fic ထဲ
ကပံုစံေလးပါေနာ..
Jun myeonnie က
ဒီ fic ထဲမွာအဲဒီဆံပင္အေရာင္
နဲ႔အဲဒီပံုစံပါပဲေနာ...



ကုန်တိုက်မှာဝယ်စရာရှိတာဝယ်..
စားစရာရှိတာစားပြီးအိမ်ပြန်ရန်
ဂျွန်မြောင်နှင့်ဆယ်ဟွန်းတို့
နှစ်ယောက်သားကားပါကင်ကို
ရောက်နေခြင်းဖြစ်သည်...။
နှစ်ယောက်သားကအထုပ်တွေ
ကိုယ်စီနဲ့ဘေးချင်းယှဉ်လျက်သား
ကားဆီရာသို့လမ်းလျှောက်သွား
နေကြခြင်း...။
ကားဆီကိုရောက်တော့
ဂျွန်မြောင့်ဆီကအထုပ်တွေကိုပါ
ဆယ်ဟွန်းတောင်းလိုက်သည်..။

"ဂျွန်မြောင်ရဲ့အထုပ်တွေပေး..
ကိုယ်ကားနောက်ခန်းထဲထည့်
ပေးမလို့..."

"အင်း.."

သူ့လက်ထဲကအထုပ်တွေကိုပေး
ပြီးဂျွန်မြောင်ကရှေ့ခန်းမှာ
ဝင်ထိုင်လိုက်ပြီဖြစ်သည်...။
ဆယ်ဟွန်းလည်းအထုပ်တွေကို
နောက်ခန်းထဲထည့်နေရင်း
အကွယ်တစ်နေရာကလျှာထိုး
ဦးထုပ်အနက်နဲ့ဟိုလူက
သူတို့ကိုကြည့်နေတာတွေ့
လိုက်တာကြောင့် ဆယ်ဟွန်း
အဓိပ္ပါယ်ပါပါခေါင်းငြိမ့်ပြလိုက်
သည်...။
ထိုလူကလည်းထိုနည်းတူ
ခေါင်းငြိမ့်ပြပြီးအမှောင်ထဲ
တိုးဝင်ပျောက်ကွယ်သွားသည်..။
ထိုတော့မှ နောက်ခန်းတံခါး
ကိုပိတ်ပြီးကားမောင်းသူနေရာ
မှာဝင်ထိုင်လိုက်သည်...။
ထို့နောက် အနက်ရောင်ကားလေး
ဟာကတ္တရာလမ်းမကြီးပေါ်သို့..။

°°°°°
ဂျွန်မြောင်တို့ရဲ့တစ်ထပ်အိမ်လေး
ရှေ့ကိုအနက်ရောင်ကားလေး
ထိုးရပ်သွားသည်...။

"ကျေးဇူးပဲ...ဆယ်ဟွန်း..ငါ
သွားတော့မယ်နော.."

ဂျွန်မြောင်ကလုံခြုံရေးခါးပတ်
ကိုဖြုတ်လို့နောက်ခန်းကသူ့ရဲ့
အထုပ်တွေကိုသွားယူနေသည်..။
မြင်နေရတဲ့ဂျွန်မြောင်ရဲ့အိမ်ကို
ကြည့်ပြီးဆယ်ဟွန်းတွေးမိ
လိုက်သည်..။
ဒီအထိတောင်ရောက်နေပြီးမှ
တော့ဂျွန်မြောင်ရဲ့အိမ်ကိုဝင်ရင်
ကောင်းမလားလို့လေ...။
ဒီနေ့ကသူ့မှာလုပ်စရာလည်းရှိ
တော့တာမဟုတ်ဘူးဆိုတော့...။

"ဂျွန်မြောင်..."

"အင်း.."

သူခေါ်တော့ဂျွန်မြောင်က
အထုပ်တွေယူနေရင်းကထူးသည်။

"ကိုယ့်ကိုအိမ်ထဲမခေါ်တော့
ဘူးလား..."

"ဟမ်.."

ကိုယ့်အထုပ်သူ့အထုပ်တွေရော
နေတဲ့ကြားထဲဂျွန်မြောင်က
သူ့ဥစ္စာကိုရွေးနေရင်းကျွန်တော့်
စကားကြားတော့ ထိုရွေးနေတဲ့
လက်တွေကရပ်တန့်သွားသည်..။
ပြီးတော့တစ်ခုခုကိုတွေးနေဟန်။
.....

ဆယ်ဟွန့်းကအိမ်ထဲဝင်မယ်ပြော
တော့ဂျွန်မြောင်ဘာပြန်ပြော
ရမှန်းမသိ..။
ရုတ်တရက်ကြီးဒီလိုပြောလာ
လိုက်မယ်လို့လည်းမထင်ထား
တော့....။
လက်ကနာရီကိုငုံ့ကြည့်တော့
ညနေသုံးနာရီထိုးခါနီးပြီ..။
ဂျုံအင်ကပြန်လာတော့မှာ...။
ဂျုံအင်ကဆယ်ဟွန်းကိုဆို
ခါးခါးသီးသီးဖြစ်နေရတဲ့အထဲ..။
မဖြစ်...မဖြစ်...ဆယ်ဟွန်း
ခုနေ့တော့အိမ်ထဲဝင်လို့မဖြစ်
သေးဘူး...။

"ဟင့်အင်း...မင်းခုနေ့တော့
ပြန်လိုက်ဦး..ဆယ်ဟွန်း.."

"ဘာလို့လဲ...ဂျွန်မြောင်ရဲ့...
ကိုယ်ကခုနေ့.လည်ချင်တာယ
လေ.."

"မဖြစ်လို့ပါ..ဆယ်ဟွန်းရယ်..
နောက်နေ့ပေါ့...နောက်နေ့တွေ
ကျလည်လို့ရနေတာပဲ.."

"ဟင်း..."

ဆိုပြီးမျက်မှောင်ကြီးကုတ်ကာ
ရှေ့လှည့်သွားတဲ့ဆယ်ဟွန်း
ကိုကြည့်ပြီးဂျွန်မြောင်ကြောင်
နေမိသည်..။
ဆယ်ဟွန်းကအဲလိုလည်း
စိတ်ဆိုးတတ်တာပဲလား..။
အဟက်...ချစ်ဖို့တော့ကောင်းသား...။

"မင်း..အဲဒါကြီးကဘာဖြစ်သွား
တာလဲ...ဆယ်ဟွန်း.."

ဂျွန်မြောင်အရယ်တဝက်နဲ့ပြော
တော့ဆယ်ဟွန်းကမျက်မှောင်
ကြီးကိုပိုကုတ်ပစ်ပြီး...

"ဂျွန်မြောင်ကကိုယ့်ကိုအလည်မှ
မခေါ်တာ...ကိုယ်ကခုနေ့ပဲ
အားတာကို..."

အမယ်...အမယ်..စကားပြောပုံ
တွေအသံတွေကအစခါတိုင်းနဲ့
မတူတော့ဘဲနည်းနည်းချွဲချင်
နေသလိုလို...။
ဂျွန်မြောင်သဘောတကျကို
ရီမိလိုက်သည်...။

"ဟား...ဟား...ဆယ်ဟွန်း...
မင်းကကွာ...ကလေးလည်းမဟုတ်ဘဲနဲ့..အဟားဟား.."

တဟားဟားနဲ့သူ့ကိုလှောင်နေတဲ့
ကျွန်တော့်ကိုဆယ်ဟွန်းက
မျက်မှောင်ကြီးကျုတ်ကာကြည့်
ဆဲ...။

"အင်းပါကွာ...အင်းပါ...
အဲဒါဆိုရင်လည်းလိုက်ခဲ့..
ဟုတ်ပြီလား...."

ဆိုတော့ဆယ်ဟွန်းရဲ့မျက်လုံး
လေးတွေထဲအရောင်တလက်
လက်...။
ခုနကစိတ်ပူမိနေတဲ့ဂျုံအင်ဆို
တာလည်းခေါင်းထဲမရှိတော့
ဘဲဆယ်ဟွန်းဆန္ဒကိုလိုက်လျောမိသည်...။
အရမ်းချစ်ဖို့ကောင်းလွန်းလို့ပါ...။
ခုနက...ဆယ်ဟွန်းရဲ့ပုံစံက
တအားတွေချစ်ဖို့ကောင်းနေလို့....။
........

ကျွန်တော်ဧည့်ခန်းကဆိုဖာမှာ
ထိုင်နေစဉ်ဂျွန်မြောင်ကမီးဖိုထဲ
ဝင်သွားကာဝယ်လာတဲ့ပစ္စည်းတွေကိုနေရာချနေသည်..။
ရေခဲသေတ္တာထဲထည့်သင့်တာ
ထည့် စင်ပေါ်တင်သင့်တာကိုတင်ရင်းအလုပ်ရှုပ်နေသည့်
ဂျွန်မြောင်ကိုဆယ်ဟွန်းပြုံးကာ
ကြည့်နေမိသည်...။
မီးဖိုလေးထဲအလုပ်ရှုပ်နေတဲ့
ဂျွန်မြောင်ကအိမ်ရှင်ထီးလေး
တစ်ယောက်လို...။
ဖြူဥုပြီးချစ်ဖို့ကောင်းနေတဲ့
ထိုအိမ်ရှင်ထီးလေးကိုကျွန်တော့်
ရဲ့အပိုင်အိမ်ရှင်ထီးလေးဖြစ်စေ
ချင်သည်...။
ခက်တာက အိမ်ရှင်ထီးလေးက
မူနေသည်မို့...။

"ဆယ်ဟွန်း...ဘာဖျော်ရည်
သောက်ချင်လဲ.."

အိမ်ရှင်ထီးလေးကိုကြည့်ရင်း
အတွေးလွန်နေတုန်းခပ်စူးစူး
ထွက်လာတဲ့အသံကြောင့်
အတွေးတွေပြတ်သွားရသည်...။

"အာ...နေပါစေတော့...
ကိုယ်ဗိုက်ပြည့်နေပြီ..."

"ပြီးတာပဲ...ဒါဆိုရင်ခနစောင့်
နေဦး....ငါရေသွားချိုးဦးမယ်.."

"အင်း.."

အပေါ်ထပ်ကိုခပ်သုတ်သုတ်တက်သွားသောဂျွန်မြောင်က
ကလေးလေးနဲ့တူနေပြန်သေး
သည်..။
ဖင်လေးလုံးတုံးလုံးတုံးနဲ့
ပြေးတက်သွားလိုက်တာများ..
ဟား.....ဂျွန်မြောင်ကတော့
ကျွန်တော့်ကိုတစ်မျိုးပြီးတစ်မျိုးကို
ဆွဲဆောင်နေတော့တာပဲဗျာ...။
(ဒီနေရာမှာအပေါ်ထပ်ဆိုတာက
တစ်ထပ်အိမ်လေးပေမယ့်
လှေကားငါးထစ်ခြောက်ထစ်
လောက်ပဲတက်ရတဲ့အပေါ်ထပ်ကိုပြောတာပါ...ဂျွန်လေး
တို့ညီအစ်ကိုရဲ့အိပ်ရာခန်းနဲ့
ရေချိုးခန်းကအဲ့ဒီအပေါ်မှာလေ)
.......

အခန်းထဲရောက်တာနဲ့ဂျွန်မြောင်
မှန်ရှေ့အမြန်သွားကာကိုယ့်
ကိုယ်ပြန်ကြည့်လိုက်သည်...။
အနည်းငယ်နီနေသောပါးပြင်
နဲ့နားရွက်ဖျားလေးတွေ..။
ဟွန်း..အဲဒါဆယ်ဟွန်းကြောင့်
သူမီးဖိုထဲအလုပ်ရှုပ်နေတဲ့
တစ်ချိန်လုံး အဲ့ဆယ်ဟွန်းကြည့်
နေတာသိသားပဲ...။
လုပ်နေတာတွေကအယောင်
ယောင်အမှားမှားတွေတောင်ဖြစ်
တော့မလို့...။
တဖြေးဖြေးနဲ့ဂျွန်မြောင်ဝေခွဲ
ရခက်လာသလိုပဲ...။
သူဆယ်ဟွန်းဘေးမှာရှိနေရင်
ခံစားရတဲ့ခံစားချက်ကြီးက
ဘာလဲဆိုတာ..။
အလုပ်ထဲမှာဆိုရင်အနေတော့
တည်ပေမယ့် စကားတော့တအား
များတဲ့ကျွန်တော်ကသူ့ရှေ့ရောက်
ရင်ဘာမှမပြောတတ်မဆိုတတ်
တော့တာမျိုး....အဲဒီလိုဖြစ်နေ
ပေမယ့်လည်းသူနဲ့အတူရှိနေရရင်
နွေးထွေးသလို..လုံခြုံသလို..
သင်တောင့်သက်သာရှိသလို
ခံစားချက်ကြီးကိုလည်းခံစားရပြန်
တယ်...။
နောက်ပြီး အခုလိုရှက်နေတာကျ
တော့ရော...။
တွေးရင်းပင် မျက်နှာကရဲဆွေး
လာပြန်သည်...။
အား...မသိဘူးကွာ..အိုဆယ်ဟွန်းဆိုတာတအားအတွေးများစေ
တဲ့လူ...ဟုတ်တယ်....
တကယ်တမ်းတော့သူကစိတ်ရှုပ်
ဖို့ကောင်းတဲ့လူပဲ..။
ထိုသို့ကောက်ချက်ချရင်းဂျွန်မြောင်ရေချိုးဖို့ပြင်ဆင်လိုက်တော့
သည်...။
အိုဆယ်ဟွန်းကြောင့်ခေါင်းထဲ
ပြည့်နေတဲ့မဟုတ်တရုတ်အတွေး
တွေကိုရေနဲ့ဆေးချပစ်လိုက်
မယ်!..။

°°°°°

ဂျွန်မြောင်အပေါ်တက်သွားတော့
တစ်ယောက်တည်းကျန်ခဲ့တာ
နဲ့ဖုန်းသုံးနေတုန်း..။
တတီတီနဲ့အိမ်လျှို့ဝှက်နံပါတ်
ရိုက်နေသံကိုကြားလိုက်ရသည်။
ဂျွန်မြောင်ရဲ့ညီလေးပဲဖြစ်ရ
မယ်..ဆိုတဲ့အတွေးကြောင့်
ဆယ်ဟွန်းခါးမတ်သွားသည်..။
ညီလေးဆိုပေမယ့်လို့ကိုယ်
သဘောကျတဲ့သူရဲ့တစ်ဦးတည်း
သောမိသားစုဝင်မဟုတ်လား..။
ခုချိန်ဆယ်ဟွန်းခံစားလိုက်ရ
တာက ကိုယ့်ချစ်သူရဲ့မိသားစု
ဝင်တွေနဲ့တွေ့ဆုံပွဲလုပ်တော့
မယ့်လူပျိုလေးတစ်ယောက်လို
ခံစားချက်မျိုး...။
ဆိုတော့ကာ အနည်းငယ်တော့
စိတ်လှုပ်ရှားနေသည်ပေါ့..။
ထိုအချိန်မှာပဲတံခါးဖွင့်သံနဲ့အတူ
အိမ်ထဲကိုလှမ်းလာတဲ့ခြေသံတွေ
ကိုလည်းကြားနေရသည်...။
ခြေသံကတဖြည်းဖြည်းနီးလာ
တာနဲ့အမျှ ဆယ်ဟွန်းရင်တွေ
တောင်တုန်လာသလိုလို..။
လူဆိုးတွေနဲ့ရင်ဆိုင်ရတုန်း
ကအေးအေးဆေးဆေးနဲ့ပဲ
ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ကျွန်တော့်လို
လူဟာညီလေးအရွယ်ကောင်လေးတစ်ယောက်နဲ့တွေ့ရဖို့အရေး
ကိုတော့ဖြင့်ရင်တွေတုန်နေပါ
သတဲ့..။
ရယ်စရာတော့ကောင်းသားပဲ..။
ဒါပေမယ့်လည်းဂျွန်မြောင်နဲ့
နီးစပ်ဖို့ရာသူ့ရဲ့အမြင်ကြည်မှု
ကလည်းအရေးပါတာမို့
ဆယ်ဟွန်းဒီလိုတွေဖြစ်ပျက်နေတာလွန်တယ်လို့တော့မထင်ပါ..။
ခြေသံပိုင်ရှင်ဟာဆယ်ဟွန်း
ရှေ့အရောက်မှာခြေလှမ်းတွေ
ရပ်သွားသည်...။
အရှေ့ကနေသူ့ကိုမျက်မှောင်
ကျုံ့ကာကြည့်နေတဲ့ခပ်ညိုညို
ကောင်လေးကိုဆယ်ဟွန်း
အသာလေးပြုံးပြလိုက်သည်..။
ဒါပေမယ့် ထိုကောင်လေးက
မှန်မဟုတ်လို့ထင်ပါတယ်...။
ကိုယ်ကပြုံးပြလိုက်ပေမယ့်
အပြုံးတွေပြန်မရလိုက်ဘူး...။
လူကိုမျက်မှောင်ကျုံ့ကာကြည့်ပြီး
အိမ်လာတဲ့ဧည့်သည်ကို
နှုတ်ဆက်စကားလည်းမဆို..
ဘာမှလည်းမမေးမမြန်းဘဲ
အပေါ်ကိုတက်သွားသည်...။
ပြုံးပြလိုက်ရတဲ့ဆယ်ဟွန်းမှာ
သာအောင့်သက်သက်နှင့်..။
ဘားလားဟ...ဒီကောင်လေးက..။

°°°°°

ဂျုံအင်အခန်းထဲဝင်လာတော့
Hyung ကသီချင်းလေး
တအေးအေးနှင့်ရေချိုးခန်းထဲ
ကထွက်လာသည်...။
ကြီးဝတ်ပြီးသဘက်တစ်ထည်
နဲ့ခေါင်းသုတ်လျက်သား..။

"Hyung ကျွန်တော်မေးစရာ
ရှိတယ်..."

"အယ်..ငယ်လေးပြန်ရောက်နေ
ပြီလား...."

ကုတင်ပေါ်ထိုင်နေတဲ့ကျွန်တော့်
ကို hyung ကခုမှတွေ့
သွားပုံနဲ့ပြောသည်...။

"အင်း....ဒါနဲ့ hyung
အောက်ကတစ်ယောက်က
ဘာလာလုပ်တာလဲ.."

"ဆယ်ဟွန်းလား....
သူခနလာလည်တာလေ..."

"ဟာ...hyung ဗျာ...
ကျွန်တော်မကြိုက်မှန်းသိရက်နဲ့...
နောက်ပြီး...ခနခနမှာနေတာ
ပဲကို...."

"Hyung လည်းသတိရပါ
တယ်..ငယ်လေးရယ်...
သူကအတင်းပြောနေတော့..."

"ဒီတစ်ခါတော့ရှိစေတော့...
နောက်ခါတွေဆိုမရဘူး..
Hyung.... ကျွန်တော်မကြိုက်ဘူး..."

"အင်းပါ....ဟီး..ဟီး..
အဲဒါကြောင့် ငယ်လေးကိုချစ်နေ
ရတာ..."

ပြောရင်းဆိုရင်းပါးကိုလာဆွဲ
ညစ်ပါသော hyung..။
တကယ်တမ်းဆိုရင်တော့
ပတ်တောင်မပတ်သတ်စေချင်
ဘူး...။
ဒါပေမယ့် ပြောလည်းhyung
ကနားထောင်မယ့်ပုံမပေါ်
တာမို့ပြောမနေတော့တာ..။
အဲဒီလောက်အလျှော့ပေးထား
ပေးပြီဖြစ်တာမို့ခုလိုအိမိလည်
တဲ့ကိစ္စမှာ
တော့အလျှော့ပေးလို့မဖြစ်တော့
ပါ...။

°°°°°

"ဆယ်ဟွန်း....ပျင်းနေပြီလား.."

ဖုန်းသုံးနေတုန်းဂျွန်မြောင်
အသံလေးကိုကြားလိုက်တာ
မို့မော့ကြည့်လိုက်တော့ဆယ်ဟွန်းမှာကြက်သေ.သေသွား
မိတယ်...။
ဘယ်လိုတောင်ဖြူဥပြီးချစ်
ဖို့ကောင်းနေတာလဲ..ဂျွန်မြောင်ရာ...။
ရေချိုးပြီုးကာစရေစက်လေး
တွေတွဲလွဲခိုနေတဲ့ရွှေဝါရောင်
ဆံပင်လေးရယ်...မျက်လုံး
ဝိုင်းဝိုင်းလေးရယ်...အနည်းငယ်
စူနေတဲ့အနေအထားနဲ့နီတာရဲ
နှုတ်ခမ်းပိစိလေးရယ်...
နောက်ပြီး အိုဆယ်ဟွန်းကို
ပိုမရိုးမရွဖြစ်စေတာက...
အဖြူရောင်ဂျိုင်းပြတ်အကျႌနဲ့
အပြုနုရောင်ဒူးပေါ်ဘောင်းဘီ
လေးဝတ်ထားတဲ့အချက်ပင်...။
နဂိုတည်းကအသားဖြူပါတယ်
ဆိုကာမှခု..ရေချိုးပြီးစဆိုတော့
အသားလေးတွေကနှင်းခဲလေး
တွေလို...။

"ဆယ်ဟွန်း..."

ငေးကောင်းနေတုန်းမှအနား
ရောက်လာတဲ့ဂျွန်မြောင်က
မျက်စိရှေ့ကိုလက်ခါရမ်းလာ
သည်...။

"တော်သေးတာပေါ့...
မျက်လုံးသေကြီးနဲ့မင်းက
ဘာတွေအတွေးလွန်နေတာ
တုန်း..."

"အမ်....ဟို...ဘာမှ
မတွေးပါဘူး..."

အမလေး..အိုဆယ်ဟွန်းရယ်...
အဲလောက်ကြီးအထိသွားငမ်း
နေရလား...တော်သေးတာပေါ့
ဂျွန်မြောင်စိတ်ဆိုးမသွားလို့...။

"ပျင်းစရာကြီးပဲ...နဂိုတည်းက
ငါကအိမ်မှာဆိုရင် TV ကြည့်
လိုက်အိပ်လိုက်ပဲဆိုတော့
ခုလည်းဘာမှလုပ်စရာမရှိဘူး...
မင်းလည်းပျင်းနေမှာပဲ....
ဆယ်ဟွန်း..."

"အာ...ကိုယ်မပျင်းပါဘူး....
ရတယ်..."

ခြေတခါခါ လက်တခါခါနဲ့
မပျင်းဘူးငြင်းလိုက်တာက
ဂျွန်မြောင်အနားနေချင်လို့...။
အမြဲတမ်းအတိုက်အခိုက်တွေ
နဲ့ဘဲအသားကျလာတဲ့သူက
ဒီလိုကြီးထိုင်နေရတာ..
ပျင်းစရာတော့ကောင်းပါတယ်..။
ဒါပေမယ့် အနားမှာဂျွန်မြောင်
ရှိနေတယ်ဆိုတဲ့အသိက
သူ့ကိုရင်ခုန်စေတယ်...။
ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက
တော့ကိုယ်ချစ်တဲ့သူအနား
မှာအချိန်တွေကုန်ဆုံးချင်ကြတာ
ချည်းပဲမလား...။
ဆယ်ဟွန်းလည်းလူတစ်ယောက်ပဲမို့ ကိုယ်ချစ်တဲ့သူအနား
နေချင်တာပဲလေ...။

Tbc°°°°°

ဒီကတော့ ဒီအပိုင်းကို
အားမရဘူး..🤧🤧
ဘာတွေလျှောက်ရေးလိုက်မှန်း
လည်းမသိဘူး..

Media ကပုံလေးက
Junmyeon ရဲ့ဒီ fic ထဲ
ကပုံစံလေးပါနော..
Jun myeonnie က
ဒီ fic ထဲမှာအဲဒီဆံပင်အရောင်
နဲ့အဲဒီပုံစံပါပဲနော...




Continue Reading

You'll Also Like

12.4K 775 17
MEW နဲ့ Gulf ရဲ့ နှစ်နှစ်ကြာပြီးနောက် အိမ်ထောင်သည်ဘဝ သူတို့နှစ်ယောက်ကြား ဘယ်သူတွေဝင်လာအုန်းမလဲ ပြီးတော့ ဘယ်လိုမျိုးတွေ ဖြစ်လာကြမလည်းဆိုတာ ..
1.1M 37.2K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
4.8K 70 30
After the events of The Hero. Link, The hero of Twilight continues to fight for his friend's return. As he fights, he comes across several surprises...
930K 21.4K 49
In wich a one night stand turns out to be a lot more than that.