Emperor and the Knightness (Z...
By CrystSnow
7.6K 671 32
Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More
အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁
အခန်း ၃၁၆
47 6 0
By CrystSnow
"အမှန်တော့ ဒီလိုကိစ္စက ဖြစ်နေကျမျိုးပါပဲ သခင်မ"
အိမ်တော်ထိန်းက ရှင်းပြလိုက်တော့ Poliana က စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်.
"အဲ့လိုလား?"
အမှန်တော့ ဒီပုံပြင်အကြောင်းကို ကြားခဲ့တုန်းက Lucius ကလဲ Poliana လိုပဲ တုန့်ပြန်ခဲ့သည်.
အခုထိတော့ ဒီပုံပြင်တွေက သာမာန်လူတန်းစားတွေကြားမှာ ရေပန်းစားနေတဲ့အကြောင်းအရာဖြစ်နေသည်. အထက်တန်းလွှာတွေကြားမှာ ပျံ့နှံ့နေတဲ့ ပုံပြင်အကြောင်းအရာက ပိုအရေးပါနေသည်. Poliana က အိမ်တော်ထိန်းကို မေးလိုက်သည်.
"ငါ မင်းကို စိတ်ဆိုးမှာမဟုတ်ဘူးဆိုတော့ ငါ့ကို အမှန်အတိုင်းပြော.. အရှင် သတင်းဖြန့်ခဲ့တဲ့အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ?"
Poliana က ဒီဖြစ်ရပ်ရဲ့ အဓိကဇာတ်ဆောင်ဖြစ်နေသလို သားကောင်လဲဖြစ်နေသည်. သူမက ဒီအကြောင်းအရာတွေအားလုံးကို သိပိုင်ခွင့်ရှိသည်. သူမက အိမ်တော်ထိန်းကို စိုက်ကြည့်နေတာကြောင့် အိမ်တော်ထိန်းက အကြည့်လွှဲကာ ပြန်ဖြေလိုက်သည်.
"အဲ့တာက သခင်မရဲ့ဂုဏ်သတင်းကို ထိခိုက်စေတဲ့အကြောင်းအရာမျိုးတော့မဟုတ်ပါဘူး..."
"ငါ့ကို ပြောသာပြောပြစမ်းပါ!"
Poliana က စိတ်မဆိုးဘူးလို့ ကတိပေးခဲ့ပေမဲ့ သူမက သူ့ကိုတော့ အော်မိလိုက်သေးသည်. သူမက ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို မုန်းတီးနေသည်. ဧကရာဇ်က ဒီလိုအကွက်မျိုးရွှေ့လာမှာကို သူမ ခန့်မှန်းခဲ့မိသင့်သည်. ထပ်ပြီးတော့ သာမာန်လူတန်းစားတွေက ဧကရာဇ်နဲ့ သူမကြားက စိတ်ကူးယဉ်ဆန်တဲ့ဆက်ဆံရေးမျိုးကို အားပေးအားမြှောက်ပြုနေပုံရတဲ့အတွက်လဲ Poliana က စိတ်ပျက်နေသည်.
ပျော်ရွှင်တဲ့ဇာတ်သိမ်းဖြစ်လာဖို့ အမျိုးသမီးစစ်သည်က တကယ်ပဲ ဧကရီတစ်ပါးဖြစ်လာဖို့ လိုလို့လား? ဒါက တစ်ခုတည်းသောနည်းလမ်းပဲလား?
"အရှင့်သားတော်လေးအကြောင်းတော့ ဘာသတင်းမှ မထွက်သေးပါဘူး. အရှင်က သခင်မကို ဘယ်လိုချစ်မိသွားတယ်ဆိုတဲ့အကြောင်းပဲ ကြားခဲ့တာပါ"
Argh!
Poliana က သူမမျက်နှာကို လက်နှစ်ဘက်လုံးနဲ့ ကာလိုက်သည်. သူမက စိတ်ရှုပ်လာပြီး သူမပါးကို ရိုက်မိတော့မလိုဖြစ်သွားပေမဲ့ သူမစိတ်ကိုပြောင်းကာ နံရံကို ပြေးထိုးလိုက်သည်. Sir Donau က သူမရဲ့အဆောက်အဦးကို ညှင်းပန်းနေတာကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်.
"အစ်မ. မလုပ်ပါနဲ့.. အစ်မလက်တွေနာကုန်လိမ့်မယ်"
"ငါ့ကို လွှတ်စမ်းပါ!"
"အစ်မ သမားတော်မှာထားတာ နားထောင်ဖို့လိုတယ်လေ!"
Sitrin ကနေ ထွက်မလာခင်မှာ သူမခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ သူမရဲ့သမားတော်က တောင်းပန်ခဲ့သည်. ကလေးမွေးတာကနေ ပြန်ကောင်းလာဖို့ တစ်နှစ်လောက်အချိန်ယူဖို့ လိုတာကြောင့် သူမကို ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်ခိုင်းထားပေ. ဒါက အမျိုးသမီးအများစုလိုက်နာဖို့ မခဲယဉ်းတဲ့မှာကြားချက်ဖြစ်ပေမဲ့ Poliana အတွက်တော့ မဖြစ်နိုင်တဲ့တာဝန်တစ်ခုလို ဖြစ်နေသည်. သူမကိုယ်သူမဂရုစိုက်သင့်မှန်းသိပေမဲ့ Poliana ကတော့ နံရံကိုထိုးနေတာ မရပ်တန့်နိုင်သေးပေ. ကလေးအကြောင်းကို လူတွေက မသိသေးဘူးလို့ သူမအိမ်တော်ထိန်းက ပြောခဲ့ပေမဲ့ အိမ်တော်ထိန်းကိုယ်တိုင်ကတော့ Gerald ရဲ့တည်ရှိမှုကို သိနေတာသေချာတာကြောင့် Lucius က သူနဲ့ရင်းနှီးတဲ့သူတွေကို ဒီအကြောင်းကို ပြောပြခဲ့တာ သေချာသည်.
ဒီလျှို့ဝှက်ချက်က သိပ်မကြာခင်မှာ လူတွေအားလုံးသိလာမှာဖြစ်ပေမဲ့ Poliana ကတော့ စိတ်ပျက်နေသည်. ဧကရာဇ်က သူမကိုယ်သူမ ပြင်ဆင်နိုင်ဖို့အတွက် အချိန်တော့ပေးခဲ့သင့်သည်. တကယ်လို့ သူက ဒီလိုမျိုးလှုပ်ရှားမှာကို သူမ သိခဲ့ရင် သူမက Yapa ကို လာခဲ့မိမှာမဟုတ်ပေ.
သူမက သူ့နာမည်ကို လေးစားသလို နာကျည်းမုန်းတီးဟန်နဲ့ အော်ဟစ်လိုက်သည်.
"Argh! အရှင်!!!!!"
"အစ်မ.. စိတ်အေးအေးထားပါ"
"ငါက ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မလဲ?"
"ဒါပေမဲ့ အစ်မ.. တကယ်လို့ အရှင်က အစ်မကိုသာ လုံးဝဂရုမစိုက်ဘူးဆိုရင် သူ့ကို လက်ထပ်ဖို့ အစ်မကို အမိန့်ပေးလိုက်ရုံပဲဆိုတာကိုတော့ အစ်မ သတိပြုရမယ်. သူသာ ဂရုမစိုက်ဘူးဆိုရင် ဒီလိုမလိုအပ်တာတွေကို လုပ်စရာအကြောင်းတောင်မရှိဘူး"
တကယ်လို့ Lucius ကသာ ချစ်ခြင်းမေတ္တာတွေကို အလေးအနက်မထားတဲ့သူဆိုရင် သူ့အနေနဲ့ ဒီလိုကောလဟာလတွေကို ဖြန့်စရာအကြောင်းမရှိပေ. သူက သူမကို အမိန့်ပေးလိုက်ဖို့သာ လိုသည်.
Poliana က ပိုပြီး စိတ်သက်သာရာရသွားပုံရတော့ အိမ်တော်ထိန်းက ထပ်ပြောလိုက်သည်.
"စိတ်လှုပ်ရှားလွန်းတာက သခင်မအတွက် မကောင်းဘူး"
Sir Donau က သူမကို ထိုင်ခုံရှိရာကို ဆွဲခေါ်သွားပြီး အိမ်တော်ထိန်းက သူမကို ရေနွေးတစ်ခွက်ကမ်းပေးလိုက်သည်. Poliana က တမင်အချိန်ယူကာ ဖြေးဖြေးချင်းသောက်လိုက်ပြီး ရေခွက်ထဲက ရေတွေ ကုန်သွားချိန်မှာတော့ သူမ နေလို့ပိုကောင်းသွားတယ်လို့ ခံစားလိုက်ရသည်.
သူမက မေးလိုက်သည်.
"အဲ့တာဆို ဘယ်သူတွေ သိသေးလဲ?"
ဒီကိစ္စတစ်ခုလုံးဖြစ်ပျက်ခဲ့ချိန်မှာ Sir Ainno နဲ့ ပထမတပ်ဖွဲ့က စစ်သည်အနည်းငယ်က Sitrin မှာ ရှိခဲ့တာကြောင့် သူတို့နာမည်တွေကိုတော့ ထည့်ပြောစရာမလိုပေ. ဒီအကြောင်းကို သိနိုင်တဲ့လူတစ်ချို့ကို Poliana ခန့်မှန်းကြည့်လို့တော့ရနေသည်. ဒါက လက်ထပ်ဖို့ အကြောင်းအရာတင်မကတော့ပဲ အမွေဆက်ခံသူကိစ္စပါ ပါဝင်ပတ်သက်နေသည်. Duke Luzo နဲ့ Sir Bentier..တို့လဲ သိလောက်...
'နေဦး. Sir Bentier မဟုတ်တော့ဘူးပဲ သူက အခု Marquess Zeese ဖြစ်နေပြီပဲ'
Marquis Seeze ကို ရာထူးကနေဖယ်ရှားပြီးတဲ့နောက် Seeze မိသားစုက မတည်ရှိတော့ပေ. Sir Bentier ကတော့ ဧကရာဇ်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် အပြစ်ကနေ ခွင့်လွှတ်ပေးခံရပြီး မျိုးရိုးနာမည်အသစ်ကို လက်ခံရရှိခဲ့သည်. မျိုးရိုးနာမည်အဟောင်းက စကားလုံးတွေကို သုံးကာ 'Zeese' ဆိုတဲ့ နာမည်အသစ်ကို ဖန်တီးခဲ့သည်. Marquis Seeze ကို ဖယ်ရှားရာမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတဲ့အချက်ကို ဆက်လက်ဖုံးကွယ်ထားနိုင်ဖို့အတွက် သူ့ကို နယ်မြေမပေးအပ်သေးပေမဲ့ သူ့အနေနဲ့ Duke Zeese ဖြစ်လာဖို့က အချိန်အနည်းငယ်သာလိုသည်.
Poliana က နာမည်တစ်ချို့ကို မှန်းဆလို့ရသည်. သူမက သူမအိမ်တော်ထိန်းကို အဖြေပေးဖို့ ခေါင်းမာစွာနဲ့ တောင်းဆိုနေတာကြောင့် နောက်ဆုံးမှာတော့ သူက ပြန်ဖြေလာသည်.
"ကျွန်တော်က ဧကရာဇ် ကျွန်တော့်ကို ပြောပြသလောက်ပဲသိတာ. ဒီအကြောင်းနဲ့ပတ်သက်ပြီး တခြားဘာမှမသိပါဘူး"
"မင်းကြည့်ရတာ ဒီ့ထက်ပိုသိနေသလိုပဲ..."
"ကျွန်တော် အမှန်အတိုင်းပြောတာပါ သခင်မ.. Yapa ကအခြေအနေတွေကို သခင်မကို ကြိုအကြောင်းမကြားခဲ့လို့ ကျွန်တော့်ကို စိတ်ပျက်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်. ဒါပေမဲ့ ကျွန်တော်လုပ်ခဲ့တာတွေအားလုံးက သခင်မအတွက်ပဲဆိုတာကိုတော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်. ဒီအိမ်ထဲမှာ ကျွန်တော်တို့လုပ်နေတာတွေအားလုံးက သခင်မ ပျော်ဖို့ပါပဲ. သခင်မရဲ့ပျော်ရွှင်မှုက ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုပါပဲ Marquess Winter"
ဒီကောလဟာလတွေက သူမကို မထိခိုက်စေဘူးဆိုတာကို အိမ်တော်ထိန်းက သိနေတာကြောင့် သူက ဒီအကြောင်းတွေကို သူမကို တမင်မပြောတာဖြစ်ကြောင်း Poliana နားလည်သည်. အိမ်တော်ထိန်းနဲ့ Yapa ကလူတွေအားလုံးက သူမအတွက် ပျော်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည်. သူမက မကြာသေးခင်ကမှ သိုက်တူးသမားကြောင့် ထိခိုက်နာကျင်ခဲ့တာဖြစ်ပြီး အခုတော့ ဧကရာဇ်က သူမကို ချစ်မိနေတဲ့သတင်းက ထွက်ပေါ်လာသည်. ဒါက သူမအတွက် အရမ်းအံ့အားသင့်စရာကောင်းတဲ့သတင်းဖြစ်ရမယ်မလား?
လူတိုင်းက ပျော်ရွှင်တဲ့ဇာတ်သိမ်းကို လိုချင်နေသည်. သူမနားကလူတွေက Poliana ရဲ့ပျော်ရွှင်မှုကို လိုလားသည်. သူတို့ရဲ့သစ္စာစောင့်သိမှုကြောင့် သူမက ကျေးဇူးတင်မိပေမဲ့....
သူမက ပျော်ရွှင်နေသင့်ပေမဲ့ Poliana ကတော့ ပြုံးတောင်မပြုံးနိုင်ပေ.
****Lucius က Yapa အသိုင်းအဝိုင်းထဲမှာ ကောလဟာလလေးတစ်ခုကိုသာ ထုတ်ပြခဲ့တာဖြစ်သည်.
Marquess Winter အပေါ်မှာ ရှိနေတဲ့ ဧကရာဇ်ရဲ့ ဝမ်းနည်းဖွယ်ရာ တစ်ဖက်သတ်အချစ်...
ပထမတော့ လူတွေက ဒီအကြောင်းကို မယုံကြည်ကြပေ. ဒီကောလဟာလကို ဖြန့်ဖို့ အမိန့်ပေးထားခံရတဲ့ သတင်းအချက်အလက်အဖွဲ့ဝင်တွေက လူတွေကို ဒီပုံပြင်အကြောင်း အယုံသွင်းဖို့ အခက်တွေ့ခဲ့ကြသည်. ဒါပေမဲ့ ဧကရာဇ် Yapa ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားသည်.
Lucius က အတင်းတုပ်ရတာကို သဘောကျတဲ့အကြောင်း လူတိုင်းသိနေကြတာကြောင့် အထက်တန်းလွှာအမျိုးသားတစ်ယောက်က ဧကရာဇ်ကို ဟာသတစ်ခုပြောပြဟန်နဲ့ ပြောလိုက်သည်.
"အရှင်.. အရှင်က Marquess Winter ကို ချစ်နေတယ်ဆိုတဲ့ ကောလဟာလတစ်ခုထွက်နေတာ.. အဲ့တာက ရယ်စရာမကောင်းဘူးလား?"
Lucius အနေနဲ့ တုန့်ပြန်လာနိုင်ပုံနှစ်မျိုးကို လူတွေက မှန်းဆထားခဲ့သည်.
၁). "မင်းတို့ ဒီလိုမပြောသင့်ဘူး! ဒီလိုကောလဟာလတွေက Marquess Winter ကို ဒေါသထွက်စေမှာပဲ.. သူမက လက်မထပ်ရသေးတဲ့ တကိုယ်တည်းအမျိုးသမီးတစ်ယောက်.. ငါကတော့ ကွာရှင်းထားတဲ့ မုဆိုးဖိုတစ်ယောက်လေ!ဒီလိုပြောဆိုတာတွေက သူမအတွက် မတရားဘူး!"
၂). "ဟားဟား.. Marquess Winter က ငါအရမ်းတန်ဖိုးထားရတဲ့သူဆိုတာကတော့ အမှန်ပဲလေ!"
အဲ့ဒီအဖြေတွေအစား, ဒီကောလဟာလကို အတည်ပြုပေးဖို့ Lucius ဆုံးဖြတ်လိုက်သည်. သူ့ရဲ့ ချောမောလှပတဲ့ မျက်နှာပြင်မှာ အထီးကျန်ဝမ်းနည်းမှုတွေက သိသိသာသာ ထင်ဟပ်လာပြီး ဧကရာဇ်က ပြန်ဖြေလိုက်သည်.
"မင်း ဘယ်လိုလုပ်သိတာလဲ?"
အထက်တန်းလွှာတွေက အံ့ဩသွားကြသည်. ဒါဆို.. ဒီသတင်းက အမှန်တကယ်ကြီးပေါ့? ဒီလိုရယ်စရာကောင်းတဲ့ကောလဟာလက အမှန်ကြီးလား?!
သူတို့က ဒီအကြောင်းကို မယုံချင်ကြပေ. အထက်တန်းလွှာတွေက ဒီအကြောင်းအရာကို ငြင်းဆန်ချင်နေပေမဲ့ လတ်တလောဖြစ်ပျက်ခဲ့တာတွေကို လေ့လာဆန်းစစ်လိုက်ကြသည်.
Lady Rebecca ကွယ်လွန်သွားတာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်. တော်ဝင်နာရေးကာလပြီးဆုံးပြီး နှစ်ကုန်သွားတာနဲ့ Sir Ainno နဲ့ Cekel တို့က ချက်ချင်းလက်ထပ်ခဲ့ကြသည်.. ဒေသအသီးသီးက အထက်တန်းလွှာတွေက ဧကရာဇ်ရဲ့ နောက်ထပ်ဇနီးတွေဖြစ်လာနိုင်မဲ့ အကောင်းဆုံးသတို့သမီးလောင်းတွေကို Yapa ဆီကို စတင်စေလွှတ်လာကြသည်. ဒီအမျိုးသမီးတွေထဲက တစ်ချို့က ပထမအကြိမ်ရွေးချယ်ခြင်းမှာ အရွေးမခံခဲ့ရသူတွေဖြစ်ကြသည်. သူတို့က ထပ်မံရွေးချယ်ခံရဖို့ မျှော်လင့်ချက်တွေနဲ့ လက်မထပ်ပဲ နေခဲ့ကြသူတွေဖြစ်သည်.
ဒါပေမဲ့ ဧကရာဇ်ကို နောက်ထပ်ဇနီးတွေရွေးချယ်ဖို့ တောင်းဆိုလာတော့ Lucius က ငြင်းဆန်ခဲ့သည်.
"ငါ့လက်ထပ်ပွဲအတွက် ငါ့ဘာသာပဲ ဆုံးဖြတ်ချက်ချမယ်"
Continue Reading
You'll Also Like
1.9M 91K 57
239K 25.4K 200
This is second translation book for Immortal Mortal webnovel. Original author - Goosefive
245K 35.8K 186
Unicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေ...
90K 7.8K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...