ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 59

10.9K 1.8K 61
By Kay_Wine

MWFV Ch 59

Accident

Zawgyi Version

ေက်ာင္းအားကစားပြဲေတာ္၏ ဒုတိယေျမာက္ေန႔တြင္လည္း Mr.ခ်င္က ကုမၸဏီကိစၥရပ္မ်ားကို ခ်န္တဲ့ႏွင့္ သူ႔လက္ေအာက္ဝန္ထမ္းမ်ားထံ၌သာ ေနာက္တစ္ႀကိမ္ ထပ္မံပစ္ထားခဲ့ၿပီး သူ႔ကေလးႏွစ္ေယာက္ႏွင့္အတူ ေက်ာင္းသို႔သြားခဲ့တယ္။

စုေပတစ္‌ေယာက္ အံ့ဩသြားရသလို စုေရွာင္ေပါင္လည္း ထိုနည္းတူပင္ျဖစ္တယ္။ ေကာင္ေလးက ဘာမွေတာ့မေျပာေပမယ့္ Mr.ခ်င္က ေက်ာင္းကို သူတို႔‌ေနာက္ကေန လိုက္လာတာကို သူျမင္လိုက္ရခ်ိန္မွာေတာ့ စိတ္အေႏွာင့္အယွက္ ျဖစ္သြားပုံရတယ္။ သို႔ေပသိ, သူ႔မ်က္ဝန္းထဲက ေပ်ာ္႐ႊင္မႈေတြက ဘယ္သူ႔ကိုမွ အ႐ူးမလုပ္ႏိုင္ေလဘူး။

စုေပရဲ႕ၿပိဳင္ပြဲျဖစ္တဲ့ မီတာ ၄၀၀ တာလတ္ေျပးပြဲက ယေန႔က်င္းပမွာျဖစ္တယ္။

မီတာ ၄၀၀ အေျပးၿပိဳင္ပြဲက မီတာ ၅၀ တာတိုေျပးပြဲလို လ်င္ျမန္မႈရွိျခင္း သို႔မဟုတ္ မီတာ ၈၀၀ တာေဝးေျပးပြဲလို ခံႏိုင္ရည္စြမ္းကို စမ္းသပ္ျခင္းမ်ိဳးေတြ မလိုအပ္ေသာ္ျငား အမွန္တကယ္ေတာ့ ဒီဟာက အျခားႏွစ္ခုထက္ ပိုမိုခက္ခဲတာမ်ိဳးျဖစ္တယ္။

မူလက တုန႔္ဝိန္ခ်ီအပါအဝင္ တစ္ျခားေက်ာင္းသားေတြ ေတြးေနၾကတာက စုေပက ပါဝင္ယွဥ္ၿပိဳင္ခ်င္႐ုံသာျဖစ္ၿပီး ဆုရဖို႔အတြက္ မရည္႐ြယ္ထားဘူးဟူ၍ပင္။ သို႔ေပမယ့္လို႔ အားလုံးအံ့အားသင့္သြားရတာက စုေပက တကယ္ကို ေျပးကြင္းေပၚမွာ ထူးထူးခြၽန္ခြၽန္ လုပ္ေဆာင္ႏိုင္ခဲ့တဲ့အျပင္ ေနာက္ဆုံးမွာ ဒုတိယေနရာကို ရယူႏိုင္ခဲ့တာေၾကာင့္ပဲျဖစ္တယ္။

Mr.ခ်င္က စုေပတစ္‌‌ေယာက္ finish line ကို ျဖတ္ေျပးသြားတဲ့အခ်ိန္ သူမရဲ႕ေနာက္ေက်ာကို ဓာတ္ပုံ႐ိုက္ယူၿပီးေတာ့ ၎ကို သူ႔ရဲ႕ WeChat ထဲမွာ စာတိုေလးတစ္ေၾကာင္းႏွင့္အတူ တင္လိုက္တယ္ : ကြၽန္ေတာ့သမီးေလးက အေျပးၿပိဳင္ပြဲမွာ ဒုတိယရတယ္ေလ, မဆိုးဘူးဗ်။

အံ့ဩစရာမေကာင္းေလာက္ေအာင္ပဲ, ဒီ post က ခ်က္ခ်င္းဆိုသလို ေနာက္ထပ္ rainbow farts လႈိင္းလုံးႀကီးတစ္ခုႏွင့္အတူ ပ်ံ႕ႏွံ႔သြားေတာ့တယ္။

ပထမ‌ေနရာခ်ည္းပဲ ၅ခါေတာင္ရၿပီးသားျဖစ္တဲ့ စုေရွာင္ေပါင္အတြက္ကေရာ...

Mr.ခ်င္က ဤကဲ့သို႔သာေျပာလိုက္တယ္ : ဒီတိုင္း သာမန္ေလာက္ပါပဲ။

---

သူမစာရင္းေပးသြင္းထားတဲ့ တစ္ခုတည္းေသာၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးသြားတဲ့အျပင္ ဒုတိယေနရာကိုပါ ရလိုက္တာေၾကာင့္ စုေပတစ္‌ေယာက္ သိသိသာသာႀကီးကို ေပ်ာ္႐ႊင္ေနေလတယ္။ အခု သူမမွာ ဘာလုပ္စရာမွ မရွိေတာ့တာေၾကာင့္ ထုံးစံအတိုင္း အနားယူၿပီး ေက်ာင္းဖိုရမ္ႏွင့္ Weibo မွာ ရံဖန္ရံခါ ဟိုဟိုဒီဒီၾကည့္ရႈရင္း တုန႔္ဝိန္ခ်ီႏွင့္အတူ အားကစားပြဲ၏ က်န္ပြဲစဥ္မ်ားကို ေစာင့္ၾကည့္ရန္သာရွိတယ္။ သို႔ေသာ္လည္း သူမကို အံ့ဩသြားေစတာက သူမရဲ႕အတန္းေဖာ္ လီေရွာင္ယန္က သူမတို႔အတန္းေခါင္းေဆာင္ႏွင့္အတူ ေရာက္လာခဲ့ခ်ိန္မွာျဖစ္တယ္။ သူတို႔ရဲ႕မ်က္ႏွာေတြက အေနရခက္တဲ့ပုံေပါက္ေနခဲ့တယ္။

"စုေပ"

"ဘာျဖစ္လို႔လဲ?" စုေပက လီေရွာင္ယန္ရဲ႕အခက္ေတြ႕ေနတဲ့မ်က္ႏွာကိုၾကည့္ၿပီး ေမးလိုက္တယ္။

လီေရွာင္ယန္ : "လာမယ့္ မီတာ ၁၀၀ × ၄ေယာက္ လက္ဆင့္ကမ္းေျပးပြဲကို ငါ့အစား နင္ဝင္ေျပးေပးႏိုင္မလားဟင္?"

လီေရွာင္ယန္က စုေပအား အနီးသို႔ဆြဲေခၚလိုက္ၿပီး အထိတ္တလန႔္နဲ႔ တိုးတိုးေလးေျပာလိုက္တယ္ : "နင္ေတြ႕လား, ငါ့အန္တီႀကီး ႐ုတ္တရက္ လာေနလို႔ပါဟာ..." သူမက အေျပးမယ္ေလးတစ္ေယာက္ ျဖစ္ခ်င္ေပမယ့္ သူမရဲ႕ 'ေဆြမ်ိဳး' က ဒီေန႔က်မွ မဖိတ္ဘဲေရာက္လာလိမ့္မယ္လို႔ သူမလည္း ဘယ္လိုလုပ္သိမွာလဲလို႔။

[T/N : အန္တီႀကီး - girl's period]

စုေပတစ္ေယာက္ နားလည္သေဘာေပါက္စြာ ေခါင္းမၿငိမ့္လိုက္မိခင္အထိ တခဏမွ် ေၾကာင္အေနခဲ့တယ္ : "ငါ နင့္အစားေျပးေပးပါ့မယ္။ ဒါေပမယ့္ ငါက တာတိုအေျပးကို တစ္ခါမွ မေလ့က်င့္ဖူးေတာ့ အဲဒီ့အစား ငါတို႔အတန္းကို အဆင့္က်သြားေစမလားလို႔" ထို႔ေနာက္ စုေပက ခ်ီတုံခ်တုံျဖင့္ အတန္းေခါင္းေဆာင္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ သူမက ဒီအားကစားပြဲေတာ္အတြက္ နည္းနည္းပါးပါးေလ့က်င့္ထားတယ္ဆိုတာက တာလတ္ေျပးပြဲတစ္ခုတည္းအတြက္သာ ေလ့က်င့္ထားခဲ့တာျဖစ္တယ္။

အတန္းေခါင္းေဆာင္ : "နင္က မီတာ ၄၀၀ မွာေတာင္ ေကာင္းေကာင္းလုပ္ႏိုင္တဲ့ဟာကို။ မီတာ ၁၀၀ ေလာက္ကေတာ့ ျပႆနာမရွိပါဘူး"

စုေပကလြဲၿပီး သူတို႔အတန္းထဲက အားကစားမွာ အေတာ္ေလးေတာ္ၾကတဲ့ တစ္ျခားမိန္းကေလး‌ေတြ အကုန္လုံးက ၿပိဳင္ပြဲတစ္ခုထက္မက ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးေနၿပီျဖစ္တယ္။ တုန႔္ဝိန္ခ်ီအဆင့္ရွိ က်န္မိန္းကေလးအမ်ားစုကေတာ့ အားေပးေႂကြးေၾကာ္တဲ့အဖြဲ႕မွာသာ သင့္ေတာ္သူမ်ားျဖစ္တယ္။ ေ႐ြးခ်ယ္စရာေတြကို သူမ ခ်င့္ခ်ိန္ေတြးဆၿပီးတဲ့ေနာက္ အတန္းေခါင္းေဆာင္က စုေပကသာ အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ ေတြးမိလိုက္တယ္။

ခဏၾကာၿပီးေနာက္, သူမ စုေပကိုေျပာလိုက္တယ္ : "အဆင္ေျပပါတယ္ဟ။ စုေပ, ဒီတိုင္း နင္ လုပ္ႏိုင္သေလာက္လုပ္လိုက္႐ုံပဲ, ဘာမွစိတ္ဖိစီးေနစရာမလိုဘူး။ ဒီေျပးပြဲမွာ ငါတို႔အတန္းက ဝင္ၿပိဳင္လိုက္တယ္ဆိုတာကိုပဲ အာ႐ုံထားထားတာ အႏိုင္ရဖို႔ မရည္႐ြယ္ထားဘူး"

ဒါေတြအားလုံးက စုေရွာင္ေပါင္နဲ႔ ရွဲ႕မင္႐ႊမ္းတို႔ရဲ႕ ၿပီးဆုံးသြားခဲ့တဲ့ ေဖ်ာ္ေျဖတင္ဆက္မႈ ေက်းဇူးေတြေၾကာင့္ပဲ။ အဲ့ဒီေကာင္ေလးႏွစ္ေယာက္ေၾကာင့္ သူတို႔အတန္းက တစ္ဦးခ်င္းၿပိဳင္ပြဲေပါင္းမ်ားစြာကေန ေျမာက္မ်ားလွစြာေသာ ပထမေနရာေတြကို သိမ္းပိုက္ႏိုင္ခဲ့ၿပီးျဖစ္တယ္။ အဲ့ဒီအမွတ္ေတြကိုပါ ထပ္ေပါင္းထည့္လိုက္မယ္ဆိုရင္ အတန္း ၈-၇ ရဲ႕ လက္ရွိ စုစုေပါင္းအမွတ္က သူတို႔အတန္းထဲက တစ္ျခားအခန္းေတြထက္ အမ်ားႀကီးပိုသာေနၿပီျဖစ္တယ္။ သူတို႔အေနနဲ႔ ဒီလက္ဆင့္ကမ္းေျပးပြဲမွာ အဆင့္ေကာင္းေကာင္းမရခဲ့ဘူးဆိုရင္ေတာင္မွ သူတို႔ရဲ႕ လက္ရွိပထမေနရာက ယိမ္းယိုင္သြားမွာမဟုတ္ဘူး။ ေနာက္ၿပီး, သူမဖက္ကလည္း အ႐ိုးသားဆုံး ေျပာျပရမယ္ဆိုရင္ : မီတာ ၄၀၀ အေျပးၿပိဳင္ပြဲမွာ စုေပရဲ႕ ပန္းဝင္တဲ့အရွိန္ႏႈန္းက အေတာ္‌ေလးျမန္တယ္ေလ။

အတန္းေခါင္းေဆာင္တစ္ေယာက္ သူတို႔အတန္းက ဒီေလာက္လြယ္လြယ္နဲ႔ မရႈံးႏိုင္ေလာက္ဘူးလို႔ ခံစားမိေနတယ္။

"ေကာင္းၿပီေလ, ငါ အေကာင္းဆုံးႀကိဳးစားမွာပါ" စုေပက ေခါင္းၿငိမ့္ၿပီး ကတိေပးလိုက္တယ္။

အတန္းေခါင္းေဆာင္က အလြန္ေပ်ာ္႐ႊင္သြားခဲ့တယ္ : "ေကာင္းလိုက္တာ! ငါတို႔ နင့္ကို အားေပးေနမယ္ေနာ္"

လီေရွာင္ယန္က သူမမ်က္ႏွာထက္ အၿပဳံးတစ္ပြင့္ႏွင့္အတူ စုေပရဲ႕လက္ကိုကိုင္ၿပီး : "ေက်းဇူးတင္ပါတယ္, စုေပ။ ေနာက္ၿပီးက်ရင္ ငါ နင့္ကို အားေပးစာတစ္ေစာင္ ပို႔ေပးမယ္ေနာ္"

---

အေျပးၿပိဳင္ပြဲမစတင္မီ အခိုက္အတန္႔မွာပဲ, အတန္း၏ အားကစားေကာ္မတီဝင္က စုေပထံ အေျပးလာၿပီး လက္ဆင့္ကမ္းေျပးပြဲအတြက္ အခ်ိဳ႕ေသာ ေဆာင္ရန္ေရွာင္ရန္မ်ားကို အက်ဥ္းခ်ဳံးေျပာျပခဲ့တယ္ : "နည္းနည္းေႏွးေနတယ္ဆိုရင္ေတာင္ အဆင္ေျပပါတယ္။ ဒါေပမယ့္ တစ္ခုသတိထားရမွာက လက္ဆင့္ကမ္းတုတ္တိုကို လႊဲေျပာင္းေပးတဲ့အခါက်ရင္ နင္နဲ႔ နင့္ေရွ႕ကလူ ႏွစ္ေယာက္စလုံးက တည္ၿငိမ္ေနဖို႔ပဲ..."

"အစတုန္းကေတာ့ လီေရွာင္ယန္က တာထြက္တဲ့သူပဲ။ ဒါေပမယ့္ နင္က ဒါမ်ိဳးကို တစ္ခါမွ အေလ့အက်င့္မရွိဖူးဘူးဆိုေတာ့ ငါ နင့္ကို ဒုတိယ‌ေနရာမွာပဲ ထားလိုက္‌ေတာ့မယ္။ ဒီနည္းက နင့္ဝန္ထုပ္ဝန္ပိုးကိုလည္း ေပါ့သြားေစလိမ့္မယ္။ တကယ္လို႔မ်ား နင္က အေနာက္မွာက်န္ေနခဲ့တယ္ဆိုရင္ေတာင္မွ ဘာမွထိတ္ထိတ္ပ်ာပ်ာျဖစ္ေနစရာမလိုဘူး။ လင္း႐ႊယ္ေဖးနဲ႔ စြန္းေယာင္ေယာင္တို႔ ေနာက္ကအမွီလိုက္လိမ့္မယ္..."

စုေပက အာ႐ုံစိုက္ကာ နားေထာင္ၿပီး ေခါင္းၿငိမ့္ျပလိုက္တယ္။

---

လက္ဆင့္ကမ္းေျပးပြဲက စတင္ေတာ့မွာျဖစ္တယ္။ ၿပိဳင္ပြဲဝင္အားလုံးက ၎တို႔၏ သတ္မွတ္ေနရာမွာ အသင့္ျဖစ္ေနၾကၿပီျဖစ္တယ္။

ေဘးမွ စုေပအတြက္ အားေပးေႂကြးေၾကာ္သံေတြလည္း ရွိေနေလတယ္ :

"Wow, နတ္ဘုရားစုပါ ဝင္ၿပိဳင္ေတာ့မယ္ေပါ့။ နတ္ဘုရားစု‌ေရ, ႀကိဳးစားထားေနာ္!" "ေက်ာင္းအလွပန္းေလးေရ, ငါနင့္ကိုအားေပးေနတယ္ေနာ္!" "ကိုယ့္နတ္ဘုရားမေလး, ကိုယ္မင္းကိုခ်စ္တယ္ေနာ္~" "အေႏြးဘူးညီမေလးက ေနရာယူေနၿပီေဟ့" "ေယာင္းမေလးေရ, ႀကိဳးစားထားေနာ္!"

ကဲ, စုေပမွာ နာမည္ေျပာင္ေတြမွ အမ်ားႀကီးပဲေနာ့္။

ယေန႔ လာေရာက္ၾကည့္ရႈၾကတဲ့ မိဘအေရအတြက္က မေန႔ကထက္ေတာ့ နည္းပါးေနတယ္။ စင္ျမင့္အနီးနားရွိ ထိုင္ခုံမ်ားမွာေတာ့ ေက်ာင္းသားေက်ာင္းသူမ်ားျဖင့္ ပတ္ပတ္လည္ျပည့္ႏွက္ေနခဲ့တယ္။ သူ႔သမီးေလးရဲ႕ မ်ားျပားလွစြာေသာ 'ထူးဆန္းတဲ့နာမည္ေျပာင္မ်ား' ေၾကာင့္ Mr.ခ်င္က အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ေနခဲ့တယ္။ သို႔ေသာ္ သူ႔ကို စိတ္အေႏွာင့္အယွက္အျဖစ္‌ဆုံးအရာကေတာ့ ေယာက္်ားေလးအေတာ္မ်ားမ်ားက သူတို႔ရဲ႕မိုဘိုင္းဖုန္းေတြကိုထုတ္ၿပီး စုေပရဲ႕ပုံေတြကို လွ်ပ္တစ္ျပက္ဓာတ္ပုံ႐ိုက္ယူေနၾကတာကို ျမင္ေတြ႕ေနရတာပဲျဖစ္တယ္။

[koffeam's Note : ေရွာင္ေပါင္ရဲ႕ ဂ်စ္ကန္ကန္ပင္ကိုစ႐ိုက္ အစိတ္အပိုင္းေသးေသးေလးက ဆယ္ေက်ာ္သက္ေတြရဲ႕ ေတာ္လွန္ပုန္ကန္လိုတဲ့ အဆင့္ဆင့္‌ေျပာင္းလဲမႈတစ္ခုလို႔ပဲ မွတ္ယူလိုက္လို႔ရတယ္ မဟုတ္လား.... ဒီစ႐ိုက္အမ်ားစုကေတာ့ Mr.ခ်င္ရဲ႕မ်ိဳး႐ိုးဗီဇေၾကာင့္ပါပဲ။ lol]

အခ်က္ေပးလိုက္တာနဲ႔တစ္ၿပိဳင္နက္ လက္ဆင့္ကမ္းေျပးပြဲက စတင္ခဲ့တယ္။

စုေပက သူမရဲ႕ထြက္သက္ဝင္သက္ကို အာ႐ုံစိုက္ကာ ထိန္းထားရင္းနဲ႔ သူမထံေျပးလာမယ့္ တာထြက္သူ က်ိဳးရွင္းယြဲ႕ကို ေစာင့္ဆိုင္းေနခဲ့တယ္။ က်ိဳးရွင္းယြဲ႕ရဲ႕အရွိန္က သိပ္မေႏွးေသာ္ျငားလည္း သူမက တာထြက္ရတဲ့အေတြ႕အႀကဳံမရွိသူျဖစ္တာေၾကာင့္ သူမ်ားေတြထက္ ေျခလွမ္းအနည္းငယ္ ေနာက္က်က်န္ေနခဲ့တယ္။

မၾကာခင္မွာပဲ, က်ိဳးရွင္းယြဲ႕တစ္ေယာက္ စုေပရဲ႕ေနရာသို႔ ေရာက္ရွိလာခဲ့တယ္။ စုေပက လက္ဆင့္ကမ္းတုတ္တိုရဲ႕ အျခားတစ္ဖက္ကို ၿမဲၿမံစြာ ဖမ္းဆုပ္လိုက္ၿပီး အေရွ႕သို႔ ခ်က္ခ်င္း ေျပးသြားေတာ့တယ္။

လက္ဆင့္ကမ္းတုတ္တိုအား ေဘးကင္းစြာနဲ႔ လႊဲေျပာင္းေပးအပ္ျခင္းကို အတည္ျပဳၿပီးတဲ့ေနာက္, က်ိဳးရွင္းယြဲ႕က တုတ္ကိုလႊတ္ေပးၿပီး ေအာ္ေျပာလိုက္တယ္, "ႀကိဳးစားထား!"

လက္ဆင့္ကမ္းတုတ္တိုကို တင္းက်ပ္စြာကိုင္ရင္း, စုေပတစ္ေယာက္ အရွိန္ႏႈန္းအျပည့္နဲ႔ အေရွ႕တည့္တည့္သို႔ ေျပးဖို႔ကိုသာ အစြမ္းကုန္ အာ႐ုံစိုက္ထားခဲ့တယ္။ အားေပးေႂကြးေၾကာ္သံေတြက ပိုပိုၿပီးေတာ့‌ေတာင္ က်ယ္ေလာင္လာပုံရေပမယ့္ သူမကေတာ့ လုံးဝကို ဂ႐ုမထားႏိုင္ေလဘူး။ သူမစိတ္ထဲမွာ ျပည့္ႏွက္ေနခဲ့တာက : တတိယဘားအထိ ေရာက္ေအာင္ေျပး, ၿပီးရင္ တုတ္ကို လႊဲေျပာင္းေပးရမယ္ဆိုတာပင္။

အဆုံးသတ္မွာေတာ့, စုေပနဲ႔ သူမတို႔အတန္းက လက္ဆင့္ကမ္းေျပးပြဲမွာ ပထမေနရာကို ရယူႏိုင္ခဲ့တယ္။

စုေပတစ္‌ေယာက္ သူမရဲ႕အတန္းေဖာ္ေတြဆီ ျပန္ေရာက္လာခ်ိန္မွာေတာ့ ေလးစားအားက်တဲ့အၾကည့္‌ေတြနဲ႔ သူမကို ႀကိဳဆိုျခင္းခံလိုက္ရေတာ့တယ္။

"အာ, စုေပရာ, နင္အရမ္းေတာ္တာပဲဟာ!"

"နင္ ဒီေလာက္ျမန္ျမန္ေျပးႏိုင္မွန္း ငါသိခဲ့မယ္ဆိုရင္, မီတာ ၁၀၀ ေျပးပြဲအတြက္ ငါ နင့္ကိုစာရင္းေပးလိုက္ရမွာ"

စုေပ : "???"

စုေပရဲ႕စိတ္ရႈပ္ေထြးေနမႈကိုၾကည့္ၿပီး တုန႔္ဝိန္ခ်ီက ရွင္းျပလိုက္တယ္ : "စုေပ, ေစာနတုန္းက နင္ဘယ္ေလာက္မိုက္လဲဆိုတာကို သိလိုက္ရဲ႕လား?!"

တုန႔္ဝိန္ခ်ီရဲ႕ရွင္းျပခ်က္က ရွည္လ်ားလွတယ္။ သို႔ေပမယ့္လို႔ အႏွစ္ခ်ဳပ္ရမယ္ဆိုရင္ေတာ့ : လက္ဆင့္ကမ္းေျပးပြဲမွာ သူမတို႔အတန္းက ကနဦးတုန္းကေတာ့ တတိယေနရာမွာျဖစ္တယ္။ သို႔ေပသိ စုေပက တုတ္ကို လႊဲေျပာင္းယူၿပီးတဲ့ေနာက္, သူမက တဟုန္ထိုးေျပးသြားခဲ့ကာ အေရွ႕မွ အေျပးသမားႏွစ္ေယာက္ကို ခ်က္ခ်င္း ေက်ာ္တက္သြားခဲ့တယ္။

ပဏာမပြဲစဥ္မွာ စုေပရဲ႕ မယုံႏိုင္ဖြယ္ရာစြမ္းေဆာင္မႈကို ျမင္ေတြ႕ၿပီးသြားတဲ့ေနာက္, အတန္း၏ အားကစားေကာ္မတီဝင္မ်ားက အေျပးသမားမ်ား၏ ေနရာခ်ထားမႈကို ေျပာင္းလဲစီစဥ္ခဲ့ၿပီး ေနာက္ဆုံးေတာ့ စုေပအား ေလးေယာက္ေျမာက္ အေျပးသမားေနရာမွာ ထားရွိလိုက္ေတာ့တယ္။

ထို႔ေနာက္, အားကစားေကာ္မတီဝင္က စိတ္လႈပ္ရွားစြာနဲ႔ စုေပထံ အႀကံဥာဏ္ေပးဖို႔ကိုလည္း မေမ့ခဲ့ေလဘူး : "နင္ ေစာနက လုပ္သလိုလုပ္လိုက္႐ုံပဲသိလား။ လက္ဆင့္ကမ္းတုတ္တိုကို ေသေသခ်ာခ်ာရေအာင္ယူ, ၿပီးတာနဲ႔ ခ်က္ခ်င္း finish line ကိုသာေျပး‌ေပေတာ့။ စိတ္လႈပ္ရွားမေနဘဲနဲ႔ အာ႐ုံစိုက္ထား႐ုံပဲ" သူက စုေပရဲ႕ပုခုံးေပၚကို အားေပးတဲ့အေနနဲ႔ တစ္ခ်က္ပုတ္ေပးမလို႔လုပ္တုန္း စုေရွာင္ေပါင္နဲ႔ ရွဲ႕မင္႐ႊမ္းတို႔က ႐ုတ္တရက္ႀကီး ေရာက္လာၾကတာေၾကာင့္ သူ႔ကို ခပ္ေဝးေဝးသို႔ တ႐ြတ္ဆြဲေခၚမသြားခင္ သူ႔လက္ႏွစ္ဖက္စလုံးကို အလ်င္အျမန္ ခ်ဳပ္တည္းလိုက္ရေတာ့တယ္။

စုေရွာင္ေပါင္နဲ႔ ရွဲ႕မင္႐ႊမ္းတို႔က အားကစားေကာ္မတီဝင္ရဲ႕ တုတ္ခိုင္သန္မာတဲ့ခႏၶာကိုယ္ႀကီးကို တ႐ြတ္ဆြဲေခၚသြားတာႀကီးကို ျမင္ရတာ နည္းနည္း ရယ္စရာေကာင္းေနတယ္။

အားကစားေကာ္မတီဝင္က လြတ္ေအာင္႐ုန္းထြက္ၿပီး ထိုႏွစ္ေယာက္ကို စူးစိုက္ၾကည့္လိုက္တယ္ : "မင္းတို႔ေတြ အခုခ်ိန္ long jump ခုန္ရမွာမဟုတ္ဘူးလား? ဒီကိုဘာလာလုပ္ၾကတာလဲ?"

ရွဲ႕မင္႐ႊမ္း : "ငါတို႔အလွည့္ကိုေစာင့္ေနတာ"

စုေရွာင္ေပါင္ : "တစ္ခ်က္လာၾကည့္တာ"

ေနာက္ၿပီး သူတို႔ေရာက္လာတာနဲ႔ အခ်ိန္ကိုက္ဆိုသလို အဲ့ဒီအားကစားေကာ္မတီဝင္ရဲ႕ဝက္လက္ႀကီးက စုေပဆီ ဆန႔္တန္းလာတာကို ျမင္လိုက္ရတယ္ေလ။

အားကစားေကာ္မတီဝင္ : "မင္းတို႔ ဘာလို႔ေစာင့္ေနၾကေသးတာလဲ။ အခ်ိန္က်ေတာ့မယ့္ဟာကို။ ျမန္ျမန္သြားၾကေတာ့ေလ။ ငါက ဒီမွာ ေကာင္မေလး‌ေတြကို ၾကည့္ေပးရအုံးမွာ, မင္းတို႔ႏွစ္ေယာက္ကို လိုက္ၾကည့္မေနႏိုင္ဘူး"

"မင္း ကိုယ့္ေနရာမွာကိုယ္ေန" စုေရွာင္ေပါင္တစ္ေယာက္ အားကစားေကာ္မတီဝင္က စုေပနဲ႔ လုံေလာက္တဲ့ အကြာအေဝးတစ္ခုရွိတယ္ဆိုတာကို အတည္ျပဳၿပီးမွပဲ ရွဲ႕မင္႐ႊမ္းနဲ႔အတူ long jump ကြင္းထဲသို႔ ျပန္သြားခဲ့တယ္။

အားကစားေကာ္မတီဝင္ခမ်ာ ေ႐ြးစရာလမ္းမရွိတာေၾကာင့္ စုေပကို ခပ္လွမ္းလွမ္းကေနပဲ အားေပးလိုက္ရေတာ့တယ္ : "အေကာင္းဆုံးလုပ္ေနာ္"

"အင္း, ငါလုပ္မွာပါ" စုေပက ေခါင္းၿငိမ့္ျပလိုက္တယ္။

အမ်ိဳးသမီးလက္ဆင့္ကမ္းေျပးပြဲ ေနာက္ဆုံးပြဲစဥ္အတြက္ အတန္း ၈-၇, ၈-၂, ၈-၆ ႏွင့္ ၉-၁ အတန္းေလးတန္းက ဝင္ေရာက္လာခဲ့ၾကတယ္။ ေနာက္ဆုံးပြဲစဥ္ဆိုတဲ့အတိုင္း အားၿပိဳင္မႈေတြလည္း ရွိေနခဲ့တယ္။ ေျပးပြဲစတင္ၿပီးေနာက္, အတန္းေလးတန္းၾကားအကြာအေဝးက အလြန္ပင္ ပြတ္ကာသီကာရွိလွတယ္ : တာထြက္အေျပးသမားေတြက တစ္ခ်ိန္တည္းနီးပါး ေရာက္ရွိလာခဲ့ၾကတယ္။ ဒုတိယႏွင့္ တတိယ အေျပးသမားမ်ားတြင္လည္း သိသာထင္ရွားလွတဲ့ ကြာျခားခ်က္မ်ိဳးမရွိခဲ့ေခ်။ သို႔ေသာ္, အတန္း ၈-၇ မွ အနည္းငယ္မွ် အသာစီးရရွိထားၿပီး ေလာေလာဆယ္မွာေတာ့ ပထမေနရာတြင္ ရွိေနေလတယ္။

မၾကာခင္မွာပဲ စုေပက တတိယအေျပးသမားထံမွ လက္ဆင့္ကမ္းတုတ္တိုကို လႊဲေျပာင္းယူလိုက္တယ္။

စတုတၳေျမာက္ႏွင့္ ေနာက္ဆုံးအေျပးသမားျဖစ္တဲ့ စုေပက အဆုံးမွာ လက္ဆင့္ကမ္းတုတ္တိုကို လႊဲေျပာင္းေပးစရာမလိုေပ။ အဲ့တာေၾကာင့္, သူမ လက္ဆင့္ကမ္းတုတ္တိုကို ရယူၿပီးတာနဲ႔, စုေပက ခ်က္ခ်င္း finish line ဆီသို႔ တဟုန္ထိုးေျပးသြားခဲ့တယ္။ ဒီအခိုက္အတန႔္မွာ ေျပးလမ္းက စပရင္အႀကီးႀကီးတစ္ကြင္းလို ျဖစ္ေနကာ သူမပ်ံသန္းေနတယ္လို႔ေတာင္ စုေပက ခံစားမိခဲ့တယ္။

Finish line နဲ႔ တျဖည္းျဖည္းနီးကပ္လာတာကို ေတြ႕လိုက္ရေတာ့ စုေပက အံ့ကိုႀကိတ္ၿပီး အရွိန္ပိုျမႇင့္လိုက္တယ္။ ဘာပဲျဖစ္ျဖစ္, ေနာက္ၿပီးက်ရင္ သူၿပိဳင္ရမယ့္ တစ္ျခားၿပိဳင္ပြဲေတြလည္း မရွိေတာ့ဘူးေလ။ မနက္ျဖန္မနက္ သူအိပ္ယာႏိုးလာတဲ့အခ်ိန္, သူ႔ေျခေထာက္ေတြ ပြန္းပဲ့နာက်င္ရမယ္ဆိုရင္ေတာင္မွ ျပႆနာမရွိပါဘူး။

ေနာက္ဆုံးေျခလွမ္း‌ေတြပဲဟာ!

စုေပက အျခားေသာအေျပးသမားေတြ သူမေနာက္မွာ က်န္ေနခဲ့တယ္ဆိုတာကို ေရးေတးေတး သတိျပဳမိလိုက္တယ္။ အေရွ႕တည့္တည့္က finish line ကိုၾကည့္ရင္း သူမစိတ္ေတြလႈပ္ရွားလာခဲ့တယ္။ သို႔ေသာ္ ႐ုတ္တရက္, သူမတစ္ခုခုကို တက္နင္းမိလိုက္တယ္ဆိုတာကို စုေပခံစားမိလိုက္တယ္။ သူမေျခဖဝါးက ႐ုတ္ခ်ည္း ေခ်ာ္ထြက္သြားၿပီးေတာ့ ဟန္ခ်က္ပ်က္သြားခဲ့တယ္။

စုေပရဲ႕စိတ္က အျဖဴသက္သက္ျဖစ္သြားခဲ့တယ္။ သူမအျမင္အာ႐ုံေတြ လႈပ္ခပ္သြားၿပီး စကၠန႔္အနည္းငယ္အၾကာမွာေတာ့ ေျပးလမ္းေပၚမွာ သူမ ျပင္းျပင္းထန္ထန္ လဲက်သြားခဲ့ေတာ့တယ္။

သူမရဲ႕ေဘးပတ္ပတ္လည္က က်ယ္ေလာင္လွတဲ့ ေအာ္ဟစ္သံေတြက စုေပအား သူမရဲ႕ မိန္းေမာေတြေဝမႈေတြကေန ႏိုးထလာေစခဲ့တယ္။ သူမရဲ႕လက္ေမာင္းနဲ႔ ေျခက်င္းဝတ္‌ေပၚက စူးရွတဲ့နာက်င္မႈေတြသာမက သူမရဲ႕ဒူးေခါင္းနဲ႔ တံေတာင္ဆစ္ေပၚကို က်ေရာက္လာတဲ့နာက်င္မႈေတြက သူမရဲ႕လဲက်မႈက ျဖည္းျဖည္းသာသာေလး မဟုတ္ဘူးဆိုတာကို နားလည္သေဘာေပါက္သြားေစခဲ့တယ္။

အဲဒီအခ်ိန္မွာပဲ သူမေနာက္မွ အေျပးသမားေတြက သူမကို ေက်ာ္တက္သြားၾကၿပီး finish line ကို ျဖတ္ေက်ာ္သြားခဲ့ၾကတယ္။

ေက်ာင္းသားအုပ္စုလိုက္ႀကီးက စုေပကို ခ်က္ခ်င္း ဝန္းရံလာခဲ့ၾကတယ္။

"စုေပ, နင္အဆင္ေျပရဲ႕လား?"

"ငါ နင့္ကို ထလို႔ရေအာင္ကူေပးမယ္ေလ"

"မလုပ္နဲ႔, သူ႔ကို အတင္းကာေရာ ေ႐ႊ႕လိုက္လို႔မရဘူး။ စုေပ, နင့္ဘာသာနင္ ႀကိဳးစားၿပီးထႏိုင္လား?"

......

လက္ဆင့္ကမ္းေျပးပြဲ၏ ေျပးလမ္းထက္မွ အုတ္ေအာ္ေသာင္းတင္းျဖစ္မႈက တစ္ျခားေသာေက်ာင္းသားမ်ား၏ အာ႐ုံစိုက္မႈကို ျမန္ျမန္ဆန္ဆန္ ရရွိသြားခဲ့တယ္။ စုေရွာင္ေပါင္တစ္ေယာက္ long jump ကြင္းထဲမွာရွိေနစဥ္ တစ္စုံတစ္ေယာက္ေျပာသံကို သူၾကားလိုက္ရတယ္ : "ၾကည့္ရတာ စုေပေခ်ာ္လဲသြားတဲ့ပုံပဲ" တမဟုတ္ခ်င္း စုေရွာင္ေပါင္မ်က္ႏွာ ျဖဴေရာ္သြားၿပီး ေျပးလမ္းဆီကို ေျပးထြက္သြားတယ္။

အခုေလးတင္ jump တစ္ခုခုန္ၿပီးသြားတဲ့ ရွဲ႕မင္႐ႊမ္းလည္း ေနာက္က အလ်င္အျမန္ လိုက္လာခဲ့တယ္။

သို႔ေပသိ, တစ္စုံတစ္ေယာက္က‌ေတာ့ စုေရွာင္ေပါင္ထက္ ပိုမိုျမန္ဆန္စြာ လႈပ္ရွားခဲ့တယ္ : သူကေတာ့ Mr.ခ်င္ပါပဲ။

အစတုန္းက‌ေတာ့ Mr.ခ်င္က စင္ျမင့္ထက္ရွိ ဧည့္သည္ထိုင္ခုံမွာရွိေနတဲ့ ေက်ာင္းအုပ္ႀကီးနဲ႔ စကားေျပာဆိုေနခဲ့တာ ျဖစ္တယ္။ သို႔ေပမယ့္လို႔ စုေပက သူမရဲ႕ေျပးပြဲအတြက္ ျပင္ဆင္ေနတဲ့အခ်ိန္မွာေတာ့ Mr.ခ်င္ရဲ႕အာ႐ုံေတြက သူ႔သမီးေလးအေပၚမွာသာ အစဥ္တစိုက္ ရွိေနခဲ့တာျဖစ္တယ္။

စုေပ လဲက်သြားတာကို သူျမင္လိုက္ရခ်ိန္မွာ, ခ်င္ေရွာက္ရဲ႕စိတ္ေတြက တခဏခ်င္း ဗလာျဖစ္သြားၿပီး သူ႔ႏွလုံးခုန္တာ ရပ္တန႔္သြားလုနီးပါးျဖစ္သြားတယ္လို႔ သူခံစားလိုက္ရတယ္။ Mr.ခ်င္က သူ႔ထိုင္ခုံကေန အလ်င္အျမန္ထရပ္လိုက္ကာ စင္ျမင့္‌ေပၚကေနဆင္းၿပီးေတာ့ စုေပရဲ႕ေနရာဆီ အေျပးအလႊားသြားခဲ့တယ္။

စုေပက အႀကံေပးတာကိုနားေထာင္ၿပီး မတ္တပ္ရပ္ဖို႔ ႀကိဳးစားလိုက္တယ္။ သို႔ေပမယ့္လို႔ သူမေျခဖဝါးမွ စူးရွတဲ့နာက်င္မႈ‌ေၾကာင့္ သူမ လႈပ္‌ေတာင္မလႈပ္ႏိုင္ေလဘူး။

စုေပက ေခါင္းခါလိုက္ၿပီး : "ငါထလို႔မရဘူး"

"ငါတို႔ဘာလုပ္ၾကမလဲ?" တစ္စုံတစ္ေယာက္က ေမးလိုက္တယ္။

"ငါတို႔ သူ႔ကို ဟိုနားကထိုင္ခုံဆီ အရင္မ,သြားၾကမလား?"

"သူ႔ကိုမေ႐ႊ႕ၾကနဲ႔" အသံတိုးတိုးတစ္သံက ႐ုတ္တရက္ ေျပာလာခဲ့တယ္။ Mr.ခ်င္က လူအုပ္ႀကီးထဲသို႔ အလ်င္အျမန္ တြန္းထိုးဝင္လာၿပီး စုေပ၏ေဘးသို႔ ေရာက္ရွိလာခဲ့တယ္။

Mr.ခ်င္ရဲ႕အသံကိုၾကားလိုက္ရေတာ့မွ စုေပတစ္ေယာက္ ငိုခ်မိေတာ့မတတ္ျဖစ္သြားခဲ့တယ္။

"နည္းနည္းေဝးေဝးမွာရပ္ေပးၾက" ခ်င္ေရွာက္က လူအုပ္ႀကီးကို အမိန႔္ေပးလိုက္တယ္။ ဒီအခိုက္အတန႔္မွာ, ျပင္းထန္တဲ့ အတင္းအက်ပ္ဖိအားေပးမႈေတြက Mr.ခ်င္ဆီက‌ေန ထြက္ေပၚလာခဲ့တယ္။ အဲဒါက စီးပြားေရးေလာကထဲရွိ မေရမတြက္ႏိုင္တဲ့လူေတြကို သူ႔အား ေၾကာက္႐ြံ႕ထိတ္လန႔္ေအာင္ လုပ္ႏိုင္ခဲ့တဲ့ အဲ့ဒီ 'Mr.ခ်င္' အျဖစ္သို႔ ေျပာင္းလဲသြားခဲ့သလိုပင္ျဖစ္တယ္။

သူ႔စကားအတိုင္း, ေဘးပတ္ပတ္လည္မွ ေက်ာင္းသားမ်ားက ခ်က္ခ်င္း လူစုခြဲလိုက္ၾကၿပီး စုေပအတြက္ ေနရာလပ္တစ္ခုကို ေပးလိုက္ၾက‌‌ေတာ့တယ္။

"အဆင္ေျပသြားမွာပါ, မေၾကာက္နဲ႔ေနာ္" Mr.ခ်င္က စုေပရဲ႕ေဘးနားမွာ ဒူးေထာက္ခ်လိုက္တယ္။ သူ႔ေလသံက လူေတြကို စိတ္ေအးသြားေစမယ့္ ယုံၾကည္စိတ္ခ်ရမႈေတြ အျပည့္ျဖစ္ေနေသာ္ျငား သူကိုယ္တိုင္ကေတာ့ သူ႔သမီးေလးရဲ႕အေျခအေနကို စစ္ေဆးၾကည့္ရႈေနခ်ိန္မွာ အလြန္ပင္ စိတ္လႈပ္ရွားလို႔ေနေလတယ္။

10.6.2021

Thursday

___________________________________


MWFV Ch 59

Accident

Unicode Version

ကျောင်းအားကစားပွဲတော်၏ ဒုတိယမြောက်နေ့တွင်လည်း Mr.ချင်က ကုမ္ပဏီကိစ္စရပ်များကို ချန်တဲ့နှင့် သူ့လက်အောက်ဝန်ထမ်းများထံ၌သာ နောက်တစ်ကြိမ် ထပ်မံပစ်ထားခဲ့ပြီး သူ့ကလေးနှစ်ယောက်နှင့်အတူ ကျောင်းသို့သွားခဲ့တယ်။

စုပေတစ်‌ယောက် အံ့ဩသွားရသလို စုရှောင်ပေါင်လည်း ထိုနည်းတူပင်ဖြစ်တယ်။ ကောင်လေးက ဘာမှတော့မပြောပေမယ့် Mr.ချင်က ကျောင်းကို သူတို့‌နောက်ကနေ လိုက်လာတာကို သူမြင်လိုက်ရချိန်မှာတော့ စိတ်အနှောင့်အယှက် ဖြစ်သွားပုံရတယ်။ သို့ပေသိ, သူ့မျက်ဝန်းထဲက ပျော်ရွှင်မှုတွေက ဘယ်သူ့ကိုမှ အရူးမလုပ်နိုင်လေဘူး။

စုပေရဲ့ပြိုင်ပွဲဖြစ်တဲ့ မီတာ ၄၀၀ တာလတ်ပြေးပွဲက ယနေ့ကျင်းပမှာဖြစ်တယ်။

မီတာ ၄၀၀ အပြေးပြိုင်ပွဲက မီတာ ၅၀ တာတိုပြေးပွဲလို လျင်မြန်မှုရှိခြင်း သို့မဟုတ် မီတာ ၈၀၀ တာဝေးပြေးပွဲလို ခံနိုင်ရည်စွမ်းကို စမ်းသပ်ခြင်းမျိုးတွေ မလိုအပ်သော်ငြား အမှန်တကယ်တော့ ဒီဟာက အခြားနှစ်ခုထက် ပိုမိုခက်ခဲတာမျိုးဖြစ်တယ်။

မူလက တုန့်ဝိန်ချီအပါအဝင် တစ်ခြားကျောင်းသားတွေ တွေးနေကြတာက စုပေက ပါဝင်ယှဉ်ပြိုင်ချင်ရုံသာဖြစ်ပြီး ဆုရဖို့အတွက် မရည်ရွယ်ထားဘူးဟူ၍ပင်။ သို့ပေမယ့်လို့ အားလုံးအံ့အားသင့်သွားရတာက စုပေက တကယ်ကို ပြေးကွင်းပေါ်မှာ ထူးထူးချွန်ချွန် လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် နောက်ဆုံးမှာ ဒုတိယနေရာကို ရယူနိုင်ခဲ့တာကြောင့်ပဲဖြစ်တယ်။

Mr.ချင်က စုပေတစ်‌‌ယောက် finish line ကို ဖြတ်ပြေးသွားတဲ့အချိန် သူမရဲ့နောက်ကျောကို ဓာတ်ပုံရိုက်ယူပြီးတော့ ၎င်းကို သူ့ရဲ့ WeChat ထဲမှာ စာတိုလေးတစ်ကြောင်းနှင့်အတူ တင်လိုက်တယ် : ကျွန်တော့သမီးလေးက အပြေးပြိုင်ပွဲမှာ ဒုတိယရတယ်လေ, မဆိုးဘူးဗျ။

အံ့ဩစရာမကောင်းလောက်အောင်ပဲ, ဒီ post က ချက်ချင်းဆိုသလို နောက်ထပ် rainbow farts လှိုင်းလုံးကြီးတစ်ခုနှင့်အတူ ပျံ့နှံ့သွားတော့တယ်။

ပထမ‌နေရာချည်းပဲ ၅ခါတောင်ရပြီးသားဖြစ်တဲ့ စုရှောင်ပေါင်အတွက်ကရော...

Mr.ချင်က ဤကဲ့သို့သာပြောလိုက်တယ် : ဒီတိုင်း သာမန်လောက်ပါပဲ။

---

သူမစာရင်းပေးသွင်းထားတဲ့ တစ်ခုတည်းသောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးသွားတဲ့အပြင် ဒုတိယနေရာကိုပါ ရလိုက်တာကြောင့် စုပေတစ်‌ယောက် သိသိသာသာကြီးကို ပျော်ရွှင်နေလေတယ်။ အခု သူမမှာ ဘာလုပ်စရာမှ မရှိတော့တာကြောင့် ထုံးစံအတိုင်း အနားယူပြီး ကျောင်းဖိုရမ်နှင့် Weibo မှာ ရံဖန်ရံခါ ဟိုဟိုဒီဒီကြည့်ရှုရင်း တုန့်ဝိန်ချီနှင့်အတူ အားကစားပွဲ၏ ကျန်ပွဲစဉ်များကို စောင့်ကြည့်ရန်သာရှိတယ်။ သို့သော်လည်း သူမကို အံ့ဩသွားစေတာက သူမရဲ့အတန်းဖော် လီရှောင်ယန်က သူမတို့အတန်းခေါင်းဆောင်နှင့်အတူ ရောက်လာခဲ့ချိန်မှာဖြစ်တယ်။ သူတို့ရဲ့မျက်နှာတွေက အနေရခက်တဲ့ပုံပေါက်နေခဲ့တယ်။

"စုပေ"

"ဘာဖြစ်လို့လဲ?" စုပေက လီရှောင်ယန်ရဲ့အခက်တွေ့နေတဲ့မျက်နှာကိုကြည့်ပြီး မေးလိုက်တယ်။

လီရှောင်ယန် : "လာမယ့် မီတာ ၁၀၀ × ၄ယောက် လက်ဆင့်ကမ်းပြေးပွဲကို ငါ့အစား နင်ဝင်ပြေးပေးနိုင်မလားဟင်?"

လီရှောင်ယန်က စုပေအား အနီးသို့ဆွဲခေါ်လိုက်ပြီး အထိတ်တလန့်နဲ့ တိုးတိုးလေးပြောလိုက်တယ် : "နင်တွေ့လား, ငါ့အန်တီကြီး ရုတ်တရက် လာနေလို့ပါဟာ..." သူမက အပြေးမယ်လေးတစ်ယောက် ဖြစ်ချင်ပေမယ့် သူမရဲ့ 'ဆွေမျိုး' က ဒီနေ့ကျမှ မဖိတ်ဘဲရောက်လာလိမ့်မယ်လို့ သူမလည်း ဘယ်လိုလုပ်သိမှာလဲလို့။

[T/N : အန်တီကြီး - girl's period]

စုပေတစ်ယောက် နားလည်သဘောပေါက်စွာ ခေါင်းမငြိမ့်လိုက်မိခင်အထိ တခဏမျှ ကြောင်အနေခဲ့တယ် : "ငါ နင့်အစားပြေးပေးပါ့မယ်။ ဒါပေမယ့် ငါက တာတိုအပြေးကို တစ်ခါမှ မလေ့ကျင့်ဖူးတော့ အဲဒီ့အစား ငါတို့အတန်းကို အဆင့်ကျသွားစေမလားလို့" ထို့နောက် စုပေက ချီတုံချတုံဖြင့် အတန်းခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်တယ်။ သူမက ဒီအားကစားပွဲတော်အတွက် နည်းနည်းပါးပါးလေ့ကျင့်ထားတယ်ဆိုတာက တာလတ်ပြေးပွဲတစ်ခုတည်းအတွက်သာ လေ့ကျင့်ထားခဲ့တာဖြစ်တယ်။

အတန်းခေါင်းဆောင် : "နင်က မီတာ ၄၀၀ မှာတောင် ကောင်းကောင်းလုပ်နိုင်တဲ့ဟာကို။ မီတာ ၁၀၀ လောက်ကတော့ ပြဿနာမရှိပါဘူး"

စုပေကလွဲပြီး သူတို့အတန်းထဲက အားကစားမှာ အတော်လေးတော်ကြတဲ့ တစ်ခြားမိန်းကလေး‌တွေ အကုန်လုံးက ပြိုင်ပွဲတစ်ခုထက်မက ဝင်ရောက်ယှဉ်ပြိုင်ပြီးနေပြီဖြစ်တယ်။ တုန့်ဝိန်ချီအဆင့်ရှိ ကျန်မိန်းကလေးအများစုကတော့ အားပေးကြွေးကြော်တဲ့အဖွဲ့မှာသာ သင့်တော်သူများဖြစ်တယ်။ ရွေးချယ်စရာတွေကို သူမ ချင့်ချိန်တွေးဆပြီးတဲ့နောက် အတန်းခေါင်းဆောင်က စုပေကသာ အသင့်တော်ဆုံးဖြစ်တယ်လို့ တွေးမိလိုက်တယ်။

ခဏကြာပြီးနောက်, သူမ စုပေကိုပြောလိုက်တယ် : "အဆင်ပြေပါတယ်ဟ။ စုပေ, ဒီတိုင်း နင် လုပ်နိုင်သလောက်လုပ်လိုက်ရုံပဲ, ဘာမှစိတ်ဖိစီးနေစရာမလိုဘူး။ ဒီပြေးပွဲမှာ ငါတို့အတန်းက ဝင်ပြိုင်လိုက်တယ်ဆိုတာကိုပဲ အာရုံထားထားတာ အနိုင်ရဖို့ မရည်ရွယ်ထားဘူး"

ဒါတွေအားလုံးက စုရှောင်ပေါင်နဲ့ ရှဲ့မင်ရွှမ်းတို့ရဲ့ ပြီးဆုံးသွားခဲ့တဲ့ ဖျော်ဖြေတင်ဆက်မှု ကျေးဇူးတွေကြောင့်ပဲ။ အဲ့ဒီကောင်လေးနှစ်ယောက်ကြောင့် သူတို့အတန်းက တစ်ဦးချင်းပြိုင်ပွဲပေါင်းများစွာကနေ မြောက်များလှစွာသော ပထမနေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်။ အဲ့ဒီအမှတ်တွေကိုပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် အတန်း ၈-၇ ရဲ့ လက်ရှိ စုစုပေါင်းအမှတ်က သူတို့အတန်းထဲက တစ်ခြားအခန်းတွေထက် အများကြီးပိုသာနေပြီဖြစ်တယ်။ သူတို့အနေနဲ့ ဒီလက်ဆင့်ကမ်းပြေးပွဲမှာ အဆင့်ကောင်းကောင်းမရခဲ့ဘူးဆိုရင်တောင်မှ သူတို့ရဲ့ လက်ရှိပထမနေရာက ယိမ်းယိုင်သွားမှာမဟုတ်ဘူး။ နောက်ပြီး, သူမဖက်ကလည်း အရိုးသားဆုံး ပြောပြရမယ်ဆိုရင် : မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ စုပေရဲ့ ပန်းဝင်တဲ့အရှိန်နှုန်းက အတော်‌လေးမြန်တယ်လေ။

အတန်းခေါင်းဆောင်တစ်ယောက် သူတို့အတန်းက ဒီလောက်လွယ်လွယ်နဲ့ မရှုံးနိုင်လောက်ဘူးလို့ ခံစားမိနေတယ်။

"ကောင်းပြီလေ, ငါ အကောင်းဆုံးကြိုးစားမှာပါ" စုပေက ခေါင်းငြိမ့်ပြီး ကတိပေးလိုက်တယ်။

အတန်းခေါင်းဆောင်က အလွန်ပျော်ရွှင်သွားခဲ့တယ် : "ကောင်းလိုက်တာ! ငါတို့ နင့်ကို အားပေးနေမယ်နော်"

လီရှောင်ယန်က သူမမျက်နှာထက် အပြုံးတစ်ပွင့်နှင့်အတူ စုပေရဲ့လက်ကိုကိုင်ပြီး : "ကျေးဇူးတင်ပါတယ်, စုပေ။ နောက်ပြီးကျရင် ငါ နင့်ကို အားပေးစာတစ်စောင် ပို့ပေးမယ်နော်"

---

အပြေးပြိုင်ပွဲမစတင်မီ အခိုက်အတန့်မှာပဲ, အတန်း၏ အားကစားကော်မတီဝင်က စုပေထံ အပြေးလာပြီး လက်ဆင့်ကမ်းပြေးပွဲအတွက် အချို့သော ဆောင်ရန်ရှောင်ရန်များကို အကျဉ်းချုံးပြောပြခဲ့တယ် : "နည်းနည်းနှေးနေတယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက လက်ဆင့်ကမ်းတုတ်တိုကို လွှဲပြောင်းပေးတဲ့အခါကျရင် နင်နဲ့ နင့်ရှေ့ကလူ နှစ်ယောက်စလုံးက တည်ငြိမ်နေဖို့ပဲ..."

"အစတုန်းကတော့ လီရှောင်ယန်က တာထွက်တဲ့သူပဲ။ ဒါပေမယ့် နင်က ဒါမျိုးကို တစ်ခါမှ အလေ့အကျင့်မရှိဖူးဘူးဆိုတော့ ငါ နင့်ကို ဒုတိယ‌နေရာမှာပဲ ထားလိုက်‌တော့မယ်။ ဒီနည်းက နင့်ဝန်ထုပ်ဝန်ပိုးကိုလည်း ပေါ့သွားစေလိမ့်မယ်။ တကယ်လို့များ နင်က အနောက်မှာကျန်နေခဲ့တယ်ဆိုရင်တောင်မှ ဘာမှထိတ်ထိတ်ပျာပျာဖြစ်နေစရာမလိုဘူး။ လင်းရွှယ်ဖေးနဲ့ စွန်းယောင်ယောင်တို့ နောက်ကအမှီလိုက်လိမ့်မယ်..."

စုပေက အာရုံစိုက်ကာ နားထောင်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

---

လက်ဆင့်ကမ်းပြေးပွဲက စတင်တော့မှာဖြစ်တယ်။ ပြိုင်ပွဲဝင်အားလုံးက ၎င်းတို့၏ သတ်မှတ်နေရာမှာ အသင့်ဖြစ်နေကြပြီဖြစ်တယ်။

ဘေးမှ စုပေအတွက် အားပေးကြွေးကြော်သံတွေလည်း ရှိနေလေတယ် :

"Wow, နတ်ဘုရားစုပါ ဝင်ပြိုင်တော့မယ်ပေါ့။ နတ်ဘုရားစု‌ရေ, ကြိုးစားထားနော်!" "ကျောင်းအလှပန်းလေးရေ, ငါနင့်ကိုအားပေးနေတယ်နော်!" "ကိုယ့်နတ်ဘုရားမလေး, ကိုယ်မင်းကိုချစ်တယ်နော်~" "အနွေးဘူးညီမလေးက နေရာယူနေပြီဟေ့" "ယောင်းမလေးရေ, ကြိုးစားထားနော်!"

ကဲ, စုပေမှာ နာမည်ပြောင်တွေမှ အများကြီးပဲနော့်။

ယနေ့ လာရောက်ကြည့်ရှုကြတဲ့ မိဘအရေအတွက်က မနေ့ကထက်တော့ နည်းပါးနေတယ်။ စင်မြင့်အနီးနားရှိ ထိုင်ခုံများမှာတော့ ကျောင်းသားကျောင်းသူများဖြင့် ပတ်ပတ်လည်ပြည့်နှက်နေခဲ့တယ်။ သူ့သမီးလေးရဲ့ များပြားလှစွာသော 'ထူးဆန်းတဲ့နာမည်ပြောင်များ' ကြောင့် Mr.ချင်က အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့တယ်။ သို့သော် သူ့ကို စိတ်အနှောင့်အယှက်အဖြစ်‌ဆုံးအရာကတော့ ယောက်ျားလေးအတော်များများက သူတို့ရဲ့မိုဘိုင်းဖုန်းတွေကိုထုတ်ပြီး စုပေရဲ့ပုံတွေကို လျှပ်တစ်ပြက်ဓာတ်ပုံရိုက်ယူနေကြတာကို မြင်တွေ့နေရတာပဲဖြစ်တယ်။

[koffeam's Note : ရှောင်ပေါင်ရဲ့ ဂျစ်ကန်ကန်ပင်ကိုစရိုက် အစိတ်အပိုင်းသေးသေးလေးက ဆယ်ကျော်သက်တွေရဲ့ တော်လှန်ပုန်ကန်လိုတဲ့ အဆင့်ဆင့်‌ပြောင်းလဲမှုတစ်ခုလို့ပဲ မှတ်ယူလိုက်လို့ရတယ် မဟုတ်လား.... ဒီစရိုက်အများစုကတော့ Mr.ချင်ရဲ့မျိုးရိုးဗီဇကြောင့်ပါပဲ။ lol]

အချက်ပေးလိုက်တာနဲ့တစ်ပြိုင်နက် လက်ဆင့်ကမ်းပြေးပွဲက စတင်ခဲ့တယ်။

စုပေက သူမရဲ့ထွက်သက်ဝင်သက်ကို အာရုံစိုက်ကာ ထိန်းထားရင်းနဲ့ သူမထံပြေးလာမယ့် တာထွက်သူ ကျိုးရှင်းယွဲ့ကို စောင့်ဆိုင်းနေခဲ့တယ်။ ကျိုးရှင်းယွဲ့ရဲ့အရှိန်က သိပ်မနှေးသော်ငြားလည်း သူမက တာထွက်ရတဲ့အတွေ့အကြုံမရှိသူဖြစ်တာကြောင့် သူများတွေထက် ခြေလှမ်းအနည်းငယ် နောက်ကျကျန်နေခဲ့တယ်။

မကြာခင်မှာပဲ, ကျိုးရှင်းယွဲ့တစ်ယောက် စုပေရဲ့နေရာသို့ ရောက်ရှိလာခဲ့တယ်။ စုပေက လက်ဆင့်ကမ်းတုတ်တိုရဲ့ အခြားတစ်ဖက်ကို မြဲမြံစွာ ဖမ်းဆုပ်လိုက်ပြီး အရှေ့သို့ ချက်ချင်း ပြေးသွားတော့တယ်။

လက်ဆင့်ကမ်းတုတ်တိုအား ဘေးကင်းစွာနဲ့ လွှဲပြောင်းပေးအပ်ခြင်းကို အတည်ပြုပြီးတဲ့နောက်, ကျိုးရှင်းယွဲ့က တုတ်ကိုလွှတ်ပေးပြီး အော်ပြောလိုက်တယ်, "ကြိုးစားထား!"

လက်ဆင့်ကမ်းတုတ်တိုကို တင်းကျပ်စွာကိုင်ရင်း, စုပေတစ်ယောက် အရှိန်နှုန်းအပြည့်နဲ့ အရှေ့တည့်တည့်သို့ ပြေးဖို့ကိုသာ အစွမ်းကုန် အာရုံစိုက်ထားခဲ့တယ်။ အားပေးကြွေးကြော်သံတွေက ပိုပိုပြီးတော့‌တောင် ကျယ်လောင်လာပုံရပေမယ့် သူမကတော့ လုံးဝကို ဂရုမထားနိုင်လေဘူး။ သူမစိတ်ထဲမှာ ပြည့်နှက်နေခဲ့တာက : တတိယဘားအထိ ရောက်အောင်ပြေး, ပြီးရင် တုတ်ကို လွှဲပြောင်းပေးရမယ်ဆိုတာပင်။

အဆုံးသတ်မှာတော့, စုပေနဲ့ သူမတို့အတန်းက လက်ဆင့်ကမ်းပြေးပွဲမှာ ပထမနေရာကို ရယူနိုင်ခဲ့တယ်။

စုပေတစ်‌ယောက် သူမရဲ့အတန်းဖော်တွေဆီ ပြန်ရောက်လာချိန်မှာတော့ လေးစားအားကျတဲ့အကြည့်‌တွေနဲ့ သူမကို ကြိုဆိုခြင်းခံလိုက်ရတော့တယ်။

"အာ, စုပေရာ, နင်အရမ်းတော်တာပဲဟာ!"

"နင် ဒီလောက်မြန်မြန်ပြေးနိုင်မှန်း ငါသိခဲ့မယ်ဆိုရင်, မီတာ ၁၀၀ ပြေးပွဲအတွက် ငါ နင့်ကိုစာရင်းပေးလိုက်ရမှာ"

စုပေ : "???"

စုပေရဲ့စိတ်ရှုပ်ထွေးနေမှုကိုကြည့်ပြီး တုန့်ဝိန်ချီက ရှင်းပြလိုက်တယ် : "စုပေ, စောနတုန်းက နင်ဘယ်လောက်မိုက်လဲဆိုတာကို သိလိုက်ရဲ့လား?!"

တုန့်ဝိန်ချီရဲ့ရှင်းပြချက်က ရှည်လျားလှတယ်။ သို့ပေမယ့်လို့ အနှစ်ချုပ်ရမယ်ဆိုရင်တော့ : လက်ဆင့်ကမ်းပြေးပွဲမှာ သူမတို့အတန်းက ကနဦးတုန်းကတော့ တတိယနေရာမှာဖြစ်တယ်။ သို့ပေသိ စုပေက တုတ်ကို လွှဲပြောင်းယူပြီးတဲ့နောက်, သူမက တဟုန်ထိုးပြေးသွားခဲ့ကာ အရှေ့မှ အပြေးသမားနှစ်ယောက်ကို ချက်ချင်း ကျော်တက်သွားခဲ့တယ်။

ပဏာမပွဲစဉ်မှာ စုပေရဲ့ မယုံနိုင်ဖွယ်ရာစွမ်းဆောင်မှုကို မြင်တွေ့ပြီးသွားတဲ့နောက်, အတန်း၏ အားကစားကော်မတီဝင်များက အပြေးသမားများ၏ နေရာချထားမှုကို ပြောင်းလဲစီစဉ်ခဲ့ပြီး နောက်ဆုံးတော့ စုပေအား လေးယောက်မြောက် အပြေးသမားနေရာမှာ ထားရှိလိုက်တော့တယ်။

ထို့နောက်, အားကစားကော်မတီဝင်က စိတ်လှုပ်ရှားစွာနဲ့ စုပေထံ အကြံဥာဏ်ပေးဖို့ကိုလည်း မမေ့ခဲ့လေဘူး : "နင် စောနက လုပ်သလိုလုပ်လိုက်ရုံပဲသိလား။ လက်ဆင့်ကမ်းတုတ်တိုကို သေသေချာချာရအောင်ယူ, ပြီးတာနဲ့ ချက်ချင်း finish line ကိုသာပြေး‌ပေတော့။ စိတ်လှုပ်ရှားမနေဘဲနဲ့ အာရုံစိုက်ထားရုံပဲ" သူက စုပေရဲ့ပုခုံးပေါ်ကို အားပေးတဲ့အနေနဲ့ တစ်ချက်ပုတ်ပေးမလို့လုပ်တုန်း စုရှောင်ပေါင်နဲ့ ရှဲ့မင်ရွှမ်းတို့က ရုတ်တရက်ကြီး ရောက်လာကြတာကြောင့် သူ့ကို ခပ်ဝေးဝေးသို့ တရွတ်ဆွဲခေါ်မသွားခင် သူ့လက်နှစ်ဖက်စလုံးကို အလျင်အမြန် ချုပ်တည်းလိုက်ရတော့တယ်။

စုရှောင်ပေါင်နဲ့ ရှဲ့မင်ရွှမ်းတို့က အားကစားကော်မတီဝင်ရဲ့ တုတ်ခိုင်သန်မာတဲ့ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲခေါ်သွားတာကြီးကို မြင်ရတာ နည်းနည်း ရယ်စရာကောင်းနေတယ်။

အားကစားကော်မတီဝင်က လွတ်အောင်ရုန်းထွက်ပြီး ထိုနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်တယ် : "မင်းတို့တွေ အခုချိန် long jump ခုန်ရမှာမဟုတ်ဘူးလား? ဒီကိုဘာလာလုပ်ကြတာလဲ?"

ရှဲ့မင်ရွှမ်း : "ငါတို့အလှည့်ကိုစောင့်နေတာ"

စုရှောင်ပေါင် : "တစ်ချက်လာကြည့်တာ"

နောက်ပြီး သူတို့ရောက်လာတာနဲ့ အချိန်ကိုက်ဆိုသလို အဲ့ဒီအားကစားကော်မတီဝင်ရဲ့ဝက်လက်ကြီးက စုပေဆီ ဆန့်တန်းလာတာကို မြင်လိုက်ရတယ်လေ။

အားကစားကော်မတီဝင် : "မင်းတို့ ဘာလို့စောင့်နေကြသေးတာလဲ။ အချိန်ကျတော့မယ့်ဟာကို။ မြန်မြန်သွားကြတော့လေ။ ငါက ဒီမှာ ကောင်မလေး‌တွေကို ကြည့်ပေးရအုံးမှာ, မင်းတို့နှစ်ယောက်ကို လိုက်ကြည့်မနေနိုင်ဘူး"

"မင်း ကိုယ့်နေရာမှာကိုယ်နေ" စုရှောင်ပေါင်တစ်ယောက် အားကစားကော်မတီဝင်က စုပေနဲ့ လုံလောက်တဲ့ အကွာအဝေးတစ်ခုရှိတယ်ဆိုတာကို အတည်ပြုပြီးမှပဲ ရှဲ့မင်ရွှမ်းနဲ့အတူ long jump ကွင်းထဲသို့ ပြန်သွားခဲ့တယ်။

အားကစားကော်မတီဝင်ခမျာ ရွေးစရာလမ်းမရှိတာကြောင့် စုပေကို ခပ်လှမ်းလှမ်းကနေပဲ အားပေးလိုက်ရတော့တယ် : "အကောင်းဆုံးလုပ်နော်"

"အင်း, ငါလုပ်မှာပါ" စုပေက ခေါင်းငြိမ့်ပြလိုက်တယ်။

အမျိုးသမီးလက်ဆင့်ကမ်းပြေးပွဲ နောက်ဆုံးပွဲစဉ်အတွက် အတန်း ၈-၇, ၈-၂, ၈-၆ နှင့် ၉-၁ အတန်းလေးတန်းက ဝင်ရောက်လာခဲ့ကြတယ်။ နောက်ဆုံးပွဲစဉ်ဆိုတဲ့အတိုင်း အားပြိုင်မှုတွေလည်း ရှိနေခဲ့တယ်။ ပြေးပွဲစတင်ပြီးနောက်, အတန်းလေးတန်းကြားအကွာအဝေးက အလွန်ပင် ပွတ်ကာသီကာရှိလှတယ် : တာထွက်အပြေးသမားတွေက တစ်ချိန်တည်းနီးပါး ရောက်ရှိလာခဲ့ကြတယ်။ ဒုတိယနှင့် တတိယ အပြေးသမားများတွင်လည်း သိသာထင်ရှားလှတဲ့ ကွာခြားချက်မျိုးမရှိခဲ့ချေ။ သို့သော်, အတန်း ၈-၇ မှ အနည်းငယ်မျှ အသာစီးရရှိထားပြီး လောလောဆယ်မှာတော့ ပထမနေရာတွင် ရှိနေလေတယ်။

မကြာခင်မှာပဲ စုပေက တတိယအပြေးသမားထံမှ လက်ဆင့်ကမ်းတုတ်တိုကို လွှဲပြောင်းယူလိုက်တယ်။

စတုတ္ထမြောက်နှင့် နောက်ဆုံးအပြေးသမားဖြစ်တဲ့ စုပေက အဆုံးမှာ လက်ဆင့်ကမ်းတုတ်တိုကို လွှဲပြောင်းပေးစရာမလိုပေ။ အဲ့တာကြောင့်, သူမ လက်ဆင့်ကမ်းတုတ်တိုကို ရယူပြီးတာနဲ့, စုပေက ချက်ချင်း finish line ဆီသို့ တဟုန်ထိုးပြေးသွားခဲ့တယ်။ ဒီအခိုက်အတန့်မှာ ပြေးလမ်းက စပရင်အကြီးကြီးတစ်ကွင်းလို ဖြစ်နေကာ သူမပျံသန်းနေတယ်လို့တောင် စုပေက ခံစားမိခဲ့တယ်။

Finish line နဲ့ တဖြည်းဖြည်းနီးကပ်လာတာကို တွေ့လိုက်ရတော့ စုပေက အံ့ကိုကြိတ်ပြီး အရှိန်ပိုမြှင့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်, နောက်ပြီးကျရင် သူပြိုင်ရမယ့် တစ်ခြားပြိုင်ပွဲတွေလည်း မရှိတော့ဘူးလေ။ မနက်ဖြန်မနက် သူအိပ်ယာနိုးလာတဲ့အချိန်, သူ့ခြေထောက်တွေ ပွန်းပဲ့နာကျင်ရမယ်ဆိုရင်တောင်မှ ပြဿနာမရှိပါဘူး။

နောက်ဆုံးခြေလှမ်း‌တွေပဲဟာ!

စုပေက အခြားသောအပြေးသမားတွေ သူမနောက်မှာ ကျန်နေခဲ့တယ်ဆိုတာကို ရေးတေးတေး သတိပြုမိလိုက်တယ်။ အရှေ့တည့်တည့်က finish line ကိုကြည့်ရင်း သူမစိတ်တွေလှုပ်ရှားလာခဲ့တယ်။ သို့သော် ရုတ်တရက်, သူမတစ်ခုခုကို တက်နင်းမိလိုက်တယ်ဆိုတာကို စုပေခံစားမိလိုက်တယ်။ သူမခြေဖဝါးက ရုတ်ချည်း ချော်ထွက်သွားပြီးတော့ ဟန်ချက်ပျက်သွားခဲ့တယ်။

စုပေရဲ့စိတ်က အဖြူသက်သက်ဖြစ်သွားခဲ့တယ်။ သူမအမြင်အာရုံတွေ လှုပ်ခပ်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ ပြေးလမ်းပေါ်မှာ သူမ ပြင်းပြင်းထန်ထန် လဲကျသွားခဲ့တော့တယ်။

သူမရဲ့ဘေးပတ်ပတ်လည်က ကျယ်လောင်လှတဲ့ အော်ဟစ်သံတွေက စုပေအား သူမရဲ့ မိန်းမောတွေဝေမှုတွေကနေ နိုးထလာစေခဲ့တယ်။ သူမရဲ့လက်မောင်းနဲ့ ခြေကျင်းဝတ်‌ပေါ်က စူးရှတဲ့နာကျင်မှုတွေသာမက သူမရဲ့ဒူးခေါင်းနဲ့ တံတောင်ဆစ်ပေါ်ကို ကျရောက်လာတဲ့နာကျင်မှုတွေက သူမရဲ့လဲကျမှုက ဖြည်းဖြည်းသာသာလေး မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်သွားစေခဲ့တယ်။

အဲဒီအချိန်မှာပဲ သူမနောက်မှ အပြေးသမားတွေက သူမကို ကျော်တက်သွားကြပြီး finish line ကို ဖြတ်ကျော်သွားခဲ့ကြတယ်။

ကျောင်းသားအုပ်စုလိုက်ကြီးက စုပေကို ချက်ချင်း ဝန်းရံလာခဲ့ကြတယ်။

"စုပေ, နင်အဆင်ပြေရဲ့လား?"

"ငါ နင့်ကို ထလို့ရအောင်ကူပေးမယ်လေ"

"မလုပ်နဲ့, သူ့ကို အတင်းကာရော ရွှေ့လိုက်လို့မရဘူး။ စုပေ, နင့်ဘာသာနင် ကြိုးစားပြီးထနိုင်လား?"

......

လက်ဆင့်ကမ်းပြေးပွဲ၏ ပြေးလမ်းထက်မှ အုတ်အော်သောင်းတင်းဖြစ်မှုက တစ်ခြားသောကျောင်းသားများ၏ အာရုံစိုက်မှုကို မြန်မြန်ဆန်ဆန် ရရှိသွားခဲ့တယ်။ စုရှောင်ပေါင်တစ်ယောက် long jump ကွင်းထဲမှာရှိနေစဉ် တစ်စုံတစ်ယောက်ပြောသံကို သူကြားလိုက်ရတယ် : "ကြည့်ရတာ စုပေချော်လဲသွားတဲ့ပုံပဲ" တမဟုတ်ချင်း စုရှောင်ပေါင်မျက်နှာ ဖြူရော်သွားပြီး ပြေးလမ်းဆီကို ပြေးထွက်သွားတယ်။

အခုလေးတင် jump တစ်ခုခုန်ပြီးသွားတဲ့ ရှဲ့မင်ရွှမ်းလည်း နောက်က အလျင်အမြန် လိုက်လာခဲ့တယ်။

သို့ပေသိ, တစ်စုံတစ်ယောက်က‌တော့ စုရှောင်ပေါင်ထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားခဲ့တယ် : သူကတော့ Mr.ချင်ပါပဲ။

အစတုန်းက‌တော့ Mr.ချင်က စင်မြင့်ထက်ရှိ ဧည့်သည်ထိုင်ခုံမှာရှိနေတဲ့ ကျောင်းအုပ်ကြီးနဲ့ စကားပြောဆိုနေခဲ့တာ ဖြစ်တယ်။ သို့ပေမယ့်လို့ စုပေက သူမရဲ့ပြေးပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာတော့ Mr.ချင်ရဲ့အာရုံတွေက သူ့သမီးလေးအပေါ်မှာသာ အစဉ်တစိုက် ရှိနေခဲ့တာဖြစ်တယ်။

စုပေ လဲကျသွားတာကို သူမြင်လိုက်ရချိန်မှာ, ချင်ရှောက်ရဲ့စိတ်တွေက တခဏချင်း ဗလာဖြစ်သွားပြီး သူ့နှလုံးခုန်တာ ရပ်တန့်သွားလုနီးပါးဖြစ်သွားတယ်လို့ သူခံစားလိုက်ရတယ်။ Mr.ချင်က သူ့ထိုင်ခုံကနေ အလျင်အမြန်ထရပ်လိုက်ကာ စင်မြင့်‌ပေါ်ကနေဆင်းပြီးတော့ စုပေရဲ့နေရာဆီ အပြေးအလွှားသွားခဲ့တယ်။

စုပေက အကြံပေးတာကိုနားထောင်ပြီး မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်တယ်။ သို့ပေမယ့်လို့ သူမခြေဖဝါးမှ စူးရှတဲ့နာကျင်မှု‌ကြောင့် သူမ လှုပ်‌တောင်မလှုပ်နိုင်လေဘူး။

စုပေက ခေါင်းခါလိုက်ပြီး : "ငါထလို့မရဘူး"

"ငါတို့ဘာလုပ်ကြမလဲ?" တစ်စုံတစ်ယောက်က မေးလိုက်တယ်။

"ငါတို့ သူ့ကို ဟိုနားကထိုင်ခုံဆီ အရင်မ,သွားကြမလား?"

"သူ့ကိုမရွှေ့ကြနဲ့" အသံတိုးတိုးတစ်သံက ရုတ်တရက် ပြောလာခဲ့တယ်။ Mr.ချင်က လူအုပ်ကြီးထဲသို့ အလျင်အမြန် တွန်းထိုးဝင်လာပြီး စုပေ၏ဘေးသို့ ရောက်ရှိလာခဲ့တယ်။

Mr.ချင်ရဲ့အသံကိုကြားလိုက်ရတော့မှ စုပေတစ်ယောက် ငိုချမိတော့မတတ်ဖြစ်သွားခဲ့တယ်။

"နည်းနည်းဝေးဝေးမှာရပ်ပေးကြ" ချင်ရှောက်က လူအုပ်ကြီးကို အမိန့်ပေးလိုက်တယ်။ ဒီအခိုက်အတန့်မှာ, ပြင်းထန်တဲ့ အတင်းအကျပ်ဖိအားပေးမှုတွေက Mr.ချင်ဆီက‌နေ ထွက်ပေါ်လာခဲ့တယ်။ အဲဒါက စီးပွားရေးလောကထဲရှိ မရေမတွက်နိုင်တဲ့လူတွေကို သူ့အား ကြောက်ရွံ့ထိတ်လန့်အောင် လုပ်နိုင်ခဲ့တဲ့ အဲ့ဒီ 'Mr.ချင်' အဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်ဖြစ်တယ်။

သူ့စကားအတိုင်း, ဘေးပတ်ပတ်လည်မှ ကျောင်းသားများက ချက်ချင်း လူစုခွဲလိုက်ကြပြီး စုပေအတွက် နေရာလပ်တစ်ခုကို ပေးလိုက်ကြ‌‌တော့တယ်။

"အဆင်ပြေသွားမှာပါ, မကြောက်နဲ့နော်" Mr.ချင်က စုပေရဲ့ဘေးနားမှာ ဒူးထောက်ချလိုက်တယ်။ သူ့လေသံက လူတွေကို စိတ်အေးသွားစေမယ့် ယုံကြည်စိတ်ချရမှုတွေ အပြည့်ဖြစ်နေသော်ငြား သူကိုယ်တိုင်ကတော့ သူ့သမီးလေးရဲ့အခြေအနေကို စစ်ဆေးကြည့်ရှုနေချိန်မှာ အလွန်ပင် စိတ်လှုပ်ရှားလို့နေလေတယ်။

10.6.2021

Thursday

_____


Thanks 🌹





Continue Reading

You'll Also Like

1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.3M 202K 108
Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre - Comedy, Drama, Romance, School Life, Sh...
934 69 3
" ရန္အာ ... မင္းရဲ့ က်င့္ႀကံမႈက ဘာအတြက္လဲ " " ဆရာ့ကို ကာကြယ္ဖို႔ပါ " ထိုစကားေၾကာင့္ ခနတိတ္ဆိတ္သြားၿပီး ခပ္ဖြဖြ ရယ္လာျခင္းေၾကာင့္ သူမစကားအား အေလးအနက္...
695K 72.6K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...