๐™ƒ๐™ž๐™จ ๐™ฃ๐™–๐™ข๐™š ๐™ž๐™จ ๐™…๐™š๐™ค๐™ฃ...
Door Iris_Choi
361K 33.6K 2.4K
- Can't help falling in love with you - This is the story of love between us. Jeon's Tae๐Ÿฏ๐Ÿฐ Start - 28/4/20... Meer
Prologue
(( 1 ))
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 )) - Final
Extra๐Ÿ’œ
Yeonbin ??
(( 10 ))
12.6K 1.3K 117
Door Iris_Choi
Unicode
ကောင်းကင်တစ်ခုလုံးအုံ့ဆိုင်းလာတာကြောင့် ဒါရိုက်တာSeokjinက ရိုက်ကွင်းကိုoutdoorကနေ Indoorသို့ပြောင်းရိုက်မည်ဆိုသဖြင့် ရိုက်ကူးရေးခဏနားနေရသည်။
မိုးရွာခါနီးအခြေအနေမလို့ မိုးသက်လေအေးတွေတိုက်ခတ်မှုကြောင့် ရာသီဥတုလေးကအေးစိမ့်စိမ့်။ Taeကနေမကောင်းတာကြောင့် ဒီနေ့ရိုက်ကွင်းမလာ။ ထို့ကြောင့်မိုးအေးအေးနှင့် Jungkookမှာချစ်သူလေးကိုအလွမ်းသယ်နေရသည်။
စိတ်ရှိတိုင်းသာဆို Taehyung condoသို့လိုက်သွားချင်ပေမဲ့Jin hyungကမသွားခိုင်း။မန်နေဂျာHyungကလည်း လိုက်မပို့။ ထို့ကြောင့်Jungkook မှာဒီနေ့အတွက်ရိုက်ကူးရေးမြန်မြန်ပြီးဖို့သာ တာဆူနေသည်။
"Cut!! အိုကေပြီ ... အဆင်ပြေတယ် အားလုံးဒီနေ့အတွက်တာဝန်ကျေကြပါတယ် ... ကဲကဲရိုက်ကွင်းသိမ်းမယ်ဟေ့"
ရိုက်ကွင်းနားတော့ညနေစောင်းစပြုနေလေပြီ။ SeokjinကJungkookနားသို့လျှောက်လာကာ
"မင်းအခုTaehyungဆီသွားမှာမလား?"
"Nae hyung"
"အင်း သူ့မန်နေဂျာကိုတော့ပြောထားပေမဲ့ ထပ်ပြီးသတိပေလိုက်အုံး မနက်ဖြန်မနက်ရှုတင်မစခင်Because of Jeon Taehyung series Exclusive Interviewရှိတယ်နော်"
"Nae ကျွန်တော်ပြောလိုက်ပါ့မယ်"
"အင်းပြီးတော့ အခုနောက်ပိုင်းအနေအထိုင်မင်းဂရုစိုက်အုံး အင်တာဗျူးတွေ series promotionsပွဲတွေအတွက်ရိုက်ကူးရေးတွေရှိလာရင် အနေအထိုင်နည်းနည်းဆင်ခြင်အုံးJungkook...မင်းလက်တွေ့မှာTaehyungဘယ်လောက်ထိချစ်လဲဆိုတာငါတို့သိတယ် အဓိကကမင်းတို့ကလောလောဆယ်On screen loverဆိုတာမမေ့နဲ့"
Jin hyungပြောတာတွေလဲ အမှန်တွေပင်မလို့Jungkookမှာခေါင်းငြိမ့်သက်ပြင်းချရုံသာတတ်နိုင်သည်။
Jinကတော့ Jungkookပုံစံကိုကြည့်ပြီးသဘောကျစွာရယ်သည်။ သတိမပေးလို့လဲမရ ဇာတ်ကားလွှင့်နေတိုင်းအပတ်တိုင်းမှာကို behind the sceneတွေထုတ်ပေးရရင်သူ့မှာရင်တထိတ်ထိတ်။
Behind the sceneတွေမှာဆိုလည်းJeon Jungkookကထိန်းမှမရပဲ။ Taehyungအနားပဲကပ်ပြီး လိုက်စလိုက်ကျီစယ်လိုက်နဲ့ တစ်ယောက်တည်းတကဲကဲဖြစ်နေတာမလို့ သူတို့မှာBTSတွေထုတ်ပေးရင် သေချာတည်းဖြတ်ပြီးမှထုတ်ပေးရသည်လေ။ ဒါတောင်Jungkookရဲ့skinship cutတွေဆိုဖြတ်လိုက်ရတဲ့အပိုင်းတွေအများကြီး။
မတော် seriesကထုတ်လွှင့်တာတောင်မပြီးသေး မင်းသားနှစ်ယောက်ကreal coupleလားဆိုပြီးပွတ်လောရိုက်လို့မဖြစ်။ နှစ်ယောက်စလုံးကကိုယ့်အနုပညာလမ်းကိုယ်စီမှာလျှောက်လှမ်းကြရအုံးမဲ့သူတွေ။
"မီဒီယာတွေကိုသတိထားနေJungkook အခုDispatchကမင်းနောက်လိုက်နေတယ်တဲ့...မင်းအေဂျင်စီကCEOကိုယ်တိုင်ပြောတာပဲ"
"ကျွတ်"
Jungkookစုတ်တချက်သပ်မိသည်။ သူအာရုံနောက်တာအဲ့တာတွေ။Debuteကတည်းက scandalတစ်ခါမှမထွက်ဖူးသေးတဲ့သူ့ကို အရမ်းတွေစိတ်ဝင်စားပြနေကြတာ။ သူComebackတစ်ခါလာတိုင်း အဲ့မီဒီယာအချို့ကမရှင်းမရှင်းတွေလုပ်နေကြ။ အခုလည်းseriesရိုက်နေတော့ တစ်ဇာတ်လမ်းလာထနေကြပြန်ပြီ။
"အရေးမပါတာတွေဗျာ ...တစ်ခါတည်းseriesပြီးမှ Taeလက်ကိုဆွဲကိုင်ပြီးတစ်လောကလုံးရှေ့မှာconfirmedပစ်အုံးမယ်"
အကြံဉာဏ်တွေ သတိတွေပေးနေတဲ့Seokjinမှာတော့ သူဒီလောက်သတိပေးနေတဲ့ကြားမှ Jungkookရဲ့စကားလဲကြားရော သွေးတွေစောင့်တက်သွားသလိုခေါင်းသာရမ်းပြနိုင်တော့သည်။
-
-
-
-
-
-
-
Taehyungရဲ့ကွန်ဒိုရောက်တော့ အခန်းဆီသို့တန်းတက်သွားလိုက်သည်။ အခန်းနံပါတ်ကလည်း seriesစရိုက်ကတည်းက Taeရဲ့မန်နေဂျာhyungဆီလှမ်းမေးထားပြီးသားမလို့ တကူးတကရှာစရာမလို။
ရိုက်ကွင်းတောင်မလာနိုင်ဘူးဆိုတော့ တော်တော်များနေမကောင်းဖြစ်နေရှာလားမသိ။ လက်ထဲကဝယ်လာသည့်ခရုဆန်ပြုတ်ပူပူနွေးနွေးလေးရယ် စတော်ဘယ်ရီသီးထုတ်လေးရယ်ကိုသေချာလေးဆွဲကိုင်ထားပြီး လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်သည်။
တံခါးကတော်တော်နှင့်ပွင့်မလာတာ။ နာရီကိုကြည့်တော့လဲ ညနေလေးနာရီခွဲကျော်လောက်ပဲရှိသေးတယ်ဆိုပေမဲ့ နေမကောင်းဖြစ်နေတော့အိပ်ပျော်များနေလေသလား။
'ချလောက်'
"ဟင် Jungkook ah?"
တံခါးဖွင့်ကာခေါင်းလေးသာထွက်လာသည့် Taeကသူ့ကိုတွေ့တော့အံ့ဩသွားနေပုံ။ မျက်နှာလေးကဖြူဖျော့ဖျော့နှင့် အသံတိုးတိုးလေးသာထွက်သည့်Taeဟာ အမှန်ပင်အားမရှိသည့်ပုံလေး။
သူလဲခပ်သွက်သွက်လေးတံခါးကိုဆွဲဖွင့်ကာ အိမ်ထဲဝင်လိုက်တော့ တံခါးအမြန်ပိတ်ပြီးသူ့နောက်သို့ယောင်ပေပေနဲ့လိုက်လာသည့်အိမ်ရှင်လေး။ အိမ်နေရင်းဘောင်ဘီရှည်လေးနဲ့ Oversized Hoodieအဖြူလေးနဲ့Taeဟာ ချစ်စရာကောင်းစွာဖြင့်အင်္ကျီထဲတွင်မြုပ်နေသည်။
ကွန်ဒိုကသူ့ကွန်ဒိုလောက်မကျယ်ပေမဲ့ ပစ္စည်းတွေသပ်သပ်ရပ်ရပ်နှင့် နေချင်စရာကောင်းလှသည်။
"Jungkook ah ဒီကိုဘယ်လိုရောက်လာတာလဲဟင်?"
အသံလေးတို့ဖျော့ဖျော့နဲ့ လူကလေတချက်တိုက်တာနဲ့လဲကျတော့မည့်ပုံ။
"Taeနေမကောင်းဘူးလို့မနက်ကဒါရိုက်တာကြီးပြောလို့လာကြည့်တာ... ဘယ်လိုဖြစ်တာလဲ?"
ပြောလဲပြော လက်ထဲကအထုတ်တွေကိုထမင်းစားခန့်ဟုယူဆရသည့်အခန်းထဲသို့ဝင်သွားကာထားလိုက်သည်။ ထို့နောက်တဖန်ဧည့်ခန်းထဲတွင် မတ်တပ်လေးဖြစ်နေဆဲTaehyungရဲ့နဖူးလေးကိုစမ်းကြည့်လိုက်တော့ အပူငွေ့တရှိန်းရှိန်းတက်နေသည်။
"မနေ့ညကအိပ်ခါနီးခေါင်းလျှော်မိသွားတာ အဟီး "
အိပ်ခါနီးကိုခေါင်းလျှော်သေးသည်တဲ့။ သူခပ်တည်တည်လေးစိုက်ကြည့်ပေးလိုက်တော့ မျက်နှာလေးငယ်ခနဲ။
"နဲနဲအအေးပတ်သွားရုံပါပဲ အရမ်းမဖျားပါဘူး"
သူ့ကိုပြောမှာစိုးလို့ အသံလေးကမတိုးမကျယ်လေးလှုပ်စိစိနဲ့ထွက်လာသေးသည်။ အရမ်းမဖျားဘူးသာပြောတာ အဖျားရှိန်ကြောင့်နှုတ်ခမ်းပါးဖျော့ဖျော့လေးတွေကတဆတ်ဆတ်တုန်နေပြီ။
"ဟင်း... ကိုယ်တွေဒီလောက်ပူနေတာကို ဒါကအရမ်းမဖျားတာလားTaeရဲ့ ညကြီးခေါင်းလျှော်လို့ဘယ်ဖြစ်မလဲ? အခုလိုတစ်ယောက်တည်းနေမကောင်းဖြစ်တော့ ဘယ်လိုလုပ်မလဲ?? ဆေးရောသောက်ပြီးပြီလား?"
အသံလေးနဲနဲမာသွားမိတော့ အသံကထွက်မလာတော့။ ခေါင်းလေသာခါပြသည်။
"အခုနေလို့မကောင်းဘူးမလား အခန်းထဲမှာသွားလှဲနေလိုက် ကျွန်တော်ဆန်ပြုတ်ထည့်ခဲ့မယ် ပြီးရင်တစ်ခါတည်းဆေးသောက်ရမယ်"
"ဆေးမသောက်ချင်ဘူး မနက်ကသောက်ထားတယ်"
"ဆေးကထပ်မသောက်လို့မရဘူးလေ ဒီလောက်ထိအဖျားတက်နေတာကို အခန်းထဲမှာသွားလှဲနေလိုက်"
သူပြောတော့ ပေကပ်ကပ်နှင့်ရပ်နေပြန်သည့်Tae။ ပုလဲလုံးတွေကလဲမျက်ဝန်းထဲတလက်လက်ဖြစ်လာသည်။ Kim Taehyungတို့သူ့အားနည်းချက်မျက်ရည်လက်နက်ကြီးနဲ့ လူကိုသတ်တော့မယ်။ လှုပ်စိလှုပ်စိနဲ့တစ်ခုပြန်ပြောဖို့ပြင်နေသည်မလို့ အသဲယားစွာစောင့်ကြည့်နေလိုက်သည်။
"ဆေးမသောက်ပါဘူးဆို မင်းကဘာလို့လာအော်နေတာလဲ အင့်"
မျက်ခမ်းစပ်လေးတွေရဲကာ သူ့အားပြန်ပြောနေပုံလေးကလုံးဝချစ်စရာကောင်းနေသည်မလို့နှုတ်ခမ်းပင်ကိုက်မိသည်အထိ။ ထိုအကိုပေါက်စလေးရဲ့ဆွဲအားကမသေးလှ။ ဒါလားသူ့ထက်အကြီး။
"မအော်မိပါဘူးTaeရဲ့ ကျွန်တော်ကTaeကိုစိတ်ပူလို့ပြောတာပါ"
မျက်ခမ်းစပ်ကကျလုဆဲဆဲ မျက်ရည်လေးတွေကိုခပ်ဖွဖွပွတ်သုပ်ပေးမိတော့အတင်းတွေရုန်းနေပြန်သည်။ နေမကောင်းတော့လဲ အဖျားရှိန်ကြောင့်ဂျီကျနေပြန်သည့်အကိုပေါက်စလေး။
"ကဲ နေကောင်းတာလဲမဟုတ်ပဲနဲ့မငိုနဲ့လေTaeရဲ့ ခေါင်းပါကိုက်လာလိမ့်မယ်"
"ကိုက်ပါစေ ပြန်ကိုက်လိုက်မယ်"
"ဟောဗျာ"
ဒီလိုမဟုတ်ကဟုတ်ကလဲ ပြန်ရန်တွေ့တတ်တာပဲလား။ ချစ်စရာကောင်းလိုက်တာ ပုံစံအမျိုးမျိုးနဲ့ပြုစားနေသည့်ဒီKim Taehyungနဲ့တော့ကြာရင် အချစ်ရောဂါကျွမ်းပြီးသေတော့မယ်။
"မင်းပြောတော့မင်းကိုဆိုးလို့ရတယ်ဆို ဘာလို့ငါ့ကိုမျက်နှာတည်ကြီးနဲ့လာအော်နေတာလဲ?"
'ကြည့် ကြည့် စိတ်ပူပြီးလေသံမာနဲ့ပြောမိတာလေးကတစ်ခွန်းတည်းပါ အခုတော့သူ့မှာအော်တယ်ဆိုပြီးရန်တွေ့ခံနေရတာမပြီးတော့'
"ကျွန်တော်ကပဲတောင်းပန်ပါတယ်ဗျာ ဟုတ်ပြီလား Taeကညကြီးရေချိုးပြီဖျားတယ်ပြောတော့စိတ်ပူသွားတာပေါ့... အခုနေမကောင်းဖြစ်တော့Taeပဲခံစားနေရတာမဟုတ်လား လိမ္မာတယ်နော်မငိုနဲ့တော့ခေါင်းကိုက်လိမ့်မယ်"
ပုခုံးလေးကိုသေချာကိုင်ကာ မျက်ရည်စလေးတွေသုတ်ပေးတော့ငြိမ်ငြိမ်လေး ဘာမှပြန်မပြောတော့။
အခန်းထဲသို့ခေါ်သွားတော့လဲမငြင်းတော့ပဲလိုက်လာသည်။ အိပ်ယာပေါ်လှဲစေလိုက်ပြီး စောင်လေးပါသေချာဆွဲခြုံပေးလိုက်တော့ မျက်ခွံလေးတွေမှိတ်ကာချက်ချင်းမှိန်းနေသည့်ကျားပေါက်လေး။ စောစောကမာန်မဲနေတာသူမဟုတ်သည့်အတိုင်း။
ဆန်ပြုတ်တိုက်ပြီး ဆေးတိုက်တော့အစကမသောက်။ ဝယ်လာသည့်စတော်ဘယ်ရီတွေပြန်ယူသွားမယ်ဆိုမှပဲ ဆေးသောက်တော့သည်။ တကယ့်Baby Hyungလေး။ သူတစ်ယောက်တည်းပြုစုယုယပေးမဲ့Babyလေး။
ဆေးသောက်ပြီးပြန်မှိန်းနေသည့်Taeကို နဖူးလေးတွေပေါ်ရေပတ်ဝတ်လေးတင်ပေးရသေးသည်။ အဖျားကတငွေ့ငွေ့နဲ့အရမ်းတက်နေတာ အခုထိမကျသေး။ ထိုစဉ်အိမ်ရှေ့ကလူခေါ်ဘဲလ်သံကြောင့် ထသွားမလို့ပြင်လိုက်ပေမဲ့ သူ့လက်ကိုဆွဲလာသည့်လက်နွေးနွေးလေးတွေကြောင့် ပြန်ထိုင်လိုက်ရသည်။
"အဟင့် ချမ်းတယ်Jungkook... မသွားပါနဲ့"
​မျက်လုံးတွေကပွင့်မလာ။ အဖျားကလဲအရမ်းတက်နေသည်။ ချမ်းနေသည်ဆိုတာကြောင့်သူ့မှာဗီဒိုထဲမှစောင်တွေရှာကာ ထပ်ထုတ်ပြီးခြုံပေးရသေးသည်။
'ကျွီ'
"အော် Jungkook siiရောက်နေတာပဲ"
အခန်းထဲဝင်လာသည့်Taeရဲ့မန်နေဂျာhyung။ ဒါဆိုစောစောကလူခေါ်ဘဲလ်ကမန်နေဂျာအကိုဖြစ်မည်။ သူ့ကိုတွေ့တော့အံ့ဩသွားဟန်။ သူရောက်မည်လို့မထင်ထားတာကြောင့်ဖြစ်ပါလိမ့်မည်။ ဝင်လာသူကမန်နေဂျာဟန်တစ်ယောက်တည်းမဟုတ်။ နောက်ကနေ ဆရာဝန်ပါပါလာသည်။
"Taeလေးကမနက်ကတည်းကဖျားနေတာလေ ဆေးတိုက်ထားပေမဲ့စိတ်ချရအောင်ညနေကျမှဆရာဝန်နဲ့ထပ်ပြမယ်ဆိုပြီးဆရာဝန်ပင့်ခဲ့တာ... ထင်တဲ့အတိုင်းပဲအဖျားပြန်တက်နေတာပဲ Jungkook siiကဒီကိုဘယ်လိုလုပ်?"
"အာ ဒါရိုက်တာကြီးဆီကနေTaeနေမကောင်းဘူးဆိုလို့သတင်းလာမေးတာပါ..."
"အာ အဲ့လိုကိုး ... Hyungလဲတစ်နေကုန်ကုမ္ပဏီကခေါ်နေတော့အခုမှလာနိုင်တာ ဒါတောင်မနက်ဖြန်scheduleအတွက်CEOကခေါ်ထားသေးတာကို ...Taeကဖျားနေတော့ဘယ်လိုလုပ်ရပါ့ "
"ရပါတယ်Hyung ကျွန်တော်စောင့်ပေးမှာမလို့Hyungသွားစရာရှိတာသွားပါ ... စိတ်မပူပါနဲ့"
မန်နေဂျာဟန်မျက်လုံးတွေလက်ခနဲ။ သူပြောလိုက်ရင်Jungkookစောင့်ပေးမယ်မှန်းသူသိသည်။ တကယ်လဲသူမအား။ Taeလေးကိုစိတ်ပူပေမဲ့ Jungkookနဲ့ဆိုတော့စိတ်မချစရာအကြောင်းမရှိ။ ဟိုကတစ်ဘဝလုံးစာအတွက်ကို စောင့်ရှောက်ပြပါလိမ့်မယ်လေ။
"အဲ့လိုလုပ်ပေးမလားJungkook sii... အားနာပေမဲ့အကူအညီတောင်းပါတယ်"
ဆရာဝန်ကလည်းဆေးထိုးပေးပြီး မန်နေဂျာဟန်နဲ့အတူပြန်သွားကြလေပြီ။ အချိန်အားဖြင့်ညရှစ်နာရီကျော်ကျော်။
သူ့မန်နေဂျာHyungဆီဖုန်းဆက်ပြီး ကွန်ဒိုမပြန်တော့သည့်အကြောင်းလှမ်းပြောတော့ ဖုန်းထဲကနေအငေါက်ခံလိုက်သေးသည်။
ချစ်သူကဖျားနေတာကိုတစ်ယောက်တည်းထားခဲ့ရက်မလား။ တကယ်ပဲလူပျိုကြီးတွေ နားမလည်ပေးကြဘူး။ နှလုံးသားမရှိကြဘူး ပွားဖို့ပဲသိကြတယ်။ အဲ့ဒီထဲမှာ သူ့အစ်ကိုKim Seokjinကထိပ်ဆုံးက။ သူတို့မှာချစ်သူမရှိတိုင်း မစာမနာတွေ။
Taeနဲ့ချစ်သူတွေဖြစ်မှ သူတို့ရှေ့မှာအကြင်နာတွေပေးပြီးနှိမ်ပြအုံးမယ်။
ညစာလည်းစားချင်စိတ်မရှိတော့။ Taeရဲ့ကုတင်ဘေးနားလေးမှာထိုင်စောင့်ရင်း မနက်ဖြန်အတွက်ဇာတ်ညွှန်းတွေကြိုဖတ်နေလိုက်သည်။
"အင်း...ဟင်း.."
အဖျားရှိန်ကြောင့်ညည်းနေသည့်Taeကြောင့် နဖူးလေးတွေကိုစမ်းကြည့်လိုက်သည်။ ကိုယ်ပူကတဖြည်းဖြည်းတော့ကျလာပြီ။ ချမ်းနေတုန်းပဲထင်သည်။
"Tae... ချမ်းနေသေးလို့လား?? "
သူနည်းနည်းလောက်လှုပ်နိုးကာမေးလိုက်တော့ အင်းဆိုပြီးပြနိအိပ်ပျော်သွားသည်။ မထူးတော့။ သူပါTaeရဲ့စောင်ထဲကိုဝင်လိုက်ရင်းTaeဘေးနားမှာဝင်လှဲလိုက်သည်။
အဖျားသွေးကြောင့်ချမ်းတုန်နေသည့် ခန္ဓာကိုယ်လေးကိုသူ့ဖက်သို့ဆွဲကာဖက်လိုက်တော့ သူ့ရင်ခွင်ထဲသို့ပိုဝင်လာသည့်ခန္ဓာကိုယ်ငယ်လေးထွေးပွေ့ထားလိုက်သည်။ နွေးထွေးပါစေချစ်သူ...
"အင် Ju..Jungkook.. အဖျားကူးလိမ့်မယ်"တဲ့ ရင်ခွင်ထဲကခပ်တိုးတိုးထွက်လာသည့်အသံလေး။ သူ့ကိုစိတ်ပူနေသေးသည်တဲ့။
"မကူးပါဘူး အခုရောချမ်းသေးလား?"
သူမေးလိုက်တော့ ရင်ခွင်ထဲကနေခေါင်းလေးခါပြသည်။ ဒါတောင်သူ့ကိုကူးမှာစိုးလို့ရုန်းထွက်ချင်နေသေးသည်။
"ငြိမ်ငြိမ်နေ စကားနားမထောင်ရင်နမ်းမှာနော်"
သူပြောလိုက်တော့မှ တိခနဲငြိမ်ကျပြီးရင်ခွင်ခေါင်းလေးပြန်ဝင်လာသည့်အစ်ကိုပေါက်စလေး။ ရင်ခွင်ထဲကခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက်ရင်းသူပါအိပ်စက်ခြင်းဆီသို့...
ချစ်ရသူကိုရင်ခွင်လေးထဲထည့်ထားပြီးအိပ်စက်ရသည့်ညလောက် အိမ်မက်တွေလှနိုင်မည်မဟုတ်တော့။
အရမ်းချစ်တယ် Jeon Taehyung...
-
-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
  Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N : သတိထားမိကြလားမသိပေမဲ့ Iris ficတွေအကုန်မိန်းကလေးကိစ္စနဲ့မုန်တိုင်းတွေဒရာမာတွေမပါဖူးသေးဘူးနော်👀
ဒါလေးကတော့ အဟွန်းဟွန်း🌚 ဆွိထားကြပါလို့။
-
-
-
-
-
-
Zawgyi
"Nae hyung"
"ကျွတ်"
-
-
-
-
-
-
-
'ချလောက်'
"ဟင် Jungkook ah?"
"ဟင်း... ကိုယ်တွေဒီလောကျပူနတောကို ဒါကအရမ်းမဖျားတာလားTaeရဲ့ ညကြီးခေါင်းလျှော်လို့ဘယ်ဖြစ်မလဲ? အခုလိုတစ်ယောက်တည်းနေမကောင်းဖြစ်တော့ ဘယ်လိုလုပ်မလဲ?? ဆေးရောသောက်ပြီးပြီလား?"
"ဟောဗျာ"
'ကျွီ'
"အာ အဲ့လိုကိုး ... Hyungလဲတစ်နေကုန်ကုမ္ပဏီကခေါ်နေတော့အခုမှလာနိုင်တာဒါတောင်မနက်ဖြန်scheduleတွက် CEOကခေါ်ထားသေးတာကို ...Taeကဖျားနေတော့ဘယ်လိုလုပ်ရပါ့ "
"အင်း...ဟင်း.."
-
-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
  Jeon_To_Tae||
Ga verder met lezen
Dit interesseert je vast
79.4K 8.6K 19
A Story about Ice City. Taehyung x Jungkook Yoongi x Jimin Namjoon x Seokjin Hope x OC
891K 20.3K 48
In wich a one night stand turns out to be a lot more than that.
88K 4.9K 12
Jeon Jungkook ร— Kim Taehyung TAEKOOK๐Ÿ’™ Cover by Paing {Zawgyi + unicode }
6.4K 324 6
Please Love Me ( Taekook AU Translation ) โ™ก Art and Story By - @97_vk_95 โ™ก โ™ก Translate By - @Lilac_Jeon_Kim โ™ก โ–ช๏ธŽ Fully Credit to Owner โ–ช๏ธŽ I don't own...