No Trip Way Back✔
By wooxie_k
31.3K 3.5K 724
No one can survive, Who can escape? Horror Fanfiction MY OWN CREATION // DON'T COPY// BOTH UNICODE & ZAWGYI✅ More
Intro
PART-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
ဖြစ်ရပ်တစ်ခု-2
PART-14( Final)
ဖြစ်ရပ်တစ်ခု
873 87 38
By wooxie_k
Unicode
Hi
ဟီးဟီး သာသာဒါလေးကတော့တကယ်ခြောက်ခံရဘူးတဲ့အကြောင်းပြောပြမှာပါ။ သာသာခြောက်ခံရတာတော့မဟုတ်ဘူး။သာသာရဲ့အမေခြောက်ခံရတာ။
ဒီလိုပေါ့
•••
သာသာ4နှစ်အရွယ်လောက်တုန်းသာသာရဲ့ညီမလေးမွေးတယ်။ အမေကဆေးရုံမှာအိပ်တာပေါ့ဆင်းလို့မရသေးတော့လေ။ အမေကသူနာပြာအငှားကိုခေါ်တယ်ပိုက်ဆံပေးရတာပေါ့။ 24hours လုံးသူတို့ကအနားမှာစောင့်ပေးရမှာကွာ။ But အမေကပြောတယ်။ " သူတို့လည်းလူပဲလေ။ ပက်ပန်းမှာပေါ့ " ဆိုပြီး ည9နာရီလောက်ဆိုပြန်ခိုင်းလိုက်ပြီ။ မနက်7နာရီမှပြန်လာခိုင်းတယ်။ အဖေကမနက်ပိုင်းဆိုလာကြည့်တယ်။ သာသာကတော့အဒေါ်အိမ်မှာနေတာအဲ့တုန်းက။
အမေကသွက်"လက်"နဲ့လုပ်ရတာကြိုက်တယ်။ ပြီးတော့လည်းဇွဲရှိတယ်။ လုံ့လထားတယ်။ ဝီရိယရှိတယ်။ မနက်ပိုင်း 6ခွဲကျော်ဆိုသန့်စင်ခန်းကလူများလာပြီလေ။ ရေလာချိုးတဲ့လူနဲ့။ အနှီးလာလျှော်တဲ့လူနဲ့ဆိုတော့ နေရာရဖို့ကစောင့်ရတာကြာတယ်။ အာ့ကြောင့်အမေကမနက်ဆို6နာရီမထိုးခင်ထပြီးသန့်စင်ခန်းသွားလေ့ရှိတယ်။
ဘေးကုတင်ကလူနာစောင့်တဲ့အဘွားတျောက်ကပြောတယ်။ " သမီး။ သန့်စင်ခန်းတွေသွားရင်တျောက်ထဲမသွားနဲ့။ အဘွားကိုခေါ်။ မဟုတ်ရင်အဖော်ခေါ်သွား "
ဆိုပြီးခဏခဏသတိပေးတယ်။ သာသာ့အမေကအားနာတော့တျောက်ထဲပဲသွားတယ်။
•••
သုံးရက်မြောက်နေ့
အချိန်အားဖြင့်မနက် 5:45Am~~~
အမေအိပ်ယာကနိုးလာပြီး ခါတိုင်းလိုသန့်စင်ခန်းသွားဖို့ပြင်တယ်။ လူနာဆောင်ကနေထွက်ပြီး အဆောင် 4 ကိုဖြတ်တော့နောက်နေလူတျောက် အတိအကျဆို အင်္ကျီအဖြူနဲ့အမျိုးသမီးတစ်ဦး။ သူမကတော့လည်းကလေးမီးဖွားထားတယ်ထင်တယ်။ ဗိုက်ဖုံးအင်္ကျီကိုဝတ်ဆင်ထားတယ်။ အမေကတွေးမိလိုက်တယ်။ အဖော်ရသားပဲ။ ဆိုပြီးတော့အမေကအရှေ့ကဦးဆောင်ကသန့်စင်ခန်းရှိရာကိုလာခဲ့တယ်။ ထိုအမျိုးသမီးလည်းအနောက်ကနေလိုက်လာခဲ့တယ်။
သန့်စင်ခန်းရောက်တော့ဦးဦးဖျားဖျား အိမ်သာထဲဝင်ပြီးအလေးသွားလိုက်သေးတယ်။ နောက်တော့ကိစ္စပြီးပြတ်သွားတော့အပြင်ကိုပြန်ထွက်လာခဲ့တယ်။ အမျိုးသမီးကတော့ရေချိုးတဲ့ရေစင်ဗုံးနားမှာရပ်နေတယ်။ အမေလည်းမျက်နှာသစ်၊သွားတိုက်ပြီးတော့ ရေဆွဲခပ်တယ်။ အနှီးလျှော်ဖို့အတွက်သာ။
" ဘယ်အဆောင်ကလဲမသိဘူး? ဆေးရုံရောက်တာဘယ်နှရက်ရှိပြီလဲ? ဘာလေးမွေးတာလဲ? "
အမေကစကားစလိုက်တယ်။ အမေ့ရဲ့အကျင့်က သာသာတို့ဆိုရင် ဥပမာပေါ့ကွာ- စာရေးနေရင်းနဲ့တျောက်ယောက်ကစကားလာပြောရင်ရေးနေတာကိုရပ်လိုက်ပြီးထိုလူနဲ့မျက်နှာချင်းဆိုင်စကားပြောလိုက်ရမှကျေနပ်တာလေ။ ဟုတ်တယ်မလား? အမေကတော့အဲ့လိုမဟုတ်ဘူး။ စကားလည်းပြောအလုပ်လည်းလုပ်။ ဗေဇင်ကနေရေတွေခပ်လိုက်အောက်ကဗုံးထဲရေဖြည့်လိုက်နဒ့အမေကအလုပ်ရှုပ်နေတယ်။
အမေမေးတဲ့မေးခွန်းကိုထိုအမျိုးသမီးကပြန်မဖြေဘူး။ အာ့တာနဲ့အမေလည်းဆက်မပေးပဲအနှီးလျှော်​တေယ်။ တစ်ထည်လျှော်လို့ပြီးသွားခဲ့ပြီ။ ထိုအမျိုးသမီးကအမေ့နောက်တွင်ရပ်နေတုန်း။ အမေလည်းမတ်တပ်ရပ်ကာရေထပ်ဆွဲတယ်။
" ဘာလုပ်နေတာလဲ? "
ဆိုပြီးမေးလိုက်တော့လည်းပြန်မဖြေ။ အာ့ကြောင့်အမေလည်းသူ့အရှေ့ကမှန်ထဲကိုမျက်စိကရောက်သွားမိတော့မှန်ထဲပေါ်နေတဲ့ အမေ့ရုပ်ပုံသာ။
POV
မဟုတ်သေးပါဘူး။ အနောက်မှာအမျိုးသမီးတျောက်ရှိပါတယ်။ ဘာလို့လဲ? ပြန်သွားတာလား? အိမ်သာထဲဝင်သွားတာလား?
အမေလည်းနောက်ကိုပြန်ကြည့်တော့ ကျောလယ်လောက်ရှိတဲ့ဆံပင်ကဘေးခွဲထားကာအရှေ့ကိုကျနေတယ်။ ခေါင်းကတော့အောက်ကိုငုံ့နေလျက်။
POV
ရှိပါတယ်။
နောက်တစ်ခါမယုံသင်္ကါနဲ့နောက်ပြန်လှည့်ကြည့်တော့အမျိုးသမီးကထိုနေရာမှာတင်သာရပ်နေလျက်။ အဲ့တော့မှအမေလည်းအခြေအနေကိုသဘောပေါက်ပြီး ခွက်ဆွဲပြီးပြေးထွက်လာခဲ့တယ်။
ကုတင်ပေါ်ရောက်တော့ကြောက်စိတ်ကြောင့်နှလုံးခုန်သံကမြန်ဆန်လျက်။ ဘေးကုတင်မှာကလေးအနှီးခေါက်နေတဲ့အဘွားအခြေအနေကိုသဘောပေါက်လျက်
" တွေ့ခဲ့ပြီထင်တယ် " တဲ့လေ။
•••
သာသာ့အမေခြောက်ခံရတာကမှန်ထဲမှာထိုအမျိုးသမီးပုံမပေါ်မှခြောက်ခံရမှန်းသိတာ။ ဒီကြားထဲအမေကအိမ်သာလည်းတက်ပြီးခဲ့ပြီ။ မျက်နှာသစ်၊သွားလည်းတိုက်ပြီးခဲ့ပြီ။ ကလေးအနှီးတောင်တစ်ထည်လျှော်ခဲ့ပြီးပြီ။ နောက်မှ ထိုအမျိုးသမီးကသရဲမှန်းသိလို့ပြေးလာတာ။ အားလုံးနီးပါးတောင်လုပ်ပြီးခဲ့ပြီးမှသရဲခြောက်ခံရမှန်းသိတဲ့သာသာ့အမေအဖြစ်ရယ်ပါ။ သာသာ သာဆိုရင်လေ အနောက်နေဘာစကားမှမပြောပဲလိုက်လာနေကတည်းကအလိုလိုကြောက်စိတ်ဝင်ပြီး ပြန်ပြေးလာမယ်ထင်တယ်။ 😆😆
•••
ဒါလေးကတော့ဗဟုသုတလေးအဖြစ်ရမယ်လို့ထင်ပါတယ်။ နာနာဘဝတွေကတကယ်ရှိတယ်။ မင်းတို့တွေရဲ့ပတ်ဝန်းကျင်မှာသူတို့ကလျှောက်သွားနေတာပါ။ တကယ်လို့မင်းတို့တွေသာ မတော်တဆတွေ့ခဲ့ရင် မေတ္တာပို့ပေးလိုက်ကြပါ။
______________________________________
Zawgyi
Hi
ဒီလိုပေါ့
သုံးရက်မြောက်နေ့
" ဘာလုပ်နေတာလဲ? "
POV
POV
ရှိပါတယ်။
______________________________________
Continue Reading
You'll Also Like
125K 13.5K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
37.4K 1.8K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
27.6K 2.8K 21
အဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All...
934K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...