ငါတို့တစ်မိသားစုလုံးက ဗီလိန်...

بواسطة Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... المزيد

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 56

10.8K 1.7K 26
بواسطة Kay_Wine

MWFV Ch 56

Thank You, Boss!

Zawgyi Version

စုေပတစ္‌ေယာက္ ရႈမိသားစု ညီအစ္ကိုမ်ားႏွင့္ ဖိုင္နယ္ပြဲစဥ္အတြက္ ျပင္ဆင္ျခင္းအေၾကာင္းအရာမ်ားကို ေဆြးေႏြးၿပီးေနာက္ လင္းေရွာက္ခ်ီထံမွ ဝင္ထားတဲ့ message တစ္ေစာင္ကို သူမ သတိထားမိလိုက္တယ္။

[Q] : ေဆာရီး, ငါအခုမွေတြ႕မိလို႔။

တစ္ဖက္မွ message ကို စကၠန႔္ပိုင္းအတြင္း reply ျပန္လာခဲ့တယ္။

[လင္းေရွာက္ခ်ီ] : အလုပ္မ်ားေနလို႔လား?

[Q] : ခုေလးတင္ ငါ့အသင္းေဖာ္ေတြနဲ႔ ၿပိဳင္ပြဲအေၾကာင္း ေဆြးေႏြးေနတာေလ။

[Q] : ျပင္ဆင္တာေတြေရာ ဘယ္လိုေနလဲ?

စုေပကၿပဳံးလိုက္တယ္။

[Q] : မဆိုးပါဘူး။

ဖိုင္နယ္ပြဲစဥ္ကို B ၿမိဳ႕တြင္ က်င္းပမွာျဖစ္တဲ့အျပင္ ပြဲက်င္းပမည့္ အစီအစဥ္ကိုလည္း စေန၊ တနဂၤ‌ေႏြ အားလပ္ရက္မ်ား၌သာ က်င္းပရန္ ေျပာင္းလဲခဲ့တာျဖစ္တယ္။ ဒီအရာက အခု‌အခ်ိန္မွာ အလုပ္အလြန္မ်ား‌ေနတဲ့ စုေပအတြက္ေတာ့ က်ိန္းေသေပါက္ သတင္းေကာင္းတစ္ခုျဖစ္တယ္။ ဒီလိုလုပ္လိုက္တာက သူမကို အခ်ိန္မ်ားမ်ားစားစား ရသြားေစတယ္ေလ။

[Q] : တစ္ခုခုျဖစ္လို႔လား?

[လင္းေရွာက္ခ်ီ] : သတင္းေကာင္းပါ။

[Q] : ဟင္?

[လင္းေရွာက္ခ်ီ] : ေနာက္လကစၿပီး မင္းလစာ ႏွစ္ဆျဖစ္ေတာ့မွာ။

စုေပရဲ႕မ်က္ဝန္း‌ေတြ ေတာက္ပသြား႐ုံသာမက အံ့လည္းအံ့ဩသြားခဲ့တယ္ : သူမ လစာတိုးေတာ့မွာလား?

[Q] : ဘာလို႔လဲ?

ဒီလို ႐ုတ္တရက္ တိုးတာႀကီးက စုေပကို နည္းနည္း စိတ္ရႈပ္သြားေစခဲ့တယ္။

[လင္းေရွာက္ခ်ီ] : ကုမၸဏီအတြက္ မင္းယူေဆာင္ေပးခဲ့တဲ့ တန္ဖိုးက လစာျမင့္ျမင့္နဲ႔ ထိုက္တန္လို႔ေပါ့။

[လင္းေရွာက္ခ်ီ] : ဒါေပမယ့္ မင္းကို လစာတိုးေပးဖို႔ ကမ္းလွမ္းခဲ့တဲ့သူက ငါမဟုတ္ဘူး။ သူက ခ်င္ Group ရဲ႕ ဥကၠဌပါ။

လင္းေရွာက္ခ်ီ ဒီေန႔ Mr.ခ်င္နဲ႔ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာေတြထဲက တစ္ခုကေတာ့ [Q] ရဲ႕လစာနဲ႔ပတ္သတ္တဲ့ ေဆြးေႏြးမႈပင္ျဖစ္တယ္။ Mr.ခ်င္၏ မူရင္းစကားမ်ားကေတာ့ : ခ်င္ Group က NST ကုမၸဏီ၏ ရွယ္ယာ ၅၁% ကိုပိုင္ဆိုင္ထားတာေၾကာင့္ [Q] ရဲ႕လစာတစ္ဝက္ကို ခ်င္ Group ဖက္မွလည္း ေပးအပ္ရမွာျဖစ္တယ္။ ဒါ့အျပင္, လင္း Group မွ [Q] အား ေပးထားေသာ လစာကို မေျပာင္းလဲဘဲ ထိုအတိုင္း ထားရွိရမွာျဖစ္ကာ ခ်င္ Group မွ တူညီေသာပမာဏအတိုင္း ထပ္ေဆာင္းလစာကို သပ္သပ္ေပးအပ္သြားမယ့္အေၾကာင္းကို Mr.ခ်င္က အလြန္တရာ ရက္‌ေရာစြာ ေျပာၾကားခဲ့တယ္။

လင္းေရွာက္ခ်ီက Mr.ခ်င္နဲ႔ စုေပတို႔ၾကားရွိ ေတာ္စပ္မႈႏွင့္ ပတ္သတ္ၿပီး အေမွာင္ထဲမွာသာ ရွိေနဆဲျဖစ္တယ္။ ဒါေပါ့, Mr.ခ်င္က သူ႔သမီးေလးကို ဟန္ေဆာင္ဖုံးကြယ္ၿပီး‌ေတာ့ မုန႔္ဖိုးေပးလိုက္တယ္ဆိုတာကို သူ လုံးဝ မသိဘူးေလ။ Mr.ခ်င္က [Q] နဲ႔ တိုက္႐ိုက္ဆက္သြယ္မႈ လုပ္ၿပီးသြားတဲ့ေနာက္ သူမရဲ႕အရည္အခ်င္းနဲ႔ လုပ္ေဆာင္ခ်က္အေပၚ ပိုပိုသေဘာက်လာတာေၾကာင့္ပဲလို႔ သူ ခပ္႐ိုး႐ိုးသာ ေတြးလိုက္ေတာ့တယ္။

လင္းေရွာက္ခ်ီက အက်ိဳးနဲ႔ အေၾကာင္းေတြကို မသိေပမယ့္ စုေပကေတာ့ ရွင္းရွင္းလင္းလင္းႀကီးကို သိေနခဲ့တယ္။

[လင္းေရွာက္ခ်ီ] : ဥကၠဌ ခ်င္ကို ေက်းဇူးတင္တဲ့အ‌ေၾကာင္း မင္းကိုယ္စား ငါေျပာေပး‌ရမလား?

[Q] : မေျပာနဲ႔။

သူမက ခ်င္ေရွာက္ကို ေက်းဇူးတင္တဲ့အေၾကာင္း ကိုယ္တိုင္ကိုယ္က် ေျပာခ်င္တာေလ။

...

Mr.ခ်င္အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ ပထမထပ္မွာ မီးလင္းေနဆဲပဲျဖစ္တယ္။ သူက စုေပတစ္‌ေယာက္ ဆိုဖာေပၚမွာ ထိုင္ၿပီး ေတာက္ပတဲ့မ်က္ဝန္းေတြနဲ႔ သူ႔ကိုၾကည့္‌ေနတာကို ျမင္လိုက္ရ‌တာေၾကာင့္ အံ့အားသင့္သြားခဲ့တယ္။

သူ အလုပ္ကေန အိမ္ျပန္ေရာက္ေရာက္ခ်င္း သူ႔ကေလးက သူ႔ကို ေစာင့္ေနတာကို ေတြ႕လိုက္ရတယ္။ အဲဒါက သူ႔ဘဝသက္တမ္း အႏွစ္ ၃၀ ေက်ာ္ ကာလအတြင္း Mr.ခ်င္ တစ္ခါမွ မေတြ႕ႀကဳံခဲ့ဖူးတဲ့ တစ္စုံတစ္ရာပင္ျဖစ္တယ္။ ေနာက္ၿပီး ဒီအရာက သူ႔ႏွလုံးသားကို ေႏြးေထြးသြားေစတဲ့ ဤကဲ့သို႔ေသာ ၾကည္ႏူးဖြယ္ရာ ခံစားခ်က္တစ္ခု ျဖစ္တယ္။

သို႔ေသာ္, ခဏအၾကာမွာေတာ့, Mr.ခ်င္ရဲ႕အမူအရာက တင္းမာလာခဲ့တယ္ : “ဒီေလာက္‌ေနာက္က်ေနၿပီကို။ ဘာလို႔ ခုထိ အိပ္ယာမဝင္ရေသးတာလဲ?”

Mr.ခ်င္ရဲ႕ တင္းမာတဲ့မ်က္ႏွာထားနဲ႔ ရင္ဆိုင္ေတြ႕ေနရေပမယ့္လည္း စုေပက အေၾကာက္အလန႔္ မရွိတဲ့အျပင္ ခ်င္ေရွာက္အား အၿပဳံးတစ္ခုၿပဳံးျပရင္း သူမေခါင္းကို ခါယမ္းေနဆဲပဲျဖစ္တယ္။ သူမက ဆိုဖာေပၚမွ ခုန္ဆင္းလိုက္ၿပီးေနာက္ သူ႔ဖခင္၏ အေရွ႕တည့္တည့္မွာ ရပ္တန႔္ျခင္းမျပဳခင္ ေျခလွမ္းအနည္းငယ္‌ေလာက္ အေျပးအလႊားသြားခဲ့တယ္။

“ေဖေဖ, သမီး ဒါေလးယူသြားေပးမယ္ေနာ္” စုေပက Mr.ခ်င္ အခုေလးတင္ ခြၽတ္လိုက္တဲ့ ကုတ္အက်ႌကို လက္ညႇိဳးထိုးျပလိုက္တယ္။

Mr.ခ်င္တစ္‌ေယာက္ အံ့အားသင့္သြားခဲ့တယ္။ ၾကမ္းျပင္ေပၚမွာ သပ္သပ္ရပ္ရပ္ထားထားတဲ့ အိမ္တြင္းစီးဖိနပ္ေတြကို တစ္ခ်က္ၾကည့္လိုက္ရင္း သူ႔မ်က္ခုံးေတြ အနည္းငယ္ တြန႔္ခ်ိဳးသြားခဲ့ေတာ့တယ္--ဒီေန႔ည သူ႔ကို ျပဳမႈဆက္ဆံေနတဲ့ပုံကို ၾကည့္ရတာ နည္းနည္း ‘ဇိမ္ခံ’ ရမယ့္ပုံပဲ?

ဒီေန႔ သူ႔ရဲ႕ ‘ခ်ည္ထည္ဂ်က္ကတ္ေလး’ က ဘာလို႔ ထူးထူးျခားျခား ေႏြးေထြးပ်ဴငွာေနတယ္လို႔ သူခံစားေနရတာပါလိမ့္?

[T/N : little cotton-padded jacket (ခ်ည္ထည္ဂ်က္ကတ္ေလး) ဆိုတာက သမီးျဖစ္သူကို ရည္ၫႊန္းခ်င္တာပါ။ သမီးေတြက သူတို႔မိဘေတြရဲ႕ ခ်ည္ထည္ဂ်က္ကတ္ေတြျဖစ္ကာ ေႏြးေထြးၿပီး ရင္းႏွီးကြၽမ္းဝင္မႈရွိတယ္ဆိုတဲ့ ဆို႐ိုးစကားရွိပါတယ္]

စုေပထံ ကုတ္အက်ႌကို လွမ္းေပးလိုက္ၿပီးေနာက္ Mr.ခ်င္က သူ႔အၿပဳံးေတြကိုထိန္းၿပီး ေမးလိုက္တယ္ : “ေျပာစရာရွိလို႔လား?” ခဏၾကာၿပီးေနာက္, သူထပ္ေျပာလိုက္တာက : “ဒါမွမဟုတ္, သမီး တစ္ခုခုလိုခ်င္လို႔လား?”

အခုခ်ိန္မွာ, ခ်င္ေရွာက္က စုေပ ဘာ‌ေတြပဲ ေတာင္းဆိုေတာင္းဆို အဲဒါက ေဘာင္မေက်ာ္လာသေ႐ြ႕ ေသခ်ာေပါက္ သေဘာတူလက္ခံေပးမွာပဲျဖစ္တယ္။

“အဲ့ဒါေတြမဟုတ္ပါဘူး” Mr.ခ်င္ရဲ႕ကုတ္အက်ႌကို ကိုင္ထားရင္း စုေပက ေခါင္းခါလိုက္တယ္ : “သမီးေျပာခ်င္တာကေလ...”

“ေက်းဇူးတင္ပါတယ္, ေဘာ့စ္!” စုေပက Mr.ခ်င္အား အေလးျပဳဟန္ႏွင့္ ေတာက္ပစြာ ၿပဳံးျပလိုက္တယ္။

သူ႔သမီးေလးရဲ႕ အမူအရာကိုၾကည့္ရင္း Mr.ခ်င္ရဲ႕ႏႈတ္ခမ္း‌ေတြ အနည္းငယ္ တြန႔္သြားခဲ့ေပမယ့္ စုေပရဲ႕ ‘ေက်းဇူးတင္ပါတယ္’ ဆိုတဲ့ ဆိုလိုရင္းကိုေတာ့ ျမန္ျမန္ဆန္ဆန္ပဲ ခန႔္မွန္းႏိုင္ခဲ့တယ္။

ခ်င္ေရွာက္ : “ေသခ်ာေျပာ”

စုေပ : “ဟုတ္, ေက်းဇူးတင္ပါတယ္, ေဖေဖ!”

Mr.ခ်င္က ၿပဳံးၿပီး စုေပရဲ႕ေခါင္း‌ကို ပုတ္‌လိုက္တယ္။ တစ္စုံတစ္ရာကို ႐ုတ္တရက္ ေတြးမိသြားၿပီး, သူ မ်က္ေမွာင္က်ဳံ႕ကာ ေျပာလိုက္တယ္ : “ေနာက္တစ္ခါ ေအာက္ကိုဆင္းလာမယ္ဆိုရင္ သင့္ေတာ္တဲ့ အဝတ္အစားေတြကို ဝတ္လာခဲ့”

Mr.ခ်င္၏အိမ္သို႔ လူအေတာ္မ်ားမ်ား လာေရာက္လည္ပတ္ခြင့္ မရွိေသာ္ျငား က်င္းယြမ္စံအိမ္ကေတာ့ ဧည့္သည္အခ်ိဳ႕ကို ရံဖန္ရံခါ လက္ခံေပးေလ့ရွိဆဲပင္ျဖစ္တယ္။ အလုပ္ကိစၥႏွင့္ ပတ္သတ္ၿပီး မၾကာမၾကာ လာေရာက္ရတဲ့ ခ်န္တဲ့လို လက္ေထာက္မ်ားႏွင့္ အတြင္းေရးမႈးမ်ား ဆိုရင္ေတာ့ ေျပာေနစရာ‌ေတာင္ လိုေတာ့မည္မဟုတ္ေပ။ အခုခ်ိန္မွာဆိုရင္, စုေပရဲ႕ နက္ေမွာင္တဲ့ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကို အသာျဖန႔္ခ်ထားတာျဖစ္တဲ့အျပင္ သူမက ႀကိဳးတစ္လုံး ညအိပ္ဂါဝန္ေလးကိုသာ ဝတ္ဆင္ထားတာျဖစ္တယ္။ Mr.ခ်င္က သူမရဲ႕ ဒီလိုပုံစံ‌ေလးကို ဘယ္လိုလုပ္ အျပင္လူေတြကို ျမင္ခြင့္ေပးႏိုင္ပါ့မလဲ?

စုေပ : ...

Mr.ခ်င္ရဲ႕ ၫႊန္ၾကားခ်က္‌ေတြက အေတာ္ေလး ခေရေစ့တြင္းက်လိုက္လြန္းေပမယ့္လည္း သူ ဒီေန႔ သူမရဲ႕လစာကို ဘယ္ေလာက္ထိေတာင္ တိုးေပးလိုက္သလဲဆိုတာကို သတိရမိသြားခ်ိန္မွာေတာ့ စုေပတစ္ေယာက္ “ဟုတ္” ဆိုၿပီး နာခံစြာႏွင့္ ေခါင္းၿငိမ့္ျပလိုက္မိ‌ဆဲပင္ျဖစ္တယ္။

“ေဖေဖ, အဲ့လိုမ်ိဳး ေနာက္တစ္ခုထပ္ရွိေသးတယ္”

ခ်င္ေရွာက္ : “ဘာတဲ့လဲ?”

“ ‘Red Hacker Challenge’ အေၾကာင္းပါ, ပြဲစီစဥ္သူက ဖိုင္နယ္ပြဲအတြက္ စနစ္ကို ေျပာင္းလိုက္တယ္‌ေလ, အဲေတာ့ သမီးက S ၿမိဳ႕ကိုလည္း သြားစရာမလိုေတာ့ဘူး၊ ေက်ာင္းမွာ ခြင့္တိုင္ဖို႔လည္း မလိုေတာ့ဘူးေပါ့...” စုေပက Mr.ခ်င္အား ယေန႔ သူမ လက္ခံရရွိခဲ့တဲ့ ေၾကညာခ်က္ႏွင့္ပတ္သတ္ၿပီး ေျပာျပလိုက္တယ္။ သူမ မသိလိုက္တာက, သူမ၏ဖခင္ျဖစ္သူမွ ဒီအရာ‌ေတြကို သူမထက္အရင္ သိႏွင့္ေနၿပီးသားျဖစ္တဲ့အျပင္ အမွန္တကယ္ေတာ့ ထိုေျပာင္းလဲမႈေတြကို ေတာင္းဆို‌ခဲ့တဲ့သူတစ္ေယာက္ပဲျဖစ္တယ္ေလ။

သို႔ေပသိ, Mr.ခ်င္က ပူးေပါင္းေဆာင္႐ြက္စြာျဖင့္ ေခါင္းၿငိမ့္ျပရင္း ေျပာလိုက္တာက : “အဲ့ဒါေကာင္းတာေပါ့”

“သမီးလည္း ပြဲစီစဥ္သူက အရမ္းစဥ္းစားဆင္ျခင္တတ္တယ္လို႔ထင္တယ္” စုေပကၿပဳံးလိုက္တယ္ : “ေဖေဖ, ပိတ္ရက္မွာ အခ်ိန္ရတယ္ဆိုရင္ သမီးရဲ႕ၿပိဳင္ပြဲကို ေဖေဖလာၾကည့္လို႔ရတယ္ေနာ္”

သို႔ေသာ္လည္း ခ်င္ေရွာက္ခမ်ာ ေခါင္းေတာင္မၿငိမ့္ရေသးခင္မွာဘဲ သူမက အလ်င္အျမန္ ထပ္ေျပာလိုက္တယ္ : “အာ, ထားလိုက္ပါေတာ့”

ခ်င္ေရွာက္ : “သမီးက အေဖ့ကိုမသြားေစခ်င္ဘူးလား?”

စုေပ : “မဟုတ္ပါဘူး...”

ေက်ာင္းမိဘစုံညီအစည္းအေဝးတုန္းက အစ္ကိုႀကီးရႈ သူမကိုေျပာခဲ့တဲ့ “မင္းအေဖက ငါ့ကိုသိေနတဲ့ပုံပဲ” ဆိုတဲ့စကားကို သူမ အမွတ္ရသြားခဲ့တယ္။ အစ္ကိုႀကီးရႈက Mr.ခ်င္ကို ေၾကာက္ေနပုံရတာေၾကာင့္ သူမရဲ႕ၿပိဳင္ပြဲကို ၾကည့္ရႈဖို႔အတြက္ Mr.ခ်င္က ပြဲက်င္းပတဲ့ေနရာကို ေရာက္လာခဲ့မယ္ဆိုရင္ သူ႔လုပ္ေဆာင္ခ်က္ေတြအ‌ေပၚ သက္ေရာက္မႈရွိသြားမလား ဆိုတာကို စုေပက စိုးရိမ္ေနခဲ့တာျဖစ္တယ္။

“ေဖေဖ, ေဖေဖက အလုပ္အရမ္းမ်ားတယ္‌ေလ။ အဲ့ေတာ့ သမီး ေနာက္ဆုံးဗိုလ္လုပြဲစဥ္ကို ေရာက္‌ေတာ့မွပဲ ေဖေဖလာၾကည့္လိုက္ေပါ့” စုေပရဲ႕မ်က္ဝန္းေတြက ယုံၾကည္မႈအျပည့္ျဖစ္ေနကာ သူမအေနနဲ႔ ေနာက္ဆုံးဗိုလ္လုပြဲစဥ္ကို ေရာက္ေအာင္လုပ္ႏိုင္ပါ့မလားဆိုတဲ့ သံသယ တစိုးတစိမွ်ေတာင္ ရွိမေနသကဲ့သို႔ပင္။

ကေလးမေလးရဲ႕မ်က္ႏွာေပၚမွ အၾကည့္ေတြက သိပ္ကိုလွပေနခဲ့တယ္။ ေသခ်ာတာေပါ့, သူ႔အိမ္က ကေလးေတြမွာ ဒီလိုယုံၾကည္မႈနဲ႔ ရဲရင့္ျပတ္သားမႈေတြ ရွိေနရမယ္ေလ။ Mr.ခ်င္ရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းေလးေတြက အနည္းငယ္‌ ပင့္တက္သြားခဲ့တဲ့အျပင္ သူ႔မ်က္ဝန္းေတြထဲမွာလည္း ပီတိျဖာ‌ေနတဲ့ အရိပ္အေယာင္တစ္ခု ရွိေနခဲ့တယ္။

“အိုေကေလ”

“အခု, သြားအိပ္ေတာ့”

စုေပ : “ဟုတ္။ Good night ပါ, ေဖေဖ”

“ေဖေဖ, ေဖေဖ့ကုတ္ကိုေရာ?”

ခ်င္ေရွာက္ : “အေဖ့အခန္းထဲက ဒုတိယ‌စင္ေပၚမွာ တင္ထားလိုက္”

စုေပ : “ဟုတ္ကဲ့”

-----

သမီးျဖစ္သူ ထြက္သြားၿပီးေနာက္ Mr.ခ်င္က မိုဘိုင္းဖုန္းသုံးရင္း ပထမအထပ္မွာ ေနေနခဲ့တယ္။ ႐ုတ္တရက္, ဒုတိယထပ္ရဲ႕လက္ရန္းကေန စုေပက ေခါင္းျပဴထြက္လာၿပီး : “ေဖေဖ့”

ဒီေကာင္မေလး ဘာလို႔ခုထိမအိပ္ေသးတာလဲ?

Mr.ခ်င္ရဲ႕ပါးစပ္ကေန စကားေတြ မထြက္လာေသးခင္မွာပဲ စုေပက ထပ္ေျပာလိုက္တယ္ : “ဒါေနာက္ဆုံးပါပဲ”

ခ်င္ေရွာက္ : “ေျပာ”

“ေနာက္အပတ္ သမီးတို႔ေက်ာင္းရဲ႕ အားကစားပြဲေတာ္က်ရင္ေလ, သမီးက သမီးတို႔အတန္းရဲ႕ စီတန္းလွည့္လည္တဲ့အဖြဲ႕ကို ဦးေဆာင္ၿပီးေတာ့ ေရွာင္ေပါင္က အတန္းအလံကို ကိုင္ရမွာ။ ေဖေဖလာၾကည့္ခ်င္လားဟင္?” စုေပက ေမးလိုက္တယ္။ သူမရဲ႕မ်က္ဝန္းေတြက ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဘယ္ေလာက္ေတာင္ တဖ်တ္ဖ်တ္ေတာက္ပေနခဲ့သလဲ ဆိုတာကိုေတာ့ သူမ လုံးဝကို သတိမထားမိေလဘူး။

ဒီေန႔ ေန႔ခင္းပိုင္းတုန္းက, စုေပက သူတို႔အိမ္ျပန္လာတဲ့လမ္းမွာ စုေရွာင္ေပါင္နဲ႔အတူ ဒီကိစၥအေၾကာင္းကို ေျပာဆိုခဲ့တယ္။ စုေပတစ္ေယာက္ အဲဒီအခ်ိန္တုန္းက သူ႔အစ္ကိုရဲ႕တုံ႔ျပန္မႈကို ရွင္းရွင္းလင္းလင္းႀကီး မွတ္မိေနခဲ့တယ္။ သူမက ခ်င္ေရွာက္အား သူတို႔ရဲ႕အားကစားပြဲေတာ္သို႔ ဖိတ္ေခၚခ်င္တဲ့အေၾကာင္း ေျပာျပလိုက္ခ်ိန္မွာ စုေရွာင္ေပါင္ ေျပာလိုက္တာက : “သူက ဝင္ၿပိဳင္မွာလည္း မဟုတ္ဘဲနဲ႔, သူ႔ကို အားကစားပြဲေတာ္ကို ဖိတ္ၿပီး ဘာလုပ္မလို႔လဲ” ခဏၾကာၿပီးေနာက္, သူ တိုး‌တိုးေလးေျပာလိုက္တယ္ : “ေနာက္ၿပီး, အဲ့လူႀကီးက အလုပ္အရမ္းမ်ားတဲ့ဟာကို...”

စုေရွာင္ေပါင္က ရႈပ္ေထြးၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေနတဲ့ပုံ‌ေပါက္ေနကာ Mr.ခ်င္က သူတို႔ကို တကယ္ႀကီး လာၾကည့္မွာကို သူက မေပ်ာ္႐ႊင္သလိုမ်ိဳး ျဖစ္ေနခဲ့တယ္။ သို႔ေပမယ့္လို႔ စုေပက သူ႔အစ္ကိုအေၾကာင္းကို ေကာင္းေကာင္း သိ‌တယ္ : သူက ဒီလို‌ေတြခ်ည္း ေျပာေနေပမယ့္လည္း ဒီေကာင္ေလးက တကယ္တမ္းက်ေတာ့ သူ႔အေဖကို သူတို႔ေက်ာင္းပြဲေတာ္ကို လာေစခ်င္တာျဖစ္တယ္။ ေနာက္ဆုံးေတာ့ ဒါေတြက သူတို႔ အၿမဲတမ္း လိုခ်င္ေနခဲ့ေပမယ့္ အခုခ်ိန္မတိုင္ခင္အထိ တစ္ခါမွမရရွိဖူးခဲ့တဲ့ အရာေတြပဲျဖစ္တယ္။

ေသခ်ာတာေပါ့, စုေပကလည္း ထပ္တူထပ္မွ် ဆႏၵရွိတယ္။

“အင္း” Mr.ခ်င္က အံ့ဩမသြားခဲ့ဘူး။ အမွန္ေတာ့ သူက ကေလးေတြရဲ႕အတန္းပိုင္ဆရာမမွ ေလာေလာလတ္လတ္ ေပးပို႔လာခဲ့တဲ့ message ေတြကို ဖတ္ရႈေနတာေၾကာင့္ပဲျဖစ္တယ္။

[အတန္းပိုင္ဆရာမ] : မဂၤလာပါ, Mr.ခ်င္။ ကြၽန္မက ခ်င္ယြိနဲ႔ ခ်င္ယြဲ႕တို႔ရဲ႕ အတန္းပိုင္ဆရာမပါ။ ကြၽန္မတို႔ေက်ာင္းက လာမယ့္ဗုဒၶဟူးေန႔မွာ ေဆာင္းဦးရာသီအားကစားပြဲေတာ္တစ္ခု က်င္းပဖို႔ရွိပါတယ္။ ဒီပြဲကို မိဘမ်ားကိုပါ ဖိတ္ၾကားထားတာျဖစ္တဲ့အျပင္ ကြၽန္မတို႔ဖက္ကလည္း မိဘေတြကို သူတို႔ကေလးေတြရဲ႕ လႈပ္ရွားမႈေတြကို လာေရာက္ၾကည့္ရႈၾကေစလိုပါတယ္ရွင္။

[အတန္းပိုင္ဆရာမ] : ကြၽန္မ ဒီေနရာမွာပဲ ေက်ာင္းအုပ္ႀကီးရဲ႕သတင္းစကားကို လက္ဆင့္ကမ္း‌ေပးခ်င္ပါတယ္။ အကယ္၍မ်ား Mr.ခ်င္မွာအခ်ိန္ရမယ္ဆိုရင္ ကြၽန္မတို႔ေက်ာင္းက လူႀကီးမင္းကို မိဘကိုယ္စားျပဳတစ္ေယာက္ အေနနဲ႔ အဲဒီ့ေန႔မွာ မိန႔္ခြန္းအတိုေလးတစ္ခုေလာက္ ေျပာၾကားေပးဖို႔ ဖိတ္ေခၚအပ္ပါတယ္ရွင္။

ေက်ာင္းႏွစ္ပတ္လည္ အားကစားပြဲေတာ္မွာဆိုရင္ ဌာနဆိုင္ရာႏွင့္ ေက်ာင္းသားအားကစားသမား ကိုယ္စားျပဳမ်ားအျပင္ မိန႔္ခြန္းအတိုေလးေတြ ေျပာၾကားေပးရန္အတြက္ မိဘအခ်ိဳ႕ကိုလည္း ဖိတ္ၾကားေလ့ရွိတာ ျဖစ္တယ္။ ၿပီးခဲ့တဲ့ႏွစ္ရဲ႕ မိဘကိုယ္စားျပဳက စုန႔္ Group ၏ဥကၠဌ, စုန႔္ရွင္းယီ၏ဖခင္ပင္ျဖစ္တယ္။ ဒီႏွစ္မွာေတာ့ စုေပနဲ႔ စုေရွာင္ေပါင္တို႔က သူတို႔ရဲ႕ေက်ာင္းသို႔ ေျပာင္းေ႐ြ႕လာခဲ့ၾကတယ္။ လူမႈအသိုင္းအဝိုင္း လႊမ္းမိုးမႈမ်ားအရ, Mr.ခ်င္က မိဘမ်ားကို ကိုယ္စားျပဳဖို႔ရာ အသင့္ေတာ္ဆုံးပင္ျဖစ္တယ္။

စုေပအား ေနာက္တစ္ဖန္ ထပ္ၾကည့္လိုက္ရင္း Mr.ခ်င္က အတန္းပိုင္ဆရာမကို ေကာင္းပါၿပီ ဆိုၿပီး reply လုပ္လိုက္တယ္။

Mr.ခ်င္က အေကာင္းဆုံးေတြကိုပဲ ေပးခ်င္တဲ့သူျဖစ္တယ္။ မႏွစ္က မိဘကိုယ္စားျပဳက စုန႔္ယန္ခ်န္းျဖစ္တယ္ ဆိုတာကို သိရွိၿပီးေနာက္ေတာ့ သူ႔အေနနဲ႔ ဒါကို ပိုၿပီး အေလးအနက္ထား လုပ္ေဆာင္သြားမွာျဖစ္တယ္။

-----

ေနာက္တစ္ေန႔ ေက်ာင္းတက္ခ်ိန္အထိ, မိဘကိုယ္စားျပဳႏွင့္ ေက်ာင္းသားအားကစားသမား ကိုယ္စားျပဳတို႔၏ ကိုယ္စားလွယ္ေလာင္းမ်ားကို ေၾကညာခဲ့ျခင္းမရွိေသး‌ေပ။ လူတစ္ခ်ိဳ႕က ဖိုရမ္ထဲမွာ အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးရင္း အလုပ္မ်ားေနခဲ့ၾကေပမယ့္ တကယ့္တကယ္တမ္း hot အျဖစ္ဆုံး topic ကေတာ့ အတန္း စီတန္းလွည့္လည္မႈအဖြဲ႕ပင္ျဖစ္တယ္။

[အတန္း ၈-၈ ရဲ႕ ခြၽမ္လိ့ေတြေရာ ဘယ္လိုေနလဲမသိ? သူတို႔ ဘယ္ေလာက္ေတာင္ လွေနလိုက္မလဲေနာ္? Ahaha, ငါရယ္ေသေတာ့‌မွာပဲ]

[ၾကည့္ရတာ ဆရာ၊ဆရာမေတြက ဒီႏွစ္ စီတန္းလွည့္လည္မႈအဖြဲ႕ရဲ႕ အကဲျဖတ္အမွတ္ေပးတဲ့စံခ်ိန္ကို ၁၀% ေလာက္ တိုးျမႇင့္လိုက္တဲ့ပုံပဲ။ ဒီတစ္ေခါက္ အတန္း ၈-၁ က ေအာက္ဆုံးအဆင့္ေတာ့ မေရာက္ေလာက္ဘူးလို႔ ငါခံစားမိေနတယ္]

[ငါကေတာ့ Honor of Kings cosplay ကိုေမွ်ာ္လင့္ေနမိတယ္]

...

ေထြရာေလးပါးေဆြးေႏြးမႈမ်ားအျပင္, အမ်ားစုေျပာဆိုျဖစ္ၾကတဲ့ topic ကေတာ့ အတန္း ၈-၂ ႏွင့္ ၈-၇ တို႔၏ စီတန္းလွည့္လည္မႈအဖြဲ႕အေၾကာင္းပင္ျဖစ္တယ္။ အဖြဲ႕တစ္ခုတည္းသက္သက္ဆိုလွ်င္ ဘာလုပ္စရာမွမရွိေပမယ့္ အဓိကအားျဖင့္ ၎အတန္းႏွစ္တန္း၏ အဖြဲ႕ေခါင္းေဆာင္မ်ားက အလြန္တရာကို တန္ဖိုးႀကီးေနတာေၾကာင့္ပဲ ျဖစ္တယ္ : အတန္း ၈-၂ ၌ ေက်ာင္းအလွပန္းေလးႏွင့္ ေက်ာင္းျမက္ခင္းစိမ္းေလးတို႔၏ ေပါင္းစပ္မႈတစ္ခု ရွိေနစဥ္တြင္ အတန္း ၈-၇ မွာေတာ့ ေက်ာင္းအလွပန္းအသစ္ေလး စုေပႏွင့္ ႀကီးျမတ္တဲ့နတ္ဘုရားႏွစ္ပါးတို႔ ရွိေနတာပဲျဖစ္တယ္။ ေက်ာင္းမွာ ဒီလူငါးေယာက္ရဲ႕ ထင္ေပၚေက်ာ္ၾကားမႈက  ကနဦးကတည္းက ျမင့္မားေနခဲ့ၿပီးျဖစ္ေပမယ့္လည္း ဒီသတင္းက ဖိုရမ္တစ္ခုလုံးကို ခ်က္ခ်င္း ေပါက္ကြဲထြက္သြားေစခဲ့တယ္။

[ငါကေတာ့ ယဲ့-စုန႔္ CP ကို ဘယ္ေတာ့မွ ၿငီးေငြ႕သြားမွာမဟုတ္ဘူး, အား!]

[နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးစုကို ပြဲတစ္ပြဲထဲမွာ ေဘးခ်င္းယွဥ္ရပ္ေနတာကို ငါအသက္ရွင္လ်က္ျမင္ရလိမ့္မယ္ ဆိုတာမ်ိဳးကို တစ္ခါမွေတာင္ ေတြးမထားမိဘူး! တန္တယ္ကြာ!]

[အေႏြးဘူးညီမေလးေရ, ခ်သာခ်!]

[ငါလည္း ယဲ့-စုန႔္ CP ကိုႀကိဳက္ေပမယ့္ ဒီႏွစ္ေတာ့ ‘နတ္ဘုရားပါရမီရွင္ေလး’ combo ကိုပဲ အားေပးဖို႔ ဆုံးျဖတ္လိုက္ၿပီ]

နတ္ဘုရားပါရမီရွင္ေလး--အဲဒါက ေဝ့မင္အလယ္တန္း‌ေက်ာင္း၏ ေက်ာင္းသားမ်ားမွ တရားဝင္ ေထာက္ခံထားၾကသည့္ စုေပ၊ စုေရွာင္ေပါင္ႏွင့္ ရွဲ႕မင္႐ႊမ္း သုံးေယာက္ကိုေပါင္းၿပီး ေခၚဆိုတဲ့ နာမည္အသစ္ပဲ ျဖစ္တယ္။ ဆိုလိုရင္းကေတာ့ နတ္ဘုရားအဆင့္ရွိ ေက်ာင္းပါရမီရွင္ေလးမ်ားဟူ၍ပင္။

တစ္စုံတစ္ေယာက္မွ အတန္း ၈-၂ ႏွင့္ ၈-၇ တို႔၏ အစမ္းေလ့က်င့္ခ်ိန္အတြင္း ခိုး႐ိုက္ထားေသာ ဓာတ္ပုံအေျမာက္အမ်ားကို တင္ခဲ့တယ္။ မၾကာခင္မွာပဲ ဖိုရမ္ေပၚမွာ vote အသစ္တစ္ခု ထည့္သြင္းလိုက္တယ္ : [ဒီႏွစ္ရဲ႕ ၿပိဳင္ပြဲဝင္ စီတန္းလွည့္လည္မႈအတြက္, ဘယ္အဖြဲ႕က ပိုၿပီး‌ေတာ့ ခမ္းနားႀကီးက်ယ္မယ္လို႔ မင္းတို႔ထင္ၾကလဲ? အတန္း ၈-၂ လား ဒါမွမဟုတ္ အတန္း ၈-၇ လား?]

[ငါကေတာ့ ငါ့ ‘ေယာက္်ား’ နဲ႔ ငါ့ေယာင္းမကိုပဲ အားေပးမွာ]

[ေသခ်ာေပါက္ ယဲ့-စုန႔္ ပဲေပါ့]

[အေရအတြက္အရဆိုရင္, ငါ့အထင္ အတန္း ၈-၇ ကႏိုင္သြားမွာပဲ]

[သခင္ေလးယဲ့နဲ႔ နတ္ဘုရားမစုန႔္တို႔က ႀကိဳက္ေနၾကတာေလ, စုေပမွာက ဘာမ်ားရွိလို႔လဲ?]

[နင္ အဲ့ဒါက ဘာကိုဆိုလိုခ်င္တာလဲ? ေကာင္ေလးနဲ႔ ေကာင္မေလးၾကားမွာ အခ်စ္တစ္ခုပဲရွိတယ္လို႔ နင္ထင္ေနတာလား? စုေပနဲ႔ သခင္ေလးစုတို႔မွာလည္း ေမာင္ႏွမအခ်စ္ဆိုတာ ရွိတာပဲေလ, ဟုတ္ၿပီလား?

[*တိုးတိုးေလးေျပာ* နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးစုတို႔ကလည္း အရမ္းခ်စ္စရာေကာင္းတယ္လို႔ ငါထင္တယ္ *တိတ္တိတ္ေလးထြက္ေျပး*]

...

ဒီအခ်ိန္မွာပဲ, ‘အရမ္းခ်စ္စရာ‌ေကာင္းတယ္’ ဆိုၿပီး အတင္းအဖ်င္း အေျပာခံေနရတဲ့ စုေရွာင္ေပါင္နဲ႔ ရွဲ႕မင္႐ႊမ္းဆိုတဲ့ ေကာင္ေလးႏွစ္ေယာက္ဟာဆိုရင္ျဖင့္ ၎တို႔အတန္းမွ အစမ္းေလ့က်င့္ဖို႔အတြက္ အသုံးျပဳေသာ ခန္းမငယ္ေလး အတြင္း၌ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနခဲ့ၾကတယ္။ ဒီကိစၥကို စတင္ျဖစ္ေပၚေစခဲ့တဲ့ အေၾကာင္းရင္းကေတာ့ သူတို႔အတန္းရဲ႕ အႏုပညာေကာ္မတီအဖြဲ႕ဝင္မွ အဆိုျပဳလာခဲ့တဲ့ ကကြက္စီစဥ္ဖန္တီးမႈေၾကာင့္ပင္ျဖစ္တယ္။

ကကြက္အေတာ္မ်ားမ်ားကို စုေပတစ္ေယာက္တည္းကသာ ကျပ‌ရတာျဖစ္တယ္။ သို႔ေပသိ, သူမအား စုေရွာင္ေပါင္ႏွင့္ ရွဲ႕မင္႐ႊမ္းတို႔က ေဘးမွကူညီပံ့ပိုးေပးရတဲ့ ကကြက္အပိုင္းအတိုေလးမ်ားလည္း ရွိေန‌ေသးတယ္ : စုေရွာင္ေပါင္မွ စုေပအား တစ္ခ်က္ခုန္ရန္အတြက္ တစ္ႀကိမ္ကူညီေထာက္ပံ့ေပးရမွာျဖစ္ကာ အျခားတစ္ဖက္မွာေတာ့ ရွဲ႕မင္႐ႊမ္းမွ လွည့္ပတ္ကသည့္ကကြက္ (rotating dance step) တစ္ခုတြင္ စုေပအား ဦးေဆာင္ေပးရမွာပဲျဖစ္တယ္။

စုေရွာင္ေပါင္အေနနဲ႔ သူ႔အခန္းက႑က အဆင္ေျပေလတယ္; ဘာပဲျဖစ္ျဖစ္ စုေပက ေလးမွ‌မေလးပဲကို။ သို႔ေသာ္ ရွဲ႕မင္႐ႊမ္း၏အလွည့္သို႔ ေရာက္လာခ်ိန္မွာေတာ့ စုေရွာင္ေပါင္ရဲ႕မ်က္ႏွာက ခ်က္ခ်င္းကို မည္းေမွာင္သြားခဲ့ေတာ့တယ္ : ရွဲ႕မင္႐ႊမ္းဆိုတဲ့‌ေကာင္ကိုမ်ား စုေပကို ဦးေဆာင္ခြင့္ေပးရမယ္ေပါ့? အိပ္မက္ပဲမက္ေနလိုက္!


31.5.2021
Monday

_______________________________________

MWFV Ch 56

Thank You, Boss!

Unicode Version

စုပေတစ်‌ယောက် ရှုမိသားစု ညီအစ်ကိုများနှင့် ဖိုင်နယ်ပွဲစဥ်အတွက် ပြင်ဆင်ခြင်းအကြောင်းအရာများကို ဆွေးနွေးပြီးနောက် လင်းရှောက်ချီထံမှ ဝင်ထားတဲ့ message တစ်စောင်ကို သူမ သတိထားမိလိုက်တယ်။

[Q] : ဆောရီး, ငါအခုမှတွေ့မိလို့။

တစ်ဖက်မှ message ကို စက္ကန့်ပိုင်းအတွင်း reply ပြန်လာခဲ့တယ်။

[လင်းရှောက်ချီ] : အလုပ်များနေလို့လား?

[Q] : ခုလေးတင် ငါ့အသင်းဖော်တွေနဲ့ ပြိုင်ပွဲအကြောင်း ဆွေးနွေးနေတာလေ။

[Q] : ပြင်ဆင်တာတွေရော ဘယ်လိုနေလဲ?

စုပေကပြုံးလိုက်တယ်။

[Q] : မဆိုးပါဘူး။

ဖိုင်နယ်ပွဲစဥ်ကို B မြို့တွင် ကျင်းပမှာဖြစ်တဲ့အပြင် ပွဲကျင်းပမည့် အစီအစဉ်ကိုလည်း စနေ၊ တနင်္ဂ‌နွေ အားလပ်ရက်များ၌သာ ကျင်းပရန် ပြောင်းလဲခဲ့တာဖြစ်တယ်။ ဒီအရာက အခု‌အချိန်မှာ အလုပ်အလွန်များ‌နေတဲ့ စုပေအတွက်တော့ ကျိန်းသေပေါက် သတင်းကောင်းတစ်ခုဖြစ်တယ်။ ဒီလိုလုပ်လိုက်တာက သူမကို အချိန်များများစားစား ရသွားစေတယ်လေ။

[Q] : တစ်ခုခုဖြစ်လို့လား?

[လင်းရှောက်ချီ] : သတင်းကောင်းပါ။

[Q] : ဟင်?

[လင်းရှောက်ချီ] : နောက်လကစပြီး မင်းလစာ နှစ်ဆဖြစ်တော့မှာ။

စုပေရဲ့မျက်ဝန်း‌တွေ တောက်ပသွားရုံသာမက အံ့လည်းအံ့ဩသွားခဲ့တယ် : သူမ လစာတိုးတော့မှာလား?

[Q] : ဘာလို့လဲ?

ဒီလို ရုတ်တရက် တိုးတာကြီးက စုပေကို နည်းနည်း စိတ်ရှုပ်သွားစေခဲ့တယ်။

[လင်းရှောက်ချီ] : ကုမ္ပဏီအတွက် မင်းယူဆောင်ပေးခဲ့တဲ့ တန်ဖိုးက လစာမြင့်မြင့်နဲ့ ထိုက်တန်လို့ပေါ့။

[လင်းရှောက်ချီ] : ဒါပေမယ့် မင်းကို လစာတိုးပေးဖို့ ကမ်းလှမ်းခဲ့တဲ့သူက ငါမဟုတ်ဘူး။ သူက ချင် Group ရဲ့ ဥက္ကဌပါ။

လင်းရှောက်ချီ ဒီနေ့ Mr.ချင်နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲက တစ်ခုကတော့ [Q] ရဲ့လစာနဲ့ပတ်သတ်တဲ့ ဆွေးနွေးမှုပင်ဖြစ်တယ်။ Mr.ချင်၏ မူရင်းစကားများကတော့ : ချင် Group က NST ကုမ္ပဏီ၏ ရှယ်ယာ ၅၁% ကိုပိုင်ဆိုင်ထားတာကြောင့် [Q] ရဲ့လစာတစ်ဝက်ကို ချင် Group ဖက်မှလည်း ပေးအပ်ရမှာဖြစ်တယ်။ ဒါ့အပြင်, လင်း Group မှ [Q] အား ပေးထားသော လစာကို မပြောင်းလဲဘဲ ထိုအတိုင်း ထားရှိရမှာဖြစ်ကာ ချင် Group မှ တူညီသောပမာဏအတိုင်း ထပ်ဆောင်းလစာကို သပ်သပ်ပေးအပ်သွားမယ့်အကြောင်းကို Mr.ချင်က အလွန်တရာ ရက်‌ရောစွာ ပြောကြားခဲ့တယ်။

လင်းရှောက်ချီက Mr.ချင်နဲ့ စုပေတို့ကြားရှိ တော်စပ်မှုနှင့် ပတ်သတ်ပြီး အမှောင်ထဲမှာသာ ရှိနေဆဲဖြစ်တယ်။ ဒါပေါ့, Mr.ချင်က သူ့သမီးလေးကို ဟန်ဆောင်ဖုံးကွယ်ပြီး‌တော့ မုန့်ဖိုးပေးလိုက်တယ်ဆိုတာကို သူ လုံးဝ မသိဘူးလေ။ Mr.ချင်က [Q] နဲ့ တိုက်ရိုက်ဆက်သွယ်မှု လုပ်ပြီးသွားတဲ့နောက် သူမရဲ့အရည်အချင်းနဲ့ လုပ်ဆောင်ချက်အပေါ် ပိုပိုသဘောကျလာတာကြောင့်ပဲလို့ သူ ခပ်ရိုးရိုးသာ တွေးလိုက်တော့တယ်။

လင်းရှောက်ချီက အကျိုးနဲ့ အကြောင်းတွေကို မသိပေမယ့် စုပေကတော့ ရှင်းရှင်းလင်းလင်းကြီးကို သိနေခဲ့တယ်။

[လင်းရှောက်ချီ] : ဥက္ကဌ ချင်ကို ကျေးဇူးတင်တဲ့အ‌ကြောင်း မင်းကိုယ်စား ငါပြောပေး‌ရမလား?

[Q] : မပြောနဲ့။

သူမက ချင်ရှောက်ကို ကျေးဇူးတင်တဲ့အကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောချင်တာလေ။

...

Mr.ချင်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ပထမထပ်မှာ မီးလင်းနေဆဲပဲဖြစ်တယ်။ သူက စုပေတစ်‌ယောက် ဆိုဖာပေါ်မှာ ထိုင်ပြီး တောက်ပတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်‌နေတာကို မြင်လိုက်ရ‌တာကြောင့် အံ့အားသင့်သွားခဲ့တယ်။

သူ အလုပ်ကနေ အိမ်ပြန်ရောက်ရောက်ချင်း သူ့ကလေးက သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ်။ အဲဒါက သူ့ဘဝသက်တမ်း အနှစ် ၃၀ ကျော် ကာလအတွင်း Mr.ချင် တစ်ခါမှ မတွေ့ကြုံခဲ့ဖူးတဲ့ တစ်စုံတစ်ရာပင်ဖြစ်တယ်။ နောက်ပြီး ဒီအရာက သူ့နှလုံးသားကို နွေးထွေးသွားစေတဲ့ ဤကဲ့သို့သော ကြည်နူးဖွယ်ရာ ခံစားချက်တစ်ခု ဖြစ်တယ်။

သို့သော်, ခဏအကြာမှာတော့, Mr.ချင်ရဲ့အမူအရာက တင်းမာလာခဲ့တယ် : “ဒီလောက်‌နောက်ကျနေပြီကို။ ဘာလို့ ခုထိ အိပ်ယာမဝင်ရသေးတာလဲ?”

Mr.ချင်ရဲ့ တင်းမာတဲ့မျက်နှာထားနဲ့ ရင်ဆိုင်တွေ့နေရပေမယ့်လည်း စုပေက အကြောက်အလန့် မရှိတဲ့အပြင် ချင်ရှောက်အား အပြုံးတစ်ခုပြုံးပြရင်း သူမခေါင်းကို ခါယမ်းနေဆဲပဲဖြစ်တယ်။ သူမက ဆိုဖာပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် သူ့ဖခင်၏ အရှေ့တည့်တည့်မှာ ရပ်တန့်ခြင်းမပြုခင် ခြေလှမ်းအနည်းငယ်‌လောက် အပြေးအလွှားသွားခဲ့တယ်။

“ဖေဖေ, သမီး ဒါလေးယူသွားပေးမယ်နော်” စုပေက Mr.ချင် အခုလေးတင် ချွတ်လိုက်တဲ့ ကုတ်အင်္ကျီကို လက်ညှိုးထိုးပြလိုက်တယ်။

Mr.ချင်တစ်‌ယောက် အံ့အားသင့်သွားခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ သပ်သပ်ရပ်ရပ်ထားထားတဲ့ အိမ်တွင်းစီးဖိနပ်တွေကို တစ်ချက်ကြည့်လိုက်ရင်း သူ့မျက်ခုံးတွေ အနည်းငယ် တွန့်ချိုးသွားခဲ့တော့တယ်--ဒီနေ့ည သူ့ကို ပြုမှုဆက်ဆံနေတဲ့ပုံကို ကြည့်ရတာ နည်းနည်း ‘ဇိမ်ခံ’ ရမယ့်ပုံပဲ?

ဒီနေ့ သူ့ရဲ့ ‘ချည်ထည်ဂျက်ကတ်လေး’ က ဘာလို့ ထူးထူးခြားခြား နွေးထွေးပျူငှာနေတယ်လို့ သူခံစားနေရတာပါလိမ့်?

[T/N : little cotton-padded jacket (ချည်ထည်ဂျက်ကတ်လေး) ဆိုတာက သမီးဖြစ်သူကို ရည်ညွှန်းချင်တာပါ။ သမီးတွေက သူတို့မိဘတွေရဲ့ ချည်ထည်ဂျက်ကတ်တွေဖြစ်ကာ နွေးထွေးပြီး ရင်းနှီးကျွမ်းဝင်မှုရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်]

စုပေထံ ကုတ်အင်္ကျီကို လှမ်းပေးလိုက်ပြီးနောက် Mr.ချင်က သူ့အပြုံးတွေကိုထိန်းပြီး မေးလိုက်တယ် : “ပြောစရာရှိလို့လား?” ခဏကြာပြီးနောက်, သူထပ်ပြောလိုက်တာက : “ဒါမှမဟုတ်, သမီး တစ်ခုခုလိုချင်လို့လား?”

အခုချိန်မှာ, ချင်ရှောက်က စုပေ ဘာ‌တွေပဲ တောင်းဆိုတောင်းဆို အဲဒါက ဘောင်မကျော်လာသရွေ့ သေချာပေါက် သဘောတူလက်ခံပေးမှာပဲဖြစ်တယ်။

“အဲ့ဒါတွေမဟုတ်ပါဘူး” Mr.ချင်ရဲ့ကုတ်အင်္ကျီကို ကိုင်ထားရင်း စုပေက ခေါင်းခါလိုက်တယ် : “သမီးပြောချင်တာကလေ...”

“ကျေးဇူးတင်ပါတယ်, ဘော့စ်!” စုပေက Mr.ချင်အား အလေးပြုဟန်နှင့် တောက်ပစွာ ပြုံးပြလိုက်တယ်။

သူ့သမီးလေးရဲ့ အမူအရာကိုကြည့်ရင်း Mr.ချင်ရဲ့နှုတ်ခမ်း‌တွေ အနည်းငယ် တွန့်သွားခဲ့ပေမယ့် စုပေရဲ့ ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ ဆိုလိုရင်းကိုတော့ မြန်မြန်ဆန်ဆန်ပဲ ခန့်မှန်းနိုင်ခဲ့တယ်။

ချင်ရှောက် : “သေချာပြော”

စုပေ : “ဟုတ်, ကျေးဇူးတင်ပါတယ်, ဖေဖေ!”

Mr.ချင်က ပြုံးပြီး စုပေရဲ့ခေါင်း‌ကို ပုတ်‌လိုက်တယ်။ တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားပြီး, သူ မျက်မှောင်ကျုံ့ကာ ပြောလိုက်တယ် : “နောက်တစ်ခါ အောက်ကိုဆင်းလာမယ်ဆိုရင် သင့်တော်တဲ့ အဝတ်အစားတွေကို ဝတ်လာခဲ့”

Mr.ချင်၏အိမ်သို့ လူအတော်များများ လာရောက်လည်ပတ်ခွင့် မရှိသော်ငြား ကျင်းယွမ်စံအိမ်ကတော့ ဧည့်သည်အချို့ကို ရံဖန်ရံခါ လက်ခံပေးလေ့ရှိဆဲပင်ဖြစ်တယ်။ အလုပ်ကိစ္စနှင့် ပတ်သတ်ပြီး မကြာမကြာ လာရောက်ရတဲ့ ချန်တဲ့လို လက်ထောက်များနှင့် အတွင်းရေးမှုးများ ဆိုရင်တော့ ပြောနေစရာ‌တောင် လိုတော့မည်မဟုတ်ပေ။ အခုချိန်မှာဆိုရင်, စုပေရဲ့ နက်မှောင်တဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို အသာဖြန့်ချထားတာဖြစ်တဲ့အပြင် သူမက ကြိုးတစ်လုံး ညအိပ်ဂါဝန်လေးကိုသာ ဝတ်ဆင်ထားတာဖြစ်တယ်။ Mr.ချင်က သူမရဲ့ ဒီလိုပုံစံ‌လေးကို ဘယ်လိုလုပ် အပြင်လူတွေကို မြင်ခွင့်ပေးနိုင်ပါ့မလဲ?

စုပေ : ...

Mr.ချင်ရဲ့ ညွှန်ကြားချက်‌တွေက အတော်လေး ခရေစေ့တွင်းကျလိုက်လွန်းပေမယ့်လည်း သူ ဒီနေ့ သူမရဲ့လစာကို ဘယ်လောက်ထိတောင် တိုးပေးလိုက်သလဲဆိုတာကို သတိရမိသွားချိန်မှာတော့ စုပေတစ်ယောက် “ဟုတ်” ဆိုပြီး နာခံစွာနှင့် ခေါင်းငြိမ့်ပြလိုက်မိ‌ဆဲပင်ဖြစ်တယ်။

“ဖေဖေ, အဲ့လိုမျိုး နောက်တစ်ခုထပ်ရှိသေးတယ်”

ချင်ရှောက် : “ဘာတဲ့လဲ?”

“ ‘Red Hacker Challenge’ အကြောင်းပါ, ပွဲစီစဉ်သူက ဖိုင်နယ်ပွဲအတွက် စနစ်ကို ပြောင်းလိုက်တယ်‌လေ, အဲတော့ သမီးက S မြို့ကိုလည်း သွားစရာမလိုတော့ဘူး၊ ကျောင်းမှာ ခွင့်တိုင်ဖို့လည်း မလိုတော့ဘူးပေါ့...” စုပေက Mr.ချင်အား ယနေ့ သူမ လက်ခံရရှိခဲ့တဲ့ ကြေညာချက်နှင့်ပတ်သတ်ပြီး ပြောပြလိုက်တယ်။ သူမ မသိလိုက်တာက, သူမ၏ဖခင်ဖြစ်သူမှ ဒီအရာ‌တွေကို သူမထက်အရင် သိနှင့်နေပြီးသားဖြစ်တဲ့အပြင် အမှန်တကယ်တော့ ထိုပြောင်းလဲမှုတွေကို တောင်းဆို‌ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်တယ်လေ။

သို့ပေသိ, Mr.ချင်က ပူးပေါင်းဆောင်ရွက်စွာဖြင့် ခေါင်းငြိမ့်ပြရင်း ပြောလိုက်တာက : “အဲ့ဒါကောင်းတာပေါ့”

“သမီးလည်း ပွဲစီစဉ်သူက အရမ်းစဉ်းစားဆင်ခြင်တတ်တယ်လို့ထင်တယ်” စုပေကပြုံးလိုက်တယ် : “ဖေဖေ, ပိတ်ရက်မှာ အချိန်ရတယ်ဆိုရင် သမီးရဲ့ပြိုင်ပွဲကို ဖေဖေလာကြည့်လို့ရတယ်နော်”

သို့သော်လည်း ချင်ရှောက်ခမျာ ခေါင်းတောင်မငြိမ့်ရသေးခင်မှာဘဲ သူမက အလျင်အမြန် ထပ်ပြောလိုက်တယ် : “အာ, ထားလိုက်ပါတော့”

ချင်ရှောက် : “သမီးက အဖေ့ကိုမသွားစေချင်ဘူးလား?”

စုပေ : “မဟုတ်ပါဘူး...”

ကျောင်းမိဘစုံညီအစည်းအဝေးတုန်းက အစ်ကိုကြီးရှု သူမကိုပြောခဲ့တဲ့ “မင်းအဖေက ငါ့ကိုသိနေတဲ့ပုံပဲ” ဆိုတဲ့စကားကို သူမ အမှတ်ရသွားခဲ့တယ်။ အစ်ကိုကြီးရှုက Mr.ချင်ကို ကြောက်နေပုံရတာကြောင့် သူမရဲ့ပြိုင်ပွဲကို ကြည့်ရှုဖို့အတွက် Mr.ချင်က ပွဲကျင်းပတဲ့နေရာကို ရောက်လာခဲ့မယ်ဆိုရင် သူ့လုပ်ဆောင်ချက်တွေအ‌ပေါ် သက်ရောက်မှုရှိသွားမလား ဆိုတာကို စုပေက စိုးရိမ်နေခဲ့တာဖြစ်တယ်။

“ဖေဖေ, ဖေဖေက အလုပ်အရမ်းများတယ်‌လေ။ အဲ့တော့ သမီး နောက်ဆုံးဗိုလ်လုပွဲစဥ်ကို ရောက်‌တော့မှပဲ ဖေဖေလာကြည့်လိုက်ပေါ့” စုပေရဲ့မျက်ဝန်းတွေက ယုံကြည်မှုအပြည့်ဖြစ်နေကာ သူမအနေနဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ရောက်အောင်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယ တစိုးတစိမျှတောင် ရှိမနေသကဲ့သို့ပင်။

ကလေးမလေးရဲ့မျက်နှာပေါ်မှ အကြည့်တွေက သိပ်ကိုလှပနေခဲ့တယ်။ သေချာတာပေါ့, သူ့အိမ်က ကလေးတွေမှာ ဒီလိုယုံကြည်မှုနဲ့ ရဲရင့်ပြတ်သားမှုတွေ ရှိနေရမယ်လေ။ Mr.ချင်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေက အနည်းငယ်‌ ပင့်တက်သွားခဲ့တဲ့အပြင် သူ့မျက်ဝန်းတွေထဲမှာလည်း ပီတိဖြာ‌နေတဲ့ အရိပ်အယောင်တစ်ခု ရှိနေခဲ့တယ်။

“အိုကေလေ”

“အခု, သွားအိပ်တော့”

စုပေ : “ဟုတ်။ Good night ပါ, ဖေဖေ”

“ဖေဖေ, ဖေဖေ့ကုတ်ကိုရော?”

ချင်ရှောက် : “အဖေ့အခန်းထဲက ဒုတိယ‌စင်ပေါ်မှာ တင်ထားလိုက်”

စုပေ : “ဟုတ်ကဲ့”

-----

သမီးဖြစ်သူ ထွက်သွားပြီးနောက် Mr.ချင်က မိုဘိုင်းဖုန်းသုံးရင်း ပထမအထပ်မှာ နေနေခဲ့တယ်။ ရုတ်တရက်, ဒုတိယထပ်ရဲ့လက်ရန်းကနေ စုပေက ခေါင်းပြူထွက်လာပြီး : “ဖေဖေ့”

ဒီကောင်မလေး ဘာလို့ခုထိမအိပ်သေးတာလဲ?

Mr.ချင်ရဲ့ပါးစပ်ကနေ စကားတွေ မထွက်လာသေးခင်မှာပဲ စုပေက ထပ်ပြောလိုက်တယ် : “ဒါနောက်ဆုံးပါပဲ”

ချင်ရှောက် : “ပြော”

“နောက်အပတ် သမီးတို့ကျောင်းရဲ့ အားကစားပွဲတော်ကျရင်လေ, သမီးက သမီးတို့အတန်းရဲ့ စီတန်းလှည့်လည်တဲ့အဖွဲ့ကို ဦးဆောင်ပြီးတော့ ရှောင်ပေါင်က အတန်းအလံကို ကိုင်ရမှာ။ ဖေဖေလာကြည့်ချင်လားဟင်?” စုပေက မေးလိုက်တယ်။ သူမရဲ့မျက်ဝန်းတွေက မျှော်လင့်ချက်တွေနဲ့ ဘယ်လောက်တောင် တဖျတ်ဖျတ်တောက်ပနေခဲ့သလဲ ဆိုတာကိုတော့ သူမ လုံးဝကို သတိမထားမိလေဘူး။

ဒီနေ့ နေ့ခင်းပိုင်းတုန်းက, စုပေက သူတို့အိမ်ပြန်လာတဲ့လမ်းမှာ စုရှောင်ပေါင်နဲ့အတူ ဒီကိစ္စအကြောင်းကို ပြောဆိုခဲ့တယ်။ စုပေတစ်ယောက် အဲဒီအချိန်တုန်းက သူ့အစ်ကိုရဲ့တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေခဲ့တယ်။ သူမက ချင်ရှောက်အား သူတို့ရဲ့အားကစားပွဲတော်သို့ ဖိတ်ခေါ်ချင်တဲ့အကြောင်း ပြောပြလိုက်ချိန်မှာ စုရှောင်ပေါင် ပြောလိုက်တာက : “သူက ဝင်ပြိုင်မှာလည်း မဟုတ်ဘဲနဲ့, သူ့ကို အားကစားပွဲတော်ကို ဖိတ်ပြီး ဘာလုပ်မလို့လဲ” ခဏကြာပြီးနောက်, သူ တိုး‌တိုးလေးပြောလိုက်တယ် : “နောက်ပြီး, အဲ့လူကြီးက အလုပ်အရမ်းများတဲ့ဟာကို...”

စုရှောင်ပေါင်က ရှုပ်ထွေးပြီး စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံ‌ပေါက်နေကာ Mr.ချင်က သူတို့ကို တကယ်ကြီး လာကြည့်မှာကို သူက မပျော်ရွှင်သလိုမျိုး ဖြစ်နေခဲ့တယ်။ သို့ပေမယ့်လို့ စုပေက သူ့အစ်ကိုအကြောင်းကို ကောင်းကောင်း သိ‌တယ် : သူက ဒီလို‌တွေချည်း ပြောနေပေမယ့်လည်း ဒီကောင်လေးက တကယ်တမ်းကျတော့ သူ့အဖေကို သူတို့ကျောင်းပွဲတော်ကို လာစေချင်တာဖြစ်တယ်။ နောက်ဆုံးတော့ ဒါတွေက သူတို့ အမြဲတမ်း လိုချင်နေခဲ့ပေမယ့် အခုချိန်မတိုင်ခင်အထိ တစ်ခါမှမရရှိဖူးခဲ့တဲ့ အရာတွေပဲဖြစ်တယ်။

သေချာတာပေါ့, စုပေကလည်း ထပ်တူထပ်မျှ ဆန္ဒရှိတယ်။

“အင်း” Mr.ချင်က အံ့ဩမသွားခဲ့ဘူး။ အမှန်တော့ သူက ကလေးတွေရဲ့အတန်းပိုင်ဆရာမမှ လောလောလတ်လတ် ပေးပို့လာခဲ့တဲ့ message တွေကို ဖတ်ရှုနေတာကြောင့်ပဲဖြစ်တယ်။

[အတန်းပိုင်ဆရာမ] : မင်္ဂလာပါ, Mr.ချင်။ ကျွန်မက ချင်ယွိနဲ့ ချင်ယွဲ့တို့ရဲ့ အတန်းပိုင်ဆရာမပါ။ ကျွန်မတို့ကျောင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆောင်းဦးရာသီအားကစားပွဲတော်တစ်ခု ကျင်းပဖို့ရှိပါတယ်။ ဒီပွဲကို မိဘများကိုပါ ဖိတ်ကြားထားတာဖြစ်တဲ့အပြင် ကျွန်မတို့ဖက်ကလည်း မိဘတွေကို သူတို့ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို လာရောက်ကြည့်ရှုကြစေလိုပါတယ်ရှင်။

[အတန်းပိုင်ဆရာမ] : ကျွန်မ ဒီနေရာမှာပဲ ကျောင်းအုပ်ကြီးရဲ့သတင်းစကားကို လက်ဆင့်ကမ်း‌ပေးချင်ပါတယ်။ အကယ်၍များ Mr.ချင်မှာအချိန်ရမယ်ဆိုရင် ကျွန်မတို့ကျောင်းက လူကြီးမင်းကို မိဘကိုယ်စားပြုတစ်ယောက် အနေနဲ့ အဲဒီ့နေ့မှာ မိန့်ခွန်းအတိုလေးတစ်ခုလောက် ပြောကြားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

ကျောင်းနှစ်ပတ်လည် အားကစားပွဲတော်မှာဆိုရင် ဌာနဆိုင်ရာနှင့် ကျောင်းသားအားကစားသမား ကိုယ်စားပြုများအပြင် မိန့်ခွန်းအတိုလေးတွေ ပြောကြားပေးရန်အတွက် မိဘအချို့ကိုလည်း ဖိတ်ကြားလေ့ရှိတာ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ မိဘကိုယ်စားပြုက စုန့် Group ၏ဥက္ကဌ, စုန့်ရှင်းယီ၏ဖခင်ပင်ဖြစ်တယ်။ ဒီနှစ်မှာတော့ စုပေနဲ့ စုရှောင်ပေါင်တို့က သူတို့ရဲ့ကျောင်းသို့ ပြောင်းရွေ့လာခဲ့ကြတယ်။ လူမှုအသိုင်းအဝိုင်း လွှမ်းမိုးမှုများအရ, Mr.ချင်က မိဘများကို ကိုယ်စားပြုဖို့ရာ အသင့်တော်ဆုံးပင်ဖြစ်တယ်။

စုပေအား နောက်တစ်ဖန် ထပ်ကြည့်လိုက်ရင်း Mr.ချင်က အတန်းပိုင်ဆရာမကို ကောင်းပါပြီ ဆိုပြီး reply လုပ်လိုက်တယ်။

Mr.ချင်က အကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့သူဖြစ်တယ်။ မနှစ်က မိဘကိုယ်စားပြုက စုန့်ယန်ချန်းဖြစ်တယ် ဆိုတာကို သိရှိပြီးနောက်တော့ သူ့အနေနဲ့ ဒါကို ပိုပြီး အလေးအနက်ထား လုပ်ဆောင်သွားမှာဖြစ်တယ်။

-----

နောက်တစ်နေ့ ကျောင်းတက်ချိန်အထိ, မိဘကိုယ်စားပြုနှင့် ကျောင်းသားအားကစားသမား ကိုယ်စားပြုတို့၏ ကိုယ်စားလှယ်လောင်းများကို ကြေညာခဲ့ခြင်းမရှိသေး‌ပေ။ လူတစ်ချို့က ဖိုရမ်ထဲမှာ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရင်း အလုပ်များနေခဲ့ကြပေမယ့် တကယ့်တကယ်တမ်း hot အဖြစ်ဆုံး topic ကတော့ အတန်း စီတန်းလှည့်လည်မှုအဖွဲ့ပင်ဖြစ်တယ်။

[အတန်း ၈-၈ ရဲ့ ချွမ်လိ့တွေရော ဘယ်လိုနေလဲမသိ? သူတို့ ဘယ်လောက်တောင် လှနေလိုက်မလဲနော်? Ahaha, ငါရယ်သေတော့‌မှာပဲ]

[ကြည့်ရတာ ဆရာ၊ဆရာမတွေက ဒီနှစ် စီတန်းလှည့်လည်မှုအဖွဲ့ရဲ့ အကဲဖြတ်အမှတ်ပေးတဲ့စံချိန်ကို ၁၀% လောက် တိုးမြှင့်လိုက်တဲ့ပုံပဲ။ ဒီတစ်ခေါက် အတန်း ၈-၁ က အောက်ဆုံးအဆင့်တော့ မရောက်လောက်ဘူးလို့ ငါခံစားမိနေတယ်]

[ငါကတော့ Honor of Kings cosplay ကိုမျှော်လင့်နေမိတယ်]

...

ထွေရာလေးပါးဆွေးနွေးမှုများအပြင်, အများစုပြောဆိုဖြစ်ကြတဲ့ topic ကတော့ အတန်း ၈-၂ နှင့် ၈-၇ တို့၏ စီတန်းလှည့်လည်မှုအဖွဲ့အကြောင်းပင်ဖြစ်တယ်။ အဖွဲ့တစ်ခုတည်းသက်သက်ဆိုလျှင် ဘာလုပ်စရာမှမရှိပေမယ့် အဓိကအားဖြင့် ၎င်းအတန်းနှစ်တန်း၏ အဖွဲ့ခေါင်းဆောင်များက အလွန်တရာကို တန်ဖိုးကြီးနေတာကြောင့်ပဲ ဖြစ်တယ် : အတန်း ၈-၂ ၌ ကျောင်းအလှပန်းလေးနှင့် ကျောင်းမြက်ခင်းစိမ်းလေးတို့၏ ပေါင်းစပ်မှုတစ်ခု ရှိနေစဉ်တွင် အတန်း ၈-၇ မှာတော့ ကျောင်းအလှပန်းအသစ်လေး စုပေနှင့် ကြီးမြတ်တဲ့နတ်ဘုရားနှစ်ပါးတို့ ရှိနေတာပဲဖြစ်တယ်။ ကျောင်းမှာ ဒီလူငါးယောက်ရဲ့ ထင်ပေါ်ကျော်ကြားမှုက  ကနဦးကတည်းက မြင့်မားနေခဲ့ပြီးဖြစ်ပေမယ့်လည်း ဒီသတင်းက ဖိုရမ်တစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲထွက်သွားစေခဲ့တယ်။

[ငါကတော့ ယဲ့-စုန့် CP ကို ဘယ်တော့မှ ငြီးငွေ့သွားမှာမဟုတ်ဘူး, အား!]

[နတ်ဘုရားရှဲ့နဲ့ သခင်လေးစုကို ပွဲတစ်ပွဲထဲမှာ ဘေးချင်းယှဉ်ရပ်နေတာကို ငါအသက်ရှင်လျက်မြင်ရလိမ့်မယ် ဆိုတာမျိုးကို တစ်ခါမှတောင် တွေးမထားမိဘူး! တန်တယ်ကွာ!]

[အနွေးဘူးညီမလေးရေ, ချသာချ!]

[ငါလည်း ယဲ့-စုန့် CP ကိုကြိုက်ပေမယ့် ဒီနှစ်တော့ ‘နတ်ဘုရားပါရမီရှင်လေး’ combo ကိုပဲ အားပေးဖို့ ဆုံးဖြတ်လိုက်ပြီ]

နတ်ဘုရားပါရမီရှင်လေး--အဲဒါက ဝေ့မင်အလယ်တန်း‌ကျောင်း၏ ကျောင်းသားများမှ တရားဝင် ထောက်ခံထားကြသည့် စုပေ၊ စုရှောင်ပေါင်နှင့် ရှဲ့မင်ရွှမ်း သုံးယောက်ကိုပေါင်းပြီး ခေါ်ဆိုတဲ့ နာမည်အသစ်ပဲ ဖြစ်တယ်။ ဆိုလိုရင်းကတော့ နတ်ဘုရားအဆင့်ရှိ ကျောင်းပါရမီရှင်လေးများဟူ၍ပင်။

တစ်စုံတစ်ယောက်မှ အတန်း ၈-၂ နှင့် ၈-၇ တို့၏ အစမ်းလေ့ကျင့်ချိန်အတွင်း ခိုးရိုက်ထားသော ဓာတ်ပုံအမြောက်အများကို တင်ခဲ့တယ်။ မကြာခင်မှာပဲ ဖိုရမ်ပေါ်မှာ vote အသစ်တစ်ခု ထည့်သွင်းလိုက်တယ် : [ဒီနှစ်ရဲ့ ပြိုင်ပွဲဝင် စီတန်းလှည့်လည်မှုအတွက်, ဘယ်အဖွဲ့က ပိုပြီး‌တော့ ခမ်းနားကြီးကျယ်မယ်လို့ မင်းတို့ထင်ကြလဲ? အတန်း ၈-၂ လား ဒါမှမဟုတ် အတန်း ၈-၇ လား?]

[ငါကတော့ ငါ့ ‘ယောက်ျား’ နဲ့ ငါ့ယောင်းမကိုပဲ အားပေးမှာ]

[သေချာပေါက် ယဲ့-စုန့် ပဲပေါ့]

[အရေအတွက်အရဆိုရင်, ငါ့အထင် အတန်း ၈-၇ ကနိုင်သွားမှာပဲ]

[သခင်လေးယဲ့နဲ့ နတ်ဘုရားမစုန့်တို့က ကြိုက်နေကြတာလေ, စုပေမှာက ဘာများရှိလို့လဲ?]

[နင် အဲ့ဒါက ဘာကိုဆိုလိုချင်တာလဲ? ကောင်လေးနဲ့ ကောင်မလေးကြားမှာ အချစ်တစ်ခုပဲရှိတယ်လို့ နင်ထင်နေတာလား? စုပေနဲ့ သခင်လေးစုတို့မှာလည်း မောင်နှမအချစ်ဆိုတာ ရှိတာပဲလေ, ဟုတ်ပြီလား?

[*တိုးတိုးလေးပြော* နတ်ဘုရားရှဲ့နဲ့ သခင်လေးစုတို့ကလည်း အရမ်းချစ်စရာကောင်းတယ်လို့ ငါထင်တယ် *တိတ်တိတ်လေးထွက်ပြေး*]

...

ဒီအချိန်မှာပဲ, ‘အရမ်းချစ်စရာ‌ကောင်းတယ်’ ဆိုပြီး အတင်းအဖျင်း အပြောခံနေရတဲ့ စုရှောင်ပေါင်နဲ့ ရှဲ့မင်ရွှမ်းဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာဆိုရင်ဖြင့် ၎င်းတို့အတန်းမှ အစမ်းလေ့ကျင့်ဖို့အတွက် အသုံးပြုသော ခန်းမငယ်လေး အတွင်း၌ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။ ဒီကိစ္စကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းရင်းကတော့ သူတို့အတန်းရဲ့ အနုပညာကော်မတီအဖွဲ့ဝင်မှ အဆိုပြုလာခဲ့တဲ့ ကကွက်စီစဥ်ဖန်တီးမှုကြောင့်ပင်ဖြစ်တယ်။

ကကွက်အတော်များများကို စုပေတစ်ယောက်တည်းကသာ ကပြ‌ရတာဖြစ်တယ်။ သို့ပေသိ, သူမအား စုရှောင်ပေါင်နှင့် ရှဲ့မင်ရွှမ်းတို့က ဘေးမှကူညီပံ့ပိုးပေးရတဲ့ ကကွက်အပိုင်းအတိုလေးများလည်း ရှိနေ‌သေးတယ် : စုရှောင်ပေါင်မှ စုပေအား တစ်ချက်ခုန်ရန်အတွက် တစ်ကြိမ်ကူညီထောက်ပံ့ပေးရမှာဖြစ်ကာ အခြားတစ်ဖက်မှာတော့ ရှဲ့မင်ရွှမ်းမှ လှည့်ပတ်ကသည့်ကကွက် (rotating dance step) တစ်ခုတွင် စုပေအား ဦးဆောင်ပေးရမှာပဲဖြစ်တယ်။

စုရှောင်ပေါင်အနေနဲ့ သူ့အခန်းကဏ္ဍက အဆင်ပြေလေတယ်; ဘာပဲဖြစ်ဖြစ် စုပေက လေးမှ‌မလေးပဲကို။ သို့သော် ရှဲ့မင်ရွှမ်း၏အလှည့်သို့ ရောက်လာချိန်မှာတော့ စုရှောင်ပေါင်ရဲ့မျက်နှာက ချက်ချင်းကို မည်းမှောင်သွားခဲ့တော့တယ် : ရှဲ့မင်ရွှမ်းဆိုတဲ့‌ကောင်ကိုများ စုပေကို ဦးဆောင်ခွင့်ပေးရမယ်ပေါ့? အိပ်မက်ပဲမက်နေလိုက်!

31.5.2021
Monday

_____


Thanks 🌹




واصل القراءة

ستعجبك أيضاً

313K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.1M 61.3K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
126K 17.2K 43
က်န္းခ်င္းေပ - arc.4.