အချစ်စစ်၏စေညွှန်ရာ(Complete)

Af Loon_0199

115K 4.6K 67

❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤ Mere

အမှာစာ
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44
Ep 45
Ep 46
Ep 47
Ep 48
Ep 50
🙏🙏🙏
Ep 51
Ep 52
တောင်းပန်ခြင်း❤❤
Ep 53
Ep 54
Ep 55 final

Ep 17

2.1K 131 3
Af Loon_0199

Ep 17(Unicode)

သွင်ခက်တစ်ယောက်ဒီနေ့အမေဖြစ်သူဆီကိုဘုန်းထက်နှင့်သွားမလို့ဆိုကာဘုန်းထက်ကိုအစောကြီးစာပို့ထားသည်။ခဏအကြာပြန်စာရောက်လာ၍ကြည့်လိုက်တော့ဘုန်းထက်ဆီက'ငါလာခေါ်မယ်'ဆိုတာကြောင့်ဖုန်းကိုလက်ကချကာရေချိုးခန်းထဲသို့ပြေးလိုက်သည်။ဟိုလူကြီးကတော့ဘယ်ချိန်ကထသွားမှန်းတောင်မသိလိုက်ပါ။

သွင်ခက် ရေချိုးပြီးတော့အခုမှဝတ်စရာမရှိတာမှန်းသတိရကာ

"ဟုတ်သားဘဲ ငါ့မှာမိန်းခလေးဟာတွေဘဲရှိတာ ဟိုဝတ်စုံကလည်းမနေ့ကဝတ်ပြီးလို့အခုတောင်လျှော်လိုက်ပြီ"သွင်ခက်လည်းကုတင်ပေါ်မှဖုန်းကိုယူလိုက်ကာတစ်ဦးတဘ်းသောသူငယ်ချင်းလေးအား ဖုန်းခေါ်ရပြန်သည်။

တီ....တီ.... တီ.....

"ဟယ်လို ဘုန်းထက် ငါ့မှာအဝတ်စားအပိုမရှိတော့ဘူး အဲ့ဒါ မင်းအိမ်ကနေ ငါ့အဝတ်စားလေးယူခဲ့ပါလား"
"အေးအေး တစ်စုံထဲလား"
"အေးဟုတ်တယ် "ပြီးသည်နှင့်ဖုန်းချလိုက်ကာသွင်ခက်လည်း ရေချိုးပြီးရင်ဝတ်တဲ့အဖြူရောင်ဝတ်စုံကိုသာဝတ်ထားလိုက်သည်။အရင်ကဆို
ဘုန်းထက်အိမ်မှာညအိပ်တာတွေရှိ၍သွင်ခက်အဝတ်အစားကဘုန်းထက်အိမ်မှာတောင်ရှိနေသည်။

သွင်ခက်တစ်ယောက်ထိုင်နေရင်းသော်တာ့ကိုသတိရကာ

"ငါတို့အလိမ်တွေပေါ်သွားပြီဆိုတာပြောလိုက်ရမလာသော်တာ့ကို"
"ကျစ် မဖြစ်သေးပါဘူး သူ့မိဘတွေကိုစိတ်ပူပြီးပြန်လာနေမှဖြင့်သူ့ရည်ရွယ်ချက်တွေမအောင်မြင်ဘဲ ဖြစ်နေအုန်းမယ်"သွင်ခက်လည်းဖုန်းဖွင့်ပြီးသီချင်းနားထောင်ကာကုတင်ပေါ်မှာသာနေနေလိုက်သည်။

ခဏအကြာဖုန်းလာ၍ကိုင်လိုက်တော့

"ဟယ်လိုသွင်ခက် ငါအိမ်ရှေ့ရောက်နေပြီ "
"အဲ့ဒါဆိုဝင်လာလေ"
"ရပါ့မလားကွ"
"ဖြစ်ပါတယ်ကွာ"
"ပြီးရော"ဘုန်းထက်လည်းခြံတံခါးစေ့ထားတာတွေ့၍ကိုယ့်ဘာသာကိုဝင်သွားတော့သည်။အိမ်ထဲသို့ရောက်တော့ဧည့်ခန်းထဲတွင်ထိုင်နေသောခွန်းစစ်ကြောင့်ခြေလှမ်းတို့ရပ်သွားကာ

"အကိုခွန်းစစ်"
"ဪ ညီဘာကိစ္စရှိလို့လဲ" ဘုန်းထက်က ကြောက်ကြောက်နှင့်ပင်အပေါ်ထပ်ကိုလက်ညှိုးလေးထိုကာ

"ဟို......ကျွန်တော်သွင်ခက်ဆီလာတာပါ"
"ဪသွားလေ ညီရတယ်သူကအပေါ်မှာ"
"ဟုတ်ကဲ့"ဘုန်းထက်လည်း ဘာမှမမေး၍ပျော်သွားကာအပေါ်ထပ်သို့တက်လာခဲ့သည်။ပြီးသည်နှင့်အရှေ့ကတွေ့နေရသောအခန်းအားတံခါးခေါက်ကြည့်လိုက်တော့တံခါးပွင့်လာကာ

"ဘုန်းထက်လာပြီလား ဝင်လေ"
"အေး အခန်းမှားမှာစိုးနေတာငါက"သွင်ခက်ကဘုန်းထက်ယူလာသောအထုတ်ထဲကအဝတ်တွေကိုယူလိုက်သည်။ အမြဲတမ်းအပေါ်က ရှပ်အဖြူလေးနှင့်အောက်ကစတိုင်ပန်နဲ့တွဲဝတ်တတ်သောသွင်ခက်က အခုလည်းမပြောင်းမလဲပင်။
ဘုန်းထက်ကတော့ကုတင်ပေါ်ထိုင်နေရင်း
အခန်းကိုဝေ့ကြည့်လိုက်ကာ

"သွင်ခက် မင်းနဲ့မင်းလူကြီးကတစ်ကုတင်ထဲအိပ်တာလား"
"အေးပေါ့ဟ "
သွင်ခက်ကပြောပြီးတာနဲ့မှန်ရှေ့လာပြီး ဆံပင်ပျော့အိအိလေးအား သေသေချာချာအလယ်ခွဲကာပြောလိုက်သည်။သွင်ခက်လည်းရေမွှေးလေးဆွတ်ပြီးသည်နှင့်

"သွားမယ်ဘုန်းထက်"
"အင်း"နှစ်ယောက်သားအခန်းထဲမှထွက်လာကာအောက်သို့ရောက်တော့ဧည့်ခန်းထဲတွင်ခွန်းစစ်အားတွေ့၍

"အကို ကျွန်တော် အမေ့ဆီသွားမလို့ အဲ့ဒါသွားတော့မယ်နော်"
"နေအုန်း မနက်စာစားအုန်း"

"ဟိုမစားတော့ဘူးအကို အမေကနန်းကြီးသုတ်လုပ်ထားတယ်ဆိုလို့"ရတုက သွင်ခက်အပြောကိုခေါင်းညိတ်လိုက်ကာသတင်းစာဖတ်နေရင်းသတင်းစာကိုခုံပေါ်ကိုတင်လိုက်ပြီး

"ကိုယ်ပါလိုက်ခဲ့မယ်"

"ဗျာ....."ခွန်းစစ်၏အပြောကြောင့်သွင်ခက်ကအံ့သြ သွားသည်။ဘာလဲ အမေ့ဆီဘာလိုက်လုပ်မှာလဲ။

'ဒီလူကြီးဒီနေ့အလုပ်မသွားဘူးလား'

"ဘာလဲ မရဘူးလား"
"ရ ရပါတယ်လိုက်ခဲ့လေ"
"အင်း သွားမယ် ညီက ကားပါတယ်မလား ရတုကိုလုပ်ခိုင်းထားတာလေးရှိလို့အကိုမင်းနဲ့ဘဲလိုက်ခဲ့မယ်"
"ဟုတ်ကဲ့ရပါတယ်"သွင်ခက်ကတော့ခွန်းစစ်၏အပြောကြောင့်အံ့သြရင်းပင်အံ့သြရသည်။

'ဘာလဲ ဒီလူကြီး ကားတွေအများကြီးရှိရဲ့နဲ့ကို'

ခွန်းစစ်ပဏ္ဏာ ကကားပေါ်ရောက်တာနဲ့သွင်ခက်ဆီကနေအိမ်လိပ်စာမေးပြီးရတုအားဖုန်းခေါ်လိုက်သည်။

"ရတုငါခိုင်းထားတာပြီးရင် xxxxကိုလိုက်လာခဲ့"
"ဟုတ်ကဲ့ပါBoss"ပြီးသည်နှင့်သုံးယောက်သားသွင်ခက်အိမ်သို့သွားကြသည်။သွင်ခက်ကတော့အမေဖြစ်သူရဲ့ရှေ့မှာ ခွန်းစစ်အားဘယ်လိုမိတ်ဆက်ပေးရမလဲစဥ်းစားနေကာမျက်နှာမှိုင်နေသလောက်ဘေးနားက လူကြီးကတော့လက်ပိုက်ကာဟန်ပါပါပင်ထိုင်နေပြီး ဘာတွေတွေးနေမှန်းမသိတိတ်ဆိတ်စွာလိုက်ပါလာခဲ့သည်။

'သွင်ခက်ရေ မင်းကတော့မြွေပွေးကိုခါးပိုက် ပိုက်မိတာဘဲ'

Ep 17(Zawgyi)

သြင္ခက္တစ္ေယာက္ဒီေန႕အေမျဖစ္သူဆီကိုဘုန္းထက္ႏွင့္သြားမလို႔ဆိုကာဘုန္းထက္ကိုအေစာႀကီးစာပို႔ထားသည္။ခဏအၾကာျပန္စာေရာက္လာ၍ၾကည့္လိုက္ေတာ့ဘုန္းထက္ဆီက'ငါလာေခၚမယ္'ဆိုတာေၾကာင့္ဖုန္းကိုလက္ကခ်ကာေရခ်ိဳးခန္းထဲသို႔ေျပးလိုက္သည္။ဟိုလူႀကီးကေတာ့ဘယ္ခ်ိန္ကထသြားမွန္းေတာင္မသိလိုက္ပါ။

သြင္ခက္ ေရခ်ိဳးၿပီးေတာ့အခုမွဝတ္စရာမရွိတာမွန္းသတိရကာ

"ဟုတ္သားဘဲ ငါ့မွာမိန္းခေလးဟာေတြဘဲရွိတာ ဟိုဝတ္စုံကလည္းမေန႕ကဝတ္ၿပီးလို႔အခုေတာင္ေလွ်ာ္လိုက္ၿပီ"သြင္ခက္လည္းကုတင္ေပၚမွဖုန္းကိုယူလိုက္ကာတစ္ဦးတဘ္းေသာသူငယ္ခ်င္းေလးအား ဖုန္းေခၚရျပန္သည္။

တီ....တီ.... တီ.....

"ဟယ္လို ဘုန္းထက္ ငါ့မွာအဝတ္စားအပိုမရွိေတာ့ဘူး အဲ့ဒါ မင္းအိမ္ကေန ငါ့အဝတ္စားေလးယူခဲ့ပါလား"
"ေအးေအး တစ္စုံထဲလား"
"ေအးဟုတ္တယ္ "ၿပီးသည္ႏွင့္ဖုန္းခ်လိဳက္ကာသြင္ခက္လည္း ေရခ်ိဳးၿပီးရင္ဝတ္တဲ့အျဖဴေရာင္ဝတ္စုံကိုသာဝတ္ထားလိုက္သည္။အရင္ကဆို
ဘုန္းထက္အိမ္မွာညအိပ္တာေတြရွိ၍သြင္ခက္အဝတ္အစားကဘုန္းထက္အိမ္မွာေတာင္ရွိေနသည္။

သြင္ခက္တစ္ေယာက္ထိုင္ေနရင္းေသာ္တာ့ကိုသတိရကာ

"ငါတို႔အလိမ္ေတြေပၚသြားၿပီဆိုတာေျပာလိုက္ရမလာေသာ္တာ့ကို"
"က်စ္ မျဖစ္ေသးပါဘူး သူ႕မိဘေတြကိုစိတ္ပူၿပီးျပန္လာေနမွျဖင့္သူ႕ရည္႐ြယ္ခ်က္ေတြမေအာင္ျမင္ဘဲ ျဖစ္ေနအုန္းမယ္"သြင္ခက္လည္းဖုန္းဖြင့္ၿပီးသီခ်င္းနားေထာင္ကာကုတင္ေပၚမွာသာေနေနလိုက္သည္။

ခဏအၾကာဖုန္းလာ၍ကိုင္လိုက္ေတာ့

"ဟယ္လိုသြင္ခက္ ငါအိမ္ေရွ႕ေရာက္ေနၿပီ "
"အဲ့ဒါဆိုဝင္လာေလ"
"ရပါ့မလားကြ"
"ျဖစ္ပါတယ္ကြာ"
"ၿပီးေရာ"ဘုန္းထက္လည္းၿခံတံခါးေစ့ထားတာေတြ႕၍ကိုယ့္ဘာသာကိုဝင္သြားေတာ့သည္။အိမ္ထဲသို႔ေရာက္ေတာ့ဧည့္ခန္းထဲတြင္ထိုင္ေနေသာခြန္းစစ္ေၾကာင့္ေျခလွမ္းတို႔ရပ္သြားကာ

"အကိုခြန္းစစ္"
"ဪ ညီဘာကိစၥရွိလို႔လဲ" ဘုန္းထက္က ေၾကာက္ေၾကာက္ႏွင့္ပင္အေပၚထပ္ကိုလက္ညွိုးေလးထိုကာ

"ဟို......ကြၽန္ေတာ္သြင္ခက္ဆီလာတာပါ"
"ဪသြားေလ ညီရတယ္သူကအေပၚမွာ"
"ဟုတ္ကဲ့"ဘုန္းထက္လည္း ဘာမွမေမး၍ေပ်ာ္သြားကာအေပၚထပ္သို႔တက္လာခဲ့သည္။ၿပီးသည္ႏွင့္အေရွ႕ကေတြ႕ေနရေသာအခန္းအားတံခါးေခါက္ၾကည့္လိုက္ေတာ့တံခါးပြင့္လာကာ

"ဘုန္းထက္လာၿပီလား ဝင္ေလ"
"ေအး အခန္းမွားမွာစိုးေနတာငါက"သြင္ခက္ကဘုန္းထက္ယူလာေသာအထုတ္ထဲကအဝတ္ေတြကိုယူလိုက္သည္။ အၿမဲတမ္းအေပၚက ရွပ္အျဖဴေလးႏွင့္ေအာက္ကစတိုင္ပန္နဲ႕တြဲဝတ္တတ္ေသာသြင္ခက္က အခုလည္းမေျပာင္းမလဲပင္။
ဘုန္းထက္ကေတာ့ကုတင္ေပၚထိုင္ေနရင္း
အခန္းကိုေဝ့ၾကည့္လိုက္ကာ

"သြင္ခက္ မင္းနဲ႕မင္းလူႀကီးကတစ္ကုတင္ထဲအိပ္တာလား"
"ေအးေပါ့ဟ "
သြင္ခက္ကေျပာၿပီးတာနဲ႕မွန္ေရွ႕လာၿပီး ဆံပင္ေပ်ာ့အိအိေလးအား ေသေသခ်ာခ်ာအလယ္ခြဲကာေျပာလိုက္သည္။သြင္ခက္လည္းေရေမႊးေလးဆြတ္ၿပီးသည္ႏွင့္

"သြားမယ္ဘုန္းထက္"
"အင္း"ႏွစ္ေယာက္သားအခန္းထဲမွထြက္လာကာေအာက္သို႔ေရာက္ေတာ့ဧည့္ခန္းထဲတြင္ခြန္းစစ္အားေတြ႕၍

"အကို ကြၽန္ေတာ္ အေမ့ဆီသြားမလို႔ အဲ့ဒါသြားေတာ့မယ္ေနာ္"
"ေနအုန္း မနက္စာစားအုန္း"

"ဟိုမစားေတာ့ဘူးအကို အေမကနန္းႀကီးသုတ္လုပ္ထားတယ္ဆိုလို႔"ရတုက သြင္ခက္အေျပာကိုေခါင္းညိတ္လိုက္ကာသတင္းစာဖတ္ေနရင္းသတင္းစာကိုခုံေပၚကိုတင္လိုက္ၿပီး

"ကိုယ္ပါလိုက္ခဲ့မယ္"

"ဗ်ာ....."ခြန္းစစ္၏အေျပာေၾကာင့္သြင္ခက္ကအံ့ၾသ သြားသည္။ဘာလဲ အေမ့ဆီဘာလိုက္လုပ္မွာလဲ။

'ဒီလူႀကီးဒီေန႕အလုပ္မသြားဘူးလား'

"ဘာလဲ မရဘူးလား"
"ရ ရပါတယ္လိုက္ခဲ့ေလ"
"အင္း သြားမယ္ ညီက ကားပါတယ္မလား ရတုကိုလုပ္ခိုင္းထားတာေလးရွိလို႔အကိုမင္းနဲ႕ဘဲလိုက္ခဲ့မယ္"
"ဟုတ္ကဲ့ရပါတယ္"သြင္ခက္ကေတာ့ခြန္းစစ္၏အေျပာေၾကာင့္အံ့ၾသရင္းပင္အံ့ၾသရသည္။

'ဘာလဲ ဒီလူႀကီး ကားေတြအမ်ားႀကီးရွိရဲ႕နဲ႕ကို'

ခြန္းစစ္ပဏၰာ ကကားေပၚေရာက္တာနဲ႕သြင္ခက္ဆီကေနအိမ္လိပ္စာေမးၿပီးရတုအားဖုန္းေခၚလိုက္သည္။

"ရတုငါခိုင္းထားတာၿပီးရင္ xxxxကိုလိုက္လာခဲ့"
"ဟုတ္ကဲ့ပါBoss"ၿပီးသည္ႏွင့္သုံးေယာက္သားသြင္ခက္အိမ္သို႔သြားၾကသည္။သြင္ခက္ကေတာ့အေမျဖစ္သူရဲ႕ေရွ႕မွာ ခြန္းစစ္အားဘယ္လိုမိတ္ဆက္ေပးရမလဲစဥ္းစားေနကာမ်က္ႏွာမွိုင္ေနသေလာက္ေဘးနားက လူႀကီးကေတာ့လက္ပိုက္ကာဟန္ပါပါပင္ထိုင္ေနၿပီး ဘာေတြေတြးေနမွန္းမသိတိတ္ဆိတ္စြာလိုက္ပါလာခဲ့သည္။

'သြင္ခက္ေရ မင္းကေတာ့ေႁမြေပြးကိုခါးပိုက္ ပိုက္မိတာဘဲ'

Fortsæt med at læse

You'll Also Like

277K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
256K 24.6K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
692K 42.4K 30
A love contest between a boy who likes to kick football and a little doctor.
214K 35.9K 96
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .