[Zawgyi]
အရင္က တစ္ေယာက္တည္း အထီးက်န္စြာ ျဖတ္သန္းခဲ့ရတဲ့ တစ္ေန႔တာေတြမွာ အခုဆို ေ႐ွာင္းက်န္႔ပါ ပါဝင္လာတယ္။ အားလပ္ခ်ိန္မွာေတာင္ ဝမ္ရိေပၚဟာ ေ႐ွာင္းက်န္႔ကို ကိုအာလာဝက္ဝံတစ္ေကာင္လို ဖက္တြယ္ေနဆဲမို႔
"ရိေပၚ ငါအလုပ္လုပ္ေနတယ္ေလ...ဟိုဘက္သြားေနစမ္းပါ"
"ဟင့္အင္း...ေ႐ွာင္းက်န္႔႐ွိတဲ့ေနရာကေန တစ္ဖဝါးမွမခြာဘူး"
ေျပာမရဆိုမရျဖစ္ေနေသာ ဝမ္ရိေပၚကို သူဘယ္လိုနည္းေတြနဲ႔ ကိုင္တြယ္ရမယ္မွန္းလည္း မသိေတာ့ဘူး။
ဒီေကာင္ေလးက အရမ္းေခါင္းမာတယ္။ ၿပီးေတာ့ သူကလြဲရင္ တျခားဘယ္သူမွလည္း ေျပာလို႔ဆိုလို႔မရဘူး။ ဒီကမၻာမွာ ဝမ္ရိေပၚကို ထိန္းခ်ဴ ပ္ႏိုင္တာ ေ႐ွာင္ေ႐ွာင္းက်န္႔ဆိုတဲ့ သူတစ္ေယာက္တည္း႐ွိတယ္ဆိုတဲ့ အေတြးမ်ိဴ း ဝင္လာမိရင္ သူ႔မွာ ၾကည္ႏူးလို႔မဆံုး။
"ရိေပၚ....ေကာ ဒါၿပီးရင္ ရိေပၚအတြက္ ပံုတူဆြဲေပးမယ္ေလေနာ္"
ေလသံေအးေလးႏွင့္ သူေခ်ာ့လိုက္ေတာ့ တလက္လက္ေတာက္ပလာသည့္ ေကာင္ေလးရဲ႕မ်က္ဝန္းမ်ား။
"တကယ္ေသခ်ာလား"
"အင္း"
"ၿပီးေရာ"
စူပုပ္ၿပီး ထြက္သြားတဲ့ အဲ့ဒီ ဂ်စ္တီးဂ်စ္ကန္ေကာင္ေလးကိုလည္း သူ႔မွာ ခ်စ္ေနရတာပါပဲ။ သူဟာ အခ်စ္ကို အမ်ားႀကီး ဖြဲ႔ႏြဲ႔မျပတတ္တာမို႔ သူေျပာႏိုင္တာက သူလည္း ရိေပၚကို အဲ့ဒီေကာင္ေလးထက္ မေလ်ာ့တဲ့ အခ်စ္ေတြနဲ႔ ခ်စ္မိေနတာကိုပဲ။
ဆယ္ေက်ာ္သက္အရြယ္မဟုတ္ေတာ့တာမို႔ သူက ရိေပၚကို ရင့္က်က္တဲ့အခ်စ္မ်ိဴ းနဲ႔ပဲ ခ်စ္တယ္။ ဒါေပမဲ့ အဲ့ဒီေကာင္ေလးကေတာ့ သူ႔အနားကေန တစ္ဖဝါးမခြာပဲ အရိပ္တၾကည့္ၾကည့္နဲ႔ ေနရတာကိုပဲ ခ်စ္တာလို႔ ယူဆေနပံုပါပဲ။
မီးဖိုေခ်ာင္မွာ လက္စသတ္စရာ႐ွိတာ အကုန္လုပ္ၿပီးတာႏွင့္ ဧည့္ခန္းက ဝမ္ရိေပၚဆီ သြားၾကည့္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက စာအုပ္ထိုင္ဖတ္ေနတာကို ေတြ႔ေတာ့ သူလည္း ေဘးနားဝင္ထိုင္လိုက္ကာ
"ေကာၿပီးၿပီေနာ္...ရိေပၚ"
"......"
"ေကာၿပီးၿပီလို႔"
"......."
သူ႔စကားကို မၾကားခ်င္ေယာင္ေဆာင္ကာ စာအုပ္ထိုင္ဖတ္ေနေသာ ဝမ္ရိေပၚကို စိတ္တိုလာတာမို႔ နားရြက္တစ္ဖက္ကို အားနဲ႔လိမ္ဆြဲလိုက္ေတာ့
"အာ့ အာ့ နာတယ္...ေကာ လႊတ္ေပးဗ်ာ"
"မလႊတ္ဘူး...မၾကားခ်င္ေယာင္ေဆာင္ေနတဲ့ နားရြက္က ဒီနားရြက္လား ဟုတ္လား"
"မဟုတ္ပါဘူး...အာ့"
"ေနာက္အဲ့လိုထပ္လုပ္ဦးမလား..ဟမ္"
"မလုပ္ေတာ့ဘူး...မလုပ္ေတာ့ဘူးလို႔"
ထိုအခါမွ သူဆြဲထားရာကေန လႊတ္ေပးလိုက္ေတာ့ ဝမ္ရိေပၚ၏ နားရြက္ကေလးက နီရဲတြတ္ေနေလၿပီ။
နားရြက္ကိုပြတ္ကာ သူ႔ကိုဘုၾကည့္ၾကည့္ေနေသာ ဝမ္ရိေပၚကိုၾကည့္ရင္း မရယ္ပဲမေနႏိုင္ေတာ့မို႔ သူေအာ္ရယ္လိုက္မိေတာ့
"ရယ္ႏိုင္ေသးတယ္ေပါ့ဟုတ္လား...လာစမ္း ခင္ဗ်ား"
ဗိုက္ႏွိပ္ကာ ရယ္ေနေသာ သူ႔အေပၚကို ဝမ္ရိေပၚက အုပ္မိုးလာေတာ့ သူလည္း ရယ္ေနတာကို ရပ္လိုက္ကာ ဝမ္ရိေပၚကို မ်က္လံုးစူးမ်ားႏွင့္ စိုက္ၾကည့္လိုက္သည္။
"ေဟး...အဲ့လိုလာမၾကည့္နဲ႔ အရင္လာစတာ ေကာေလ"
"ဖယ္...ဒီလိုေတြမလုပ္နဲ႔ ငါမႀကိဳက္ဘူး"
"ေကာမႀကိဳက္ေပမဲ့ ကြၽန္ေတာ္ႀကိဳက္တယ္ေလ...အတူတူမပူးေပါင္းခ်င္ဘူးလား"
သူ႔နားထင္ကို နမ္း႐ွံု႔ကာ ေျပာလာေသာ ဝမ္ရိေပၚကို မ်က္ေစာင္းထိုးၾကည့္လိုက္ၿပီး
"မပူးေပါင္းပါဘူး...ဖယ္စမ္း"
"မပူးေပါင္းရင္...ခ်စ္တယ္ကြာ"
ေျပာေျပာဆိုဆိုႏွင့္ သူ႔ပါးျပင္ကို တ႐ွံု႔႐ွံု႔နမ္းလာေသာ ဝမ္ရိေပၚ။
"ဆရာဝမ္ရိေပၚ...ဆရာ"
ထိုင္ခံုေပၚမွာ ႏွစ္ေယာက္သားလံုးေထြးေနတုန္း အျပင္ဘက္က ေခၚသံေၾကာင့္ ဝမ္ရိေပၚက သူ႔အေပၚမွ အျမန္ထလိုက္သလို သူလည္း ထိုင္ခံုေပၚမွ ထထိုင္ကာ အက်ႌအေနအထားကို ျပန္ျပင္လိုက္သည္။
"က်စ္...ေကာင္းခန္းေရာက္ေနခါမွ"
ဝမ္ရိေပၚကေတာ့ ဆံပင္ေတြကို မေက်မနပ္နဲ႔ ဆြဲဖြလိုက္ကာ တံခါးကို သြားဖြင့္လိုက္ေတာ့ ယူးတိုရဲ႕လက္ေအာက္ကလူ ျဖစ္ေနတာမို႔
"ဘာလဲ"
"ဆရာယူးတိုက...ဆရာဝမ္ရိေပၚတို႔ကို သူ႔အိမ္လာဖို႔ ေခၚခိုင္းလိုက္လို႔ပါ"
"ဘာအတြက္တဲ့လဲ"
"ဟို..ထမင္းဖိတ္ေကြၽးခ်င္လို႔ပါတဲ့"
"သိၿပီ...သြားေတာ့"
သူတံခါးေဆာင့္ပိတ္လိုက္ၿပီး အိမ္ထဲျပန္ဝင္လာေတာ့ ေ႐ွာင္းက်န္႔က ထိုင္ခံုမွာ ထိုင္ေနဆဲ။
"ဘာတဲ့လဲရိေပၚ"
"ထမင္းဖိတ္ေကြၽးတာတဲ့...အခုမွ အဆန္းေတြလုပ္ေနတာ"
"မင္းသြားမွာလား"
"သြားမွာ...ေကာပါလိုက္ခဲ့"
"မလိုက္ခ်င္ဘူး...ငါသူနဲ႔မေတြ႔ခ်င္ဘူး"
သူတကယ္ ယူးတိုနဲ႔မေတြ႔ခ်င္ဘူး။ ရိေပၚနဲ႔သူက အခုမွ အဆင္ေျပခါစ ႐ွိေသးတာမို႔ ဘယ္အေႏွာင့္အယွက္မွ မဝင္ေစခ်င္ေသးဘူး။
သူ႔အေၾကာင္းကို သိေနတဲ့ ယူးတိုက တကယ္လို႔မ်ား ရိေပၚကို ေျပာျပခဲ့ရင္....ဟင့္အင္း သူရင္မဆိုင္ရဲဘူး။
"မရပါဘူး...ေကာလိုက္ကိုလိုက္ခဲ့ရမယ္"
သူေတာင္ ဘာမွျပန္မေျဖရေသးခင္ ဝမ္ရိေပၚက အေပၚထပ္ကို တက္သြားေလၿပီ။
ေ႐ွ႕ျဖစ္လာမဲ့ အရာေတြအစား ရင္ေမာလာတာမို႔ သူသက္ျပင္းေမာကို ခ်လိုက္မိသည္။
♡ ♡ ♡
စားေသာက္ဆိုင္ရဲ႕ စင္ထဲမွာ သီခ်င္းဆိုေနေသာ မိန္းကေလးကိုၾကည့္ရင္း ေသာက္လက္စ အရက္တစ္ခြက္ကို သူေမာ့ေသာက္လိုက္မိသည္။
ရင္ထဲမွာ ေတာက္ေလာင္ေနတဲ့ မီးေတြကို အရက္ျပင္းေတြနဲ႔ ျငႇိမ္းသတ္ဖို႔ သူႀကိဳးစားေပမဲ့ အေျခအေနက ပိုလို႔သာ ဆိုးလာသည္။
အရင္က သူဟာ ဝမ္ရိေပၚကို မပိုင္ရရံုေလးတင္။ အခုေတာ့ မပိုင္ရရံုတင္မကပဲ သူငယ္ခ်င္းအေနနဲ႔ေတာင္ ဆိုင္ခြင့္မရေတာ့ဘူး။ ရိေပၚနဲ႔သူမေဝးေဝးေအာင္ တြန္းပို႔ေနတာက ေ႐ွာင္းက်န္႔ဆိုတာ သိေလေလ အဲ့ဒီလူကို သူပိုမုန္းလာေလပဲ။
တကယ္ဆို သူကမွ ရိေပၚကို အဲ့ဒီလူထက္ အရင္ခ်စ္ခဲ့တာမဟုတ္လား။ အဲ့ဒီလူက သူ႔ထက္ ဘာေတြမ်ား သာေနလို႔ ရိေပၚက တမ္းတမ္းစြဲ ျဖစ္ေနရတာလဲ။
သူလည္း ရိေပၚကို ခ်စ္တယ္ေလ။ ဒါေပမဲ့ ဘာလို႔ အဲ့ဒီကံၾကမၼာဆိုတဲ့အရာႀကီးက သူ႔ထက္ ရိေပၚကို ေ႐ွာင္းက်န္႔နဲ႔ အရင္ေတြ႔ေပးခဲ့ရတာလဲ။ သူသာ ရိေပၚနဲ႔အရင္ေတြ႔ႏိုင္ခဲ့ရင္ ရိေပၚက သူ႔ကို ျပန္ခ်စ္ရင္ခ်စ္ခဲ့မွာ။
ဘာလို႔ အဲ့ဒီေ႐ွာင္းက်န္႔က သူ႔ဆီကေန ရိေပၚကို လုယူေနရတာလဲ။ သူလိုခ်င္တာဆိုလို႔ ဝမ္ရိေပၚပဲ ႐ွိခဲ့ဖူးတာကို။
ေအာင့္သက္သက္ႏွင့္ ျပံဳးလိုက္ရင္း ေနာက္ထပ္အရက္တစ္ခြက္ကို ေမာ့ေသာက္ရန္ျပင္လိုက္ေတာ့ သူ႔လက္ေပၚကို လာအုပ္ကိုင္သည့္ လက္တစ္ဖက္။
"မေသာက္နဲ႔ေတာ့...မ်ားေနၿပီမလား"
သူ႔ေဘးမွာ ဝင္ထိုင္လာေသာ ယူးတိုကိုစိုက္ၾကည့္လိုက္ကာ ေသာက္လက္စအရက္ကို ဆက္ေမာ့လိုက္သည္။
"ဘာလာလုပ္တာလဲ"
"မင္းကိုလာေခၚတာ"
"ဘာလုပ္ဖို႔လဲ"
"ရိေပၚကိုလည္းေခၚထားတယ္...ငါတို႔ထမင္းအတူမစားရတာလည္းၾကာၿပီမလား"
ရိေပၚဆိုတဲ့ နာမည္ကိုၾကားလိုက္ရံုနဲ႔တင္ သူ႔ရင္က ျပင္းထန္စြာ လႈပ္ခတ္လာသည္။ သူလည္း ရိေပၚနဲ႔ပတ္သက္လာရင္ တကယ္ေရာဂါရင့္ေနၿပီ။
"သြားၾကစို႔"
ယူးတိုကိုပင္ မေစာင့္ဘဲ ဆိုင္အျပင္ကို ထြက္ခဲ့လိုက္ကာ ယူးတိုရဲ႕ကားေပၚမွာ ထိုင္ေစာင့္ေနမိသည္အထိ စိတ္ေတြေလာေနခဲ့သည္။
ဝမ္ရိေပၚ...ဝမ္ရိေပၚ ဒီလူနဲ႔ပတ္သက္ရင္ သူ႔မွာ ဆင္ျခင္တံုတရားေတြ ကင္းမဲ့ေနတုန္းပဲ။
♡ ♡ ♡
မလိုက္ခ်င္တဲ့ ေ႐ွာင္းက်န္႔လည္း ဝမ္ရိေပၚရဲ႕ အတင္းေခၚမႈေၾကာင့္ မလိုက္ခ်င္လိုက္ခ်င္ႏွင့္ဘဲ ယူးတိုရဲ႕အိမ္ကို ေရာက္လာရသည္။
အိမ္ေ႐ွ႕ေရာက္တဲ့အထိ အထဲဝင္ရန္ သူတြန္႔ဆုတ္မိေနတုန္း။
"ရိေပၚ....ငါမလိုက္ေတာ့ဘူး"
"ဒီအထိေတာင္ေရာက္ေနၿပီပဲ...လာပါ"
သူ႔လက္ကို ဆြဲကာ အိမ္ထဲသို႔ ဝင္သြားသည့္ ရိေပၚေၾကာင့္ သူလည္း ဘာမွမေျပာေတာ့ဘဲ ေနာက္ကေနသာ လိုက္သြားလိုက္သည္။
အိမ္ထဲေရာက္ေတာ့ ယူးတိုက ဧည့္ခန္းမွာ ထိုင္ေနၿပီး ေဘးမွာ မင္ေယာင္ကလည္း ႐ွိေနတာမို႔ သူ႔စိတ္မၾကည္ႏိုင္ေတာ့။
သူတို႔ကို ျမင္သြားသည့္ ယူးတိုက
"လာၾကၿပီလား..ထိုင္ကြာ"
ရိေပၚက သူ႔လက္ကိုဆြဲကာ ခံုတစ္ခံုမွာ ဝင္ထိုင္လိုက္တာမို႔ သူလည္း ရိေပၚႏွင့္ေဘးခ်င္းကပ္ ထိုင္လိုက္ေတာ့
"လက္ေတြဘာေတြေတာင္ တြဲလို႔ပါလား....အဟက္"
မဲ့ရြဲ႔ကာ ေျပာလာသည့္ မင္ေယာင္ကို သူေခ်ပလိုက္ခ်င္ေပမဲ့ ရိေပၚရဲ႕မ်က္ႏွာကို ျမင္ေယာင္လာတာမို႔ ဘာမွမေျပာေတာ့ဘဲ ခပ္ဆိတ္ဆိတ္သာေနေနတုန္း
"ခ်စ္သူေတြပဲေလ...လက္တြဲထားတာ ဘာဆန္းလို႔လဲ"
တည္တည္ျငိမ္ျငိမ္ႏွင့္ ေျပာလာေသာ ဝမ္ရိေပၚေၾကာင့္ သူေဘးကိုလွမ္းၾကည့္မိေတာ့ ဝမ္ရိေပၚက သူ႔ကိုျပံဳးျပလာသည္။
"အဟမ္း အဟမ္း...ထမင္းစားဖို႔ေခၚတာေနာ္ ရန္ျဖစ္ဖို႔မဟုတ္ဘူး"
ရန္ေစာင္ေနေသာ ရိေပၚႏွင့္မင္ေယာင္က ယူးတိုရဲ႕စကားၾကားမွ ၿငိမ္က်သြားၾကသည္။
"သြား မင္းတို႔ႏွစ္ေကာင္ ထမင္းစားခန္းထဲသြားႏွင့္...ေ႐ွာင္းက်န္႔က ငါနဲ႔စာၾကည့္ခန္းခဏလိုက္ခဲ့"
ဝမ္ရိေပၚက သူႏွင့္ယူးတိုကို တစ္လွည့္စီၾကည့္လာၿပီး
"ေကာကိုဘာလို႔ေခၚတာလဲ"
"ငါကမင္းကိုေမြးစားထားတာေလ..မင္းခ်စ္သူကို နည္းနည္းပါးပါးေတာ့ အကဲခတ္ဦးမွေပါ့...ေ႐ွာင္းက်န္႔ ငါ့ေနာက္ကလိုက္ခဲ့"
ရိေပၚက သူ႔ကိုၾကည့္ေနမွန္းသိတာမို႔ ေကာင္ေလးကို ျပံဳးျပခဲ့လိုက္ၿပီး သူကေတာ့ ယူးတိုေနာက္ကို လိုက္သြားလိုက္သည္။
ယူးတိုရဲ႕စာၾကည့္ခန္းထဲကို သူဝင္သြားလိုက္ေတာ့ ယူးတိုက သူ႔ကိုေက်ာေပးကာ ရပ္ေနသည္။
"ကြၽန္ေတာ္ေရာက္ၿပီ"
သူ႔အသံၾကားမွ ယူးတိုက သူ႔ဘက္ကို လွည့္လာၿပီး
"မင္းတို႔ဘက္က ဘာမွမခိုင္းေတာ့ဘူးလား"
"အဲ့တာကြၽန္ေတာ့ကိစၥပါ...ခင္ဗ်ားနဲ႔ဘာမွမဆိုင္ဘူး"
ယူးတိုက ခပ္ဟဟရယ္လာၿပီး
"ေ႐ွာင္းက်န္႔ ငါကမင္းသ႐ုပ္မွန္ကို သိေနတဲ့သူေနာ္...ငါက မင္းအေၾကာင္းေတြ ရိေပၚကို ေျပာျပလိုက္မွာမေၾကာက္ဘူးလား"
ခပ္ေထ့ေထ့ေျပာေနသည့္ ယူးတိုကို စိုက္ၾကည့္လိုက္ၿပီးေနာက္
"ကြၽန္ေတာ္က ေယာက်္ား...လုပ္ရဲရင္ ခံရဲတာမို႔ ခင္ဗ်ားဘာလုပ္လုပ္ ဂ႐ုမစိုက္ဘူး"
"မင္းကဒီတစ္ေလ်ွာက္လံုး သူ႔ကိုလိမ္ေနခဲ့တာေနာ္...မင္းသာ သူလ်ွိဴ မွန္းသိသြားရင္ သူေတာ့႐ူးေလာက္တယ္"
"......."
"ဟုတ္ပါၿပီ...ဟုတ္ပါၿပီ"
"......."
"မင္းဘက္က ၿငိမ္ေနရင္ ငါ့ဘက္က လႈပ္႐ွားေတာ့မွာမို႔လို႔ေမးတာ"
"ဘာေျပာခ်င္တာလဲ"
ယူးတိုရဲ႕စကားကို သူတကယ္နားမလည္။
"မင္းမသတ္ရင္ ဝမ္ရိေပၚကိုငါသတ္ေတာ့မယ္လို႔ေျပာေနတာ"
အခန္းထဲ႐ွိ ေလထုက ႐ုတ္တရက္ၿငိမ္သက္သြားသလို လူႏွစ္ေယာက္ၾကားမွာ ေျပာစရာစကားေတြလည္း ေပ်ာက္႐ွသြားသည္။
အခန္းအျပင္ဘက္က လူသည္လည္း မယံုၾကည္နိင္ေလာက္ေအာင္ ဆြံ႔အသြားမိကာ အံတင္းတင္းႀကိတ္ရင္း ရပ္ေနခဲ့သည္။
Date-23.5.2021
[Unicode]
အရင်က တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ တစ်နေ့တာတွေမှာ အခုဆို ရှောင်းကျန့်ပါ ပါဝင်လာတယ်။ အားလပ်ချိန်မှာတောင် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ကိုအာလာဝက်ဝံတစ်ကောင်လို ဖက်တွယ်နေဆဲမို့
"ရိပေါ် ငါအလုပ်လုပ်နေတယ်လေ...ဟိုဘက်သွားနေစမ်းပါ"
"ဟင့်အင်း...ရှောင်းကျန့်ရှိတဲ့နေရာကနေ တစ်ဖဝါးမှမခွာဘူး"
ပြောမရဆိုမရဖြစ်နေသော ဝမ်ရိပေါ်ကို သူဘယ်လိုနည်းတွေနဲ့ ကိုင်တွယ်ရမယ်မှန်းလည်း မသိတော့ဘူး။
ဒီကောင်လေးက အရမ်းခေါင်းမာတယ်။ ပြီးတော့ သူကလွဲရင် တခြားဘယ်သူမှလည်း ပြောလို့ဆိုလို့မရဘူး။ ဒီကမ္ဘာမှာ ဝမ်ရိပေါ်ကို ထိန်းချူ ပ်နိုင်တာ ရှောင်ရှောင်းကျန့်ဆိုတဲ့ သူတစ်ယောက်တည်းရှိတယ်ဆိုတဲ့ အတွေးမျိူ း ဝင်လာမိရင် သူ့မှာ ကြည်နူးလို့မဆုံး။
"ရိပေါ်....ကောဒါပြီးရင် ရိပေါ်အတွက် ပုံတူဆွဲပေးမယ်လေနော်"
လေသံအေးလေးနှင့် သူချော့လိုက်တော့ တလက်လက်တောက်ပလာသည့် ကောင်လေးရဲ့မျက်ဝန်းများ။
"တကယ်သေချာလား"
"အင်း"
"ပြီးရော"
စူပုပ်ပြီး ထွက်သွားတဲ့ အဲ့ဒီ ဂျစ်တီးဂျစ်ကန်ကောင်လေးကိုလည်း သူ့မှာ ချစ်နေရတာပါပဲ။ သူဟာ အချစ်ကို အများကြီး ဖွဲ့နွဲ့မပြတတ်တာမို့ သူပြောနိုင်တာက သူလည်း ရိပေါ်ကို အဲ့ဒီကောင်လေးထက် မလျော့တဲ့ အချစ်တွေနဲ့ ချစ်မိနေတာကိုပဲ။
ဆယ်ကျော်သက်အရွယ်မဟုတ်တော့တာမို့ သူက ရိပေါ်ကို ရင့်ကျက်တဲ့အချစ်မျိူ းနဲ့ပဲ ချစ်တယ်။ ဒါပေမဲ့ အဲ့ဒီကောင်လေးကတော့ သူ့အနားကနေ တစ်ဖဝါးမခွာပဲ အရိပ်တကြည့်ကြည့်နဲ့ နေရတာကိုပဲ ချစ်တာလို့ ယူဆနေပုံပါပဲ။
မီးဖိုချောင်မှာ လက်စသတ်စရာရှိတာ အကုန်လုပ်ပြီးတာနှင့် ဧည့်ခန်းက ဝမ်ရိပေါ်ဆီ သွားကြည့်လိုက်တော့ ကိုယ်တော်ချောက စာအုပ်ထိုင်ဖတ်နေတာကို တွေ့တော့ သူလည်း ဘေးနားဝင်ထိုင်လိုက်ကာ
"ကောပြီးပြီနော်...ရိပေါ်"
"......"
"ကောပြီးပြီလို့"
"......."
သူ့စကားကို မကြားချင်ယောင်ဆောင်ကာ စာအုပ်ထိုင်ဖတ်နေသော ဝမ်ရိပေါ်ကို စိတ်တိုလာတာမို့ နားရွက်တစ်ဖက်ကို အားနဲ့လိမ်ဆွဲလိုက်တော့
"အာ့ အာ့ နာတယ်...ကော လွှတ်ပေးဗျာ"
"မလွှတ်ဘူး...မကြားချင်ယောင်ဆောင်နေတဲ့ နားရွက်က ဒီနားရွက်လား ဟုတ်လား"
"မဟုတ်ပါဘူး...အာ့"
"နောက်အဲ့လိုထပ်လုပ်ဦးမလား..ဟမ်"
"မလုပ်တော့ဘူး...မလုပ်တော့ဘူးလို့"
ထိုအခါမှ သူဆွဲထားရာကနေ လွှတ်ပေးလိုက်တော့ ဝမ်ရိပေါ်၏ နားရွက်ကလေးက နီရဲတွတ်နေလေပြီ။
နားရွက်ကိုပွတ်ကာ သူ့ကိုဘုကြည့်ကြည့်နေသော ဝမ်ရိပေါ်ကိုကြည့်ရင်း မရယ်ပဲမနေနိုင်တော့မို့ သူအော်ရယ်လိုက်မိတော့
"ရယ်နိုင်သေးတယ်ပေါ့ဟုတ်လား...လာစမ်း ခင်ဗျား"
ဗိုက်နှိပ်ကာ ရယ်နေသော သူ့အပေါ်ကို ဝမ်ရိပေါ်က အုပ်မိုးလာတော့ သူလည်း ရယ်နေတာကို ရပ်လိုက်ကာ ဝမ်ရိပေါ်ကို မျက်လုံးစူးများနှင့် စိုက်ကြည့်လိုက်သည်။
"ဟေး...အဲ့လိုလာမကြည့်နဲ့ အရင်လာစတာ ကောလေ"
"ဖယ်...ဒီလိုတွေမလုပ်နဲ့ ငါမကြိုက်ဘူး"
"ကောမကြိုက်ပေမဲ့ ကျွန်တော်ကြိုက်တယ်လေ...အတူတူမပူးပေါင်းချင်ဘူးလား"
သူ့နားထင်ကို နမ်းရှုံ့ကာ ပြောလာသော ဝမ်ရိပေါ်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး
"မပူးပေါင်းပါဘူး...ဖယ်စမ်း"
"မပူးပေါင်းရင်...ချစ်တယ်ကွာ"
ပြောပြောဆိုဆိုနှင့် သူ့ပါးပြင်ကို တရှုံ့ရှုံ့နမ်းလာသော ဝမ်ရိပေါ်။
"ဆရာဝမ်ရိပေါ်...ဆရာ"
ထိုင်ခုံပေါ်မှာ နှစ်ယောက်သားလုံးထွေးနေတုန်း အပြင်ဘက်က ခေါ်သံကြောင့် ဝမ်ရိပေါ်က သူ့အပေါ်မှ အမြန်ထလိုက်သလို သူလည်း ထိုင်ခုံပေါ်မှ ထထိုင်ကာ အကျႌအနေအထားကို ပြန်ပြင်လိုက်သည်။
"ကျစ်...ကောင်းခန်းရောက်နေခါမှ"
ဝမ်ရိပေါ်ကတော့ ဆံပင်တွေကို မကျေမနပ်နဲ့ ဆွဲဖွလိုက်ကာ တံခါးကို သွားဖွင့်လိုက်တော့ ယူးတိုရဲ့လက်အောက်ကလူ ဖြစ်နေတာမို့
"ဘာလဲ"
"ဆရာယူးတိုက...ဆရာဝမ်ရိပေါ်တို့ကို သူ့အိမ်လာဖို့ ခေါ်ခိုင်းလိုက်လို့ပါ"
"ဘာအတွက်တဲ့လဲ"
"ဟို..ထမင်းဖိတ်ကျွေးချင်လို့ပါတဲ့"
"သိပြီ...သွားတော့"
သူတံခါးဆောင့်ပိတ်လိုက်ပြီး အိမ်ထဲပြန်ဝင်လာတော့ ရှောင်းကျန့်က ထိုင်ခုံမှာ ထိုင်နေဆဲ။
"ဘာတဲ့လဲရိပေါ်"
"ထမင်းဖိတ်ကျွေးတာတဲ့...အခုမှ အဆန်းတွေလုပ်နေတာ"
"မင်းသွားမှာလား"
"သွားမှာ...ကောပါလိုက်ခဲ့"
"မလိုက်ချင်ဘူး...ငါသူနဲ့မတွေ့ချင်ဘူး"
သူတကယ် ယူးတိုနဲ့မတွေ့ချင်ဘူး။ ရိပေါ်နဲ့သူက အခုမှ အဆင်ပြေခါစ ရှိသေးတာမို့ ဘယ်အနှောင့်အယှက်မှ မဝင်စေချင်သေးဘူး။
သူ့အကြောင်းကို သိနေတဲ့ ယူးတိုက တကယ်လို့များ ရိပေါ်ကို ပြောပြခဲ့ရင်....ဟင့်အင်း သူရင်မဆိုင်ရဲဘူး။
"မရပါဘူး...ကောလိုက်ကိုလိုက်ခဲ့ရမယ်"
သူတောင် ဘာမှပြန်မဖြေရသေးခင် ဝမ်ရိပေါ်က အပေါ်ထပ်ကို တက်သွားလေပြီ။
ရှေ့ဖြစ်လာမဲ့ အရာတွေအစား ရင်မောလာတာမို့ သူသက်ပြင်းမောကို ချလိုက်မိသည်။
♡ ♡ ♡
စားသောက်ဆိုင်ရဲ့ စင်ထဲမှာ သီချင်းဆိုနေသော မိန်းကလေးကိုကြည့်ရင်း သောက်လက်စ အရက်တစ်ခွက်ကို သူမော့သောက်လိုက်မိသည်။
ရင်ထဲမှာ တောက်လောင်နေတဲ့ မီးတွေကို အရက်ပြင်းတွေနဲ့ ငြှိမ်းသတ်ဖို့ သူကြိုးစားပေမဲ့ အခြေအနေက ပိုလို့သာ ဆိုးလာသည်။
အရင်က သူဟာ ဝမ်ရိပေါ်ကို မပိုင်ရရုံလေးတင်။ အခုတော့ မပိုင်ရရုံတင်မကပဲ သူငယ်ချင်းအနေနဲ့တောင် ဆိုင်ခွင့်မရတော့ဘူး။ ရိပေါ်နဲ့သူမဝေးဝေးအောင် တွန်းပို့နေတာက ရှောင်းကျန့်ဆိုတာ သိလေလေ အဲ့ဒီလူကို သူပိုမုန်းလာလေပဲ။
တကယ်ဆို သူကမှ ရိပေါ်ကို အဲ့ဒီလူထက် အရင်ချစ်ခဲ့တာမဟုတ်လား။ အဲ့ဒီလူက သူ့ထက် ဘာတွေများ သာနေလို့ ရိပေါ်က တမ်းတမ်းစွဲ ဖြစ်နေရတာလဲ။
သူလည်း ရိပေါ်ကို ချစ်တယ်လေ။ ဒါပေမဲ့ ဘာလို့ အဲ့ဒီကံကြမ္မာဆိုတဲ့အရာကြီးက သူ့ထက် ရိပေါ်ကို ရှောင်းကျန့်နဲ့ အရင်တွေ့ပေးခဲ့ရတာလဲ။ သူသာ ရိပေါ်နဲ့အရင်တွေ့နိုင်ခဲ့ရင် ရိပေါ်က သူ့ကို ပြန်ချစ်ရင်ချစ်ခဲ့မှာ။
ဘာလို့ အဲ့ဒီရှောင်းကျန့်က သူ့ဆီကနေ ရိပေါ်ကို လုယူနေရတာလဲ။ သူလိုချင်တာဆိုလို့ ဝမ်ရိပေါ်ပဲ ရှိခဲ့ဖူးတာကို။
အောင့်သက်သက်နှင့် ပြုံးလိုက်ရင်း နောက်ထပ်အရက်တစ်ခွက်ကို မော့သောက်ရန်ပြင်လိုက်တော့ သူ့လက်ပေါ်ကို လာအုပ်ကိုင်သည့် လက်တစ်ဖက်။
"မသောက်နဲ့တော့...များနေပြီမလား"
သူ့ဘေးမှာ ဝင်ထိုင်လာသော ယူးတိုကိုစိုက်ကြည့်လိုက်ကာ သောက်လက်စအရက်ကို ဆက်မော့လိုက်သည်။
"ဘာလာလုပ်တာလဲ"
"မင်းကိုလာခေါ်တာ"
"ဘာလုပ်ဖို့လဲ"
"ရိပေါ်ကိုလည်းခေါ်ထားတယ်...ငါတို့ထမင်းအတူမစားရတာလည်းကြာပြီမလား"
ရိပေါ်ဆိုတဲ့ နာမည်ကိုကြားလိုက်ရုံနဲ့တင် သူ့ရင်က ပြင်းထန်စွာ လှုပ်ခတ်လာသည်။ သူလည်း ရိပေါ်နဲ့ပတ်သက်လာရင် တကယ်ရောဂါရင့်နေပြီ။
"သွားကြစို့"
ယူးတိုကိုပင် မစောင့်ပဲ ဆိုင်အပြင်ကို ထွက်ခဲ့လိုက်ကာ ယူးတိုရဲ့ကားပေါ်မှာ ထိုင်စောင့်နေမိသည်အထိ စိတ်တွေလောနေခဲ့သည်။
ဝမ်ရိပေါ်...ဝမ်ရိပေါ် ဒီလူနဲ့ပတ်သက်ရင် သူ့မှာ ဆင်ခြင်တုံတရားတွေ ကင်းမဲ့နေတုန်းပဲ။
♡ ♡ ♡
မလိုက်ချင်တဲ့ ရှောင်းကျန့်လည်း ဝမ်ရိပေါ်ရဲ့ အတင်းခေါ်မှုကြောင့် မလိုက်ချင်လိုက်ချင်နှင့်ပဲ ယူးတိုရဲ့အိမ်ကို ရောက်လာရသည်။
အိမ်ရှေ့ရောက်တဲ့အထိ အထဲဝင်ရန် သူတွန့်ဆုတ်မိနေတုန်း။
"ရိပေါ်....ငါမလိုက်တော့ဘူး"
"ဒီအထိတောင်ရောက်နေပြီပဲ...လာပါ"
သူ့လက်ကို ဆွဲကာ အိမ်ထဲသို့ ဝင်သွားသည့် ရိပေါ်ကြောင့် သူလည်း ဘာမှမပြောတော့ပဲ နောက်ကနေသာ လိုက်သွားလိုက်သည်။
အိမ်ထဲရောက်တော့ ယူးတိုက ဧည့်ခန်းမှာ ထိုင်နေပြီး ဘေးမှာ မင်ယောင်ကလည်း ရှိနေတာမို့ သူ့စိတ်မကြည်နိုင်တော့။
သူတို့ကို မြင်သွားသည့် ယူးတိုက
"လာကြပြီလား..ထိုင်ကွာ"
ရိပေါ်က သူ့လက်ကိုဆွဲကာ ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တာမို့ သူလည်း ရိပေါ်နှင့်ဘေးချင်းကပ် ထိုင်လိုက်တော့
"လက်တွေဘာတွေတောင် တွဲလို့ပါလား....အဟက်"
မဲ့ရွဲ့ကာ ပြောလာသည့် မင်ယောင်ကို သူချေပလိုက်ချင်ပေမဲ့ ရိပေါ်ရဲ့မျက်နှာကို မြင်ယောင်လာတာမို့ ဘာမှမပြောတော့ပဲ ခပ်ဆိတ်ဆိတ်သာနေနေတုန်း
"ချစ်သူတွေပဲလေ...လက်တွဲထားတာ ဘာဆန်းလို့လဲ"
တည်တည်ငြိမ်ငြိမ်နှင့် ပြောလာသော ဝမ်ရိပေါ်ကြောင့် သူဘေးကိုလှမ်းကြည့်မိတော့ ဝမ်ရိပေါ်က သူ့ကိုပြုံးပြလာသည်။
"အဟမ်း အဟမ်း...ထမင်းစားဖို့ခေါ်တာနော် ရန်ဖြစ်ဖို့မဟုတ်ဘူး"
ရန်စောင်နေသော ရိပေါ်နှင့်မင်ယောင်က ယူးတိုရဲ့စကားကြားမှ ငြိမ်ကျသွားကြသည်။
"သွား မင်းတို့နှစ်ကောင် ထမင်းစားခန်းထဲသွားနှင့်...ရှောင်းကျန့်က ငါနဲ့စာကြည့်ခန်းခဏလိုက်ခဲ့"
ဝမ်ရိပေါ်က သူနှင့်ယူးတိုကို တစ်လှည့်စီကြည့်လာပြီး
"ကောကိုဘာလို့ခေါ်တာလဲ"
"ငါကမင်းကိုမွေးစားထားတာလေ..မင်းချစ်သူကို နည်းနည်းပါးပါးတော့ အကဲခတ်ဦးမှပေါ့...ရှောင်းကျန့် ငါ့နောက်ကလိုက်ခဲ့"
ရိပေါ်က သူ့ကိုကြည့်နေမှန်းသိတာမို့ ကောင်လေးကို ပြုံးပြခဲ့လိုက်ပြီး သူကတော့ ယူးတိုနောက်ကို လိုက်သွားလိုက်သည်။
ယူးတိုရဲ့စာကြည့်ခန်းထဲကို သူဝင်သွားလိုက်တော့ ယူးတိုက သူ့ကိုကျောပေးကာ ရပ်နေသည်။
"ကျွန်တော်ရောက်ပြီ"
သူ့အသံကြားမှ ယူးတိုက သူ့ဘက်ကို လှည့်လာပြီး
"မင်းတို့ဘက်က ဘာမှမခိုင်းတော့ဘူးလား"
"အဲ့တာကျွန်တော့ကိစ္စပါ...ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး"
ယူးတိုက ခပ်ဟဟရယ်လာပြီး
"ရှောင်းကျန့် ငါကမင်းသရုပ်မှန်ကို သိနေတဲ့သူနော်...ငါက မင်းအကြောင်းတွေ ရိပေါ်ကို ပြောပြလိုက်မှာမကြောက်ဘူးလား"
ခပ်ထေ့ထေ့ပြောနေသည့် ယူးတိုကို စိုက်ကြည့်လိုက်ပြီးနောက်
"ကျွန်တော်က ယောကျ်ား...လုပ်ရဲရင် ခံရဲတာမို့ ခင်ဗျားဘာလုပ်လုပ် ဂရုမစိုက်ဘူး"
"မင်းကဒီတစ်လျှောက်လုံး သူ့ကိုလိမ်နေခဲ့တာနော်...မင်းသာ သူလျှိူ မှန်းသိသွားရင် သူတော့ရူးလောက်တယ်"
"......."
"ဟုတ်ပါပြီ...ဟုတ်ပါပြီ"
"......."
"မင်းဘက်က ငြိမ်နေရင် ငါ့ဘက်က လှုပ်ရှားတော့မှာမို့လို့မေးတာ"
"ဘာပြောချင်တာလဲ"
ယူးတိုရဲ့စကားကို သူတကယ်နားမလည်။
"မင်းမသတ်ရင် ဝမ်ရိပေါ်ကိုငါသတ်တော့မယ်လို့ပြောနေတာ"
အခန်းထဲရှိ လေထုက ရုတ်တရက်ငြိမ်သက်သွားသလို လူနှစ်ယောက်ကြားမှာ ပြောစရာစကားတွေလည်း ပျောက်ရှသွားသည်။
အခန်းအပြင်ဘက်က လူသည်လည်း မယုံကြည်နိင်လောက်အောင် ဆွံ့အသွားမိကာ အံတင်းတင်းကြိတ်ရင်း ရပ်နေခဲ့သည်။
Date-23.5.2021