Emperor and the Knightness (Z...

By CrystSnow

7.4K 671 32

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More

အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁

အခန်း ၂၉၃

46 5 0
By CrystSnow

Poliana က သူမဘဝတစ်လျှောက်လုံး လေ့ကျင့်ခန်းပုံမှန်လုပ်ခဲ့တဲ့ ကျန်းမာရေးကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ သူမအသက်အရွယ်မှာ ကလေးတစ်ယောက်မွေးရတာက လွယ်ကူတဲ့အရာတော့ မဟုတ်ပေ. မီးဖွားချိန်ဆယ်နာရီလောက် ကြာပြီးတဲ့နောက်တော့ Poliana က သူမကလေးကို ချီလိုက်နိုင်သည်. သူမက အားပြတ်ကာ အိပ်လိုက်ချင်ပေမဲ့ သူမ စစ်ဆေးဖို့ ကျန်နေသေးတာကို အမှတ်ရလိုက်သည်.

'ကဲ ကြည့်ရအောင်!'

Poliana က သူမမျက်လုံးတွေကို ပြူးကာ ကလေးကို ကြည့်လိုက်သည်. သူမ သိဖို့ လိုနေသည်...

'ကလေး! ငါ့ကလေးကို ကြည့်ရမယ်! ငါ သေချာကြည့်ပြီးတော့ စစ်ကြည့်...!'

"သခင်မ.. ကြည့်ပါဦး ဘယ်လောက်တောင် ချောတဲ့ သားလေးလဲ!'

Poliana က သူမရဲ့ မွေးကင်းစကလေးကို မြင်လိုက်ရသည်.

ရွှေရောင်ဆံပင်တွေနဲ့... နီရဲနေတဲ့ မျက်နှာ...

သူမ ထပ်ကြည့်စရာမလိုတော့ပေ. သူမအားနည်းနေတာကြောင့် မေ့လဲသွားတော့မလို ဖြစ်သွားသည်. ဝမ်းဆွဲသည်နဲ့ သမားတော်တို့က အံ့ဩနေကြသည်.

"ငါ ဝမ်းဆွဲသည်လုပ်လာတာ ၃၅ နှစ်ကျော်နေပြီ.. ဒီလိုချောမောခန့်ညားတဲ့ကလေးကို တစ်ခါမှ မတွေ့ဖူးဘူး"

"ငါရောပဲ"

"Arghh..."

Poliana ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်လာသည်. ဝမ်းဆွဲသည်နဲ့ သမားတော်ကတော့ သူမရဲ့ ငိုကြွေးမှုက ကလေးအမေတစ်ယောက်ရဲ့ စိတ်သက်သာရာရမှုနဲ့ ပျော်ရွှင်မှုကြောင့်လို့ ထင်သွားကြသည်. သူတို့ဘယ်လိုတွေးသလဲဆိုတာကို Poliana ဂရုမစိုက်ပေ. တခြားသူတွေရှေ့မှာ မငိုသင့်ဘူးဆိုတာသိပေမဲ့ Poliana က သူမခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပေ

'သေစမ်း!'

ကလေးက သူ့အဖေနဲ့ တူနေသည်. သူမရဲ့ သားလေးက မျက်လုံးတောင်မပွင့်သေးပေမဲ့ ဒီမျက်လုံးတွေရဲ့အရောင်က ဘာအရောင်ဖြစ်မလဲဆိုတာကို Poliana စစ်ဆေးကြည့်စရာမလိုတော့ပေ. မွေးကင်းစကလေးရဲ့မျက်နှာမှာ အနီရောင်အရေးအကြောင်းတွေရှိနေပေမဲ့လဲ ဒီကလေးဆီမှာ Lucius ကို ပုံရိပ်ကို မြင်နေရတာက သူမ အမြင်မှားနေတာ မဟုတ်ပေ. ဧကရာဇ်ရဲ့ အသွင်အပြင်အားလုံးက သူမသားရဲ့မျက်နှာပေါ်မှာ ရှိနေသည်. Lucius ရဲ့ ငယ်ဘဝပုံစံကို အရမ်းတော်တဲ့ ပန်းချီဆရာတွေက ရေးဆွဲထားသလိုမျိုးဖြစ်နေသည်.

သူတို့မိဘတွေနဲ့ မတူတဲ့ကလေးတွေလဲ ရှိတတ်တာကြောင့် သူမကတော့ ဒီလိုဖြစ်လာဖို့ မျှော်လင့်ထားခဲ့သည်.

အခုအချိန်အထိပေါ့....

'သေစမ်းဟာ! ငါတော့ သွားပြီ'

သူမသားအတွက် မွေးစာရင်းအတုလုပ်စရာအကြောင်းမရှိတော့ပေ. သူမသားကို တွေ့တာနဲ့ Lucius က ကလေးအဖေဖြစ်တယ်ဆိုတာကို လူတိုင်းသိသွားမှာ ဖြစ်သည်. မွေးစာရင်းအတုက အသုံးမဝင်တော့ပေ.

Poliana က ကလေးရဲ့နားရွက်တွေကို ဖုံးအုပ်ကာ ကျိန်ဆဲလိုက်သည်.

"F*ck"

စစ်ပွဲအတွင်းမှာ သူမကို "ဉာဏ်များတဲ့စုန်းမ"လို့ နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်. ဧကရာဇ်က သူမကို ဘယ်လောက်ထိ ယုံကြည်ပြီးတော့ စစ်ပွဲတွေကို အနိုင်ရဖို့ သူမကို ဘယ်လောက်ထိ အားကိုးတယ်ဆိုတာကို လူတိုင်းသိခဲ့သည်. Poliana က စစ်ပွဲတိုင်းမှာ ထွက်ပြေးမဲ့လမ်းကြောင်းတစ်ခုကို အမြဲတမ်းချန်ထားတတ်သည်. ထွက်ပြေးတာက ရှက်စရာတစ်ခုမဟုတ်ပေ. ဒါက လူနေမှုဘဝကို စစ်ပွဲတစ်ခုလို ခံယူထားတဲ့ Poliana ရဲ့ ခံယူချက်ဖြစ်သည်. ဒါပေမဲ့ ထွက်ပြေးဖို့အတွက်လဲ ကောင်းစွာပြင်ဆင်ထားသင့်သည်. ဒီထွက်ပြေးလွတ်မြောက်မဲ့ အစီအစဉ် အကောင်အထည်ပေါ်ဖို့အတွက် သေချာပြင်ဆင်ထားသင့်သည်.

ဒါပေမဲ့ အခုကိစ္စမှာတော့ Poliana က အမှားကြီးတစ်ခုလုပ်ခဲ့မိသည်. သူမက အစီအစဉ်မရှိပဲ ထွက်ပြေးခဲ့ကာ. သူမရဲ့ထွက်ပြေးမှုကလဲ ရှုံးနိမ့်သွားသည်.

***

Poliana က သူမရဲ့ သားဦးလေးကို စတင်ကျွေးမွေးလိုက်သည်. သူမခန္ဓာကိုယ်က တစ်ယောက်ယောက်က ရိုက်ထားသလိုမျိုး ယောင်ရမ်းနေသည်. သူမက နို့ထွက်အားသိပ်မကောင်းပေမဲ့ သူမကလေးကတော့ အစားသောင်းကျန်းသူဖြစ်နေသည်.

Poliana က နို့ထိန်းမိခင်တွေနဲ့ ကလေးထိန်းတွေကို ခန့်အပ်ထားပြီးသားဖြစ်သည်. အထက်တန်းလွှာအမျိုးသမီးတွေက သူတို့ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်တာမဟုတ်ပေ. ကလေးကို နို့တိုက်ဖို့ နို့ထိန်းမိခင်တွေရှိပြီး ကလေးကို ပြုစုဖို့အတွက် ကလေးထိန်းတွေရှိကြသည်. ကလေးမမွေးခင်ကတော့ မိခင်တစ်ယောက်ဖြစ်ရတာက ရိုးရှင်းတယ်လို့ Poliana ထင်ခဲ့သည်.

ဒါပေမဲ့ သူမ ထင်တာ မှားယွင်းခဲ့သည်. ကလေးရဲ့ မွေးမိခင်က သူမကလေးကို တစ်လလောက်အထိ ကိုယ်တိုင်မိခင်နို့တိုက်ဖို့လိုကြောင်း နို့ထိန်းက ပြောလာသည်. Poliana ကတွေဝေသွားကာ မေးလိုက်သည်.

"ဘာလို့လဲ?"

"အဲ့တာမှ ကလေးက ကျန်းမာမှာပေါ့"

"ဒါပေမဲ့ ဒီကလေးက ကျန်းမာပြီးသားလေ. ငါ့နို့မတိုက်ရင်တောင် သူက အဆင်ပြေနေမှာ. ငါပြောချင်တာက.. သူက ဟိုရူးလောက်တဲ့လေ့ကျင့်ရေးမှာတောင် ရှင်သန်ခဲ့တာလေ"

Poliana ပြောနေတာတွေက အဓိပ္ပါယ်မရှိပေ. အဆုံးမှာတော့ သူမက သူမသားကို နို့တိုက်လိုက်ပြီး ကလေးထိန်းက သူမကို နှစ်သိမ့်ပေးနေသည်.

"သခင်မ, ဒီတစ်လလောက်ပဲ သည်းခံလိုက်ပါ. နောက်ပိုင်းကျ နို့မထွက်တော့အောင်လို့ ဆေးလဲရှာပေးမယ်."

"ဒီတစ်လပြီးရင် ငါအဆင်ပြေသွားမှာလား?"

"ဟုတ်ကဲ့.. ဟုတ်ကဲ့ပါ.. ကျွန်မ အာမခံပါတယ်"

Poliana က သူမရဲ့မွေးကင်းစကလေးကို နာရီဝက်ခြားတစ်ခါ, တစ်နာရီခြားတစ်ခါ နို့တိုက်နေရသည်. တခြားအလုပ်တွေကို လုပ်ပေးမဲ့သူတွေရှိပေမဲ့ သူမက နာရီဝက်ကြာတိုင်း နိုးထနေဖို့ လိုနေတာကြောင့် Poliana က တဖြည်းဖြည်း ပင်ပန်းလာသည်.

'ငါ အရမ်းအိပ်ချင်နေပြီ'

Poliana က အိပ်ချင်နေတာကြောင့် နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ သူမကလေးကို ကြည့်နေသည်. သူမရဲ့လက်ရှိအခြေအနေနဲ့ မှောင်မိုက်နေတဲ့ အနာဂတ်အကြောင်းကို စဉ်းစားမိကာ တုန်လှုပ်လာသည်.

'ငါ ဘယ်လိုလုပ်ရတော့မလဲ?'

Poliana က သူမကလေးကို အမည်မပေးရသေးပေ. သူမ ကလေးမွေးပြီးတော့ ကလေးအဖေက ဘယ်သူလဲဆိုတာကို တခြားသူတွေ သံသယမဝင်တာ သေချာသွားမှ သူမကလေးကို နာမည်ပေးဖို့ စီစဉ်ခဲ့တာဖြစ်သည်. ဒါပေမဲ့ အခုတော့ အရမ်းနောက်ကျသွားခဲ့ပြီ.. သူမသားက ဘာလို့ သူနဲ့ ဒီလောက်ထိ တူနေရတာလဲဆိုတာကို မစဉ်းစားတတ်တော့ပေ. ဒီလိုဆင်တူတာက မရိုးသားပေ.

သူက ဘာလို့ ဒီလောက်ဆင်တူအောင် မွေးလာခဲ့ရတာလဲ? သူကအဖိုးမဖြတ်နိုင်တဲ့တော်ဝင်သွေးဆိုတာကို သူမသားက တိုင်းပြည်တစ်ခုလုံးကလူတွေကို သိစေချင်နေတာလား? ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာတော့ Poliana က ခွေးမစားတဲ့ဟင်းကို ချဉ်ခြင်းတပ်ကာ စားခဲ့တာကြောင့် သူမကလေးကို 'ခွေးစာလေး' လို့ နာမည်ပြောင်ပေးထားခဲ့သည်. သိပ်ပြီးထူးခြားမှုမရှိတဲ့ နာမည်ပေးထားတဲ့ ကလေးက အသက်ရှည်ရှည်နေရတတ်တယ်လို့ ယုံတမ်းစကားတွေရှိခဲ့သည်. ဒီစကားတွေကို ယုံကြည်ကာ Poliana က သူမသားကို 'ခွေးစာလေး' လို့ပဲ ဆက်ခေါ်နေခဲ့သည်. အခုအချိန်မှာတော့ သူမသားကို သူမကိုယ်တိုင် နာမည်ပေးခွင့်ရှိမယ်လို့ မထင်တော့ပေ.

အခုထိ မျက်လုံးမဖွင့်နိုင်သေးတဲ့ သူမသားကို Poliana က စိုက်ကြည့်နေသည်. ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကလေးက မသိနိုင်ပေ. သူက ဆက်ပြီးတော့ နို့စို့နေသည်.

'သေစမ်း'

Sitrin ကို ထွက်မပြေးလာခင်မှာ အစီအစဉ်ကောင်းတစ်ခု မရေးဆွဲခဲ့မိတာကို Poliana နောင်တရသွားသည်. သူမက ချောင်ပိတ်မိနေပြီး နောက်ထပ်ဘာလုပ်ရတော့မလဲဆိုတာ သေချာမသိတော့ပေ. အခုမှတော့ အမှန်အတိုင်းပြောဖို့ နောက်ကျနေပြီဖြစ်သည်. အမှန်အတိုင်းပြောရရင်တော့ သူမက ဒီလိုထွက်မပြေးခဲ့သင့်ပေ.

'ဒါပေမဲ့ သူ့အဖေနဲ့ ဒီလောက်တူလိမ့်မယ်လို့ ငါ မထင်ထားဘူးလေ... ငါ့သွေးတွေက ဘယ်ရောက်သွားတာလဲ? သူက ဘာလို့ ငါနဲ့ နည်းနည်းလေးမှ မတူရတာလဲ?!'

Poliana က ကလေးကို သေချာစစ်ဆေးနေသည်. ကလေးရဲ့မျက်လုံးတွေကို မမြင်ရသေးပေမဲ့လဲ ကလေးရဲ့နှာတံက အနည်းငယ်ပြားနေသေးပေမဲ့လဲ 'ခွေးစာလေး'က Lucius ရဲ့ သားဖြစ်တယ်ဆိုတာကို ငြင်းစရာအကြောင်းမရှိပေ.

သူတို့ဧကရာဇ်က ဘယ်လိုပုံစံရှိလဲဆိုတာကို မသိကြတဲ့ နို့ထိန်းနဲ့ ကလေးထိန်းတွေကတော့ ဒီကလေးရဲ့ ချောမောခန့်ညားမှုကြောင့် စိတ်လှုပ်ရှားနေကြသည်.

"သခင်လေးက သူ့အဖေနဲ့ သေချာပေါက်ဆင်တူတာပဲဖြစ်ရမယ်နော် အရှင်မ"

သူတို့က ထုတ်မပြောလာပေမဲ့ မွေးကင်းစကလေးက Poliana နဲ့ မတူတဲ့အတွက် လူတိုင်းက စိတ်သက်သာရာရသွားမှန်း သိသာနေသည်. အမေဖြစ်တဲ့ Poliana ကတော့ သူမကလေးကို ရုပ်ဆိုးစေချင်သည်. သူမသားက သူမထက်ပိုပြီးတော့ ရုပ်ဆိုးနေရင် ပိုတောင်ကောင်းသေးသည်. သူ့အသွင်အပြင်ကြောင့် သူမသားက သူမကို မုန်းတီးကာ ကြီးပြင်းလာမှာကိုလဲ သူမ ဂရုမစိုက်ပေ. သူမကလေးက သူမနဲ့ တူတာ ဒါမှမဟုတ် ဘယ်သူနဲ့မှ မတူတာပဲ ဖြစ်စေချင်သည်.

'ဟမ်... ဆံပင်အရောင်ကတော့ ငါနဲ့ နည်းနည်းတူမယ်ထင်တယ်?'

သူမသားရဲ့ဆံပင်က ဧကရာဇ်လိုမျိုး ရွှေရောင်စစ်စစ်မဟုတ်ပေ.. သူမဆံပင်အရောင်ထက် နည်းနည်းဖျော့နေတာပဲရှိသည်. ဒါပေမဲ့ ကလေးရဲ့ဆံပင်အရောင်ကလဲ သူကြီးလာတာနဲ့ ပြောင်းလာနိုင်သေးသည်.

Poliana က သူမသားရဲ့ဆံပင်တွေကို ဖြေးညှင်းစွာနဲ့ ပွတ်သပ်နေသည်. နောက်ဆုံးမှာတော့ 'ခွေးစာလေး'က သူ့မျက်လုံးတွေပွင့်လာကာ ဒီမျက်လုံးတွေက ဧကရာဇ်ရဲ့မျက်ဝန်းတွေလိုပဲ ကြည်လင်တောက်ပတဲ့ အစိမ်းရောင်ဖြစ်ကြောင်းကို သူမတွေ့လိုက်ရသည်. သူ ဘာကိုမြင်နေရတာလဲဆိုတာကို ကလေးက မသိနိုင်သေးပေမဲ့ သူက သူမကို သေချာစိုက်ကြည့်နေသေးသည်. ကလေးက အရမ်းချစ်စရာကောင်းနေသည်.

'ငါ ဘာလုပ်သင့်လဲ?'

Continue Reading

You'll Also Like

139K 15.3K 119
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
33.2K 2.6K 13
page - Hikari Moon Bl rebirth novel ဇာတ်လမ်းအကျဥ်းချုပ်က အပိုင်းထဲမှာရှိပါတယ်နော်။ ဖတ်ကြည့်ကြည့်ပါရှင့်။
409K 15.5K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
356K 56.7K 200
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...