Unicode
________
အထက်တန်းကျောင်းပြီးuniတက်ခါစတဲ့အချိန်မှာ..ဆယ်ဟွန်းရဲ့..မတုံ့မရဲနှင့် ဖွင့်ဟဝင်ခံလိုက်မှုကြောင့်..ဂျက်စီကာနှင့်ဆယ်ဟွန်း..ချစ်သူတွေဖြစ်လာခဲ့ကြသည်။
"ဟွန်း..ဂျက်စီကာတို့ဒီနေ့လျှောက်လည်ကြရအောင်"
"အတန်းမတက်တော့ဘူးလား.."
"မတက်ချင်ဘူး.ပျင်းတယ်..နော်..သွားရအောင်နော်.."
"ဟုတ်ပါပြီ..ကိုယ့်အသဲလေး.သဘောဆန္ဒအတိုင်းပါပဲ"
.
.
.
"ဟွန်း.."
"ဗျ."
"ဗိုက်ဆာတယ်.."
"ဗိုက်ဆာလို့?..ဘာစားချင်လို့လဲပြော"
"တစ်ုခုခုပေါ့.."
"ဟိုနားမှာ..တော့ပိုကီဆိုင်ရှိတယ်."
"ဟာ..အဲ့လိုလမ်းဘေးအစားအစာတွေမစားချင်ပါဘူးဆိုကွာ"
ဆယ်ဟွန်းလည်းသူ့ချစ်သူအကြောင်းကိုသိသည်မို့..ဆက်မပြောတော့ပဲ..ဆိုင်ကောင်းတစ်ခုကိုသာမောင်းလာခဲ့သည်။
ဆိုင်ထဲရောက်တော့..နှစ်ယောက်ပဲစားမည်ကို မှာနေလိုက်တာ..မသိရင်..ဆယ်ယောက်လောက်စားမည်ဟုထင်ရသည်။
"အချစ်ကလည်းကွာ..အဲ့လောက်အများကြီးမှာပြီးကုန်မှာတဲ့လား..ကိုလညအများကြီးစားမှာမှမဟုတ်တာ"
"သူပဲစားချင်တာမှာဆို..စားချင်တဲ့ဟာတွေမှာထားတာပဲကို"
"မကုန်တော့နှမြောစရာကြီးလေကွာ"
"တွေ့လား..ဒါလေးကိုတောင်မကျွေးချင်ဘူး...ဟွန့်..ငါ့အကြောင်းနင်သိပါတယ် ငါကကပ်စီးနဲတာကိုမကြိုက်ဘူးဆိုတာ"
ဂျက်စီကာရဲ့စိတ်ဆိုးပြီဆိုရင်..ကိုတွေအချစ်တွေမဟုတ်တော့ပဲ..နင်နဲ့ငါနဲ့တွေဖြစ်သွားတော့.တာပဲ..တခြားကိစ္စတွေမှာ..စိတ်မတိုစိတ်မဆိုးတတ်ပေမဲ့..ကပ်စီးနဲ့တဲ့ကိစ္စနဲ့တော့အမြဲစိတ်ကောက်တတ်တယ်.
appaနဲ့ommaနဲ့ကပြောဖူးတယ်..ကိုယ်ကသူဋ္ဌေးသာဆိုပေမဲ့..သူ့စည်းကမ်းလေးနဲ့သူ..သုံးစွဲတတ်ရမယ်တဲ့အဲ့ဒါမှ ပင်ပင်ပန်းပန်းရှာခဲ့ရတဲ့ ဥစ္စကမြဲမှာတဲ့.အခုချိန်မှာ.မိဘဆီကလက်ဖြန့်တောင်းလို့ရပေမဲ့..မိဘတွေမရှိတော့တဲ့အချိန်..ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အချိန်.ကျရင်.အဲဒီတန်ဖိုးတွေနားလည်လာလိမ့်မယ်တဲ့
appaနဲ့ommaစကားကမှန်ပေမဲ့.လက်တလောအခြေအနေမှာ..ကျွန်တော်နားမထောင်သေး။ဘာကြောင့်လဲဆိုတော့ကျွန်တော်မှာချစ်သူရှိတယ်..ကျွန်တော်ချစ်သူကအကောင်းကြိုက်ငွေမက်မှန်းကျွန်တော်သိသည်..သို့ပေမဲ့ ကျွန်တော်.ဒါကိုအရေးမစိုက်..ကျွန်တော်.ချစ်သည်လေ..သူလိုသမျှကျွန်တော်ဖြည့်ဆည်းပေးချင်သည်။
အခုဖြည့်ဆည်းပေးနေသည့်အရာတွေအတွက်လည်း..ကျွန်တော်၏ဝင်ငွေထဲကသာ.ကျွန်တော်သုံးသည်လေ..လိုလို့မိဘဆီကတောင်းသည်မျိုးမရှိပါ..ဒီတော့ကျွန်တော်လိမ္မာသေးတယ်လို့ခေါ်ရမလဲပဲ..
ဟဲဟဲ...သြော်ဒါနဲ့ကျွန်တော်ဝင်ငွေဆိုလို့..အလုပ်လုပ်နေတယ်လို့မထင်လိုက်နဲ့..မုန့်ဖိုးကိုပြောတာ...မုန်ဖိုးဆိုတာလဲကျောင်းသားတစ်ယောက်ရဲ့..ဝင်ငွေပဲလေ..ဟုတ်ဘူးလား။
ဆယ်ဟွန်းအတွေးနယ်ချဲပီး..နေရာဆီပြန်ရောက်လာသည့်အခါ..ဂျက်စီကာရဲ့မျက်လုံးတွေရှိရာဆီသို့ကြည့်လိုက်ရာ.
သူတို့၏တစ်ဝိုင်းကျော်မှာထိုင်ကာ..သန့်သန့်ခန့်ခန့်
နှင့်.လူတစ်ဦးအားတွေ့လိုက်သည်။ထိုသူကလည်းသူ၏ချစ်သူလေးအားပြန်ဆူးစိုက်ကြည့်နေပြန်သည်။
ဒါကြောင့်ဆယ်ဟွန်းလည်း.ဂျက်စီကာလက်ကိုဆွဲကာ.ဆိုင်ထဲကထွက်လာခဲ့သည်။
"ဟွန်း..ဘာလို့.အတင်းဆွဲခေါ်လာတာလဲ"
"ဂျက်စီကာ..မင်းနဲ့ဟိုလူနဲ့..တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတာ..ငါမသိဘူးများထင်နေလား"
"ကိုယ့်ရီးစားလှလို့ကြည့်တာ..ဘာဖြစ်လဲ ဂုဏ်တောင်ယူရအုံးမယ်"
"ဘာငါကဂုဏ်ယူရမယ်ဟုတ်လား..မင်းနော်..ငါလုပ်လိုက်ရ"
"နင်က..နင်ကငါ့ကိုလုပ်ချင်တယ်ပေါ့..လုပ်ကြည့်လိုက်လေ..လုပ်ကြည့်လိုက်...ကားကို.အခုချက်ချင်းရပ်.."
ဆယ်ဟွန်းလည်းစိတ်တိုနေတာနဲ..ချက်ချင်းကိုရပ်ပေးလိုက်ကာ.ဂျက်စီကာဆင်းသွားတာနဲ့..ကားကိုတဟုန်းမောင်းထွက်လာခဲ့သည်။
.
.
.
.
ဒီလိုနဲ့သူတို့နှစ်ယောက်.မတွေ့ဖြစ်ကြတာ.တစ်ပတ်တိတ်ရှိသွားပြီဖြစ်သည်။အရင်တုန်းက စိတ်ဆိုးစိတ်ကောက်မှုများရှိသော်လည်းဒီလောက်ထိမခေါ်မပြောပဲ.မနေ..ဆယ်ဟွန်းကစိတ်ဆိုးပြေပေမဲ့..တမင်အချိန်ဆွဲကာနေနေသည်။နောက်ဆုံးမနေနိုင်တော့တဲ့အဆုံးသွားချော့ရန်သာဆုံးဖြစ်လိုက်သည်။
ဒါကြောင့်..သူ့ရဲ့ ဆုထားတဲ့မုန့်ဖိုးလေးတွေနဲ့. ရွှေလက်စွပ်လေးတစ်ကွင်းလုပ်ပြီး..သူ့၏ချစ်သူအားချော့ရန်စီစဥ်လိုက်သည်။
ဒီတစ်ခေါက်..ဂျက်စီကာဆီဖုန်းခေါ်တော့..လူကြီးမင်းနှင့်မတိုးတော့..
"Hello...အချစ်"
"ဘာလဲပြော"
"ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲလား.."
"..."
"အင်..ကိုယ်ပြောစရာရှိလို့..ခနလောက်တွေ့ကြရအောင်နော်.."
"ကောင်းပြီလေ..ငါလည်းနင့်ကိုပြောစရာရှိတယ်"
"Ok...ဒါဆိုတွေ့နေကြနေရာမှာပဲတွေ့ကြမယ်နော်."
"အင်း"
ပြောပြီးဖုန်းကိုတန်းချသွားသည်။ဒါကိုဆယ်ဟွန်းကစိတ်ဆိုးနေသေးသည်ဟုသာထင်နေသည်။
.
.
.
ချိန်းထားသည့်နေရာကို..အစောကြီးရောက်နေသူကဆယ်ဟွန်း။ဂျက်စီကာကတော့..နောက်တစ်နာရီလောက်နေမှ ရောက်လာခဲ့သည်။
"စောင့်ရတာကြာသွားလား."
"ဟို..မကြာပါဘူး..ကိုလည်းအခုမှရောက်တာ"
"အော်..အင်းပါ..ဘာပြောမလို့လဲပြောလေ"
ဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ထားသော..အနီရောက်ရွှေလက်စွပ်ဗူးလေးအား..ဖွင့်ပြီး..ဂျက်စီကာလက်ကို..ဖွဖွလေးကိုင်ကာ.
"ကိုယ့်ကိုစိတ်မဆိုးနဲ့တော့နော်...စိတ်ဆိုးပြေပါတော့နော်.."
ဂျက်စီကာကရွှေလက်စွပ်ကိုသေချာကြည့်ကာ..တစ်ချက်ပြုံးလိုက်ပြီး..
"ဒါလေးပဲလား"
ဂျက်စီကာစကားကြောင့် ဆယ်ဟွန်းမှာ အံသြသွားရသည်။
"ဒီမှာတွေ့လား..ငါကဒါမျိုးကိုလိုချင်တာ"
သူ၏ဘယ်ဘက်လက်သန်းကြွယ်မှာစွပ်ထားတဲ့..စိန်လက်စွပ်ကိုပြလိုက်သည်။
"ဒါ ဒါမျိုးလိုချင်တယ်ဆိုလည်း..ကိုယ်.ပိုက်ဆံစုပြီးဝယ်ပေးပါ့မယ်"
"ဟားဟား..ဒါလေးဝယ်ဖို့ပိုပိုက်ဆံတောင်ဆုရအုံးမယ်..ဟုတ်လား..အဲ့ဒါပြောတာ..သူဋ္ဌေးသားနဲ့သူဋ္ဌေးနဲ့မတူပါဘူးလို့..ဟားဟား"
"ဘာတွေပြောနေတာလဲ..ကိုယ်နားမလည်တော့ဘူး"
"ကောင်းပြီလေ..ဒါဆိုလည်းရှင်းရှင်းပဲပြောတာပေါ့...ငါလက်ထပ်တော့မယ်"
"ဘာ?"
"ဟုတ်တယ်.ငါလက်ထပ်တော့မယ်.ငါလိုချင်တာမှန်သမျှဖြည့်ဆည်းပေးနိုင်တဲ့.တအားချမ်းသာတဲ့သူဋ္ဌေးတစ်ယောက်နဲ့"
"ငါ..ငါလည်းဖြည့်ဆည်းပေးနိုင်တယ်လေ.."
ဟားဟား...ဘယ်တူမလဲ..ဟိုကသူရှာတဲ့ပိုက်ဆံကိုဘယ်နေရာမှာသွားပစ်သွားပစ် ပစ်လို့ရတဲ့ သူဋ္ဌေး..နင်ကမိဘပေးမှသုံးရတဲ့သူဋ္ဌေးသား မတူဘူး..အခုပဲကြည့်လေ..ဘာမှမရှိတဲ့အပေါစားရွှေလက်စွပ်လေးနဲ့..တန်ဖိုးသိပ်ကြီးလွန်းတဲ့စိန်လက်စွပ်"
ဆယ်ဟွန်းအတွက်ကတော့..မယုံကြည်နိုင်လောက်အောင်ကိုဖြစ်ရသည်။သာသိပ်ချစ်ပါတယ်ဆိုတဲ့..သူဆီက သူ့အချစ်ကို..စော်ကားခံလိုက်သည်။
အဲ့ဒီအချိန်ထဲကစပြီးဆယ်ဟွန်းကဘယ်သူ့ကိုမှမချစ်မိအောင်နေခဲ့သည်။ဘယ်သူ့ကိုမှလည်းမချစ်ခဲ့..သို့ပေမဲ့.အရမ်းချစ်စရာကောင်းလှတဲ့သမင်လေးတစ်ကောင်ကို မတွေခင်အချိန်အထိပေါ့။
>>>>>Flash back end>>>>>>
#Nun
Thanks to all the readers😍😍😍
====================================Zawgyi
________
အထက်တန်းကျောင်းပြီuးniတက်ခါစတဲ့အချိန်မှာ..ဆယ်ဟွန်းရဲ့..မတုံ့မရဲနှင့် ဖွင့်ဟဝင်ခံလိုက်မှုကြောင့်..ဂျက်စီကာနှင့်ဆယ်ဟွန်း..ချစ်သူတွေဖြစ်လာခဲ့ကြသည်။
"အတန်းမတက်တော့ဘူးလား.."
.
.
.
"ဟွန်း.."
"ဗျ."
"ဗိုက်ဆာတယ်.."
"တစ်ုခုခုပေါ့.."
.
.
.
.
"Hello...အချစ်"
"ဘာလဲပြော"
"..."
"အင်း"
.
.
.
"စောင့်ရတာကြာသွားလား."
"ဒါလေးပဲလား"
"ဘာ?"
>>>>>Flash back end>>>>>>
#Nun
====================================