MWFV Ch 54
Da-Dad?
Zawgyi Version
စုေပရဲ႕အသံက ႏူးညံ့ခ်ိဳသာၿပီး သူမအ႐ြယ္ မိန္းကေလးတစ္ဦး၏ တစ္မူထူးျခားေသာ ၾကည္လင္ျပတ္သားမႈမ်ိဳး ရွိလို႔ေနတယ္။ Mr.ခ်င္ရဲ႕အျမင္ကေတာ့ သူ႔သမီးေလးရဲ႕အသံက က်ိန္းေသေပါက္ အရမ္းနားေထာင္လို႔ ေကာင္းတယ္ေလ။ သို႔ေပသိ အခုေလာေလာဆယ္ ဖုန္း receiver ကေန ဒီလို တစ္ထပ္တည္း တူညီေနတဲ့အသံမ်ိဳး ၾကားရလိမ့္မယ္လို႔ေတာ့ သူတစ္ခါမွ ေမွ်ာ္လင့္မထားခဲ့ဘူး။
စုေပရဲ႕အသံက အျခားတစ္ဖက္ကေန ေနာက္တစ္ဖန္ ထြက္ေပၚလာခဲ့ျပန္တယ္ : “ဟဲလို? လိုင္းမေကာင္းလို႔လား? မင္းဘာမွမေျပာဘူးဆိုရင္ ငါအခုဖုန္းခ်လိုက္ေတာ့မယ္”
ခ်င္ေရွာက္ : ...
“ေရွာင္ေပ”
Receiver ကေန ခပ္နက္နက္အသံတစ္ခု ထြက္ေပၚလာခဲ့ၿပီး စုေပရဲ႕နားေတြကို အနည္းငယ္ ထုံထိုင္းသြားေစခဲ့တယ္။ ဖုန္းကိုင္လ်က္သားႏွင့္ပင္ သူမ ခ်က္ခ်င္းႀကီးကို ၾကက္ေသေသေနခဲ့တယ္ : “!!!”
ေခၚဆိုသူ၏အသံက တစ္ဆင့္ေပးပို႔ျခင္းေၾကာင့္ အနည္းငယ္ ေျပာင္းလဲေနေသာ္ျငား ၎အသံက စုေပႏွင့္ အလြန္အမင္း ရင္းႏွီးကြၽမ္းဝင္ေနဆဲပဲျဖစ္တယ္။ ဒါ့အျပင္ တစ္ဖက္ကလည္း သူမကို ‘ေရွာင္ေပ’ လို႔ ေခၚလိုက္တယ္ေလ။
ထိတ္လန႔္တုန္လႈပ္ေနရင္းနဲ႔ပဲ စုေပက တုံ႔ဆိုင္းျခင္းမရွိ ဖုန္းခ်လိုက္တယ္, ထို႔ေနာက္ တစ္စုံတစ္ရာအား ဖုံးအုပ္သြားေစရန္အလို႔ငွာ ဖုန္းကို ေခါင္းအုံးထဲသို႔ ထိုးထည့္လိုက္တယ္။
ေအာက္ထပ္၌, ဖုန္းအခ်ခံလိုက္ရေသာ Mr.ခ်င္ : “...”
ထိုစဥ္, အိပ္ခန္းထဲ၌ စုေပက အိပ္ယာေပၚမွာ ဒူးတုပ္ထိုင္ေနကာ သူမစိတ္ေတြ တျဖည္းျဖည္းခ်င္း ျပန္လည္ေကာင္းမြန္မလာခင္အခ်ိန္ထိ ေခါင္းအုံးကိုသာ အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့တယ္။
စုေပ : သူမ အခုေလးတင္ ႐ူးႏွမ္းတဲ့အရာတစ္ခုကို လုပ္မိလိုက္သလိုပဲ။
အတြင္းစိတ္ထဲ၌ ရွည္ၾကာလွစြာေသာ ႐ုန္းကန္လႈပ္ရွားမႈအၿပီးမွာ စုေပက ေနာက္ဆုံးေတာ့ သူမေခါင္းအုံးေအာက္မွ ဖုန္းကိုယူလိုက္ကာ ေနာက္ဆုံးအဝင္ဖုန္းေခၚဆိုမႈကို စစ္ေဆးလိုက္တယ္။ ဒီဟာက မရင္းႏွီးတဲ့နံပါတ္တစ္ခု ျဖစ္ေနသလို သူမ သိတဲ့ Mr.ခ်င္ရဲ႕ဖုန္းနံပါတ္နဲ႔ ကြဲျပားေနေလတယ္။ ဒီတစ္ခုက အလုပ္အတြက္ အသုံးျပဳတာမ်ိဳးပဲ ျဖစ္ေလာက္တယ္။ ေတာင့္တင္းေနတဲ့ လက္ညႇိဳးတစ္ေခ်ာင္းနဲ႔ပဲ စုေပက ဖုန္းျပန္ေခၚတဲ့ခလုတ္ကို ျဖည္းျဖည္းေလး ဖိလိုက္တယ္။
ဖုန္းေခၚဆိုမႈက ခ်က္ခ်င္း ခ်ိတ္ဆက္သြားခဲ့တယ္။
Mr.ခ်င္ရဲ႕အသံက ၾကည္လင္ျပတ္သားစြာ ထြက္ေပၚလာခဲ့တယ္ : “ခ်င္ယြဲ႕”
စုေပ : “ေဖ-ေဖေဖ?”
ဖုန္း၏အျခားတစ္ဖက္မွလူက သူ႔သမီးအရင္းျဖစ္တယ္ ဆိုတာကို သူသိႏွင့္ေနၿပီးသားျဖစ္ေသာ္လည္း ခ်င္ေရွာက္မွ သူ႔အား ‘ေဖေဖ’ ဟူ၍ ေခၚလိုက္တဲ့အသံကို ၾကားလိုက္ရခ်ိန္မွာေတာ့ သူ႔ႏႈတ္ခမ္းေထာင့္စြန္းေတြ အနည္းငယ္ တြန႔္ခ်ိဳးသြားခဲ့ရတယ္။ သူ႔ရဲ႕လက္ရွိအမူအရာက အရင့္အရင္က မႀကဳံေတြ႕ဖူးတဲ့ ထူးဆန္းမႈေတြနဲ႔ ေရာေထြးေနခဲ့တယ္။
ခ်င္ေရွာက္ : “အခုထိ မအိပ္ေသးဘူးလား?”
Mr.ခ်င္ရဲ႕စကားေတြက ပုံမွန္ေျပာေနၾကအတိုင္းပဲျဖစ္တယ္။ အခုခ်ိန္ သူတို႔ႏွစ္ေယာက္လုံးက အလုပ္ဖုန္းနံပါတ္ေတြကိုသာ သုံးမေနၾကဘူးဆိုရင္ေတာ့ျဖင့္ ဘာထူးထူးျခားျခားကိစၥမွ ရွိမေနဘူးလို႔ပဲ စုေပက ထင္လိုက္မိမွာပင္။
စုေပ : “ဟု-ဟုတ္။ သမီးအိပ္ေနတာပါ--မဟုတ္, မဟုတ္ဘူး, သမီး အခုအိပ္ေတာ့မလို႔ပါ”
Mr.ခ်င္က ေလသံျပင္းျပင္းႏွင့္ : “အဝတ္အစားလဲၿပီး အခုခ်က္ခ်င္း ေအာက္ကိုဆင္းလာခဲ့”
Mr.ခ်င္ရဲ႕စကားကို ၾကားလိုက္ရတဲ့အခါ စုေပရဲ႕ႏွလုံးက ခ်က္ခ်င္းကို က်ဳံ႕ဝင္သြားခဲ့ေတာ့တယ္။ အိပ္ယာေပၚမွ အလ်င္အျမန္ ခုန္ပ်ံေက်ာ္လႊားၿပီး ေအာက္ထပ္သို႔ ေျပးမဆင္းလာခင္မွာပဲ သူမက ေဖ်ာ့ေတာ့စြာနဲ႔ “ဟုတ္ကဲ့” လို႔ျပန္ေျဖလိုက္တယ္။
-----
စုေပတစ္ေယာက္ အေပၚထပ္ကေန ဆင္းလာခ်ိန္မွာေတာ့ Mr.ခ်င္က ဆိုဖာေပၚမွာ ထိုင္ေနခဲ့တာျဖစ္တယ္။ သူ႔အၾကည့္ေတြက လက္ထဲက အလုပ္ဖုန္းေပၚမွာ ရွိေနခဲ့တယ္။
ခ်င္ေရွာက္ကိုၾကည့္ရင္း စုေပက နည္းနည္းေတာ့ ေၾကာက္ေနမိတယ္။ အစတုန္းက သူမအေနနဲ႔ ‘Red Hacker Challenge’ မွာ သူမရဲ႕ပါဝင္ယွဥ္ၿပိဳင္ေနမႈကို ဖုံးကြယ္ထားႏိုင္ဖို႔ ႀကိဳးစားေနတုန္းပဲရွိေသးတယ္။ လင္းေရွာက္ခ်ီက တစ္ေန႔ေန႔မွာ သူမရဲ႕ identity ကိုသိသြားခဲ့မယ္ဆိုရင္ေတာင္မွ သူမက Mr.ခ်င္ကိုေတာ့ လုံးဝ ေပးမသိေစခ်င္ဘူး, အထူးသျဖင့္ လင္း Group က သူမရဲ႕ ‘လ်ိဳ႕ဝွက္ကေလးလုပ္သား’ အေၾကာင္းနဲ႔ ပတ္သတ္တာေတြကိုေပါ့။
သို႔ေသာ္လည္း ဒီမေတာ္တဆမႈက ျဗဳန္းစားႀကီး ေရာက္လာခဲ့တယ္။ သူမ ဒီလိုမ်ိဳးႀကီးေပၚသြားလိမ့္မယ္လို႔ေရာ ဘယ္သူက ေတြးထားမိမွာလဲ?
Mr.ခ်င္က ေနာက္ဆုံးေတာ့ သူ႔မ်က္လုံးေတြကိုပင့္ၿပီး စုေပကို ၾကည့္လိုက္တယ္ : “ဒီကိုလာခဲ့”
“အာ” စုေပက Mr.ခ်င္ဆီသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားခဲ့ၿပီး သူနဲ႔ တစ္မီတာေက်ာ္အကြာမွာ မတ္တပ္ရပ္ေနခဲ့တယ္။
ခ်င္ေရွာက္ : “မတ္မတ္ရပ္စမ္း”
စုေပတစ္ေယာက္ သူမေက်ာျပင္ကို ဆန႔္တန္းထားလိုက္တယ္။
Mr.ခ်င္က စုေပရဲ႕ေျခဗလာကို သတိထားမိသြားၿပီး မ်က္ေမွာင္က်ဳံ႕လိုက္တယ္ : “ဘာလို႔ဖိနပ္မစီးလာတာလဲ?”
စုေပ : “သမီး...ေမ့သြားလို႔”
Mr.ခ်င္ရဲ႕နဖူးေၾကာေတြ ဒီ့ထက္ပိုၿပီး တင္းက်ပ္သြားခဲ့တယ္။ သူ႔မ်က္ဝန္းေတြထဲကေန ကူကယ္ရာမဲ့တဲ့ အရိပ္အေယာင္တစ္ခု ျဖတ္ေျပးသြားခဲ့ေပမယ့္ သူက မ်က္ႏွာထားတင္းတင္းျဖင့္သာ ေျပာဆိုေနဆဲျဖစ္တယ္ : “ဆိုဖာေပၚမွာထိုင္”
“အာ” စုေပက နာခံစြာႏွင့္ အေရွ႕ကိုတိုးလာၿပီးေတာ့ ဆိုဖာေပၚမွာ သူမရဲ႕ေျခေထာက္ေတြကိုေကြးၿပီး ထိုင္ခ်လိုက္တယ္။ အဲဒါက သူမကိုယ္သူမ ေဘာလုံးတစ္လုံးလို က်ဳံ႕ေကြးဖို႔ ႀကိဳးစားေနသကဲ့သို႔ ျဖစ္ေနခဲ့တယ္။
ဒီအခိုက္အတန႔္မွာပဲ ေလွကားကေန လႈပ္ရွားမႈတစ္ခ်ိဳ႕ ရွိလာခဲ့တယ္။ စုေရွာင္ေပါင္က ေအာက္ဆင္းလာၿပီး ဒီအျဖစ္အပ်က္ကို ခ်က္ခ်င္း ျမင္သြားခဲ့တယ္။ စုေပရဲ႕ပုံပန္းသဏၭာန္ကို ၾကည့္လိုက္တဲ့အခါမွာေတာ့ သူမက အဆူခံေနရတဲ့ပုံေပါက္ေနခဲ့တယ္။ ဘာေတြျဖစ္ေနသလဲဆိုတာကို စုေရွာင္ေပါင္လည္း မသိေသာ္ျငား ဒီအရာက စုေပအတြက္ သူ႔ရဲ႕ ႁခြင္းခ်က္မရွိကာကြယ္ေပးမႈအေပၚ ဘာသက္ေရာက္မႈမွ မရွိေလဘူး။
“ဘာေတြျဖစ္ေနၾကတာလဲ?” စုေရွာင္ေပါင္က လူႏွစ္ေယာက္ကို ၾကည့္လိုက္တယ္။
Mr.ခ်င္က မ်က္လုံးပင့္ၿပီး စုေရွာင္ေပါင္ကို မ်က္စိတစ္ခ်က္ေဝ့ၾကည့္လိုက္တယ္ : “မင္းကိစၥမဟုတ္ဘူး, သြားျပန္အိပ္လိုက္ေတာ့”
“ကြၽန္ေတာ့္ကိစၥမဟုတ္ဘူးလို႔ ဘယ္သူေျပာလဲ?” စုေပရဲ႕အေရးက သူ႔အေရးပဲေလ။
စုေရွာင္ေပါင္က အနားေလွ်ာက္သြားၿပီး စုေပအား သူ႔ေနာက္ေက်ာဖက္မွာ အကာအကြယ္ေပးတဲ့ ကိုယ္ေနဟန္ထားျဖင့္ ပိတ္ကာထားလိုက္ကာ ခ်င္ေရွာက္အား ေအးတိေအးစက္ စိုက္ၾကည့္ေနတယ္။ တခဏမွ်ၾကာသည္အထိ, အေဖႏွင့္သားက တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနခဲ့ၾကၿပီး တစ္ေယာက္မွ အရႈံးေပးဖို႔ရာ ဆႏၵမရွိေလဘူး။
ကံေကာင္းေထာက္မစြာပင္ စုေပက သူမလက္ကိုေျမႇာက္ၿပီး စုေရွာင္ေပါင္ရဲ႕ရွပ္အက်ႌကို အေနာက္ကေန ေဆာင့္ဆြဲလိုက္ကာ ေကာင္ေလးကို သူမေဘးနားသို႔ ဆြဲေခၚလိုက္တယ္။
စုေရွာင္ေပါင္ : “?”
စုေပ : “အဆင္ေျပပါတယ္ဟ, နင္လည္းဒီမွာထိုင္ေလ”
Mr.ခ်င္က စုေပကို ေနာက္တစ္ႀကိမ္ ထပ္မၾကည့္မိခင္မွာပဲ ဒီငနာေကာင္ေလးကို ႐ိုက္ႏွက္ပစ္ခ်င္တဲ့ စိတ္ဆႏၵေတြကို ခ်ိဳးႏွိမ္ထားခဲ့ရတယ္။
“ဒါဆို သမီးက လင္း Group မွာ အလုပ္လုပ္ေနတာေပါ့?” Mr.ခ်င္က အသံနက္နက္ႀကီးနဲ႔ စုေပအား ေမးလိုက္တယ္။ သူ႔ေလသံထဲမွာ ရႈပ္ေထြးမႈအရိပ္အေယာင္တစ္ခု ရွိေနခဲ့တယ္။ အခုေလာေလာဆယ္မွာ သူ႔စိတ္အေျခအေနကလည္း အလြန္အမင္း ရႈပ္ေထြးလို႔ေနတယ္။ သူ႔သမီးေလးက တကယ္ႀကီး [Q] ဆိုတဲ့သူျဖစ္ကာ ‘NST’ ရဲ႕ နည္းပညာပိုင္းဆိုင္ရာ အႀကံေပးတစ္ေယာက္လည္း ျဖစ္ေနေပမယ့္ သူကေတာ့ အေဖတစ္ေယာက္အေနနဲ႔ လုံးဝကို အေမွာင္ထဲမွာပဲ ရွိေနခဲ့တယ္။ [T/N : ဒီအေၾကာင္းေတြ သူ ဘာတစ္ခုမွ မသိတာကို ေျပာခ်င္တာပါ]
“တကယ္ေတာ့ေလ, အဲဒါက အဲ့ေလာက္ႀကီး ႀကီးက်ယ္တာမ်ိဳးလည္း မဟုတ္ပါဘူး။ သမီးက သူတို႔ကို ဒီတိုင္း နည္းပညာနဲ႔ပတ္သတ္တဲ့အႀကံေလး နည္းနည္းပါးပါး ေပး႐ုံေလာက္ေလးပါ...” စုေပက Mr.ခ်င္အား တစ္ခ်က္ေလာက္ၾကည့္ဖို႔အတြက္ သူမေခါင္းကို မဝံ့မရဲနဲ႔ ေမာ့လိုက္တယ္။ သူ႔ရဲ႕မႈန္မႈိင္းေနတဲ့မ်က္ႏွာကိုၾကည့္ရင္း သူမ အလ်င္အျမန္ ေျပာလိုက္တာက : “အတိအက်ေျပာရရင္ သမီးက ေဖေဖ့ရဲ႕အလုပ္ကို ကူညီေပးေနတာပဲေလ”
--ဘာျဖစ္လို႔လည္းဆိုေတာ့ ခ်င္ Group က ‘NST’ စီမံကိန္းရဲ႕ ရွယ္ယာ ၅၁% ကိုပိုင္ဆိုင္ထားတယ္ေလ။
စုေပက ခ်င္ေရွာက္အား ေတာက္ပၾကည္လင္တဲ့ မ်က္လုံးေလးေတြနဲ႔ ၾကည့္ေနခဲ့တယ္။
ခ်င္ေရွာက္ : “...”
“အဲဒါကို ဘယ္အခ်ိန္ေလာက္ထဲက စလုပ္ေနတာလဲ?” ခ်င္ေရွာက္က ထပ္ေမးလိုက္တယ္။
စုေပ : “အရမ္းမၾကာေသးပါဘူး...”
ခ်င္ေရွာက္ : “ရွင္းရွင္းလင္းလင္းေျပာစမ္း”
စုေပေက်ာေတြ ေတာင့္သြားခဲ့တယ္ : “ၿပီးခဲ့တဲ့လ ၁၀ရက္ေန႔ကပါ”
Mr.ခ်င္က ေနာက္ထပ္ စုံစမ္းေမးျမန္းမႈေတြ မျပဳလုပ္လာခင္မွာပဲ စုေပက သူမ ‘Red Hacker Challenge’ မွာ ဘယ္လိုပါဝင္ျဖစ္ခဲ့တယ္ဆိုတဲ့အေၾကာင္းနဲ႔ လင္း Group မွ သူမအား သူတို႔ရဲ႕စီမံကိန္းအသစ္အတြက္ ဘယ္လိုမ်ိဳး ရွာေဖြကမ္းလွမ္းခဲ့တယ္ဆိုတဲ့အေၾကာင္းေတြကိုပါ စတင္ရွင္းျပႏွင့္ၿပီးျဖစ္ေနခဲ့တယ္။ တခဏမွ် တိတ္ဆိတ္သြားၿပီးေနာက္ Mr.ခ်င္က စုေပကိုၾကည့္ၿပီး ေမးလိုက္တယ္, “ဒီ skill ေတြ သမီးဘယ္တုန္းက သင္ထားတာလဲ?” သူ အစတုန္းက သူ႔သမီးေလးအတြက္ ဆရာတစ္ေယာက္ ရွာေပးခ်င္ခဲ့တာျဖစ္ေပမယ့္ သူမေလးက တကယ္ႀကီး ပညာရွင္တစ္ေယာက္ ျဖစ္ေနလိမ့္မယ္ဆိုတာကိုေတာ့ လုံးဝ ေမွ်ာ္လင့္မထားခဲ့မိဘူး။
ဒီေမးခြန္းက အမွန္တကယ္ကို ေျဖဆိုရန္ခက္ခဲလွတယ္။ ဒီအရာေတြက သူမ တစ္ျခားကမာၻမွာေနလာခဲ့တဲ့ ေလးႏွစ္တာ အခ်ိန္အေတာအတြင္း သူမ ေလ့လာခဲ့တာေတြ ျဖစ္တယ္ဆိုတာကို Mr.ခ်င္အား ဘယ္လိုရွင္းျပရမလဲ ဆိုတာ စုေပလည္း မသိေတာ့ဘူး။ သူမ က်ည္ဆန္ကိုသာ ကိုက္ထားၿပီး မေရမရာေျဖလိုက္တယ္ : “သမီးတို႔ ေဖေဖ့ဆီ မလာခင္တုန္းကပါ။ သမီး ဒီအေၾကာင္းနဲ႔ပတ္သတ္တဲ့ စာအုပ္အေတာ္မ်ားမ်ားကို ဖတ္ျဖစ္သြားၿပီးေတာ့ မေမွ်ာ္လင့္ပဲ အဲဒါေတြကို အလြယ္တကူ နားလည္သြားခဲ့တာပါ”
ဒီရွင္းျပမႈမ်ိဳးက တကယ္ေတာ့ အက်ိဳးသင့္အေၾကာင္းသင့္ျဖစ္ဖို႔ ခဲယဥ္းတယ္ဆိုတာကို စုေပလည္း သိေနခဲ့တယ္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ Mr.ခ်င္က စုေပရဲ႕ေဘးက်ပ္နံက်ပ္အျဖစ္ကို သတိထားမိပုံရတာေၾကာင့္ ဒီကိစၥႏွင့္ ပတ္သတ္ၿပီး ေနာက္ထပ္ မေမးျမန္းေတာ့ေခ်။
Mr.ခ်င္က စုေပအား မ်က္ႏွာခပ္တည္တည္ျဖင့္ ခဏတာမွ် ၾကည့္ရႈေနခဲ့ၿပီး, ထို႔ေနာက္ သူမေဘးမွ စုေရွာင္ေပါင္ထံ ၾကည့္လိုက္ကာ : “အနာဂါတ္မွာ မင္းတို႔အေနနဲ႔ ကိုယ္လုပ္ခ်င္တာကို လုပ္ပိုင္ခြင့္ရွိတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ မင္းတို႔ လုပ္ရမယ့္အရာက ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာဖို႔နဲ႔ ႀကိဳးႀကိဳးစားစား ေလ့လာဖို႔ပဲ”
သူ႔သမီးေလးက ဘယ္ပုံဘယ္နည္းေတြေၾကာင့္ ဒီေလာက္ထိ skill ႂကြယ္ေနရသလဲဆိုတာ သူ မသိေသာ္ျငား, ခ်င္ေရွာက္အေနနဲ႔ စုေပက ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႔ အလုပ္စလုပ္ၿပီး လူ႔အသိုင္းအဝိုင္းနဲ႔ ထိေတြ႕ဆက္ဆံရမယ့္ အျဖစ္ကိုေတာ့ ေကာင္းတဲ့အရာလို႔ မထင္ထားဆဲပင္။ ဒါက သူ႔သမီးကို ဒီေလာက္ငယ္ငယ္ေလးနဲ႔ အႏုပညာေလာကထဲကို ဝင္ဖို႔ခြင့္ျပဳေပးခဲ့တဲ့ စုန႔္ယန္ခ်န္းဆိုသူကို သူ ဘာေၾကာင့္အထင္ေသးရသလဲဆိုတာနဲ႔ အေၾကာင္းျပခ်က္အတူတူပဲျဖစ္တယ္။
“သမီးသိပါၿပီ,” စုေပက နာခံစြာျဖင့္ ေခါင္းၿငိမ့္ျပလိုက္ၿပီးမွ တိုးတိုးေလးေျပာလိုက္တယ္ : “သမီးက ဒီတိုင္း ေဖေဖ့ကို ကူညီခ်င္လို႔ပါ”
ဒီစကားလုံးေတြက စိတ္ရင္းအမွန္ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ, အဲဒါေတြက Mr.ခ်င့္အေပၚ သက္ေရာက္မႈရွိတယ္ဆိုတာကိုေတာ့ သံသယျဖစ္ဖြယ္ရာ မရွိေလဘူး။
Mr.ခ်င္ရဲ႕အၾကည့္ေတြက စုေပရဲ႕မ်က္ႏွာေပၚမွာ ခဏတာမွ် ရွိေနခဲ့တယ္။ သူမမ်က္ႏွာေပၚက မဆုတ္မနစ္ ႀကိဳးပမ္းမႈေတြကို ျမင္လိုက္ရခ်ိန္မွာေတာ့ သူ တိတ္တဆိတ္ သက္ျပင္းခ်လိုက္မိတယ္။ Mr.ခ်င္က အေလွ်ာ့ေပးတယ္ ဆိုတာမ်ိဳးေတြကို ျပဳလုပ္ခဲတဲ့သူျဖစ္ေပမယ့္ သူ႔သမီးေလးကိုေတာ့ ျငင္းဆန္ႏိုင္စြမ္းမရွိေလဘူး။ “လင္း Group က သမီးကို လစာဘယ္ေလာက္ေပးလဲ?” သူေမးလိုက္တယ္။
စုေပက သူမအတြက္ အလြန္တရာ ျမင့္မားလြန္းေနၿပီျဖစ္ေသာ ကိန္းဂဏန္းတသီတတန္းႀကီးကို သူ႔အား ေျပာျပခဲ့တယ္။ သို႔ေပသိ, အဲဒီ့အစား သူမက မိုက္မဲတဲ့အရာတစ္ခုခုကို ျပဳလုပ္ထားသလိုမ်ိဳး Mr.ခ်င္ရဲ႕ မ်က္ႏွာေပၚမွာ မေက်နပ္မႈေတြနဲ႔ အထင္အျမင္ေသးမႈေတြကိုသာ ျမင္ေတြ႕ခဲ့ရတယ္။
“သမီးက ဒီတိုင္း အခ်ိန္ပိုင္းအလုပ္အေနနဲ႔ နည္းပညာပိုင္းဆိုင္ရာ အႀကံဥာဏ္ နည္းနည္းပါးပါး ေပး႐ုံေလးပဲမို႔ပါ။ ဒီလစာက မ်ားေတာင္မ်ားေနပါၿပီ” စုေပက ရွင္းျပလိုက္တယ္။
အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍ ခ်င္ေရွာက္က မွတ္ခ်က္ေပးရန္ ျငင္းပယ္ခဲ့တယ္--ခ်င္ရဲ႕အႀကီးဆုံးမမေလးက တစ္ျခားသူေတြအတြက္ အလုပ္လုပ္ေပးေနခဲ့ရေပမယ့္ လစာကို ဒီေလာက္ နည္းနည္းေလးပဲ ေပးရတယ္လို႔။ ေနာက္ၿပီး NST က စုေပရဲ႕အလုပ္တန္ဖိုးကလည္း သူမရဲ႕လက္ရွိလစာထက္ အမ်ားႀကီးပိုျမင့္တယ္ဆိုတာ အေသအခ်ာႀကီးပဲေလ။
“လင္းဆိုတဲ့ေကာင္ေလးက ေနာက္တစ္ႀကိမ္ သမီးကို အလုပ္ေတြ ဘာေတြလုပ္ဖို႔ ေတာင္းဆိုလာခဲ့ရင္ အေဖ့ဆီ အရင္လာလို႔ေျပာလိုက္” Mr.ခ်င္က ေနာက္ဆုံးေတာ့ အေလွ်ာ့ေပးလိုက္တယ္။
စုေပက ဒီ့မတိုင္ခင္အထိ ခဏတျဖဳတ္ေလာက္ အံ့အားသင့္ေနၿပီးမွ ေျပာလိုက္တာက, “ေဖေဖ, တကယ္ေတာ့ ဥကၠဌေလးလင္းက သမီးဘယ္သူလဲဆိုတာမသိဘူး”
ခ်င္ေရွာက္ : “...”
ခ်င္ေရွာက္ : “သမီးရဲ႕ပညာေရးကို အေႏွာင့္အယွက္အျဖစ္မခံနဲ႔ေနာ္”
စုေပ : “ဟုတ္ကဲ့ပါ”
“ေဖေဖ” ခဏၾကာၿပီးေနာက္ စုေပက သူမႏႈတ္ခမ္းေတြကို ေနာက္တစ္ဖန္ ဖြင့္ဟလာခဲ့တယ္ : “သမီးမွာ ေနာက္ထပ္ေျပာစရာတစ္ခု ရွိေသးတယ္” ဘာပဲျဖစ္ျဖစ္, ဒါေတြက ႀကဳံကိုႀကဳံရမယ့္အရာေတြပဲေလ, အဲဒါေၾကာင့္ စုေပက Mr.ခ်င္အား ‘Red Hacker Challenge’ ၏ ဖိုင္နယ္ပြဲစဥ္အေၾကာင္းႏွင့္ ပတ္သတ္၍ ႐ိုးရွင္းစြာ ေျပာျပခဲ့တယ္။ ဖိုင္နယ္ပြဲစဥ္မ်ားကို လာမယ့္အပတ္တြင္ တရားဝင္ စတင္ေတာ့မွာျဖစ္ၿပီး ပြဲက်င္းပမည့္ေနရာအား S ၿမိဳ႕၌ အစမ္းသေဘာ စီစဥ္ထားတာျဖစ္တယ္။ ဗိုလ္လုပြဲမတိုင္ခင္အထိ ပြဲစဥ္တစ္ခုလုံးအား စုစုေပါင္းဆယ္ရက္ၾကာ က်င္းပမွာျဖစ္တယ္။
စုေပတစ္ေယာက္ ရွင္းျပျခင္းၿပီးဆုံးသြားတဲ့ေနာက္ Mr.ခ်င္မ်က္ေမွာင္က်ဳံ႕ေနတာကို သူမ ျမင္လိုက္ရၿပီး ႐ုတ္တရက္ ေမွ်ာ္လင့္ခ်က္မဲ့သလို ခံစားလိုက္ရတယ္။ “ေဖေဖရယ္, ဒီၿပိဳင္ပြဲက သမီးအတြက္ အရမ္းအေရးႀကီးလို႔ပါ”
ယြမ္ ၃၀၀,၀၀၀ ဆုေၾကးအတြက္သာမက သူမရဲ႕အသင္းအတြက္လည္းျဖစ္တယ္။ သူမအေနနဲ႔ ရႈအိမ္ရဲ႕ ညီအစ္ကိုႏွစ္ေယာက္ကို ဖိုင္နယ္အတူတူတက္ၾကမယ္လို႔ ကတိေပးထားခဲ့တဲ့အတြက္ စုေပက ဒီအရာကို မေဖာက္ဖ်က္ခ်င္ဘူး။
“၁၀ရက္တည္းပါပဲ။ ဒီစေန၊ တနဂၤေႏြက စေရရင္ သမီးေက်ာင္းကေန ခြင့္တစ္ပတ္ပဲယူဖို႔လိုတာပါ။ ဒီဟာက သမီးရဲ႕ပညာေရးကို မေႏွာင့္ေႏွးေစရပါဘူး, သမီးကတိေပးပါတယ္ေနာ္”
စုေပရဲ႕ေခါင္းမာတဲ့မ်က္ႏွာေလးက သိသာထင္ရွားတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေရာႁပြန္းေနတာကိုၾကည့္ရင္း Mr.ခ်င္ခမ်ာ ျငင္းပယ္ျခင္းငွာ မစြမ္းသာေတာ့ပဲ ေနာက္တစ္ႀကိမ္ ထပ္မံ၍ အေလွ်ာ့ေပးလိုက္ရေတာ့တယ္။
“ဟုတ္ပါၿပီ။ သမီးသြားခ်င္တယ္ဆိုရင္လည္းသြားေပါ့”
စုေပက အလြန႔္အလြန္ ဝမ္းသာသြားခဲ့တယ္ : “တကယ္လားဟင္? ေဖေဖ သမီးကိုသြားဖို႔ခြင့္ျပဳေပးလိုက္တာလား?”
Mr.ခ်င္က ေခါင္းၿငိမ့္ျပလိုက္တယ္။
စုေပ : “ေက်းဇူးပါေနာ္, ေဖေဖ!”
ခ်င္ေရွာက္ : “...”
ကေလးႏွစ္ေယာက္ကို ျပန္ၾကည့္ၿပီး Mr.ခ်င္ေျပာလိုက္တယ္ : “မင္းတို႔ အခုသြားအိပ္ၾကေတာ့”
“အေပၚတက္ၿပီး သူ႔ဖိနပ္ကိုယူခ်ေပးလိုက္” သူက စုေရွာင္ေပါင္ကို ေျပာလိုက္တယ္။
စုေရွာင္ေပါင္ : “ဒါနဲ႔ ဒီမွာ တကယ့္ျပႆနာကဘာလဲ?”
စုေရွာင္ေပါင္က စုေပရဲ႕အေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္တယ္ : “လာ, ငါနင့္ကိုအေပၚသယ္သြားေပးမယ္”
Mr.ခ်င္တစ္ေယာက္ သူတို႔ကို မတားလိုက္ႏိုင္ခင္မွာပဲ စုေပက စုေရွာင္ေပါင္၏ေက်ာေပၚသို႔ ခုန္တက္ၿပီးေနၿပီျဖစ္တယ္။
စုေပ : “ျမန္ျမန္ေျပးေနာ္, မဟုတ္ရင္ ငါဘာမွေပးမွာမဟုတ္ဘူး”
စုေရွာင္ေပါင္ : “ဒါဆိုလည္း နင္ၿမဲေနေအာင္သာ ကိုင္ထားေပေတာ့”
ကေလးႏွစ္ေယာက္က ႐ႊတ္ေနာက္ေနာက္ျဖင့္ ျပန္တက္သြားၾကတာကို ေစာင့္ၾကည့္ရင္း Mr.ခ်င္ရဲ႕မ်က္ႏွာႀကီးက မည္းေမွာင္လာခဲ့ၿပီး သူ႔နားထင္ကလည္း ခပ္ျပင္းျပင္း တြန႔္သြားခဲ့တယ္။ သူ တိတ္တဆိတ္ ေတြးေနမိတာက : ဆိုဆုံးမရခက္တဲ့ အခ်ိန္ကာလေတြမွာ ကေလးေတြက တကယ္ႀကီး လူေတြကို ေဒါသအထြက္လြန္ၿပီး ေသေစႏိုင္ေလာက္တဲ့အထိကို လုပ္ႏိုင္ၾကတာပါလား။
...
စုေရွာင္ေပါင္တစ္ေယာက္ စုေပကို သူမအခန္းထဲသို႔ ျပန္သယ္လာေပးခဲ့ၿပီး သူမအား အိပ္ယာေပၚသို႔ ခ်ေပးလိုက္တယ္။ ထို႔ေနာက္ သူက စုေပအား ‘ငါမေပ်ာ္ဘူး’ ဆိုတဲ့ အမူအရာမ်ိဳးနဲ႔ စိုက္ၾကည့္ေနခဲ့တယ္။
စုေပ : “ဘာျဖစ္ေနတာလဲ? နင့္ကို ဘယ္သူကေႏွာင့္ယွက္ေနလို႔လဲ?”
စကၠန႔္အနည္းငယ္မွ် တိတ္ဆိတ္သြားၿပီးေနာက္ စုေရွာင္ေပါင္က ေနာက္ဆုံးေတာ့ “ငါလုံးဝမသိခဲ့ဘူး” ဟူ၍ ေျပာလာခဲ့တယ္။
အဲဒီ skill ေတြကို စုေပ ဘယ္လိုဘယ္ပုံနဲ႔ ဘယ္အခ်ိန္တုန္းက ေလ့လာထားခဲ့သလဲဆိုတာကို သူ လုံးဝကိုမသိခဲ့ဘူး။ ဒီခံစားခ်က္ႀကီးက စုေရွာင္ေပါင္အား အလြန္အမင္း မသက္မသာျဖစ္ေစခဲ့တယ္။
စုေပက စုေရွာင္ေပါင္ရဲ႕စကားေၾကာင့္ အံ့အားသင့္သြားခဲ့ေပမယ့္ သူမအေနနဲ႔ သူဘာကိုဆိုလိုသလဲဆိုတာကို ျမန္ျမန္ဆန္ဆန္ပဲ နားလည္သေဘာေပါက္သြားခဲ့တယ္။
“ဒီမွာထိုင္ေလ။ ငါနင့္ကိုေျပာျပပါ့မယ္”
“က်ိဳးဟုန္မိန္တို႔ ငါ့ကိုအႏိုင္က်င့္ၾကတဲ့ေန႔တုန္းက ငါဖ်ားေနခဲ့တာမဟုတ္လား? ငါသိလိုက္တာေတာ့ ငါက အခ်ိန္အၾကာႀကီး အိပ္ေပ်ာ္သြားခဲ့တာပဲ, ေနာက္ေတာ့ ငါအရမ္းအရမ္းကိုရွည္တဲ့ အိပ္မက္တစ္ခုမက္ခဲ့တယ္ေလ, အဲ့ဒီအိပ္မက္ထဲမွာ ငါက တစ္ျခားကမာၻကိုေရာက္သြားခဲ့တာ...”
စုေပမွ စုေရွာင္ေပါင္အား သူမရဲ႕အသိစိတ္ေတြက တစ္ျခားကမာၻကို ဘယ္လိုေရာက္ရွိသြားသလဲ ဆိုတဲ့အေၾကာင္းနဲ႔ ေလးႏွစ္တာကာလအတြင္း ၎ေနရာ၌ သူမႀကဳံေတြ႕ခဲ့ရတာေတြနဲ႔ပတ္သတ္ၿပီး ေျပာျပခဲ့တယ္။ သို႔ေပသိ ကမာၻကူးေျပာင္းျခင္းကဲ့သို႔ေသာ အရာမ်ိဳးေတြက ရွင္းျပရန္ ခက္ခဲလွတာေၾကာင့္ စုေပက ၎အရာေတြကို အိပ္မက္တစ္ခုသဖြယ္ ရည္ၫႊန္းေျပာဆိုခဲ့တယ္။
စုေပက အခ်ိန္အၾကာႀကီး ေျပာျပခဲ့တယ္။ သူမရဲ႕ဇာတ္လမ္းကို နားေထာင္ရင္း စုေရွာင္ေပါင္ခမ်ာ သူ႔ႏွလုံးသားေတြ ကြဲေၾကသြားသလို ခံစားခဲ့ရတယ္။
စုေရွာင္ေပါင္ : “ငါေတာင္းပန္ပါတယ္” ဘာလို႔လည္းဆိုေတာ့ သူမကို သူ ေကာင္းေကာင္း မကာကြယ္ေပးႏိုင္ခဲ့တာေၾကာင့္ စုေပက အဲဒီေကာင္မေလးေတြရဲ႕ အႏိုင္က်င့္တာကို ခံရၿပီး ဒီလိုအိပ္မက္ေတြမက္ခဲ့တာေလ။
စုေပက ေခါင္းခါလိုက္ၿပီး : “ဒါက သိပ္အဆိုးႀကီးလည္း မဟုတ္ပါဘူး။ အနည္းဆုံးေတာ့ ငါအဲ့ဒီအိပ္မက္ထဲမွာ အမ်ားႀကီး ေလ့လာႏိုင္ခဲ့တာပဲမဟုတ္လား?”
စုေပက သူမေခါင္းအား စုေရွာင္ေပါင္ကိုယ္ေပၚသို႔ ပြတ္သပ္ေနရင္း တိုးတိုးေလးေျပာလိုက္တယ္ : “ဒါေပမယ့္ေလ အဲ့ဒီအိပ္မက္ထဲမွာ ငါတစ္ေယာက္တည္းပဲရွိတာ။ ငါဘယ္ေလာက္ပဲႀကိဳးစားရွာရွာ နင့္ကို ငါလုံးဝရွာလို႔မေတြ႕ဘူး”
စုေရွာင္ေပါင္က စုေပရဲ႕လက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားၿပီး တီးတိုးေရ႐ြတ္လိုက္တယ္ : “ငါနင့္ေဘးမွာ အၿမဲတမ္းရွိေနမွာပါ”
...
ထိုစဥ္, ကေလးႏွစ္ေယာက္ျပန္တက္သြားၿပီးေနာက္, Mr.ခ်င္က ဆိုဖာေပၚမွာ အခ်ိန္အၾကာႀကီး ထိုင္ေနခဲ့တယ္။ ကေလးေတြက သူ လုံးဝမသိတဲ့ေနရာေတြမွာ ေနထိုင္ခဲ့ရၿပီး တကယ္ႀကီး ဒီေလာက္အထိကို လုပ္ကိုင္ႏိုင္စြမ္းရွိၾကတယ္ ဆိုတဲ့အခ်က္ေၾကာင့္ သူ ဆြံ႕အေနခဲ့မိတယ္။ သူတို႔ေလးေတြအေၾကာင္း သူ မသိေသးတာ ေနာက္ထပ္ ဘာေတြမ်ားရွိေနေသးပါလိမ့္?
Mr.ခ်င္က ကူကယ္ရာမဲ့စြာနဲ႔ပဲ သက္ျပင္းခ်လိုက္မိတယ္ : အေဖတစ္ေယာက္အေနနဲ႔ သူ႔ကေလးေတြအေၾကာင္းနဲ႔ ပတ္သတ္ၿပီး မဆိုစေလာက္ေလးပဲ သိေသးတာပါလား။
21.5.2021
Friday
_______________________________________
MWFV Ch 54
Da-Dad?
Unicode Version
စုပေရဲ့အသံက နူးညံ့ချိုသာပြီး သူမအရွယ် မိန်းကလေးတစ်ဦး၏ တစ်မူထူးခြားသော ကြည်လင်ပြတ်သားမှုမျိုး ရှိလို့နေတယ်။ Mr.ချင်ရဲ့အမြင်ကတော့ သူ့သမီးလေးရဲ့အသံက ကျိန်းသေပေါက် အရမ်းနားထောင်လို့ ကောင်းတယ်လေ။ သို့ပေသိ အခုလောလောဆယ် ဖုန်း receiver ကနေ ဒီလို တစ်ထပ်တည်း တူညီနေတဲ့အသံမျိုး ကြားရလိမ့်မယ်လို့တော့ သူတစ်ခါမှ မျှော်လင့်မထားခဲ့ဘူး။
စုပေရဲ့အသံက အခြားတစ်ဖက်ကနေ နောက်တစ်ဖန် ထွက်ပေါ်လာခဲ့ပြန်တယ် : “ဟဲလို? လိုင်းမကောင်းလို့လား? မင်းဘာမှမပြောဘူးဆိုရင် ငါအခုဖုန်းချလိုက်တော့မယ်”
ချင်ရှောက် : ...
“ရှောင်ပေ”
Receiver ကနေ ခပ်နက်နက်အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး စုပေရဲ့နားတွေကို အနည်းငယ် ထုံထိုင်းသွားစေခဲ့တယ်။ ဖုန်းကိုင်လျက်သားနှင့်ပင် သူမ ချက်ချင်းကြီးကို ကြက်သေသေနေခဲ့တယ် : “!!!”
ခေါ်ဆိုသူ၏အသံက တစ်ဆင့်ပေးပို့ခြင်းကြောင့် အနည်းငယ် ပြောင်းလဲနေသော်ငြား ၎င်းအသံက စုပေနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေဆဲပဲဖြစ်တယ်။ ဒါ့အပြင် တစ်ဖက်ကလည်း သူမကို ‘ရှောင်ပေ’ လို့ ခေါ်လိုက်တယ်လေ။
ထိတ်လန့်တုန်လှုပ်နေရင်းနဲ့ပဲ စုပေက တုံ့ဆိုင်းခြင်းမရှိ ဖုန်းချလိုက်တယ်, ထို့နောက် တစ်စုံတစ်ရာအား ဖုံးအုပ်သွားစေရန်အလို့ငှာ ဖုန်းကို ခေါင်းအုံးထဲသို့ ထိုးထည့်လိုက်တယ်။
အောက်ထပ်၌, ဖုန်းအချခံလိုက်ရသော Mr.ချင် : “...”
ထိုစဉ်, အိပ်ခန်းထဲ၌ စုပေက အိပ်ယာပေါ်မှာ ဒူးတုပ်ထိုင်နေကာ သူမစိတ်တွေ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်မလာခင်အချိန်ထိ ခေါင်းအုံးကိုသာ အချိန်အကြာကြီး စိုက်ကြည့်နေခဲ့တယ်။
စုပေ : သူမ အခုလေးတင် ရူးနှမ်းတဲ့အရာတစ်ခုကို လုပ်မိလိုက်သလိုပဲ။
အတွင်းစိတ်ထဲ၌ ရှည်ကြာလှစွာသော ရုန်းကန်လှုပ်ရှားမှုအပြီးမှာ စုပေက နောက်ဆုံးတော့ သူမခေါင်းအုံးအောက်မှ ဖုန်းကိုယူလိုက်ကာ နောက်ဆုံးအဝင်ဖုန်းခေါ်ဆိုမှုကို စစ်ဆေးလိုက်တယ်။ ဒီဟာက မရင်းနှီးတဲ့နံပါတ်တစ်ခု ဖြစ်နေသလို သူမ သိတဲ့ Mr.ချင်ရဲ့ဖုန်းနံပါတ်နဲ့ ကွဲပြားနေလေတယ်။ ဒီတစ်ခုက အလုပ်အတွက် အသုံးပြုတာမျိုးပဲ ဖြစ်လောက်တယ်။ တောင့်တင်းနေတဲ့ လက်ညှိုးတစ်ချောင်းနဲ့ပဲ စုပေက ဖုန်းပြန်ခေါ်တဲ့ခလုတ်ကို ဖြည်းဖြည်းလေး ဖိလိုက်တယ်။
ဖုန်းခေါ်ဆိုမှုက ချက်ချင်း ချိတ်ဆက်သွားခဲ့တယ်။
Mr.ချင်ရဲ့အသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့တယ် : “ချင်ယွဲ့”
စုပေ : “ဖေ-ဖေဖေ?”
ဖုန်း၏အခြားတစ်ဖက်မှလူက သူ့သမီးအရင်းဖြစ်တယ် ဆိုတာကို သူသိနှင့်နေပြီးသားဖြစ်သော်လည်း ချင်ရှောက်မှ သူ့အား ‘ဖေဖေ’ ဟူ၍ ခေါ်လိုက်တဲ့အသံကို ကြားလိုက်ရချိန်မှာတော့ သူ့နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားခဲ့ရတယ်။ သူ့ရဲ့လက်ရှိအမူအရာက အရင့်အရင်က မကြုံတွေ့ဖူးတဲ့ ထူးဆန်းမှုတွေနဲ့ ရောထွေးနေခဲ့တယ်။
ချင်ရှောက် : “အခုထိ မအိပ်သေးဘူးလား?”
Mr.ချင်ရဲ့စကားတွေက ပုံမှန်ပြောနေကြအတိုင်းပဲဖြစ်တယ်။ အခုချိန် သူတို့နှစ်ယောက်လုံးက အလုပ်ဖုန်းနံပါတ်တွေကိုသာ သုံးမနေကြဘူးဆိုရင်တော့ဖြင့် ဘာထူးထူးခြားခြားကိစ္စမှ ရှိမနေဘူးလို့ပဲ စုပေက ထင်လိုက်မိမှာပင်။
စုပေ : “ဟု-ဟုတ်။ သမီးအိပ်နေတာပါ--မဟုတ်, မဟုတ်ဘူး, သမီး အခုအိပ်တော့မလို့ပါ”
Mr.ချင်က လေသံပြင်းပြင်းနှင့် : “အဝတ်အစားလဲပြီး အခုချက်ချင်း အောက်ကိုဆင်းလာခဲ့”
Mr.ချင်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ စုပေရဲ့နှလုံးက ချက်ချင်းကို ကျုံ့ဝင်သွားခဲ့တော့တယ်။ အိပ်ယာပေါ်မှ အလျင်အမြန် ခုန်ပျံကျော်လွှားပြီး အောက်ထပ်သို့ ပြေးမဆင်းလာခင်မှာပဲ သူမက ဖျော့တော့စွာနဲ့ “ဟုတ်ကဲ့” လို့ပြန်ဖြေလိုက်တယ်။
-----
စုပေတစ်ယောက် အပေါ်ထပ်ကနေ ဆင်းလာချိန်မှာတော့ Mr.ချင်က ဆိုဖာပေါ်မှာ ထိုင်နေခဲ့တာဖြစ်တယ်။ သူ့အကြည့်တွေက လက်ထဲက အလုပ်ဖုန်းပေါ်မှာ ရှိနေခဲ့တယ်။
ချင်ရှောက်ကိုကြည့်ရင်း စုပေက နည်းနည်းတော့ ကြောက်နေမိတယ်။ အစတုန်းက သူမအနေနဲ့ ‘Red Hacker Challenge’ မှာ သူမရဲ့ပါဝင်ယှဉ်ပြိုင်နေမှုကို ဖုံးကွယ်ထားနိုင်ဖို့ ကြိုးစားနေတုန်းပဲရှိသေးတယ်။ လင်းရှောက်ချီက တစ်နေ့နေ့မှာ သူမရဲ့ identity ကိုသိသွားခဲ့မယ်ဆိုရင်တောင်မှ သူမက Mr.ချင်ကိုတော့ လုံးဝ ပေးမသိစေချင်ဘူး, အထူးသဖြင့် လင်း Group က သူမရဲ့ ‘လျို့ဝှက်ကလေးလုပ်သား’ အကြောင်းနဲ့ ပတ်သတ်တာတွေကိုပေါ့။
သို့သော်လည်း ဒီမတော်တဆမှုက ဗြုန်းစားကြီး ရောက်လာခဲ့တယ်။ သူမ ဒီလိုမျိုးကြီးပေါ်သွားလိမ့်မယ်လို့ရော ဘယ်သူက တွေးထားမိမှာလဲ?
Mr.ချင်က နောက်ဆုံးတော့ သူ့မျက်လုံးတွေကိုပင့်ပြီး စုပေကို ကြည့်လိုက်တယ် : “ဒီကိုလာခဲ့”
“အာ” စုပေက Mr.ချင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ပြီး သူနဲ့ တစ်မီတာကျော်အကွာမှာ မတ်တပ်ရပ်နေခဲ့တယ်။
ချင်ရှောက် : “မတ်မတ်ရပ်စမ်း”
စုပေတစ်ယောက် သူမကျောပြင်ကို ဆန့်တန်းထားလိုက်တယ်။
Mr.ချင်က စုပေရဲ့ခြေဗလာကို သတိထားမိသွားပြီး မျက်မှောင်ကျုံ့လိုက်တယ် : “ဘာလို့ဖိနပ်မစီးလာတာလဲ?”
စုပေ : “သမီး...မေ့သွားလို့”
Mr.ချင်ရဲ့နဖူးကြောတွေ ဒီ့ထက်ပိုပြီး တင်းကျပ်သွားခဲ့တယ်။ သူ့မျက်ဝန်းတွေထဲကနေ ကူကယ်ရာမဲ့တဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပေမယ့် သူက မျက်နှာထားတင်းတင်းဖြင့်သာ ပြောဆိုနေဆဲဖြစ်တယ် : “ဆိုဖာပေါ်မှာထိုင်”
“အာ” စုပေက နာခံစွာနှင့် အရှေ့ကိုတိုးလာပြီးတော့ ဆိုဖာပေါ်မှာ သူမရဲ့ခြေထောက်တွေကိုကွေးပြီး ထိုင်ချလိုက်တယ်။ အဲဒါက သူမကိုယ်သူမ ဘောလုံးတစ်လုံးလို ကျုံ့ကွေးဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်နေခဲ့တယ်။
ဒီအခိုက်အတန့်မှာပဲ လှေကားကနေ လှုပ်ရှားမှုတစ်ချို့ ရှိလာခဲ့တယ်။ စုရှောင်ပေါင်က အောက်ဆင်းလာပြီး ဒီအဖြစ်အပျက်ကို ချက်ချင်း မြင်သွားခဲ့တယ်။ စုပေရဲ့ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူမက အဆူခံနေရတဲ့ပုံပေါက်နေခဲ့တယ်။ ဘာတွေဖြစ်နေသလဲဆိုတာကို စုရှောင်ပေါင်လည်း မသိသော်ငြား ဒီအရာက စုပေအတွက် သူ့ရဲ့ ခြွင်းချက်မရှိကာကွယ်ပေးမှုအပေါ် ဘာသက်ရောက်မှုမှ မရှိလေဘူး။
“ဘာတွေဖြစ်နေကြတာလဲ?” စုရှောင်ပေါင်က လူနှစ်ယောက်ကို ကြည့်လိုက်တယ်။
Mr.ချင်က မျက်လုံးပင့်ပြီး စုရှောင်ပေါင်ကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်တယ် : “မင်းကိစ္စမဟုတ်ဘူး, သွားပြန်အိပ်လိုက်တော့”
“ကျွန်တော့်ကိစ္စမဟုတ်ဘူးလို့ ဘယ်သူပြောလဲ?” စုပေရဲ့အရေးက သူ့အရေးပဲလေ။
စုရှောင်ပေါင်က အနားလျှောက်သွားပြီး စုပေအား သူ့နောက်ကျောဖက်မှာ အကာအကွယ်ပေးတဲ့ ကိုယ်နေဟန်ထားဖြင့် ပိတ်ကာထားလိုက်ကာ ချင်ရှောက်အား အေးတိအေးစက် စိုက်ကြည့်နေတယ်။ တခဏမျှကြာသည်အထိ, အဖေနှင့်သားက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြပြီး တစ်ယောက်မှ အရှုံးပေးဖို့ရာ ဆန္ဒမရှိလေဘူး။
ကံကောင်းထောက်မစွာပင် စုပေက သူမလက်ကိုမြှောက်ပြီး စုရှောင်ပေါင်ရဲ့ရှပ်အင်္ကျီကို အနောက်ကနေ ဆောင့်ဆွဲလိုက်ကာ ကောင်လေးကို သူမဘေးနားသို့ ဆွဲခေါ်လိုက်တယ်။
စုရှောင်ပေါင် : “?”
စုပေ : “အဆင်ပြေပါတယ်ဟ, နင်လည်းဒီမှာထိုင်လေ”
Mr.ချင်က စုပေကို နောက်တစ်ကြိမ် ထပ်မကြည့်မိခင်မှာပဲ ဒီငနာကောင်လေးကို ရိုက်နှက်ပစ်ချင်တဲ့ စိတ်ဆန္ဒတွေကို ချိုးနှိမ်ထားခဲ့ရတယ်။
“ဒါဆို သမီးက လင်း Group မှာ အလုပ်လုပ်နေတာပေါ့?” Mr.ချင်က အသံနက်နက်ကြီးနဲ့ စုပေအား မေးလိုက်တယ်။ သူ့လေသံထဲမှာ ရှုပ်ထွေးမှုအရိပ်အယောင်တစ်ခု ရှိနေခဲ့တယ်။ အခုလောလောဆယ်မှာ သူ့စိတ်အခြေအနေကလည်း အလွန်အမင်း ရှုပ်ထွေးလို့နေတယ်။ သူ့သမီးလေးက တကယ်ကြီး [Q] ဆိုတဲ့သူဖြစ်ကာ ‘NST’ ရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးတစ်ယောက်လည်း ဖြစ်နေပေမယ့် သူကတော့ အဖေတစ်ယောက်အနေနဲ့ လုံးဝကို အမှောင်ထဲမှာပဲ ရှိနေခဲ့တယ်။ [T/N : ဒီအကြောင်းတွေ သူ ဘာတစ်ခုမှ မသိတာကို ပြောချင်တာပါ]
“တကယ်တော့လေ, အဲဒါက အဲ့လောက်ကြီး ကြီးကျယ်တာမျိုးလည်း မဟုတ်ပါဘူး။ သမီးက သူတို့ကို ဒီတိုင်း နည်းပညာနဲ့ပတ်သတ်တဲ့အကြံလေး နည်းနည်းပါးပါး ပေးရုံလောက်လေးပါ...” စုပေက Mr.ချင်အား တစ်ချက်လောက်ကြည့်ဖို့အတွက် သူမခေါင်းကို မဝံ့မရဲနဲ့ မော့လိုက်တယ်။ သူ့ရဲ့မှုန်မှိုင်းနေတဲ့မျက်နှာကိုကြည့်ရင်း သူမ အလျင်အမြန် ပြောလိုက်တာက : “အတိအကျပြောရရင် သမီးက ဖေဖေ့ရဲ့အလုပ်ကို ကူညီပေးနေတာပဲလေ”
--ဘာဖြစ်လို့လည်းဆိုတော့ ချင် Group က ‘NST’ စီမံကိန်းရဲ့ ရှယ်ယာ ၅၁% ကိုပိုင်ဆိုင်ထားတယ်လေ။
စုပေက ချင်ရှောက်အား တောက်ပကြည်လင်တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေခဲ့တယ်။
ချင်ရှောက် : “...”
“အဲဒါကို ဘယ်အချိန်လောက်ထဲက စလုပ်နေတာလဲ?” ချင်ရှောက်က ထပ်မေးလိုက်တယ်။
စုပေ : “အရမ်းမကြာသေးပါဘူး...”
ချင်ရှောက် : “ရှင်းရှင်းလင်းလင်းပြောစမ်း”
စုပေကျောတွေ တောင့်သွားခဲ့တယ် : “ပြီးခဲ့တဲ့လ ၁၀ရက်နေ့ကပါ”
Mr.ချင်က နောက်ထပ် စုံစမ်းမေးမြန်းမှုတွေ မပြုလုပ်လာခင်မှာပဲ စုပေက သူမ ‘Red Hacker Challenge’ မှာ ဘယ်လိုပါဝင်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ လင်း Group မှ သူမအား သူတို့ရဲ့စီမံကိန်းအသစ်အတွက် ဘယ်လိုမျိုး ရှာဖွေကမ်းလှမ်းခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပါ စတင်ရှင်းပြနှင့်ပြီးဖြစ်နေခဲ့တယ်။ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် Mr.ချင်က စုပေကိုကြည့်ပြီး မေးလိုက်တယ်, “ဒီ skill တွေ သမီးဘယ်တုန်းက သင်ထားတာလဲ?” သူ အစတုန်းက သူ့သမီးလေးအတွက် ဆရာတစ်ယောက် ရှာပေးချင်ခဲ့တာဖြစ်ပေမယ့် သူမလေးက တကယ်ကြီး ပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုတာကိုတော့ လုံးဝ မျှော်လင့်မထားခဲ့မိဘူး။
ဒီမေးခွန်းက အမှန်တကယ်ကို ဖြေဆိုရန်ခက်ခဲလှတယ်။ ဒီအရာတွေက သူမ တစ်ခြားကမ္ဘာမှာနေလာခဲ့တဲ့ လေးနှစ်တာ အချိန်အတောအတွင်း သူမ လေ့လာခဲ့တာတွေ ဖြစ်တယ်ဆိုတာကို Mr.ချင်အား ဘယ်လိုရှင်းပြရမလဲ ဆိုတာ စုပေလည်း မသိတော့ဘူး။ သူမ ကျည်ဆန်ကိုသာ ကိုက်ထားပြီး မရေမရာဖြေလိုက်တယ် : “သမီးတို့ ဖေဖေ့ဆီ မလာခင်တုန်းကပါ။ သမီး ဒီအကြောင်းနဲ့ပတ်သတ်တဲ့ စာအုပ်အတော်များများကို ဖတ်ဖြစ်သွားပြီးတော့ မမျှော်လင့်ပဲ အဲဒါတွေကို အလွယ်တကူ နားလည်သွားခဲ့တာပါ”
ဒီရှင်းပြမှုမျိုးက တကယ်တော့ အကျိုးသင့်အကြောင်းသင့်ဖြစ်ဖို့ ခဲယဉ်းတယ်ဆိုတာကို စုပေလည်း သိနေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ Mr.ချင်က စုပေရဲ့ဘေးကျပ်နံကျပ်အဖြစ်ကို သတိထားမိပုံရတာကြောင့် ဒီကိစ္စနှင့် ပတ်သတ်ပြီး နောက်ထပ် မမေးမြန်းတော့ချေ။
Mr.ချင်က စုပေအား မျက်နှာခပ်တည်တည်ဖြင့် ခဏတာမျှ ကြည့်ရှုနေခဲ့ပြီး, ထို့နောက် သူမဘေးမှ စုရှောင်ပေါင်ထံ ကြည့်လိုက်ကာ : “အနာဂါတ်မှာ မင်းတို့အနေနဲ့ ကိုယ်လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အခုချိန်မှာ မင်းတို့ လုပ်ရမယ့်အရာက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့နဲ့ ကြိုးကြိုးစားစား လေ့လာဖို့ပဲ”
သူ့သမီးလေးက ဘယ်ပုံဘယ်နည်းတွေကြောင့် ဒီလောက်ထိ skill ကြွယ်နေရသလဲဆိုတာ သူ မသိသော်ငြား, ချင်ရှောက်အနေနဲ့ စုပေက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အလုပ်စလုပ်ပြီး လူ့အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံရမယ့် အဖြစ်ကိုတော့ ကောင်းတဲ့အရာလို့ မထင်ထားဆဲပင်။ ဒါက သူ့သမီးကို ဒီလောက်ငယ်ငယ်လေးနဲ့ အနုပညာလောကထဲကို ဝင်ဖို့ခွင့်ပြုပေးခဲ့တဲ့ စုန့်ယန်ချန်းဆိုသူကို သူ ဘာကြောင့်အထင်သေးရသလဲဆိုတာနဲ့ အကြောင်းပြချက်အတူတူပဲဖြစ်တယ်။
“သမီးသိပါပြီ,” စုပေက နာခံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးမှ တိုးတိုးလေးပြောလိုက်တယ် : “သမီးက ဒီတိုင်း ဖေဖေ့ကို ကူညီချင်လို့ပါ”
ဒီစကားလုံးတွေက စိတ်ရင်းအမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ, အဲဒါတွေက Mr.ချင့်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာကိုတော့ သံသယဖြစ်ဖွယ်ရာ မရှိလေဘူး။
Mr.ချင်ရဲ့အကြည့်တွေက စုပေရဲ့မျက်နှာပေါ်မှာ ခဏတာမျှ ရှိနေခဲ့တယ်။ သူမမျက်နှာပေါ်က မဆုတ်မနစ် ကြိုးပမ်းမှုတွေကို မြင်လိုက်ရချိန်မှာတော့ သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ Mr.ချင်က အလျှော့ပေးတယ် ဆိုတာမျိုးတွေကို ပြုလုပ်ခဲတဲ့သူဖြစ်ပေမယ့် သူ့သမီးလေးကိုတော့ ငြင်းဆန်နိုင်စွမ်းမရှိလေဘူး။ “လင်း Group က သမီးကို လစာဘယ်လောက်ပေးလဲ?” သူမေးလိုက်တယ်။
စုပေက သူမအတွက် အလွန်တရာ မြင့်မားလွန်းနေပြီဖြစ်သော ကိန်းဂဏန်းတသီတတန်းကြီးကို သူ့အား ပြောပြခဲ့တယ်။ သို့ပေသိ, အဲဒီ့အစား သူမက မိုက်မဲတဲ့အရာတစ်ခုခုကို ပြုလုပ်ထားသလိုမျိုး Mr.ချင်ရဲ့ မျက်နှာပေါ်မှာ မကျေနပ်မှုတွေနဲ့ အထင်အမြင်သေးမှုတွေကိုသာ မြင်တွေ့ခဲ့ရတယ်။
“သမီးက ဒီတိုင်း အချိန်ပိုင်းအလုပ်အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ် နည်းနည်းပါးပါး ပေးရုံလေးပဲမို့ပါ။ ဒီလစာက များတောင်များနေပါပြီ” စုပေက ရှင်းပြလိုက်တယ်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ချင်ရှောက်က မှတ်ချက်ပေးရန် ငြင်းပယ်ခဲ့တယ်--ချင်ရဲ့အကြီးဆုံးမမလေးက တစ်ခြားသူတွေအတွက် အလုပ်လုပ်ပေးနေခဲ့ရပေမယ့် လစာကို ဒီလောက် နည်းနည်းလေးပဲ ပေးရတယ်လို့။ နောက်ပြီး NST က စုပေရဲ့အလုပ်တန်ဖိုးကလည်း သူမရဲ့လက်ရှိလစာထက် အများကြီးပိုမြင့်တယ်ဆိုတာ အသေအချာကြီးပဲလေ။
“လင်းဆိုတဲ့ကောင်လေးက နောက်တစ်ကြိမ် သမီးကို အလုပ်တွေ ဘာတွေလုပ်ဖို့ တောင်းဆိုလာခဲ့ရင် အဖေ့ဆီ အရင်လာလို့ပြောလိုက်” Mr.ချင်က နောက်ဆုံးတော့ အလျှော့ပေးလိုက်တယ်။
စုပေက ဒီ့မတိုင်ခင်အထိ ခဏတဖြုတ်လောက် အံ့အားသင့်နေပြီးမှ ပြောလိုက်တာက, “ဖေဖေ, တကယ်တော့ ဥက္ကဌလေးလင်းက သမီးဘယ်သူလဲဆိုတာမသိဘူး”
ချင်ရှောက် : “...”
ချင်ရှောက် : “သမီးရဲ့ပညာရေးကို အနှောင့်အယှက်အဖြစ်မခံနဲ့နော်”
စုပေ : “ဟုတ်ကဲ့ပါ”
“ဖေဖေ” ခဏကြာပြီးနောက် စုပေက သူမနှုတ်ခမ်းတွေကို နောက်တစ်ဖန် ဖွင့်ဟလာခဲ့တယ် : “သမီးမှာ နောက်ထပ်ပြောစရာတစ်ခု ရှိသေးတယ်” ဘာပဲဖြစ်ဖြစ်, ဒါတွေက ကြုံကိုကြုံရမယ့်အရာတွေပဲလေ, အဲဒါကြောင့် စုပေက Mr.ချင်အား ‘Red Hacker Challenge’ ၏ ဖိုင်နယ်ပွဲစဉ်အကြောင်းနှင့် ပတ်သတ်၍ ရိုးရှင်းစွာ ပြောပြခဲ့တယ်။ ဖိုင်နယ်ပွဲစဉ်များကို လာမယ့်အပတ်တွင် တရားဝင် စတင်တော့မှာဖြစ်ပြီး ပွဲကျင်းပမည့်နေရာအား S မြို့၌ အစမ်းသဘော စီစဉ်ထားတာဖြစ်တယ်။ ဗိုလ်လုပွဲမတိုင်ခင်အထိ ပွဲစဉ်တစ်ခုလုံးအား စုစုပေါင်းဆယ်ရက်ကြာ ကျင်းပမှာဖြစ်တယ်။
စုပေတစ်ယောက် ရှင်းပြခြင်းပြီးဆုံးသွားတဲ့နောက် Mr.ချင်မျက်မှောင်ကျုံ့နေတာကို သူမ မြင်လိုက်ရပြီး ရုတ်တရက် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရတယ်။ “ဖေဖေရယ်, ဒီပြိုင်ပွဲက သမီးအတွက် အရမ်းအရေးကြီးလို့ပါ”
ယွမ် ၃၀၀,၀၀၀ ဆုကြေးအတွက်သာမက သူမရဲ့အသင်းအတွက်လည်းဖြစ်တယ်။ သူမအနေနဲ့ ရှုအိမ်ရဲ့ ညီအစ်ကိုနှစ်ယောက်ကို ဖိုင်နယ်အတူတူတက်ကြမယ်လို့ ကတိပေးထားခဲ့တဲ့အတွက် စုပေက ဒီအရာကို မဖောက်ဖျက်ချင်ဘူး။
“၁၀ရက်တည်းပါပဲ။ ဒီစနေ၊ တနင်္ဂနွေက စရေရင် သမီးကျောင်းကနေ ခွင့်တစ်ပတ်ပဲယူဖို့လိုတာပါ။ ဒီဟာက သမီးရဲ့ပညာရေးကို မနှောင့်နှေးစေရပါဘူး, သမီးကတိပေးပါတယ်နော်”
စုပေရဲ့ခေါင်းမာတဲ့မျက်နှာလေးက သိသာထင်ရှားတဲ့ မျှော်လင့်ချက်တွေနဲ့ ရောပြွန်းနေတာကိုကြည့်ရင်း Mr.ချင်ခမျာ ငြင်းပယ်ခြင်းငှာ မစွမ်းသာတော့ပဲ နောက်တစ်ကြိမ် ထပ်မံ၍ အလျှော့ပေးလိုက်ရတော့တယ်။
“ဟုတ်ပါပြီ။ သမီးသွားချင်တယ်ဆိုရင်လည်းသွားပေါ့”
စုပေက အလွန့်အလွန် ဝမ်းသာသွားခဲ့တယ် : “တကယ်လားဟင်? ဖေဖေ သမီးကိုသွားဖို့ခွင့်ပြုပေးလိုက်တာလား?”
Mr.ချင်က ခေါင်းငြိမ့်ပြလိုက်တယ်။
စုပေ : “ကျေးဇူးပါနော်, ဖေဖေ!”
ချင်ရှောက် : “...”
ကလေးနှစ်ယောက်ကို ပြန်ကြည့်ပြီး Mr.ချင်ပြောလိုက်တယ် : “မင်းတို့ အခုသွားအိပ်ကြတော့”
“အပေါ်တက်ပြီး သူ့ဖိနပ်ကိုယူချပေးလိုက်” သူက စုရှောင်ပေါင်ကို ပြောလိုက်တယ်။
စုရှောင်ပေါင် : “ဒါနဲ့ ဒီမှာ တကယ့်ပြဿနာကဘာလဲ?”
စုရှောင်ပေါင်က စုပေရဲ့အရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ် : “လာ, ငါနင့်ကိုအပေါ်သယ်သွားပေးမယ်”
Mr.ချင်တစ်ယောက် သူတို့ကို မတားလိုက်နိုင်ခင်မှာပဲ စုပေက စုရှောင်ပေါင်၏ကျောပေါ်သို့ ခုန်တက်ပြီးနေပြီဖြစ်တယ်။
စုပေ : “မြန်မြန်ပြေးနော်, မဟုတ်ရင် ငါဘာမှပေးမှာမဟုတ်ဘူး”
စုရှောင်ပေါင် : “ဒါဆိုလည်း နင်မြဲနေအောင်သာ ကိုင်ထားပေတော့”
ကလေးနှစ်ယောက်က ရွှတ်နောက်နောက်ဖြင့် ပြန်တက်သွားကြတာကို စောင့်ကြည့်ရင်း Mr.ချင်ရဲ့မျက်နှာကြီးက မည်းမှောင်လာခဲ့ပြီး သူ့နားထင်ကလည်း ခပ်ပြင်းပြင်း တွန့်သွားခဲ့တယ်။ သူ တိတ်တဆိတ် တွေးနေမိတာက : ဆိုဆုံးမရခက်တဲ့ အချိန်ကာလတွေမှာ ကလေးတွေက တကယ်ကြီး လူတွေကို ဒေါသအထွက်လွန်ပြီး သေစေနိုင်လောက်တဲ့အထိကို လုပ်နိုင်ကြတာပါလား။
...
စုရှောင်ပေါင်တစ်ယောက် စုပေကို သူမအခန်းထဲသို့ ပြန်သယ်လာပေးခဲ့ပြီး သူမအား အိပ်ယာပေါ်သို့ ချပေးလိုက်တယ်။ ထို့နောက် သူက စုပေအား ‘ငါမပျော်ဘူး’ ဆိုတဲ့ အမူအရာမျိုးနဲ့ စိုက်ကြည့်နေခဲ့တယ်။
စုပေ : “ဘာဖြစ်နေတာလဲ? နင့်ကို ဘယ်သူကနှောင့်ယှက်နေလို့လဲ?”
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် စုရှောင်ပေါင်က နောက်ဆုံးတော့ “ငါလုံးဝမသိခဲ့ဘူး” ဟူ၍ ပြောလာခဲ့တယ်။
အဲဒီ skill တွေကို စုပေ ဘယ်လိုဘယ်ပုံနဲ့ ဘယ်အချိန်တုန်းက လေ့လာထားခဲ့သလဲဆိုတာကို သူ လုံးဝကိုမသိခဲ့ဘူး။ ဒီခံစားချက်ကြီးက စုရှောင်ပေါင်အား အလွန်အမင်း မသက်မသာဖြစ်စေခဲ့တယ်။
စုပေက စုရှောင်ပေါင်ရဲ့စကားကြောင့် အံ့အားသင့်သွားခဲ့ပေမယ့် သူမအနေနဲ့ သူဘာကိုဆိုလိုသလဲဆိုတာကို မြန်မြန်ဆန်ဆန်ပဲ နားလည်သဘောပေါက်သွားခဲ့တယ်။
“ဒီမှာထိုင်လေ။ ငါနင့်ကိုပြောပြပါ့မယ်”
“ကျိုးဟုန်မိန်တို့ ငါ့ကိုအနိုင်ကျင့်ကြတဲ့နေ့တုန်းက ငါဖျားနေခဲ့တာမဟုတ်လား? ငါသိလိုက်တာတော့ ငါက အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တာပဲ, နောက်တော့ ငါအရမ်းအရမ်းကိုရှည်တဲ့ အိပ်မက်တစ်ခုမက်ခဲ့တယ်လေ, အဲ့ဒီအိပ်မက်ထဲမှာ ငါက တစ်ခြားကမ္ဘာကိုရောက်သွားခဲ့တာ...”
စုပေမှ စုရှောင်ပေါင်အား သူမရဲ့အသိစိတ်တွေက တစ်ခြားကမ္ဘာကို ဘယ်လိုရောက်ရှိသွားသလဲ ဆိုတဲ့အကြောင်းနဲ့ လေးနှစ်တာကာလအတွင်း ၎င်းနေရာ၌ သူမကြုံတွေ့ခဲ့ရတာတွေနဲ့ပတ်သတ်ပြီး ပြောပြခဲ့တယ်။ သို့ပေသိ ကမ္ဘာကူးပြောင်းခြင်းကဲ့သို့သော အရာမျိုးတွေက ရှင်းပြရန် ခက်ခဲလှတာကြောင့် စုပေက ၎င်းအရာတွေကို အိပ်မက်တစ်ခုသဖွယ် ရည်ညွှန်းပြောဆိုခဲ့တယ်။
စုပေက အချိန်အကြာကြီး ပြောပြခဲ့တယ်။ သူမရဲ့ဇာတ်လမ်းကို နားထောင်ရင်း စုရှောင်ပေါင်ခမျာ သူ့နှလုံးသားတွေ ကွဲကြေသွားသလို ခံစားခဲ့ရတယ်။
စုရှောင်ပေါင် : “ငါတောင်းပန်ပါတယ်” ဘာလို့လည်းဆိုတော့ သူမကို သူ ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့တာကြောင့် စုပေက အဲဒီကောင်မလေးတွေရဲ့ အနိုင်ကျင့်တာကို ခံရပြီး ဒီလိုအိပ်မက်တွေမက်ခဲ့တာလေ။
စုပေက ခေါင်းခါလိုက်ပြီး : “ဒါက သိပ်အဆိုးကြီးလည်း မဟုတ်ပါဘူး။ အနည်းဆုံးတော့ ငါအဲ့ဒီအိပ်မက်ထဲမှာ အများကြီး လေ့လာနိုင်ခဲ့တာပဲမဟုတ်လား?”
စုပေက သူမခေါင်းအား စုရှောင်ပေါင်ကိုယ်ပေါ်သို့ ပွတ်သပ်နေရင်း တိုးတိုးလေးပြောလိုက်တယ် : “ဒါပေမယ့်လေ အဲ့ဒီအိပ်မက်ထဲမှာ ငါတစ်ယောက်တည်းပဲရှိတာ။ ငါဘယ်လောက်ပဲကြိုးစားရှာရှာ နင့်ကို ငါလုံးဝရှာလို့မတွေ့ဘူး”
စုရှောင်ပေါင်က စုပေရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တီးတိုးရေရွတ်လိုက်တယ် : “ငါနင့်ဘေးမှာ အမြဲတမ်းရှိနေမှာပါ”
...
ထိုစဉ်, ကလေးနှစ်ယောက်ပြန်တက်သွားပြီးနောက်, Mr.ချင်က ဆိုဖာပေါ်မှာ အချိန်အကြာကြီး ထိုင်နေခဲ့တယ်။ ကလေးတွေက သူ လုံးဝမသိတဲ့နေရာတွေမှာ နေထိုင်ခဲ့ရပြီး တကယ်ကြီး ဒီလောက်အထိကို လုပ်ကိုင်နိုင်စွမ်းရှိကြတယ် ဆိုတဲ့အချက်ကြောင့် သူ ဆွံ့အနေခဲ့မိတယ်။ သူတို့လေးတွေအကြောင်း သူ မသိသေးတာ နောက်ထပ် ဘာတွေများရှိနေသေးပါလိမ့်?
Mr.ချင်က ကူကယ်ရာမဲ့စွာနဲ့ပဲ သက်ပြင်းချလိုက်မိတယ် : အဖေတစ်ယောက်အနေနဲ့ သူ့ကလေးတွေအကြောင်းနဲ့ ပတ်သတ်ပြီး မဆိုစလောက်လေးပဲ သိသေးတာပါလား။
21.5.2021
Friday
_____
Thanks 🌹