Emperor and the Knightness (Z...
By CrystSnow
7.4K 671 32
Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More
အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁
အခန်း ၂၈၅
42 4 0
By CrystSnow
Poliana က နယ်မြေအများကြီးကို ပိုင်ဆိုင်ထားသည်.
နယ်မြေဘယ်လောက်များတာကို များတယ်လို့ သတ်မှတ်တာလဲ? အရေအတွက် အတိအကျမသတ်မှတ်ထားတာကြောင့် Poliana က နယ်မြေအများကြီးမပိုင်ဘူးလို့ တစ်ယောက်ယောက်က ငြင်းခုန်လာနိုင်သည်. ဘာပဲဖြစ်ဖြစ် Nanaba ကို ပြန်မရောက်ခင်မှာ Polianaက သူမဆီမှာ ရှိပြီးသားနယ်မြေတွေအပြင် နောက်ထပ် မြို့နှစ်မြို့ကို ထပ်ရလိုက်သည်.
ဆယ်နှစ်တာကြာမြင့်ခဲ့တဲ့ နယ်မြေသိမ်းတိုက်ပွဲအတွင်းမှာ ပိုင်ရှင်မဲ့နယ်မြေတွေအများကြီး ရှိလာခဲ့သည်. လက်ရှိမှာတော့ Lucius အနေနဲ့ ဒီနယ်မြေတွေအားလုံးကို ခွဲဝေပေးရမဲ့ သစ္စာရှိအမှုထမ်းတွေ လုံလောက်အောင် ရှိမနေပေ.
ဧကရာဇ်က သူတို့ကို ဆုချီးမြှင့်ချိန်မှာ နယ်မြေတွေကို တမင်စိတ်ပိုင်းကာ ပေးခဲ့တာဖြစ်သည်. နယ်မြေအများကြီးကို ပိုင်ဆိုင်တဲ့သူတွေက မြောက်ပိုင်း, အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ မတူညီတဲ့ နယ်မြေတွေကို ပိုင်ဆိုင်တာ ဖြစ်သည်. ဒါကြောင့် အထက်တန်းလွှာတွေအနေနဲ့ သူတို့အသက်ရှင်နေတဲ့အချိန်အတွင်းမှာ သူတို့ပိုင်ဆိုင်ထားတဲ့နယ်မြေတွေအားလုံးကို အလည်သွားဖို့တောင် မဖြစ်နိုင်ပေ.
ဒါက ဧကရာဇ်လိုချင်တဲ့အတိုင်းဖြစ်နေသည်. ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်ထဲမှာရှိတဲ့ အထက်တန်းလွှာတွေရဲ့ အာဏာချဲ့ထွင်မှုကို တားဆီးထားနိုင်သည်. အထက်တန်းလွှာတစ်ဦးချင်း ဒါမှမဟုတ် အစုအဖွဲ့တစ်ခုက သူတို့ရဲ့ အာဏာကို တိုးပွားအောင်လုပ်ဖို့ ခဲယဉ်းနေမှာဖြစ်သည်.
စစ်တပ်ထဲမှာ ဖွဲ့စည်းပုံပြောင်းလဲခဲ့သလိုပဲ နယ်မြေပိုင်ရှင်တွေနဲ့ ပတ်သက်တဲ့ဥပဒေကိုလဲ Lucius က ပြောင်းလဲခဲ့သည်. အထက်တန်းလွှာတွေက သူတို့ပိုင်ဆိုင်တဲ့နယ်မြေတွေမှာ ဘုရင်တစ်ပါးလိုမျိုး အပြည့်အဝအုပ်ချုပ်လို့မရတော့ပေ. နယ်မြေတွေအားလုံးနဲ့ ဒီနယ်မြေတွေမှာ နေထိုင်တဲ့သူတွေအားလုံးက ဧကရာဇ်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး နယ်မြေပိုင်ရှင်တွေက Lucius ဆီကနေ နယ်မြေငှားရမ်းအုပ်ချုပ်ခွင့်ရဖို့ လိုအပ်သည်. အထက်တန်းလွှာတွေက ဒီနယ်မြေတွေကို အသုံးပြုနိုင်ဖို့အတွက် ဧကရာဇ်နဲ့ တော်ဝင်မိသားစုထံကို အခွန်ပေးဆောင်ရမှာ ဖြစ်သည်.
ဒီဥပဒေအသစ်ကို ပြဌာန်းခဲ့တာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်ပေမဲ့ သာမာန်လူတန်းစားအများစုကတော့ ဒီပြောင်းလဲမှုကို သတိမပြုမိကြသေးပေ. သူတို့က သူတို့ရဲ့နယ်မြေပိုင်ရှင်ကို နယ်မြေရဲ့ အကြွင်းမဲ့အုပ်ချုပ်သူအဖြစ် မြင်နေကြသေးသည်. သူတို့အတွက်တော့ သူတို့နယ်မြေပိုင်ရှင်က သူတို့လေးစားလိုက်နာရပြီးတော့ ကြောက်ရွံရမဲ့သူတစ်ယောက်ဖြစ်သည်.
ဒီဥပဒေကို မပြဌာန်းခင်မှာ နယ်မြေပိုင်ရှင်တွေက သူတို့နယ်မြေထဲမှာ သူတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိသည်. Lucius က ဒီလုပ်ပိုင်ခွင့်ကို ဖယ်ရှားခဲ့ပြီးတာတောင်မှပဲ အထက်တန်းလွှာအများစုက သူတို့နယ်မြေအတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို အနိုင်ကျင့်နေကြဆဲ ဖြစ်သည်. ဥပဒေအသစ်နဲ့တောင်မှ နယ်မြေပိုင်ရှင်က ကိုယ်စားအုပ်ချုပ်သူအဖြစ် အာဏာဆုပ်ကိုင်ထားဆဲဖြစ်သည်. နယ်မြေပိုင်ရှင်က သူ့နယ်မြေအတွင်းက အခွန်နှုန်းထားတွေကို စိတ်ကြိုက်သတ်မှတ်ပိုင်ခွင့်ရှိသည်.
ဒါ့ကြောင့် သူမပိုင်တဲ့နယ်မြေမှာ Poliana က အာဏာအရှိဆုံးသူဖြစ်တယ်လို့ ဆိုလိုတာဖြစ်သည်. သူမကိုယ်တိုင် မွေးစားရင်းအတုလုပ်တာက ပိုတောင်လွယ်ဦးမယ်လို့ သူမ ထင်လိုက်သည်.
သူမပိုင်ဆိုင်တဲ့ နယ်မြေတွေထဲကမှ နယ်မြေနှစ်ခုကိုပဲ Poliana သွားကြည့်ရသေးသည်... တစ်ခုကတော့ Cranberries သီးတွေကြောင့် နာမည်ကြီးတဲ့ သူမရဲ့မွေးရပ်မြေ Cranbell နဲ့ စိုက်ပျိုးရေးကောင်းမွန်တဲ့နယ်မြေကြောင့် နာမည်ကြီးတဲ့ Sitrin ဖြစ်သည်.
Sitrin က အလွန်အမင်းဖွံ့ဖြိုးတဲ့နယ်မြေဖြစ်ပြီး Poliana ရဲ့ ဝင်ငွေအများစုက ဒီနယ်မြေက ရနေတာဖြစ်သည်. Sitrin က ဒီတိုင်းပြည်ရဲ့ အကောင်းဆုံးနယ်မြေဖြစ်ပြီး Lucius က သူ့ရဲ့သစ္စာအရှိဆုံးစစ်သည်ကို လက်ဆောင်ပေးခဲ့တာ အဓိပ္ပါယ်ရှိတယ်လို့ တစ်ချို့လူတွေက ပြောခဲ့ကြသည်. ဒီနယ်မြေက Acreia ရဲ့ မြို့တော်ဖြစ်တဲ့ Yapa နဲ့ နီးကပ်စွာ တည်ရှိတဲ့အပြင် ရေပူစမ်းတွေလဲ ရှိနေတာကြောင့် ပိုပြီးတော့ ပြည့်စုံကောင်းမွန်နေသည်.
Poliana က Sitrin မှာ နေဖို့ စီစဉ်ထားသည်. ဒီနယ်မြေက မြို့တော်နဲ့နီးကပ်နေတဲ့အတွက်တော့ စိတ်ရှုပ်သလိုဖြစ်မိပေမဲ့ သူမအခြေအနေကို အစောင့်တွေက သတိထားမိသွားမှာစိုးတာကြောင့် သူမက အဝေးကြီး သွားလို့မရပေ.
***Sitrin ရဲတိုက်က အလုပ်သမားတွေက အသက်မရှုရဲကြပေ. သူတို့က သူတို့ရဲ့သခင်မ ရောက်လာတော့မှာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေကြသည်. Poliana က သဘောကောင်းတဲ့ နယ်မြေပိုင်ရှင်ဖြစ်သည်. ဒီကမ္ဘာကြီးမှာ အကောင်းဆုံးနယ်မြေပိုင်ရှင်ဆိုတာ မရှိခဲ့ပေ. ဒီနယ်မြေကို လက်ခံရရှိပြီးတည်းက Poliana က Sitrin ကို တစ်ခါမှ မသွားခဲ့ပေ.
သူမက ငွေကြေးဆိုင်ရာအချက်အလက်တွေကို ပုံမှန်လက်ခံရရှိခဲ့ပြီး ကိန်းဂဏန်းတွေက ကောင်းမွန်နေသရွေ့ သူမက Sitrin မှာ ဘာပဲဖြစ်နေဖြစ်နေ သိပ်ပြီးတော့ အလေးအနက်မထားခဲ့ပေ. Yapa နဲ့ နီးကပ်နေပေမဲ့လဲ သူမက တစ်ခါမှ မသွားလည်ခဲ့ပေ. ဒါက အကျင့်ပျက်ချစားမှုတွေဖြစ်လာဖို့ အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်စေသည်.
ဒါပေမဲ့ Sitrin က အလုပ်သမားတွေက အရင်တုန်းကဖြစ်ပျက်ခဲ့တာတွေကို မှတ်မိနေသေးသည်. Poliana က Sitrin မှာ နေခဲ့တုန်းက သူမက ငွေကြေးနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို သိမ်းငှက်လိုအကြည့်တွေနဲ့ သေချာစစ်ဆေးခဲ့တာဖြစ်သည်. သူမက စာရွက်ထဲက အမှားသေးသေးတွေကိုတောင် ရှာတွေ့နိုင်ပြီး အလုပ်သမားတွေကို ညှာတာထောက်ထားမှုမရှိပဲ စစ်ဆေးမေးမြန်းခဲ့သည်.
ဒါ့ကြောင့်ပဲ ဒီအလုပ်သမားတွေက နှလုံးရပ်သွားတော့မလို ဖြစ်ခဲ့ကြသည်. Poliana က သူမရဲ့အားလပ်ရက်တွေကို အကျိုးရှိရှိ အသုံးချကာ နားနေဖို့က သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး ဒါမှသာ သူမက အလုပ်လုပ်ဖို့ စိတ်မဝင်စားမှာ ဖြစ်သည်.
Sitrin က အရာရှိတွေက သူတို့အမှားမရှိအောင်လို့ စာရွက်စာတမ်းတွေကို ထပ်ခါထပ်ခါ စစ်ဆေးနေခဲ့သည်. အစေခံတွေ, အကူတွေနဲ့ ဒေသခံတွေက အစက်အပျောက်တစ်ခုမှ မရှိတော့တဲ့အထိ ရဲတိုက်အတွင်းအပြင် သန့်ရှင်းရေးကို အတူပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်. ဒေသခံလုံခြုံရေးတွေကလဲ သူတို့နယ်မြေပိုင်ရှင် စိတ်ကွက်သွားစေမဲ့ အရာမျိုး မဖြစ်လာအောင်လို့ အကြိမ်ကြိမ် ကင်းလှည့်ကာ စစ်ဆေးခဲ့ကြသည်.
Sitrin ရဲ့ အရင်ပိုင်ရှင်က ရက်စက်သူဖြစ်ပြီး Poliana ကတော့ နာမည်ကောင်းရှိသူဖြစ်သည်. သူမရောက်တာနဲ့ ရေချိုးကာ နားနေနိုင်ဖို့ အခန်းတစ်ခုကို သေချာပြင်ဆင်ထားသည်. ရဲတိုက်ရဲ့ စားဖိုမှုးက သူ့သခင်မနဲ့အတူ ပါလာတဲ့ စစ်သည်တွေ စားသောက်ဖို့ မမောနိုင် မပန်းနိုင် ချက်ပြုတ်နေသည်.
"ကြိုဆိုပါတယ် Marquess!"
Poliana တို့ကို လှမ်းတွေ့လိုက်တာနဲ့ ကင်းလှည့်အဖွဲ့က ရဲတိုက်ပြန်ကာ လူတိုင်းကို အသိပေးလိုက်သည်. ရဲတိုက်အဝင်တံတားက နိမ့်ဆင်းလာပြီး ရဲတိုက်ဝင်ပေါက်ကလဲ ပွင့်လာသည်. အလုပ်သမားတွေက ဦးညွှတ်ကာ သူတို့ရဲ့ သခင်မကို နှုတ်ဆက်လိုက်ကြသည်.
"သခင်မကို ကြိုဆိုပါတယ်!"
သူတို့ရဲ့ သခင်မ Marquess Winter က သူမမြင်းပေါ်ကနေ ဆင်းလာသည်. သူမကို ကြည့်ရတာ ပင်ပန်းနေပုံရတာကြောင့် သူမက မရပ်မနား မြင်းစီးခဲ့ပုံရသည်. သူမမျက်လုံးတွေက နီရဲနေပြီး သူမ တကိုယ်လုံး ဖုန်တွေအပြည့်ဖြစ်နေသည်.
သူ့သခင်မက အစားမစားခင်မှာ ရေအရင်ချိုးဖို့လိုနေတာကို သတိပြုမိကာ အိမ်တော်ထိန်းက အကူတွေကို ပြင်ဆင်ဖို့ အချက်ပြလိုက်သည်. Poliana က လူတိုင်းကို သေချာလိုက်ကြည့်နေရင်း အိမ်တော်ထိန်းကို တွေ့သွားသည်. သူမက သူ့ကို ဆွဲလိုက်တာကြောင့် အနားမှာရှိတဲ့လူတွေက လန့်သွားကြသည်.
Poliana က‌ အော်ပြောလိုက်သည်.
"ငါ့ကို အသားပြားတွေပေးစမ်း!"
သူမအတွက် စားသောက်ပွဲကြီးပြင်ဆင်ထားတာတောင်မှ သူမက အသားပြားလာတောင်းနေသည်. Poliana က ကိုယ်ဝန်ကြောင့် နက်ခင်းပိုင်းတွေမှာ ပျို့အန်နေတာကို ခံစားနေရတာကို လူတွေက မသိတာကြောင့် သူမ အသားပြားတွေ တောင်းနေတာကို လူတွေက နားမလည်နိုင်ကြပေ. သူမ စားလိုက်သမျှတိုင်းက သူမကို အော့အန်စေနေသည်.
Sitrin ကို လာတဲ့ လမ်းတစ်လျှောက်လုံးမှာ Poliana ရဲ့ အစာအိမ်က အသားပြားခြောက်တွေကိုသာ လက်ခံနိုင်သည်. သူမက အသားပြားတွေကို ဆက်တိုက်ဝါးနေတာကြောင့် သူမအစောင့်တွေကို စိတ်ရှုပ်သွားစေခဲ့သည်.
"ခေါင်းဆောင်, ဘာလို့ ဒီဈေးပေါတဲ့ဟာတွေ စားနေတာလဲ? ခင်ဗျားက ဒုတိယတပ်ဖွဲ့ခေါင်းဆောင်နဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်လေ! ခင်ဗျား ဒီ့ထက်အရသာကောင်းတာတွေ စားဖို့လိုမယ်!"
"ဟုတ်တယ်! တကယ်လို့ ခင်ဗျားအသားစားချင်တယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားအတွက် ဒရယ်ဖမ်းပေးမယ်လေ!"
Poliana က အေးစက်စွာနဲ့ ပြန်ပြောလိုက်သည်.
"ငါက ဒါစားချင်တာလေ. ငါ့ကို ပွစိပွစိပြောမနေနဲ့!"
တစ်ခါတော့ အစောင့်တွေက သူမအတွက် ဒရယ်တစ်ကောင်းဖမ်းပေးခဲ့ပေမဲ့ Poliana က မစားခဲ့ပေ. သူတို့ခရီးစဉ်တစ်လျှောက်က ကျေးရွာတွေမှာ ခရီးတစ်ထောက်နားတိုင်း Poliana က သင့်တော်ကောင်းမွန်တဲ့ အစားအသောက်ထက် ဈေးသက်သာပြီး ဆိုးရွားတဲ့အစားအသောက်တွေကိုသာ စားနေခဲ့သည်.
သူတို့ခေါင်းဆောင်ရဲ့ အစားအသောက်ကို အရသာခံတဲ့ပုံစံက အလွန်ဆိုးရွားစွာနဲ့ ပြောင်းလဲသွားတာကြောင့် အစောင့်တွေက နားမလည်နိုင်ဖြစ်နေသည်. Poliana ကိုယ်တိုင်ကလဲ ဒီပြောင်းလဲမှုကို နားမလည်နိုင်ပေ. သူမကို ကျွေးတဲ့ အရသာကောင်းမွန်တဲ့ အစားအသောက်တွေကို စားသောက်ဖို့ သူမက ငြင်းဆန်ခဲ့သည်. အဲ့အစား သူမက အသားပြားခြောက်တွေကိုသာ ဆက်တိုက်ဝါးနေခဲ့သည်. Sitrin ကို လာတဲ့ လမ်းတစ်လျှောက်မှာ သူမက အစားအသောက်မျိုးစုံကို မြည်းစမ်းကြည့်ခဲ့ပေမဲ့ ဘယ်အရာကမှ သူမကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပေ.
Poliana က ရောက်ရောက်ချင်းမှာပင် မီးဖိုခန်းထဲသွားကာ ရှာဖွေလိုက်ပြီး အသားခြောက်တွေနဲ့ ဂျုံအိတ်တွေကို တွေ့လိုက်သည်. Marquess အတွက် အစားအသောက်တွေ ပြင်ဆင်နေတဲ့ စားဖိုမှူးက သူ့မီးဖိုချောင်ကို သူမကို လွှဲပေးလိုက်ရသည်.
အလုပ်သမားတွေက သူမကို ရပ်တန့်ဖို့ တောင်းပန်လိုက်ကြပေမဲ့ Poliana က သူတို့ကို လစ်လျှူရှုကာ ဆက်လုပ်နေသည်. သူမက အိုးလေးတစ်ခုထဲကို ရေဖြည့်ကာ မီးဖိုပေါ်တင်လိုက်သည်. ရေတွေမဆူလာခင်မှာ Poliana က ပါဝင်ပစ္စည်းတွေ အားလုံးကို အိုးထဲ တစ်ခါတည်း ပစ်ထည့်လိုက်သည်. အိုးထဲက ပါဝင်ပစ္စည်းအားလုံးက ဆူပွက်လာတော့ လူတွေက မျက်မှောင်ကြုံ့လာသည်. စားဖိုမှူးက စတင်ငိုကြွေးတော့သည်.
'Marquess က အရသာခံတဲ့နေရာမှာ အဆိုးဆုံးပဲ!'
Continue Reading
You'll Also Like
181K 36.5K 159
Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy
1.2M 63.8K 50
73.7K 6.4K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
77.8K 7.1K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး