ဘာပြောမလို့လဲ.."
ကအရောင်လက်လာသည်...။
ပြီလေ....။
သဘောထားလဲဆိုတာကို...။
တစ်ဆက်တည်းမှာပဲ မနက်က
ထင်နေသလိုတော့မဟုတ်
လောက်ပါဘူး...။
မပိုဘူး ဆယ်ဟွန်း..."
ညိုးကျသွားသည်..။
တွေးမိလိုက်သည်...။
နဲ့ပတ်သတ်နေတာပဲ...။
သူကမှဆယ်ဟွန်းအပေါ်
မပိုတာ...။
"အာ...ကိုယ်အဆင်ပြေပါတယ်..
မပူနဲ့.."
ကိုယ်သာအသိဆုံး...။
ဘူးထင်တယ်..."
ဖြစ်နေဟန်....။
ပေါ့လေ..ဂျွန်မြောင်..။
တာပဲ...။
"အင်း.."
°°°°°
ခြင်းဖြစ်သည်....။
ဆယ်ဟွန်းများလား.?..။
မဟုတ်လောက်ဘူးထင်တယ်..
ကောင်တာကိုရောက်တော့
သူနာပြုမလေးအား
ကိုလက်ညိုးထိုးပြတယ်..။
တွေ့လိုက်ရသည်...။
တစ်ခါမှမမြင်ဖူးပါ..။
ကိုတွေ့သွားသည်..။
လားမသိဘူး..."
လိုက်ခဲ့ပေးပါ..."
"ဗျာ..!"
ကြောင်သွားသည်...။
ဒီခေတ်ကြီးထဲမှာလေ..။
"အာ....ကျွန်တော်တို့ Boss
သောကြောင့်..
"အင်း...လိုက်ခဲ့ပါ့မယ်.."
လိုက်သွားလိုက်သည်...။
ရပ်သွားသည်...။
ကားထဲသို့ညွှန်ပြသည်..။
ရောက်တော့
တွေ့လိုက်ရသည်...။
တည်တည်ကြည်ကြည်နဲ့
ခပ်ရှိန်ရှိန်...။
ဂျွန်မြောင်
လေကိုဝဝရှူသွင်းပြီး
ဝင်သွားလိုက်သည်...။
သည်...။
"Sorry..ကိုယ့်အလုပ်လေး
တွေကမပြတ်သေးတာနဲ့..."
ဘာမှနားမလည်တော့...။
ရော နောက်ပြီးဒီလူက
ဘယ်သူလဲဆိုတာရော...။
ရယ်မိလိုက်သည်...။
မတွေ့ရတဲ့အတောအတွင်း
ငယ်ကအရမ်းချောလာတာပဲ...။
"ကိုယ်ဘယ်သူလဲဆိုတာ
မမိတ်ဆက်တော့ဘူးနော...
ငယ်..."
နောက်ဆုံးက.ငယ်. ဆိုတဲ့
စကားလုံးကိုကြားတော့
သည်...။
ငယ်?..ငယ်တဲ့လား....ဒါဆို...
"hy....hyung လား..."
"အင်း...hyung လေ..
မိတယ်...။
ကိုယ်သင်းနံ့လေး..။
ဟုတ်တယ်...ဒါတကယ့်ကို
hyung အစစ်ပဲ..။
"Hyung!..အီးဟီး....
Hyung..."
မင်ဟိုအသာအယာပွတ်ပေး
နေလိုက်သည်...။
ဟက်.....။
ပြီးမှ မောသွားသည်ထင်..။
ထွက်လာသည်...။
"အိုက်ဂူး....ဒီကလေးဟာလေ..
ကာပြောလိုက်တော့..
"ငိုအောင် hyung ပဲ
လုပ်ပြီးတော့.."
"ဟား...ဟား..အေးပါကွာ...
ယူသွားသေးသည်...။
ဟက်..ဟက်..ဒီကလေးက
ဘယ်ပျောက်သွားတာလဲ.."
ဆော့ဖော်ဆော့ဖက်တွေ..။
သဘောကျနေကြပေမယ့်
ဖြစ်နေတာ....။
တယ်..ဘယ်လိုမှအစအန
ရှာမရတော့အောင်ထိကို...။
ဘယ်သူမှလည်းသူတို့
ဘူး....။ဂျွနိမြောင်တို့
အပါအဝင်ပေါ့...။
ဆော့နေကျလည်းဖြစ်..
သတိတောင်လစ်တဲ့အထိ...။
တွေတုန်းက
သိမှာပါ..."
"အင်း.."
ကနေဝယ်တယ်....
အစကတော့အဆင်ပြေနေပေ
ထိဖြစ်သွားတယ်....
ပစ်တယ်..ကိုယ့်ကိုတော့
ခိုင်းတယ်လေ....ခုကိုယ်.
အထိဆိုပါတော့..."
အိုဆယ်ဟွန်းကတောင်
မှာဂိုဏ်းချုပ်ပေါ့.."
"အင်း....ဒါပေမယ့်စိတ်မပူ
ဟုတ်သား...အဲဒီတုန်းက
ကြတာ...။
ပဲလုပ်နေရတော့....
ဒီနေရာကိုလုခဲ့တာ....
ပါဘူး....စုမိထားတာတွေ
ထားပြီးပြီ.."
"အင်း..ကောင်းတာပေါ့...
ဒါနဲ့ hyung အားလား..."
"အင်း...မနက်ဖြန်တော့
အချိန်ရတယ် ဘာလို့လဲ.."
မလို့လေ.."
.........
ပြီးဟင်းတွေချက်နေတာအမျိုး
ပေါင်းမနည်းတော့...။
လာရင်သိမှာပေါ့တဲ့....။
ခု လာမယ့်ဧည့်သည်က
•တီး တောင်..•
"ဟော...ရောက်လာပြီထင်တယ်
သွား..ငယ်လေး..တံခါးသွား
ဖွင့်ပေးလိုက်..သွား.."
ပဲပြုံးပြလိုက်ရသည်...။
"Hyung ထိုင်ဦး...
လို့..."
လျှောက်ကြည့်နေတယ်..။
"ငယ်လေး..ဘာလုပ်နေတာလဲ
လိုက်လေ...hyung မအား
သေးဘူး..."
"Nae ဟုတ်ပါတယ်....
သိသလောက်ထဲမှာ hyung
မင်းကငယ်သေးတယ်လေ....
တန်းပဲရှိသေးတာ..."
"ငယ်... ဆိုတာ.."
"မင်းရဲ့အစ်ကိုလေ...
ဂင်ဂျွန်မြောင်.."
သဘောပေါက်လိုက်ပါပြီ...။
Hyung ပြော.ပြောနေတဲ့
အစ်ကိုဖြစ်မယ်..။
နောက်ထပ် hyung ပြောပြ
ဖြစ်ရမယ်...။
Tbc°°°°°
ပထမဆုံးပြောချင်တာက ဒါက
မတင်ရသေးတဲ့အပိုင်း 17 ပါ..။
ရှေ့မှာကမနေနိုင်မထိုင်နိုင်နဲ့ 18 ကိုကြိုတင်ထားမိတယ်..။
အဲဒါကြောင့်ဒါလေးဖတ်ပြီးရင် အပိုင်း 18 နဲ့ပြန်ဆက်စပ်ကြည့်ပါဦးနော...။
အဟမ်း....ဂျွန်...ဂျွန်မြောင်
ဘာပြောမလို့လဲ.."
"ဟိုနေ့ကကိစ္စကိုပြောမလို့်.."
ဂျွန်မြောင့်ဆီကထိုစကားကြား
တော့ဆယ်ဟွန်းရဲ့မျက်လုံးတွေ
ကအရောင်လက်လာသည်...။
ဆယ်ဟွန်းလည်းအရမ်းသိချင်နေ
ပြီလေ....။
ဂျွန်မြောင်ကသူ့အပေါ်ဘယ်လို
သဘောထားလဲဆိုတာကို...။
တစ်ဆက်တည်းမှှာပဲ မနက်က
အညိုကောင်ကိုသတိသွားရလိုက်
တော့မျှော်လင့်ချက်တစ်ဝက်
လောက်ကမှေးမှိန်ကုန်သည်..။
ထင်နေသလိုတော့မဟုတ်
လောက်ပါဘူး...။
ထိုအချိန်မှာပဲဂျွန်မြောင်ပြော
လိုက်တဲ့စကားကသူ့ရင်ကို
ဆုတ်ညစ်လိုက်သလို နင့်ခနဲ..။
"အားနာပေမယ့်...ငါမင်းအပေါ်သူငယ်ချင်းတစ်ယောက်ထက်
မပိုဘူး ဆယ်ဟွန်း..."
ထိုစကားဆုံးတော့ဆယ်ဟွန်း
ရဲ့မျက်နှာကသိသိသာသာကို
ညိုးကျသွားသည်..။
ဟုတ်နေတာပဲ လို့ဆယ်ဟွန်း
တွေးမိလိုက်သည်...။
အဲ့ဒီအညိုကောင်ကဂျွန်မြောင်
နဲ့ပတ်သတ်နေတာပဲ...။
ဆယ်ဟွန်းကိုကြည့်ပြီး
ဂျွန်မြောင်စိတ်မကောင်းဖြစ်မိပေ
မယ့် ဘယ်လိုလုပ်ရမှာလဲ...။
သူကမှဆယ်ဟွန်းအပေါ်
သူငယ်ချင်းတစ်ယောက်ထက်မှ
မပိုတာ...။
"ဟို....မင်း..အဆင်ပြေရဲ့လား.."
"အာ...ကိုယ်အဆင်ပြေပါတယ်..
ရတယ်..ဂျွန်မြောင်ဘာမှစိတ်
မပူနဲ့.."
ပြုံးရယ်ရင်းပြောလိုက်ပေမယ့်
တကယ်တမ်းအဆင်မပြေနိုင်တာ
ကိုယ်သာအသိဆုံး...။
စိတ်ရှိလက်ရှိသာဆိုရင်
ဂျွန်မြောင့်ကိုပုခုံးကကိုင်ပြီးခါရမ်း
ကာဘာလို့လဲလို့အော်ကြီး
ဟစ်ကျယ်မေးလိုက်ချင်သည်...။
ဒါပေမယ့် အဲဒီလိုလုပ်လိုက်လို့
ဂျွန်မြောင်မုန်းသွား
မှာလည်းကြောက်ရသေးတော့..။
"ဟို...ဆယ်ဟွန်း..ငါမင်းကို
တစ်ခုခုလိုက်ကျွေးမယ်လေ..
မင်းမနက်စာမစားရလောက်သေး
ဘူးထင်တယ်..."
အားတုံအားနာနဲ့ဂျွန်မြောင်က
ကျွန်တော့်အတွက်စိတ်မကောင်း
ဖြစ်နေဟန်....။
ဒါကကိုယ်လိုချင်တဲ့အဖြေကို
မပေးနိုင်တဲ့အတွက်နှစ်သိမ့်တာ
ပေါ့လေ..ဂျွန်မြောင်..။
အဟက်...ဘယ်လိုပဲဖြစ်ဖြစ်ပါ
လေ...ကိုယ်ကဂျွန်မြောင့်ရဲ့
သူငယ်ချင်းတော့ဖြစ်နိုင်သေး
တာပဲ...။
"အင်း.."
ထိုနေ့ကဂျွန်မြောင်ဝယ်ကျွေး
သမျှ အကုန်လုံးအကြိုက်တွေ
ချည်းဖြစ်ပေမယ့်ဆယ်ဟွန်း
အတွက်တစ်ခုမှအရသာရှိမနေခဲ့ပါ။
ဆယ်ဟွန်းရဲ့နှလုံးသားလေး
နေမကောင်းဘူးမဟုတ်လား...။
°°°°°
သူနာပြုမလေးတစ်ယောက်က
ဆရာ့ကိုတွေ့ချင်နေတဲ့လူ
တစ်ယောက်ကောင်တာမှာရောက်နေတယ်ဆိုလို့ဂျွန်မြောင်
နားနေခန်းကနေထွက်လာနေ
ခြင်းဖြစ်သည်....။
ဆယ်ဟွန်းများလား.?..။
မဟုတ်လောက်ဘူးထင်တယ်..
မနက်ကမှတွေ့ခဲ့သေးတာကို..။
ကောင်တာကိုရောက်တော့
ဘယ်သူ့ကိုမှလည်းမတွေ့..။
အဲဒါနဲ့ပဲ ခုနကလာပြောပေးတဲ့
သူနာပြုမလေးအား
ဘယ်မှာလဲဆိုသည်ကိုအမူအရာ
ဖြင့်မေးတော့ ကောင်တာရဲ့အရှေ့ဘက်ကဧည့်တွေ့တဲ့
ခုံမှာထိုင်နေသောလူတစ်ယောက်
ကိုလက်ညိုးထိုးပြတယ်..။
သူနာပြုမလေးညွှန်ပြရာကို
ကြည့်လိုက်တော့ ယောကျာ်း
တစ်ယောက်ရဲ့နောက်ကျောကို
တွေ့လိုက်ရသည်...။
ဝတ်စုံပြည့်နဲ့ထိုလူကိုဂျွန်မြောင်
တစ်ခါမှမမြင်ဖူးပါ..။
ထို့ကြောင့်ထိုကျောပြင်ကိုစူးစမ်း
ရင်းနဲ့အနားကိုရောက်သွားတော့
ထိုင်နေတဲ့ထိုလူကကျွန်တော့်
ကိုတွေ့သွားသည်..။
မြင်လည်းမြင်ရောထရပ်လာပြီး...
"ဒီက ..ဒေါက်တာဂင်ဂျွန်မြောင်
လားမသိဘူး..."
"ဟုတ်ပါတယ်..ကျွန်တော်ပါ.."
"ဒါဆို..ကျွန်တော်နဲ့ခနလောက်
လိုက်ခဲ့ပေးပါ..."
"ဗျာ..!"
ရုတ်တရက်ဆိုတော့ဂျွန်မြောင်
ကြောင်သွားသည်...။
ဘယ်သူမှန်းမသိတဲ့လူနောက်
ကိုလိုက်သွားရမှာတဲ့လား..။
ဒီခေတ်ကြီးထဲမှာလေ..။
"အာ....ကျွန်တော်တို့ Boss
ကဒေါက်တာ့ကိုတွေ့ချင်နေလို့ပါ.."
ဂျွန်မြောင်လည်း လူနာကြည့်
ခိုင်းစေချင်သည်ဟုထင်
သောကြောင့်..
"အင်း...လိုက်ခဲ့ပါ့မယ်.."
ဆေးရုံအပြင်ဘက်ကိုထွက်သွား
သောထိုလူနောက်သို့ဂျွန်မြောင်
လိုက်သွားလိုက်သည်...။
ထိုလူကအပြင်ဘက်တစ်နေရာ
မှာရပ်ထားတဲ့ကားအနက်ရောင်
ရဲ့အရှေ့ကိုရောက်တော့
ရပ်သွားသည်...။
နောက်ခန်းကားတံခါးကိုဖွင့်
ကာကျွန်တော့်ကိုလှမ်းကြည့်ပြီး
ကားထဲသို့ညွှန်ပြသည်..။
ကျွန်တော်လည်းကားနားကို
ရောက်တော့
နောက်ခန်းထဲမှာအခန့်သားထိုင်
နေတဲ့လူတစ်ယောက်ကိုထပ်
တွေ့လိုက်ရသည်...။
ဖုန်းသုံးနေသောထိုလူက
တည်တည်ကြည်ကြည်နဲ့
ဆိုတော့ကားထဲဝင်ရမှာတောင်
ခပ်ရှိန်ရှိန်...။
ခုနကလူကိုလှမ်းကြည့်လိုက်
တော့လည်းခေါင်းငြိမ့်ပြတာနဲ့
ဂျွန်မြောင်
လေကိုဝဝရှူသွင်းပြီး
ဝင်သွားလိုက်သည်...။
ဂျွန်မြောင်အထဲကိုရောက်တာနဲ့
တံခါးကိုတန်းပိတ်လိုက်ပြီး
အနည်းငယ်လှမ်းတဲ့တစ်နေရာ
ကိုခုနကလူကသွားရပ်နေသည်..။
ဘေးမှာထိုင်နေတဲ့လူကလည်း
ဖုန်းသုံးနေဆဲမို့ ကြာတော့
ဂျွန်မြောင်နေရခက်လာသည်..။
ဆယ်မိနစ်လောက်ကြာတော့
ဘေးကလူကဖုန်းကိုပိတ်ကာ
ကျွန်တော့်ဘက်လှည့်လာ
သည်...။
"Sorry..ကိုယ့်အလုပ်လေး
တွေကမပြတ်သေးတာနဲ့..."
ဖုန်းကိုအိတ်ကပ်ထဲထည့်ရင်း
တရင်းတနှီးနဲ့စကားစလာတဲ့
ထိုလူ့ကိုကြည့်ပြီးဂျွန်မြောင်
ဘာမှနားမလည်တော့...။
သူဒီကိုရောက်နေရတဲ့အကြောင်း
ရော နောက်ပြီးဒီလူက
ဘယ်သူလဲဆိုတာရော...။
သူ့ကိုမျက်လုံးပြူးပြူးလေးနဲ့
ကြောင်ကြည့်နေတဲ့ဂျွန်မြောင်
ကြောင့်မင်ဟိုသဘောတကျ
ရယ်မိလိုက်သည်...။
မတွေ့ရတဲ့အတောအတွင်း
ငယ်ကအရမ်းချောလာတာပဲ...။
"ကိုယ်ဘယ်သူလဲဆိုတာ
မမိတ်ဆက်တော့ဘူးနော...
ငယ်..."
နောက်ဆုံးက.ငယ်. ဆိုတဲ့
စကားလုံးကိုကြားတော့
ဂျွန်မြောင်မျက်လုံးတွေပြူးကုန်
သည်...။
ငယ်?..ငယ်တဲ့လား....ဒါဆို...
"hy....hyung လား..."
"အင်း...hyung လေ..
ငယ်ရဲ့ hyung ချွဲမင်ဟို.."
ထိုအချိန်ရင်ထဲဖြစ်တည်
လာတဲ့အပျော်တွေကထိန်းချုပ်
မှုမရှိတော့ပဲနဲ့ဂျွန်မြောင် hyung ရင်ခွင်ထဲကိုတိုးဝင်
မိတယ်...။
ထိုအခိုက်နှာဝကိုလာရိုက်ခတ်တဲ့
ကိုယ်သင်းနံ့လေး..။
ဟုတ်တယ်...ဒါတကယ့်ကို
hyung အစစ်ပဲ..။
"Hyung!..အီးဟီး....
Hyung..."
ရင်ခွင်ထဲမှာသူ့ကိုတ.တပြီး
အားရပါးရငိုနေသောဂျွန်မြောင်
ရဲ့ခေါင်းလုံးလုံးလေးကို
မင်ဟိုအသာအယာပွတ်ပေး
နေလိုက်သည်...။
ဒီကလေး အပျော်လုံးဆို့နေတာ..
ဟက်.....။
တော်တော်ကြာသည်အထိငို
ပြီးမှ မောသွားသည်ထင်..။
နှာတရှုံ့ရှုံ့နဲ့ ရင်ခွင်ထဲကနေ
ထွက်လာသည်...။
"အိုက်ဂူး....ဒီကလေးဟာလေ..
ဆရာဝန်တောင်ဖြစ်နေပြီကို...
ခုချိန်ထိအငိုသန်တုန်း..."
ဂျွန်မြောင်ရဲ့ဆံပင်တွေကိုဖွ
ကာပြောလိုက်တော့..
"ငိုအောင် hyung ပဲ
လုပ်ပြီးတော့.."
"ဟား...ဟား..အေးပါကွာ...
ရော့...အငိုသန်လေး..နှာရည်
တွေသုတ်လိုက်ဦး..ရွံစရာကြီး.."
မင်ဟို ဂျွန်မြောင့်ကိုတစ်ရှူး
လှမ်းပေးရင်းစ.လိုက်တော့
ဂျွန်မြောင်ကဟွန့်ခနဲလုပ်ပြီး
လူကိုဂျိုကြည့် ကြည့်သည်..။
ပေးတဲ့တစ်ရှူးကိုလည်းဖျတ်ခနဲ
ယူသွားသေးသည်...။
ဟက်..ဟက်..ဒီကလေးက
တော့လေ...ငယ်ငယ်ကအတိုင်း
ချစ်ဖို့ကောင်းနေတုန်းပဲ...။
"ဒါနဲ့...hyung အဲဒီတုန်းက
ဘယ်ပျောက်သွားတာလဲ.."
တကယ်တော့ဂျွန်မြောင်နဲ့မင်ဟိုကငယ်ငယ်တည်းကအိမ်နီးချင်း
ဆော့ဖော်ဆော့ဖက်တွေ..။
နောက်ပြီးသူတို့ကအချင်းချင်း
သဘောကျနေကြပေမယ့်
ဖွင့်မပြောကြတော့မသိကြဘူး
ဖြစ်နေတာ....။
တစ်ရက်တော့ မင်ဟိုတို့
တစ်မိသားစုလုံးပျောက်သွား
တယ်..ဘယ်လိုမှအစအန
ရှာမရတော့အောင်ထိကို...။
ဘယ်သူမှလည်းသူတို့
ဘယ်ရောက်သွားမှန်းမသိကြ
ဘူး....။ဂျွနိမြောင်တို့
အပါအဝင်ပေါ့...။
အဲ့တုန်းကဆိုနေ့တိုင်းအတူတူ
ဆော့နေကျလည်းဖြစ်..
သဘောကျနေရတဲ့သူလည်းဖြစ်
တဲ့မင်ဟိုပျောက်သွားတော့
ဂျွန်မြောင်မှာငိုလိုက်ရတာ
သတိတောင်လစ်တဲ့အထိ...။
"hyung ရဲ့အဖေကအဲ့ဒီအချိန်
တွေတုန်းက
ဆေးစွဲနေတာကိုဂျွန်မြောင်
သိမှာပါ..."
"အင်း.."
"အဖေကဆေးကိုဂိုဏ်းတစ်ခု
ကနေဝယ်တယ်....
အစကတော့အဆင်ပြေနေပေ
မယ့် နောက်ဆေးအရမ်းစွဲလာ
တော့ သူသုံးသလောက်ကိုပိုက်ဆံမပေးနိုင်တော့ဘူး...
အဲ့ဒီမှာအကြွေးတွေယူရင်း
ယူရင်းနဲ့များလာတော့ရှိသမျှ
ပစ္စည်းဥစ္စာတွေရောင်းရင်တောင်
မလောက်နိုင်တော့တဲ့အခြေအနေ
ထိဖြစ်သွားတယ်....
အဲတော့ အဲဒီဂိုဏ်းချုပ်ဆိုသူ
ကကိုယ်တို့တစ်မိသားစုလုံးကို
ဖမ်းပြီး အဖေနဲ့အမေကိုသတ်
ပစ်တယ်..ကိုယ့်ကိုတော့
အသုံးဝင်နိုင်တယ်ဆိုပြီး
မသတ်ဘဲနဲ့ဂိုဏ်းထဲထည့်ပြီး
ခိုင်းတယ်လေ....ခုကိုယ်.
ကိုယ်တိုင်ကဂိုဏ်းချုပ်ဖြစ်တဲ့
အထိဆိုပါတော့..."
ဒီတစ်ခါမှာလည်းဂျွန်မြောင်
မျက်လုံးပြူးရပြန်ပါပြီ..။
hyung ကဂိုဏ်းချုပ်တဲ့လေ...။
အိုဆယ်ဟွန်းကတောင်
တော်နေသေးတယ်ပြောရမယ်..။
"ဒါ..ဒါဆို..hyung ကခုချိန်
မှာဂိုဏ်းချုပ်ပေါ့.."
"အင်း....ဒါပေမယ့်စိတ်မပူ
ပါနဲ့ hyung ဂိုဏ်းချုပ်လုပ်
ရတာကငယ့်ကိုရှာဖို့အတွက်လေ
နဂိုဂိုဏ်းသားဘဝတုန်းကလည်း
ငယ့်အိမ်ဘက်ကိုရောက်သေး
တယ်...ဒါပေမယ့်ငယ်တို့အိမ်
ပြောင်းသွားကြတယ်မလား.."
ဟုတ်သား...အဲဒီတုန်းက
မိဘတွေလည်းဆုံးပြီးပိုက်ဆံ
မရှိတော့လို့အဲ့ဒီအိမ်ကိုရောင်း
ပြီး ထပ်ခိုးခန်းသေးသေးလေး
တစ်ခုမှာသူနဲ့ဂျုံအင်ငှါးနေခဲ့
ကြတာ...။
"ဂိုဏ်းသားဘဝနဲ့ငယ့်ကို
ရှာဖို့ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူးလေ.
အမြဲ အထက်ကခိုင်းတာတွေ
ပဲလုပ်နေရတော့....
ငယ့်ကိုရှာချင်ရင်အာဏာရှိမှ
ဖြစ်မှာမို့ ကိုယ်ဂိုဏ်းချုပ်ရဲ့
ယုံကြည်မှုကိုရအောင်ယူပြီး
ဒီနေရာကိုလုခဲ့တာ....
ခုတော့ ငယ့်ကိုပြန်တွေ့ပြီဆိုတော့
ကိုယ်ဒီနေရာကိုမမက်မောတော့
ပါဘူး....စုမိထားတာတွေ
လည်းတစ်သက်စာဖူလုံနေပြီ
လေ...အဲတော့ကိုယ်သင့်တော်
မယ့်သူကိုလွှဲပေးခဲ့ဖို့စဉ်းစား
ထားပြီးပြီ.."
"အင်း..ကောင်းတာပေါ့...
ဒါနဲ့ hyung အားလား..."
"အင်း...မနက်ဖြန်တော့
အချိန်ရတယ် ဘာလို့လဲ.."
"Hyung ကိုငယ့်အိမ်ခေါ်လည်
မလို့လေ.."
°°°°°
မီးဖိုထဲဝယ်အလုပ်ရှုပ်နေသော
အစ်ကိုဖြစ်သူကိုကြည့်ရင်း
ဂျုံအင်မေးချင်စိတ်တွေတဖွားဖွား။
အိမ်ကိုဧည့်သည်လာမယ်ပြော
ပြီးဟင်းတွေချက်နေတာအမိျုး
ပေါင်းမနည်းတော့...။
သူ့ကိုလည်းကြက်သွန်ဥနီ
တွေခွာခိုင်းထားတယ်လေ..။
အဲဒီဧည့်သည်ကဘယ်သူလည်း
ဆိုတော့လည်းမပြောပြဘူး...။
လာရင်သိမှာပေါ့တဲ့....။
အိမ်ကိုဧည့်သည်မလာလိုတော့
ခု လာမယ့်ဧည့်သည်က
ဘယ်လိုလူများဖြစ်မလဲဆိုတာ
ကိုဂျုံအင်တအားသိချင်နေပြီ..။
•တီး တောင်..•
"ဟော...ရောက်လာပြီထင်တယ်
သွား..ငယ်လေး..တံခါးသွား
ဖွင့်ပေးလိုက်..သွား.."
နွှေးလက်စကြက်သွန်ဥနီ
ကိုချထားခဲ့ကာတံခါးသွား
ဖွင့်တော့ဝတ်စုံပြည့်နဲ့လူ
တစ်ယောက်ကိုတွေ့လိုက်ရသည်။
လက်ထဲမှာလည်းပန်းခြင်း
တွေနဲ့ထိုလူကပြုံးပြတော့
ဂျုံအင်လည်းဘုမသိဘမသိနဲ့
ပဲပြုံးပြလိုက်ရသည်...။
"Hyung ထိုင်ဦး...
ငယ် လုပ်စရာလေးတွေရှိသေး
လို့..."
Hyung ကထိုသို့ပြောတော့
အဲ့လူကြီးကဆိုဖာခုံမှာ
ဝင်ထိုင်ပြီး အိမ်ထဲကိုဟိုဟိုဒီဒီ
လျှောက်ကြည့်နေတယ်..။
ဘယ်သူလဲတော့မသိပေမယ့်
hyung ရဲ့အပြောအဆိုတွေက
တအားရင်းနှီးနေသလားလို့...။
"ငယ်လေး..ဘာလုပ်နေတာလဲ
ကော်ဖီလေးဘာလေးဖျော်တိုက်
လိုက်လေ...hyung မအား
သေးဘူး..."
ယောက်ချိုဇွန်းကြီးနဲ့ပွက်ပွက်ဆူ
နေတဲ့ဟင်းရည်အိုးကိုမွှေနေရင်း
မှ hyung ကလှမ်းပြောတဲ့
စကားကြောင့် ကော်ဖီတစ်ခွက်
ကိုဖျော်ကာထိုလူကြီးရှေ့
က.စားပွဲပေါ်ချပေးလိုက်သည်..။
သူကော်ဖီချပေးတော့အဲ့လူကြီး
ကသူ့ကိုလိုက်ကြည့်နေတာကို
ခံစားရမို့ သူပါလှည့်ကြည့်လိုက်
တော့ထိုလူကြီးကပြုံးပြတယ်..။
"မင်းကဂျုံအင်လေးထင်တယ်..."
"Nae ဟုတ်ပါတယ်....
ဒါနဲ့..ဒီကဘယ်သူလဲမသိဘူး.."
"မင်းတော့မှတ်မိမလားမသိဘူး... hyung ကနဂိုကမင်းတို့ရဲ့
အိမ်နီးချင်းဖြစ်ခဲ့ဖူးတယ်လေ.."
"အိမ်နီးချင်း? အင်....ကျွန်တော်
သိသလောက်ထဲမှာ hyung
လိုအိမ်နီးချင်းမရှိပါဘူး..."
"ဟုတ်တာပေါ့...အဲဒီတုန်းက
မင်းကငယ်သေးတယ်လေ....
ငယ် တောင်အဲ့ဒီတုန်းကမူလ
တန်းပဲရှိသေးတာ..."
"ငယ်... ဆိုတာ.."
"မင်းရဲ့အစ်ကိုလေ...
ဂင်ဂျွန်မြောင်.."
အာ....အဲဒီလောက်ဆိုရင်ဂျုံအင်
သဘောပေါက်လိုက်ပါပြီ...။
Hyung ပြော.ပြောနေတဲ့
အရင်အိမ်တုန်းကအိမ်နီးချင်း
အစ်ကိုဖြစ်မယ်..။
နောက်ထပ် hyung ပြောပြ
ချက်အရဆိုရင်ဒီအစ်ကိုက
Hyung ရဲ့အချစ်ဦးဆိုတာပဲ
ဖြစ်ရမယ်...။
Tbc°°°°°
Media ကပုံကချွဲမင်ဟိုပါနော..
သိကြတယ်ဟုတ်...shinee ကလေ..