Emperor and the Knightness (Z...

By CrystSnow

7.6K 671 32

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More

အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁

အခန်း ၂၈၁

43 3 0
By CrystSnow

ဟုတ်တယ်! အဲ့လိုဖြစ်ရမယ်!

Poliana က ကျေနပ်စွာနဲ့ ပြုံးလိုက်သည်.

'ငါ ဒါကို ဘာလို့ မစဉ်းစားမိတာပါလိမ့်?'

ဝမ်းဆွဲသည်အလုပ်က တရားဝင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းမဟုတ်ပေ. သူတို့က တခြားသူတွေထက် ဆေးပညာဗဟုသုတပိုရှိတာမှန်ပေမဲ့ ဒီအမျိုးသမီးတွေက သမားတော်စစ်စစ်တွေ မဟုတ်ကြပေ. ပြီးတော့ မနေ့က Poliana တွေ့ခဲ့ရတဲ့ ဝမ်းဆွဲသည်ရဲ့ ဆက်ဆံရေးက ဆိုးရွားသည်. သူမကိုကြည့်ရတာ ဆိုးရွားတဲ့သူမျိုးဖြစ်နေတာကြောင့် သူမရဲ့ဝမ်းဆွဲသည်အလုပ်ကလဲ ကောင်းမဲ့ပုံမရပေ.

Poliana ရဲ့ ခံစားချက်တွေက ပိုကောင်းသွားသည်. သူမက ရက်တွေကို တွက်ကြည့်လိုက်ပြီး လက်ရှိအချိန်ကွာဟချက်အရ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာက ပြောရခက်တဲ့အခြေအနေ ဖြစ်သည်. ဝမ်းဆွဲသည်က မှားပြောနိုင်ချေအများကြီးရှိသည်.

Poliana မနေ့ကနဲ့ မတူတဲ့ ဂါဝန်ဝတ်ကာ လက်ကိုင်ပုဝါစီးပြီးတော့ အပြင်ထွက်ရန် ပြင်လိုက်သည်. သူမရဲ့အိမ်တော်ထိန်းက စကားတစ်ခွန်းမှ မဆိုပဲ သူမအပြင်ထွက်ဖို့ ကူညီပြင်ဆင်ပေးကာ တံခါးဖွင့်ပေးလိုက်သည်. အပြစ်ရှိသလိုခံစားမိတာကြောင့် Poliana က ထုတ်ပြောစရာ မလိုအပ်တဲ့ဆင်ခြေတစ်ခုကို ပေးလိုက်သည်.

"ငါ တတိယတပ်ဖွဲ့အလုပ်လုပ်တာကို လျှို့ဝှက်စစ်ဆေးမလို့"

အိမ်တော်ထိန်းက သူ့သခင်မရဲ့စကားကို သံသယမဖြစ်ပဲ အဲ့အစား သူက တတိယတပ်ဖွဲ့အတွက် စိတ်မကောင်းဖြစ်မိသွားသည်

***Poliana က လမ်းမပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ သက်ပြင်းချမိနေသည်.

'ငါ တခြားဝမ်းဆွဲသည်တစ်ယောက်ဆီသွားပြီးတော့ သူမ ဘာပြောမလဲ နားထောင်ကြည့်ရအောင်'

ဒီနေ့တော့ Poliana က သူမမြင်းကိုစီးကာ မြို့လယ်ဆီသွားလိုက်သည်. တိကျတဲ့ရလဒ်ကို သိချင်ရင်တော့ တော်ဝင်သားဖွားမီးယပ်သမားတော်ဆီမှာ စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်မှာ ဖြစ်ပေမဲ့ တကယ်လို့ သူမက အဲ့လိုလုပ်ခဲ့ရင် လူတိုင်းက ဒီအကြောင်းကို သိသွားနိုင်သည်. သူမရဲ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်ဖို့အတွက် Poliana က ရွာတစ်ရွာမှာရှိတဲ့ ဝမ်းဆွဲသည်ဆီကိုသာ သွားလိုက်သည်.

Poliana က သူမနဲ့ သက်တူရွယ်တူ အမျိုးသမီးတွေကို လှည့်လည်မေးမြန်းလိုက်သည်. အမျိုးသမီးတစ်ချို့ကို မေးမြန်းပြီးတဲ့နောက်မှာပဲ သိပ်မဝေးတဲ့နေရာမှာ နေထိုင်တဲ့ နာမည်ကြီး ဝမ်းဆွဲသည်တစ်ယောက်ရှိတာကို သိလိုက်ရသည်.

သူမက လူသိများတာကြောင့် ဒီဝမ်းဆွဲသည်ရဲ့နေရာမှာ လူတွေအများကြီး ရှိနေသည်. စောင့်ဆိုင်းနေကြတဲ့လူအများစုက အမျိုးသမီးတွေဖြစ်ကြပေမဲ့ သူတို့ဇနီးတွေနဲ့အတူ အဖော်လိုက်ပါလာတဲ့ ခင်ပွန်းတွေလဲ ရှိနေသည်. သူတို့မိခင်တွေနဲ့အတူ လိုက်ပါလာတဲ့ ကလေးတွေလဲရှိနေတာကြောင့် ဒီနေရာ ဆူညံနေသည်.Poliana က မျက်နှာထားတင်းတင်းနဲ့ ထိုင်စောင့်နေသည်. သူမအလှည့်ကို ရောက်လာတော့ Poliana က ဇောချွေးပျံနေပြီဖြစ်သည်. ဝမ်းဆွဲသည်က သူမကို စစ်ဆေးကာ ပြောလိုက်သည်.

"ရှင့်ကိုယ်ဝန်က သက်တမ်းနုသေးတာကို ရှင်သိနေပြီးသားဆိုတော့ ကျွန်မတောင် အံ့ဩနေတာ. ဟုတ်တယ်. ရှင့်မှာ ကလေးရှိနေပြီ"

"Arghh.."

"ရှင့်လက်တွေက ဘာလို့ဒီလောက်ကြမ်းနေရတာလဲ? အခုကိုယ်ဝန်ရှိနေပြီဆိုတော့ ပိုပြီးတော့ သတိထားဖို့လိုနေပြီ"

"Arghh.."

ဒါက သူမကို သေဒဏ်ချလိုက်တာနဲ့ တူနေသည်. ဒါက သေဒဏ်ထက်တောင် ပိုဆိုးနေသေးသည်. ဝမ်းဆွဲသည်အိမ်က ထွက်လာရင်း သူမရဲ့ပခုံးတွေက လေးလံကာ အားလျော့နေသည်. သူမ မြင်းရှိတဲ့နေရာကို ရောက်အောင်သွားနိုင်လိုက်ပေမဲ့ မြင်းပေါ်တက်ဖို့အထိ အားမရှိတော့ပေ.

ဝမ်းဆွဲသည်နှစ်ယောက်က သူမကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပေးခဲ့သည်. သူမမှာ ကိုယ်ဝန်ရှိနေပြီ. အခုမှ ငြင်းဆန်လို့မရတော့ပေ. Lucius နဲ့ တစ်ညတာအချိန်ကုန်ဆုံးပြီးတဲ့နောက် သူမက ပြင်းထန်တဲ့လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သည်. ဒီလေ့ကျင့်ရေးတွေကြောင့် ကိုယ်ဝန် ပျက်ကျသွားနိုင်ချေများပေမဲ့ သူမရဲ့ကလေးကတော့ အသက်ရှင်သန်နေသည်.

'ငါ ဒီလောက်ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာတောင် ကလေးက အသက်ရှင်နေသေးတယ်ဆိုတာကို ယုံတောင်မယုံနိုင်ဘူး...'

သူမကို စိတ်အေးအေးထားဖို့ ဝမ်းဆွဲသည်နှစ်ယောက်လုံးက ပြောခဲ့သည်. သူမ လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်ရေးက သူမကိုယ်တိုင်ရေးဆွဲထားတာမဟုတ်ပေ. အဲ့တာက နာမည်ကြီးတဲ့ ပထမတပ်ဖွဲ့က စီစဉ်ခဲ့တာဖြစ်သည်. ဒီလေ့ကျင့်ရေးတွေကြောင့် သေသွားတော့မယ်လို့ ခံစားခဲ့ရတဲ့အချိန်တွေ အများကြီးရှိခဲ့သည်.

'Rebecca...'

သူမသူငယ်ချင်းကို သတိရသွားတာကြောင့် Poliana ဝမ်းနည်းလာသည်. Lady Rebecca က ကိုယ်ဝန်ဆောင်ကာလအတွင်း အချိန်အများစုကို အိပ်ယာထဲမှာနေခဲ့ရပေမဲ့ သူမက ကလေးမွေးပြီးတော့ အသက်မရှင်သန်နိုင်ခဲ့ပေ. ရုတ်တရက် Poliana ကကြောက်လန့်ကာ တုန်လှုပ်လာသည်. လောလောဆယ်မှာ Lucius က လက်မထပ်ထားတဲ့သူဖြစ်နေတာက ကောင်းတဲ့အချက် ဖြစ်နေသည်. တကယ်လို့ သူက လက်ထပ်ထားတဲ့သူဖြစ်နေဆဲမှာ Poliana က ကိုယ်ဝန်ရှိလာခဲ့ရင်...

'အဲ့လိုဖြစ်ခဲ့ရင်တော့ ငါ့ကိုယ်ငါ သတ်သေလိုက်ဖို့ကလွဲပြီးတော့ ရွေးစရာမရှိတော့ဘူး..'

အဲ့တာက ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ? တကယ်လို့ အဲ့လိုသာ ဖြစ်ခဲ့ရင်တော့ Poliana က ဧကရာဇ်ရဲ့ဇနီးတွေကို မျက်နှာချင်းဆိုင်နိုင်တော့မှာ မဟုတ်ပေ. သူမက သူမကိုယ်သူမ ရှက်မိတာကြောင့် တကယ်သတ်သေမိလောက်သည်.

Poliana က အိမ်ပြန်ကာ ကိုယ်လက်သန့်စင်လိုက်သည်. သူမက ယူနီဖောင်းလဲကာ မင်းသမီး Luminae ကိုတွေ့ဖို့အတွက် ရဲတိုက်ဆီသွားလိုက်သည်. အရင်တုန်းက မင်းသမီးလေးဆီမှာ အမေ သုံးယောက် ရှိခဲ့ပေမဲ့ အခုတော့ သူမမှာ အမေတစ်ယောက်မှ မရှိတော့ပေ. မင်းသမီး Luminae ဆီမှာ မိသားစုဝင်ဆိုလို့ သူမဖခင်သာရှိပေမဲ့ ဒီလိုအခြေအနေက ဖြစ်နေကျမဟုတ်တာမျိုးတော့ မဟုတ်ပေ. မင်းသမီးဘေးနားမှာ ကလေးထိန်းတွေနဲ့ အကူတွေအများကြီး ရှိတာကြောင့် သူမက ဘယ်တော့မှ တစ်ကိုယ်တည်းဖြစ်မနေပေ. ပြီးတော့ အထက်တန်းလွှာတွေနဲ့ တော်ဝင်မိသားစုတွေက သူတို့ကလေးတွေကို ကိုယ်တိုင် ပြုစုပျိုးထောင်တာ မဟုတ်ပေ.

မင်းသမီး Luminae က မွေးကင်းစအခြေအနေကနေ ကျော်လွန်လာပြီဖြစ်သည်. သူမက လျင်မြန်စွာကြီးထွားဖွံ့ဖြိုးနေပြီး သူမအဖေ Lucius ကို ဂုဏ်ယူစေခဲ့သည်. အနည်းငယ်ပြည့်ဖောင်းလာပြီ ဖြစ်တဲ့ မင်းသမီးလေးကို အတော်ချစ်စရာကောင်းနေသည်. သူမက သူမမိဘတွေရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကိုသာ အမွေဆက်ခံထားသည်. မင်းသမီး Luminae က လှပလွန်းတာကြောင့် သူမအရွယ်ရောက်လာခဲ့ရင် သူမအဖေထက်တောင် ပိုပြီးတော့ လှလာနိုင်သေးတယ်လို့ လူတွေက ယုံကြည်နေကြသည်.

သူမဆီကို မကြာခဏ လာလည်နေကြ Poliana ကို မင်းသမီးလေးတွေ့သွားတော့ သူမကို မှတ်မိသွားကာ သူမရဲ့လက်တွေကို မြှောက်လာသည်. Poliana က မင်းသမီးလေးရဲ့ ပြည့်ဖောင်းနေတဲ့ လက်ချောင်းလေးတွေကို ကြည့်ကာ ပြုံးလိုက်သည်. Poliana က သူမမျက်နှာကို မင်းသမီးလေးရဲ့ ဝမ်းဗိုက်ပေါ်မှာ မြုပ်နှံလိုက်သည်. ကလေးရဲ့ အံ့အားသင့်စရာကောင်းတဲ့ ရနံ့နဲ့ သူမရဲ့နွေးထွေးမှုက သူမနဲ့ မရင်းနှီးပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် Poliana က ကလေးဘဝကို လွမ်းဆွတ်မိသွားသည်.

လူတိုင်းက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ ဘယ်သူကမှတော့ ကလေးဖြစ်ခဲ့ဖူးတဲ့အခြေအနေတွေကို မမှတ်မိကြပေ. သူတို့သေချာမမှတ်မိတော့တာကြောင့် သူတို့ကလေးဘဝက အချိန်တွေကို လူတွေက လွမ်းဆွတ်တတ်ကြတာဖြစ်နိုင်သည်.

Poliana က ခါးသီးစွာနဲ့ ပြုံးကာ မင်းသမီးကို တီးတိုးပြောလိုက်သည်.

"ကျွန်မ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီ မင်းသမီးလေး"

Poliana ရဲ့ သူငယ်ချင်းက မင်းသမီးရဲ့ အမေဖြစ်သည်. Rebecca က Poliana ပြောချင်တဲ့စကားတွေကို အချိန်မရွေးပြောလို့ရခဲ့တဲ့ သူတစ်ယောက်ဖြစ်သည်. သူတို့ခင်မင်မှုက ရိုးသားကာ စစ်မှန်ခဲ့သည်. ညစ်ညမ်းတဲ့စကားတွေ, အန္တရာယ်ရှိတဲ့အကြောင်းအရာတွေ, စိတ်ပျက်စရာကောင်းတဲ့ စကားတွေ, ကြောက်မက်ဖွယ်ရာအတွေးတွေ.... Poliana နဲ့ Rebecca တို့က သူတို့ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေခဲ့ကြသည်. တကယ်လို့ Rebecca က အသက်ရှင်နေသေးရင်တော့ Poliana က သူမကို ဒီအခြေအနေတွေနဲ့ ပတ်သက်ကာ ပြောပြလို့ရလောက်သည်.

အတိအကျပြောရရင်တော့ Rebecca သာ အသက်ရှင်နေသေးရင် ဒီလိုကိစ္စမျိုးက ဖြစ်လာမှာမဟုတ်ပေ. Poliana ဘယ်လောက်ပဲ အရက်မူးမူး သူမက လက်ထပ်ပြီးသား ယောက်ျားတစ်ယောက်ကို အမြတ်ထုတ်မှာ မဟုတ်ပေ.

Poliana က သေသွားတဲ့သူငယ်ချင်းရဲ့ ခင်ပွန်းနဲ့ အိပ်လိုက်မိတယ်.. ဒီစိတ်ပျက်စရာ ကောင်းတဲ့အတွေးကြောင့် သူမက ပိုပြီးတော့ ဝမ်းနည်းလာသည်.

'ငါ့ကိုယ်ငါ သတ်သေလိုက်တာ ကောင်းမလား?'

တကယ်လို့ Rebecca သာ အသက်ရှင်နေပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိလိုက်ရင် သူမ ဘယ်လိုတုန့်ပြန်လာမလဲ? သူမက Poliana ကို မုန်းတီးသွားမလား? သူမကို ရွံစရာအဖြစ် မြင်သွားမလား? ဒါမှမဟုတ် ဒီအဖြစ်အပျက်က ရယ်စရာကောင်းတယ်လို့ပြောကာ သူမကို ဆူပူပြောဆိုမလား? ဘာပဲဖြစ်ဖြစ်, Poliana က သူမသူငယ်ချင်းကို ပြန်လိုချင်နေသည်. သူမက Rebecca ကို လွမ်းဆွတ်နေသည်.

Poliana က စစ်သည်တစ်ယောက်ဖြစ်သည်. သူမက စစ်သည်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ခင်မင်မှုသံယောဇဉ်တွေ,အသက်မရှိတော့လူတစ်ယောက်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ခံစားချက်တွေကို အလေးအနက်မထားမိဖို့ သင်ယူခဲ့ရသည်. ဒါက သူမရဲ့စိတ်ခံစားချက်တွေအတွက် လိုအပ်ချက်ဖြစ်နေတာကြောင့် Poliana က Rebecca အကြောင်း တွေးမိနေတာကို ရပ်တန့်လိုက်သည်. သူမကို သတိရနေတာက Poliana အနေနဲ့ ပိုပြီးအပြစ်ရှိလာသလို ခံစားမိလိုက်သည်. သူမက ဒီကိစ္စနဲ့ပတ်သက်ကာ မကောင်းတဲ့ခံစားချက်က ရှိနေပြီးသားဖြစ်တာကြောင့် သူမခံစားချက်တွေ ပိုဆိုးအောင်လို့ ဘာမှထပ်လုပ်စရာမလိုအပ်တော့ပေ.

Poliana က မင်းသမီးလေးကို မေးလိုက်သည်.

"ကျွန်မ ဘာလုပ်ရမလဲဟင်?"

သေစမ်းပါဟာ!

သူမ ဘာလုပ်သင့်သလဲ? သူမက အမူးလွန်ကာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့သည်. တခြားလူတွေကလဲ အမူးလွန်ကာ အမှားတွေလုပ်ခဲ့ကြပေမဲ့ သူတို့ဘဝတွေကတော့ အဆင်ပြေနေခဲ့ပြီး သူမဘဝကျတော့ ခြေလှမ်းတစ်လှမ်းမှားခဲ့တာနဲ့ပဲ ဘာလို့ အများကြီးပြောင်းလဲသွားရတာလဲ? သူမက ဘာလို့ ကိုယ်ဝန်ရလာတာလဲ?

'ငါ အမှန်အတိုင်းပြောလိုက်ရမလား?'

ဧကရာဇ်နဲ့ Poliana တို့က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ မေ့ပစ်ဖို့ သဘောတူခဲ့ကြပေမဲ့ အခု ကလေးတစ်ယောက်ရှိလာတော့မှာဖြစ်သည်.

ကလေးတစ်ယောက်...

ဒါက သူတို့ မေ့ပစ်လို့ရမဲ့ အကြောင်းအရာမဟုတ်တော့ပေ. ဒါဆို သူမက Lucius ဆီကိုသွားပြီးတော့ အမှန်အတိုင်းပြောပြသင့်လား? ဒီအခြေအနေကို သူ့ကို ဘယ်လိုရှင်းပြရမလဲ?

"အရှင်... အဲ့ညအကြောင်းပြောရမှာ စိတ်မကောင်းပေမဲ့.. ကျွန်မ အဲ့ညရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကို ခံစားနေရတယ်"

ဒီလိုပြောလိုက်ရင် Lucius က သူမကို မေးလာနိုင်သည်.

"အို, ဘေးထွက်ဆိုးကျိုးက ဘာများလဲ?"

တကယ်လို့ သူမက

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ" လို့ ပြန်ဖြေလိုက်ရင် ဧကရာဇ်က ဘယ်လိုများ တုန့်ပြန်လာမလဲ?

Continue Reading

You'll Also Like

135K 12.1K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
156K 12.9K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
239K 25.3K 200
This is second translation book for Immortal Mortal webnovel. Original author - Goosefive