မင္း!...[COMPLETED]

By qutirah

15.6K 1.6K 284

သြားစမ္းပါ...အို္ဆယ္ဟြန္း...ငါမင္းတို႔လိုလူေတြကိုရြံလြန္းလို႔... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတ... More

•1•
°2°
•3•
•4•
•5•
•6•
•7•
•8•
•9•
•10•
•11•
•12•
•13•
•14•
•15•
•16•
•18•
•20•
•21•
•17•
•22•
•23•
•24•
•25•
•26•
•27•
•28•
•29•
•30•
•31•
•32•
•33•
•34•
•35•
ပစ္ထားမိတာအတြက္ေတာင္းပန္ပါတယ္..
•36•
•37•
•38•
•39•
•40•
•41•
•42•
•43•
•44•
•45•
•46•
•47•
•FINAL•

•19•

213 31 2
By qutirah

အျပင္ကၾကည့္ရံုတင္.တကယ္
ခမ္းနားတဲ့နာမည္ႀကီးအထည္
ဆိုင္တစ္ဆိုင္ရဲ႕ေ႐ွ႕မွာမင္ဟို
ရဲ႕ကားရပ္သြားသည္...။
မင္ဟိုကားေပၚကဆင္းသြားကာ
ဂြၽန္ေျမာင္ဘက္ကိုသြားလိုက္ၿပီး
ကားတံခါးဖြင့္ေပးလိုက္သည္..။
ဒါကိုေၾကာင္ၾကည့္ေနတဲ့
ဂြၽန္ေျမာင္ေၾကာင့္...

"ငယ္.....ဆင္းေလ.."

"အစ္ကို...စားေသာက္ဆိုင္
သြားမွာဆို..."

"အင္းေလ..သြားမယ္ေလ..
မသြားခင္ငယ့္ကိုအက်ႌ
ဝယ္ေပးမလို႔..."

"ဟင္!..ငယ့္အတြက္လား.."

"ဂ်ံဳအင္ေျပာတယ္မလား...
ငယ့္မွာအက်ႌေကာင္းေကာင္း
ေတြမ႐ွိဘူးဆို..."

"မဟုတ္ဘူးေလ...အဲဒါ...."

"လာပါ...ေရာက္ပဲေရာက္ေန
ၿပီကို...လာ..."

မင္ဟိုဆြဲေခၚရာ ထိုဆိုင္ထဲကို
ဂြၽန္ေျမာင္တစ္ေယာက္ယက္ကန္
ယက္ကန္နဲ႔ပါသြားရျပန္ပါၿပီ...။

"ငယ္...ႀကိဳက္တာေရြးလိုက္..
တစ္ထည္ႏွစ္ထည္တည္း
လုပ္မေနနဲ႔....ႀကိဳက္တဲ့ဟာမွန္
သမ်ွယူ....အစ္ကို ဝယ္ေပးမယ္"

ဒါကိုလည္းဂြၽန္ေျမာင္ေလးက
ျပဴးၾကည့္ေနတုန္းပဲဆိုေတာ့....
မင္ဟို အဲ့ကဝန္ထမ္းေကာင္မ
ေလးတစ္ေယာက္ကိုေခၚကာ...

"သူနဲ႔လိုက္တာေလးေတြ
ေရြးေပးပါ..."

"ဟုတ္ကဲ့.."

ဆိုၿပီးဝန္ထမ္းမေလးကဆိုင္ရဲ႕
အတြင္းပိုင္းကိုဝင္သြားသည္...။
အဲေတာ့မွဂြၽန္ေျမာင္အစ္ကို႔ရဲ႕
ေဘးကိုကပ္သြားၿပီး...

"အစ္ကို...ဘာလို႔ဝယ္ေပးေနတာ
လဲ...မလိုဘူးလို႔ဆိုေန.."

"ငယ္ ကအစ္ကို႔ေစတနာကို
လက္မခံဘူးေပါ့ေလ.."

"အဲ...အဲလိုေတာ့မဟုတ္ပါဘူး.."

"မဟုတ္ဘူးဆိုရင္လည္း
အစ္ကိုဝယ္ေပးတာကိုလက္ခံ
လိုက္ေလ....ေဟာ!..ဟိုမွာ
ယူလာၿပီ..."

"ဧည့္သည္နဲ႔လိုက္မယ့္ဟာ
ေလးေတြေရြးလာေပးပါတယ္..
ဟိုကအခန္းထဲမွာသြားဝတ္ၾကည့္
လိုက္ပါ..."

ဝန္ထမ္းမေလးလက္ထဲထည့္
ေပးလိုက္တဲ့အက်ႌေတြကို
မသိမသာေလးေစ်းႏႈန္းၾကည့္
လိုက္မိသည္...။
ဝွါး...ဂြၽန္ေျမာင္ေသြးေတာင္
တက္ခ်င္သြားတယ္...။
အက်ႌတစ္ထည္တည္းတင္ကို
သူ႔ရဲ႕ဆရာဝန္လစာႏွစ္လစာ
ေလာက္ေတာင္႐ွိတယ္...။
ဒါေတြကိုသူဘယ္လိုလက္ခံရ
မွာလဲ...။
လက္မခံျပန္ရင္လည္းအစ္ကိုက
စိတ္ေကာင္းမွာမဟုတ္ဘူး..။
ဟူး.....။

......

ဆိုင္ရဲ႕ဆိုဖာေပၚမွာမင္ဟိုထိုင္
ေစာင့္ေနတုန္း...

"အစ္ကို.."
ဂြၽန္ေျမာင္ေရာက္လာတယ္..။

ဦးထုပ္ပါတဲ့ hoddie
ခဲေရာင္ကိုအထဲကခံဝတ္ထား
ၿပီးအျပင္ကေနဒူးအထိ႐ွည္
တဲ့long coat အျပာႏုေရာင္
ေလးကိုထပ္ဝတ္ထားတယ္...။
ဂ်င္းအနက္ရယ္....ဘြတ္အျဖဴ
ေလးရယ္ပါထပ္ေပါင္းလိုက္
ေတာ့ငယ္ကတကယ့္ကို
ခ်စ္စရာ...။
ခပ္အုပ္အုပ္ခ်ထားတဲ့ဆံပင္
ေရႊအိုေရာင္ေလးနဲ႔ငယ္က
ပါးရဲရဲေလးေတြကလည္း
ေဖာင္းေဖာင္းေလးနဲ႔...။
ငယ့္ ကိုၾကည့္ေနရင္းမင္ဟို
ျပံဳးမိသည္...။
အရမ္းေတြခ်စ္ဖို႔ေကာင္းေနတာ
ပဲ...ငယ္က...။

"အရမ္းခ်စ္ဖို႔ေကာင္းတယ္.."

"ဟင္..."

"ခ်စ္ဖို႔ေကာင္းတယ္လို႔...

ဂြၽန္ေျမာင္ကိုၾကည့္ၿပီးျပံဳးကာ
ေျပာေနရင္းမွမင္ဟိုကတစ္ခုခု
ကိုသတိရသြားဟန္ျဖင့္..

"ေအာ!....သူ႔နဲ႔လိုက္မယ့္အက်ႌ
ေလးေတြေနာက္ထပ္ေရြးၿပီး
ထည့္ေပးပါ...တစ္ခါတည္း
ေစာင့္ယူသြားမယ္..."

"ဟုတ္ကဲ့..."

°°°°°

ညစာစားေတာ့လည္းနာမည္ႀကီး
စားေသာက္ဆိုင္မွာပဲဆိုေတာ့
ဂြၽန္ေျမာင္မွာဝင္ရမွာတြန္႔ဆုတ္
တြန္႔ဆုတ္ေတာင္ျဖစ္မိသည္...။
သူ႔တစ္သက္နဲ႔တစ္ကိုယ္
ဒီလိုေစ်းႀကီးေပးရတဲ့အဝတ္
အစားေတြဝတ္ၿပီးဒီလိုနာမည္
ႀကီးစားေသာက္ဆိုင္မွာ
ညစာလာမစားဖူးခဲ့...။
တကယ္ေတာ့စိတ္ကူးေတာင္
မယဥ္ဖူးခဲ့တာပါ..။

"သြားၾကမယ္...ငယ္...
အစားအေသာက္ေတြက
ခုဆို ရေတာင္ရေနေလာက္ၿပီ...
ကိုယ္ကငယ္ေစာင့္ေနရမွာ
စိုးလို႔အေစာကတည္းက
ႀကိဳျပင္ခိုင္းထားတာ.."

"ဟုတ္.."

စားေသာက္ဆိုင္ထဲကိုယွဥ္တြဲ
ဝင္သြားေသာႏွစ္ေယာက္ကို
ၾကည့္ၿပီးဆယ္ဟြန္းမ်က္ခံုးေတြ
တြန္႔ခ်ိဳးမိသည္...။
အိမ္အထိလဲကိုယ္တိုင္သြား
ေခၚတယ္....။
အဝတ္ေတြလည္းဝင္ဝယ္
ေပးတယ္...။
ညစာကိုလည္းအျပင္မွာတူတူ
စားၾကတယ္ဆိုေတာ့....
ဒီႏွစ္ေယာက္ဆက္ဆံေရးက
သာမာန္ထက္ပိုေနတယ္လို႔
ဆယ္ဟြန္းေတြးမိသည္....။
ဂြၽန္ေျမာင္သူ႔ကိုျငင္းလိုက္တာ
ကဒီေကာင္ေၾကာင့္ေတာ့မဟုတ္
ဘူးမလား....။

......

အသားေတြကိုေသခ်ာလွီးၿပီး
ျဖည္းျဖည္းခ်င္းဝါးစားေနတဲ့
ဂြၽန္ေျမာင္ကိုမင္ဟိုျပံဳးရင္း
ၾကည့္ေနမိသည္....။
တကယ္ေတာ့သူ..ဒီည...ငယ္ကို
ဖြင့္ေျပာဖို႔စီစဥ္ထားတာ..။

"ငယ္.."

"ဟင္..."

ငယ္ ကအသားေတြလွီးေနရင္း
ကေနေမာ့ၾကည့္လာတယ္..။

"ငယ့္ကိုအစ္ကိုေျပာစရာ႐ွိတယ္"

"အင္း...ေျပာေလ..."

"ခ်စ္တယ္..."

ထိုစကားၾကားေတာ့ငယ္ကသူ႔
ကိုေၾကာင္ၾကည့္တယ္...။

"အစ္ကို...ငယ့္..ကိုခ်စ္တယ္..
ကိုယ့္အခ်စ္ကိုလက္ခံေပးႏိုင္
မလား...."

"အဟြတ္..အဟြတ္.."

႐ုတ္တရက္ႀကီးငယ္က
စားလက္စေတြနင္လာတာမို႔
ေဘးကေရခြက္ကိုစိုးရိမ္တႀကီး
နဲ႔တိုးေပးလိုက္သည္...။

"ငယ္ရရဲ႕လား....ေရေသာက္
လိုက္ဦး.."

"အဟြတ္..အဟြတ္..ရတယ္္..
အဟြတ္.."

ငယ္ကရတယ္ေျပာၿပီး
လက္တကာကာနဲ႔ေရေသာက္
ေနတယ္...။
မ်က္ႏွာေတြလည္းနီရဲလို႔...။

"ငယ္...ရလား..ေရယူဦးမလား.."

"ဟင့္အင္း...ရၿပီ..အစ္ကို....
အဟင္း...ရသြားၿပီ..."

"ေျဖးေျဖးစားေပါ့..ငယ္ရယ္...
ခုေတာ့နင္ၿပီ..ၾကည့္ဦး..."

စိုးရိမ္တႀကီးနဲ႔ေျပာတဲ့
အစ္ကိုကပဲမသိတာလားေလ..။
ငယ္ကအျမန္စားလိုက္လို႔
နင္တာမဟုတ္ဘဲ အစ္ကို႔ဆီက
ခ်စ္တယ္ဆိုတဲ့စကားကို
ၾကားလိုက္ရလို႔လန္႔သြားတယ္
ဆိုတာ..။
.....

နည္းနည္းအေျခအေနေတြျပန္
တည္ၿငိမ္လာမွအစ္ကိုက
စကားစ.တယ္..။

"ဒါနဲ႔..ငယ္..ခုနကအစ္ကို
ေျပာတဲ့စကားေလး ငယ္
ဘယ္လိုသေဘာရလဲ..."

"ဟင္..အင္း...အဲဒါလား..
အဲဒါက....ဟို..."

အၾကည့္ေတြကဟိုေရာက္လိုက္
ဒီေရာက္လိုက္ျဖင့္ ငယ္က
စိတ္လႈပ္႐ွားေနသည္ထင္
ပါသည္...။
အဲဒါနဲ႔သူလည္း
ငယ္ ဆက္ေျပာလာမယ့္
စကားကိုရင္ခုန္စြာ
ေစာင့္ေနလိဳက္သည္...။
ငယ့္ရဲ႕ညီအေျပာအရဆိုရင္
ငယ္ကေသခ်ာေပါက္သူ႔ကို
ခ်စ္တယ္လို႔အေျဖျပန္ေပးမွာပဲ..။
ကိုယ့္အေတြးနဲ႔ကိုယ္မင္ဟို
ေက်နပ္အားရစြာျပံဳးေနတုန္း
မွာပဲ.....

"ငယ့္ကိုအခ်ိန္ေပးပါ အစ္ကို..
ခ်က္ခ်င္းႀကီးငယ့္ဘက္က
အေျဖျပန္မေပးႏိုင္ေသးဘူး.."

ငယ့္ ရဲ႕ထိုစကားေၾကာင့္
သူ႔အျပံဳးေတြေပ်ာက္ကြယ္သြား
ရသည္...။
သူထင္တာက ငယ္ကသူ႔ကို
ခ်က္ခ်င္းပဲအေျဖျပန္ေပးလိမ့္
မယ္လို႔....။
ဒါေပမယ့္လဲ...အခ်ိန္နည္းနည္း
ထပ္ေစာင့္လိုက္ရလို႔ ငယ့္
အေျဖကေျပာင္းလဲသြားမွာမွ
မဟုတ္တာ...။

"အင္း...ငယ္ႀကိဳက္သေလာက္
အခ်ိန္ယူပါ..အစ္ကိုေစာင့္
ပါ့မယ္..."

"ဟုတ္..."

တက္ႂကြစြာ
ျပံဳးရင္းေျပာလာတဲ့ငယ္ေၾကာင့္
မင္ဟိုသေဘာက်စြာျပံဳးလိုက္
ရင္း....

"စားေလ...
ေျဖးေျဖးစား....ေတာ္ၾကာထပ္
နင္ေနဦးမယ္.."

"ဟာ....အစ္ကိုေနာ္..."

"ဟား..ဟား...စတာပါ...စား.."

°°°°°

ေဆးရံုကပန္းျခံမွာဂြၽန္ေျမာင္
ထိုင္ေနတုန္းေဘးနား
တစ္စံုတစ္ေယာက္ေရာက္လာ
တယ္လို႔ခံစားရလို႔လွည့္
ၾကည့္လိုက္ေတာ့.....

"ဟင္...ဆယ္ဟြန္း..."

"ကိုယ္ဒီမွာခနထိုင္မယ္..ရလား.."

"အင္း..ရတယ္..ထိုင္ေလ.."

ဂြၽန္ေျမာင္ေဘးဘက္ကို
နည္းနည္းတိုးေပးလိုက္ေတာ့
ဆယ္ဟြန္းကဝင္ထိုင္တယ္...။

"ဒါနဲ႔..ဆယ္ဟြန္း....မင္း
ခုတေလာငါ့ဆီမေရာက္လာဘူး
ေနာ.."

"ဒီလိုပါပဲ....အလုပ္ေလးေတြ
မ်ားေနလို႔..."

ဆယ္ဟြန္းရဲ႕အေျဖကိုဂြၽန္ေျမာင္
ေခါင္းတၿငိမ့္ၿငိမ့္နဲ႔လက္ခံရင္း
ေ႐ွ႕ကပန္းေရာင္စံုေတြဆီကို
အၾကည့္ပို႔လိုက္တယ္..။
အခ်ိန္တစ္ခုၾကာသည္အထိ
သူတို႔ႏွစ္ေယာက္ၾကားထဲ
တိတ္ဆိတ္လို႔ေနသည္...။
ထိုတိတ္ဆိတ္မႈကိုစတင္ၿဖိဳခြင္း
လိုက္သူကဆယ္ဟြန္း...။

"ဂြၽန္ေျမာင္..."

"အင္း..."

"ကိုယ္မင္းကိုေမးစရာ႐ွိတယ္.."

"အင္း..."

မေမးခင္သူဂြၽန္ေျမာင္ကို
လွည့္ၾကည့္လိုက္သည္...။
ပန္းပင္ေတြဆီသာအၾကည့္ပို႔ထား
တဲ့ဂြၽန္ေျမာင္ကသူေမးမယ့္
ေမးခြန္းကိုေတာ့ေစာင့္ေနဟန္...။

"မင္းကိုယ့္ကိုတစ္ခါကေျပာဖူး
တယ္မလား....မင္းဆီမွာ
ကိုယ္ကလြဲျပီးတစ္ျခားမိတ္ေဆြ
ေတြသူငယ္ခ်င္းေတြမ႐ွိဘူးဆိုတာေလ......အခုေရာ....
အခုေရာမင္းရဲ႕သူငယ္ခ်င္းက
ကိုယ္တစ္ေယာက္တည္း
ပဲလား...."

ထိုေမးခြန္းဆံုးေတာ့ဂြၽန္ေျမာင့္
ရဲ႕မ်က္ဆံေလးေတြလႈပ္လွုပ္
႐ွား႐ွားျဖစ္လာသည္...။

"ဟင့္အင္း...ခုေတာ့မင္း
တစ္ေယာက္တည္းမဟုတ္ေတာ့
ဘူး....ငါနဲ႔ငယ္ကတည္းက
ခင္ခဲ့တဲ့အစ္ကိုတစ္ေယာက္နဲ႔
ျပန္ေတြ႔တယ္..."

"အစ္ကို?..."

"အင္း....အရမ္းခင္ခဲ့ရတဲ့
အစ္ကိုေပါ့..."

ဒါဆိုခြၽဲမင္ဟိုနဲ႔ဂြၽန္ေျမာင္က
ငယ္ကတည္းကသိခဲ့ၾကတဲ့သူ
ေတြပဲ.....။
Mr ထင္ေနသလိုခြၽဲမင္ဟို
ဘက္ကလူမဟုတ္ဘဲနဲ႔ဒီတိုင္း
အသိေတြပဲကိုး...။
ဒါေပမယ့္ စိတ္ထဲဘဝင္မက်
တာတစ္ခု႐ွိေနတယ္...။
ဂြၽန္ေျမာင္ကအဲ့ဒီေကာင္အေၾကာင္းေျပာေနတဲ့အခ်ိန္မွာ
ႏႈတ္ခမ္းေတြတင္မကဘဲ
မ်က္ဝန္းေတြကပါျပံဳးေန
သလားလို႔....။
သူဂြၽန္ေျမာင္အေၾကာင္းေတြး
ရင္ျဖစ္သြားတတ္သလိုေလ...။
အား....မဟုတ္တ႐ုတ္ဝင္လာ
တဲ့အေတြးေတြကိုဆယ္ဟြန္း
ခ်က္ခ်င္းပဲေခါင္းထဲကထုတ္
ပစ္လိုက္သည္...။
မျဖစ္ႏိုင္တာေတြမလား...။
ခြၽဲမင္ဟိုဆိုတဲ့ေကာင္လို
ဂိုဏ္းခ်ဳပ္ကိုဂြၽန္ေျမာင္က.......
မျဖစ္ႏိုင္ဘူး...ဘယ္လိုမွမျဖစ္
ႏိုင္ဘူး....။

°°°°°

ေကာင္တာမွာေမးလိုက္ေတာ့
ငယ္ ကေဆးရံုပန္းျခံမွာ
႐ွိေနေလာက္မယ္ဆိုတာနဲ႔
သူေဆးရံုပန္းျခံဆီကိဳဦးတည္
လိုက္သည္...။
ပန္းျခံထဲေရာက္လို႔ဟိုဟိုဒီဒီ
ေဝ့ဝဲ႐ွာမိေတာ့....
ေတြ႔လိုက္ပါၿပီေလ....မလွမ္း
မကမ္းကခံုတစ္ခံုနဲ႔တစ္ေယာက္
ေယာက္နဲ႔စကားေျပာေနေသာ
ေက်ာျပင္ငယ္ေလး...။
သူျပံဳးရင္းထိုေနရာကိုေလ်ွာက္
သြားလိုက္သည္...။

"ငယ္..."

သူေခၚလိုက္ေတာ့ငယ္ကေမာ့
ၾကည့္လာသလိုေဘးကလူ
ကလည္းေမာ့ၾကည့္လာသည္..။
ထိုလူကိုျမင္လိုက္ရတဲ့အခိုက္
မင္ဟို မ်က္ခံုးေတြတြန္႔ခ်ိဳးမိ
သလိုအံ့လည္းအံျသသြားရ
သည္...။
ငယ္ကဘယ္လိုလုပ္အိုဆယ္ဟြန္း
နဲ႔...

"အာ..အစ္ကိုေရာက္လာတာလား.."

ဂြၽန္ေျမာင္ကမတ္တပ္ရပ္ရင္း
မင္ဟိုကိုႏႈတ္ဆက္လိုက္ေပမယ့္
ဆယ္ဟြန္းနဲ႔အၾကည့္ခ်င္းစစ္
ျဖစ္ေနတဲ့မင္ဟိုကမၾကားပါ...။
တစ္ေယာက္ကိုတစ္ေယာက္
အၾကည့္စူးစူးေတြနဲ႔ၾကည့္ေန
ၾကတဲ့ထိုႏွစ္ေယာက္ၾကား
ဂြၽန္ေျမာင္မွာဘာမွနားမလည္
ဘဲသူတို႔ကိုသာ
ရပ္ၾကည့္ေနရသည္...။

Tbc°°°°

အပြင်ကကြည့်ရုံတင်.တကယ်
ခမ်းနားတဲ့နာမည်ကြီးအထည်
ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာမင်ဟို
ရဲ့ကားရပ်သွားသည်...။
မင်ဟိုကားပေါ်ကဆင်းသွားကာ
ဂျွန်မြောင်ဘက်ကိုသွားလိုက်ပြီး
ကားတံခါးဖွင့်ပေးလိုက်သည်..။
ဒါကိုကြောင်ကြည့်နေတဲ့
ဂျွန်မြောင်ကြောင့်...

"ငယ်.....ဆင်းလေ.."

"အစ်ကို...စားသောက်ဆိုင်
သွားမှာဆို..."

"အင်းလေ..သွားမယ်လေ..
မသွားခင်ငယ့်ကိုအကျႌ
ဝယ်ပေးမလို့..."

"ဟင်!..ငယ့်အတွက်လား.."

"ဂျုံအင်ပြောတယ်မလား...
ငယ့်မှာအကျႌကောင်းကောင်း
တွေမရှိဘူးဆို..."

"မဟုတ်ဘူးလေ...အဲဒါ...."

"လာပါ...ရောက်ပဲရောက်နေ
ပြီကို...လာ..."

မင်ဟိုဆွဲခေါ်ရာ ထိုဆိုင်ထဲကို
ဂျွန်မြောင်တစ်ယောက်ယက်ကန်
ယက်ကန်နဲ့ပါသွားရပြန်ပြီ...။

"ငယ်...ကြိုက်တာရွေးလိုက်..
တစ်ထည်နှစ်ထည်တည်း
လုပ်မနေနဲ့....ကြိုက်တဲ့ဟာမှန်
သမျှယူ....အစ်ကို ဝယ်ပေးမယ်"

ဒါကိုလည်းဂျွန်မြောင်လေးက
ပြူးကြည့်နေတုန်းပဲဆိုတော့....
မင်ဟို အဲ့ကဝန်ထမ်းကောင်မ
လေးတစ်ယောက်ကိုခေါ်ကာ...

"သူနဲ့လိုက်တာလေးတွေ
ရွေးပေးပါ..."

"ဟုတ်ကဲ့.."

ဆိုပြီးဝန်ထမ်းမလေးကဆိုင်ရဲ့
အတွင်းပိုင်းကိုဝင်သွားသည်...။
အဲတော့မှဂျွန်မြောင်အစ်ကို့ရဲ့
ဘေးကိုကပ်သွားပြီး...

"အစ်ကို...ဘာလို့ဝယ်ပေးနေတာ
လဲ...မလိုဘူးလို့ဆိုနေ.."

"ငယ် ကအစ်ကို့စေတနာကို
လက်မခံဘူးပေါ့လေ.."

"အဲ...အဲလိုတော့မဟုတ်ပါဘူး.."

"မဟုတ်ဘူးဆိုရင်လည်း
အစ်ကိုဝယ်ပေးတာကိုလက်ခံ
လိုက်လေ....ဟော!..ဟိုမှာ
ယူလာပြီ..."

"ဧည့်သည်နဲ့လိုက်မယ့်ဟာ
လေးတွေရွေးလာပေးပါတယ်..
ဟိုကအခန်းထဲမှာသွားဝတ်ကြည့်
လိုက်ပါ..."

ဝန်ထမ်းမလေးလက်ထဲထည့်
ပေးလိုက်တဲ့အကျႌတွေကို
မသိမသာလေးဈေးနှုန်းကြည့်
လိုက်မိသည်...။
ဝှါး...ဂျွန်မြောင်သွေးတောင်
တက်ချင်သွားတယ်...။
အကျႌတစ်ထည်တည်းတင်ကို
သူ့ရဲ့ဆရာဝန်လစာနှစ်လစာ
လောက်တောင်ရှိတယ်...။
ဒါတွေကိုသူဘယ်လိုလက်ခံရ
မှာလဲ...။
လက်မခံပြန်ရင်လည်းအစ်ကိုက
စိတ်ကောင်းမှာမဟုတ်ဘူး..။
ဟူး.....။

......

ဆိုင်ရဲ့ဆိုဖာပေါ်မှာမင်ဟိုထိုင်
စောင့်နေတုန်း...

"အစ်ကို.."
ဂျွန်မြောင်ရောက်လာတယ်..။

ဦးထုပ်ပါတဲ့ hoddie
ခဲရောင်ကိုအထဲကခံဝတ်ထား
ပြီးအပြင်ကနေဒူးအထိရှည်
တဲ့long coat အပြာနုရောင်
လေးကိုထပ်ဝတ်ထားတယ်...။
ဂျင်းအနက်ရယ်....ဘွတ်အဖြူ
လေးရယ်ပါထပ်ပေါင်းလိုက်
တော့ငယ်ကတကယ့်ကို
ချစ်စရာ...။
ခပ်အုပ်အုပ်ချထားတဲ့ဆံပင်
ရွှေအိုရောင်လေးနဲ့ငယ်က
ပါးရဲရဲလေးတွေကလည်း
ဖောင်းဖောင်းလေးနဲ့...။
ငယ့် ကိုကြည့်နေရင်းမင်ဟို
ပြုံးမိသည်...။

အရမ်းတွေချစ်ဖို့ကောင်းနေတာ
ပဲ...ငယ်က...။


"အရမ်းချစ်ဖို့ကောင်းတယ်.."

"ဟင်..."

"ချစ်ဖို့ကောင်းတယ်လို့...

ဂျွန်မြောင်ကိုကြည့်ပြီးပြုံးကာ
ပြောနေရင်းမှမင်ဟိုကတစ်ခုခု
ကိုသတိရသွားဟန်ဖြင့်..

"အော!....သူ့နဲ့လိုက်မယ့်အကျႌ
လေးတွေနောက်ထပ်ရွေးပြီး
ထည့်ပေးပါ...တစ်ခါတည်း
စောင့်ယူသွားမယ်..."

"ဟုတ်ကဲ့..."

°°°°°

ညစာစားတော့လည်းနာမည်ကြီး
စားသောက်ဆိုင်မှာပဲဆိုတော့
ဂျွန်မြောင်မှာဝင်ရမှာတွန့်ဆုတ်
တွန့်ဆုတ်တောင်ဖြစ်မိသည်...။
သူ့တစ်သက်နဲ့တစ်ကိုယ်
ဒီလိုဈေးကြီးပေးရတဲ့အဝတ်
အစားတွေဝတ်ပြီးဒီလိုနာမည်
ကြီးစားသောက်ဆိုင်မှာ
ညစာလာမစားဖူးခဲ့...။
တကယ်တော့စိတ်ကူးတောင်
မယဉ်ဖူးခဲ့တာပါ..။

"သွားကြမယ်...ငယ်...
အစားအသောက်တွေက
ခုဆို ရတောင်ရနေလောက်ပြီ...
ကိုယ်ကငယ်စောင့်နေရမှာ
စိုးလို့အစောကတည်းက
ကြိုပြင်ခိုင်းထားတာ.."

"ဟုတ်.."

စားသောက်ဆိုင်ထဲကိုယှဉ်တွဲ
ဝင်သွားသောနှစ်ယောက်ကို
ကြည့်ပြီးဆယ်ဟွန်းမျက်ခုံးတွေ
တွန့်ချိုးမိသည်...။
အိမ်အထိလဲကိုယ်တိုင်သွား
ခေါ်တယ်....။
အဝတ်တွေလည်းဝင်ဝယ်
ပေးတယ်...။
ညစာကိုလည်းအပြင်မှာတူတူ
စားကြတယ်ဆိုတော့....
ဒီနှစ်ယောက်ဆက်ဆံရေးက
သာမာန်ထက်ပိုနေတယ်လို့
ဆယ်ဟွန်းတွေးမိသည်....။
ဂျွန်မြောင်သူ့ကိုငြင်းလိုက်တာ
ကဒီကောင်ကြောင့်တော့မဟုတ်
ဘူးမလား....။

......

အသားတွေကိုသေချာလှီးပြီး
ဖြည်းဖြည်းချင်းဝါးစားနေတဲ့
ဂျွန်မြောင်ကိုမင်ဟိုပြုံးရင်း
ကြည့်နေမိသည်....။
တကယ်တော့သူ..ဒီည...ငယ်ကို
ဖွင့်ပြောဖို့စီစဉ်ထားတာ..။

"ငယ်.."

"ဟင်..."

ငယ် ကအသားတွေလှီးနေရင်း
ကနေမော့ကြည့်လာတယ်..။

"ငယ့်ကိုအစ်ကိုပြောစရာရှိတယ်"

"အင်း...ပြောလေ..."

"ချစ်တယ်..."

ထိုစကားကြားတော့ငယ်ကသူ့
ကိုကြောင်ကြည့်တယ်...။

"အစ်ကို...ငယ့်..ကိုချစ်တယ်..
ကိုယ့်အချစ်ကိုလက်ခံပေးနိုင်
မလား...."

"အဟွတ်..အဟွတ်.."

ရုတ်တရက်ကြီးငယ်က
စားလက်စတွေနင်လာတာမို့
ဘေးကရေခွက်ကိုစိုးရိမ်တကြီး
နဲ့တိုးပေးလိုက်သည်...။

"ငယ်ရရဲ့လား....ရေသောက်
လိုက်ဦး.."

"အဟွတ်..အဟွတ်..ရတယ််..
အဟွတ်.."

ငယ်ကရတယ်ပြောပြီး
လက်တကာကာနဲ့ရေသောက်
နေတယ်...။
မျက်နှာတွေလည်းနီရဲလို့...။

"ငယ်...ရလား..ရေယူဦးမလား.."

"ဟင့်အင်း...ရပြီ..အစ်ကို....
အဟင်း...ရသွားပြီ..."

"ဖြေးဖြေးစားပေါ့..ငယ်ရယ်...
ခုတော့နင်ပြီ..ကြည့်ဦး..."

စိုးရိမ်တကြီးနဲ့ပြောတဲ့
အစ်ကိုကပဲမသိတာလားလေ..။
ငယ်ကအမြန်စားလိုက်လို့
နင်တာမဟုတ်ဘဲ အစ်ကို့ဆီက
ချစ်တယ်ဆိုတဲ့စကားကို
ကြားလိုက်ရလို့လန့်သွားတယ်
ဆိုတာ..။
.....

နည်းနည်းအခြေအနေတွေပြန်
တည်ငြိမ်လာမှအစ်ကိုက
စကားစ.တယ်..။

"ဒါနဲ့..ငယ်..ခုနကအစ်ကို
ပြောတဲ့စကားလေး ငယ်
ဘယ်လိုသဘောရလဲ..."

"ဟင်..အင်း...အဲဒါလား..
အဲဒါက....ဟို..."

အကြည့်တွေကဟိုရောက်လိုက်
ဒီရောက်လိုက်ဖြင့် ငယ်က
စိတ်လှုပ်ရှားနေသည်ထင်
ပါသည်...။
အဲဒါနဲ့သူလည်း
ငယ် ဆက်ပြောလာမယ့်
စကားကိုရင်ခုန်စွာ
စောင့်နေလိုက်သည်...။
ငယ့်ရဲ့ညီအပြောအရဆိုရင်
ငယ်ကသေချာပေါက်သူ့ကို
ချစ်တယ်လို့အဖြေပြန်ပေးမှာပဲ..။
ကိုယ့်အတွေးနဲ့ကိုယ်မင်ဟို
ကျေနပ်အားရစွာပြုံးနေတုန်း
မှာပဲ.....

"ငယ့်ကိုအချိန်ပေးပါ အစ်ကို..
ချက်ချင်းကြီးငယ့်ဘက်က
အဖြေပြန်မပေးနိုင်သေးဘူး.."

ငယ့် ရဲ့ထိုစကားကြောင့်
သူ့အပြုံးတွေပျောက်ကွယ်သွား
ရသည်...။
သူထင်တာက ငယ်ကသူ့ကို
ချက်ချင်းပဲအဖြေပြန်ပေးလိမ့်
မယ်လို့....။
ဒါပေမယ့်လဲ...အချိန်နည်းနည်း
ထပ်စောင့်လိုက်ရလို့ ငယ့်
အဖြေကပြောင်းလဲသွားမှာမှ
မဟုတ်တာ...။

"အင်း...ငယ်ကြိုက်သလောက်
အချိန်ယူပါ..အစ်ကိုစောင့်
ပါ့မယ်..."

"ဟုတ်..."

တက်ကြွစွာ
ပြုံးရင်းပြောလာတဲ့ငယ်ကြောင့်
မင်ဟိုသဘောကျစွာပြုံးလိုက်
ရင်း....

"စားလေ...
ဖြေးဖြေးစား....တော်ကြာထပ်
နင်နေဦးမယ်.."

"ဟာ....အစ်ကိုနော်..."

"ဟား..ဟား...စတာပါ...စား.."

°°°°°

ဆေးရုံကပန်းခြံမှာဂျွန်မြောင်
ထိုင်နေတုန်းဘေးနား
တစ်စုံတစ်ယောက်ရောက်လာ
တယ်လို့ခံစားရလို့လှည့်
ကြည့်လိုက်တော့.....

"ဟင်...ဆယ်ဟွန်း..."

"ကိုယ်ဒီမှာခနထိုင်မယ်..ရလား.."

"အင်း..ရတယ်..ထိုင်လေ.."

ဂျွန်မြောင်ဘေးဘက်ကို
နည်းနည်းတိုးပေးလိုက်တော့
ဆယ်ဟွန်းကဝင်ထိုင်တယ်...။

"ဒါနဲ့..ဆယ်ဟွန်း....မင်း
ခုတလောငါ့ဆီမရောက်လာဘူး
နော.."

"ဒီလိုပါပဲ....အလုပ်လေးတွေ
များနေလို့..."

ဆယ်ဟွန်းရဲ့အဖြေကိုဂျွန်မြောင်
ခေါင်းတငြိမ့်ငြိမ့်နဲ့လက်ခံရင်း
ရှေ့ကပန်းရောင်စုံတွေဆီကို
အကြည့်ပို့လိုက်တယ်..။
အချိန်တစ်ခုကြာသည်အထိ
သူတို့နှစ်ယောက်ကြားထဲ
တိတ်ဆိတ်လို့နေသည်...။
ထိုတိတ်ဆိတ်မှုကိုစတင်ဖြိုခွင်း
လိုက်သူကဆယ်ဟွန်း...။

"ဂျွန်မြောင်..."

"အင်း..."

"ကိုယ်မင်းကိုမေးစရာရှိတယ်.."

"အင်း..."

မမေးခင်သူဂျွန်မြောင်ကို
လှည့်ကြည့်လိုက်သည်...။
ပန်းပင်တွေဆီသာအကြည့်ပို့ထား
တဲ့ဂျွန်မြောင်ကသူမေးမယ့်
မေးခွန်းတော့ကိုစောင့်နေဟန်...။

"မင်းကိုယ့်ကိုတစ်ခါကပြောဖူး
တယ်မလား....မင်းဆီမှာ
ကိုယ်ကလွဲပြီးတစ်ခြားမိတ်ဆွေ
တွေသူငယ်ချင်းတွေမရှိဘူးဆိုတာလေ......အခုရော....
အခုရောမင်းရဲ့သူငယ်ချင်းက
ကိုယ်တစ်ယောက်တည်း
ပဲလား...."

ထိုမေးခွန်းဆုံးတော့ဂျွန်မြောင့်
ရဲ့မျက်ဆံလေးတွေလှုပ်လှုပ်
ရှားရှားဖြစ်လာသည်...။

"ဟင့်အင်း...ခုတော့မင်း
တစ်ယောက်တည်းမဟုတ်တော့
ဘူး....ငါနဲ့ငယ်ကတည်းက
ခင်ခဲ့တဲ့အစ်ကိုတစ်ယောက်နဲ့
ပြန်တွေ့တယ်..."

"အစ်ကို?..."

"အင်း....အရမ်းခင်ခဲ့ရတဲ့
အစ်ကိုပေါ့..."

ဒါဆိုချွဲမင်ဟိုနဲ့ဂျွန်မြောင်က
ငယ်ကတည်းကသိခဲ့ကြတဲ့သူ
တွေပဲ.....။
Mr ထင်နေသလိုချွဲမင်ဟို
ဘက်ကလူမဟုတ်ဘဲနဲ့ဒီတိုင်း
အသိတွေပဲကိုး...။
ဒါပေမယ့် စိတ်ထဲဘဝင်မကျ
တာတစ်ခုရှိနေတယ်...။
ဂျွန်မြောင်ကအဲ့ဒီကောင်အကြောင်းပြောနေတဲ့အချိန်မှာ
နှုတ်ခမ်းတွေတင်မဟုတ်ဘဲ
မျက်ဝန်းတွေကပါပြုံးနေ
သလားလို့....။
သူဂျွန်မြောင်အကြောင်းတွေး
ရင်ဖြစ်သွားတတ်သလိုလေ...။
အား....မဟုတ်တရုတ်ဝင်လာ
တဲ့အတွေးတွေကိုဆယ်ဟွန်း
ချက်ချင်းပဲခေါင်းထဲကထုတ်
ပစ်လိုက်သည်...။
မဖြစ်နိုင်တာတွေမလား...။
ချွဲမင်ဟိုဆိုတဲ့ကောင်လို
ဂိုဏ်းချုပ်ကိုဂျွန်မြောင်က.......
မဖြစ်နိုင်ဘူး...ဘယ်လိုမှမဖြစ်
နိုင်ဘူး....။

°°°°°

ကောင်တာမှာမေးလိုက်တော့
ငယ် ကဆေးရုံပန်းခြံမှာ
ရှိနေလောက်မယ်ဆိုတာနဲ့
သူဆေးရုံပန်းခြံဆီကိုဦးတည်
လိုက်သည်...။
ပန်းခြံထဲရောက်လို့ဟိုဟိုဒီဒီ
ဝေ့ဝဲရှာမိတော့....
တွေ့လိုက်ပါပြီလေ....မလှမ်း
မကမ်းကခုံတစ်ခုံနဲ့တစ်ယောက်
ယောက်နဲ့စကားပြောနေသော
ကျောပြင်ငယ်လေး...။
သူပြုံးရင်းထိုနေရာကိုလျှောက်
သွားလိုက်သည်...။

"ငယ်..."

သူခေါ်လိုက်တော့ငယ်ကမော့
ကြည့်လာသလိုဘေးကလူ
ကလည်းမော့ကြည့်လာသည်..။
ထိုလူကိုမြင်လိုက်ရတဲ့အခိုက်
မင်ဟို မျက်ခုံးတွေတွန့်ချိုး
သလိုအံ့လည်းအံသြသွားရ
သည်...။
ငယ်ကဘယ်လိုလုပ်အိုဆယ်ဟွန်း
နဲ့...

"အာ..အစ်ကိုရောက်လာတာလား.."

ဂျွန်မြောင်ကမတ်တပ်ရပ်ရင်း
မင်ဟိုကိုနှုတ်ဆက်လိုက်ပေမယ့်
ဆယ်ဟွန်းနဲ့အကြည့်ချင်းစစ်
ဖြစ်နေတဲ့မင်ဟိုကမကြားပါ...။
တစ်ယောက်ကိုတစ်ယောက်
အကြည့်စူးစူးတွေနဲ့ကြည့်နေ
ကြတဲ့နှစ်ယောက်ကြား
ဂျွန်မြောင်မှာဘာမှနားမလည်
ဘဲသူတို့ကိုသာ
ရပ်ကြည့်နေရသည်...။

Tbc°°°°






Continue Reading

You'll Also Like

2M 57.4K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
360K 12.3K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
2.7K 275 121
HD က အစအဆုံးတစ္ေနရာတည္း မဆံ့လို႔ ZG book သက္သက္လုပ္ေပးထားတာပါ။ ႏွလုံးသားမ႐ွိဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ သတ္မွတ္ထားတဲ့လူတစ္ေယာက္‌ဆီက ႏွလုံးသားကို ဒီဇင္ဘ...
207K 9.4K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...