ငါတို့တစ်မိသားစုလုံးက ဗီလိန်...

Bởi Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... Xem Thêm

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 53

12.4K 1.8K 72
Bởi Kay_Wine

MWFV Ch 53

Ahaha!

Zawgyi Version

ေနာက္တစ္ရက္တနလၤာေန႔၌ စုေပႏွင့္ စုေရွာင္ေပါင္တို႔ စာသင္ခန္းထဲသို႔ ေရာက္ရွိလာခ်ိန္မွာ ၎တို႔၏ အတန္းေဖာ္မ်ားက လာမယ့္အပတ္တြင္ က်င္းပမည့္ ေက်ာင္းအားကစားပြဲေတာ္အေၾကာင္း ေဆြးေႏြးျခင္းျဖင့္ အလုပ္မ်ားေနခဲ့ၾကတယ္။

“ငါတို႔ ဒီဟာကို ဒီတိုင္း အရင္ႏွစ္တုန္းကလိုပဲ လုပ္လိုက္ၾကမလား?”

“မလုပ္နဲ႔, မလုပ္နဲ႔။ ဆန္းသစ္တီထြင္မႈ မရွိလြန္းရာက်တယ္, ေနာက္ၿပီး ဝမ္ယာ့လီလည္း မလုပ္ေလာက္ဘူးလို႔ ငါထင္တယ္”

“နင္ အဲ့ေလာက္ထိ ဆန္းသစ္တီထြင္ခ်င္ေနတယ္ ဆိုရင္လည္း ေမာ့က်ိဳးက်ိဳးကိုသာ မ်က္လွည့္ပြဲတစ္ပြဲ လုပ္ခိုင္းလိုက္ပါေတာ့လား”

-----

စုေပက ခဏၾကာတဲ့အထိ နားေထာင္‌ေနခဲ့ေပမယ့္ အခုထိ သူတို႔ရဲ႕စကားေတြကို လုံးဝနားမလည္ခဲ့ေလဘူး။ “လူတိုင္း တကယ္ႀကီး အားကစားပြဲေတာ္အေၾကာင္းပဲ ေဆြးေႏြးေနၾကတာေရာ ဟုတ္ရဲ႕လား?” သူမလည္း ကူကယ္ရာမဲ့စြာနဲ႔ တုန႔္ဝိန္ခ်ီရဲ႕လက္ကိုဆြဲကာ တိုးတိုးေလးေမးလိုက္တယ္။ သူတို႔က မ်က္လွည့္ပြဲ‌ေတြ ဘာေတြေတာင္ ေျပာေနၾကတာ‌။ အဲဒါက အားကစားပြဲေတာ္အေၾကာင္း ေဆြးေႏြး‌တာထက္စာရင္ အႏုပညာေဖ်ာ္ေျဖတင္ဆက္မႈအေၾကာင္း ေဆြးေႏြး‌ေနတာနဲ႔ေတာင္ ပိုတူေနေသးတယ္ေလ။

“ေသခ်ာတာေပါ့ဟ,” တုန႔္ဝိန္ခ်ီကေျပာတယ္ : “အတိအက်ေျပာရရင္ လူတိုင္းလူတိုင္းက ဖြင့္ပြဲအခမ္းအနားအတြက္ ငါတို႔အတန္းရဲ႕ ၿပိဳင္ပြဲဝင္စီတန္းလွည့္လည္မႈအဖြဲ႕အေၾကာင္း ေဆြးေႏြးေနၾကတာေလ”

ေက်ာင္းအားကစားပြဲေတာ္၏ ဖြင့္ပြဲအခမ္းအနားတြင္ အတန္းတိုင္းမွ ၿပိဳင္ပြဲဝင္စီတန္းလွည့္လည္ျခင္းအတြက္ ၎တို႔ တီထြင္ဖန္တီးထားေသာအဖြဲ႕အား ျပသၾကရမွာျဖစ္တယ္။ ဘယ္သူက ဒီအစဥ္အလာကို စတင္ျပဳလုပ္ခဲ့သလဲဆိုတာကို မည္သူမွ မသိၾကေပမယ့္လည္း ေက်ာင္းသားအခ်ိဳ႕ကေတာ့ တစ္ျခားေသာ အတန္းေတြထက္သာေအာင္ စီတန္းလွည့္လည္မႈအဖြဲ႕ အသစ္အဆန္းေတြကို စတင္ တီထြင္ဖန္တီးေနၾကၿပီ ျဖစ္တယ္။ ဒီထုံးတမ္းအစဥ္အလာက တစ္ႏွစ္ၿပီးတစ္ႏွစ္ လက္ဆင့္ကမ္းေဆာင္႐ြက္လာခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲဝင္စီတန္းလွည့္လည္မႈဟာဆိုရင္ အားကစားပြဲေတာ္၏ စိတ္ဝင္စားဖြယ္အေကာင္းဆုံးအပိုင္းအျဖစ္သို႔ ေျပာင္းလဲသြားခဲ့တာျဖစ္တယ္။ အတန္းတိုင္းက အေကာင္းဆုံးစီတန္းလွည့္လည္မႈအဖြဲ႕ ဒီဇိုင္း‌ေရးဆြဲရန္အတြက္ သူတို႔ရဲ႕ဦးေႏွာက္‌ေတြ ေျခာက္ခမ္းသြားရေလာက္တဲ့အထိ စဥ္းစားၾကရတဲ့အျပင္ တရားဝင္အမွတ္‌ေပး အကဲျဖတ္စနစ္ကိုပါ ရင္ဆိုင္ၾကရမွာျဖစ္တယ္။

ဒီအခ်ိန္မွာပဲ အတန္း ၈-၇ မွ ေက်ာင္းသားမ်ားဟာဆိုရင္ အဖြဲ႕၏ ေခါင္းေဆာင္ေနရာ ေ႐ြးခ်ယ္ေရးအတြက္ တိုင္ပင္ေဆြးေႏြးေနခဲ့ၾကတယ္။

“ငါအတည္ေျပာေနတာ, နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးစုကိုပဲ ဒီတိုင္း အတူတူသာထည့္လိုက္စမ္းပါ။ အေရွ႕မွာ နတ္ဘုရားႏွစ္ေယာက္နဲ႔ဆိုရင္ ဘာမွ သိပ္ဆန္းဆန္းျပားျပား မလုပ္ဖူးဆိုရင္ေတာင္မွ ငါတို႔ေတြ ထိပ္ဆုံးသုံးေနရာကို က်ိန္းေသေပါက္ရလိမ့္မယ္လို႔ ငါေျပာရဲတယ္”

“ဒါကယုတၱိရွိတယ္”

“ဒါဆိုရင္လည္း ငါတို႔ ဒီခမ္းနားႀကီးက်ယ္ၿပီး ခက္ခဲၾကမ္းတမ္းတဲ့တာဝန္‌ကို နင့္ကိုပဲ ယုံယုံၾကည္ၾကည္နဲ႔ အပ္ႏွံလိုက္ေတာ့မယ္။ ေက်းဇူးျပဳၿပီး နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးစုကို သြားေမးေပးပါလား”

“ငါမေမးရဲပါဘူးဟာ” အဲ့ဒီနတ္ဘုရားႏွစ္ေယာက္ကေလ, သူတို႔က တကယ္ႀကီး ၾကည့္ေကာင္းတာေတာ့ မွန္ေပမယ့္ သူတို႔ရဲ႕စ႐ိုက္ေတြကေတာ့... ေျပာၾကေၾကးဆိုရင္ နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးစုတို႔က ဘာျဖစ္လို႔မ်ား အတန္း ၈-၂ က သခင္ေလးယဲ့လိုမ်ိဳး မႏူးညံ့ၾကရတာလဲ?

႐ုတ္တရက္, အတန္းေခါင္းေဆာင္ႏွင့္ အႏုပညာေကာ္မတီ အဖြဲ႕ဝင္က စုေပကို စိတ္အားထက္သန္စြာနဲ႔ ၾကည့္လာၾကတယ္။

စုေပက မ်က္ခုံးပင့္လိုက္ၿပီး : “နင္တို႔က ငါ့ကို သူတို႔ဆီ သြားေျပာေစခ်င္တာလား?”

ဒါကလြယ္လြယ္ေလးပါပဲ။ စုေရွာင္ေပါင္က သူမစကားကို အၿမဲနားေထာင္တယ္ေလ။ ေနာက္ၿပီး ရွဲ႕မင္႐ႊမ္း, သူလည္း သိပ္အခက္ႀကီးေတာ့ ျဖစ္မယ္မထင္ေပါင္?

“မဟုတ္ေသးဘူး” အတန္းေခါင္းေဆာင္က သူမေခါင္းကို ခါလိုက္တယ္ : “ငါတို႔ အခုေလးတင္ ပိုေကာင္းတဲ့အႀကံတစ္ခုရၿပီဟ”

“ငါတို႔ စီတန္းလွည့္လည္တဲ့အဖြဲ႕က ပြဲက်င္းပတဲ့ေနရာကို ဝင္တဲ့အခါက်ရင္ နင္ ေခါင္းေဆာင္လုပ္ေပးလို႔ရမလား?” စုေပက ေခ်ာေမာလွပၿပီးေတာ့ တစ္ေက်ာင္းလုံးကလည္း ေက်ာင္းအလွပန္းေလးအျဖစ္ ေ႐ြးခ်ယ္ျခင္း ခံထားရတဲ့သူပဲေလ။ သူမကသာ ေခါင္းေဆာင္ျဖစ္ဖို႔အတြက္ အသင့္ေတာ္ဆုံးေပါ့။

စုေပ : “ေခါင္းေဆာင္က ထူးျခားတာတစ္ခုခု လုပ္ျပရမွာလား?”

အႏုပညာေကာ္မတီအဖြဲ႕ဝင္ : “မဟုတ္ဘူးဟ။ ပြဲက်င္းပတဲ့ေနရာကို ဝင္တဲ့အခါ ငါတို႔ကို ေနရာခ်ထားေပးထားတဲ့ သတ္မွတ္ေနရာကို မေရာက္ခင္အထိ နင္က ငါတို႔လူေတြကို ဦးေဆာင္ၿပီးေတာ့ ဒီတိုင္း စင္ျမင့္ေရွ႕ကေန ျဖတ္ေလွ်ာက္ေပး႐ုံပါပဲ။ နင့္ရဲ႕တစ္ဖက္တစ္ခ်က္စီမွာ အတူတူ လိုက္ေလွ်ာက္ေပးမယ့္ တစ္ျခားလူ ႏွစ္ေယာက္ကိုလည္း ငါတို႔ေ႐ြးရအုန္းမွာ။ တစ္‌ေယာက္က အတန္းနာမည္ကတ္ျပားကို ကိုင္ၿပီးေတာ့ ေနာက္တစ္ေယာက္က အတန္းအလံကို ကိုင္ရမွာေလ”

စုေပက ခဏေလာက္ စဥ္းစားလိုက္တယ္။ ဒါက သိပ္မခက္ခဲတာေၾကာင့္ သူမ အလြယ္တကူပဲ ေခါင္းၿငိမ့္လိုက္တယ္ : “အိုေကေလ”

“ေကာင္းလိုက္တာ, တစ္ေယာက္ရၿပီေဟ့!” အတန္းေခါင္းေဆာင္က စုေပထံ ေပ်ာ္႐ႊင္စြာနဲ႔ ေျပာလိုက္တယ္ : “စုေပ, ခဏ‌ေစာင့္ေပးပါလား။ ငါတို႔ တစ္ျခားႏွစ္ေယာက္ကို အခုပဲ ေ႐ြးလိုက္ခ်င္လို႔‌ေလ။ ဒါၿပီးရင္ နင္တို႔ သုံးေယာက္သား အတူတူ စည္းဝါးကိုက္ ေလ့က်င့္လို႔ရတာေပါ့”

ေခါင္းေဆာင္ကို အတည္ျပဳၿပီးတဲ့ေနာက္ ေနာက္တစ္ဆင့္အေနနဲ႔ စီတန္းလွည့္လည္မႈအဖြဲ႕၏ theme ကို ေ႐ြးခ်ယ္ၾကရမွာျဖစ္တယ္။ လူတိုင္း ျငင္းခုံေနၾကစဥ္မွာပဲ လ်ိဳ႕ခိုင္ႏွင့္ တုယီမင္တို႔က ၾကားျဖတ္ဝင္ေျပာလိုက္တယ္ : “အားလုံးပဲ!, ေနာက္ဆုံးရသတင္းေဟ့!”

“ဘယ္လို‌ေနလဲ?”

“ေသခ်ာေပါက္ ငါတို႔ရလိုက္တာေပါ့! ငါတို႔ကို ေလွ်ာ့မတြက္ၾကစမ္းပါနဲ႔” လ်ိဳ႕ခိုင္ႏွင့္ တုယီမင္က ေလွ်ာက္လာၿပီး စကားစလာခဲ့တယ္။

လ်ိဳ႕ခိုင္ : “ဒါက စိတ္ခ်လို႔ရတဲ့သတင္း‌ေတြေနာ္။ အတန္း ၈-၁ ရဲ႕ main theme က သိပၸံပညာတဲ့။ သူတို႔ျပင္ဆင္ေနၾကတဲ့ ပစၥည္းအသုံးအေဆာင္ေတြအားလုံးက သိပၸံနည္းက်သုေတသနျပဳလုပ္တာေတြနဲ႔ အားလုံးဆက္စပ္ေနတာတဲ့”

“စာၾကမ္းပိုး ငေၾကာင္ေကာင္ေတြကေတာ့ ထင္တဲ့အတိုင္းပဲ, သူတို႔ theme က ေသာက္ရမ္းပ်င္းဖို႔ေကာင္းတယ္,” အႏုပညာေကာ္မတီအဖြဲ႕ဝင္တစ္ေယာက္က ခပ္႐ိုင္း႐ိုင္း မွတ္ခ်က္ျပဳတယ္။ “ဒါဆို တစ္ျခားအတန္းေတြကေရာ?”

တုယီမင္ : “အတန္း ၈-၃ ရဲ႕ theme က ဟန႔္ဖူ (Hanfu), အတန္း ၈-၄ က နတ္သမီးခုႏွစ္ေဖာ္ (seven fairies), အတန္း ၈-၅ က Honor of Kings, အတန္း ၈-၆ က Marvel heroes, အတန္း ၈-၈ က... နင္တို႔သိလား, အတန္း ၈-၈ ကေလ တစ္တန္းလုံး ခြၽမ္လိ့ပုံစံ (Chunli) cosplay လုပ္ဖို႔ ျပင္ေနၾကတဲ့ပုံပဲဟ။ ဟားဟားဟား...”

အတန္းေခါင္းေဆာင္ : “အတန္း ၈-၂ ကိုေရာ နင္စုံစမ္းလို႔ရခဲ့လား?” သူတို႔ရဲ႕ စီတန္းလွည့္လည္တဲ့အဖြဲ႕က မႏွစ္က ပထမေနရာကို ရယူသြားခဲ့တာျဖစ္တယ္။

လ်ိဳ႕ခိုင္ : “မသတ္မွတ္ရေသးဘူးတဲ့။ သိရသေလာက္ေတာ့ သူတို႔က Saint Seiya theme အတြက္ ေငြပမာဏ မ်ားမ်ားစားစား သုံးဖို႔ စီစဥ္‌ေနၾကတယ္တဲ့။ ဘယ္လိုပဲလုပ္လုပ္, သူတို႔အတန္းေခါင္းေဆာင္က သေဘာတူၿပီးသားပဲတဲ့, ေနာက္ၿပီး စုန႔္ရွင္းယီရွိတာ‌လည္း ပါမွာေပါ့”

“ဒါဆို စုန႔္ရွင္းယီက အသီနာ (Athena) ေနရာကေန cosplay လုပ္‌ေတာ့မွာေပါ့!”

“အဲလိုပဲျဖစ္ေလာက္တယ္။ ဖိုရမ္ထဲက လူေတာ္ေတာ္မ်ားမ်ား ေျပာေနၾကတာေတာ့ သူတို႔က စုန႔္ရွင္းယီရဲ႕ အသီနာကို ေစာင့္ေမွ်ာ္ေနၾကတယ္ဆိုပဲ”

စုန႔္ရွင္းယီက ယခင္ေက်ာင္းအလွပန္းေလးတစ္ေယာက္ျဖစ္ကာ သူမက လူႀကိဳက္မ်ားတဲ့ နတ္ဘုရားမ တစ္ပါးလည္းျဖစ္တယ္။ သူမအား အဖြဲ႕ေခါင္းေဆာင္‌ေနရာမွာ ထားလိုက္ျခင္းက အာ႐ုံစိုက္မႈ အေျမာက္အမ်ားအား ခ်က္ခ်င္းဆိုသလို သိမ္းက်ဳံးရယူႏိုင္တာေၾကာင့္ အဲဒါက အေကာင္းဆုံး ေ႐ြးခ်ယ္မႈတစ္ခုဆိုတာ အသိသာႀကီးပင္ျဖစ္တယ္။ သူတို႔အတန္းမွာ ဒီေက်ာင္းျမက္ခင္းစိမ္းေလး ယဲ့ခ်န္ရွိေနေသးတယ္ဆိုတာ ေျပာေနစရာေတာင္ မလိုေတာ့ေခ်။ ေဘးခ်င္းယွဥ္လိုက္တာနဲ႔တင္ သူတို႔က တကယ့္နတ္ဘုရားမတစ္ပါးနဲ႔ သူမရဲ႕ ကိုယ္ရံေတာ္သူရဲေကာင္းတစ္‌ေယာက္ကဲ့သို႔ပင္။

“အတန္း ၈-၂ ကိုယွဥ္မယ္ဆိုတဲ့ ငါတို႔ရဲ႕စြန႔္စားမႈေလးက ေမွ်ာ္လင့္ခ်က္မဲ့ေနတယ္လို႔ ငါစၿပီး ခံစားေနရၿပီေနာ္...”

“နင့္ရဲ႕အဆိုးျမင္ဝါဒီေတြကို ငါတို႔အ‌ေပၚလာမျဖန႔္စမ္းပါနဲ႔! ဒီႏွစ္ ငါတို႔အတန္းရဲ႕ lineup က သူတို႔ထက္မနိမ့္ပါဘူး။ သူတို႔မွာ စုန႔္ရွင္းယီရွိတယ္ဆိုရင္‌ ငါတို႔မွာလည္း စုေပရွိတာပဲေလ!”

တစ္စုံတစ္ေယာက္က အႀကဳံျပဳတယ္ : “ငါတို႔ ဒီႏွစ္ Calabash Brothers ပုံစံ cosplay လုပ္ၾကမယ္ဆိုရင္ေရာ ဘယ္လိုလဲ?”

“ဟားဟား, နင္က စုေပကို ေႁမြဘုရင္မ (Snake Spirit) ပုံစံ cosplay လုပ္ေစခ်င္တာလား?”

“ဒါဆို နာမည္ကတ္ျပားနဲ႔ အတန္းအလံကို ကိုင္မယ့္လူေတြက ဖားနဲ႔ ကင္းေျခမ်ားေတြ (Frog and Centipede Spirit) ျဖစ္ရေတာ့မွာမလား?”

ေနာက္ထပ္ တစ္စုံတစ္‌ေယာက္ကလည္း အႀကံေပးတယ္ : “ဒါမွမဟုတ္ အေနာက္အရပ္သို႔ခရီးသြားျခင္း (Journey to the West) ဆိုရင္ေရာ?”

“နင္က စုေပကို အ႐ိုးျဖဴစုန္းမ (White Bone Spirit) ဒါမွမဟုတ္ မိန္းမလွကြၽန္းကဘုရင္မ (Queen of the Womenland) လိုမ်ိဳး cosplay လုပ္ေစခ်င္တာလား?”

“ဒါမွမဟုတ္ ကြမ္ယင္မယ္ေတာ္ (Boddhisattva Guanyin) ဆိုရင္ေရာ?”

...

စုေပ : “...” သူတို႔ ပုံမွန္ဟာမ်ိဳးေလး‌ အႀကံမေပးတတ္ၾကေတာ့ဘူးလား?

ကံ‌ေကာင္းေထာက္မစြာနဲ႔ စိတ္မွန္တဲ့သူတစ္‌ေယာက္က ေနာက္ဆုံးေတာ့ စကားေျပာလာခဲ့တယ္။ ဒီတစ္ခ်ိန္လုံး ေတာက္ေလွ်ာက္ အိပ္ပဲအိပ္ေနခဲ့တဲ့ ရွဲ႕မင္႐ႊမ္းက ႐ုတ္တရက္ စားပြဲခုံကေန မတ္တပ္ထရပ္လိုက္ကာ လူအုပ္ႀကီးကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ စိတ္မရွည္စြာနဲ႔ ေျပာလိုက္တယ္ : “ပုံမွန္အိုင္ဒီယာေတြပဲေ႐ြးၾကစမ္းပါ”

“အယ္, ဒီဟာေတြက ပုံမွန္မဟုတ္ဘူးလား?”

“လုံးဝပဲ”

“ေဟ်ာင့္ေတြ, မင္းတို႔ၾကားၾကလား? အစ္ကို႐ႊမ္းက ငါတို႔ကို ပုံမွန္အိုင္ဒီယာေတြပဲ ေ႐ြးလို႔ ေျပာေနတယ္ေနာ္”

“ငါလည္း‌ေ႐ြးခ်င္တာပါပဲ, ဒါေပမယ့္ ငါတို႔ၿပိဳင္ဘက္ကလည္း ထူးဆန္းေနတာႀကီးကို, အာ”

“စကားမစပ္, ဘယ္လိုအိုင္ဒီယာမ်ိဳးက ‘ပုံမွန္’ ျဖစ္တာလဲဟင္?”

“သမား႐ိုးက် suits ဝတ္စုံေတြနဲ႔ပဲ ပြဲထြက္မယ္ဆိုရင္ေရာ ဘယ္လိုလဲ?”

“ေသခ်ာေပါက္ အဆင္ေျပတာေပါ့။ ဒါေပမယ့္ ဆန္းသစ္တီထြင္မႈ တစိမွ မရွိတဲ့ပုံေပါက္ေနတယ္ေလ....”

......

“Multi-eras theme ဆိုရင္ေရာ?” အျပင္းအထန္ စဥ္းစားၿပီး‌တဲ့ေနာက္ စုေပက အႀကံတစ္ခု ေပးလိုက္တယ္။

“Multi-eras theme?” အတန္းေခါင္းေဆာင္ရဲ႕မ်က္ဝန္းေတြ ေတာက္ပလာခဲ့တယ္ : “အဲဒါဘာႀကီးလဲ? ငါတို႔ကို ရွင္းျပပါလား”

စုေပ : “အၾကမ္းဖ်င္းေျပာျပရရင္ ငါတို႔က ေခတ္ကာလမ်ိဳးစုံက ေက်ာင္းသားေတြလိုမ်ိဳး ဝတ္စားၾကရမွာမ်ိဳးပဲ”

အတန္းေခါင္းေဆာင္ : “ေဟး, ဒါ စိတ္ဝင္စားဖို႔ေကာင္းသားပဲဟ”

တစ္ျခားသူေတြကလည္း ဒီဟာက မဆိုးဘူးလို႔ ေတြးေနခဲ့ၾကတယ္။

“ဒါျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ငါထင္တယ္”

“အေတာ္ေလး သာမာန္ျဖစ္ေပမယ့္လည္း အဲဒါက အရမ္းႀကီး ၿငီးေငြ႕စရာေကာင္းမွာ မဟုတ္ေလာက္ဘူး”

“ငါလည္း အဲဒါက အိုေက‌ေလာက္တယ္လို႔ထင္တယ္။ အခ်ိန္ကာလအမ်ိဳးမ်ိဳးက ေက်ာင္းသားေတြပုံစံ လုပ္ရမွာမ်ိဳးက နတ္ဆိုး‌ေတြပုံစံ ကိုယ္ဟန္ျပရမွာထက္သာတယ္ေလ”

“တစ္ျခားအတန္းေတြ အဲဒါကို ႀကိဳက္မႀကိဳက္ေတာ့ ငါမသိဘူး, ဒါေပမယ့္ ဆရာ၊ဆရာမေတြကေတာ့ ႀကိဳက္မွာ ေသခ်ာတယ္, ဟီးဟီး”

...

အတန္းေခါင္းေဆာင္က ေနာက္ဆုံးေတာ့ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္ : “ဒါဆို အဲ့ဒါပဲ လုပ္လိုက္ၾကမယ္ေလ”

တုန႔္ဝိန္ခ်ီ : “အဝတ္အစားေတြအတြက္ကေတာ့ ငါ့ပဲ အပ္ထားလိုက္။ နင္တို႔ရဲ႕အတိုင္းအတာေတြကိုသာ ငါ့ကိုေပး, ၿပီးရင္ ငါ့အေမကို သူ႔စတူဒီယိုက‌လူေတြနဲ႔ ဒီလာၿပီး စီစဥ္စရာရွိတာေတြ စီစဥ္ေပးပါလို႔ အကူအညီေတာင္းလိုက္မယ္”

ထို႔ေနာက္ တုန႔္ဝိန္ခ်ီက စုေပကိုဆြဲၿပီး တိုးတိုးေလးေျပာလိုက္တယ္ : “ဘာမွမ‌ပူနဲ႔, စုေပ။ ဒီတစ္ေခါက္ ငါ ငါ့အေမကို နင့္အတြက္ အရမ္းအရမ္းကိုမိုက္တဲ့ဝတ္စုံတစ္စုံ ဒီဇိုင္းဆြဲ‌ေပးပါလို႔ က်ိန္းေသေပါက္ကို ေျပာေပးအုန္းမွာ!”

ဒီဟာက အရင္တစ္စုံထက္ ပိုသာေနေစရမယ္!

[T/N : အေရွ႕မွာေရးခဲ့တဲ့ cosplay theme ေတြကို ျပန္ရွင္းျပထားတာပါ။ ၾကားထဲမွာဆိုရင္ ဖတ္ရတာ ရႈပ္ေနမွာစိုးလို႔ တစ္ပိုင္းလုံးၿပီးေတာ့မွပဲ ေရးလိုက္တာပါ။

Hanfu : တ႐ုတ္ႏိုင္ငံ၏ ေရွးေဟာင္းသမိုင္းဝင္ ဟန္ေခတ္မွ ဝတ္စားဆင္ယင္ထုံးဖြဲ႕မႈစတိုင္လ္မ်ား။

Seven fairies : ေရွးေခတ္တ႐ုတ္႐ိုးရာပုံျပင္မ်ားတြင္ ေကာင္းကင္ဘုံ၏ မိခင္ဘုရင္မႀကီးထံ၌ သမီးအျဖစ္ နတ္သမီးခုႏွစ္ေဖာ္ရွိကာ လူသားမ်ားႏွင့္ ခ်စ္ႀကိဳက္ျခင္း အေၾကာင္းမ်ားပါဝင္သည့္ ပုံျပင္မ်ားစြာ၏ ကိုးကားမွီျငမ္းရာျဖစ္သည္။

Honor of Kings : Tencent မွ ထုတ္လုပ္ျဖန႔္ခ်ီေသာ multiplayer online battle game ျဖစ္သည္။

Chunli : Street Fighter အမည္ရွိ ဂိမ္းထဲမွ အမ်ိဳးသမီး ဇာတ္ေကာင္ျဖစ္သည္။

Saint Seiya : မ်ားစြာေသာရန္သူတို႔ႏွင့္ နတ္ဘုရားမ အသီနာ၏ တိုက္ပြဲအတြင္း၌ ၎နတ္ဘုရားမ၏ ျပန္လည္ဝင္စားျခင္းအား ကာကြယ္ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ အမ်ိဳးသားစစ္သည္‌ေတာ္မ်ားအေၾကာင္း ေရးသားထားေသာ နာမည္ႀကီး Japanese manga တစ္ခုျဖစ္သည္။

Calabash Brothers : ၁၉၈၀ ျပည့္ႏွစ္‌ေနာက္ပိုင္းမွစ၍ အလြန္တရာ လူႀကိဳက္မ်ားေသာ တ႐ုတ္ animation တစ္ခုျဖစ္သည္။ Calabash တြင္ေမြးဖြားခဲ့ၾကၿပီး မေကာင္းဆိုးဝါး ဝိဉာဥ္‌ေပါင္းမ်ားစြာအား တိုက္ထုတ္ခဲ့ၾကေသာ ညီအစ္ကိုခုႏွစ္ေယာက္အေၾကာင္းျဖစ္သည္]


[Moon's Note : ညာဖက္ျခမ္းက Calabash Brothers ပါ။ သူတို႔က ၇+၁ ညီအစ္ကိုေတြပါ။ နာမည္ေတြကလည္း သူတို႔ဝတ္ထားတဲ့ အဝတ္အစားအေရာင္အတိုင္း နာမည္ေပးထားတာ။ ဘယ္ဖက္ျခမ္းကေတာ့ စုေပကို cosplay လုပ္ခိုင္းတဲ့ ေႁမြဘုရင္မရယ္၊ ေဘးကႏွစ္ေယာက္အတြက္ ဖားနဲ႔ ကင္းေျခမ်ားပါ]


[Moon's Note : Bonus အေနနဲ႔ စုေပရဲ႕ ေႁမြဘုရင္မပုံပါ။ ဒီ theme ႀကီးလုပ္ျဖစ္သြားၿပီး ဟိုႏွစ္ေယာက္က ဖားနဲ႔ ကင္းေျခမ်ားႀကီးသာ ျဖစ္သြားၾကည့္ အေတာ္ၾကည့္ေကာင္းေနမွာေနာ္... lol]

တစ္ခ်ိန္တည္းမွာပဲ ခ်င္ Group ၏ ဥကၠဌ႐ုံးခန္းတြင္ျဖစ္သည္။

လင္းမိသားစု၏ ဥကၠဌငယ္ေလးမွ Mr.ခ်င္ႏွင့္အတူ ‘NST ကုမၸဏီ’ အေၾကာင္းအား ေဆြးေႏြးေနစဥ္တြင္ျဖစ္သည္။

“ဒီျပပြဲရဲ႕ရလဒ္က ေကာင္းသားပဲ” Mr.ခ်င္က လင္းေရွာက္ခ်ီအား ဖြင့္ပြဲအခမ္းအနားႏွင့္ ထုတ္ကုန္ျပပြဲတို႔အေပၚ အေကာင္းျမင္ အကဲျဖတ္မႈတစ္ခု ေပးခဲ့တယ္။

လင္းေရွာက္ခ်ီကၿပဳံးကာ, “ဒါေတြအားလုံးက Mr.ခ်င္ရဲ႕ ပံ့ပိုးမႈေက်းဇူးေတြေၾကာင့္ပါဗ်ာ”

ခ်င္ Group ၏ ပံ့ပိုးမႈသာမရွိခဲ့ဘူးဆိုရင္ ဒီစီမံကိန္းႀကီး ဘယ္ေလာက္ေကာင္းေကာင္း လင္း Group က ေသခ်ာေပါက္ အခုလို အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးစီးသြားေအာင္ လုပ္ႏိုင္လိမ့္မည္မဟုတ္ေခ်။

အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍ Mr.ခ်င္က ဘာမွတ္ခ်က္မွ မေပးခဲ့‌ေခ်။

“မင္း network security အေၾကာင္း ေလ့လာထားတာလား?” Mr.ခ်င္က ႐ုတ္တရက္ေမးလိုက္တယ္။

လင္းေရွာက္ခ်ီက အမွန္အတိုင္းမေျဖခင္ တခဏမွ်ၾကာသည္အထိ ဆြံ႕အ‌ေနခဲ့တယ္ : “တကယ္ေတာ့ ကြၽန္ေတာ္က နည္းနည္းေလးပဲ နားလည္တာပါ။ ကြၽမ္းက်င္မႈပိုင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္‌ေတြအရ ဆိုရင္ေတာ့ ကြၽန္ေတာ္က ကြၽမ္းက်င္တဲ့သူမဟုတ္ပါဘူးဗ်ာ”

ခ်င္ေရွာက္ : “ဒီထုတ္ကုန္လက္ေတြ႕သ႐ုပ္ျပဖို႔အတြက္က ဘယ္သူ႔မွာတာဝန္ရွိတာလဲ?”

လင္းေရွာက္ခ်ီ : “ကြၽန္ေတာ္ ‘Red Master Hacker Challenge’ လို႔ေခၚတဲ့ hacker ၿပိဳင္ပြဲတစ္ခုက‌ေန  ပညာရွင္တစ္‌ေယာက္ကို ရွာေတြ႕ခဲ့တာ။ သူမက ဒီနယ္ပယ္မွာ အရမ္းကြၽမ္းက်င္ၿပီးေတာ့ အျမင္က်ယ္က်ယ္လည္း ရွိတယ္။ ဒီတစ္ေခါက္ အဲ့ဒီပညာရွင္ရဲ႕ေက်းဇူးေၾကာင့္ စီမံကိန္းတစ္ခုလုံးက ဒီေလာက္ျမန္ျမန္ႀကီး ပုံေပၚလာႏိုင္ခဲ့တာေပါ့ဗ်ာ”

“ဒါေပမယ့္,” ခဏၾကာၿပီးေနာက္ လင္းေရွာက္ခ်ီက ဆက္ေျပာလိုက္တယ္ : “သူမက လင္း Group ရဲ႕ အခ်ိန္ျပည့္ဝန္ထမ္းတစ္‌ေယာက္မဟုတ္ဘဲ NST စီမံကိန္းအတြက္ နည္းပညာပိုင္းဆိုင္ရာ အႀကံေပးေဆြးေႏြးဖို႔အတြက္ပဲ ကူညီေပးတာ...” Mr.ခ်င္ရဲ႕သကၤာမကင္းအၾကည့္ေတြကို ျမင္လိုက္ရေတာ့ လင္းေရွာက္ခ်ီကၿပဳံးၿပီး ႐ိုးသားစြာ ေျပာလိုက္တယ္ : “ကြၽန္ေတာ္လည္း သူမကို NST ကုမၸဏီကို ဖိတ္ေခၚဖို႔ အျပင္းအထန္ ႀကိဳးစားေနေပမယ့္လည္း ကံဆိုးခ်င္ေတာ့ ကြၽန္ေတာ့္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြက ေအာင္ျမင္ဖို႔ အလွမ္းေဝးေနေသးတယ္ ထင္ပါရဲ႕ဗ်ာ”

“တကယ္လို႔မ်ား Mr.ခ်င္ဖက္က စိတ္ဝင္စားတယ္ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ ဒီပညာရွင္ကို ေထာက္ခံေပးခ်င္ပါတယ္”

Mr.ခ်င္ေခါင္းၿငိမ့္လိုက္တာကို ျမင္လိုက္ရေတာ့ လင္းေရွာက္ခ်ီက [Q] ၏ ဆက္သြယ္ရမည့္ အခ်က္အလက္‌မ်ားအား အနီးနားမွာရပ္ေနတဲ့ ခ်န္တဲ့ထံ ေပးလိုက္တယ္။ ဒီဟာက လင္း Group မွ [Q] အတြက္ အထူးသီးသန္႔ ျပင္ဆင္ေပးထား‌ေသာ ဖုန္းနံပါတ္တစ္ခုျဖစ္ကာ ႏွစ္ဦးႏွစ္ဖက္အၾကား ဆက္သြယ္မႈ ျပဳလုပ္ရန္အတြက္သာ အသုံးျပဳတာျဖစ္တယ္။

-----

လင္းေရွာက္ခ်ီျပန္သြားၿပီးေနာက္ ခ်န္တဲ့မွ [Q] ၏ ဆက္သြယ္ရမည့္ အခ်က္အလက္‌မ်ားကိုယူၿပီး ခ်င္ေရွာက္အား ေမးလိုက္တယ္ : “ဆရာ, ကြၽန္ေတာ္တို႔ကုမၸဏီရဲ႕လုံၿခဳံေရး တိုးျမႇင့္ဖို႔အတြက္ ဒီ [Q] ဆိုတဲ့သူကို ရွာဖို႔ စီစဥ္ေနတာလား?”

NST ဖြင့္ပြဲအခမ္းအနား၏ျပပြဲသို႔ ခ်န္တဲ့လည္း တက္ေရာက္ခဲ့တာျဖစ္တယ္။ Network security က သူ႔ကြၽမ္းက်င္မႈ မဟုတ္တာ‌ေၾကာင့္ အေသးစိတ္အခ်က္အလက္မ်ားအား နားမလည္ႏိုင္ေသာ္ျငား ဒီနည္းပညာက သူတို႔ကုမၸဏီအတြက္ အက်ိဳးရွိေစမယ္ဆိုတာကိုေတာ့ သူသိေနဆဲပင္။

ခ်န္တဲ့ : “ဒီလူကို ကြၽန္ေတာ္ဆက္သြယ္လိုက္ရမလား?”

ခ်င္ေရွာက္ : “မလုပ္နဲ႔, ငါ့ကိုနံပါတ္ပဲေပး, သူ႔ကို ငါကိုယ္တိုင္ပဲ ဆက္သြယ္လိုက္မယ္”

ခ်န္တဲ့က သူ႔သူေဌး၏ အစီအစဥ္တစ္ဝက္ေလာက္ကိုသာ မွန္းဆႏိုင္ခဲ့တယ္။ Mr.ခ်င္က [Q] အား အမွန္တကယ္ ရွာခ်င္တဲ့ အေၾကာင္းရင္းကေတာ့ ခ်င္ Group ၏ network security ကိုတိုးျမႇင့္ရန္အျပင္ သူက ၎အရာကို စုေပအတြက္ပါ လုပ္ခဲ့တာျဖစ္တယ္။ ၿပီးခဲ့တဲ့အပတ္က ျပပြဲမွာ ထုတ္ကုန္လက္ေတြ႕သ႐ုပ္ျပျခင္းကို ၾကည့္ရႈေနတဲ့ အခ်ိန္တုန္းက သူ႔သမီးေလး ေဖာ္ျပခဲ့တဲ့ ျပင္းထန္တဲ့ စိတ္အားထက္သန္မႈေလးကို သတိရမိသြားေတာ့ Mr.ခ်င္က သူမေလးအတြက္ ကြၽမ္းက်င္တဲ့ဆရာတစ္‌ေယာက္ ရွာေပးဖို႔ ရည္႐ြယ္ထားခဲ့တာျဖစ္တယ္။

-----

ထိုေန႔ညပိုင္းတြင္ စုေပက အိပ္ယာေပၚမွာ လဲေလ်ာင္း‌ေနရင္း လင္းေရွာက္ခ်ီႏွင့္ chat app တစ္ခုေပၚမွာ စကားေျပာေနခဲ့တယ္။ လင္းေရွာက္ခ်ီက ‘NST ကုမၸဏီ’ ၏ ဖြင့္ပြဲအခမ္းအနားႏွင့္ ထုတ္ကုန္လက္ေတြ႕သ႐ုပ္ျပျခင္းတို႔မွ ဓာတ္ပုံအခ်ိဳ႕အား သူမထံ ေပးပို႔ခဲ့တယ္။

[လင္းေရွာက္ခ်ီ] : မင္း အဲဒီ့ေနရာမွာရွိေနသင့္တာ။

သူ႔စကားေတြထဲမွာ ေနာင္တရတဲ့အရိပ္အေယာင္တစ္ခု ရွိေနခဲ့တယ္။

စုေပ : ...

တကယ္ေတာ့ သူမ သြားခဲ့တာပဲေလ။ လင္းေရွာက္ခ်ီ ေပးပို႔လာခဲ့တဲ့ ဓာတ္ပုံေတြထဲက တစ္ခ်ိဳ႕ပုံေတြမွာ သူမကို Mr.ခ်င္ရဲ႕ အ‌ေနာက္က‌ေန တေကာက္ေကာက္လိုက္ေနတဲ့ ပြဲတက္အေဖာ္အေသးေလးအျဖစ္ အမိအရ ႐ိုက္ယူထားခဲ့တာျဖစ္တယ္။

[လင္းေရွာက္ခ်ီ] : အဲ့ဒီေန႔ ျပပြဲက အရမ္းကိုေအာင္ျမင္ခဲ့တာ။

[လင္းေရွာက္ခ်ီ] : ေနာက္ၿပီး ေဈးကြက္တုံ႔ျပန္မႈလည္း အရမ္းေကာင္းတယ္။ လတ္တေလာ‌ေလးတင္ ကုမၸဏီေပါင္း ၂၀ ေက်ာ္က ငါတို႔နဲ႔ ပူးေပါင္းခ်င္တယ္ဆိုတဲ့ သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေတြကို ေပးပို႔လာၾကၿပီေလ။

[Q] : ေကာင္းတာေပါ့။

[Q] : နည္းပညာပိုင္းက သူ႔ဖာသူ ေခ်ာေခ်ာေမြ႕ေမြ႕ေလး အလုပ္လုပ္ေနမွာပဲ။ စမ္းသပ္ကာလၿပီးသြားၿပီဆိုရင္ ငါတို႔ ဒီဝန္ေဆာင္မႈကို တရားဝင္စလုပ္လို႔ရၿပီ။

[Q] : လက္ရွိစမ္းသပ္ကာလအတြင္း, လိုလိုမယ္မယ္, တစ္ခ်ိဳ႕ကုမၸဏီေတြဆီကိုပါ မင္းဘက္က ကန႔္သတ္ဝန္ေဆာင္မႈအ‌ေနနဲ႔ ကမ္းလွမ္းလို႔ရတယ္။ အခမဲ့စမ္းသုံးခြင့္ေပးတယ္ ဆိုတဲ့ အခြင့္အေရးကို အသုံးခ်ၿပီး‌ေတာ့ ထုတ္ကုန္ေတြကို ေၾကာ္ျငာလို႔ရတယ္ေလ။

[လင္းေရွာက္ခ်ီ] : ဒီလိုလုပ္တာက မင္းတို႔ကို ဒုကၡေပးသလိုမ်ား ျဖစ္မေနဘူးလား?

[Q] : ျပႆနာမရွိပါဘူး။ ကုမၸဏီဆယ္ခုနဲ႔အထက္ နံပါတ္ေတြကို ကန႔္သတ္လိုက္႐ုံပါပဲ။ ေနာက္ၿပီး ငါ စမ္းသပ္ကာလကို တိုေအာင္လုပ္ၿပီးေတာ့ ဒီဟာကို သုံးလအတြင္း အားလုံးၿပီးစီးသြားေအာင္ ႀကိဳးစားေပးပါ့မယ္။

စမ္းသပ္ကာလၿပီးသြားၿပီဆိုတာနဲ႔ သူတို႔ ေနာက္ဆုံးေတာ့ ပိုက္ဆံ‌ေတြ စၿပီးရွာလို႔ရၿပီေလ!

[လင္းေရွာက္ခ်ီ] : အေလာတႀကီး လုပ္စရာမလိုပါဘူး။ မူလအစီအစဥ္အတိုင္းသာ ဆက္လုပ္ပါ, မင္းကိုယ္မင္း ဖိအား‌ေတြ အမ်ားႀကီးမေပးမိေစနဲ႔။

[လင္းေရွာက္ခ်ီ] : မင္း တစ္ခုခုလိုအပ္တယ္ဆိုရင္လည္း ငါ့ကို ဒီတိုင္း ေျပာသာေျပာလိုက္ပါ။

လင္းေရွာက္ခ်ီက သူ႔ဖုန္း alarm ႐ုတ္တရက္ ထျမည္လာတဲ့အခ်ိန္အထိ သူ ဒီ့ထက္အမ်ားႀကီး ေျပာခ်င္ေနေသးတာျဖစ္တယ္။ နာရီမ်က္ႏွာျပင္ကို ၾကည့္လိုက္ေတာ့ ည ၉နာရီခြဲေနၿပီျဖစ္တယ္။ လင္းေရွာက္ခ်ီက မ်က္ခုံးအသာပင့္လိုက္ၿပီးေတာ့ တိတ္တဆိတ္ ေတြးေတာေနခဲ့တယ္ : ကိုးနာရီေတာင္ခြဲသြားၿပီလား? အေစာႀကီးပဲရွိေသးတာကို။

လင္းေရွာက္ခ်ီက ေနာက္ထပ္ message တစ္ေစာင္ပို႔လိုက္တယ္ : မင္း အခုအလုပ္မ်ား‌ေနလား?

ေျမာက္မ်ားလွစြာေသာ chat season မ်ားအၿပီးမွာေတာ့ လင္းေရွာက္ခ်ီက ပုံစံတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တယ္ : ၾကည့္ရတာ [Q] က ညဖက္‌ေတြမွာဆိုရင္ တစ္စုံတစ္ရာနဲ႔ပတ္သတ္ၿပီး အလုပ္မ်ား‌ေနပုံရတယ္။ ည ၉နာရီခြဲ မတိုင္ခင္အခ်ိန္အထိ သူတို႔စကားေျပာၾကတဲ့ အခ်ိန္တိုင္းလိုလိုမွာပင္ သူမက “ငါအခုသြားရေတာ့မယ္။ မနက္ျဖန္မွ ဆက္ေျပာၾကတာေပါ့” ဟူေသာ message တစ္ေစာင္ မေပးပို႔ခင္မွာပဲ သူမက တခဏမွ်ၾကာသည္အထိ ေပ်ာက္ေပ်ာက္သြားခဲ့တာျဖစ္တယ္။

လင္းေရွာက္ခ်ီ၏ သတိေပးခ်က္ေၾကာင့္ စုေပလည္း နာရီကို တစ္ခ်က္ၾကည့္လိုက္မိတယ္။

--သူမ တကယ္ႀကီး ဘာတစ္ခုနဲ႔မွ အလုပ္မ်ားေနတာ မဟုတ္ေပမယ့္လည္း အိပ္ယာဝင္ရေတာ့မွာျဖစ္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ သိပ္မၾကာခင္မွာ, သူမ လိမ္လိမ္မာမာနဲ႔ အိပ္ေနၿပီလား မအိပ္ေနဘူးလားဆိုတာကို Mr.ခ်င္က လာေရာက္စစ္ေဆးေတာ့မွာျဖစ္တယ္။

[Q] : အင္း။

[လင္းေရွာက္ခ်ီ] : ေကာင္းၿပီေလ။ အခု နားလိုက္ၾကတာေပါ့။

[လင္းေရွာက္ခ်ီ] : ေနာက္ၿပီးေတာ့ေလ, ေစာေစာနားၿပီး အရမ္းဉာဥ့္နက္မွ မအိပ္နဲ႔ေနာ္။

စုေပ : ...

သူမ ဘာလို႔ လင္းေရွာက္ခ်ီက အရင္ထက္ပိုၿပီး စကားမ်ားလာတယ္လို႔ ခံစားေနရတာပါလိမ့္?

လင္းေရွာက္ခ်ီက ဒါကို သူကိုယ္တိုင္လည္း နားလည္သေဘာေပါက္ခဲ့တယ္ : ၾကည့္ရတာ [Q] အေပၚ သူ႔သေဘာထားေတြက သိမ္ေမြ႕ႏူးညံ့တဲ့ဖက္ကို ေျပာင္းလဲသြားပုံရတယ္။ ဒီေျပာင္းလဲမႈက ဘယ္အခ်ိန္က စတင္ခဲ့တာပါလိမ့္?

--ၾကည့္ရတာ [Q] က မိန္းကေလးတစ္ေယာက္မွန္း သူသိသြားခဲ့တဲ့အခ်ိန္က စခဲ့မယ္ထင္တာပဲ။

လင္းေရွာက္ခ်ီက [Q] ၏ လိင္အမ်ိဳးအစားအား NST နည္းပညာဌာန၏ လူမ်ားမွတဆင့္ သိရွိခဲ့ရတာျဖစ္တယ္။ သူတို႔က စီမံကိန္းကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ အတူတကြ လုပ္ေဆာင္ေနၾကရတာ ျဖစ္တာေၾကာင့္ နည္းပညာအဖြဲ႕မွ စုေပႏွင့္ voice call မွတဆင့္ ေျမာက္မ်ားလွစြာေသာ ေဆြးေႏြးညႇိဳႏႈိင္းမႈမ်ား ျပဳလုပ္ရမည္မွာ မလြဲဧကန္ပင္ ျဖစ္တယ္။ ဖုန္းလက္ခံေျဖၾကားခ်ိန္၌ ႏူးညံ့ခ်ိဳသာတဲ့အသံ‌ေလးအား သူတို႔ၾကားလိုက္ရတဲ့ အခိုက္အတန႔္မွာပဲ အဖြဲ႕သားအားလုံးက အံ့ဩထိတ္လန႔္သြားခဲ့ရတယ္--႐ိုေသေလးစားရတဲ့ ႀကီးျမတ္တဲ့ ဆရာႀကီးက တကယ္တမ္းက်ေတာ့ အမ်ိဳးသမီးတစ္‌ေယာက္ ျဖစ္ေနပါေရာ့လား! ထို႔ေနာက္ နည္းပညာအဖြဲ႕သားမ်ား၌ ပူပူေႏြးေႏြး ေဆြးေႏြးမႈတစ္ခု ထပ္မံ ေပၚေပါက္လာခဲ့ေတာ့တယ္ : ဖုန္းထဲကအသံက အရမ္းငယ္တဲ့ပုံ‌ေပါက္တယ္ဆိုမွေတာ့ [Q] က ခပ္ငယ္ငယ္ေကာင္မေလးတစ္ေယာက္ပဲျဖစ္ရမယ္။

[လင္းေရွာက္ခ်ီ] : Good night ေနာ္။

[Q] : ဟုတ္ကဲ့, good night ပါ။

ခဏၾကာတဲ့အထိကို လင္းေရွာက္ခ်ီက ဖုန္းကို ေတြေဝမိန္းေမာစြာႏွင့္ ကိုင္ထားခဲ့တယ္။ ပထမေတာ့ သူက [Q] ကို ေဘးခ်င္းယွဥ္ရပ္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္အျဖစ္ သတ္မွတ္ထားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူနဲ႔ လြတ္လြတ္လပ္လပ္ စကားေျပာဆိုလို႔ရႏိုင္တဲ့ သူငယ္ခ်င္းတစ္ေယာက္အျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္တယ္။ အခုေတာ့ အဲဒါက အနည္းငယ္ ေျပာင္းလဲသြားခဲ့ၿပီဆိုတာကို လင္းေရွာက္ခ်ီတစ္ေယာက္ ခံစားမိခဲ့ေပမယ့္ အခုထိ ဘယ္လိုေျပာင္းလဲမႈမ်ိဳးလည္း ဆိုတာကိုေတာ့ သူ မေျပာႏိုင္ေလဘူး။

-----

လင္းေရွာက္ခ်ီႏွင့္ စကားေျပာဆိုမႈကို အဆုံးသတ္ၿပီးတဲ့ေနာက္ စုေပက သူမမိုဘိုင္းဖုန္းအား အေဝးမွာ ထားလိုက္ကာ အလြန္အမင္း အေတြ႕အႀကဳံရေနၿပီျဖစ္တဲ့ လႈပ္ရွားမႈမ်ိဳးနဲ႔ အိပ္ယာခင္းေအာက္မွာ သူမကိုယ္သူမ ထိုးသိပ္ထည့္ထားလိုက္တယ္။ စုေပရဲ႕မ်က္ႏွာတစ္ဝက္က အိပ္ယာမွေပၚထြက္ေနၿပီး သူမမ်က္လုံးေတြကို ျပဴးက်ယ္ေနေအာင္ ဖြင့္ထားကာ တုံဏွိဘာေဝႏွင့္ တံခါးကိုသာၾကည့္ေနခဲ့တယ္။ သူမက Mr.ခ်င္အား သူ၏ ‘ညကင္းလွည့္ျခင္း’ အတြက္ ေရာက္လာမလားဆိုၿပီး ေစာင့္ေနခဲ့တာျဖစ္တယ္။

သို႔ေပမယ့္, အခ်ိန္အၾကာႀကီးေစာင့္ေနတာေတာင္မွ, Mr.ခ်င္က ဒီေန႔ေတာ့ ေရာက္မလာခဲ့ေလဘူး။

စုေပက သူမဘယ္ေလာက္ၾကာၾကာ ေစာင့္ေနမိတယ္ဆိုတာကိုေတာင္ မသိေတာ့ဘူး။ အိပ္ခ်င္မူးတူးစိတ္ေတြက သူမကို စတင္ေတြေဝမိန္းေမာလာေစတဲ့အခ်ိန္မွာပဲ မိုဘိုင္းဖုန္းက ႐ုတ္တရက္ ထျမည္လာခဲ့တယ္။ မ်က္ႏွာျပင္မွာေတာ့ [ဒုတိယကဒ္] ႏွင့္ မရင္းႏွီးေသာနံပါတ္မ်ား အတန္းလိုက္ကို ျပသေနခဲ့တယ္။ ဒီဟာက လင္း Group မွ စုေပအတြက္ ျပင္ဆင္ေပးထားတဲ့ ဖုန္းကဒ္ျဖစ္ကာ ဒီတစ္ေခါက္ ဖုန္းေခၚဆိုတဲ့တစ္‌ေယာက္က telemarketer (တယ္လီဖုန္းေခၚဆို၍ ကုန္ပစၥည္းမ်ားကို ေရာင္းဝယ္ျခင္း) ဒါမွမဟုတ္ နည္းပညာဌာနမွ တစ္စုံတစ္‌ေယာက္ပဲျဖစ္ရမယ္။

အနည္းငယ္အိပ္ခ်င္ေနေသာ္ျငား စုေပက ဖုန္းလက္ခံ ခလုတ္ကို ႏွိပ္မိေနဆဲပင္ျဖစ္တယ္။

“ဟဲလို?”

“...”

ခဏၾကာၿပီးေနာက္ စုေပက ေခၚဆိုသူဖက္မွ ဘာသံမွ မၾကားခဲ့ရေခ်။ သူမ ဖုန္းကို နားကေနခြာၿပီး မ်က္ႏွာျပင္ကို စိတ္ရႈပ္ေထြးစြာျဖင့္ ၾကည့္လိုက္တယ္။ အဲဒါက ‘calling’ mode မွာပဲ ရွိေနဆဲျဖစ္တာေၾကာင့္ သူမက ေနာက္တစ္ဖန္ ထပ္ေျပာလိုက္တယ္ : “ဟဲလို, ၾကားရလား?”

11.5.2021
Tuesday


_______________________________________

MWFV Ch 53

Ahaha!

Unicode Version

နောက်တစ်ရက်တနင်္လာနေ့၌ စုပေနှင့် စုရှောင်ပေါင်တို့ စာသင်ခန်းထဲသို့ ရောက်ရှိလာချိန်မှာ ၎င်းတို့၏ အတန်းဖော်များက လာမယ့်အပတ်တွင် ကျင်းပမည့် ကျောင်းအားကစားပွဲတော်အကြောင်း ဆွေးနွေးခြင်းဖြင့် အလုပ်များနေခဲ့ကြတယ်။

“ငါတို့ ဒီဟာကို ဒီတိုင်း အရင်နှစ်တုန်းကလိုပဲ လုပ်လိုက်ကြမလား?”

“မလုပ်နဲ့, မလုပ်နဲ့။ ဆန်းသစ်တီထွင်မှု မရှိလွန်းရာကျတယ်, နောက်ပြီး ဝမ်ယာ့လီလည်း မလုပ်လောက်ဘူးလို့ ငါထင်တယ်”

“နင် အဲ့လောက်ထိ ဆန်းသစ်တီထွင်ချင်နေတယ် ဆိုရင်လည်း မော့ကျိုးကျိုးကိုသာ မျက်လှည့်ပွဲတစ်ပွဲ လုပ်ခိုင်းလိုက်ပါတော့လား”

-----

စုပေက ခဏကြာတဲ့အထိ နားထောင်‌နေခဲ့ပေမယ့် အခုထိ သူတို့ရဲ့စကားတွေကို လုံးဝနားမလည်ခဲ့လေဘူး။ “လူတိုင်း တကယ်ကြီး အားကစားပွဲတော်အကြောင်းပဲ ဆွေးနွေးနေကြတာရော ဟုတ်ရဲ့လား?” သူမလည်း ကူကယ်ရာမဲ့စွာနဲ့ တုန့်ဝိန်ချီရဲ့လက်ကိုဆွဲကာ တိုးတိုးလေးမေးလိုက်တယ်။ သူတို့က မျက်လှည့်ပွဲ‌တွေ ဘာတွေတောင် ပြောနေကြတာ‌။ အဲဒါက အားကစားပွဲတော်အကြောင်း ဆွေးနွေး‌တာထက်စာရင် အနုပညာဖျော်ဖြေတင်ဆက်မှုအကြောင်း ဆွေးနွေး‌နေတာနဲ့တောင် ပိုတူနေသေးတယ်လေ။

“သေချာတာပေါ့ဟ,” တုန့်ဝိန်ချီကပြောတယ် : “အတိအကျပြောရရင် လူတိုင်းလူတိုင်းက ဖွင့်ပွဲအခမ်းအနားအတွက် ငါတို့အတန်းရဲ့ ပြိုင်ပွဲဝင်စီတန်းလှည့်လည်မှုအဖွဲ့အကြောင်း ဆွေးနွေးနေကြတာလေ”

ကျောင်းအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် အတန်းတိုင်းမှ ပြိုင်ပွဲဝင်စီတန်းလှည့်လည်ခြင်းအတွက် ၎င်းတို့ တီထွင်ဖန်တီးထားသောအဖွဲ့အား ပြသကြရမှာဖြစ်တယ်။ ဘယ်သူက ဒီအစဉ်အလာကို စတင်ပြုလုပ်ခဲ့သလဲဆိုတာကို မည်သူမှ မသိကြပေမယ့်လည်း ကျောင်းသားအချို့ကတော့ တစ်ခြားသော အတန်းတွေထက်သာအောင် စီတန်းလှည့်လည်မှုအဖွဲ့ အသစ်အဆန်းတွေကို စတင် တီထွင်ဖန်တီးနေကြပြီ ဖြစ်တယ်။ ဒီထုံးတမ်းအစဉ်အလာက တစ်နှစ်ပြီးတစ်နှစ် လက်ဆင့်ကမ်းဆောင်ရွက်လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်စီတန်းလှည့်လည်မှုဟာဆိုရင် အားကစားပွဲတော်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးအပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တာဖြစ်တယ်။ အတန်းတိုင်းက အကောင်းဆုံးစီတန်းလှည့်လည်မှုအဖွဲ့ ဒီဇိုင်း‌ရေးဆွဲရန်အတွက် သူတို့ရဲ့ဦးနှောက်‌တွေ ခြောက်ခမ်းသွားရလောက်တဲ့အထိ စဉ်းစားကြရတဲ့အပြင် တရားဝင်အမှတ်‌ပေး အကဲဖြတ်စနစ်ကိုပါ ရင်ဆိုင်ကြရမှာဖြစ်တယ်။

ဒီအချိန်မှာပဲ အတန်း ၈-၇ မှ ကျောင်းသားများဟာဆိုရင် အဖွဲ့၏ ခေါင်းဆောင်နေရာ ရွေးချယ်ရေးအတွက် တိုင်ပင်ဆွေးနွေးနေခဲ့ကြတယ်။

“ငါအတည်ပြောနေတာ, နတ်ဘုရားရှဲ့နဲ့ သခင်လေးစုကိုပဲ ဒီတိုင်း အတူတူသာထည့်လိုက်စမ်းပါ။ အရှေ့မှာ နတ်ဘုရားနှစ်ယောက်နဲ့ဆိုရင် ဘာမှ သိပ်ဆန်းဆန်းပြားပြား မလုပ်ဖူးဆိုရင်တောင်မှ ငါတို့တွေ ထိပ်ဆုံးသုံးနေရာကို ကျိန်းသေပေါက်ရလိမ့်မယ်လို့ ငါပြောရဲတယ်”

“ဒါကယုတ္တိရှိတယ်”

“ဒါဆိုရင်လည်း ငါတို့ ဒီခမ်းနားကြီးကျယ်ပြီး ခက်ခဲကြမ်းတမ်းတဲ့တာဝန်‌ကို နင့်ကိုပဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံလိုက်တော့မယ်။ ကျေးဇူးပြုပြီး နတ်ဘုရားရှဲ့နဲ့ သခင်လေးစုကို သွားမေးပေးပါလား”

“ငါမမေးရဲပါဘူးဟာ” အဲ့ဒီနတ်ဘုရားနှစ်ယောက်ကလေ, သူတို့က တကယ်ကြီး ကြည့်ကောင်းတာတော့ မှန်ပေမယ့် သူတို့ရဲ့စရိုက်တွေကတော့... ပြောကြကြေးဆိုရင် နတ်ဘုရားရှဲ့နဲ့ သခင်လေးစုတို့က ဘာဖြစ်လို့များ အတန်း ၈-၂ က သခင်လေးယဲ့လိုမျိုး မနူးညံ့ကြရတာလဲ?

ရုတ်တရက်, အတန်းခေါင်းဆောင်နှင့် အနုပညာကော်မတီ အဖွဲ့ဝင်က စုပေကို စိတ်အားထက်သန်စွာနဲ့ ကြည့်လာကြတယ်။

စုပေက မျက်ခုံးပင့်လိုက်ပြီး : “နင်တို့က ငါ့ကို သူတို့ဆီ သွားပြောစေချင်တာလား?”

ဒါကလွယ်လွယ်လေးပါပဲ။ စုရှောင်ပေါင်က သူမစကားကို အမြဲနားထောင်တယ်လေ။ နောက်ပြီး ရှဲ့မင်ရွှမ်း, သူလည်း သိပ်အခက်ကြီးတော့ ဖြစ်မယ်မထင်ပေါင်?

“မဟုတ်သေးဘူး” အတန်းခေါင်းဆောင်က သူမခေါင်းကို ခါလိုက်တယ် : “ငါတို့ အခုလေးတင် ပိုကောင်းတဲ့အကြံတစ်ခုရပြီဟ”

“ငါတို့ စီတန်းလှည့်လည်တဲ့အဖွဲ့က ပွဲကျင်းပတဲ့နေရာကို ဝင်တဲ့အခါကျရင် နင် ခေါင်းဆောင်လုပ်ပေးလို့ရမလား?” စုပေက ချောမောလှပပြီးတော့ တစ်ကျောင်းလုံးကလည်း ကျောင်းအလှပန်းလေးအဖြစ် ရွေးချယ်ခြင်း ခံထားရတဲ့သူပဲလေ။ သူမကသာ ခေါင်းဆောင်ဖြစ်ဖို့အတွက် အသင့်တော်ဆုံးပေါ့။

စုပေ : “ခေါင်းဆောင်က ထူးခြားတာတစ်ခုခု လုပ်ပြရမှာလား?”

အနုပညာကော်မတီအဖွဲ့ဝင် : “မဟုတ်ဘူးဟ။ ပွဲကျင်းပတဲ့နေရာကို ဝင်တဲ့အခါ ငါတို့ကို နေရာချထားပေးထားတဲ့ သတ်မှတ်နေရာကို မရောက်ခင်အထိ နင်က ငါတို့လူတွေကို ဦးဆောင်ပြီးတော့ ဒီတိုင်း စင်မြင့်ရှေ့ကနေ ဖြတ်လျှောက်ပေးရုံပါပဲ။ နင့်ရဲ့တစ်ဖက်တစ်ချက်စီမှာ အတူတူ လိုက်လျှောက်ပေးမယ့် တစ်ခြားလူ နှစ်ယောက်ကိုလည်း ငါတို့ရွေးရအုန်းမှာ။ တစ်‌ယောက်က အတန်းနာမည်ကတ်ပြားကို ကိုင်ပြီးတော့ နောက်တစ်ယောက်က အတန်းအလံကို ကိုင်ရမှာလေ”

စုပေက ခဏလောက် စဉ်းစားလိုက်တယ်။ ဒါက သိပ်မခက်ခဲတာကြောင့် သူမ အလွယ်တကူပဲ ခေါင်းငြိမ့်လိုက်တယ် : “အိုကေလေ”

“ကောင်းလိုက်တာ, တစ်ယောက်ရပြီဟေ့!” အတန်းခေါင်းဆောင်က စုပေထံ ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ် : “စုပေ, ခဏ‌စောင့်ပေးပါလား။ ငါတို့ တစ်ခြားနှစ်ယောက်ကို အခုပဲ ရွေးလိုက်ချင်လို့‌လေ။ ဒါပြီးရင် နင်တို့ သုံးယောက်သား အတူတူ စည်းဝါးကိုက် လေ့ကျင့်လို့ရတာပေါ့”

ခေါင်းဆောင်ကို အတည်ပြုပြီးတဲ့နောက် နောက်တစ်ဆင့်အနေနဲ့ စီတန်းလှည့်လည်မှုအဖွဲ့၏ theme ကို ရွေးချယ်ကြရမှာဖြစ်တယ်။ လူတိုင်း ငြင်းခုံနေကြစဉ်မှာပဲ လျို့ခိုင်နှင့် တုယီမင်တို့က ကြားဖြတ်ဝင်ပြောလိုက်တယ် : “အားလုံးပဲ!, နောက်ဆုံးရသတင်းဟေ့!”

“ဘယ်လို‌နေလဲ?”

“သေချာပေါက် ငါတို့ရလိုက်တာပေါ့! ငါတို့ကို လျှော့မတွက်ကြစမ်းပါနဲ့” လျို့ခိုင်နှင့် တုယီမင်က လျှောက်လာပြီး စကားစလာခဲ့တယ်။

လျို့ခိုင် : “ဒါက စိတ်ချလို့ရတဲ့သတင်း‌တွေနော်။ အတန်း ၈-၁ ရဲ့ main theme က သိပ္ပံပညာတဲ့။ သူတို့ပြင်ဆင်နေကြတဲ့ ပစ္စည်းအသုံးအဆောင်တွေအားလုံးက သိပ္ပံနည်းကျသုတေသနပြုလုပ်တာတွေနဲ့ အားလုံးဆက်စပ်နေတာတဲ့”

“စာကြမ်းပိုး ငကြောင်ကောင်တွေကတော့ ထင်တဲ့အတိုင်းပဲ, သူတို့ theme က သောက်ရမ်းပျင်းဖို့ကောင်းတယ်,” အနုပညာကော်မတီအဖွဲ့ဝင်တစ်ယောက်က ခပ်ရိုင်းရိုင်း မှတ်ချက်ပြုတယ်။ “ဒါဆို တစ်ခြားအတန်းတွေကရော?”

တုယီမင် : “အတန်း ၈-၃ ရဲ့ theme က ဟန့်ဖူ (Hanfu), အတန်း ၈-၄ က နတ်သမီးခုနှစ်ဖော် (seven fairies), အတန်း ၈-၅ က Honor of Kings, အတန်း ၈-၆ က Marvel heroes, အတန်း ၈-၈ က... နင်တို့သိလား, အတန်း ၈-၈ ကလေ တစ်တန်းလုံး ချွမ်လိ့ပုံစံ (Chunli) cosplay လုပ်ဖို့ ပြင်နေကြတဲ့ပုံပဲဟ။ ဟားဟားဟား...”

အတန်းခေါင်းဆောင် : “အတန်း ၈-၂ ကိုရော နင်စုံစမ်းလို့ရခဲ့လား?” သူတို့ရဲ့ စီတန်းလှည့်လည်တဲ့အဖွဲ့က မနှစ်က ပထမနေရာကို ရယူသွားခဲ့တာဖြစ်တယ်။

လျို့ခိုင် : “မသတ်မှတ်ရသေးဘူးတဲ့။ သိရသလောက်တော့ သူတို့က Saint Seiya theme အတွက် ငွေပမာဏ များများစားစား သုံးဖို့ စီစဉ်‌နေကြတယ်တဲ့။ ဘယ်လိုပဲလုပ်လုပ်, သူတို့အတန်းခေါင်းဆောင်က သဘောတူပြီးသားပဲတဲ့, နောက်ပြီး စုန့်ရှင်းယီရှိတာ‌လည်း ပါမှာပေါ့”

“ဒါဆို စုန့်ရှင်းယီက အသီနာ (Athena) နေရာကနေ cosplay လုပ်‌တော့မှာပေါ့!”

“အဲလိုပဲဖြစ်လောက်တယ်။ ဖိုရမ်ထဲက လူတော်တော်များများ ပြောနေကြတာတော့ သူတို့က စုန့်ရှင်းယီရဲ့ အသီနာကို စောင့်မျှော်နေကြတယ်ဆိုပဲ”

စုန့်ရှင်းယီက ယခင်ကျောင်းအလှပန်းလေးတစ်ယောက်ဖြစ်ကာ သူမက လူကြိုက်များတဲ့ နတ်ဘုရားမ တစ်ပါးလည်းဖြစ်တယ်။ သူမအား အဖွဲ့ခေါင်းဆောင်‌နေရာမှာ ထားလိုက်ခြင်းက အာရုံစိုက်မှု အမြောက်အများအား ချက်ချင်းဆိုသလို သိမ်းကျုံးရယူနိုင်တာကြောင့် အဲဒါက အကောင်းဆုံး ရွေးချယ်မှုတစ်ခုဆိုတာ အသိသာကြီးပင်ဖြစ်တယ်။ သူတို့အတန်းမှာ ဒီကျောင်းမြက်ခင်းစိမ်းလေး ယဲ့ချန်ရှိနေသေးတယ်ဆိုတာ ပြောနေစရာတောင် မလိုတော့ချေ။ ဘေးချင်းယှဉ်လိုက်တာနဲ့တင် သူတို့က တကယ့်နတ်ဘုရားမတစ်ပါးနဲ့ သူမရဲ့ ကိုယ်ရံတော်သူရဲကောင်းတစ်‌ယောက်ကဲ့သို့ပင်။

“အတန်း ၈-၂ ကိုယှဉ်မယ်ဆိုတဲ့ ငါတို့ရဲ့စွန့်စားမှုလေးက မျှော်လင့်ချက်မဲ့နေတယ်လို့ ငါစပြီး ခံစားနေရပြီနော်...”

“နင့်ရဲ့အဆိုးမြင်ဝါဒီတွေကို ငါတို့အ‌ပေါ်လာမဖြန့်စမ်းပါနဲ့! ဒီနှစ် ငါတို့အတန်းရဲ့ lineup က သူတို့ထက်မနိမ့်ပါဘူး။ သူတို့မှာ စုန့်ရှင်းယီရှိတယ်ဆိုရင်‌ ငါတို့မှာလည်း စုပေရှိတာပဲလေ!”

တစ်စုံတစ်ယောက်က အကြုံပြုတယ် : “ငါတို့ ဒီနှစ် Calabash Brothers ပုံစံ cosplay လုပ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ?”

“ဟားဟား, နင်က စုပေကို မြွေဘုရင်မ (Snake Spirit) ပုံစံ cosplay လုပ်စေချင်တာလား?”

“ဒါဆို နာမည်ကတ်ပြားနဲ့ အတန်းအလံကို ကိုင်မယ့်လူတွေက ဖားနဲ့ ကင်းခြေများတွေ (Frog and Centipede Spirit) ဖြစ်ရတော့မှာမလား?”

နောက်ထပ် တစ်စုံတစ်‌ယောက်ကလည်း အကြံပေးတယ် : “ဒါမှမဟုတ် အနောက်အရပ်သို့ခရီးသွားခြင်း (Journey to the West) ဆိုရင်ရော?”

“နင်က စုပေကို အရိုးဖြူစုန်းမ (White Bone Spirit) ဒါမှမဟုတ် မိန်းမလှကျွန်းကဘုရင်မ (Queen of the Womenland) လိုမျိုး cosplay လုပ်စေချင်တာလား?”

“ဒါမှမဟုတ် ကွမ်ယင်မယ်တော် (Boddhisattva Guanyin) ဆိုရင်ရော?”

...

စုပေ : “...” သူတို့ ပုံမှန်ဟာမျိုးလေး‌ အကြံမပေးတတ်ကြတော့ဘူးလား?

ကံ‌ကောင်းထောက်မစွာနဲ့ စိတ်မှန်တဲ့သူတစ်‌ယောက်က နောက်ဆုံးတော့ စကားပြောလာခဲ့တယ်။ ဒီတစ်ချိန်လုံး တောက်လျှောက် အိပ်ပဲအိပ်နေခဲ့တဲ့ ရှဲ့မင်ရွှမ်းက ရုတ်တရက် စားပွဲခုံကနေ မတ်တပ်ထရပ်လိုက်ကာ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးမှ စိတ်မရှည်စွာနဲ့ ပြောလိုက်တယ် : “ပုံမှန်အိုင်ဒီယာတွေပဲရွေးကြစမ်းပါ”

“အယ်, ဒီဟာတွေက ပုံမှန်မဟုတ်ဘူးလား?”

“လုံးဝပဲ”

“ဟျောင့်တွေ, မင်းတို့ကြားကြလား? အစ်ကိုရွှမ်းက ငါတို့ကို ပုံမှန်အိုင်ဒီယာတွေပဲ ရွေးလို့ ပြောနေတယ်နော်”

“ငါလည်း‌ရွေးချင်တာပါပဲ, ဒါပေမယ့် ငါတို့ပြိုင်ဘက်ကလည်း ထူးဆန်းနေတာကြီးကို, အာ”

“စကားမစပ်, ဘယ်လိုအိုင်ဒီယာမျိုးက ‘ပုံမှန်’ ဖြစ်တာလဲဟင်?”

“သမားရိုးကျ suits ဝတ်စုံတွေနဲ့ပဲ ပွဲထွက်မယ်ဆိုရင်ရော ဘယ်လိုလဲ?”

“သေချာပေါက် အဆင်ပြေတာပေါ့။ ဒါပေမယ့် ဆန်းသစ်တီထွင်မှု တစိမှ မရှိတဲ့ပုံပေါက်နေတယ်လေ....”

......

“Multi-eras theme ဆိုရင်ရော?” အပြင်းအထန် စဉ်းစားပြီး‌တဲ့နောက် စုပေက အကြံတစ်ခု ပေးလိုက်တယ်။

“Multi-eras theme?” အတန်းခေါင်းဆောင်ရဲ့မျက်ဝန်းတွေ တောက်ပလာခဲ့တယ် : “အဲဒါဘာကြီးလဲ? ငါတို့ကို ရှင်းပြပါလား”

စုပေ : “အကြမ်းဖျင်းပြောပြရရင် ငါတို့က ခေတ်ကာလမျိုးစုံက ကျောင်းသားတွေလိုမျိုး ဝတ်စားကြရမှာမျိုးပဲ”

အတန်းခေါင်းဆောင် : “ဟေး, ဒါ စိတ်ဝင်စားဖို့ကောင်းသားပဲဟ”

တစ်ခြားသူတွေကလည်း ဒီဟာက မဆိုးဘူးလို့ တွေးနေခဲ့ကြတယ်။

“ဒါဖြစ်နိုင်ချေရှိတယ်လို့ ငါထင်တယ်”

“အတော်လေး သာမာန်ဖြစ်ပေမယ့်လည်း အဲဒါက အရမ်းကြီး ငြီးငွေ့စရာကောင်းမှာ မဟုတ်လောက်ဘူး”

“ငါလည်း အဲဒါက အိုကေ‌လောက်တယ်လို့ထင်တယ်။ အချိန်ကာလအမျိုးမျိုးက ကျောင်းသားတွေပုံစံ လုပ်ရမှာမျိုးက နတ်ဆိုး‌တွေပုံစံ ကိုယ်ဟန်ပြရမှာထက်သာတယ်လေ”

“တစ်ခြားအတန်းတွေ အဲဒါကို ကြိုက်မကြိုက်တော့ ငါမသိဘူး, ဒါပေမယ့် ဆရာ၊ဆရာမတွေကတော့ ကြိုက်မှာ သေချာတယ်, ဟီးဟီး”

...

အတန်းခေါင်းဆောင်က နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်တယ် : “ဒါဆို အဲ့ဒါပဲ လုပ်လိုက်ကြမယ်လေ”

တုန့်ဝိန်ချီ : “အဝတ်အစားတွေအတွက်ကတော့ ငါ့ပဲ အပ်ထားလိုက်။ နင်တို့ရဲ့အတိုင်းအတာတွေကိုသာ ငါ့ကိုပေး, ပြီးရင် ငါ့အမေကို သူ့စတူဒီယိုက‌လူတွေနဲ့ ဒီလာပြီး စီစဉ်စရာရှိတာတွေ စီစဉ်ပေးပါလို့ အကူအညီတောင်းလိုက်မယ်”

ထို့နောက် တုန့်ဝိန်ချီက စုပေကိုဆွဲပြီး တိုးတိုးလေးပြောလိုက်တယ် : “ဘာမှမ‌ပူနဲ့, စုပေ။ ဒီတစ်ခေါက် ငါ ငါ့အမေကို နင့်အတွက် အရမ်းအရမ်းကိုမိုက်တဲ့ဝတ်စုံတစ်စုံ ဒီဇိုင်းဆွဲ‌ပေးပါလို့ ကျိန်းသေပေါက်ကို ပြောပေးအုန်းမှာ!”

ဒီဟာက အရင်တစ်စုံထက် ပိုသာနေစေရမယ်!

[T/N : အရှေ့မှာရေးခဲ့တဲ့ cosplay theme တွေကို ပြန်ရှင်းပြထားတာပါ။ ကြားထဲမှာဆိုရင် ဖတ်ရတာ ရှုပ်နေမှာစိုးလို့ တစ်ပိုင်းလုံးပြီးတော့မှပဲ ရေးလိုက်တာပါ။

Hanfu : တရုတ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင် ဟန်ခေတ်မှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုစတိုင်လ်များ။

Seven fairies : ရှေးခေတ်တရုတ်ရိုးရာပုံပြင်များတွင် ကောင်းကင်ဘုံ၏ မိခင်ဘုရင်မကြီးထံ၌ သမီးအဖြစ် နတ်သမီးခုနှစ်ဖော်ရှိကာ လူသားများနှင့် ချစ်ကြိုက်ခြင်း အကြောင်းများပါဝင်သည့် ပုံပြင်များစွာ၏ ကိုးကားမှီငြမ်းရာဖြစ်သည်။

Honor of Kings : Tencent မှ ထုတ်လုပ်ဖြန့်ချီသော multiplayer online battle game ဖြစ်သည်။

Chunli : Street Fighter အမည်ရှိ ဂိမ်းထဲမှ အမျိုးသမီး ဇာတ်ကောင်ဖြစ်သည်။

Saint Seiya : များစွာသောရန်သူတို့နှင့် နတ်ဘုရားမ အသီနာ၏ တိုက်ပွဲအတွင်း၌ ၎င်းနတ်ဘုရားမ၏ ပြန်လည်ဝင်စားခြင်းအား ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတဲ့ အမျိုးသားစစ်သည်‌တော်များအကြောင်း ရေးသားထားသော နာမည်ကြီး Japanese manga တစ်ခုဖြစ်သည်။

Calabash Brothers : ၁၉၈၀ ပြည့်နှစ်‌နောက်ပိုင်းမှစ၍ အလွန်တရာ လူကြိုက်များသော တရုတ် animation တစ်ခုဖြစ်သည်။ Calabash တွင်မွေးဖွားခဲ့ကြပြီး မကောင်းဆိုးဝါး ဝိဉာဉ်‌ပေါင်းများစွာအား တိုက်ထုတ်ခဲ့ကြသော ညီအစ်ကိုခုနှစ်ယောက်အကြောင်းဖြစ်သည်]


[Moon's Note : ညာဖက်ခြမ်းက Calabash Brothers ပါ။ သူတို့က ၇+၁ ညီအစ်ကိုတွေပါ။ နာမည်တွေကလည်း သူတို့ဝတ်ထားတဲ့ အဝတ်အစားအရောင်အတိုင်း နာမည်ပေးထားတာ။ ဘယ်ဖက်ခြမ်းကတော့ စုပေကို cosplay လုပ်ခိုင်းတဲ့ မြွေဘုရင်မရယ်၊ ဘေးကနှစ်ယောက်အတွက် ဖားနဲ့ ကင်းခြေများပါ]


[Moon's Note : Bonus အနေနဲ့ စုပေရဲ့ မြွေဘုရင်မပုံပါ။ ဒီ theme ကြီးလုပ်ဖြစ်သွားပြီး ဟိုနှစ်ယောက်က ဖားနဲ့ ကင်းခြေများကြီးသာ ဖြစ်သွားကြည့် အတော်ကြည့်ကောင်းနေမှာနော်... lol]

တစ်ချိန်တည်းမှာပဲ ချင် Group ၏ ဥက္ကဌရုံးခန်းတွင်ဖြစ်သည်။

လင်းမိသားစု၏ ဥက္ကဌငယ်လေးမှ Mr.ချင်နှင့်အတူ ‘NST ကုမ္ပဏီ’ အကြောင်းအား ဆွေးနွေးနေစဉ်တွင်ဖြစ်သည်။

“ဒီပြပွဲရဲ့ရလဒ်က ကောင်းသားပဲ” Mr.ချင်က လင်းရှောက်ချီအား ဖွင့်ပွဲအခမ်းအနားနှင့် ထုတ်ကုန်ပြပွဲတို့အပေါ် အကောင်းမြင် အကဲဖြတ်မှုတစ်ခု ပေးခဲ့တယ်။

လင်းရှောက်ချီကပြုံးကာ, “ဒါတွေအားလုံးက Mr.ချင်ရဲ့ ပံ့ပိုးမှုကျေးဇူးတွေကြောင့်ပါဗျာ”

ချင် Group ၏ ပံ့ပိုးမှုသာမရှိခဲ့ဘူးဆိုရင် ဒီစီမံကိန်းကြီး ဘယ်လောက်ကောင်းကောင်း လင်း Group က သေချာပေါက် အခုလို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးစီးသွားအောင် လုပ်နိုင်လိမ့်မည်မဟုတ်ချေ။

အဆိုပါကိစ္စနှင့်စပ်လျဥ်း၍ Mr.ချင်က ဘာမှတ်ချက်မှ မပေးခဲ့‌ချေ။

“မင်း network security အကြောင်း လေ့လာထားတာလား?” Mr.ချင်က ရုတ်တရက်မေးလိုက်တယ်။

လင်းရှောက်ချီက အမှန်အတိုင်းမဖြေခင် တခဏမျှကြာသည်အထိ ဆွံ့အ‌နေခဲ့တယ် : “တကယ်တော့ ကျွန်တော်က နည်းနည်းလေးပဲ နားလည်တာပါ။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်‌တွေအရ ဆိုရင်တော့ ကျွန်တော်က ကျွမ်းကျင်တဲ့သူမဟုတ်ပါဘူးဗျာ”

ချင်ရှောက် : “ဒီထုတ်ကုန်လက်တွေ့သရုပ်ပြဖို့အတွက်က ဘယ်သူ့မှာတာဝန်ရှိတာလဲ?”

လင်းရှောက်ချီ : “ကျွန်တော် ‘Red Master Hacker Challenge’ လို့ခေါ်တဲ့ hacker ပြိုင်ပွဲတစ်ခုက‌နေ  ပညာရှင်တစ်‌ယောက်ကို ရှာတွေ့ခဲ့တာ။ သူမက ဒီနယ်ပယ်မှာ အရမ်းကျွမ်းကျင်ပြီးတော့ အမြင်ကျယ်ကျယ်လည်း ရှိတယ်။ ဒီတစ်ခေါက် အဲ့ဒီပညာရှင်ရဲ့ကျေးဇူးကြောင့် စီမံကိန်းတစ်ခုလုံးက ဒီလောက်မြန်မြန်ကြီး ပုံပေါ်လာနိုင်ခဲ့တာပေါ့ဗျာ”

“ဒါပေမယ့်,” ခဏကြာပြီးနောက် လင်းရှောက်ချီက ဆက်ပြောလိုက်တယ် : “သူမက လင်း Group ရဲ့ အချိန်ပြည့်ဝန်ထမ်းတစ်‌ယောက်မဟုတ်ဘဲ NST စီမံကိန်းအတွက် နည်းပညာပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးဖို့အတွက်ပဲ ကူညီပေးတာ...” Mr.ချင်ရဲ့သင်္ကာမကင်းအကြည့်တွေကို မြင်လိုက်ရတော့ လင်းရှောက်ချီကပြုံးပြီး ရိုးသားစွာ ပြောလိုက်တယ် : “ကျွန်တော်လည်း သူမကို NST ကုမ္ပဏီကို ဖိတ်ခေါ်ဖို့ အပြင်းအထန် ကြိုးစားနေပေမယ့်လည်း ကံဆိုးချင်တော့ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေက အောင်မြင်ဖို့ အလှမ်းဝေးနေသေးတယ် ထင်ပါရဲ့ဗျာ”

“တကယ်လို့များ Mr.ချင်ဖက်က စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒီပညာရှင်ကို ထောက်ခံပေးချင်ပါတယ်”

Mr.ချင်ခေါင်းငြိမ့်လိုက်တာကို မြင်လိုက်ရတော့ လင်းရှောက်ချီက [Q] ၏ ဆက်သွယ်ရမည့် အချက်အလက်‌များအား အနီးနားမှာရပ်နေတဲ့ ချန်တဲ့ထံ ပေးလိုက်တယ်။ ဒီဟာက လင်း Group မှ [Q] အတွက် အထူးသီးသန့် ပြင်ဆင်ပေးထား‌သော ဖုန်းနံပါတ်တစ်ခုဖြစ်ကာ နှစ်ဦးနှစ်ဖက်အကြား ဆက်သွယ်မှု ပြုလုပ်ရန်အတွက်သာ အသုံးပြုတာဖြစ်တယ်။

-----

လင်းရှောက်ချီပြန်သွားပြီးနောက် ချန်တဲ့မှ [Q] ၏ ဆက်သွယ်ရမည့် အချက်အလက်‌များကိုယူပြီး ချင်ရှောက်အား မေးလိုက်တယ် : “ဆရာ, ကျွန်တော်တို့ကုမ္ပဏီရဲ့လုံခြုံရေး တိုးမြှင့်ဖို့အတွက် ဒီ [Q] ဆိုတဲ့သူကို ရှာဖို့ စီစဉ်နေတာလား?”

NST ဖွင့်ပွဲအခမ်းအနား၏ပြပွဲသို့ ချန်တဲ့လည်း တက်ရောက်ခဲ့တာဖြစ်တယ်။ Network security က သူ့ကျွမ်းကျင်မှု မဟုတ်တာ‌ကြောင့် အသေးစိတ်အချက်အလက်များအား နားမလည်နိုင်သော်ငြား ဒီနည်းပညာက သူတို့ကုမ္ပဏီအတွက် အကျိုးရှိစေမယ်ဆိုတာကိုတော့ သူသိနေဆဲပင်။

ချန်တဲ့ : “ဒီလူကို ကျွန်တော်ဆက်သွယ်လိုက်ရမလား?”

ချင်ရှောက် : “မလုပ်နဲ့, ငါ့ကိုနံပါတ်ပဲပေး, သူ့ကို ငါကိုယ်တိုင်ပဲ ဆက်သွယ်လိုက်မယ်”

ချန်တဲ့က သူ့သူဌေး၏ အစီအစဉ်တစ်ဝက်လောက်ကိုသာ မှန်းဆနိုင်ခဲ့တယ်။ Mr.ချင်က [Q] အား အမှန်တကယ် ရှာချင်တဲ့ အကြောင်းရင်းကတော့ ချင် Group ၏ network security ကိုတိုးမြှင့်ရန်အပြင် သူက ၎င်းအရာကို စုပေအတွက်ပါ လုပ်ခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်က ပြပွဲမှာ ထုတ်ကုန်လက်တွေ့သရုပ်ပြခြင်းကို ကြည့်ရှုနေတဲ့ အချိန်တုန်းက သူ့သမီးလေး ဖော်ပြခဲ့တဲ့ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုလေးကို သတိရမိသွားတော့ Mr.ချင်က သူမလေးအတွက် ကျွမ်းကျင်တဲ့ဆရာတစ်‌ယောက် ရှာပေးဖို့ ရည်ရွယ်ထားခဲ့တာဖြစ်တယ်။

-----

ထိုနေ့ညပိုင်းတွင် စုပေက အိပ်ယာပေါ်မှာ လဲလျောင်း‌နေရင်း လင်းရှောက်ချီနှင့် chat app တစ်ခုပေါ်မှာ စကားပြောနေခဲ့တယ်။ လင်းရှောက်ချီက ‘NST ကုမ္ပဏီ’ ၏ ဖွင့်ပွဲအခမ်းအနားနှင့် ထုတ်ကုန်လက်တွေ့သရုပ်ပြခြင်းတို့မှ ဓာတ်ပုံအချို့အား သူမထံ ပေးပို့ခဲ့တယ်။

[လင်းရှောက်ချီ] : မင်း အဲဒီ့နေရာမှာရှိနေသင့်တာ။

သူ့စကားတွေထဲမှာ နောင်တရတဲ့အရိပ်အယောင်တစ်ခု ရှိနေခဲ့တယ်။

စုပေ : ...

တကယ်တော့ သူမ သွားခဲ့တာပဲလေ။ လင်းရှောက်ချီ ပေးပို့လာခဲ့တဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ပုံတွေမှာ သူမကို Mr.ချင်ရဲ့ အ‌နောက်က‌နေ တကောက်ကောက်လိုက်နေတဲ့ ပွဲတက်အဖော်အသေးလေးအဖြစ် အမိအရ ရိုက်ယူထားခဲ့တာဖြစ်တယ်။

[လင်းရှောက်ချီ] : အဲ့ဒီနေ့ ပြပွဲက အရမ်းကိုအောင်မြင်ခဲ့တာ။

[လင်းရှောက်ချီ] : နောက်ပြီး ဈေးကွက်တုံ့ပြန်မှုလည်း အရမ်းကောင်းတယ်။ လတ်တလော‌လေးတင် ကုမ္ပဏီပေါင်း ၂၀ ကျော်က ငါတို့နဲ့ ပူးပေါင်းချင်တယ်ဆိုတဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေကို ပေးပို့လာကြပြီလေ။

[Q] : ကောင်းတာပေါ့။

[Q] : နည်းပညာပိုင်းက သူ့ဖာသူ ချောချောမွေ့မွေ့လေး အလုပ်လုပ်နေမှာပဲ။ စမ်းသပ်ကာလပြီးသွားပြီဆိုရင် ငါတို့ ဒီဝန်ဆောင်မှုကို တရားဝင်စလုပ်လို့ရပြီ။

[Q] : လက်ရှိစမ်းသပ်ကာလအတွင်း, လိုလိုမယ်မယ်, တစ်ချို့ကုမ္ပဏီတွေဆီကိုပါ မင်းဘက်က ကန့်သတ်ဝန်ဆောင်မှုအ‌နေနဲ့ ကမ်းလှမ်းလို့ရတယ်။ အခမဲ့စမ်းသုံးခွင့်ပေးတယ် ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး‌တော့ ထုတ်ကုန်တွေကို ကြော်ငြာလို့ရတယ်လေ။

[လင်းရှောက်ချီ] : ဒီလိုလုပ်တာက မင်းတို့ကို ဒုက္ခပေးသလိုများ ဖြစ်မနေဘူးလား?

[Q] : ပြဿနာမရှိပါဘူး။ ကုမ္ပဏီဆယ်ခုနဲ့အထက် နံပါတ်တွေကို ကန့်သတ်လိုက်ရုံပါပဲ။ နောက်ပြီး ငါ စမ်းသပ်ကာလကို တိုအောင်လုပ်ပြီးတော့ ဒီဟာကို သုံးလအတွင်း အားလုံးပြီးစီးသွားအောင် ကြိုးစားပေးပါ့မယ်။

စမ်းသပ်ကာလပြီးသွားပြီဆိုတာနဲ့ သူတို့ နောက်ဆုံးတော့ ပိုက်ဆံ‌တွေ စပြီးရှာလို့ရပြီလေ!

[လင်းရှောက်ချီ] : အလောတကြီး လုပ်စရာမလိုပါဘူး။ မူလအစီအစဉ်အတိုင်းသာ ဆက်လုပ်ပါ, မင်းကိုယ်မင်း ဖိအား‌တွေ အများကြီးမပေးမိစေနဲ့။

[လင်းရှောက်ချီ] : မင်း တစ်ခုခုလိုအပ်တယ်ဆိုရင်လည်း ငါ့ကို ဒီတိုင်း ပြောသာပြောလိုက်ပါ။

လင်းရှောက်ချီက သူ့ဖုန်း alarm ရုတ်တရက် ထမြည်လာတဲ့အချိန်အထိ သူ ဒီ့ထက်အများကြီး ပြောချင်နေသေးတာဖြစ်တယ်။ နာရီမျက်နှာပြင်ကို ကြည့်လိုက်တော့ ည ၉နာရီခွဲနေပြီဖြစ်တယ်။ လင်းရှောက်ချီက မျက်ခုံးအသာပင့်လိုက်ပြီးတော့ တိတ်တဆိတ် တွေးတောနေခဲ့တယ် : ကိုးနာရီတောင်ခွဲသွားပြီလား? အစောကြီးပဲရှိသေးတာကို။

လင်းရှောက်ချီက နောက်ထပ် message တစ်စောင်ပို့လိုက်တယ် : မင်း အခုအလုပ်များ‌နေလား?

မြောက်များလှစွာသော chat season များအပြီးမှာတော့ လင်းရှောက်ချီက ပုံစံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ် : ကြည့်ရတာ [Q] က ညဖက်‌တွေမှာဆိုရင် တစ်စုံတစ်ရာနဲ့ပတ်သတ်ပြီး အလုပ်များ‌နေပုံရတယ်။ ည ၉နာရီခွဲ မတိုင်ခင်အချိန်အထိ သူတို့စကားပြောကြတဲ့ အချိန်တိုင်းလိုလိုမှာပင် သူမက “ငါအခုသွားရတော့မယ်။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့” ဟူသော message တစ်စောင် မပေးပို့ခင်မှာပဲ သူမက တခဏမျှကြာသည်အထိ ပျောက်ပျောက်သွားခဲ့တာဖြစ်တယ်။

လင်းရှောက်ချီ၏ သတိပေးချက်ကြောင့် စုပေလည်း နာရီကို တစ်ချက်ကြည့်လိုက်မိတယ်။

--သူမ တကယ်ကြီး ဘာတစ်ခုနဲ့မှ အလုပ်များနေတာ မဟုတ်ပေမယ့်လည်း အိပ်ယာဝင်ရတော့မှာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သိပ်မကြာခင်မှာ, သူမ လိမ်လိမ်မာမာနဲ့ အိပ်နေပြီလား မအိပ်နေဘူးလားဆိုတာကို Mr.ချင်က လာရောက်စစ်ဆေးတော့မှာဖြစ်တယ်။

[Q] : အင်း။

[လင်းရှောက်ချီ] : ကောင်းပြီလေ။ အခု နားလိုက်ကြတာပေါ့။

[လင်းရှောက်ချီ] : နောက်ပြီးတော့လေ, စောစောနားပြီး အရမ်းဉာဉ့်နက်မှ မအိပ်နဲ့နော်။

စုပေ : ...

သူမ ဘာလို့ လင်းရှောက်ချီက အရင်ထက်ပိုပြီး စကားများလာတယ်လို့ ခံစားနေရတာပါလိမ့်?

လင်းရှောက်ချီက ဒါကို သူကိုယ်တိုင်လည်း နားလည်သဘောပေါက်ခဲ့တယ် : ကြည့်ရတာ [Q] အပေါ် သူ့သဘောထားတွေက သိမ်မွေ့နူးညံ့တဲ့ဖက်ကို ပြောင်းလဲသွားပုံရတယ်။ ဒီပြောင်းလဲမှုက ဘယ်အချိန်က စတင်ခဲ့တာပါလိမ့်?

--ကြည့်ရတာ [Q] က မိန်းကလေးတစ်ယောက်မှန်း သူသိသွားခဲ့တဲ့အချိန်က စခဲ့မယ်ထင်တာပဲ။

လင်းရှောက်ချီက [Q] ၏ လိင်အမျိုးအစားအား NST နည်းပညာဌာန၏ လူများမှတဆင့် သိရှိခဲ့ရတာဖြစ်တယ်။ သူတို့က စီမံကိန်းကို ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ လုပ်ဆောင်နေကြရတာ ဖြစ်တာကြောင့် နည်းပညာအဖွဲ့မှ စုပေနှင့် voice call မှတဆင့် မြောက်များလှစွာသော ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ်ရမည်မှာ မလွဲဧကန်ပင် ဖြစ်တယ်။ ဖုန်းလက်ခံဖြေကြားချိန်၌ နူးညံ့ချိုသာတဲ့အသံ‌လေးအား သူတို့ကြားလိုက်ရတဲ့ အခိုက်အတန့်မှာပဲ အဖွဲ့သားအားလုံးက အံ့ဩထိတ်လန့်သွားခဲ့ရတယ်--ရိုသေလေးစားရတဲ့ ကြီးမြတ်တဲ့ ဆရာကြီးက တကယ်တမ်းကျတော့ အမျိုးသမီးတစ်‌ယောက် ဖြစ်နေပါရော့လား! ထို့နောက် နည်းပညာအဖွဲ့သားများ၌ ပူပူနွေးနွေး ဆွေးနွေးမှုတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့တော့တယ် : ဖုန်းထဲကအသံက အရမ်းငယ်တဲ့ပုံ‌ပေါက်တယ်ဆိုမှတော့ [Q] က ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ပဲဖြစ်ရမယ်။

[လင်းရှောက်ချီ] : Good night နော်။

[Q] : ဟုတ်ကဲ့, good night ပါ။

ခဏကြာတဲ့အထိကို လင်းရှောက်ချီက ဖုန်းကို တွေဝေမိန်းမောစွာနှင့် ကိုင်ထားခဲ့တယ်။ ပထမတော့ သူက [Q] ကို ဘေးချင်းယှဉ်ရပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ သူနဲ့ လွတ်လွတ်လပ်လပ် စကားပြောဆိုလို့ရနိုင်တဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်တယ်။ အခုတော့ အဲဒါက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီဆိုတာကို လင်းရှောက်ချီတစ်ယောက် ခံစားမိခဲ့ပေမယ့် အခုထိ ဘယ်လိုပြောင်းလဲမှုမျိုးလည်း ဆိုတာကိုတော့ သူ မပြောနိုင်လေဘူး။

-----

လင်းရှောက်ချီနှင့် စကားပြောဆိုမှုကို အဆုံးသတ်ပြီးတဲ့နောက် စုပေက သူမမိုဘိုင်းဖုန်းအား အဝေးမှာ ထားလိုက်ကာ အလွန်အမင်း အတွေ့အကြုံရနေပြီဖြစ်တဲ့ လှုပ်ရှားမှုမျိုးနဲ့ အိပ်ယာခင်းအောက်မှာ သူမကိုယ်သူမ ထိုးသိပ်ထည့်ထားလိုက်တယ်။ စုပေရဲ့မျက်နှာတစ်ဝက်က အိပ်ယာမှပေါ်ထွက်နေပြီး သူမမျက်လုံးတွေကို ပြူးကျယ်နေအောင် ဖွင့်ထားကာ တုံဏှိဘာဝေနှင့် တံခါးကိုသာကြည့်နေခဲ့တယ်။ သူမက Mr.ချင်အား သူ၏ ‘ညကင်းလှည့်ခြင်း’ အတွက် ရောက်လာမလားဆိုပြီး စောင့်နေခဲ့တာဖြစ်တယ်။

သို့ပေမယ့်, အချိန်အကြာကြီးစောင့်နေတာတောင်မှ, Mr.ချင်က ဒီနေ့တော့ ရောက်မလာခဲ့လေဘူး။

စုပေက သူမဘယ်လောက်ကြာကြာ စောင့်နေမိတယ်ဆိုတာကိုတောင် မသိတော့ဘူး။ အိပ်ချင်မူးတူးစိတ်တွေက သူမကို စတင်တွေဝေမိန်းမောလာစေတဲ့အချိန်မှာပဲ မိုဘိုင်းဖုန်းက ရုတ်တရက် ထမြည်လာခဲ့တယ်။ မျက်နှာပြင်မှာတော့ [ဒုတိယကဒ်] နှင့် မရင်းနှီးသောနံပါတ်များ အတန်းလိုက်ကို ပြသနေခဲ့တယ်။ ဒီဟာက လင်း Group မှ စုပေအတွက် ပြင်ဆင်ပေးထားတဲ့ ဖုန်းကဒ်ဖြစ်ကာ ဒီတစ်ခေါက် ဖုန်းခေါ်ဆိုတဲ့တစ်‌ယောက်က telemarketer (တယ်လီဖုန်းခေါ်ဆို၍ ကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်း) ဒါမှမဟုတ် နည်းပညာဌာနမှ တစ်စုံတစ်‌ယောက်ပဲဖြစ်ရမယ်။

အနည်းငယ်အိပ်ချင်နေသော်ငြား စုပေက ဖုန်းလက်ခံ ခလုတ်ကို နှိပ်မိနေဆဲပင်ဖြစ်တယ်။

“ဟဲလို?”

“...”

ခဏကြာပြီးနောက် စုပေက ခေါ်ဆိုသူဖက်မှ ဘာသံမှ မကြားခဲ့ရချေ။ သူမ ဖုန်းကို နားကနေခွာပြီး မျက်နှာပြင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်တယ်။ အဲဒါက ‘calling’ mode မှာပဲ ရှိနေဆဲဖြစ်တာကြောင့် သူမက နောက်တစ်ဖန် ထပ်ပြောလိုက်တယ် : “ဟဲလို, ကြားရလား?”

11.5.2021
Tuesday

_____

Thanks 🌹

Đọc tiếp

Bạn Cũng Sẽ Thích

125K 17.2K 43
က်န္းခ်င္းေပ - arc.4.
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
870K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
63.1K 5.8K 11
Timetravel 😁 Uni and Zawgyi(owncreation)