๐™ƒ๐™ž๐™จ ๐™ฃ๐™–๐™ข๐™š ๐™ž๐™จ ๐™…๐™š๐™ค๐™ฃ...

By Iris_Choi

362K 33.6K 2.4K

- Can't help falling in love with you - This is the story of love between us. Jeon's Tae๐Ÿฏ๐Ÿฐ Start - 28/4/20... More

Prologue
(( 1 ))
(( 2 ))
(( 3 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 )) - Final
Extra๐Ÿ’œ
Yeonbin ??

(( 4 ))

14.3K 1.5K 82
By Iris_Choi

Unicode

"Jungkook ahတအားသောက်လို့မဖြစ်ဘူးနော် မနက်ဖြန်မနက်ပိုင်းအသံသွင်းဖို့ရှိတယ်သိတယ်မလား? ကုမ္ပဏီသွားရမယ်"

"Nae ကျွန်တော်သိပါတယ်"

"ဟုတ်ပြီ အဲ့တာဆိုHyungပြန်နှင့်ပြီနော်Jungkook ကားကိုဂရုစိုက်မောင်းသွားအုံး"

"Nae"

Jungkookရဲ့မန်နေဂျာHyungက သူတို့ကိုကားပေးကာပြန်သွားနှင့်ပြီမလို့ Jungkookကကားမောင်းခေါ်သည့်နောက်သို့ပါလာသည်။

"အပြင်မှာဆိုပရိတ်သတ်တွေနဲ့အဆင်မပြေလောက်လို့ ကျွန်တော့်ရဲ့ကွန်ဒိုမှာစုဖို့လုပ်လိုက်ကြတာ Taehyung siiအဆင်ပြေတယ်မလား?"

"Nae အဆင်ပြေပါတယ်Jungkook sii"

ကားမောင်းရင်းနှင့် သူ့အားလှည့်ကာပြောလာသည့်Jungkook။ ဘေးတိုက်အနေထားနှင့်မျက်နှာချောချောကို ဘာရယ်မဟုတ်Taehyungသတိလက်လွတ်ငေးကြည့်နေမိသည်။

Ommaပြောတော့သူ့ကိုမှတ်မိတယ်လည်းပြောသေးတယ် အခုကျမသိချင်ယောင်ဆောင်နေတာလား?ပြီးတော့Jungkookက အမှန်ဆိုသူ့ထက်ငယ်တယ်မဟုတ်ဘူးလား? ခေါ်နေတာကTaehyung sii Taehyung siiနဲ့။ Hyungလို့ခေါ်တော့ ဘယ်သူကဘာပြောမှာကျလို့။ ငယ်ငယ်တုန်းကအတင်းတွေလိုက်နမ်းတာသူမဟုတ်တဲ့အတိုင်း အခုကျမှအရမ်းတွေသူစိမ်းဆန်ပြနေတယ်။

Jungkookတစ်ယောက်ကားမောင်းရင်း ဘေးကိုလှည့်ကြည့်မိတော့သူ့အားမျက်စောင်းတထိုးထိုးနဲ့ ပေစောင်းစောင်းလေးကြည့်နေသည့်Hyungပေါက်စကြောင့် ရယ်ချင်သွားရသည်။ ဒါကရောဘယ်လိုအမူအယာအသစ်လေးလဲKim Taehyung?

"ဘာလို့ကျွန်တော့်ကိုအဲ့လိုကြီးကြည့်နေတာလဲTaehyung sii?? ပြောစရာရှိလို့လား?"

သူပြောလိုက်တော့မှ ရှေ့တည့်တည့်သို့ထိုင်နေရာကနေသူ့ဖက်သို့အကျအနစောင်းကာလှည့်ကြည့်လာသည့်Tae။ ကြည့်ရတာမကျေနပ်တာတစ်ခုခုကို ရှယ်ပြောတော့မည့်ပုံနဲ့။

"မင်းJungkookမဟုတ်လား?"

"Nae?? ကျွန်တော်Jungkookဟုတ်တယ်လေTaehyung siiရဲ့ "

"ဟင့်အင်း ဟင့်အင်း ကျွန်တော်မေးတာJungkook siiက ကျွန်တော်ငယ်ငယ်ကသိတဲ့Jungkookမဟုတ်လားလို့? အန်တီSung Miရဲ့သားလေ"

သူမေးလိုက်တော့ မျက်ခုံးတချက်ပင့်သွားသည့်Jungkook။ ဘယ်လိုသိသွားတာလဲဆိုသည့်ပုံဖြင့်ကြည့်နေသည်မလို့ အောင်နိုင်သူတစ်ယောက်လိုမျက်နှာခပ်ချီချီလေးဖြင့် ခပ်တည်တည်လေးပြန်ကြည့်ပေးလိုက်သည်။

"အဟား ကျွန်တော့်ရဲ့Hyungလေးကမှတ်မိတာပဲကျွန်တော့်ကို...."

"ဒီတိုင်းဆိုမသိပါဘူး Ommaဖုန်းဆက်ပြောလို့သိတာ"

သူ့အပြောကို မျက်လုံးပြူးတူးတူးနဲ့ပြန်ဖြေရှင်းချက်ထုတ်နေပြန်သည်။

"ဟုတ်လား ကျွန်တော့်ကတော့Taeကိုဘယ်တော့မှမမေ့ခဲ့ဘူးငယ်ငယ်တည်းက ....အခုထိ"

သူပြောလိုက်တော့ မျက်လုံးဝိုင်းကြီးတွေကပုတ်ခတ်ပုတ်ခတ်ဖြစ်ကာသူ့အား တအံ့တဩလေးကြည့်လာသည်။

"ဘာလို့လဲ?"

အရိပ်ပြလို့လဲအကောင်မမြင်သည့် ကိုဖြူစင်သည်Dramaမင်းသားတစ်ယောက်မှဟုတ်ပါလေစ။

"ဘာလို့လို့ထင်လဲ??"

မျက်ခုံးလေးတဖက်ပင့်ကာ ခပ်စူးစူးလေးကြည့်ပေးလိုက်တော့လဲ သူ့အကြည့်တွေကိုလွှဲသွားကာ'မသိဘူးလေ' ဆိုပြီးအသံတိုးတိုးလေးဖြင့်ဖြေလာသည်။

မြောင်းပါမက ဆည်ပါဖောက်ပေးနေသော်လည်း ရေကစီးမလာ ..... အဲ့တာကြောင့်လဲဒီHyungပေါက်စကိုလက်ရဲဇတ်ရဲနဲ့ဒဲ့flirtရတာ။ မဟုတ်ရင်ဒီလိုအူတူတူပုံစံလေးနဲ့ သူ့ကိုကျီစယ်နေမှန်းလဲမသိ မြောင်းဖောက်ပေးနေမှန်းလဲမသိနဲ့ ဇာတ်ကားသာပြီးသွားမယ် ဘာမှဖြစ်လိုက်ရမှာမဟုတ်။

"Taeကိုကျွန်တော်က seriesစရိုက်ရမယ်ဆိုကတည်းကသိနေခဲ့တာ ငယ်ငယ်ကကျွန်တော့်ရဲ့Hyungပေါက်စလေးမှန်း"

သူပြောလိုက်တော့ မျက်မှောင်လေးကြုံ့သွားကာရုပ်လေးကမဲ့သွားသည်။

"မင်း... မင်းနော် ဘယ်လိုတွေခေါ်နေတာလဲ ငါကမင်းထက်ကြီးတာကို"

"ဘာကလဲ?"

"ဟင်?"

"ဘာကကြီးတာလဲလို့ ?"

Jungkookရဲ့ရိသဲ့သဲ့စကားတွေနဲ့ ပြုံးစစမျက်နှာကြောင့် Taehyungနဖူးစပ်လေးတွေမှာချွေးစတွေဆို့လာသည်။ ထို့နောက် ပြောရင်းဆိုရင်း သူ့တစ်ကိုယ်လုံးကိုကားမောင်းရင်းလှည့်ကြည့်လှည့်ကြည့်ဖြင့်ဝါးစားမတတ်အကဲခတ်နေသည့်Jungkookကြောင့် Taehyungမျက်နှာကပြိုတော့မဲ့မိုးလိုဖြစ်လာသည်။ Taehyungကားပေါ်ကနေဆင်းပြေးချင်နေပါပြီ။

"Hyungကသေးပါတယ် ကျွန်တော့်ထက်..."

"ငါ ငါကအသက်ကိုပြောတာ...မင်းနော်"

"အော် အသက်ကိုပြောတာလား? အဲ့တော့Taeကကျွန်တော့်ကိုဘယ်လိုခေါ်စေချင်လို့လဲ?? "

မဟုတ်ဘူးလေ။ သူပြောချင်တာက ရင်းနှီးမှုရဖို့အခေါ်အဝေါ်ပြောင်းလဲဖို့ပြောချင်တာ။ ပြီးတော့အခုဆိုသူတို့နှစ်ယောက်ကပိုတောင် စိမ်းမနေသင့်တော့။ ငယ်ငယ်ကတည်းကသိကျွမ်းခဲ့ဖူးသည်မဟုတ်ပါလား။

"Taeလို့ပဲခေါ်ရတာကျွန်တော်အဆင်ပြေတယ် မဟုတ်လဲseriesထဲမှာခေါ်နေရတာဆိုတော့ ဇာတ်ကားအတွက်moodလဲဝင်ပြီးသားရတာပေါ့မဟုတ်ဘူးလား?

Taehyungမှာဘာပြန်ပြောရမှန်းမသိ။ Jungkookသူ့ကိုTaeလို့ခေါ်လျှင် ရင်တလှပ်လှပ်နဲ့ခံစားရခက်သလို တစ်ဖက်ကလည်းထိုသို့အခေါ်ခံရသည့်နာမ်စားလေးကိုသဘောကျနေမိပြန်သည်။ သူ့ကိုဘယ်သူကမှ အဲ့လိုနူးနူးညံ့ညံ့နဲ့အဖျားစွတ်ပြီးမခေါ်ဖူးဘူးလေ။

"ကျွန်တော်ကတခါမှသရုပ်ဆောင်မလုပ်ဖူးတော့ moodသွင်းရတာကျွတော့်အတွက်တကယ်ခက်တယ်Taeရဲ့ ကျွန်တော့်အတွက်လေ့ကျင့်ပြီးသားလဲရတာပေါ့မကူညီချင်ဘူးလားဟင်"

မျက်နှာငယ်လေးဖြင့်Jungkookတောင်းဆိုလိုက်တော့ Taehyungကအမှန်ပင်သနားသွားဟန်သူ့စကားတွေကိုယုံသွားပုံပေါ်သည်။

တကယ်လည်းTaehyungမှာ သူတောင်seriesတစ်ခုရိုက်လျှင်အခက်အခဲတွေရှိနေသေးတာ idolတစ်ယောက်ဖြစ်သည့်Jungkookအတွက်ဆိုပိုလို့တောင် ခက်ခဲနေရှာမည်ဟုတွေးဆမိပြီးကိုယ်ချင်းစာသွားရသည်။

"အင်းအင်း အဆင်ပြေသလိုခေါ်ပါရပါတယ်"

Jungkookကတော့ သူ့အကွက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ကိုဝင်ချလာသည့်Taehyungကြောင့် အပျော်ကြီးပျော်နေမိသည်။ တစ်ဖက်ကလည်းစိုးရိမ်မိပြန်သည်။ သူကလီကမာနဲ့ဉာဏ်များနေတာကို Hyungပေါက်စလေးကမသိသည်ထိအောင် ရိုးသားလွန်းနေပြန်သည်လေ။

သူတို့နှစ်ယောက်ကွန်ဒိုရောက်တော့ အိမ်ထဲသို့ဝင်ဝင်ချင်း Jimin sunbaenimရယ် Suga sunbaenimရယ် ဇာတ်ညွှန်းဆရာEunwooရယ်ကရောက်နှင့်နေကြပြီ​ဖြစ်သည်။ ဧည့်ခန်းထဲမှာပင်စားပွဲခင်းကာ အစားအသောက်တွေခင်းကျင်းပြီးသားဖြစ်နေပြီဖြစ်သည်။

ကွန်ဒိုအခန်းကအထပ်တော်တော်မြင့်သည့်အပြင် သူ့ကွန်ဒိုထက်အတော်ပင်ကျယ်လှသည်မလို့ သူတောင်တမေ့တမောငေးမိသွားသေးသည်။

အိမ်ရှင်Jungkookမရောက်ခင်ကို အိမ်အဝင်အထွက်တွေရှိနေကြသည်ဆိုတော့ ရင်းနှီးမှုတွေကတော်ရုံဆက်ဆံရေးလောက်နဲ့တော့မဟုတ်နိုင်။ ရိုက်ကူးရေးteamတစ်ခုလုံးနှင့်သိနေသည့်Jungkookကြောင့် သူပဲဆက်ဆံရေးလေ့လာမှုအားနည်းနေသလားလို့ပင်တွေးမိရသေး။

"Taehyung siiလာပါ ကြိုဆိုပါတယ်နော် ရှေ့လျှောက်နေရမခက်ရအောင်တရင်းတနှီးနေကြရအောင် "

ဇာတ်ညွှန်းဆရာEunwooကပြောတော့ Taehyungလဲအလိုက်သင့်လိုက်နှုတ်ဆက်ကာစားပွဲတစ်နေရာမှာဝင်ထိုင်သည်။ Jungkookကတော့အဝတ်အစားလဲမည်ဆိုပြီး သူ့အခန်းထဲဝင်သွားလေသည်။

"Taehyungကို Hyung Hwarangမှာကတည်းကသတိထားမိတယ် ချစ်စရာကောင်းလိုက်တာဆိုပြီးသဘောကျနေတာ"

Jimin sunbaenimကပါးစပ်ထဲမုန့်တွေပလုတ်ပလောင်းဖြင့် သူ့အားပြုံးကာပြောလာသည်။ တခါမှမထင်ထားသည့်ပုံစံလေးမလို့ Taehyungတောင်အံ့ဩသွားမိသေးသည်။ Jimin sunbaenimလိုနိုင်ငံကျော်နာမည်ကြီး သရုပ်တောင်တစ်ယောက်အနေနဲ့ဒီပုံစံဟာအရမ်းကိုသဘာဝကျလွန်းသည်လေ။

အခုပြောနေပုံအရ တကယ်ကိုချစ်စရာကောင်းနေသည်ကJimin sunbaenimရဲ့ပုံလေးဖြစ်နေသည်။

"Nae ကျေးဇူးတင်ပါတယ်Jimin sunbaenim"

"အာ စိမ်းကားလိုက်တာ အဲ့လိုမခေါ်နဲ့Taehyung ah.. Hyungလို့ပဲခေါ်ပါ"

"Nae Jimin hyung"

"Hey Guys ....ငါရောက်ပြီ"

အိမ်ထဲသို့ဝင်လာသည့် Yeonjun။ ဆောင်းထားသည့်ကုတ်အင်္ကျီနဲ့ဦးထုတ်အမဲကိုချွတ်ကာစားပွဲတွင်ဝင်နေရာယူသည်။ ကြည့်ရတာအခုcastတွေအကုန်လုံးဟာ Jungkookနှင့်ရင်းနှီးပြီးသားတွေဖြစ်မည်။

"Taehyungie hyung ကျွန်တော့်ကိုလဲ seriesထဲကလိုပဲညီလေးတစ်ယောက်လိုခင်နိုင်ပါတယ်နော် "

"အင်း ကျေးဇူးပဲYeonjun ah"

Yeonjunကသူ့အားပေါ့ပေါ့ပါးပါးလေးပြောရင်း Jimin Hyungနဲ့အပြိုင်စားပွဲပေါ်ကအစားအသောက်တွေပလုတ်ပလောင်းစားတော့သည်။

Yeonjunနည်းတူ နာမည်ကြီးIdol groupအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Suga hyungခေါ် Yoongi hyungကတော့အနေအေးဟန်ပေါ်သည်။ သူ့အားနှုတ်ဆက်ပြီးJimin hyungနဲ့သာကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့စကားပြောသည်။

သို့သော်အားလုံးဟာ ပေါ့ပေါပါးပါးနှင့်တကယ်ပင်ပြောဆိုဆက်ဆံရအဆင်ပြေသူတွေမလို့ တစ်ညနေခင်းနဲ့ပင်Taehyungမှာ အကုန်လုံးနှင့်မစိမ်းတော့ပဲလိုက်ရောညီထွေဖြစ်လာသလိုခံစားလာရသည်။

ဘီယာအနည်းငယ်တော့ သောက်ကြစားကြသည်မလို့စကားပြောသံတွေဖြင့် အိမ်ထဲမှာတညံညံပင်။

"မင်းဒီညdormပြန်မှာလား??"

Jungkookကဘီယာခွက်လေးကိုမော့ရင်း Yeonjunကိုလှမ်းမေးသည်။ Taehyungကတော့သိပ်မသောက် ပါးဖောင်းဖောင်းလေးတွေတလှုပ်လှုပ်နှင့်အသားဖက်လေးတွေသာကောက်ဝါးနေသည်။

"မပြန်တော့ဘူးလေ ဒီမှာပဲအိပ်တော့မယ် မန်နေဂျာhyungကိုပြောခဲ့တယ် မနက်ကျမှလာခေါ်ခိုင်းထားတယ်"

"အင်းအင်း"

"ဒါနဲ့Jungkookနဲ့ Yeonjunieတို့နဲ့ကအစကတည်းကသိနေကြတာလားဟင်?"

စားနေရင်းပလုတ်ပလောင်းဖြင့် ပြူးတူးတူးလေးထမေးလာသည့် Taehyungပုံစံလေးဟာချစ်စရာကောင်းလွန်းနေသည်မလို့သူတို့အားလုံးပင်ပြုံးမိသွားရသေးသည်။

ဒီလိုတွေသူ့ရှေ့မှာ ပြောဆိုဆက်ဆံနေကြသည့်အခြေအနေကိုတောင် ဘာမှန်းသဘောမပေါက်သေးသည့်Hyungပေါက်စလေး။

"ဒါရိုက်တာSeokjinနဲ့ Suga hyungနဲ့ကသူငယ်ချင်းအရင်းကြီးတွေလေ Jungkookနဲ့ဒါရိုက်တာကြီးကညီကိုဝမ်းကွဲတွေ Hyungနဲ့ကSuga hyungကတဆင့်အဲ့လိုသိကြတာ Eunwooတို့Yeonjunတို့နဲ့ကတော့ငယ်သူငယ်ချင်းတွေလေ"

"အာ အဲ့လိုကိုး ..."

ဤသို့ဖြင့် သူတို့အားလုံးပြောကြဆိုကြ ဂိမ်းတွေလဲဆော့ကြဖြင့်ရင်းနှီးမှုကအတော်အတန်ပင်ရသွားကာ Taehyungလည်းအတော်ပင်ပွဲကျနေခဲ့သည်။ Jungkookအကြည့်စူးစူးတွေကိုတော့ လစ်လျူရှုလျက်။

ဂိမ်းတွေဆော့ကြတော့လဲ Taehyungကချည်းရှုံးပွဲတွေဆက်နေသည်မလို့ ပြစ်ဒဏ်အတိုင်းဘီယာတစ်ခွက်အပြည့်သောက်ရမည်လေ။ Taehyungကလှုပ်စိလှုပ်စိဖြင့် မသောက်နိုင်သူမလို့Jungkookကချည်းသူ့ပြစ်ဒဏ်ကို အစားသောက်သောက်ပေးသည်။

"ဒီတစ်ခါလည်းTaehyungရှုံးတယ် ပြစ်ဒဏ်ကJungkookပဲသောက်မှာမလား ရော့အကဲပိုကောင် သောက်ပေးနေလိုက်မင်းချစ်ချစ်အတွက်"

Yeonjunကလဲအတော်လေးသောက်ထားပြီမလို့ စကားတွေကမထိန်းမသိမ်း ထွက်ကျလာကုန်သည်။ ကျန်တဲ့သူတွေကရယ်နေကျပေမဲ့ Taehyungမှာတော့မရယ်နိုင်အား။

ဘာလို့အကုန်လုံးက သူတို့နှစ်ယောက်ကိုseriesထဲ ကJeon Jungkookနဲ့Jeon Taehyungလို အပြင်မှာပြောဆိုဆက်ဆံနေကြတာပါလိမ့်? သူကပဲစိတ်ထင်နေတာလား? Jungkookကလဲ ဘာမှဝင်မပြောဘူး ပြုံးပြုံးကြီးသူ့ကိုပဲလာလာကြည့်နေသည်။

-
-
-
-
-
-
-

အကုန်လုံးပြန်သွားတော့ ညည့်ပင်အတော်နက်သွားသည်။ သူပြန်ခါနီးတော့လည်းတံခါးနားထိJungkookကသူ့ကိုလိုက်ပို့ပေးသည်။မန်နေဂျာhyungကလာကြိုနေပြီလေ။

"ဒီနေ့လိုစီစဉ်ပေးလို့ ကျေးဇူးပဲJungkook ah ... "

Taehyungအမှန်ပင် Jungkookကိုကျေးဇူးတင်မိသည်။ Jungkookကြောင့်သာ တခြားCastတွေနဲ့ဒီနေ့ရင်းနှီးမှုတွေရခဲ့သည်မဟုတ်ပါလား။ ဒါဟာTaehyung အတွက်ရိုက်ကူးရေးတွင်များစွာအကြုံးဝင်ပါသည်။

သာမန်seriesမဟုတ်သည့်ဇာတ်လမ်းတွဲတစ်ခုမှာ စိတ်သက်သာစေရန်Jungkookရော ကျန်တဲ့သူတွေရောသူ့အတွက်အများကြီးထည့်တွေးပေးကြသည့်အတွက်လည်း အတိုင်းမသိကျေးဇူးတင်ရသည်လေ။

"ရပါတယ်Taeအဆင်ပြေရင် ကျေနပ်ပါပြီ "

Taeလို့တရားဝင်ခေါ်ခွင့်ရထားတာကြောင့် ထိုနာမ်စားလေးကိုပါးစပ်ကိုမချချင်။ တစ်ညတည်းနဲ့တင်အခြေအနေတိုးတက်သည်ပဲပြောရမလား။ Taeကသူ့ကိုရင်းရင်းနှီးနှီးဖြစ်လာသည်လေ။ပီတီပင်လယ်မျောနေသည်မလို့ စပ်ဖြီးဖြီးနဲ့ပျော်နေသည့်မျက်နှာကလည်းထိန်းမရ။

"အင်း ဒါဆိုငါသွားပြီနော် Jungkook"

Taeလို့ခေါ်လိုက်လို့တဲ့ ထုံးစံအတိုင်းသူ့အကြည့်တွေကိုမကြည့်ပဲ သူ့ရှေ့ကနေအမြန်ပြေးဖို့ပြင်နေသည့်လက်ကလေးကိုလှမ်းဆွဲလိုက်တော့မျက်လုံးရွဲကြီးတွေနဲ့ပြန်ကြည့်လာသည့်Hyung။

"မနက်ဖြန်ရိုက်ကွင်းကျရင်တွေ့မယ်နော်Tae"

"အင်း"

"ပြီးတော့ ...."

ဆွဲထားသည့်လက်လေးကိုမဖြုတ်ပဲ မျက်နှာကြီးကTaehyungနားရွက်နားလေးထိတိုးသွားတာမလို့ အနီးကပ်မြင်ရသည့်နားရွက်ဖျားလေးတွေကနီရဲလာသည်ကိုတွေ့ရသည်။

"မနက်ဖြန်မောင်တို့သားလေးနဲ့ Family photo shootingရှိတယ်နော်"

သူထင်ထားသည့်အတိုင်း နားရွက်တွေပါမကပါးနှစ်ဖက်ပါရဲတက်သွားပြီလေ။ ဒီHyungလေးကို ကျီစယ်နေရသည်ကJungkookအတွက် အတော်ကြည်နူးရင်ဖိုစရာကောင်းသည်လေ။

"သိ သိပါတယ်ဆို .... ပြန်တော့မယ်"

လက်လေးတွေကိုအတင်းရုန်းလာသည်မလို့ သူလည်းလွှတ်ပေးလိုက်ရော လှစ်ခနဲ့ပြေးထွက်သွားသည်ပုံရိပ်လေးကြောင့် သူခပ်ဟဟပင်အော်ရယ်မိတော့သည်။

ဒီမြတ်နိုးဖွယ်ရာ အချစ်ဦးလေးကိုသူ့အပိုင်လေးမဖြစ်ဖြစ်အောင်ကိုလုပ်အုံးမှာ။ အခုတော့ပတ်ပြေးထားအုံးပေါ့ Jeon Taehyungလေးရေ။

-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N : မျှော်နေကြလားရှင်👀 မာယာများတဲ့ယုန်ရဲ့လက်ကနေ ထယ်လုံးလေးကိုကယ်ဖို့ပြန်လာပါပြီနော်

-
-
-
-
-
-
Zawgyi

"Jungkook ahတအားေသာက္လို႔မျဖစ္ဘူးေနာ္ မနက္ျဖန္မနက္ပိုင္းအသံသြင္းဖို႔ရွိတယ္သိတယ္မလား? ကုမၸဏီသြားရမယ္"

"Nae ကၽြန္ေတာ္သိပါတယ္"

"ဟုတ္ၿပီ အဲ့တာဆိုHyungျပန္ႏွင့္ၿပီေနာ္Jungkook ကားကိုဂ႐ုစိုက္ေမာင္းသြားအုံး"

"Nae"

Jungkookရဲ့မန္ေနဂ်ာHyungက သူတို႔ကိုကားေပးကာျပန္သြားႏွင့္ၿပီမလို႔ Jungkookကကားေမာင္းေခၚသည့္ေနာက္သို႔ပါလာသည္။

"အျပင္မွာဆိုပရိတ္သတ္ေတြနဲ႔အဆင္မေျပေလာက္လို႔ ကၽြန္ေတာ့္ရဲ့ကြန္ဒိုမွာစုဖို႔လုပ္လိုက္ၾကတာ Taehyung siiအဆင္ေျပတယ္မလား?"

"Nae အဆင္ေျပပါတယ္Jungkook sii"

ကားေမာင္းရင္းႏွင့္ သူ႔အားလွည့္ကာေျပာလာသည့္Jungkook။ ေဘးတိုက္အေနထားႏွင့္မ်က္ႏွာေခ်ာေခ်ာကို ဘာရယ္မဟုတ္Taehyungသတိလက္လြတ္ေငးၾကည့္ေနမိသည္။

Ommaေျပာေတာ့သူ႔ကိုမွတ္မိတယ္လည္းေျပာေသးတယ္ အခုက်မသိခ်င္ေယာင္ေဆာင္ေနတာလား?ၿပီးေတာ့Jungkookက အမွန္ဆိုသူ႔ထက္ငယ္တယ္မဟုတ္ဘူးလား? ေခၚေနတာကTaehyung sii Taehyung siiနဲ႔။ Hyungလို႔ေခၚေတာ့ ဘယ္သူကဘာေျပာမွာက်လို႔။ ငယ္ငယ္တုန္းကအတင္းေတြလိုက္နမ္းတာသူမဟုတ္တဲ့အတိုင္း အခုက်မွအရမ္းေတြသူစိမ္းဆန္ျပေနတယ္။

Jungkookတစ္ေယာက္ကားေမာင္းရင္း ေဘးကိုလွည့္ၾကည့္မိေတာ့သူ႔အားမ်က္ေစာင္းတထိုးထိုးနဲ႔ ေပေစာင္းေစာင္းေလးၾကည့္ေနသည့္Hyungေပါက္စေၾကာင့္ ရယ္ခ်င္သြားရသည္။ ဒါကေရာဘယ္လိုအမူအယာအသစ္ေလးလဲKim Taehyung?

"ဘာလို႔ကၽြန္ေတာ့္ကိုအဲ့လိုႀကီးၾကည့္ေနတာလဲTaehyung sii?? ေျပာစရာရွိလို႔လား?"

သူေျပာလိုက္ေတာ့မွ ေရွ႕တည့္တည့္သို႔ထိုင္ေနရာကေနသူ႔ဖက္သို႔အက်အနေစာင္းကာလွည့္ၾကည့္လာသည့္Tae။ ၾကည့္ရတာမေက်နပ္တာတစ္ခုခုကို ရွယ္ေျပာေတာ့မည့္ပုံနဲ႔။

"မင္းJungkookမဟုတ္လား?"

"Nae?? ကၽြန္ေတာ္Jungkookဟုတ္တယ္ေလTaehyung siiရဲ့ "

"ဟင့္အင္း ဟင့္အင္း ကၽြန္ေတာ္ေမးတာJungkook siiက ကၽြန္ေတာ္ငယ္ငယ္ကသိတဲ့Jungkookမဟုတ္လားလို႔? အန္တီSung Miရဲ့သားေလ"

သူေမးလိုက္ေတာ့ မ်က္ခုံးတခ်က္ပင့္သြားသည့္Jungkook။ ဘယ္လိုသိသြားတာလဲဆိုသည့္ပုံျဖင့္ၾကည့္ေနသည္မလို႔ ေအာင္နိုင္သူတစ္ေယာက္လိုမ်က္ႏွာခပ္ခ်ီခ်ီေလးျဖင့္ ခပ္တည္တည္ေလးျပန္ၾကည့္ေပးလိုက္သည္။

"အဟား ကၽြန္ေတာ့္ရဲ့Hyungေလးကမွတ္မိတာပဲကၽြန္ေတာ့္ကို...."

"ဒီတိုင္းဆိုမသိပါဘူး Ommaဖုန္းဆက္ေျပာလို႔သိတာ"

သူ႔အေျပာကို မ်က္လုံးျပဴးတူးတူးနဲ႔ျပန္ေျဖရွင္းခ်က္ထုတ္ေနျပန္သည္။

"ဟုတ္လား ကၽြန္ေတာ့္ကေတာ့Taeကိုဘယ္ေတာ့မွမေမ့ခဲ့ဘူးငယ္ငယ္တည္းက ....အခုထိ"

သူေျပာလိုက္ေတာ့ မ်က္လုံးဝိုင္းႀကီးေတြကပုတ္ခတ္ပုတ္ခတ္ျဖစ္ကာသူ႔အား တအံ့တဩေလးၾကည့္လာသည္။

"ဘာလို႔လဲ?"

အရိပ္ျပလို႔လဲအေကာင္မျမင္သည့္ ကိုျဖဴစင္သည္Dramaမင္းသားတစ္ေယာက္မွဟုတ္ပါေလစ။

"ဘာလို႔လို႔ထင္လဲ??"

မ်က္ခုံးေလးတဖက္ပင့္ကာ ခပ္စူးစူးေလးၾကည့္ေပးလိုက္ေတာ့လဲ သူ႔အၾကည့္ေတြကိုလႊဲသြားကာ'မသိဘူးေလ' ဆိုၿပီးအသံတိုးတိုးေလးျဖင့္ေျဖလာသည္။

ေျမာင္းပါမက ဆည္ပါေဖာက္ေပးေနေသာ္လည္း ေရကစီးမလာ ..... အဲ့တာေၾကာင့္လဲဒီHyungေပါက္စကိုလက္ရဲဇတ္ရဲနဲ႔ဒဲ့flirtရတာ။ မဟုတ္ရင္ဒီလိုအူတူတူပုံစံေလးနဲ႔ သူ႔ကိုက်ီစယ္ေနမွန္းလဲမသိ ေျမာင္းေဖာက္ေပးေနမွန္းလဲမသိနဲ႔ ဇာတ္ကားသာၿပီးသြားမယ္ ဘာမွျဖစ္လိုက္ရမွာမဟုတ္။

"Taeကိုကၽြန္ေတာ္က seriesစရိုက္ရမယ္ဆိုကတည္းကသိေနခဲ့တာ ငယ္ငယ္ကကၽြန္ေတာ့္ရဲ့Hyungေပါက္စေလးမွန္း"

သူေျပာလိုက္ေတာ့ မ်က္ေမွာင္ေလးၾကဳံ႕သြားကာ႐ုပ္ေလးကမဲ့သြားသည္။

"မင္း... မင္းေနာ္ ဘယ္လိုေတြေခၚေနတာလဲ ငါကမင္းထက္ႀကီးတာကို"

"ဘာကလဲ?"

"ဟင္?"

"ဘာကႀကီးတာလဲလို႔ ?"

Jungkookရဲ့ရိသဲ့သဲ့စကားေတြနဲ႔ ျပဳံးစစမ်က္ႏွာေၾကာင့္ Taehyungနဖူးစပ္ေလးေတြမွာေခၽြးစေတြဆို႔လာသည္။ ထို႔ေနာက္ ေျပာရင္းဆိုရင္း သူ႔တစ္ကိုယ္လုံးကိုကားေမာင္းရင္းလွည့္ၾကည့္လွည့္ၾကည့္ျဖင့္ဝါးစားမတတ္အကဲခတ္ေနသည့္Jungkookေၾကာင့္ Taehyungမ်က္ႏွာကၿပိဳေတာ့မဲ့မိုးလိုျဖစ္လာသည္။ Taehyungကားေပၚကေနဆင္းေျပးခ်င္ေနပါၿပီ။

"Hyungကေသးပါတယ္ ကၽြန္ေတာ့္ထက္..."

"ငါ ငါကအသက္ကိုေျပာတာ...မင္းေနာ္"

"ေအာ္ အသက္ကိုေျပာတာလား? အဲ့ေတာ့Taeကကၽြန္ေတာ့္ကိုဘယ္လိုေခၚေစခ်င္လို႔လဲ?? "

မဟုတ္ဘူးေလ။ သူေျပာခ်င္တာက ရင္းႏွီးမႈရဖို႔အေခၚအေဝၚေျပာင္းလဲဖို႔ေျပာခ်င္တာ။ ၿပီးေတာ့အခုဆိုသူတို႔ႏွစ္ေယာက္ကပိုေတာင္ စိမ္းမေနသင့္ေတာ့။ ငယ္ငယ္ကတည္းကသိကၽြမ္းခဲ့ဖူးသည္မဟုတ္ပါလား။

"Taeလို႔ပဲေခၚရတာကၽြန္ေတာ္အဆင္ေျပတယ္ မဟုတ္လဲseriesထဲမွာေခၚေနရတာဆိုေတာ့ ဇာတ္ကားအတြက္moodလဲဝင္ၿပီးသားရတာေပါ့မဟုတ္ဘူးလား?

Taehyungမွာဘာျပန္ေျပာရမွန္းမသိ။ Jungkookသူ႔ကိုTaeလို႔ေခၚလၽွင္ ရင္တလွပ္လွပ္နဲ႔ခံစားရခက္သလို တစ္ဖက္ကလည္းထိုသို႔အေခၚခံရသည့္နာမ္စားေလးကိုသေဘာက်ေနမိျပန္သည္။ သူ႔ကိုဘယ္သူကမွ အဲ့လိုႏူးႏူးညံ့ညံ့နဲ႔အဖ်ားစြတ္ၿပီးမေခၚဖူးဘူးေလ။

"ကၽြန္ေတာ္ကတခါမွသ႐ုပ္ေဆာင္မလုပ္ဖူးေတာ့ moodသြင္းရတာကၽြေတာ့္အတြက္တကယ္ခက္တယ္Taeရဲ့ ကၽြန္ေတာ့္အတြက္ေလ့က်င့္ၿပီးသားလဲရတာေပါ့မကူညီခ်င္ဘူးလားဟင္"

မ်က္ႏွာငယ္ေလးျဖင့္Jungkookေတာင္းဆိုလိုက္ေတာ့ Taehyungကအမွန္ပင္သနားသြားဟန္သူ႔စကားေတြကိုယုံသြားပုံေပၚသည္။

တကယ္လည္းTaehyungမွာ သူေတာင္seriesတစ္ခုရိုက္လၽွင္အခက္အခဲေတြရွိေနေသးတာ idolတစ္ေယာက္ျဖစ္သည့္Jungkookအတြက္ဆိုပိုလို႔ေတာင္ ခက္ခဲေနရွာမည္ဟုေတြးဆမိၿပီးကိုယ္ခ်င္းစာသြားရသည္။

"အင္းအင္း အဆင္ေျပသလိုေခၚပါရပါတယ္"

Jungkookကေတာ့ သူ႔အကြက္ထဲဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကိုဝင္ခ်လာသည့္Taehyungေၾကာင့္ အေပ်ာ္ႀကီးေပ်ာ္ေနမိသည္။ တစ္ဖက္ကလည္းစိုးရိမ္မိျပန္သည္။ သူကလီကမာနဲ႔ဉာဏ္မ်ားေနတာကို Hyungေပါက္စေလးကမသိသည္ထိေအာင္ ရိုးသားလြန္းေနျပန္သည္ေလ။

သူတို႔ႏွစ္ေယာက္ကြန္ဒိုေရာက္ေတာ့ အိမ္ထဲသို႔ဝင္ဝင္ခ်င္း Jimin sunbaenimရယ္ Suga sunbaenimရယ္ ဇာတ္ညႊန္းဆရာEunwooရယ္ကေရာက္ႏွင့္ေနၾကၿပီ​ျဖစ္သည္။ ဧည့္ခန္းထဲမွာပင္စားပြဲခင္းကာ အစားအေသာက္ေတြခင္းက်င္းၿပီးသားျဖစ္ေနၿပီျဖစ္သည္။

ကြန္ဒိုအခန္းကအထပ္ေတာ္ေတာ္ျမင့္သည့္အျပင္ သူ႔ကြန္ဒိုထက္အေတာ္ပင္က်ယ္လွသည္မလို႔ သူေတာင္တေမ့တေမာေငးမိသြားေသးသည္။

အိမ္ရွင္Jungkookမေရာက္ခင္ကို အိမ္အဝင္အထြက္ေတြရွိေနၾကသည္ဆိုေတာ့ ရင္းႏွီးမႈေတြကေတာ္႐ုံဆက္ဆံေရးေလာက္နဲ႔ေတာ့မဟုတ္နိုင္။ ရိုက္ကူးေရးteamတစ္ခုလုံးႏွင့္သိေနသည့္Jungkookေၾကာင့္ သူပဲဆက္ဆံေရးေလ့လာမႈအားနည္းေနသလားလို႔ပင္ေတြးမိရေသး။

"Taehyung siiလာပါ ႀကိဳဆိုပါတယ္ေနာ္ ေရွ႕ေလၽွာက္ေနရမခက္ရေအာင္တရင္းတႏွီးေနၾကရေအာင္ "

ဇာတ္ညႊန္းဆရာEunwooကေျပာေတာ့ Taehyungလဲအလိုက္သင့္လိုက္ႏႈတ္ဆက္ကာစားပြဲတစ္ေနရာမွာဝင္ထိုင္သည္။ Jungkookကေတာ့အဝတ္အစားလဲမည္ဆိုၿပီး သူ႔အခန္းထဲဝင္သြားေလသည္။

"Taehyungကို Hyung Hwarangမွာကတည္းကသတိထားမိတယ္ ခ်စ္စရာေကာင္းလိုက္တာဆိုၿပီးသေဘာက်ေနတာ"

Jimin sunbaenimကပါးစပ္ထဲမုန႔္ေတြပလုတ္ပေလာင္းျဖင့္ သူ႔အားျပဳံးကာေျပာလာသည္။ တခါမွမထင္ထားသည့္ပုံစံေလးမလို႔ Taehyungေတာင္အံ့ဩသြားမိေသးသည္။ Jimin sunbaenimလိုနိုင္ငံေက်ာ္နာမည္ႀကီး သ႐ုပ္ေတာင္တစ္ေယာက္အေနနဲ႔ဒီပုံစံဟာအရမ္းကိုသဘာဝက်လြန္းသည္ေလ။

အခုေျပာေနပုံအရ တကယ္ကိုခ်စ္စရာေကာင္းေနသည္ကJimin sunbaenimရဲ့ပုံေလးျဖစ္ေနသည္။

"Nae ေက်းဇူးတင္ပါတယ္Jimin sunbaenim"

"အာ စိမ္းကားလိုက္တာ အဲ့လိုမေခၚနဲ႔Taehyung ah.. Hyungလို႔ပဲေခၚပါ"

"Nae Jimin hyung"

"Hey Guys ....ငါေရာက္ၿပီ"

အိမ္ထဲသို႔ဝင္လာသည့္ Yeonjun။ ေဆာင္းထားသည့္ကုတ္အကၤ်ီနဲ႔ဦးထုတ္အမဲကိုခၽြတ္ကာစားပြဲတြင္ဝင္ေနရာယူသည္။ ၾကည့္ရတာအခုcastေတြအကုန္လုံးဟာ Jungkookႏွင့္ရင္းႏွီးၿပီးသားေတြျဖစ္မည္။

"Taehyungie hyung ကၽြန္ေတာ့္ကိုလဲ seriesထဲကလိုပဲညီေလးတစ္ေယာက္လိုခင္နိုင္ပါတယ္ေနာ္ "

"အင္း ေက်းဇူးပဲYeonjun ah"

Yeonjunကသူ႔အားေပါ့ေပါ့ပါးပါးေလးေျပာရင္း Jimin Hyungနဲ႔အၿပိဳင္စားပြဲေပၚကအစားအေသာက္ေတြပလုတ္ပေလာင္းစားေတာ့သည္။

Yeonjunနည္းတူ နာမည္ႀကီးIdol groupအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ Suga hyungေခၚ Yoongi hyungကေတာ့အေနေအးဟန္ေပၚသည္။ သူ႔အားႏႈတ္ဆက္ၿပီးJimin hyungနဲ႔သာႀကိတ္ႀကိတ္ ႀကိတ္ႀကိတ္နဲ႔စကားေျပာသည္။

သို႔ေသာ္အားလုံးဟာ ေပါ့ေပါပါးပါးႏွင့္တကယ္ပင္ေျပာဆိုဆက္ဆံရအဆင္ေျပသူေတြမလို႔ တစ္ညေနခင္းနဲ႔ပင္Taehyungမွာ အကုန္လုံးႏွင့္မစိမ္းေတာ့ပဲလိုက္ေရာညီေထြျဖစ္လာသလိုခံစားလာရသည္။

ဘီယာအနည္းငယ္ေတာ့ ေသာက္ၾကစားၾကသည္မလို႔စကားေျပာသံေတြျဖင့္ အိမ္ထဲမွာတညံညံပင္။

"မင္းဒီညdormျပန္မွာလား??"

Jungkookကဘီယာခြက္ေလးကိုေမာ့ရင္း Yeonjunကိုလွမ္းေမးသည္။ Taehyungကေတာ့သိပ္မေသာက္ ပါးေဖာင္းေဖာင္းေလးေတြတလႈပ္လႈပ္ႏွင့္အသားဖက္ေလးေတြသာေကာက္ဝါးေနသည္။

"မျပန္ေတာ့ဘူးေလ ဒီမွာပဲအိပ္ေတာ့မယ္ မန္ေနဂ်ာhyungကိုေျပာခဲ့တယ္ မနက္က်မွလာေခၚခိုင္းထားတယ္"

"အင္းအင္း"

"ဒါနဲ႔Jungkookနဲ႔ Yeonjunieတို႔နဲ႔ကအစကတည္းကသိေနၾကတာလားဟင္?"

စားေနရင္းပလုတ္ပေလာင္းျဖင့္ ျပဴးတူးတူးေလးထေမးလာသည့္ Taehyungပုံစံေလးဟာခ်စ္စရာေကာင္းလြန္းေနသည္မလို႔သူတို႔အားလုံးပင္ျပဳံးမိသြားရေသးသည္။

ဒီလိုေတြသူ႔ေရွ႕မွာ ေျပာဆိုဆက္ဆံေနၾကသည့္အေျခအေနကိုေတာင္ ဘာမွန္းသေဘာမေပါက္ေသးသည့္Hyungေပါက္စေလး။

"ဒါရိုက္တာSeokjinနဲ႔ Suga hyungနဲ႔ကသူငယ္ခ်င္းအရင္းႀကီးေတြေလ Jungkookနဲ႔ဒါရိုက္တာႀကီးကညီကိုဝမ္းကြဲေတြ Hyungနဲ႔ကSuga hyungကတဆင့္အဲ့လိုသိၾကတာ  Eunwooတို႔Yeonjunတို႔နဲ႔ကေတာ့ငယ္သူငယ္ခ်င္းေတြေလ"

"အာ အဲ့လိုကိုး ..."

ဤသို႔ျဖင့္ သူတို႔အားလုံးေျပာၾကဆိုၾက ဂိမ္းေတြလဲေဆာ့ၾကျဖင့္ရင္းႏွီးမႈကအေတာ္အတန္ပင္ရသြားကာ Taehyungလည္းအေတာ္ပင္ပြဲက်ေနခဲ့သည္။ Jungkookအၾကည့္စူးစူးေတြကိုေတာ့ လစ္လ်ဴရႈလ်က္။

ဂိမ္းေတြေဆာ့ၾကေတာ့လဲ Taehyungကခ်ည္းရႈံးပြဲေတြဆက္ေနသည္မလို႔ ျပစ္ဒဏ္အတိုင္းဘီယာတစ္ခြက္အျပည့္ေသာက္ရမည္ေလ။ Taehyungကလႈပ္စိလႈပ္စိျဖင့္ မေသာက္နိုင္သူမလို႔Jungkookကခ်ည္းသူ႔ျပစ္ဒဏ္ကို အစားေသာက္ေသာက္ေပးသည္။

"ဒီတစ္ခါလည္းTaehyungရႈံးတယ္ ျပစ္ဒဏ္ကJungkookပဲေသာက္မွာမလား ေရာ့အကဲပိုေကာင္ ေသာက္ေပးေနလိုက္မင္းခ်စ္ခ်စ္အတြက္"

Yeonjunကလဲအေတာ္ေလးေသာက္ထားၿပီမလို႔ စကားေတြကမထိန္းမသိမ္း ထြက္က်လာကုန္သည္။ က်န္တဲ့သူေတြကရယ္ေနက်ေပမဲ့ Taehyungမွာေတာ့မရယ္နိုင္အား။

ဘာလို႔အကုန္လုံးက သူတို႔ႏွစ္ေယာက္ကိုseriesထဲ ကJeon Jungkookနဲ႔Jeon Taehyungလို အျပင္မွာေျပာဆိုဆက္ဆံေနၾကတာပါလိမ့္? သူကပဲစိတ္ထင္ေနတာလား? Jungkookကလဲ ဘာမွဝင္မေျပာဘူး ျပဳံးျပဳံးႀကီးသူ႔ကိုပဲလာလာၾကည့္ေနသည္။

-
-
-
-
-
-
-

အကုန္လုံးျပန္သြားေတာ့ ညည့္ပင္အေတာ္နက္သြားသည္။ သူျပန္ခါနီးေတာ့လည္းတံခါးနားထိJungkookကသူ႔ကိုလိုက္ပို႔ေပးသည္။မန္ေနဂ်ာhyungကလာႀကိဳေနၿပီေလ။

"ဒီေန႔လိုစီစဥ္ေပးလို႔ ေက်းဇူးပဲJungkook ah ... "

Taehyungအမွန္ပင္ Jungkookကိုေက်းဇူးတင္မိသည္။ Jungkookေၾကာင့္သာ တျခားCastေတြနဲ႔ဒီေန႔ရင္းႏွီးမႈေတြရခဲ့သည္မဟုတ္ပါလား။ ဒါဟာTaehyung အတြက္ရိုက္ကူးေရးတြင္မ်ားစြာအၾကဳံးဝင္ပါသည္။

သာမန္seriesမဟုတ္သည့္ဇာတ္လမ္းတြဲတစ္ခုမွာ စိတ္သက္သာေစရန္Jungkookေရာ က်န္တဲ့သူေတြေရာသူ႔အတြက္အမ်ားႀကီးထည့္ေတြးေပးၾကသည့္အတြက္လည္း အတိုင္းမသိေက်းဇူးတင္ရသည္ေလ။

"ရပါတယ္Taeအဆင္ေျပရင္ ေက်နပ္ပါၿပီ "

Taeလို႔တရားဝင္ေခၚခြင့္ရထားတာေၾကာင့္ ထိုနာမ္စားေလးကိုပါးစပ္ကိုမခ်ခ်င္။ တစ္ညတည္းနဲ႔တင္အေျခအေနတိုးတက္သည္ပဲေျပာရမလား။ Taeကသူ႔ကိုရင္းရင္းႏွီးႏွီးျဖစ္လာသည္ေလ။ပီတီပင္လယ္ေမ်ာေနသည္မလို႔ စပ္ၿဖီးၿဖီးနဲ႔ေပ်ာ္ေနသည့္မ်က္ႏွာကလည္းထိန္းမရ။

"အင္း ဒါဆိုငါသြားၿပီေနာ္ Jungkook"

Taeလို႔ေခၚလိုက္လို႔တဲ့ ထုံးစံအတိုင္းသူ႔အၾကည့္ေတြကိုမၾကည့္ပဲ သူ႔ေရွ႕ကေနအျမန္ေျပးဖို႔ျပင္ေနသည့္လက္ကေလးကိုလွမ္းဆြဲလိုက္ေတာ့မ်က္လုံးရြဲႀကီးေတြနဲ႔ျပန္ၾကည့္လာသည့္Hyung။

"မနက္ျဖန္ရိုက္ကြင္းက်ရင္ေတြ႕မယ္ေနာ္Tae"

"အင္း"

"ၿပီးေတာ့ ...."

ဆြဲထားသည့္လက္ေလးကိုမျဖဳတ္ပဲ မ်က္ႏွာႀကီးကTaehyungနားရြက္နားေလးထိတိုးသြားတာမလို႔ အနီးကပ္ျမင္ရသည့္နားရြက္ဖ်ားေလးေတြကနီရဲလာသည္ကိုေတြ႕ရသည္။

"မနက္ျဖန္ေမာင္တို႔သားေလးနဲ႔ Family photo shootingရွိတယ္ေနာ္"

သူထင္ထားသည့္အတိုင္း နားရြက္ေတြပါမကပါးႏွစ္ဖက္ပါရဲတက္သြားၿပီေလ။ ဒီHyungေလးကို က်ီစယ္ေနရသည္ကJungkookအတြက္ အေတာ္ၾကည္ႏူးရင္ဖိုစရာေကာင္းသည္ေလ။

"သိ သိပါတယ္ဆို .... ျပန္ေတာ့မယ္"

လက္ေလးေတြကိုအတင္း႐ုန္းလာသည္မလို႔ သူလည္းလႊတ္ေပးလိုက္ေရာ လွစ္ခနဲ႔ေျပးထြက္သြားသည္ပုံရိပ္ေလးေၾကာင့္ သူခပ္ဟဟပင္ေအာ္ရယ္မိေတာ့သည္။

ဒီျမတ္နိုးဖြယ္ရာ အခ်စ္ဦးေလးကိုသူ႔အပိုင္ေလးမျဖစ္ျဖစ္ေအာင္ကိုလုပ္အုံးမွာ။ အခုေတာ့ပတ္ေျပးထားအုံးေပါ့ Jeon Taehyungေလးေရ။

-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
Jeon_To_Tae||
*အေရးေတာ္ပုံ ေအာင္ရမည္*
A/N : ေမၽွာ္ေနၾကလားရွင္👀 မာယာမ်ားတဲ့ယုန္ရဲ့လက္ကေန ထယ္လုံးေလးကိုကယ္ဖို႔ျပန္လာပါၿပီေနာ္

Continue Reading

You'll Also Like

550K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1M 65.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
250K 7.3K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
596K 47.9K 17
Started Date : June/21/20 Ended Date : August/26/20