Emperor and the Knightness (Z...

By CrystSnow

7.4K 671 32

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More

အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁

အခန်း ၂၆၁

54 4 0
By CrystSnow

နောက်ဆုံးတော့ နေဝင်ပြီး သိပ်မကြာခင်မှာပဲ Poliana နဲ့ Lucius တို့က သူတို့ရဲ့ခရီးပန်းတိုင်ကို ရောက်သွားခဲ့သည်. သူတို့က ညအချိန် မြို့တံခါးမပိတ်ခင်လေးမှာ ရွာထဲကို ဝင်လိုက်နိုင်သည်. သူတို့က မြို့ထဲမှာရှိတဲ့ တည်းခိုခန်းတစ်ခုဆီကို ဦးတည်သွားလိုက်ကာ ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ တည်းခိုခန်းအလွတ်တွေလဲ အများကြီး ရှိနေသည်. ဒီနေ့တော့ ဘယ်ဧည့်သည်မှ မလာလောက်တော့ဘူးလို့ ထင်နေခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်က Poliana နဲ့ ဧကရာဇ်တို့ကို ဝမ်းသာအားရနှုတ်ဆက်လိုက်သည်. ဒါပေမဲ့ ဒီလူနှစ်ယောက်ရဲ့အသွင်အပြင်တွေကို သတိပြုမိသွားချိန်မှာတော့ သူမက ထိတ်လန့်အံ့ဩသွားကာ တွေဝေသွားသည်.

'ဟမ်... ဒီလူက ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကို ဖြားယောင်းခဲ့တဲ့ သိုက်တူးသမားတစ်ယောက်လား ပြီးတော့ သူတို့က ခိုးပြေးလာကြတာလား?'

ဒါပေမဲ့ အမျိုးသမီးက အရမ်းကြောက်ဖို့ကောင်းတဲ့ပုံစံဖြစ်နေတာကြောင့် ဒီထင်မြင်ချက်က အဓိပ္ပါယ်မရှိပေ. အမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်းရုပ်ဆိုးနေတဲ့အပြင် အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုအမာရွတ်အများကြီး ရှိနေတာကလဲ ရှားပါးနေလို့ဖြစ်သည်. ပထမတော့ Poliana က အမျိုးသမီးမှ ဟုတ်ရဲ့လားလို့ တည်းခိုခန်းပိုင်ရှင်က သိပ်မသေချာခဲ့ပေမဲ့ Poliana ရဲ့ရင်သားတွေကို သူမတွေ့သွားခဲ့သည်. ဟုတ်တယ်. ဒါက သေချာပေါက် အမျိုးသမီးတစ်ယောက်ပဲ.

'ကြည့်ရတာ သူမက အမေတစ်ယောက်ဖြစ်ပြီးတော့ အိမ်ကနေ ထွက်ပြေးသွားတဲ့ သူ့သားကို အိမ်ပြန်ခေါ်လာတာလား?'

ဒီလိုပဲဖြစ်ရမယ်လို့ တည်းခိုခန်းပိုင်ရှင်က ဆုံးဖြတ်ချက်ချလိုက်သည်. အမျိုးသမီးက ပိုက်ဆံအများကြီး ရှိပုံရသည်. တည်းခိုခန်းမှာ အခန်းနှစ်ခန်းရှိပြီးတော့ သူမက နှစ်ခန်းလုံးကို ငှားယူလိုက်သည်. အခန်းထဲကို မဝင်ခင်မှာ Poliana က လျှောက်လမ်းနဲ့ လှေကားတွေက လုံခြုံစိတ်ချရရဲ့လားဆိုတာကို သေချာစစ်ဆေးလိုက်သည်. ကြောက်မက်ဖွယ်ရာကောင်းပြီး ရှည်လျားတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပေမဲ့ သူမက စစ်သည်တစ်ယောက်ဖြစ်နေသေးသည်. သူမက သူမအလုပ်ကို ဘယ်တော့မှ မမေ့လျော့ခဲ့ပေ.

သူတို့ကို သေချာကြည့်လေ ဒီအမျိုးသမီးက အမေဖြစ်ပြီးတော့ လူငယ်လေးက သူမသား ဖြစ်တယ်ဆိုတာကို တည်းခိုခန်းပိုင်ရှင်က ပိုပြီးတော့ ယုံကြည်မိလေဖြစ်နေသည်. သားဖြစ်သူက အရပ်မြင့်မားနေပေမဲ့ အမေဖြစ်သူကလဲ အရပ်မြင့်နေတာကြောင့် ဒါက ဖြစ်နိုင်ချေရှိသည်. တည်းခိုခန်းပိုင်ရှင်က ဘာတွေစဉ်းစားနေလဲဆိုတာကို Poliana ဂရုမစိုက်နိုင်ပေ. Lucius သူ့အခန်းထဲကို ဝင်သွားပြီးချိန်မှာတော့ Poliana က တည်းခိုခန်းပိုင်ရှင်ဘက်ကိုလှည့်ကာ မေးလိုက်သည်.

"မင်း အရက်ရော ရောင်းလား?"

"ရတာပေါ့"

"ငါ အများကြီးလိုချင်တယ်"

"ဘယ်နှစ်ပုလင်းလောက်လိုချင်တာလဲ?"

"အများကြီး"

သူမအနေနဲ့ ဒီနေ့ကို့ မေ့သွားအောင်လုပ်ဖို့ လိုနေသည်. Poliana ရဲ့အကြည့်တွေက ဆုံးဖြတ်ချက် ပြတ်သားဟန်ပေါက်နေသည်.

***Acreia ရဲ့ ဒုတိယတပ်ဖွဲ့ခေါင်းဆောင်အနေနဲ့ Marquess Winter က Lucius ဆီကနေ အခွင့်ထူးတွေ အများကြီး လက်ခံရရှိခဲ့သည်. အခွင့်ထူးတွေက များလွန်းတာကြောင့် သူတို့ကို စာရင်းပြုစုဖို့တောင် မဖြစ်နိုင်တော့ပေ. Poliana က လက်နက်အပြည့်အစုံဝတ်ဆင်ခွင့်ရှိပြီး စစ်မက်မဖြစ်ပွားပဲ ငြိမ်းချမ်းနေတဲ့အချိန်မှာတောင် သူမက သူ့အရှေ့မှာ လက်နက်တွေ ဆွဲထုတ်ခွင့် ရှိသည်. သူမဖျားနားနေတာ ဒါမှမဟုတ် ဒဏ်ရာရမနေရင်တောင်မှ သူမက သူ့အရှေ့မှာ လဲလျောင်းနေခွင့်ရှိသည်.

Poliana က သူ့အခန်းထဲကို ဝင်ထွက်သွားလာနိုင်ပြီး သူ့ခွင့်ပြုချက်မရရင်တောင် သူနဲ့ တွေ့ဆုံခွင့်ရှိသည်. ဧကရာဇ်က တခြားသူတွေနဲ့ စကားပြောနေချိန်မှာလဲ သူမက သူမအရှင်ကို စကားပြောဖို့အတွက် ကြားဖြတ်ပြောခွင့်ရှိသည်. သူမက သူ့ရဲ့သီးသန့်နေရာကိုတောင် ဝင်ထွက်သွားလာခွင့်ရှိပြီးတော့ သူနဲ့ စကားများရန်ဖြစ်ခွင့် ရှိသည်.

အရင်တုန်းက Lucius က သူ့လူတွေနဲ့ အရက်သောက်ရတာကို သဘောကျသည်. စစ်အတွင်းမှာတော့ သူက မကြာခဏဆိုသလို သူ့စစ်သည်တွေကို သူ့တဲထဲ ဖိတ်ခေါ်ကာ အရက်သောက်လေ့ရှိသည်. နောက်ပိုင်းမှာတော့ တရားဝင်စားသောက်ပွဲတွေက မကြာခဏကျင်းပတတ်တာကြောင့် သူ့စစ်သည်တွေကို အရက်သောက်ဖို့အတွက် သီးသန့်ဖိတ်ခေါ်ဖို့ မလိုတော့ပေ.

ရှားရှားပါးပါးဖြစ်ရပ်တစ်ခုအနေနဲ့ Lucius က Poliana ကို မဖိတ်ခေါ်ပဲ အရက်သောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်တစ်ခုရှိသည်. သူရဲ့အမျိုးသမီးစစ်သည်ကို အဝတ်မပါပဲ တွေ့ခဲ့ရင် ဘာမတော်တဆမှုမှ မဖြစ်နိုင်တဲ့ အချိန်ကာလဆိုတာကို ကျော်လွန်ခဲ့ပြီဖြစ်သည်.. တကယ်လို့ အခုအချိန်မှာ သူမကို အဝတ်မပါပဲနဲ့ တွေ့လိုက်ရရင်... သူ့ကိုယ်သူထိန်းချုပ်လို့ရတော့မှာ မဟုတ်ဘူးဆိုတာကို Lucius သိနေသည်. သူက ချစ်မိနေတဲ့ ကျန်းမာသန်စွမ်းတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့လိုအင်ဆန္ဒတွေကို ရပ်တန့်ဖို့ဆိုတာ မဖြစ်နိုင်ပေ.

"..."

ဒါ့ကြောင့်ပဲ Poliana က သူ့အခန်းတံခါးကို ခေါက်လာတော့ သူမကို အခန်းထဲဝင်ခွင့်ပြုဖို့ ဧကရာဇ်က တုန့်ဆိုင်းနေခဲ့တာ ဖြစ်သည်.

Poliana က လျှောက်လမ်းမှာ မတ်တပ်ရပ်နေပြီး သူမဘေးနားမှာ တစ်ခုခုရှိနေတာကို Lucius သတိထားမိလိုက်သည်. အဲ့တာက သူမအရပ်တစ်ဝက်လောက်ထိရှိနေတဲ့ အရက်စည်ကြီး ဖြစ်သည်.

'ဒီအပေါ်ထိကို သူမ ဘယ်လိုသယ်လာတာလဲ? ဒါက ဒုတိယထပ်လေ'

အရွယ်အစားကိုကြည့်လိုက်တော့ စည်ပိုင်းက Poliana ကိုယ်တိုင်ထမ်းကာ လှေကားကနေ တက်လာနိုင်တဲ့ အရွယ်အစား မဟုတ်ပေ. ဧကရာဇ်က သူမကို မေးလိုက်သည်.

"ဒါကဘာလဲ?"


"ဒါက အရက်ပါ အရှင်!"

Poliana က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဖြေလိုက်သည်. ဒါက အရည်တစ်ခုခုထည့်ထားတဲ့ စည်ပိုင်းဆိုတာ သိသာနေတာကြောင့် ဒါက ဘာတွေလဲဆိုတာကို Lucius သိပြီးသား ဖြစ်သည်. သူက သူ့မေးခွန်းကို ထပ်ရှင်းလိုက်သည်.

"ငါပြောချင်တာက မင်းဘယ်လိုရလာတာလဲ"

"မြို့တော်ခန်းမကနေ ဝယ်လာခဲ့တာ. လာမဲ့ပွဲတော်အတွက် သူတို့က ဒါတွေကို သိုလှောင်ထားပုံပဲ"

"မဟုတ်သေးဘူး. ငါ ဆိုလိုတာက ဒီလောက်ကြီးတဲ့ စည်ပိုင်းကြီးကို ဒီအထိ ဘယ်လိုသယ်လာတာလဲလို့ မေးတာ"

Poliana က သူမလက်သီးတွေကို အားပါးတရ ဆုပ်လိုက်ကာ ပြန်ဖြေလိုက်သည်.

"ကျွန်မ လှိမ့်လာခဲ့တာ!"

ဒီစည်ပိုင်းက လေးလံလွန်းတာကြောင့် သူမက မသယ်နိုင်တဲ့အတွက် သူမက လှေကားတစ်ဆင့်ချင်း တွန်းလှိမ့်ကာ တင်လာခဲ့တာ ဖြစ်သည်. ရောင်းချတဲ့သူက မြို့တော်ခန်းမကနေ ဒီတည်းခိုခန်းအထိ လာပို့တာဖြစ်မယ်လို့ Lucius က နားလည်လိုက်သည်. ဒါဆို သူမက ပထမထပ်ကနေ ဒုတိယအထပ်အထိကို လှေကားကနေ လှိမ့်ပြီးတော့ တင်လာတာလား?

'ဝိုး.. ဒီလိုလုပ်ဖို့ မလွယ်လောက်ဘူး.. ကြည့်ရတာ တော်တော်လေး လေးမဲ့ပုံပဲ'

တကယ်လို့ သူမနားမှာ သူမရဲ့လူတွေသာရှိခဲ့ရင်တော့ သူမက သူတို့ကို အမိန့်ပေးလိုက်မှာ ဖြစ်သည်. သူမက မြို့ထဲက လူတစ်ယောက်ယောက်ကို ခိုင်းနိုင်ပေမဲ့ ကြည့်ရတာ ဒီလိုလုပ်ဖို့အတွက် သူမက ဘယ်သူ့ကိုမှ ယုံကြည်ပုံမရပေ.

"အမ်းး.. Sir Pol မင်း အရမ်းပင်ပန်းနေမှာလေ. အရက်သောက်တာက အကြံကောင်းဆိုတာ သေချာရဲ့လား?"

ရုတ်တရက်, သူအမှားလုပ်မိနေတာပဲလို့ သတိပြုမိသွားကာ Lucius က သူ့ကိုယ်သူ ရပ်တန့်လိုက်သည်. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူက လူကြီးလူကောင်းဆန်ဖို့ ကြိုးစားခဲ့ကာ သူမကို အဝေးကို တွန်းထုတ်ခဲ့မိတာကို အမှတ်ရသွားသည်. အဲ့ညတုန်းက သူလုပ်ခဲ့တာက လုံးဝအမှားကြီးတစ်ခုဖြစ်သွားခဲ့သည်. အဲ့တာက Poliana ကို Frau ဆိုတဲ့ ခွေးကောင်ဆီကို တွန်းပို့မိသလို ဖြစ်သွားခဲ့သည်.

သူက တစ်ကြိမ်ကျရှုံးပြီးသားဖြစ်တာကြောင့် အခု သူက သင်ခန်းစာယူတတ်ဖို့ လိုသည်. သူက ဒီတစ်ကြိမ်မှာ ပိုပြီးတော့ ကောင်းကောင်းလုပ်ဖို့လိုသည်. သူက သူ့အရှေ့ကို ရောက်လာတဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ လိုနေသည်.

Lucius က တုန့်ဆိုင်းနေရင်းနဲ့ပဲ Poliana ကို သူ့အခန်းထဲ ဝင်ခွင့်ပြုလိုက်သည်. သူမက စည်ပိုင်းကို တံခါးနားဆီ လှိမ့်လိုက်ပြီးတော့ စည်ပိုင်းက တံခါးနဲ့ မဆန့်တာကြောင့် သူမက လှိမ့်နေတာကို ရပ်လိုက်သည်. သူမ ဘာမှ ထပ်မလုပ်နိုင်သေးခင်မှာပဲ Lucius က သူမကို ကူညီလိုက်သည်. သူက စည်ပိုင်းကို ထောင်လိုက်ကာ အခန်းထဲကို အလွယ်တကူသယ်သွားလိုက်သည်.

သူမက စည်ပိုင်းကို လှိမ့်ဖို့ အားအကုန်သုံးခဲ့ရပေမဲ့ ဧကရာဇ်ကတော့ အလွယ်တကူပဲ သယ်သွားခဲ့သည်. ဒါက ဧကရာဇ်နဲ့ သူမကြားမှာ သူမမှတ်ထားဖို့ လိုအပ်တဲ့ ကွာခြားချက်ဖြစ်သည်. Lucius က သူမကို မေးလိုက်သည်.

"ငါတို့ ဒါတွေအကုန်သောက်ဖို့လိုတယ်လို့ ပြောနေတာလား?"

"ကျွန်မ အကုန်သောက်ပြီးတော့ သေလိုက်တော့မယ် အရှင်"

"အင်း... ငါလဲ သောက်မှာပေါ့. ဒါပေမဲ့ မင်းဒဏ်ရာတွေ ပိုဆိုးသွားမယ်လို့ မထင်ဘူးလား?"

"မဟုတ်တာပဲ အရှင်.. အရက်က ဒဏ်ရာတွေအတွက် အကောင်းဆုံးပဲ"

"ရောဂါပိုးမဝင်အောင်လို့ ဒဏ်ရာပေါ်ကို အရက်လောင်းချတာကတော့ ကောင်းတယ်ဆိုတာ ငါသိပါတယ်. သောက်တာကျတော့ တူမယ်လို့ မထင်ဘူးနော်"

Poliana က သူ့ကို လစ်လျှူရှုကာ စားပွဲပေါ်မှာ ပြင်ဆင်နေလိုက်သည်. သူမက စည်ပိုင်းကို ဖွင့်ကာ ခွက်နှစ်ခွက်ယူလိုက်သည်. သူမ အရက်ဝယ်တုန်းက ဒရယ်သားခြောက်တွေကိုလဲ ဝယ်ယူခဲ့သည်.

"အမ်... Pol"

"ဟုတ်ကဲ့အရှင်. ကျွန်မတော့ အဆင်သင့်ပဲ"

သူမက ခုံပေါ်ထိုင်ချလိုက်ကာ ခွက်တွေကို ဖြည့်လိုက်သည်. အကြောင်းပြချက်တစ်ချို့ကြောင့် Poliana က ဆုံးဖြတ်ချက်ပြတ်သားဟန်ပေါက်နေပြီး Lucius ရဲ့ ခံစားချက်တွေကို မသေမချာဖြစ်သွားစေခဲ့သည်.

'ငါဘာလုပ်သင့်လဲ....'

သူက သူ့အခန်းထဲဝင်ဖို့ ခွင့်ပြုပေးခဲ့ပြီး... အခုတော့ သူမက သူ့ရဲ့ဘေးအန္တာရယ်ကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ဧကရာဇ်က အာမ မခံနိုင်တော့ပေ. သူမအပေါ် သူ့ရဲ့လိုအင်ဆန္ဒတွေက များပြားနေပြီး သူ့အရှေ့ကို ရောက်လာတဲ့အခွင့်အရေးကို အသုံးမချမိဖို့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိမ့်မယ်လို့ Lucius မထင်မိပေ. သူနဲ့အတူရှိနေတာက တခြားအမျိုးသမီးတွေဆိုရင်တော့ ဘေးကင်းလောက်မှာ ဖြစ်ပေမဲ့ Poliana အတွက်တော့ မဖြစ်နိုင်ပေ.

Poliana တစ်ယောက်တည်းပဲ...

သူမတစ်ယောက်တည်းကသာ သူ့အတွက်ဖြစ်သည်.

Continue Reading

You'll Also Like

356K 56.7K 200
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
4.4M 500K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
429K 10.4K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."