ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 51

12.3K 1.8K 34
By Kay_Wine


MWFV Ch 51

School Parent Meeting

Zawgyi Version

စုေပရဲ႕စကားေတြက သူမမိသားစုရဲ႕ ေယာက္်ားသားႏွစ္ေယာက္ကို အလြန္ပင္ စိတ္ေက်နပ္သြားေစခဲ့တယ္။

တစ္ခုပဲ, စုေရွာင္ေပါင္က ဘာလို႔ ပထမျဖစ္ၿပီးေတာ့ သူက ဒုတိယျဖစ္ေနရတာလဲ? Mr.ခ်င္က မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး စုေရွာင္ေပါင္ကို တစ္ခ်က္ၾကည့္လိုက္တယ္ : ဒီငနာေကာင္ေလးကို ၾကည့္ရတာ နည္းနည္းစိတ္ရႈပ္စရာေကာင္းတယ္လို႔ သူဘာလို႔ ႐ုတ္တရက္ႀကီး ေတြးမိသြားရတာလဲ?

အဲဒီအခ်ိန္မွာပဲ စုေပကလည္း စႀကႍလမ္းမွာရွိေနတဲ့ Mr.ခ်င္နဲ႔ စုေရွာင္ေပါင္တို႔ကို သတိထားမိသြားခဲ့တယ္။ သူမအမူအရာက ေတာင့္ခဲသြားၿပီး ႐ုတ္တရက္ဆိုသလို အနည္းငယ္ ကိုး႐ိုးကားရားႏိုင္တယ္လို႔ ခံစားမိခဲ့တယ္။

စုေပ : အခုေလးတင္, သူမက Mr.ခ်င္ရဲ႕နာမည္ကို တိုက္႐ိုက္ႀကီး ေခၚခ်ပလိုက္တာဆိုေတာ့ သူေရာ နားစြန္နားဖ်ား ၾကားမ်ားၾကားသြားၿပီလားမသိ?

S ၿမိဳ႕မွ ျပန္လာၿပီးေနာက္ သူတို႔ကို သူလာႀကိဳတဲ့အခ်ိန္တုန္းက စုေပက အံ့ဩတႀကီးနဲ႔ ‘ခ်င္ေရွာက္’ ဆိုၿပီး မေတာ္တဆ ႏႈတ္မွလႊတ္ခနဲထြက္သြားခဲ့တဲ့ တစ္ႀကိမ္မွလြဲ၍ Mr.ခ်င္ရဲ႕ေရွ႕မွာဆိုရင္ စုေပက ပုံမွန္အားျဖင့္ ‘ေဖေဖ’ ဟူ၍သာ ေခၚေလ့ရွိတာျဖစ္တယ္။ ေနာက္ၿပီး တကယ္တမ္းေတာ့ ေနာက္ထပ္တစ္ႀကိမ္ ရွိေနပါေသးတယ္ : စုေပတစ္ေယာက္ လင္းမိသားစု၏ဧည့္ခံပြဲမွာ အရက္မူးသြားတဲ့အခ်ိန္တုန္းကပင္။ ကံဆိုးခ်င္ေတာ့ သူမ အဲဒီ့ပြဲတုန္းက အျဖစ္အပ်က္ေတြကို ဘာမွျပန္မမွတ္မိေတာ့ေခ်။

“ေဖေဖ...” စုေပက ေခါင္းကိုငုံ႔ၿပီး Mr.ခ်င္ထံ ေလွ်ာက္လာခဲ့တယ္။ ေကာင္မေလးရဲ႕ အေနခက္ေနတဲ့ မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့ သူမရဲ႕ေခါင္းေလးကို ပုတ္ေပးဖို႔ သူ႔လက္ကို မလွမ္းရေသးခင္မွာပဲ ခ်င္ေရွာက္ရဲ႕မ်က္ဝန္းေတြထဲမွာ ခပ္ေဖ်ာ့ေဖ်ာ့အၿပဳံးတစ္ခု ျဖတ္ေျပးသြားခဲ့တယ္။

ၿပီးေနာက္ ထိုသို႔လုပ္လိုက္ျခင္းေၾကာင့္ပဲ Mr.ခ်င္တစ္ေယာက္ စုေပ၏ဆံထုံးဝိုင္းေပၚမွ ဆံညႇပ္ကလစ္ႏွင့္ ေအာင္ျမင္စြာ ထိုးစိုက္မိသြားေတာ့တယ္။

ခ်င္ေရွာက္ : “ဟုတ္ပါၿပီ, အိမ္ျပန္ၾကစို႔ေလ”

စုေပ : “ဟုတ္”

စုေရွာင္ေပါင္ : “...” ကြၽန္ေတာ့္အျမင္ကိုေတာင္ မေမးေတာ့ဘူးလား?

စုေရွာင္ေပါင္ : ထားလိုက္ပါေတာ့ေလ, ဒါကအေရးမွမႀကီးေတာ့တာ။

ဒါ့အျပင္, စုေရွာင္ေပါင္က အခုခ်ိန္မွာ ဝမ္းသာ ေက်နပ္အားရေသာ စိတ္အေျခအေနရွိေနခဲ့တာပင္ : ၾကည့္စမ္းပါအုန္း, စုေပရဲ႕မ်က္လုံးထဲမွာ, သူက နံပါတ္တစ္ျဖစ္ေနဆဲပဲေလ။ ဆိုေတာ့ကား မိသားစု အဆင့္အတန္းအရ, သူက သဘာဝက်က်ေလးနဲ႔ ခ်င္ေရွာက္ရဲ႕အထက္မွာ ရွိေနတယ္ဆိုတဲ့သေဘာပဲေပါ့။

စုေရွာင္ေပါင္က ခ်င္ေရွာက္အား ဂုဏ္ဆာေနေသာ မ်က္ႏွာထားတစ္ခု ျပသလိုက္ေပမယ့္လည္း ျပန္ရလိုက္ရေတာ့ ေအးစက္စက္အၾကည့္ တစ္ခုသာျဖစ္တယ္။ တခဏမွ်ၾကာတဲ့အထိကို အေဖႏွင့္သားက ေရခဲလို ေအးစက္တဲ့ အၾကည့္ေတြနဲ႔ အခ်င္းခ်င္း ဖလွယ္ေနခဲ့ၾကတယ္။

Mr.ခ်င္က သူ႔အၾကည့္ေတြကို အရင္ ျပန္႐ုတ္သိမ္းလိုက္ၿပီးမွ အမႊာႏွစ္ေယာက္အား ေအာက္ထပ္သို႔ ျပန္လည္ေခၚေဆာင္သြားခဲ့တယ္ : “သြားၾကစို႔, အေဖတို႔ မျပန္ခင္ မင္းတို႔အဘိုးအဘြားေတြကို ႏႈတ္ဆက္စကား သြားေျပာရမယ္ေလ”

ေနာက္တစ္ႀကိမ္ သူတို႔ထပ္ၿပီး လာေရာက္လည္ပတ္ခဲ့မယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ တ႐ုတ္ႏွစ္သစ္ကူး အခ်ိန္အခါေလာက္မွပဲ ျဖစ္ႏိုင္လိမ့္မယ္။ စုေပက ေခါင္းၿငိမ့္ျပလိုက္ၿပီး နာခံစြာႏွင့္ပင္ ခ်င္က်င္းေကာ္ႏွင့္ ခ်န္႐ႊယ္ယန္တို႔ကို ႏႈတ္ဆက္စကား သြားေျပာခဲ့တယ္။

ျပႆနာေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕မိသားစု အသစ္ျပန္လည္ဖြဲ႕စည္းျခင္းေၾကာင့္ ျဖစ္ေပၚလာခဲ့ရတဲ့အျပင္ သက္ႀကီးစုံတြဲဖက္ကလည္း အဲ့ဒီအရာကို လြယ္လြယ္ေလး လုပ္ေဆာင္ခဲ့ရတာ မဟုတ္ေလဘူး။ တစ္ဖက္မွာေတာ့ သူတို႔မိသားစုက သဟဇာတျဖစ္စြာနဲ႔ ေနႏိုင္လိမ့္မယ္လို႔ သူတို႔ေမွ်ာ္လင့္ထားခဲ့ၾကတယ္။ အျခားတစ္ဖက္မွာကလည္း သားအရင္းကို အလြန္အမင္း ေကာင္းမြန္စြာ ဆက္ဆံလိုက္ျခင္းက မယားပါသား သို႔မဟုတ္ လင္ပါသားကို မေက်မနပ္ျဖစ္သြားေစမွာကိုလည္း သူတို႔ေၾကာက္ေနခဲ့ၾကတာျဖစ္တယ္။ ဒါ့အျပင္ သားႏွစ္ေယာက္စလုံးက လုပ္ေဆာင္ႏိုင္စြမ္း အလြန္ျမင့္မားၿပီးေတာ့ မိဘေတြရဲ႕ထိန္းခ်ဳပ္မႈေအာက္ကေန လုံးဝခြဲထြက္သြားခဲ့ၾကတဲ့သူမ်ားပင္ျဖစ္တယ္။

-----

ခ်င္ေရွာက္တို႔မိသားစုသုံးေယာက္သား ထြက္ခြာၾကေတာ့မယ့္အခ်ိန္မွာ ခ်င္က်င္းေကာ္က ကားအျပင္ဖက္ကေန ခ်င္ေရွာက္ကို တားလိုက္တယ္။ အခုခ်ိန္မွာ သူတို႔ႏွစ္ေယာက္တည္းပဲ ရွိေနတာေၾကာင့္ ခ်င္က်င္းေကာ္က တစ္ျခားမိသားစုဝင္ေတြအေရွ႕မွာ သူျပေနၾကျဖစ္တဲ့ တင္းမာခက္ထန္မႈႏွင့္ တည္ၿငိမ္ေအးေဆးတဲ့ဟန္ေတြလည္း လုံးဝမရွိေတာ့ဘဲ ၾကည့္ရတာ အမ်ားႀကီး အိုစာသြားတဲ့ပုံေပါက္ေနခဲ့တယ္။

ခ်င္က်င္းေကာ္က မေျပာခင္ သက္ျပင္းခပ္ေဖ်ာ့ေဖ်ာ့ခ်လိုက္ၿပီးမွ : “မင္းကိုယ္မင္း ဘယ္ေတာ့မွ ဒုကၡေရာက္ေအာင္မလုပ္ဘူးဆိုတာကို ငါသိတယ္။ တကယ္လို႔မ်ား စုန႔္ယန္ခ်န္းက ဒီကိစၥေတြကို တကယ္ႀကီး လုပ္ခဲ့တယ္ဆိုရင္ေတာ့ မင္းဖက္က စိတ္တိုင္းက်တဲ့အထိ သူနဲ႔ ေသေသခ်ာခ်ာေလး ညႇိဳႏႈိင္းေပးပါကြာ”

“ဘယ္လိုပဲျဖစ္ျဖစ္, မင္းဖက္က သူ႔တစ္ေယာက္တည္းကိုပဲ ပစ္မွတ္ထားၿပီးေတာ့ တစ္ျခားသူေတြနဲ႔ မၿငိစြန္းေစဖို႔ကိုပဲ ငါေမွ်ာ္လင့္ပါတယ္” ခ်င္က်င္းေကာ္ေျပာခ်င္တဲ့ ‘တစ္ျခားသူေတြ’ ဆိုတာကေတာ့ စုန႔္ရွင္းယီနဲ႔ သူ႔မိခင္လင္ယုံတို႔ပဲျဖစ္တယ္။

Mr.ခ်င္ရဲ႕မ်က္ဝန္းေတြထဲမွာ ခပ္ေထ့ေထ့ အရိပ္အေယာင္တစ္ခု ျဖတ္ေျပးသြားခဲ့တယ္ : “ကြၽန္ေတာ့္က သူ႔ေလာက္ ေအာက္တန္းမက်ဘူး”

-----

ညအခ်ိန္မွာေတာ့ Mr.ခ်င္ႏွင့္ သူ႔ကေလးေတြက က်င္းယြမ္စံအိမ္သို႔ ျပန္ေရာက္လာခဲ့ၾကတယ္။

ဦးေလးဖုက စုေပနဲ႔ စုေရွာင္ေပါင္တို႔ က်င္းရွီဥယ်ာဥ္မွာ သက္ေတာင့္သက္သာျဖစ္သလို မခံစားရဘဲ ထိုအျခင္းအရာေၾကာင့္ သိပ္မစားျဖစ္ခဲ့ၾကမွာကို စိုးရိမ္ေနခဲ့တာျဖစ္တယ္။ သူက မီးဖိုေခ်ာင္မွာ သူတို႔အတြက္ အဆာေျပမုန႔္အခ်ိဳ႕ ျပင္ဆင္ထားခိုင္းလိုက္ၿပီး အဲဒီေနရာမွာ သူတို႔ ဘာမေက်နပ္ခ်က္ေတြ ခံစားခဲ့ရသလဲ ဆိုတာကိုပါ ေမးျမန္းေနခဲ့တာျဖစ္တယ္။

ေဘးမွာနားေထာင္ေနတဲ့ Mr.ခ်င္ခမ်ာ သူ႔မ်က္ႏွာတစ္ခုလုံးမွာ အနက္ေရာင္လိုင္းေတြအျပည့္ ဖုံးလႊမ္းေနခဲ့တယ္ : “ကြၽန္ေတာ္နဲ႔အတူ ရွိေနတာကို, သူတို႔က ဘာလို႔ ဗိုက္ဆာေနရမွာလဲ?”

ဦးေလးဖုက ကိုး႐ိုးကားရားႀကီး ၿပဳံးလိုက္ၿပီး ေနာက္ထပ္ဘာတစ္ခြန္းမွ ထပ္မေျပာရဲေတာ့ေခ်။

ေစာေစာတုန္းက Mr.ခ်င္တစ္ေယာက္ သူတို႔ရဲ႕ပန္းကန္လုံးထဲသို႔ ဟင္းအမယ္မ်ိဳးစုံကို ဘယ္လိုေတာင္ ဆက္တိုက္ထည့္ေပးေနခဲ့တယ္ဆိုတာကို သတိရသြားေတာ့ စုေပက ခပ္ဟဟရယ္လိုက္မိတယ္။

“သမီးတို႔ အခု ကိုယ့္အခန္းကိုယ္ ျပန္ေတာ့မယ္ေနာ္။ Good night ပါ, ေဖေဖ” စုေပက စုေရွာင္ေပါင္ကိုပါ အေပၚထပ္သို႔ ဆြဲေခၚလာခဲ့ေတာ့တယ္။

-----

သူမအိပ္ခန္းထဲသို႔ ျပန္ေရာက္ခ်ိန္မွာေတာ့ စုေပက ရႈမိသားစု၏ ညီအစ္ကိုမ်ားႏွင့္ group chat ကိုဖြင့္လိုက္တယ္။

[Q] : ၿပိဳင္ပြဲေတြအားလုံးၿပီးသြားၾကၿပီလား?

စုေပနဲ႔ စုေရွာင္ေပါင္တို႔က ဒီေန႔ Mr.ခ်င္ႏွင့္အတူ က်င္းရွီဥယ်ာဥ္သို႔ သြားကိုသြားရမွာျဖစ္တာေၾကာင့္ ဒီေန႔ရဲ႕ဂိမ္းေတြကို ရႈရွီေဝႏွင့္ ရႈယန္ယန္တို႔အား အပ္ႏွံဖို႔ကလြဲၿပီး သူမမွာ အျခားနည္းလမ္းမရွိတာေၾကာင့္ 'အေလာင္းေကာင္အသင္းေဖာ္' တစ္ေယာက္သာ ျဖစ္ေနခဲ့တယ္။

[လူေခ်ာေလး ယန္] : Oooooh, နတ္ဘုရား Q ေရ, ငါေတာင္းပန္တယ္ေနာ္...

[Q] : ငါတို႔ရႈံးသြားလို႔လား?

[vvvv] : နည္းပညာပိုင္းအရဆိုရင္ေတာ့, ႏိုးပါ။ ဒါေပမယ့္ ဒီေလာင္ဇီကေတာ့ မံမီေျခာက္ႀကီးတစ္ေကာင္ေတာင္ ျဖစ္လုနီးပါးပါပဲကြာ။

အစ္ကိုႀကီးရႈက ဒီေန႔ သူတို႔ယွဥ္ၿပိဳင္ခဲ့ရတဲ့ ဂိမ္းသုံးပြဲအေၾကာင္းႏွင့္ပတ္သတ္ၿပီး စုေပအား ေျပာျပခဲ့တယ္။ ပထမဆုံးဂိမ္းမွာေတာ့ သူတို႔က အသင္းတစ္သင္းႏွင့္ ေတြ႕ဆုံခဲ့ၿပီး အဲဒီအသင္းမွ လူတစ္ေယာက္ခ်င္းစီက ကိုယ့္ဘာသာကိုယ္ သီးသန႔္ေနၾကတာျဖစ္ၿပီး လုံးဝကို ပူးေပါင္းလုပ္ေဆာင္ျခင္းလည္း မရွိတာေၾကာင့္ သူတို႔ကို အလြယ္ေလး KO လုပ္ႏိုင္ခဲ့တယ္။ ဒုတိယဂိမ္းကလည္း အဆင္ေျပခဲ့တယ္။ ၿပိဳင္ဖက္အသင္းက သူတို႔အသင္းသား အားလုံးကို တိုက္ခိုက္ေရးမွာပဲ အသုံးျပဳခဲ့ၿပီးေတာ့ ခ်ာတူးလံ လုံၿခဳံေရးအကာအရံတစ္ခုႏွင့္အတူ ဗလာအေျခစိုက္စခန္းတစ္ခုကို ခ်န္ထားရစ္ခဲ့ၾကတယ္။ ရႈယန္ယန္က မိနစ္ႏွစ္ဆယ္အတြင္းမွာပဲ ထိုးေဖာက္ဝင္ေရာက္သြားႏိုင္ခဲ့တယ္။

သို႔ေပမယ့္ တတိယဂိမ္းကေတာ့ အလြန္ပင္ စိတ္အေႏွာင့္အယွက္ေပးခဲ့တယ္။

ဒီဂိမ္းမွာေတာ့ သူတို႔နဲ႔ယွဥ္ၿပိဳင္ရတဲ့အသင္းက အားမနည္းတဲ့အျပင္ ခုခံတိုက္ခိုက္ဖို႔အတြက္ အသင္းေဖာ္ ေလးေယာက္ကိုပါ ခ်န္ထားခဲ့တာျဖစ္တယ္။ ရႈယန္ယန္က ေနာက္ဆုံး သူတိုက္ခိုက္ဖို႔ bug တစ္ခု ရွာမေတြ႕ေသးခင္အထိ နာရီေပါင္းေျမာက္မ်ားစြာ ခိုးေၾကာင္ခိုးဝွက္ ဝင္ေရာက္ခဲ့ရတာျဖစ္တယ္။ အဲဒီအခ်ိန္မွာပဲ ရႈရွီေဝကလည္း က်န္ၿပိဳင္ဖက္အသင္းသားသုံးေယာက္ရဲ႕ တိုက္ခိုက္မႈကို ခုခံကာကြယ္ေနရင္းက အရည္ေတြ ခမ္းေျခာက္ၿပီး ရႈံ႕တြေနတဲ့မံမီတစ္ေကာင္ ျဖစ္လုနီးပါးပင္။

အဆုံးမွာေတာ့ ရႈယန္ယန္က ၿပိဳင္ဖက္အသင္း၏ လုံၿခဳံေရးအကာအရံကို ခ်ိဳးေဖာက္ဝင္ေရာက္ရန္ က်ရႈံးခဲ့ကာ ရႈရွီေဝထံမွာ အရွင္လတ္လတ္ မီးကင္ခံရေတာ့မယ့္ အေနအထားပင္ျဖစ္တယ္။

ဒီၿပိဳင္ပြဲကို ေန႔လည္ ၁နာရီကေန ည၁၀နာရီအထိ ကစားခဲ့ရတာျဖစ္တယ္။

ၿပိဳင္ဖက္အသင္းမွလူေတြေျပာၾကတာကေတာ့ :

[ငါ ငတ္ျပတ္ၿပီး မူးေမ့လဲေတာ့မတတ္ပဲ, ေနာက္ၿပီး ငါ့မ်က္လုံးေတြက တံလွ်ပ္ေတြကိုေတာင္ စျမင္လာရသလိုပဲ]

[မေအ -ိုး ငတုံးေကာင္, ငါ့လက္ေတြထုံေနၿပီကြ]

[ငါ့မ်က္ရည္ေတြေတာင္ခမ္းေတာ့မယ္ကြာ!]

[ငါ့အေမက ငါ့ကို ေအာက္ဆင္းၿပီးလာစားဖို႔ ေျပာေနၿပီ, ေနာက္ၿပီး ငါျမန္ျမန္မလုပ္ဘူးဆိုရင္ ယီထ်န္းဓားႀကီးကို ေဝွ႔ယမ္းၿပီး သူေရာက္လာလိမ့္မယ္]

[T/N : ယီထ်န္းဓားက ေခ်ာင္ေခ်ာင္ သြန္းလုပ္တဲ့ ဓားတစ္လက္ပါ။ ေခ်ာင္ေခ်ာင္ဆိုတာကေတာ့ Three Kingdoms ေခတ္တုန္းက သူ႔ရဲ႕စြမ္းရည္နဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈ ႏွစ္မ်ိဳးစလုံးေၾကာင့္ နာမည္ေက်ာ္ၾကားခဲ့တဲ့ ေရွးေခတ္ စစ္မက္ေရးရာ စစ္ေသနာပတိခ်ဳပ္ (စစ္ဘုရင္) တစ္ေယာက္ပါ]

အဆုံးမွာေတာ့ သူတို႔ဖက္က ေနာက္ဆုံးပြဲစဥ္ကို လက္ေလ်ာ့လိုက္ၿပီးေတာ့ “အစ္ကိုႀကီးတို႔, အစ္ကိုတို႔က အရမ္းရက္စက္ၾကတာပဲ, ကြၽန္ေတာ္တို႔ အစ္ကိုတို႔ကို ထပ္ၿပီး အေဖာ္လုပ္မေပးႏိုင္ေတာ့ဘူး,” ဟုဆိုကာ အၾကင္နာကင္းမဲ့တဲ့ အမိန႔္ျပန္တမ္းတစ္ခု ထုတ္ျပန္လိုက္ၿပီး ထို႔ေနာက္ တၿပဳံတမႀကီး offline လုပ္သြားၾကကာ ရႈရွီေဝကို ဗလာအေျခစိုက္စခန္းမွာ ခ်န္ထားခဲ့ၾကၿပီး အႏိုင္ေပးလိုက္ၾကေတာ့တယ္။

အစ္ကိုႀကီးရႈ၏ ‘မိုးခ်ဳန္းသလို’ ဇာတ္ေၾကာင္းျပန္ျခင္းအား နားေထာင္ၿပီးတဲ့ေနာက္ စုေပခမ်ာ ရႈရွီေဝကိုပဲ ကိုယ္ခ်င္းစာရမလား ဒါမွမဟုတ္ ရႈယန္ယန္ကိုပဲ သနားရမလား ဆိုတာကို လုံးဝမသိေတာ့ေခ်။

႐ုတ္တရက္ တံခါးေခါက္သံတစ္ခု ထြက္ေပၚလာခဲ့တယ္။

အဲဒါက Mr.ခ်င္ပဲဆိုတာကို သိေနတာေၾကာင့္ စုေပက အလိုအေလ်ာက္ တုံ႔ျပန္ျခင္းအားျဖင့္ သူမမိုဘိုင္းဖုန္းကို ေခါင္းအုံးေအာက္သို႔ ထိုးသိပ္ထည့္လိုက္တယ္။

စုေပ : “ေဖေဖ, ဝင္လာလို႔ရၿပီေနာ္”

ခ်င္ေရွာက္က တံခါးဖြင့္လိုက္ၿပီး သူတို႔ျပန္ေရာက္လာၿပီးတဲ့ေနာက္ စုေပက အခုထိ သူမဝတ္ထားတဲ့ အဝတ္အစားေတြနဲ႔ပဲ အိပ္ယာေပၚမွာ လုံးေထြးေနဆဲျဖစ္တာကို ျမင္လိုက္ရခ်ိန္မွာေတာ့ မ်က္ေမွာင္က်ဳံ႕လိုက္မိတယ္။

ခ်င္ေရွာက္ : “အိပ္ခ်ိန္ေရာက္ေနၿပီေလ”

စုေပရဲ႕လည္ပင္းေလး က်ဳံ႕ဝင္သြားၿပီး : “သမီး အခုခ်က္ခ်င္းအိပ္လိုက္ပါ့မယ္...” ထို႔ေနာက္ သူမက ေစာင္ကိုမၿပီးေတာ့ ၿခဳံလိုက္တယ္။

စုေပကိုၾကည့္ရင္းနဲ႔ Mr.ခ်င္တစ္ေယာက္ ေခါင္းေတြကိုက္လာေတာ့တယ္။ အေတာ္ေလး ကူကယ္ရာမဲ့စြာနဲ႔ပဲ, သူသတိေပးလိုက္တယ္ : “အဝတ္အစားေတြ အရင္လဲလိုက္အုန္းေလ”

စုေပ : “...”

Mr.ခ်င္ ျပန္ထြက္သြားေတာ့မယ့္အခ်ိန္မွာပဲ စုေပက အေနာက္ကေန ေခၚလိုက္တယ္ : “ေဖေဖ”

“ဟင္?” Mr.ခ်င္က တုံ႔သြားၿပီး : “ဘာလဲ?”

စုေပ : “သမီး ေဖေဖ့ကိုေျပာစရာရွိလို႔...”

ထိုအရာကို မသင့္ေတာ္ဘူးလို႔ သူယူဆထားတာေၾကာင့္ ခ်င္ေရွာက္က ပုံမွန္အားျဖင့္ စုေပရဲ႕အိပ္ခန္းထဲသို႔ လုံးဝ ဝင္‌ေလ့မရွိဘူး။ သို႔ေပသိ အခု‌ေလာေလာဆယ္မွာ, သူက တံခါးနားမွာ ရပ္ေနတာျဖစ္ၿပီး သူ႔သမီးေလး၏ စိတ္ရႈပ္ေထြးေနတဲ့ အမူအရာကို ျမင္လိုက္ရခ်ိန္မွာ သူ ေနာက္ဆုံးေတာ့ အခန္းထဲသို႔ ျပန္ေလွ်ာက္လာခဲ့ကာ စုေပရဲ႕အိပ္ယာဆီသို႔ ခ်ဥ္းကပ္သြားခဲ့တယ္။ ခ်င္ေရွာက္က သူ႔သမီးေလးကို ခဏေလာက္အထိ ေငးစိုက္ၾကည့္ေနၿပီး ေမးလိုက္တာကေတာ့ : “သမီးမွာေျပာစရာတစ္ခုခုရွိေနလို႔လား?”

“ဟိုဟာေလ... ဒီေန႔ သမီးတို႔နဲ႔ေတြ႕ခဲ့တဲ့လူအေၾကာင္းပါ, စုန႔္ယန္ခ်န္းဆိုတာေလ... ေဖေဖ, ေဖေဖ သူ႔ကို သတိထားသင့္တယ္လို႔ သမီးထင္လို႔ပါ” စု‌ေပတစ္ေယာက္ ဝတၳဳဇာတ္ေၾကာင္းရယ္၊ သူမရဲ႕အိပ္မက္ဆိုးေတြနဲ႔ ပတ္သတ္ၿပီး Mr.ခ်င္အား ဘယ္လိုရွင္းျပရမလဲဆိုတာကို လုံးဝမသိေတာ့‌ဘူး။

ဝတၳဳထဲမွ ဇာတ္လိုက္ဆိုသူက သူ႔ရည္႐ြယ္ခ်က္ေတြ ေအာင္ျမင္ႏိုင္ဖို႔အတြက္ မသမာတဲ့နည္းလမ္းေတြကို အသုံးျပဳဖို႔ ဝန္မေလးသူပင္ျဖစ္တယ္။ သို႔‌ေသာ္ျငားလည္း သူက ဇာတ္လိုက္တစ္ေယာက္ျဖစ္တယ္ ဆိုတာေလးနဲ႔တင္ သူ႔နည္းလမ္းဆိုတာေတြကို သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ အရည္အခ်င္းေတြရဲ႕ သက္ေသ အေထာက္အထားမ်ားအျဖစ္သာ ဇာတ္ေၾကာင္း‌ျပန္ထားခဲ့တာျဖစ္တယ္။

ခ်င္ေရွာက္ကို အႏိုင္ယူဖို႔အတြက္ စုန႔္ယန္ခ်န္းက တကယ္ႀကီးကို နည္းလမ္းမေ႐ြးခဲ့ဘူး။ S ၿမိဳ႕မွာ က်ရႈံးခဲ့တဲ့ လုပ္ႀကံသတ္ျဖတ္ရန္ႀကိဳးပမ္းမႈက ေနာက္ဆုံးအႀကိမ္ မဟုတ္ခဲ့ေပ။ စုေပက ခ်င္ေရွာက္အား စုန႔္ယန္ခ်န္းရဲ႕ ေထာင္ေခ်ာက္ေတြထဲကို မက်ေရာက္ေစဖို႔ သတိေပးခ်င္ခဲ့တာျဖစ္တယ္။

စုေပရဲ႕စကားေတြက ခ်င္ေရွာက္ကို နည္းနည္း အံ့အားသင့္သြားေစခဲ့တယ္။ သို႔ေသာ္ တစ္ခ်ိန္တည္းမွာပဲ သူ႔ႏွလုံးသား‌ေလးလည္း ေႏြးေထြးသြားခဲ့တယ္။ “အေဖ့ကို ဘာလို႔ ဒါေတြေျပာျပေနရတာလဲ?” Mr.ခ်င္က အသာငုံ႔ကိုင္းလိုက္ကာ စုေပရဲ႕မ်က္လုံးနဲ႔ သူ႔မ်က္လုံးေတြ တစ္တန္းတည္းျဖစ္ေအာင္ ထားလိုက္တယ္။ စုန႔္ယန္ခ်န္းက တကယ့္ကို သတိႀကီးႀကီးထားရမယ့္သူပဲျဖစ္တယ္။ တကယ္လို႔မ်ား တစ္ေယာက္ေယာက္က သတိလြတ္သြားခဲ့တာနဲ႔ သူတို႔က အပိုင္းပိုင္းျဖစ္ေအာင္ ကိုက္ျဖတ္လိုက္ၾကမွာပင္။ ဒီလိုမ်ိဳး ပင္ကိုအသိစိတ္ ရွိတယ္ဆိုတာကိုက စုေပအတြက္ ေကာင္းတာပဲေလ။

စုေပက ခပ္နက္နက္ မ်က္ေမွာင္က်ဳံ႕လိုက္ကာ : “သမီးလည္း အတိအက်ႀကီးေတာ့ ရွင္းမျပတတ္ဘူး... ဘယ္လိုပဲျဖစ္ျဖစ္ပါ, ေဖေဖရယ္, သမီးသိတာေတာ့ သူက လူေကာင္းတစ္ေယာက္‌ မဟုတ္ဘူး။ သူက အရမ္းအႏၲရာယ္မ်ားလြန္းတယ္, ေနာက္ၿပီး သမီးတို႔ကိုၾကည့္တဲ့ သူ႔မ်က္လုံးေတြက ေၾကာက္စရာႀကီးရယ္။ ေဖေဖ, ေဖေဖလုံးဝသတိထားရမယ္ေနာ္။ သူ႔ကိုေစာင့္ၾကည့္ဖို႔ လူလႊတ္ထားလိုက္ရင္ေတာ့ အေကာင္းဆုံးေပါ့။ သူ...”

ေကာင္မေလးရဲ႕ ေလးနက္တဲ့အမူအရာက စိတ္လႈပ္ရွားမႈႏွင့္ စိုးရိမ္ပူပန္မႈတို႔ ေရာေထြးေနေပမယ့္ အဲဒါေလးကပဲ Mr.ခ်င္ကို ေပ်ာ္႐ႊင္ေစခဲ့တယ္။ ခပ္ေဖ်ာ့ေဖ်ာ့ ရယ္ေမာလိုက္ရင္း သူေျပာလိုက္တယ္ : “ဟုတ္ပါၿပီ, အေဖ့သမီးေလး စကားကို နားေထာင္ၿပီး သူ႔ကိုသတိထားလိုက္ပါ့မယ္”

အမွန္တကယ္ေတာ့ ခ်င္ေရွာက္က စုန႔္ယန္ခ်န္းကို ဆန႔္က်င္ဖို႔ သူ႔ဖက္က ေျခလွမ္းေတြ‌လွမ္းထားၿပီးျဖစ္တယ္။ က်င္းရွီဥယ်ာဥ္မွာ သူေၾကညာခဲ့သလိုပဲ, သိပ္မၾကာခင္မွာ စုန႔္ Group က အဆုံးသတ္သြားေတာ့မွာျဖစ္တယ္။ ဒါက အခုမွအစပဲရွိေသးတာေလ။

S ၿမိဳ႕က တိုက္ခိုက္မႈနဲ႔ ပတ္သတ္ၿပီး ခ်င္ေရွာက္ဖက္က‌ေန စုန႔္ယန္ခ်န္းကို တိုက္႐ိုက္ၫႊန္ျပေနတဲ့ ဘာသက္ေသအေထာက္အထားကိုမွ ရွာမေတြ႕ခဲ့ဘူး။ သို႔ေပသိ စုန႔္ယန္ခ်န္းက ဒီကိစၥကို စီစဥ္ၫႊန္ၾကားသူ ျဖစ္ေနမွေတာ့ သူ႔လက္ေတြကလည္း တကယ္ႀကီး မသန႔္ရွင္းေတာ့ဘူးေလ။ အခုအခ်ိန္မွာ ခ်င္ေရွာက္ ဘာေတြလုပ္ေနသလဲဆိုေတာ့ စုန႔္ယန္ခ်န္းကို 'လက္ေဆာင္အႀကီးႀကီး' တစ္ခုေပးဖို႔အတြက္ အဲဒီ့အရာေတြကို တူးေဖာ္ေနတာပါပဲ။

-----

မိဘစုံညီအစည္းအေဝး၏ နံနက္ခင္း၌ စုေပက ေအာက္ထပ္သို႔ ပုံမွန္ထက္ အေစာႀကီး ေျပးဆင္းလာခဲ့တာ‌ေၾကာင့္ အလုပ္သြားေတာ့မယ့္ Mr.ခ်င္အား ျမင္ေတြ႕လိုက္ရတယ္။

“ေဖေဖ, good morning ပါ”

ေျပာၾကေၾကးဆိုရင္ Mr.ခ်င္က တကယ့္ကို အလုပ္ႀကိဳးစားသူပင္ျဖစ္ကာ သူက အၿမဲလိုလို စုေပႏွင့္ စုေရွာင္ေပါင္တို႔လို ေက်ာင္းသားေတြထက္ ေစာစီးစြာ ထြက္ခြာေလ့ရွိတယ္။

Mr.ခ်င္တစ္ေယာက္ စုေပရဲ႕မ်က္ဝန္းေတြထဲက ေမွ်ာ္လင့္ခ်က္ေတြကို ျမင္‌လိုက္ရၿပီးေနာက္ ကူကယ္ရာမဲ့စြာနဲ႔ပဲ ၿပဳံးလိုက္မိေတာ့တယ္။ “ေက်ာင္းသြားဖို႔အသင့္ျပင္ထားေတာ့ေလ။ ေန႔လည္က်မွ မိဘစုံညီအစည္းအေဝးကို အေဖလာခဲ့မယ္ေနာ္”

စုေပရဲ႕မ်က္လုံးေတြက ေပ်ာ္႐ႊင္မႈေၾကာင့္ ေမွးမွိတ္သြားခဲ့တယ္။ သူမ ေခါင္းၿငိမ့္ျပလိုက္ၿပီး တက္ႂကြစြာနဲ႔ ျပန္ေျဖလိုက္တယ္ : “ဟုတ္!”

-----

ေဝ့မင္အလယ္တန္းေက်ာင္း၏ မိဘစုံညီအစည္းအေဝးဟာဆိုရင္ အၿမဲတေစ ႀကီးၾကယ္ခမ္းနားလွတဲ့ ပြဲတစ္ခုပင္ျဖစ္တယ္။ အကယ္၍မ်ား ဂိတ္ေပါက္ဝမွာ ‘ေဝ့မင္အလယ္တန္းေက်ာင္း’ ဟူေသာ ဆိုင္းဘုတ္သာ မရွိဘူးဆိုရင္ျဖင့္ အျပင္ဖက္‌ေျမကြက္လပ္မွာ ရပ္နားထားတဲ့ ဇိမ္ခံကား အတန္းလိုက္ အတန္းလိုက္ႀကီးေတြအျပင္ သာမန္ထက္ထူးကဲေသာ အရွိန္အဝါရွိတဲ့ မိဘအုပ္စုလိုက္ႀကီးကို ျမင္ရ႐ုံနဲ႔တင္, ျဖတ္သန္းသြားလာသူ တစ္ေယာက္အေနနဲ႔ အဆိုပါေနရာကို အဆင့္ျမင့္ ထိပ္သီးအစည္းအေဝး က်င္းပရာေနရာတစ္ခုအျဖစ္ မွားယြင္းယူဆသြားမိမွာပဲျဖစ္တယ္။

ခ်င္မိသားစုရဲ႕ကားက ေနာက္ဆုံးေတာ့ ေရာက္ရွိလာခဲ့ၿပီး ေက်ာင္းဂိတ္ေပါက္ဝတည့္တည့္မွာ ရပ္လိုက္တယ္။

ဒီအခ်ိန္မွာပဲ အလြန္ပင္သိသာျမင္သာလွတဲ့ ‘လပတ္စာေမးပြဲအဆင့္သတ္မွတ္ခ်က္စာရင္း’ အတန္းလိုက္ႀကီးအား ေဝ့မင္အလယ္တန္းေက်ာင္း၏ ဂိတ္ေပါက္ဝတြင္ ခ်ိတ္ဆြဲထားခဲ့တာျဖစ္တယ္။

“ဆရာ, ေရွာင္ေပနဲ႔ ေရွာင္ေပါင္တို႔ရဲ႕ ရလဒ္ေတြက ပထမဆုံးတစ္ခုမွာပဲ ျဖစ္ေလာက္တယ္” ခ်န္တဲ့က ၿပဳံးလိုက္ၿပီး အနီေရာင္ေနာက္ခံတစ္ခုႏွင့္အတူ peony ပန္းမ်ား၊ အနီေရာင္ဖဲႀကိဳးမ်ားႏွင့္ အျဖဴေရာင္ခ်ိဳးငွက္မ်ားျဖင့္ အလြန္ေဝေဝဆာဆာ အလွဆင္ယင္ထားတဲ့စာရင္းတစ္ခုကို ၫႊန္ျပလိုက္တယ္။

ခ်င္ေရွာက္ : “တစ္ခ်က္‌သြားၾကည့္ၾကည့္ရေအာင္”

ျဖစ္ႏိုင္တာက‌ေတာ့ အဲဒါက တိုက္ဆိုင္မႈလား ဒါမွမဟုတ္ ကံၾကမၼာပဲျဖစ္ေနမလား မသိႏိုင္ေပမယ့္ Mr.ခ်င္ေရာက္လာတဲ့အခ်ိန္မွာပဲ စုန႔္ယန္ခ်န္းကလည္း သူ႔သမီးေလးရဲ႕ရလဒ္ကို ၾကည့္ဖို႔အတြက္ ထိပ္ဆုံးအဆင့္သတ္မွတ္ခ်က္စာရင္းအေရွ႕မွာ မတ္တပ္ရပ္ေနခဲ့တာျဖစ္တယ္။ Big boss ႀကီးႏွစ္ေယာက္ ေဘးခ်င္းကပ္ ရပ္ေနတာကိုၾကည့္ရင္း တစ္ျခားမိဘေတြက တစ္ေယာက္ၿပီးတစ္ေယာက္ ေနာက္ျပန္ဆုတ္လိုက္ၾကကာ Mr.ခ်င္ႏွင့္ ဥကၠဌစုန႔္အတြက္ ေနရာတစ္ခုကို အလ်င္အျမန္ ဖယ္ေပးလိုက္ၾကေတာ့တယ္။

စုန႔္ယန္ခ်န္း : “တိုက္ဆိုင္လိုက္တာမ်ား”

ၿပီးခဲ့တဲ့ရက္အနည္းငယ္‌ေလာက္တုန္းကအထိ စုန႔္ Group က အရင္ကရွိခဲ့တဲ့ ခမ္းနားႀကီးက်ယ္မႈေတြ ရွိေနဆဲျဖစ္ေသာ္ျငား ျပႆနာအေတာ္မ်ားမ်ားက စုန႔္ယန္ခ်န္းအား စတင္လႊမ္းမိုးလာခဲ့တယ္။ ဒါေတြအားလုံးက ခ်င္ေရွာက္ရဲ႕ေက်းဇူးေတြေၾကာင့္‌ပဲေလ။ အဲဒါေၾကာင့္ အခုခ်ိန္မွာ စုန႔္ယန္ခ်န္းရဲ႕အမူအရာက အလြန္အမင္းကို ပ်က္ယြင္းေနခဲ့တယ္။

Mr.ခ်င္က အသာေလး ေအးတိ‌ေအးစက္ ဖ်တ္ခနဲၾကည့္လိုက္ကာ တစ္ဖက္လူကိုပါ မ်က္ႏွာသာမေပးခဲ့ေခ်။

သူတို႔မ်က္လုံးေတြက စာေမးပြဲအဆင့္သတ္မွတ္ခ်က္စာရင္းေပၚသို႔ အလ်င္အျမန္ ေ႐ႊ႕လ်ားသြားခဲ့တယ္။ စုန႔္ရွင္းယီက ဒီတစ္ေခါက္ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာပဲ။ အဆင့္ ၁၆ ဆိုတာက, စုေပနဲ႔ စုေရွာင္ေပါင္တို႔နဲ႔ မယွဥ္ဘူးဆိုရင္ေတာ့, ဒါက တကယ့္ကို ထူးခြၽန္‌ေျပာင္ေျမာက္လွတဲ့ ေအာင္ျမင္မႈပင္ျဖစ္တယ္။

Mr.ခ်င္က ပထမဆုံးအၾကည့္မွာတင္ ‘ခ်င္ယြဲ႕’ ဆိုတဲ့နာမည္ကို ျမင္ေတြ႕သြားခဲ့တယ္။ စုစုေပါင္းရမွတ္ ၈၉၂မွတ္ျဖင့္ ပထမေနရာမွာ ရွိ‌ေနခဲ့တာကိုပင္။ အဲဒါက မ်က္စိက်ိန္းေလာက္တဲ့အထိ အလြန္ပင္ ဝင္းလက္ေတာက္ပေနခဲ့တယ္။ သူမေအာက္မွာ ကပ္လ်က္ရွိ‌ေနသူမ်ားကေတာ့ ‘ခ်င္ယြိ’ ႏွင့္ ‘ရွဲ႕မင္႐ႊမ္း’ တို႔ပဲျဖစ္တယ္။

“အသင့္အတင့္ေတာ့ ရွိသားပဲ” Mr.ခ်င္က ဂ႐ုမစိုက္ဟန္ျဖင့္ စကားတစ္ခြန္းကို ထုတ္‌ေျပာလိုက္တယ္။ အဲဒါက သူ႔အေနနဲ႔ သူ႔ကေလးေတြရဲ႕ စာေမးပြဲရလဒ္ေတြနဲ႔ ပတ္သတ္ၿပီး လုံးဝစိတ္မဝင္စားသလိုမ်ိဳး, သို႔မဟုတ္ အနည္းငယ္ မေက်နပ္‌ေနသကဲ့သို႔ပင္။

ေဘးမွာရပ္ေနတဲ့ ခ်န္တဲ့ခမ်ာ အက်ယ္ႀကီးရယ္ခ်မိေတာ့မတတ္ေပ : ဘာကိုမေက်နပ္ရမွာလဲ, Mr.ခ်င္က ဒီေလာက္ ရွင္းရွင္းလင္းလင္းႀကီး ထုတ္ျပေနတဲ့ဟာကိုေလ! သူ႔မ်က္လုံးေတြထဲမွာ ဂုဏ္ဆာမႈေတြ အလြန္အၾကဴး ျပည့္လွ်ံထြက္ေနတဲ့ဟာကို, အကန္းေတြမွပဲ အဲဒါကို မျမင္မွာ။

စုန႔္ယန္ခ်န္းရဲ႕အမူအရာက ပိုလို႔ေတာင္ အက်ည္းတန္လာခဲ့ေတာ့တယ္။

ဒီအခ်ိန္မွာပဲ စုေပရဲ႕အသံက အနီးနားရွိ လူစုလူေဝးထဲကေန ထြက္ေပၚလာခဲ့တယ္။ “ေဖေဖ, ေဖေဖက ဒီေရာက္ေနတာကိုး!” သူမက ေျပးမလာခင္မွာဘဲ ခ်န္တဲ့ကိုပါ ႏႈတ္ဆက္လိုက္တယ္ : “ဦးေလးခ်န္”

စုန႔္ယန္ခ်န္းကို ျမင္လိုက္ရခ်ိန္မွာေတာ့ စုေပက ခ်င္ေရွာက္ရဲ႕လက္ေမာင္းကို မသိမသာေလး လွမ္းဆြဲလိုက္တဲ့ပုံက သူ႔အား သူမ၏အေနာက္သို႔ ဆြဲေခၚထားခ်င္သကဲ့သို႔ပင္။ ဒီလို အကာအကြယ္ေပးတဲ့ ကိုယ္ေနဟန္ထားမ်ိဳးက အသုံးမဝင္ဘူးဆိုေသာ္ျငား ခ်န္တဲ့ကေတာ့ Mr.ခ်င္အား မနာလိုျဖစ္တဲ့စိတ္ အနည္းငယ္ ရွိေနသလို ခံစားေနရဆဲျဖစ္တယ္။

“ေရွာင္ေပနဲ႔ ေရွာင္ေပါင္တို႔က ဒီတစ္ေခါက္ အလုပ္ေကာင္းေကာင္း လုပ္ခဲ့ၾကတာပဲ။ ဒါေလးက ဦးေလးခ်န္‌ရဲ႕ ဆုလက္ေဆာင္ေလးေပါ့” ခ်န္တဲ့က စုေပနဲ႔ စုေရွာင္ေပါင္အား ၿပဳံးျပလိုက္တယ္။ သူက စကၠဴအိတ္ႏွစ္အိတ္ကို ယူလိုက္ၿပီး အမႊာႏွစ္ေယာက္အား ထိုအရာ‌ေတြကို လွမ္းေပးလိုက္တယ္။

“ေက်းဇူးတင္ပါတယ္, ဦးေလးခ်န္” စုေပႏွင့္ စုေရွာင္ေပါင္တို႔က တညီတၫြတ္တည္း ေက်းဇူးတင္လိုက္ၾကတယ္။

ဒီအခ်ိန္မွာပဲ ရွဲ႕မင္႐ႊမ္းကလည္း ေရာက္လာခဲ့တယ္။ ‘ရွဲ႕မင္႐ႊမ္း’ နာမည္မတိုင္ခင္ ‘ခ်င္ယြိ’ နာမည္ႀကီးကို အရင္ျမင္လိုက္ရတာေၾကာင့္ ေကာင္ေလးက မေက်နပ္တဲ့ပုံေပါက္ေနခဲ့တယ္။ “ဘယ္လိုေတာင္လား?” သူက ေအးတိေအးစက္ ႏွာမႈတ္လိုက္တယ္။ သူတို႔က အမွတ္အတူတူပဲဆိုတာ အသိသာႀကီးကို, ဘာျဖစ္လို႔ သူ႔နာမည္ကို စုေရွာင္ေပါင္ရဲ႕ေအာက္မွာ ထားထားရတာလဲ? တကယ္စိတ္ပ်က္စရာေကာင္းတယ္။

စုေရွာင္ေပါင္က ဘြင္းဘြင္းရွင္းရွင္း ျပန္ေျဖလိုက္တယ္ : “ဘာျဖစ္လို႔လည္းဆိုေတာ့ ငါ့မ်ိဳး႐ိုးက ခ်င္ ေလ”

ဒါက ကူညီ‌ေပးလို႔မရတဲ့အရာပင္ျဖစ္တယ္။ စုစုေပါင္းရမွတ္ေပၚမူတည္ၿပီး အဆင့္သတ္မွတ္ခ်က္စာရင္းကို ျပဳစုၿပီးေနာက္ စနစ္မွ အကၡရာစဥ္အတိုင္း နာမည္ေတြကို စီစဥ္လိုက္တာျဖစ္တယ္။ ‘Qin Yu’ (ခ်င္ယြိ) ၏ အစစာလုံးက Q ျဖစ္ၿပီး ‘Xie Minxuan’ (ရွဲ႕မင္႐ႊမ္း) ၏ အစစာလုံးမွာေတာ့ X ျဖစ္တာေၾကာင့္ အခုလက္ရွိစာရင္းက အမွန္ပင္ျဖစ္တယ္။

ေကာင္ေလးႏွစ္ေယာက္၏ စကားေျပာဆို‌ျခင္းကို နားေထာင္ၿပီးေတာ့ Mr.ခ်င္က စိတ္ခ်မ္းသာသြားခဲ့ရကာ အထူးသျဖင့္ စုေရွာင္ေပါင္ထံမွ “ငါ့မ်ိဳး႐ိုးက ခ်င္ ေလ” ဟူ၍ ေျပာလိုက္ခ်ိန္တြင္ျဖစ္တယ္။

“မိဘစုံညီအစည္းအေဝးက စေတာ့မွာ‌။ ေဖေဖ, သမီးတို႔ အထဲဝင္ၾကရေအာင္ေလ” သူ႔အား ဒီေနရာက‌ေန အေဝးသို႔ ေခၚထုတ္သြားရန္အတြက္ စုေပက ခ်င္ေရွာက္၏ အက်ႌလက္အနားစကို ဆြဲလိုက္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ စုန႔္ယန္ခ်န္းဆိုတာက သူမကို စိတ္ပိုင္းဆိုင္ရာ အရိပ္မည္းေတြ အလြန္အက်ဴး ျဖစ္ေပၚေစခဲ့တဲ့ ဇာတ္လိုက္တစ္ေယာက္ျဖစ္တာေၾကာင့္ စုေပက ဒီလူနဲ႔ တစ္ေနရာတည္း မေနလိုတာေၾကာင့္ပဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။

Mr.ခ်င္၊ စုေပႏွင့္ စုေရွာင္ေပါင္တို႔ႏွင့္အတူ ေဘးမွာ ရွဲ႕မင္႐ႊမ္းကလည္း လိုက္ပါလ်က္သားျဖင့္ စာသင္ခန္းဆီသို႔ ေလွ်ာက္လာခဲ့ၾကတယ္။ ဒီေပါင္းစပ္မႈႀကီးက ႐ုတ္ခ်ည္းဆိုသလို ေက်ာင္း ‘အထူးသတင္း’ တစ္ပုဒ္ျဖစ္လာခဲ့တယ္။ အနီးနားမွာ ေလွ်ာက္သြားေနၾကတဲ့ လူေတာ္ေတာ္မ်ားမ်ားကလည္း တိတ္တဆိတ္ လွမ္းၾကည့္ေနခဲ့ၾကတယ္ : ဒီလူက ေက်ာင္းအလွပန္းေလးနဲ႔ သခင္ေလးစုတို႔ရဲ႕အေဖမလား? ဒ႑ာရီလာ Mr.ခ်င္ႀကီးေလ!

စုေပက သူတို႔အေပၚ က်ေရာက္ေနတဲ့ အၾကည့္အားလုံးနဲ႔ ပတ္သတ္ၿပီး ဂ႐ုလုံးဝကိုမစိုက္ေလဘူး။ မၾကာခဏဆိုသလို သူမရဲ႕မ်က္လုံးေတြကိုပင့္ၿပီး ခ်င္ေရွာက္ကိုသာ ခိုးခိုးၾကည့္ေနမိတယ္။ စုေရွာင္ေပါင္လည္း ထိုနည္းတူစြာပင္-- ဒီေကာင္ေလးက ခ်င္ေရွာက္အား သူ႔ဖက္ကအရင္ စကားစေျပာတယ္ဆိုတာမ်ိဳးက ရွားရွားပါးပါးဆိုေပမယ့္လို႔ ဒီေန႔မွာေတာ့ သူက အႀကိမ္ေပါင္းေျမာက္မ်ားစြာ ခိုးၾကည့္ေနခဲ့တာျဖစ္တယ္။

Mr.ခ်င္က တိတ္တိတ္ေလး ခပ္ဟဟရယ္လိုက္တယ္။ ဒီကေလးႏွစ္ေယာက္က ခ်ီးက်ဴးခံရဖို႔အတြက္ ေစာင့္ေနၾကတယ္ဆိုတာ အရွင္းႀကီးပဲေလ။ “အမွတ္ေတြေကာင္းၾကသားပဲ,” သူေျပာလိုက္တယ္။ သူ႔ေလသံက အရင္လို တည္ၿငိမ္ေအးေဆးေနေပမယ့္လို႔ ကေလးေတြက ဒီထဲက ဂုဏ္ယူမႈအရိပ္အႁမြက္ေလးကိုပါ ၾကားႏိုင္ခဲ့တာျဖစ္တယ္။

သူ႔ကေလးေတြက ေသခ်ာေပါက္ အေတာ္ဆုံးပဲေပါ့။

-----

“ေဖေဖ, ဟိုနား‌ေလးက စာၾကည့္တိုက္ေလ, သမီးတို႔ အခုေလးတင္ ျဖတ္လာခဲ့တဲ့တစ္ခုက စီမံခန႔္ခြဲေရး အေဆာင္ေပါ့, ဆရာ၊ ဆရာမေတြရဲ႕အေဆာင္က ဒီဟာရဲ႕အေနာက္နား‌ေလးမွာေလ...” တစ္လမ္းလုံး စုေပက ခ်င္ေရွာက္အား သူတို႔ေက်ာင္းကို လိုက္လံျပသခဲ့တယ္။ ေကာင္မေလးရဲ႕အသံက ရွင္းလင္း၊ ခ်ိဳသာၿပီး ၾကားရတာ နားဝင္ပီယံရွိလွတယ္။

ရႈရွီေဝတစ္ေယာက္ အစကေတာ့ သူ႔ညီငတုံးေလးႏွင့္အတူ စီမံခန႔္ခြဲေရးအေဆာင္ အျပင္ဖက္မွာ လမ္းေလွ်ာက္ေနခဲ့တာျဖစ္တယ္။ သို႔ေသာ္ ေကာင္မေလးရဲ႕အသံက ႐ုတ္တရက္ သူ႔ေျခလွမ္းေတြအား တုံ႔ခနဲ ရပ္တန႔္သြားေစခဲ့တယ္ : ဒီအသံကို ၾကားရတာ နည္းနည္းရင္းႏွီးေနသလိုပဲ။

အာ, ဒါက သူ႔ရဲ႕ေဘဘီ Q ေလးမလား?

ရႈရွီေဝရဲ႕မ်က္လုံးေတြက အံ့အားသင့္မႈေတြ ျဖတ္ေျပးသြားခဲ့တယ္။ သူက သူ႔ေခါင္းကို အေနာက္ဖက္သို႔ ေပ်ာ္ေပ်ာ္ႀကီး လွည့္လိုက္‌တဲ့အခါမွာေတာ့ ေကာင္မေလးတစ္ေယာက္က ေယာက္်ားႀကီးတစ္ေယာက္ႏွင့္ ေကာင္ေလးႏွစ္ေယာက္ႏွင့္အတူ ေလွ်ာက္လာတာကို ျမင္‌ေတြ႕လိုက္ရေတာ့တယ္။

သူမေလးက ေဘဘီ Q ေလးေပါ့? ေသခ်ာတာေပါ့, သူထင္ထားသလို ခ်စ္စရာေကာင္းတာပဲ -- မဟုတ္ေသးဘူး! ပိုၿပီးေတာ့ေတာင္လွေနေသးတာ!

ဒီအခိုက္အတန႔္မွာေတာ့ ေဘဘီ Q က ေဘးတိုက္အေနအထား ျဖစ္ေနခဲ့တာပင္။ သူမေခါင္းကို အသာေလး လွည့္လိုက္ၿပီးေတာ့ သူမေဘးမွ အရပ္ရွည္ရွည္ႏွင့္လူကို ၿပဳံးရင္း စကားေျပာဆိုေနခဲ့တာျဖစ္တယ္။ သူမရဲ႕ ေတာက္ပတဲ့မ်က္ဝန္းေတြႏွင့္အတူ သူမေလးက အလြန္ပင္ ခ်စ္စရာေကာင္းေနခဲ့တယ္။

သူ႔အစ္ကိုႀကီးက ႐ုတ္တရက္ႀကီး လမ္းေလွ်ာက္ေနတာကို ရပ္ပစ္လိုက္တာကို ရႈယန္ယန္တစ္ေယာက္ သတိထားမိသြားခ်ိန္မွာေတာ့ သူလည္း သူ႔ေခါင္းကိုလွည့္ၿပီး ရႈရွီေဝရဲ႕ အၾကည့္လားရာအတိုင္း လွမ္းၾကည့္လိုက္တယ္။ “အဲဒါ စုေပရယ္၊ အစ္ကိုေပါင္နဲ႔ အစ္ကို႐ႊမ္းတို႔ေပါ့။ Wow, အန္ကယ္ခ်င္က မိဘစုံညီအစည္းအေဝးကို တကယ္ႀကီး လာတာပဲ!” ရႈယန္ယန္က ၿပီးမွ ရႈရွီေဝကို ေျပာလိုက္တယ္ : “အစ္ကိုႀကီး, အဲဒီ့သုံးေယာက္စလုံးက ကြၽန္ေတာ့္ရဲ႕အတန္းေဖာ္ေတြေလ”

“အစ္ကို႐ႊမ္း, အစ္ကိုေပါင္!” ရႈယန္ယန္က ေအာ္ဟစ္ၿပီးေတာ့ အဲဒီ့ေနရာသို႔ ေျပးသြားေတာ့မလိုလုပ္တုန္း အခ်ိန္တြင္။ သို႔ေသာ္လည္း သူ႔ခမ်ာ ေျခႏွစ္လွမ္းေတာင္ မလွမ္းရေသးခင္မွာပဲ သူ႔ေကာ္လာစကို သူ႔အိမ္ရဲ႕ အစ္ကိုအႀကီးဆုံးမွ အားနဲ႔အင္နဲ႔ ဆုပ္ကိုင္ထားခဲ့တယ္။

ရႈယန္ယန္ : “အာ, အစ္ကိုႀကီးရာ, ဘာေတြလုပ္ေနတာလဲဗ်ာ?”

“ေက်ာင္းလာၿပီး ဒီေလာက္အက်ယ္ႀကီး ေအာ္ေနတာ, မင္းငါ့ကို အရွက္ကြဲေအာင္ လုပ္ေနတာလား?” အစ္ကိုႀကီးရႈက အေၾကာင္းျပခ်က္တစ္ခု အလ်င္အျမန္ ေပးလိုက္တယ္။ တကယ္ေတာ့ ေဘဘီ Q ကို ေနာက္ဆုံးေတာ့ အျပင္မွာ ျမင္ေတြ႕လိုက္ရၿပီးေနာက္ ရႈရွီေဝလည္း အေျပး‌ေလးသြားၿပီး စုေပထံ ဟဲလို ဆိုၿပီး ႏႈတ္ဆက္စကား သြား‌ေျပာခ်င္ခဲ့တာျဖစ္တယ္။ သို႔ေပသိ အခုေလးတင္ သူ႔အား လြင့္စဥ္သြားေတာ့မတတ္ ေဖေဖ Q ၏ ေရခဲတမွ် ေအးစက္လွတဲ့အၾကည့္ေတြနဲ႔ ရင္ဆိုင္လိုက္ရခ်ိန္မွာေတာ့ အစ္ကိုႀကီးရႈခမ်ာ ေၾကာက္႐ြံ႕ထိတ္လန႔္မႈေၾကာင့္ ခႏၶာကိုယ္ေတာင္က်ဳံ႕မိလုနီးပါး ျဖစ္သြားခဲ့ရေတာ့တယ္။

ယခင္က, Mr.ခ်င္တစ္‌ေယာက္ သူ႔သမီးေလးအား အၿမဲအေႏွာင့္အယွက္ေပးေနခဲ့တဲ့ [vvvv] ဆိုသူကို သူ႔လူေတြအား စုံစမ္းစစ္ေဆးခိုင္းထားခဲ့တာေၾကာင့္ သဘာဝက်က်ေလးနဲ႔ပဲ ဒီေကာင္စုတ္ေလးရဲ႕ ေခြးမ်က္ႏွာကို မွတ္မိေနခဲ့တာျဖစ္တယ္။ အခုခ်ိန္ ပိုၿပီး‌ေတာ့ေတာင္မွ သူ႔ဖက္က ရႈရွီေဝအေပၚ မေကာင္းတဲ့အျမင္ေတြ ရွိေနေသးတာျဖစ္တယ္။

Mr.ခ်င္ႏွင့္ ရႈရွီေဝတို႔ရဲ႕မ်က္လုံးေတြ ဆုံေတြ႕လိုက္ခ်ိန္က စကၠန႔္ပိုင္းမွ်ေလာက္သာျဖစ္ကာ ရႈရွီေဝက Mr.ခ်င္၏ အျမင္အာ႐ုံ လြတ္ကင္းရာ 'safe zone' ေနရာတစ္ခုသို႔ သူ႔ညီငတုံးေကာင္အား ကမန္းကတန္း ဆြဲေခၚသြားခဲ့ေတာ့တယ္။

ရႈရွီေဝ : “မင္းေျပာတာက ဟိုသုံးေယာက္က မင္းရဲ႕အတန္းေဖာ္ေတြဆိုေတာ့, ေကာင္မေလးရဲ႕နာမည္က ဘာတဲ့လဲ?”

ရႈယန္ယန္ : “စုေပတဲ့။ သူ႔ေဘးက စုေရွာင္ေပါင္, သူတို႔က ေမြးခ်င္းအမႊာေမာင္ႏွမေတြေလ။ စုေရွာင္ေပါင္ေဘးကေတာ့ ရွဲ႕မင္႐ႊမ္းတဲ့, အစ္ကို သူ႔အေၾကာင္းကိုေတာ့ အရင္ကတည္းက ၾကားထားၿပီးသားပဲမလား”

ရႈရွီေဝ : “အယ္, စုေပတဲ့လား?” ဒါလည္း နာမည္ေကာင္းေလးပဲဥစၥာ, အဲဒါက ‘Q’ ဆိုတဲ့နာမည္နဲ႔ ဘာဆိုင္လို႔လဲ?

အစ္ကိုႀကီးရႈက ရႈယန္ယန္တစ္ေယာက္ ဘာထပ္ေျပာလာအုန္းမလဲဆိုတာကို သိခ်င္ေနဆဲပဲျဖစ္တယ္ : “ဒါေပမယ့္ ‘စုေပ’ နဲ႔ ‘စုေရွာင္ေပါင္’ ဆိုတာက နာမည္ေျပာင္ေတြပါ။ သူတို႔ရဲ႕ နာမည္အရင္းေတြက တကယ္ေတာ့ ခ်င္ယြဲ႕နဲ႔ ခ်င္ယြိေလ။ ဟီးဟီး, အစ္ကိုႀကီး, ဘယ္ ခ်င္မိသားစုလဲ‌ဆိုတာေရာ အစ္ကိုႀကီးသိလား?”

“ခ်င္မိသားစု?” ရႈရွီေဝရဲ႕ႏွလုံးသားေလးက တဒုတ္ဒုတ္ခုန္ေနခဲ့ၿပီး‌ေတာ့ သူ႔မ်က္လုံးေတြ ျပဴးက်ယ္လာခဲ့တယ္ : “မင္းဆိုလိုခ်င္တာက ‘အဲ့ဒီ’ ခ်င္မိသားစုႀကီးကိုလား?!”

ရႈယန္ယန္ : “ဟုတ္ပါ့ဗ်ာ!”

ရႈရွီေဝ : ဖာ့ခ္...

ဒါေၾကာင့္မို႔ ဒီေဘဘီ Q ရဲ႕အေဖဆီမွာ ေၾကာက္စရာေကာင္းတဲ့ အရွိန္အဝါတစ္ခု ရွိေနတယ္လို႔ သူေတြးေနမိတာႀကီးကို အံ့ဩ‌ေနစရာမလိုေတာ့ဘူး‌ပဲ။ ဒ႑ာရီလာ Mr.ခ်င္ကို ဘယ္လိုလုပ္ သာမန္ေယာက္်ားေတြနဲ႔ ယွဥ္လို႔ရႏိုင္မွာတဲ့လဲ?

ရႈယန္ယန္ : “အစ္ကိုႀကီး, မိဘစုံညီအစည္းအေဝးမွာ Mr.ခ်င္နဲ႔ တကယ္ႀကီး ေတြ႕ခြင့္ရတယ္ဆိုတာမ်ိဳးက, အစ္ကိုႀကီးအတြက္ ဘယ္ေလာက္ကံေကာင္းလိုက္သလဲဆိုတာ မသိဘူးမလား”

စီးပြားေရးေလာကထဲမွာ Mr.ခ်င္နဲ႔ တစ္ႀကိမ္တစ္ခါေလာက္ေလး ေတြ႕ရဖို႔အတြက္ ႀကိဳးစားေနၾကတဲ့လူေတြ ဘယ္ေလာက္ေတာင္မွမ်ားလိုက္သလဲ?

“ေနာက္ၿပီး ေျပာရအုန္းမယ္ : စုေပ၊ အစ္ကိုေပါင္နဲ႔ အစ္ကို႐ႊမ္းတို႔က ကြၽန္ေတာ္တို႔ေက်ာင္းရဲ႕လပတ္စာေမးပြဲမွာ ထိပ္ဆုံးသုံးေယာက္တဲ့ဗ်ာ!”

ရႈယန္ယန္က သူမ်ားေတြရဲ႕ေအာင္ျမင္မႈေတြကို ႂကြားဝါေျပာဆိုေနခဲ့ေပမယ့္ ျပန္ရလိုက္တာကေတာ့ သူ႔အစ္ကိုႀကီးရဲ႕ မႏွစ္ၿမိဳ႕တဲ့အၾကည့္ေတြပဲျဖစ္တယ္ : သူတို႔က စာသင္ခန္းတစ္ခန္းတည္းမွာပဲ သင္ေနတာေတာင္မွ သူမ်ားအိမ္က ကေလးေတြက ထိပ္ဆုံးသုံးေယာက္ထဲဝင္ၿပီးေတာ့ ဒီငတုံးေကာင္ကေတာ့ ထိပ္ဆုံးအေယာက္ ၃၀ ထဲပဲဝင္ရသလား။

ဒီလိုႏႈိင္းယွဥ္မႈမ်ိဳးအရ ရႈရွီေဝတစ္ေယာက္ သူ႔ညီငယ္ေလးက စုေပထက္ ေနရာတိုင္းမွာ လုံးဝနိမ့္က်ေနတာပဲလို႔ ခံစားမိခဲ့တာေၾကာင့္ ႐ုတ္တရက္ အရွက္ရသလို ခံစားသြားခဲ့ရေတာ့တယ္။

-----

စာသင္ခန္းအတြင္းရွိ မိဘ‌ေတာ္ေတာ္မ်ားမ်ားက Mr.ခ်င္အား ျမင္ေတြ႕လိုက္ရခ်ိန္မွာ အလြန္အမင္း အံ့အားသင့္သြားခဲ့ၾကတယ္။ ၎တို႔အေနနဲ႔ ကေလးေတြဆီကေန စုေပနဲ႔ စုေရွာင္ေပါင္တို႔ရဲ႕ မိသားစုေနာက္ခံအား သိရွိၿပီးျဖစ္ေသာ္ျငားလည္း အလုပ္မ်ားလွေသာ ဥကၠဌခ်င္က သူ႔ကေလးေတြရဲ႕ မိဘစုံညီအစည္းအေဝးကို လူကိုယ္တိုင္ တက္ေရာက္လိမ့္မယ္လို႔ေတာ့ မိဘေတြက တကယ္ႀကီး ေမွ်ာ္လင့္မထားခဲ့ၾကတာပဲျဖစ္တယ္။

မိခင္အေတာ္မ်ားမ်ားကလည္း ဒီအျခင္းအရာကို တိတ္တဆိတ္ ေနာင္တရေနခဲ့ၾကတယ္။ သူတို႔အေနနဲ႔ Mr.ခ်င္တက္ေရာက္မယ္ဆိုတာကို သိေနခဲ့မယ္ဆိုရင္ျဖင့္ သူတို႔ရဲ႕ခင္ပြန္းသည္ေတြကို အလုပ္ဘယ္ေလာက္မ်ားမ်ား ဒီမိဘစုံညီအစည္းအေဝးအား ေသခ်ာေပါက္ တက္ေရာက္ခိုင္းမွာပဲျဖစ္တယ္။ Mr.ခ်င္ကိုေတြ႕ခြင့္ရမယ့္ အခြင့္အေရးက အလြန္ပင္ ရွားပါးလြန္းလွတယ္။ အကယ္၍မ်ား သူတို႔ကေလးေတြရဲ႕ ဖခင္သာ တက္ေရာက္လာခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ Mr.ခ်င္ႏွင့္အတူ စကားစျမည္ေျပာဆိုၿပီးေတာ့ စီးပြားေရးကိစၥအေၾကာင္း ေဆြးေႏြးေျပာဆိုႏိုင္မယ့္ အခြင့္အေရးတစ္ခု ရေကာင္းရႏိုင္လိမ့္မယ္။

28.4.2021
Wednesday

_______________________________________

MWFV Ch 51

School Parent Meeting

Unicode Version

စုပေရဲ့စကားတွေက သူမမိသားစုရဲ့ ယောက်ျားသားနှစ်ယောက်ကို အလွန်ပင် စိတ်ကျေနပ်သွားစေခဲ့တယ်။

တစ်ခုပဲ, စုရှောင်ပေါင်က ဘာလို့ ပထမဖြစ်ပြီးတော့ သူက ဒုတိယဖြစ်နေရတာလဲ? Mr.ချင်က မျက်မှောင်ကျုံ့လိုက်ပြီး စုရှောင်ပေါင်ကို တစ်ချက်ကြည့်လိုက်တယ် : ဒီငနာကောင်လေးကို ကြည့်ရတာ နည်းနည်းစိတ်ရှုပ်စရာကောင်းတယ်လို့ သူဘာလို့ ရုတ်တရက်ကြီး တွေးမိသွားရတာလဲ?

အဲဒီအချိန်မှာပဲ စုပေကလည်း စင်္ကြံလမ်းမှာရှိနေတဲ့ Mr.ချင်နဲ့ စုရှောင်ပေါင်တို့ကို သတိထားမိသွားခဲ့တယ်။ သူမအမူအရာက တောင့်ခဲသွားပြီး ရုတ်တရက်ဆိုသလို အနည်းငယ် ကိုးရိုးကားရားနိုင်တယ်လို့ ခံစားမိခဲ့တယ်။

စုပေ : အခုလေးတင်, သူမက Mr.ချင်ရဲ့နာမည်ကို တိုက်ရိုက်ကြီး ခေါ်ချပလိုက်တာဆိုတော့ သူရော နားစွန်နားဖျား ကြားများကြားသွားပြီလားမသိ?

S မြို့မှ ပြန်လာပြီးနောက် သူတို့ကို သူလာကြိုတဲ့အချိန်တုန်းက စုပေက အံ့ဩတကြီးနဲ့ ‘ချင်ရှောက်’ ဆိုပြီး မတော်တဆ နှုတ်မှလွှတ်ခနဲထွက်သွားခဲ့တဲ့ တစ်ကြိမ်မှလွဲ၍ Mr.ချင်ရဲ့ရှေ့မှာဆိုရင် စုပေက ပုံမှန်အားဖြင့် ‘ဖေဖေ’ ဟူ၍သာ ခေါ်လေ့ရှိတာဖြစ်တယ်။ နောက်ပြီး တကယ်တမ်းတော့ နောက်ထပ်တစ်ကြိမ် ရှိနေပါသေးတယ် : စုပေတစ်ယောက် လင်းမိသားစု၏ဧည့်ခံပွဲမှာ အရက်မူးသွားတဲ့အချိန်တုန်းကပင်။ ကံဆိုးချင်တော့ သူမ အဲဒီ့ပွဲတုန်းက အဖြစ်အပျက်တွေကို ဘာမှပြန်မမှတ်မိတော့ချေ။

“ဖေဖေ...” စုပေက ခေါင်းကိုငုံ့ပြီး Mr.ချင်ထံ လျှောက်လာခဲ့တယ်။ ကောင်မလေးရဲ့ အနေခက်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ သူမရဲ့ခေါင်းလေးကို ပုတ်ပေးဖို့ သူ့လက်ကို မလှမ်းရသေးခင်မှာပဲ ချင်ရှောက်ရဲ့မျက်ဝန်းတွေထဲမှာ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

ပြီးနောက် ထိုသို့လုပ်လိုက်ခြင်းကြောင့်ပဲ Mr.ချင်တစ်ယောက် စုပေ၏ဆံထုံးဝိုင်းပေါ်မှ ဆံညှပ်ကလစ်နှင့် အောင်မြင်စွာ ထိုးစိုက်မိသွားတော့တယ်။

ချင်ရှောက် : “ဟုတ်ပါပြီ, အိမ်ပြန်ကြစို့လေ”

စုပေ : “ဟုတ်”

စုရှောင်ပေါင် : “...” ကျွန်တော့်အမြင်ကိုတောင် မမေးတော့ဘူးလား?

စုရှောင်ပေါင် : ထားလိုက်ပါတော့လေ, ဒါကအရေးမှမကြီးတော့တာ။

ဒါ့အပြင်, စုရှောင်ပေါင်က အခုချိန်မှာ ဝမ်းသာ ကျေနပ်အားရသော စိတ်အခြေအနေရှိနေခဲ့တာပင် : ကြည့်စမ်းပါအုန်း, စုပေရဲ့မျက်လုံးထဲမှာ, သူက နံပါတ်တစ်ဖြစ်နေဆဲပဲလေ။ ဆိုတော့ကား မိသားစု အဆင့်အတန်းအရ, သူက သဘာဝကျကျလေးနဲ့ ချင်ရှောက်ရဲ့အထက်မှာ ရှိနေတယ်ဆိုတဲ့သဘောပဲပေါ့။

စုရှောင်ပေါင်က ချင်ရှောက်အား ဂုဏ်ဆာနေသော မျက်နှာထားတစ်ခု ပြသလိုက်ပေမယ့်လည်း ပြန်ရလိုက်ရတော့ အေးစက်စက်အကြည့် တစ်ခုသာဖြစ်တယ်။ တခဏမျှကြာတဲ့အထိကို အဖေနှင့်သားက ရေခဲလို အေးစက်တဲ့ အကြည့်တွေနဲ့ အချင်းချင်း ဖလှယ်နေခဲ့ကြတယ်။

Mr.ချင်က သူ့အကြည့်တွေကို အရင် ပြန်ရုတ်သိမ်းလိုက်ပြီးမှ အမွှာနှစ်ယောက်အား အောက်ထပ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ် : “သွားကြစို့, အဖေတို့ မပြန်ခင် မင်းတို့အဘိုးအဘွားတွေကို နှုတ်ဆက်စကား သွားပြောရမယ်လေ”

နောက်တစ်ကြိမ် သူတို့ထပ်ပြီး လာရောက်လည်ပတ်ခဲ့မယ်ဆိုရင်တော့ သေချာပေါက် တရုတ်နှစ်သစ်ကူး အချိန်အခါလောက်မှပဲ ဖြစ်နိုင်လိမ့်မယ်။ စုပေက ခေါင်းငြိမ့်ပြလိုက်ပြီး နာခံစွာနှင့်ပင် ချင်ကျင်းကော်နှင့် ချန်ရွှယ်ယန်တို့ကို နှုတ်ဆက်စကား သွားပြောခဲ့တယ်။

ပြဿနာတော်တော်များများက သူတို့ရဲ့မိသားစု အသစ်ပြန်လည်ဖွဲ့စည်းခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့အပြင် သက်ကြီးစုံတွဲဖက်ကလည်း အဲ့ဒီအရာကို လွယ်လွယ်လေး လုပ်ဆောင်ခဲ့ရတာ မဟုတ်လေဘူး။ တစ်ဖက်မှာတော့ သူတို့မိသားစုက သဟဇာတဖြစ်စွာနဲ့ နေနိုင်လိမ့်မယ်လို့ သူတို့မျှော်လင့်ထားခဲ့ကြတယ်။ အခြားတစ်ဖက်မှာကလည်း သားအရင်းကို အလွန်အမင်း ကောင်းမွန်စွာ ဆက်ဆံလိုက်ခြင်းက မယားပါသား သို့မဟုတ် လင်ပါသားကို မကျေမနပ်ဖြစ်သွားစေမှာကိုလည်း သူတို့ကြောက်နေခဲ့ကြတာဖြစ်တယ်။ ဒါ့အပြင် သားနှစ်ယောက်စလုံးက လုပ်ဆောင်နိုင်စွမ်း အလွန်မြင့်မားပြီးတော့ မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေ လုံးဝခွဲထွက်သွားခဲ့ကြတဲ့သူများပင်ဖြစ်တယ်။

-----

ချင်ရှောက်တို့မိသားစုသုံးယောက်သား ထွက်ခွာကြတော့မယ့်အချိန်မှာ ချင်ကျင်းကော်က ကားအပြင်ဖက်ကနေ ချင်ရှောက်ကို တားလိုက်တယ်။ အခုချိန်မှာ သူတို့နှစ်ယောက်တည်းပဲ ရှိနေတာကြောင့် ချင်ကျင်းကော်က တစ်ခြားမိသားစုဝင်တွေအရှေ့မှာ သူပြနေကြဖြစ်တဲ့ တင်းမာခက်ထန်မှုနှင့် တည်ငြိမ်အေးဆေးတဲ့ဟန်တွေလည်း လုံးဝမရှိတော့ဘဲ ကြည့်ရတာ အများကြီး အိုစာသွားတဲ့ပုံပေါက်နေခဲ့တယ်။

ချင်ကျင်းကော်က မပြောခင် သက်ပြင်းခပ်ဖျော့ဖျော့ချလိုက်ပြီးမှ : “မင်းကိုယ်မင်း ဘယ်တော့မှ ဒုက္ခရောက်အောင်မလုပ်ဘူးဆိုတာကို ငါသိတယ်။ တကယ်လို့များ စုန့်ယန်ချန်းက ဒီကိစ္စတွေကို တကယ်ကြီး လုပ်ခဲ့တယ်ဆိုရင်တော့ မင်းဖက်က စိတ်တိုင်းကျတဲ့အထိ သူနဲ့ သေသေချာချာလေး ညှိုနှိုင်းပေးပါကွာ”

“ဘယ်လိုပဲဖြစ်ဖြစ်, မင်းဖက်က သူ့တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီးတော့ တစ်ခြားသူတွေနဲ့ မငြိစွန်းစေဖို့ကိုပဲ ငါမျှော်လင့်ပါတယ်” ချင်ကျင်းကော်ပြောချင်တဲ့ ‘တစ်ခြားသူတွေ’ ဆိုတာကတော့ စုန့်ရှင်းယီနဲ့ သူ့မိခင်လင်ယုံတို့ပဲဖြစ်တယ်။

Mr.ချင်ရဲ့မျက်ဝန်းတွေထဲမှာ ခပ်ထေ့ထေ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့တယ် : “ကျွန်တော့်က သူ့လောက် အောက်တန်းမကျဘူး”

-----

ညအချိန်မှာတော့ Mr.ချင်နှင့် သူ့ကလေးတွေက ကျင်းယွမ်စံအိမ်သို့ ပြန်ရောက်လာခဲ့ကြတယ်။

ဦးလေးဖုက စုပေနဲ့ စုရှောင်ပေါင်တို့ ကျင်းရှီဥယျာဉ်မှာ သက်တောင့်သက်သာဖြစ်သလို မခံစားရဘဲ ထိုအခြင်းအရာကြောင့် သိပ်မစားဖြစ်ခဲ့ကြမှာကို စိုးရိမ်နေခဲ့တာဖြစ်တယ်။ သူက မီးဖိုချောင်မှာ သူတို့အတွက် အဆာပြေမုန့်အချို့ ပြင်ဆင်ထားခိုင်းလိုက်ပြီး အဲဒီနေရာမှာ သူတို့ ဘာမကျေနပ်ချက်တွေ ခံစားခဲ့ရသလဲ ဆိုတာကိုပါ မေးမြန်းနေခဲ့တာဖြစ်တယ်။

ဘေးမှာနားထောင်နေတဲ့ Mr.ချင်ခမျာ သူ့မျက်နှာတစ်ခုလုံးမှာ အနက်ရောင်လိုင်းတွေအပြည့် ဖုံးလွှမ်းနေခဲ့တယ် : “ကျွန်တော်နဲ့အတူ ရှိနေတာကို, သူတို့က ဘာလို့ ဗိုက်ဆာနေရမှာလဲ?”

ဦးလေးဖုက ကိုးရိုးကားရားကြီး ပြုံးလိုက်ပြီး နောက်ထပ်ဘာတစ်ခွန်းမှ ထပ်မပြောရဲတော့ချေ။

စောစောတုန်းက Mr.ချင်တစ်ယောက် သူတို့ရဲ့ပန်းကန်လုံးထဲသို့ ဟင်းအမယ်မျိုးစုံကို ဘယ်လိုတောင် ဆက်တိုက်ထည့်ပေးနေခဲ့တယ်ဆိုတာကို သတိရသွားတော့ စုပေက ခပ်ဟဟရယ်လိုက်မိတယ်။

“သမီးတို့ အခု ကိုယ့်အခန်းကိုယ် ပြန်တော့မယ်နော်။ Good night ပါ, ဖေဖေ” စုပေက စုရှောင်ပေါင်ကိုပါ အပေါ်ထပ်သို့ ဆွဲခေါ်လာခဲ့တော့တယ်။

-----

သူမအိပ်ခန်းထဲသို့ ပြန်ရောက်ချိန်မှာတော့ စုပေက ရှုမိသားစု၏ ညီအစ်ကိုများနှင့် group chat ကိုဖွင့်လိုက်တယ်။

[Q] : ပြိုင်ပွဲတွေအားလုံးပြီးသွားကြပြီလား?

စုပေနဲ့ စုရှောင်ပေါင်တို့က ဒီနေ့ Mr.ချင်နှင့်အတူ ကျင်းရှီဥယျာဉ်သို့ သွားကိုသွားရမှာဖြစ်တာကြောင့် ဒီနေ့ရဲ့ဂိမ်းတွေကို ရှုရှီဝေနှင့် ရှုယန်ယန်တို့အား အပ်နှံဖို့ကလွဲပြီး သူမမှာ အခြားနည်းလမ်းမရှိတာကြောင့် 'အလောင်းကောင်အသင်းဖော်' တစ်ယောက်သာ ဖြစ်နေခဲ့တယ်။

[လူချောလေး ယန်] : Oooooh, နတ်ဘုရား Q ရေ, ငါတောင်းပန်တယ်နော်...

[Q] : ငါတို့ရှုံးသွားလို့လား?

[vvvv] : နည်းပညာပိုင်းအရဆိုရင်တော့, နိုးပါ။ ဒါပေမယ့် ဒီလောင်ဇီကတော့ မံမီခြောက်ကြီးတစ်ကောင်တောင် ဖြစ်လုနီးပါးပါပဲကွာ။

အစ်ကိုကြီးရှုက ဒီနေ့ သူတို့ယှဥ်ပြိုင်ခဲ့ရတဲ့ ဂိမ်းသုံးပွဲအကြောင်းနှင့်ပတ်သတ်ပြီး စုပေအား ပြောပြခဲ့တယ်။ ပထမဆုံးဂိမ်းမှာတော့ သူတို့က အသင်းတစ်သင်းနှင့် တွေ့ဆုံခဲ့ပြီး အဲဒီအသင်းမှ လူတစ်ယောက်ချင်းစီက ကိုယ့်ဘာသာကိုယ် သီးသန့်နေကြတာဖြစ်ပြီး လုံးဝကို ပူးပေါင်းလုပ်ဆောင်ခြင်းလည်း မရှိတာကြောင့် သူတို့ကို အလွယ်လေး KO လုပ်နိုင်ခဲ့တယ်။ ဒုတိယဂိမ်းကလည်း အဆင်ပြေခဲ့တယ်။ ပြိုင်ဖက်အသင်းက သူတို့အသင်းသား အားလုံးကို တိုက်ခိုက်ရေးမှာပဲ အသုံးပြုခဲ့ပြီးတော့ ချာတူးလံ လုံခြုံရေးအကာအရံတစ်ခုနှင့်အတူ ဗလာအခြေစိုက်စခန်းတစ်ခုကို ချန်ထားရစ်ခဲ့ကြတယ်။ ရှုယန်ယန်က မိနစ်နှစ်ဆယ်အတွင်းမှာပဲ ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့တယ်။

သို့ပေမယ့် တတိယဂိမ်းကတော့ အလွန်ပင် စိတ်အနှောင့်အယှက်ပေးခဲ့တယ်။

ဒီဂိမ်းမှာတော့ သူတို့နဲ့ယှဉ်ပြိုင်ရတဲ့အသင်းက အားမနည်းတဲ့အပြင် ခုခံတိုက်ခိုက်ဖို့အတွက် အသင်းဖော် လေးယောက်ကိုပါ ချန်ထားခဲ့တာဖြစ်တယ်။ ရှုယန်ယန်က နောက်ဆုံး သူတိုက်ခိုက်ဖို့ bug တစ်ခု ရှာမတွေ့သေးခင်အထိ နာရီပေါင်းမြောက်များစွာ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ခဲ့ရတာဖြစ်တယ်။ အဲဒီအချိန်မှာပဲ ရှုရှီဝေကလည်း ကျန်ပြိုင်ဖက်အသင်းသားသုံးယောက်ရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နေရင်းက အရည်တွေ ခမ်းခြောက်ပြီး ရှုံ့တွနေတဲ့မံမီတစ်ကောင် ဖြစ်လုနီးပါးပင်။

အဆုံးမှာတော့ ရှုယန်ယန်က ပြိုင်ဖက်အသင်း၏ လုံခြုံရေးအကာအရံကို ချိုးဖောက်ဝင်ရောက်ရန် ကျရှုံးခဲ့ကာ ရှုရှီဝေထံမှာ အရှင်လတ်လတ် မီးကင်ခံရတော့မယ့် အနေအထားပင်ဖြစ်တယ်။

ဒီပြိုင်ပွဲကို နေ့လည် ၁နာရီကနေ ည၁၀နာရီအထိ ကစားခဲ့ရတာဖြစ်တယ်။

ပြိုင်ဖက်အသင်းမှလူတွေပြောကြတာကတော့ :

[ငါ ငတ်ပြတ်ပြီး မူးမေ့လဲတော့မတတ်ပဲ, နောက်ပြီး ငါ့မျက်လုံးတွေက တံလျှပ်တွေကိုတောင် စမြင်လာရသလိုပဲ]

[မအေ -ိုး ငတုံးကောင်, ငါ့လက်တွေထုံနေပြီကွ]

[ငါ့မျက်ရည်တွေတောင်ခမ်းတော့မယ်ကွာ!]

[ငါ့အမေက ငါ့ကို အောက်ဆင်းပြီးလာစားဖို့ ပြောနေပြီ, နောက်ပြီး ငါမြန်မြန်မလုပ်ဘူးဆိုရင် ယီထျန်းဓားကြီးကို ဝှေ့ယမ်းပြီး သူရောက်လာလိမ့်မယ်]

[T/N : ယီထျန်းဓားက ချောင်ချောင် သွန်းလုပ်တဲ့ ဓားတစ်လက်ပါ။ ချောင်ချောင်ဆိုတာကတော့ Three Kingdoms ခေတ်တုန်းက သူ့ရဲ့စွမ်းရည်နဲ့ ရက်စက်ကြမ်းကြုတ်မှု နှစ်မျိုးစလုံးကြောင့် နာမည်ကျော်ကြားခဲ့တဲ့ ရှေးခေတ် စစ်မက်ရေးရာ စစ်သေနာပတိချုပ် (စစ်ဘုရင်) တစ်ယောက်ပါ]

အဆုံးမှာတော့ သူတို့ဖက်က နောက်ဆုံးပွဲစဉ်ကို လက်လျော့လိုက်ပြီးတော့ “အစ်ကိုကြီးတို့, အစ်ကိုတို့က အရမ်းရက်စက်ကြတာပဲ, ကျွန်တော်တို့ အစ်ကိုတို့ကို ထပ်ပြီး အဖော်လုပ်မပေးနိုင်တော့ဘူး,” ဟုဆိုကာ အကြင်နာကင်းမဲ့တဲ့ အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်လိုက်ပြီး ထို့နောက် တပြုံတမကြီး offline လုပ်သွားကြကာ ရှုရှီဝေကို ဗလာအခြေစိုက်စခန်းမှာ ချန်ထားခဲ့ကြပြီး အနိုင်ပေးလိုက်ကြတော့တယ်။

အစ်ကိုကြီးရှု၏ ‘မိုးချုန်းသလို’ ဇာတ်ကြောင်းပြန်ခြင်းအား နားထောင်ပြီးတဲ့နောက် စုပေခမျာ ရှုရှီဝေကိုပဲ ကိုယ်ချင်းစာရမလား ဒါမှမဟုတ် ရှုယန်ယန်ကိုပဲ သနားရမလား ဆိုတာကို လုံးဝမသိတော့ချေ။

ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

အဲဒါက Mr.ချင်ပဲဆိုတာကို သိနေတာကြောင့် စုပေက အလိုအလျောက် တုံ့ပြန်ခြင်းအားဖြင့် သူမမိုဘိုင်းဖုန်းကို ခေါင်းအုံးအောက်သို့ ထိုးသိပ်ထည့်လိုက်တယ်။

စုပေ : “ဖေဖေ, ဝင်လာလို့ရပြီနော်”

ချင်ရှောက်က တံခါးဖွင့်လိုက်ပြီး သူတို့ပြန်ရောက်လာပြီးတဲ့နောက် စုပေက အခုထိ သူမဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ပဲ အိပ်ယာပေါ်မှာ လုံးထွေးနေဆဲဖြစ်တာကို မြင်လိုက်ရချိန်မှာတော့ မျက်မှောင်ကျုံ့လိုက်မိတယ်။

ချင်ရှောက် : “အိပ်ချိန်ရောက်နေပြီလေ”

စုပေရဲ့လည်ပင်းလေး ကျုံ့ဝင်သွားပြီး : “သမီး အခုချက်ချင်းအိပ်လိုက်ပါ့မယ်...” ထို့နောက် သူမက စောင်ကိုမပြီးတော့ ခြုံလိုက်တယ်။

စုပေကိုကြည့်ရင်းနဲ့ Mr.ချင်တစ်ယောက် ခေါင်းတွေကိုက်လာတော့တယ်။ အတော်လေး ကူကယ်ရာမဲ့စွာနဲ့ပဲ, သူသတိပေးလိုက်တယ် : “အဝတ်အစားတွေ အရင်လဲလိုက်အုန်းလေ”

စုပေ : “...”

Mr.ချင် ပြန်ထွက်သွားတော့မယ့်အချိန်မှာပဲ စုပေက အနောက်ကနေ ခေါ်လိုက်တယ် : “ဖေဖေ”

“ဟင်?” Mr.ချင်က တုံ့သွားပြီး : “ဘာလဲ?”

စုပေ : “သမီး ဖေဖေ့ကိုပြောစရာရှိလို့...”

ထိုအရာကို မသင့်တော်ဘူးလို့ သူယူဆထားတာကြောင့် ချင်ရှောက်က ပုံမှန်အားဖြင့် စုပေရဲ့အိပ်ခန်းထဲသို့ လုံးဝ ဝင်‌လေ့မရှိဘူး။ သို့ပေသိ အခု‌လောလောဆယ်မှာ, သူက တံခါးနားမှာ ရပ်နေတာဖြစ်ပြီး သူ့သမီးလေး၏ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာကို မြင်လိုက်ရချိန်မှာ သူ နောက်ဆုံးတော့ အခန်းထဲသို့ ပြန်လျှောက်လာခဲ့ကာ စုပေရဲ့အိပ်ယာဆီသို့ ချဉ်းကပ်သွားခဲ့တယ်။ ချင်ရှောက်က သူ့သမီးလေးကို ခဏလောက်အထိ ငေးစိုက်ကြည့်နေပြီး မေးလိုက်တာကတော့ : “သမီးမှာပြောစရာတစ်ခုခုရှိနေလို့လား?”

“ဟိုဟာလေ... ဒီနေ့ သမီးတို့နဲ့တွေ့ခဲ့တဲ့လူအကြောင်းပါ, စုန့်ယန်ချန်းဆိုတာလေ... ဖေဖေ, ဖေဖေ သူ့ကို သတိထားသင့်တယ်လို့ သမီးထင်လို့ပါ” စု‌ပေတစ်ယောက် ဝတ္ထုဇာတ်ကြောင်းရယ်၊ သူမရဲ့အိပ်မက်ဆိုးတွေနဲ့ ပတ်သတ်ပြီး Mr.ချင်အား ဘယ်လိုရှင်းပြရမလဲဆိုတာကို လုံးဝမသိတော့‌ဘူး။

ဝတ္ထုထဲမှ ဇာတ်လိုက်ဆိုသူက သူ့ရည်ရွယ်ချက်တွေ အောင်မြင်နိုင်ဖို့အတွက် မသမာတဲ့နည်းလမ်းတွေကို အသုံးပြုဖို့ ဝန်မလေးသူပင်ဖြစ်တယ်။ သို့‌သော်ငြားလည်း သူက ဇာတ်လိုက်တစ်ယောက်ဖြစ်တယ် ဆိုတာလေးနဲ့တင် သူ့နည်းလမ်းဆိုတာတွေကို သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အရည်အချင်းတွေရဲ့ သက်သေ အထောက်အထားများအဖြစ်သာ ဇာတ်ကြောင်း‌ပြန်ထားခဲ့တာဖြစ်တယ်။

ချင်ရှောက်ကို အနိုင်ယူဖို့အတွက် စုန့်ယန်ချန်းက တကယ်ကြီးကို နည်းလမ်းမရွေးခဲ့ဘူး။ S မြို့မှာ ကျရှုံးခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုက နောက်ဆုံးအကြိမ် မဟုတ်ခဲ့ပေ။ စုပေက ချင်ရှောက်အား စုန့်ယန်ချန်းရဲ့ ထောင်ချောက်တွေထဲကို မကျရောက်စေဖို့ သတိပေးချင်ခဲ့တာဖြစ်တယ်။

စုပေရဲ့စကားတွေက ချင်ရှောက်ကို နည်းနည်း အံ့အားသင့်သွားစေခဲ့တယ်။ သို့သော် တစ်ချိန်တည်းမှာပဲ သူ့နှလုံးသား‌လေးလည်း နွေးထွေးသွားခဲ့တယ်။ “အဖေ့ကို ဘာလို့ ဒါတွေပြောပြနေရတာလဲ?” Mr.ချင်က အသာငုံ့ကိုင်းလိုက်ကာ စုပေရဲ့မျက်လုံးနဲ့ သူ့မျက်လုံးတွေ တစ်တန်းတည်းဖြစ်အောင် ထားလိုက်တယ်။ စုန့်ယန်ချန်းက တကယ့်ကို သတိကြီးကြီးထားရမယ့်သူပဲဖြစ်တယ်။ တကယ်လို့များ တစ်ယောက်ယောက်က သတိလွတ်သွားခဲ့တာနဲ့ သူတို့က အပိုင်းပိုင်းဖြစ်အောင် ကိုက်ဖြတ်လိုက်ကြမှာပင်။ ဒီလိုမျိုး ပင်ကိုအသိစိတ် ရှိတယ်ဆိုတာကိုက စုပေအတွက် ကောင်းတာပဲလေ။

စုပေက ခပ်နက်နက် မျက်မှောင်ကျုံ့လိုက်ကာ : “သမီးလည်း အတိအကျကြီးတော့ ရှင်းမပြတတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ်ပါ, ဖေဖေရယ်, သမီးသိတာတော့ သူက လူကောင်းတစ်ယောက်‌ မဟုတ်ဘူး။ သူက အရမ်းအန္တရာယ်များလွန်းတယ်, နောက်ပြီး သမီးတို့ကိုကြည့်တဲ့ သူ့မျက်လုံးတွေက ကြောက်စရာကြီးရယ်။ ဖေဖေ, ဖေဖေလုံးဝသတိထားရမယ်နော်။ သူ့ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ရင်တော့ အကောင်းဆုံးပေါ့။ သူ...”

ကောင်မလေးရဲ့ လေးနက်တဲ့အမူအရာက စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောထွေးနေပေမယ့် အဲဒါလေးကပဲ Mr.ချင်ကို ပျော်ရွှင်စေခဲ့တယ်။ ခပ်ဖျော့ဖျော့ ရယ်မောလိုက်ရင်း သူပြောလိုက်တယ် : “ဟုတ်ပါပြီ, အဖေ့သမီးလေး စကားကို နားထောင်ပြီး သူ့ကိုသတိထားလိုက်ပါ့မယ်”

အမှန်တကယ်တော့ ချင်ရှောက်က စုန့်ယန်ချန်းကို ဆန့်ကျင်ဖို့ သူ့ဖက်က ခြေလှမ်းတွေ‌လှမ်းထားပြီးဖြစ်တယ်။ ကျင်းရှီဥယျာဉ်မှာ သူကြေညာခဲ့သလိုပဲ, သိပ်မကြာခင်မှာ စုန့် Group က အဆုံးသတ်သွားတော့မှာဖြစ်တယ်။ ဒါက အခုမှအစပဲရှိသေးတာလေ။

S မြို့က တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ချင်ရှောက်ဖက်က‌နေ စုန့်ယန်ချန်းကို တိုက်ရိုက်ညွှန်ပြနေတဲ့ ဘာသက်သေအထောက်အထားကိုမှ ရှာမတွေ့ခဲ့ဘူး။ သို့ပေသိ စုန့်ယန်ချန်းက ဒီကိစ္စကို စီစဉ်ညွှန်ကြားသူ ဖြစ်နေမှတော့ သူ့လက်တွေကလည်း တကယ်ကြီး မသန့်ရှင်းတော့ဘူးလေ။ အခုအချိန်မှာ ချင်ရှောက် ဘာတွေလုပ်နေသလဲဆိုတော့ စုန့်ယန်ချန်းကို 'လက်ဆောင်အကြီးကြီး' တစ်ခုပေးဖို့အတွက် အဲဒီ့အရာတွေကို တူးဖော်နေတာပါပဲ။

-----

မိဘစုံညီအစည်းအဝေး၏ နံနက်ခင်း၌ စုပေက အောက်ထပ်သို့ ပုံမှန်ထက် အစောကြီး ပြေးဆင်းလာခဲ့တာ‌ကြောင့် အလုပ်သွားတော့မယ့် Mr.ချင်အား မြင်တွေ့လိုက်ရတယ်။

“ဖေဖေ, good morning ပါ”

ပြောကြကြေးဆိုရင် Mr.ချင်က တကယ့်ကို အလုပ်ကြိုးစားသူပင်ဖြစ်ကာ သူက အမြဲလိုလို စုပေနှင့် စုရှောင်ပေါင်တို့လို ကျောင်းသားတွေထက် စောစီးစွာ ထွက်ခွာလေ့ရှိတယ်။

Mr.ချင်တစ်ယောက် စုပေရဲ့မျက်ဝန်းတွေထဲက မျှော်လင့်ချက်တွေကို မြင်‌လိုက်ရပြီးနောက် ကူကယ်ရာမဲ့စွာနဲ့ပဲ ပြုံးလိုက်မိတော့တယ်။ “ကျောင်းသွားဖို့အသင့်ပြင်ထားတော့လေ။ နေ့လည်ကျမှ မိဘစုံညီအစည်းအဝေးကို အဖေလာခဲ့မယ်နော်”

စုပေရဲ့မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် မှေးမှိတ်သွားခဲ့တယ်။ သူမ ခေါင်းငြိမ့်ပြလိုက်ပြီး တက်ကြွစွာနဲ့ ပြန်ဖြေလိုက်တယ် : “ဟုတ်!”

-----

ဝေ့မင်အလယ်တန်းကျောင်း၏ မိဘစုံညီအစည်းအဝေးဟာဆိုရင် အမြဲတစေ ကြီးကြယ်ခမ်းနားလှတဲ့ ပွဲတစ်ခုပင်ဖြစ်တယ်။ အကယ်၍များ ဂိတ်ပေါက်ဝမှာ ‘ဝေ့မင်အလယ်တန်းကျောင်း’ ဟူသော ဆိုင်းဘုတ်သာ မရှိဘူးဆိုရင်ဖြင့် အပြင်ဖက်‌မြေကွက်လပ်မှာ ရပ်နားထားတဲ့ ဇိမ်ခံကား အတန်းလိုက် အတန်းလိုက်ကြီးတွေအပြင် သာမန်ထက်ထူးကဲသော အရှိန်အဝါရှိတဲ့ မိဘအုပ်စုလိုက်ကြီးကို မြင်ရရုံနဲ့တင်, ဖြတ်သန်းသွားလာသူ တစ်ယောက်အနေနဲ့ အဆိုပါနေရာကို အဆင့်မြင့် ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာတစ်ခုအဖြစ် မှားယွင်းယူဆသွားမိမှာပဲဖြစ်တယ်။

ချင်မိသားစုရဲ့ကားက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီး ကျောင်းဂိတ်ပေါက်ဝတည့်တည့်မှာ ရပ်လိုက်တယ်။

ဒီအချိန်မှာပဲ အလွန်ပင်သိသာမြင်သာလှတဲ့ ‘လပတ်စာမေးပွဲအဆင့်သတ်မှတ်ချက်စာရင်း’ အတန်းလိုက်ကြီးအား ဝေ့မင်အလယ်တန်းကျောင်း၏ ဂိတ်ပေါက်ဝတွင် ချိတ်ဆွဲထားခဲ့တာဖြစ်တယ်။

“ဆရာ, ရှောင်ပေနဲ့ ရှောင်ပေါင်တို့ရဲ့ ရလဒ်တွေက ပထမဆုံးတစ်ခုမှာပဲ ဖြစ်လောက်တယ်” ချန်တဲ့က ပြုံးလိုက်ပြီး အနီရောင်နောက်ခံတစ်ခုနှင့်အတူ peony ပန်းများ၊ အနီရောင်ဖဲကြိုးများနှင့် အဖြူရောင်ချိုးငှက်များဖြင့် အလွန်ဝေဝေဆာဆာ အလှဆင်ယင်ထားတဲ့စာရင်းတစ်ခုကို ညွှန်ပြလိုက်တယ်။

ချင်ရှောက် : “တစ်ချက်‌သွားကြည့်ကြည့်ရအောင်”

ဖြစ်နိုင်တာက‌တော့ အဲဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ကံကြမ္မာပဲဖြစ်နေမလား မသိနိုင်ပေမယ့် Mr.ချင်ရောက်လာတဲ့အချိန်မှာပဲ စုန့်ယန်ချန်းကလည်း သူ့သမီးလေးရဲ့ရလဒ်ကို ကြည့်ဖို့အတွက် ထိပ်ဆုံးအဆင့်သတ်မှတ်ချက်စာရင်းအရှေ့မှာ မတ်တပ်ရပ်နေခဲ့တာဖြစ်တယ်။ Big boss ကြီးနှစ်ယောက် ဘေးချင်းကပ် ရပ်နေတာကိုကြည့်ရင်း တစ်ခြားမိဘတွေက တစ်ယောက်ပြီးတစ်ယောက် နောက်ပြန်ဆုတ်လိုက်ကြကာ Mr.ချင်နှင့် ဥက္ကဌစုန့်အတွက် နေရာတစ်ခုကို အလျင်အမြန် ဖယ်ပေးလိုက်ကြတော့တယ်။

စုန့်ယန်ချန်း : “တိုက်ဆိုင်လိုက်တာများ”

ပြီးခဲ့တဲ့ရက်အနည်းငယ်‌လောက်တုန်းကအထိ စုန့် Group က အရင်ကရှိခဲ့တဲ့ ခမ်းနားကြီးကျယ်မှုတွေ ရှိနေဆဲဖြစ်သော်ငြား ပြဿနာအတော်များများက စုန့်ယန်ချန်းအား စတင်လွှမ်းမိုးလာခဲ့တယ်။ ဒါတွေအားလုံးက ချင်ရှောက်ရဲ့ကျေးဇူးတွေကြောင့်‌ပဲလေ။ အဲဒါကြောင့် အခုချိန်မှာ စုန့်ယန်ချန်းရဲ့အမူအရာက အလွန်အမင်းကို ပျက်ယွင်းနေခဲ့တယ်။

Mr.ချင်က အသာလေး အေးတိ‌အေးစက် ဖျတ်ခနဲကြည့်လိုက်ကာ တစ်ဖက်လူကိုပါ မျက်နှာသာမပေးခဲ့ချေ။

သူတို့မျက်လုံးတွေက စာမေးပွဲအဆင့်သတ်မှတ်ချက်စာရင်းပေါ်သို့ အလျင်အမြန် ရွှေ့လျားသွားခဲ့တယ်။ စုန့်ရှင်းယီက ဒီတစ်ခေါက် ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ အဆင့် ၁၆ ဆိုတာက, စုပေနဲ့ စုရှောင်ပေါင်တို့နဲ့ မယှဉ်ဘူးဆိုရင်တော့, ဒါက တကယ့်ကို ထူးချွန်‌ပြောင်မြောက်လှတဲ့ အောင်မြင်မှုပင်ဖြစ်တယ်။

Mr.ချင်က ပထမဆုံးအကြည့်မှာတင် ‘ချင်ယွဲ့’ ဆိုတဲ့နာမည်ကို မြင်တွေ့သွားခဲ့တယ်။ စုစုပေါင်းရမှတ် ၈၉၂မှတ်ဖြင့် ပထမနေရာမှာ ရှိ‌နေခဲ့တာကိုပင်။ အဲဒါက မျက်စိကျိန်းလောက်တဲ့အထိ အလွန်ပင် ဝင်းလက်တောက်ပနေခဲ့တယ်။ သူမအောက်မှာ ကပ်လျက်ရှိ‌နေသူများကတော့ ‘ချင်ယွိ’ နှင့် ‘ရှဲ့မင်ရွှမ်း’ တို့ပဲဖြစ်တယ်။

“အသင့်အတင့်တော့ ရှိသားပဲ” Mr.ချင်က ဂရုမစိုက်ဟန်ဖြင့် စကားတစ်ခွန်းကို ထုတ်‌ပြောလိုက်တယ်။ အဲဒါက သူ့အနေနဲ့ သူ့ကလေးတွေရဲ့ စာမေးပွဲရလဒ်တွေနဲ့ ပတ်သတ်ပြီး လုံးဝစိတ်မဝင်စားသလိုမျိုး, သို့မဟုတ် အနည်းငယ် မကျေနပ်‌နေသကဲ့သို့ပင်။

ဘေးမှာရပ်နေတဲ့ ချန်တဲ့ခမျာ အကျယ်ကြီးရယ်ချမိတော့မတတ်ပေ : ဘာကိုမကျေနပ်ရမှာလဲ, Mr.ချင်က ဒီလောက် ရှင်းရှင်းလင်းလင်းကြီး ထုတ်ပြနေတဲ့ဟာကိုလေ! သူ့မျက်လုံးတွေထဲမှာ ဂုဏ်ဆာမှုတွေ အလွန်အကြူး ပြည့်လျှံထွက်နေတဲ့ဟာကို, အကန်းတွေမှပဲ အဲဒါကို မမြင်မှာ။

စုန့်ယန်ချန်းရဲ့အမူအရာက ပိုလို့တောင် အကျည်းတန်လာခဲ့တော့တယ်။

ဒီအချိန်မှာပဲ စုပေရဲ့အသံက အနီးနားရှိ လူစုလူဝေးထဲကနေ ထွက်ပေါ်လာခဲ့တယ်။ “ဖေဖေ, ဖေဖေက ဒီရောက်နေတာကိုး!” သူမက ပြေးမလာခင်မှာဘဲ ချန်တဲ့ကိုပါ နှုတ်ဆက်လိုက်တယ် : “ဦးလေးချန်”

စုန့်ယန်ချန်းကို မြင်လိုက်ရချိန်မှာတော့ စုပေက ချင်ရှောက်ရဲ့လက်မောင်းကို မသိမသာလေး လှမ်းဆွဲလိုက်တဲ့ပုံက သူ့အား သူမ၏အနောက်သို့ ဆွဲခေါ်ထားချင်သကဲ့သို့ပင်။ ဒီလို အကာအကွယ်ပေးတဲ့ ကိုယ်နေဟန်ထားမျိုးက အသုံးမဝင်ဘူးဆိုသော်ငြား ချန်တဲ့ကတော့ Mr.ချင်အား မနာလိုဖြစ်တဲ့စိတ် အနည်းငယ် ရှိနေသလို ခံစားနေရဆဲဖြစ်တယ်။

“ရှောင်ပေနဲ့ ရှောင်ပေါင်တို့က ဒီတစ်ခေါက် အလုပ်ကောင်းကောင်း လုပ်ခဲ့ကြတာပဲ။ ဒါလေးက ဦးလေးချန်‌ရဲ့ ဆုလက်ဆောင်လေးပေါ့” ချန်တဲ့က စုပေနဲ့ စုရှောင်ပေါင်အား ပြုံးပြလိုက်တယ်။ သူက စက္ကူအိတ်နှစ်အိတ်ကို ယူလိုက်ပြီး အမွှာနှစ်ယောက်အား ထိုအရာ‌တွေကို လှမ်းပေးလိုက်တယ်။

“ကျေးဇူးတင်ပါတယ်, ဦးလေးချန်” စုပေနှင့် စုရှောင်ပေါင်တို့က တညီတညွတ်တည်း ကျေးဇူးတင်လိုက်ကြတယ်။

ဒီအချိန်မှာပဲ ရှဲ့မင်ရွှမ်းကလည်း ရောက်လာခဲ့တယ်။ ‘ရှဲ့မင်ရွှမ်း’ နာမည်မတိုင်ခင် ‘ချင်ယွိ’ နာမည်ကြီးကို အရင်မြင်လိုက်ရတာကြောင့် ကောင်လေးက မကျေနပ်တဲ့ပုံပေါက်နေခဲ့တယ်။ “ဘယ်လိုတောင်လား?” သူက အေးတိအေးစက် နှာမှုတ်လိုက်တယ်။ သူတို့က အမှတ်အတူတူပဲဆိုတာ အသိသာကြီးကို, ဘာဖြစ်လို့ သူ့နာမည်ကို စုရှောင်ပေါင်ရဲ့အောက်မှာ ထားထားရတာလဲ? တကယ်စိတ်ပျက်စရာကောင်းတယ်။

စုရှောင်ပေါင်က ဘွင်းဘွင်းရှင်းရှင်း ပြန်ဖြေလိုက်တယ် : “ဘာဖြစ်လို့လည်းဆိုတော့ ငါ့မျိုးရိုးက ချင် လေ”

ဒါက ကူညီ‌ပေးလို့မရတဲ့အရာပင်ဖြစ်တယ်။ စုစုပေါင်းရမှတ်ပေါ်မူတည်ပြီး အဆင့်သတ်မှတ်ချက်စာရင်းကို ပြုစုပြီးနောက် စနစ်မှ အက္ခရာစဉ်အတိုင်း နာမည်တွေကို စီစဉ်လိုက်တာဖြစ်တယ်။ ‘Qin Yu’ (ချင်ယွိ) ၏ အစစာလုံးက Q ဖြစ်ပြီး ‘Xie Minxuan’ (ရှဲ့မင်ရွှမ်း) ၏ အစစာလုံးမှာတော့ X ဖြစ်တာကြောင့် အခုလက်ရှိစာရင်းက အမှန်ပင်ဖြစ်တယ်။

ကောင်လေးနှစ်ယောက်၏ စကားပြောဆို‌ခြင်းကို နားထောင်ပြီးတော့ Mr.ချင်က စိတ်ချမ်းသာသွားခဲ့ရကာ အထူးသဖြင့် စုရှောင်ပေါင်ထံမှ “ငါ့မျိုးရိုးက ချင် လေ” ဟူ၍ ပြောလိုက်ချိန်တွင်ဖြစ်တယ်။

“မိဘစုံညီအစည်းအဝေးက စတော့မှာ‌။ ဖေဖေ, သမီးတို့ အထဲဝင်ကြရအောင်လေ” သူ့အား ဒီနေရာက‌နေ အဝေးသို့ ခေါ်ထုတ်သွားရန်အတွက် စုပေက ချင်ရှောက်၏ အင်္ကျီလက်အနားစကို ဆွဲလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စုန့်ယန်ချန်းဆိုတာက သူမကို စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတွေ အလွန်အကျူး ဖြစ်ပေါ်စေခဲ့တဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်တာကြောင့် စုပေက ဒီလူနဲ့ တစ်နေရာတည်း မနေလိုတာကြောင့်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

Mr.ချင်၊ စုပေနှင့် စုရှောင်ပေါင်တို့နှင့်အတူ ဘေးမှာ ရှဲ့မင်ရွှမ်းကလည်း လိုက်ပါလျက်သားဖြင့် စာသင်ခန်းဆီသို့ လျှောက်လာခဲ့ကြတယ်။ ဒီပေါင်းစပ်မှုကြီးက ရုတ်ချည်းဆိုသလို ကျောင်း ‘အထူးသတင်း’ တစ်ပုဒ်ဖြစ်လာခဲ့တယ်။ အနီးနားမှာ လျှောက်သွားနေကြတဲ့ လူတော်တော်များများကလည်း တိတ်တဆိတ် လှမ်းကြည့်နေခဲ့ကြတယ် : ဒီလူက ကျောင်းအလှပန်းလေးနဲ့ သခင်လေးစုတို့ရဲ့အဖေမလား? ဒဏ္ဍာရီလာ Mr.ချင်ကြီးလေ!

စုပေက သူတို့အပေါ် ကျရောက်နေတဲ့ အကြည့်အားလုံးနဲ့ ပတ်သတ်ပြီး ဂရုလုံးဝကိုမစိုက်လေဘူး။ မကြာခဏဆိုသလို သူမရဲ့မျက်လုံးတွေကိုပင့်ပြီး ချင်ရှောက်ကိုသာ ခိုးခိုးကြည့်နေမိတယ်။ စုရှောင်ပေါင်လည်း ထိုနည်းတူစွာပင်-- ဒီကောင်လေးက ချင်ရှောက်အား သူ့ဖက်ကအရင် စကားစပြောတယ်ဆိုတာမျိုးက ရှားရှားပါးပါးဆိုပေမယ့်လို့ ဒီနေ့မှာတော့ သူက အကြိမ်ပေါင်းမြောက်များစွာ ခိုးကြည့်နေခဲ့တာဖြစ်တယ်။

Mr.ချင်က တိတ်တိတ်လေး ခပ်ဟဟရယ်လိုက်တယ်။ ဒီကလေးနှစ်ယောက်က ချီးကျူးခံရဖို့အတွက် စောင့်နေကြတယ်ဆိုတာ အရှင်းကြီးပဲလေ။ “အမှတ်တွေကောင်းကြသားပဲ,” သူပြောလိုက်တယ်။ သူ့လေသံက အရင်လို တည်ငြိမ်အေးဆေးနေပေမယ့်လို့ ကလေးတွေက ဒီထဲက ဂုဏ်ယူမှုအရိပ်အမြွက်လေးကိုပါ ကြားနိုင်ခဲ့တာဖြစ်တယ်။

သူ့ကလေးတွေက သေချာပေါက် အတော်ဆုံးပဲပေါ့။

-----

“ဖေဖေ, ဟိုနား‌လေးက စာကြည့်တိုက်လေ, သမီးတို့ အခုလေးတင် ဖြတ်လာခဲ့တဲ့တစ်ခုက စီမံခန့်ခွဲရေး အဆောင်ပေါ့, ဆရာ၊ ဆရာမတွေရဲ့အဆောင်က ဒီဟာရဲ့အနောက်နား‌လေးမှာလေ...” တစ်လမ်းလုံး စုပေက ချင်ရှောက်အား သူတို့ကျောင်းကို လိုက်လံပြသခဲ့တယ်။ ကောင်မလေးရဲ့အသံက ရှင်းလင်း၊ ချိုသာပြီး ကြားရတာ နားဝင်ပီယံရှိလှတယ်။

ရှုရှီဝေတစ်ယောက် အစကတော့ သူ့ညီငတုံးလေးနှင့်အတူ စီမံခန့်ခွဲရေးအဆောင် အပြင်ဖက်မှာ လမ်းလျှောက်နေခဲ့တာဖြစ်တယ်။ သို့သော် ကောင်မလေးရဲ့အသံက ရုတ်တရက် သူ့ခြေလှမ်းတွေအား တုံ့ခနဲ ရပ်တန့်သွားစေခဲ့တယ် : ဒီအသံကို ကြားရတာ နည်းနည်းရင်းနှီးနေသလိုပဲ။

အာ, ဒါက သူ့ရဲ့ဘေဘီ Q လေးမလား?

ရှုရှီဝေရဲ့မျက်လုံးတွေက အံ့အားသင့်မှုတွေ ဖြတ်ပြေးသွားခဲ့တယ်။ သူက သူ့ခေါင်းကို အနောက်ဖက်သို့ ပျော်ပျော်ကြီး လှည့်လိုက်‌တဲ့အခါမှာတော့ ကောင်မလေးတစ်ယောက်က ယောက်ျားကြီးတစ်ယောက်နှင့် ကောင်လေးနှစ်ယောက်နှင့်အတူ လျှောက်လာတာကို မြင်‌တွေ့လိုက်ရတော့တယ်။

သူမလေးက ဘေဘီ Q လေးပေါ့? သေချာတာပေါ့, သူထင်ထားသလို ချစ်စရာကောင်းတာပဲ -- မဟုတ်သေးဘူး! ပိုပြီးတော့တောင်လှနေသေးတာ!

ဒီအခိုက်အတန့်မှာတော့ ဘေဘီ Q က ဘေးတိုက်အနေအထား ဖြစ်နေခဲ့တာပင်။ သူမခေါင်းကို အသာလေး လှည့်လိုက်ပြီးတော့ သူမဘေးမှ အရပ်ရှည်ရှည်နှင့်လူကို ပြုံးရင်း စကားပြောဆိုနေခဲ့တာဖြစ်တယ်။ သူမရဲ့ တောက်ပတဲ့မျက်ဝန်းတွေနှင့်အတူ သူမလေးက အလွန်ပင် ချစ်စရာကောင်းနေခဲ့တယ်။

သူ့အစ်ကိုကြီးက ရုတ်တရက်ကြီး လမ်းလျှောက်နေတာကို ရပ်ပစ်လိုက်တာကို ရှုယန်ယန်တစ်ယောက် သတိထားမိသွားချိန်မှာတော့ သူလည်း သူ့ခေါင်းကိုလှည့်ပြီး ရှုရှီဝေရဲ့ အကြည့်လားရာအတိုင်း လှမ်းကြည့်လိုက်တယ်။ “အဲဒါ စုပေရယ်၊ အစ်ကိုပေါင်နဲ့ အစ်ကိုရွှမ်းတို့ပေါ့။ Wow, အန်ကယ်ချင်က မိဘစုံညီအစည်းအဝေးကို တကယ်ကြီး လာတာပဲ!” ရှုယန်ယန်က ပြီးမှ ရှုရှီဝေကို ပြောလိုက်တယ် : “အစ်ကိုကြီး, အဲဒီ့သုံးယောက်စလုံးက ကျွန်တော့်ရဲ့အတန်းဖော်တွေလေ”

“အစ်ကိုရွှမ်း, အစ်ကိုပေါင်!” ရှုယန်ယန်က အော်ဟစ်ပြီးတော့ အဲဒီ့နေရာသို့ ပြေးသွားတော့မလိုလုပ်တုန်း အချိန်တွင်။ သို့သော်လည်း သူ့ခမျာ ခြေနှစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ သူ့ကော်လာစကို သူ့အိမ်ရဲ့ အစ်ကိုအကြီးဆုံးမှ အားနဲ့အင်နဲ့ ဆုပ်ကိုင်ထားခဲ့တယ်။

ရှုယန်ယန် : “အာ, အစ်ကိုကြီးရာ, ဘာတွေလုပ်နေတာလဲဗျာ?”

“ကျောင်းလာပြီး ဒီလောက်အကျယ်ကြီး အော်နေတာ, မင်းငါ့ကို အရှက်ကွဲအောင် လုပ်နေတာလား?” အစ်ကိုကြီးရှုက အကြောင်းပြချက်တစ်ခု အလျင်အမြန် ပေးလိုက်တယ်။ တကယ်တော့ ဘေဘီ Q ကို နောက်ဆုံးတော့ အပြင်မှာ မြင်တွေ့လိုက်ရပြီးနောက် ရှုရှီဝေလည်း အပြေး‌လေးသွားပြီး စုပေထံ ဟဲလို ဆိုပြီး နှုတ်ဆက်စကား သွား‌ပြောချင်ခဲ့တာဖြစ်တယ်။ သို့ပေသိ အခုလေးတင် သူ့အား လွင့်စဥ်သွားတော့မတတ် ဖေဖေ Q ၏ ရေခဲတမျှ အေးစက်လှတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ အစ်ကိုကြီးရှုခမျာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ခန္ဓာကိုယ်တောင်ကျုံ့မိလုနီးပါး ဖြစ်သွားခဲ့ရတော့တယ်။

ယခင်က, Mr.ချင်တစ်‌ယောက် သူ့သမီးလေးအား အမြဲအနှောင့်အယှက်ပေးနေခဲ့တဲ့ [vvvv] ဆိုသူကို သူ့လူတွေအား စုံစမ်းစစ်ဆေးခိုင်းထားခဲ့တာကြောင့် သဘာဝကျကျလေးနဲ့ပဲ ဒီကောင်စုတ်လေးရဲ့ ခွေးမျက်နှာကို မှတ်မိနေခဲ့တာဖြစ်တယ်။ အခုချိန် ပိုပြီး‌တော့တောင်မှ သူ့ဖက်က ရှုရှီဝေအပေါ် မကောင်းတဲ့အမြင်တွေ ရှိနေသေးတာဖြစ်တယ်။

Mr.ချင်နှင့် ရှုရှီဝေတို့ရဲ့မျက်လုံးတွေ ဆုံတွေ့လိုက်ချိန်က စက္ကန့်ပိုင်းမျှလောက်သာဖြစ်ကာ ရှုရှီဝေက Mr.ချင်၏ အမြင်အာရုံ လွတ်ကင်းရာ 'safe zone' နေရာတစ်ခုသို့ သူ့ညီငတုံးကောင်အား ကမန်းကတန်း ဆွဲခေါ်သွားခဲ့တော့တယ်။

ရှုရှီဝေ : “မင်းပြောတာက ဟိုသုံးယောက်က မင်းရဲ့အတန်းဖော်တွေဆိုတော့, ကောင်မလေးရဲ့နာမည်က ဘာတဲ့လဲ?”

ရှုယန်ယန် : “စုပေတဲ့။ သူ့ဘေးက စုရှောင်ပေါင်, သူတို့က မွေးချင်းအမွှာမောင်နှမတွေလေ။ စုရှောင်ပေါင်ဘေးကတော့ ရှဲ့မင်ရွှမ်းတဲ့, အစ်ကို သူ့အကြောင်းကိုတော့ အရင်ကတည်းက ကြားထားပြီးသားပဲမလား”

ရှုရှီဝေ : “အယ်, စုပေတဲ့လား?” ဒါလည်း နာမည်ကောင်းလေးပဲဥစ္စာ, အဲဒါက ‘Q’ ဆိုတဲ့နာမည်နဲ့ ဘာဆိုင်လို့လဲ?

အစ်ကိုကြီးရှုက ရှုယန်ယန်တစ်ယောက် ဘာထပ်ပြောလာအုန်းမလဲဆိုတာကို သိချင်နေဆဲပဲဖြစ်တယ် : “ဒါပေမယ့် ‘စုပေ’ နဲ့ ‘စုရှောင်ပေါင်’ ဆိုတာက နာမည်ပြောင်တွေပါ။ သူတို့ရဲ့ နာမည်အရင်းတွေက တကယ်တော့ ချင်ယွဲ့နဲ့ ချင်ယွိလေ။ ဟီးဟီး, အစ်ကိုကြီး, ဘယ် ချင်မိသားစုလဲ‌ဆိုတာရော အစ်ကိုကြီးသိလား?”

“ချင်မိသားစု?” ရှုရှီဝေရဲ့နှလုံးသားလေးက တဒုတ်ဒုတ်ခုန်နေခဲ့ပြီး‌တော့ သူ့မျက်လုံးတွေ ပြူးကျယ်လာခဲ့တယ် : “မင်းဆိုလိုချင်တာက ‘အဲ့ဒီ’ ချင်မိသားစုကြီးကိုလား?!”

ရှုယန်ယန် : “ဟုတ်ပါ့ဗျာ!”

ရှုရှီဝေ : ဖာ့ခ်...

ဒါကြောင့်မို့ ဒီဘေဘီ Q ရဲ့အဖေဆီမှာ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်လို့ သူတွေးနေမိတာကြီးကို အံ့ဩ‌နေစရာမလိုတော့ဘူး‌ပဲ။ ဒဏ္ဍာရီလာ Mr.ချင်ကို ဘယ်လိုလုပ် သာမန်ယောက်ျားတွေနဲ့ ယှဉ်လို့ရနိုင်မှာတဲ့လဲ?

ရှုယန်ယန် : “အစ်ကိုကြီး, မိဘစုံညီအစည်းအဝေးမှာ Mr.ချင်နဲ့ တကယ်ကြီး တွေ့ခွင့်ရတယ်ဆိုတာမျိုးက, အစ်ကိုကြီးအတွက် ဘယ်လောက်ကံကောင်းလိုက်သလဲဆိုတာ မသိဘူးမလား”

စီးပွားရေးလောကထဲမှာ Mr.ချင်နဲ့ တစ်ကြိမ်တစ်ခါလောက်လေး တွေ့ရဖို့အတွက် ကြိုးစားနေကြတဲ့လူတွေ ဘယ်လောက်တောင်မှများလိုက်သလဲ?

“နောက်ပြီး ပြောရအုန်းမယ် : စုပေ၊ အစ်ကိုပေါင်နဲ့ အစ်ကိုရွှမ်းတို့က ကျွန်တော်တို့ကျောင်းရဲ့လပတ်စာမေးပွဲမှာ ထိပ်ဆုံးသုံးယောက်တဲ့ဗျာ!”

ရှုယန်ယန်က သူများတွေရဲ့အောင်မြင်မှုတွေကို ကြွားဝါပြောဆိုနေခဲ့ပေမယ့် ပြန်ရလိုက်တာကတော့ သူ့အစ်ကိုကြီးရဲ့ မနှစ်မြို့တဲ့အကြည့်တွေပဲဖြစ်တယ် : သူတို့က စာသင်ခန်းတစ်ခန်းတည်းမှာပဲ သင်နေတာတောင်မှ သူများအိမ်က ကလေးတွေက ထိပ်ဆုံးသုံးယောက်ထဲဝင်ပြီးတော့ ဒီငတုံးကောင်ကတော့ ထိပ်ဆုံးအယောက် ၃၀ ထဲပဲဝင်ရသလား။

ဒီလိုနှိုင်းယှဉ်မှုမျိုးအရ ရှုရှီဝေတစ်ယောက် သူ့ညီငယ်လေးက စုပေထက် နေရာတိုင်းမှာ လုံးဝနိမ့်ကျနေတာပဲလို့ ခံစားမိခဲ့တာကြောင့် ရုတ်တရက် အရှက်ရသလို ခံစားသွားခဲ့ရတော့တယ်။

-----

စာသင်ခန်းအတွင်းရှိ မိဘ‌တော်တော်များများက Mr.ချင်အား မြင်တွေ့လိုက်ရချိန်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြတယ်။ ၎င်းတို့အနေနဲ့ ကလေးတွေဆီကနေ စုပေနဲ့ စုရှောင်ပေါင်တို့ရဲ့ မိသားစုနောက်ခံအား သိရှိပြီးဖြစ်သော်ငြားလည်း အလုပ်များလှသော ဥက္ကဌချင်က သူ့ကလေးတွေရဲ့ မိဘစုံညီအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်လိမ့်မယ်လို့တော့ မိဘတွေက တကယ်ကြီး မျှော်လင့်မထားခဲ့ကြတာပဲဖြစ်တယ်။

မိခင်အတော်များများကလည်း ဒီအခြင်းအရာကို တိတ်တဆိတ် နောင်တရနေခဲ့ကြတယ်။ သူတို့အနေနဲ့ Mr.ချင်တက်ရောက်မယ်ဆိုတာကို သိနေခဲ့မယ်ဆိုရင်ဖြင့် သူတို့ရဲ့ခင်ပွန်းသည်တွေကို အလုပ်ဘယ်လောက်များများ ဒီမိဘစုံညီအစည်းအဝေးအား သေချာပေါက် တက်ရောက်ခိုင်းမှာပဲဖြစ်တယ်။ Mr.ချင်ကိုတွေ့ခွင့်ရမယ့် အခွင့်အရေးက အလွန်ပင် ရှားပါးလွန်းလှတယ်။ အကယ်၍များ သူတို့ကလေးတွေရဲ့ ဖခင်သာ တက်ရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ Mr.ချင်နှင့်အတူ စကားစမြည်ပြောဆိုပြီးတော့ စီးပွားရေးကိစ္စအကြောင်း ဆွေးနွေးပြောဆိုနိုင်မယ့် အခွင့်အရေးတစ်ခု ရကောင်းရနိုင်လိမ့်မယ်။

28.4.2021
Wednesday

_____

Thanks 🌹

Continue Reading

You'll Also Like

696K 72.7K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
63.2K 5.8K 11
Timetravel 😁 Uni and Zawgyi(owncreation)
125K 17.2K 43
က်န္းခ်င္းေပ - arc.4.
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...