๐™ƒ๐™ž๐™จ ๐™ฃ๐™–๐™ข๐™š ๐™ž๐™จ ๐™…๐™š๐™ค๐™ฃ...

By Iris_Choi

362K 33.6K 2.4K

- Can't help falling in love with you - This is the story of love between us. Jeon's Tae๐Ÿฏ๐Ÿฐ Start - 28/4/20... More

Prologue
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 )) - Final
Extra๐Ÿ’œ
Yeonbin ??

(( 1 ))

20.9K 1.8K 130
By Iris_Choi

Unicode

"ကျွန်တော်လက်မခံနိုင်ဘူး...."

"ဒီBL seriesရိုက်ဖို့မင်းကိုဇွတ်လက်ခံခိုင်းတာတော့မဟုတ်ဘူး ဒါပေမဲ့သေချာစဉ်းစားစေချင်တယ်Taehyung"

CEOကလည်းအနုနည်းနှင့်အချိုသပ်ပြီး သူ့အားစကားနည်းနည်းမှအလျှော့မပေး။ မန်နေဂျာHyung ကတော့ သူ့အားစိတ်လျှော့ဖို့သာပြောနေသည်။ သူကလဲအကြောတင်း။

"အဲ့တာကြောင့်လေ ဘာလို့ကျွန်တော်မှလဲ ကုမ္ပဏီမှာကျွန်တော့်ထက်သာတဲ့စီနီယာတွေအများကြီးရှိရက်နဲ့ ဘာလို့ကျွန်တော်ပဲရိုက်မှဖြစ်မှာလဲလို့"

"ငါတို့JS Entertainmentက JS Groupရဲ့labelsအောက်မှာပဲရှိတာTaehyung ... ပြီးတော့ဥက္ကဌကြီးကိုယ်တိုင် ပရိုဂျူဆာအဖွဲ့တွေဒီseriesရိုက်ကူးရေးအတွက်အကုန် supportပေးမယ်ပြောထားတာ ငါလဲအထက်ကိုလွန်ဆန်လို့မရဘူး

ဒါရိုက်တာကြီးနဲ့ပရိုဂျူဆာteamကမနေ့ကတည်းကသူတို့လိုချင်တဲ့castတွေအကုန်လာပြောပြီးသား... သူတို့ရွေးထားတဲ့အထဲမှာမင်းလဲပါတယ်....ငါကမင်းအတွက်စဉ်းစားပြီးမင်းကိုလက်ခံစေချင်တာ သေချာစဉ်းစားစမ်းTaehyung "

"CEOအရင်တစ်ပတ်ကပြောတော့ကျွန်တော့်အတွက် ကမ်းလှမ်းထားတဲ့dramaတစ်ခုရှိသေးတယ်ဆို အဲ့တာကကျဘယ်လိုဖြစ်သွားမှာလဲ ကျွန်တော်အဲ့တာကိုပဲလက်ခံလိုက်လို့မဖြစ်ဘူးလား"

"မင်းသဘောပါဒါရိုက်တာလီဒုံဂျယ်ကလည်းမင်းကိုသူအသစ်ရိုက်မဲ့ဒရာမာမှာမင်းကိုSecond roleအနေနဲ့ကမ်းလှမ်းထားတာရှိတယ် ... တစ်ဖက်မင်းသမီးကကင်ဟာနာဖြစ်ဖို့များတယ် ... အကယ်၍မင်းလက်မခံရင် Minhoကိုလဲကမ်းလှမ်းထားသေးတယ် ဒါပေမဲ့မင်းကဦးစားပေးနော်မင်းလက်မခံမှMinhoရိုက်ရမှာ သေချာစဉ်းစားပေါ့"

ထိုအခါကျမှ Taehyungအမှန်ပင်အကြပ်ရိုက်သွားတော့သည်။ Minhoနဲ့သူနဲ့ကကုမ္ပဏီမှာ traineeသက်တမ်းနှစ်အကြာဆုံးနှင့်သူငယ်ချင်းအရင်းကြီးတွေဖြစ်သည်။

ကံမကောင်းလှစွာပဲ သူကအရင်Seriesတစ်ခုမှာ supporting roleအနေနဲ့ပွဲဦးထွက်နိုင်ခဲ့ပြီးထိုseriesကနေပဲအောင်မြင်မှုတို့စရလာခဲ့ခြင်းဖြစ်သည်။ Minhoကတော့ သိပ်နေရာမရသလိုကုမ္ပဏီကလည်းသိပ်အရေးလုပ်ပြီးပွဲမထုတ်။

Taehyungသက်ပြင်းကြီးတစ်ခုသာချမိတော့သည်။ သူထင်ခဲ့သားပဲ သူ့ကိုဒီBL seriesမရိုက်ရိုက်အောင်ဖန်တီးလုပ်ကြမည်ဆိုတာကို။ အခုတော့သူ့သူငယ်ချင်းနဲ့ကိုင်ပေါက်လိုက်ပြီလေ။ တဖန်ထပ်တွေးမိတော့မှ Minhoကမင်းသမီးကင်ဟာနာကိုအရမ်းသဘောကျတာဆိုတာကိုပင်။

"ကျွန်တော်လက်မခံရင် ကျွန်တော့်roleကMinho ရမှာသေချာပါတယ်နော်"

"ဒါပေါ့ ဒါရိုက်တာလီဒုံဂျယ်ရိုက်တာဆိုတော့သူ့အတွက်တစ်ခါတည်းအမြင့်ကိုဆွဲခေါ်သွားမဲ့seriesတောင်ဖြစ်နိုင်တယ်"

CEOပြောနေသည့်တိုင်Taehyungမှာ အတွေးများနေဆဲဖြစ်သည်။ တဖန်ပြန်မြင်လာမိသည်က traineeကာလတွေတုန်းက သူ့တို့ကိုထမင်းနဲ့အစားအသောက်တွေလာလာပို့တတ်သည့်Minhoအဖွား။ ကျန်းမာရေးမကောင်းရှာသည့် ဖွားဖွားကသူ့မြေးကိုအရမ်းအောင်မြင်စေချင်တာ TVထဲမှာMinhoပါရင်အရမ်းပျော်တတ်တာ။

"ပြီးတော့မင်းကအခုချိန်မှာအောင်မြင်ခါစဆိုတာထက်ပိုတဲ့အရည်အချင်းတွေရှိနေပြီးသား အရင်Dramaနဲ့လည်းပရိတ်သတ်အာရုံစိုက်ခံရမှုတွေရနေတာ အခုရိုက်မဲ့BL seriesအတွက်အတွေးမမှားစမ်းနဲ့Taehyung ...main leadနေရာကနေပါရတာ ဒါကမင်းအောင်မြင်မှုအတွက်အပြောင်းအလဲတောင်ဖြစ်နိုင်တယ်နော် "

CEOကလဲ အလျှော့မပေးTaehyungနားထဲသို့တတိတိနဲ့ဝင်အောင်ပြောနေဆဲ။ Taehyungကလဲ ဒီလိုLGBTအသိုင်းအဝိုင်း အခွင့်အရေးတွေနှင့်ပက်သက်ပြီး သိပ်ပြီးအကဲဆတ်သူမဟုတ်ပါ။ အပြင်းအထန်ရှုံ့ချနေသူလည်းမဟုတ်။ ဒါပေမဲ့သူကိုယ်တိုင် ရိုက်ဖို့ကျတော့လဲကသိကအောက်ခံစားချက်နှင့်မလို့ လက်မခံနိုင်ဖြစ်နေရသည်။

"Koreaလိုနိုင်ငံမျိုးမှာ LGBTအတွက်ဘယ်လောက်လှုပ်ရှားဆော်ဩမှုတွေရှိနေကြသလဲ ဘယ်လောက်တောင်တိုးတက်လာသလဲ ပြီးတော့ဒီBL seriesသာအထမြောက်သွားရင်ငါတို့ကုမ္ပအတွက်ရော ရှေ့လျှောက်ရလာမဲ့အခွင့်လမ်းတွေအများကြီးပဲ"

သူ့အောင်မြင်မှုရယ် ကုမ္ပဏီအကျိုးအမြတ်တွက်ရယ်နဲ့ပဲကိုင်ပေါက်နေတဲ့CEOကို ကြာတော့Taehyungမကြည်တော့။ မကြည်ကြည်နဲ့ကြည့်ပေးလိုက်တော့ CEOကတချက်ပြုံးသည်။

"Taehyungလက်မခံချင်ရင်လည်းရပါတယ် ဒါရိုက်တာလီရဲ့characterကိုပဲမင်းလက်ခံတယ်လို့ပြောလိုက်တော့မယ် အင်း.... Minhoကတော့...."

"ဟင့်အင်း... ကျွန်တော်လုပ်မယ် Because of Jeon Taehyung....ကျွန်တော်လက်ခံမယ် အဲ့ဒီအစားCEOပြောသလိုပဲ ဒါရိုက်တာလီရဲ့characterအတွက် ကျွန်တော့်အစားသေချာပေါက်Minhoကိုထည့်ရိုက်ပေးပါ"

"ဒါပေါ့ ပြောစရာလိုသေးလို့လား ... မင်းဆုံးဖြတ်တာမှန်မှာပါTaehyung.... စိတ်မပူပါနဲ့မင်းကတစ်ဖက်ကကောင်လေးထက်သရုပ်ဆောင်အတွေ့အကြုံပိုရှိတဲ့သူပဲ အဆင်ပြေသွားမှာပါ"

-
-
-
-
-
-
-
"Taehyungရေမထသေးဘူးလား??မြန်မြန်ထလေ ဒီကောင်လေးကတော့ မနက်ပိုင်းကြောငြရှုတင်ရှိပါတယ်ဆို ထ ထ "

မန်နေဂျာhyungကတင်ပါးကိုနှစ်ချက်လောက်ပုတ်ကာ နှိုးတော့မှစောင်ပုံထဲကနေကမူးရှုထိုးထလာသည့်Taehyung။ မနေ့ညကလည်းmagazine cover photoအတွက်photo shootingကညည့်နက်သွားသည်မလို့ ကွန်ဒိုကိုပြန်ရောက်တော့ပင်ပန်းပြီးအိပ်ပျော်သွားတာကြောင့် မနက်စောစောမထနိုင်ခြင်းဖြစ်သည်။

ကွန်ဒိုကနေထွက်လာတော့သူ့ကားနားတွင်အုံနေကြပြီဖြစ်သည့်လူအုပ်ကြီးကိုကြည့်ပြီးTaehyungမျက်လုံးလေးတွေလက်ခနဲ။ မန်နေဂျာHyungကသေချာလေးဆွဲကာ ကားနားကbody guardတွေကလမ်းရှင်းပေးထားမှကားပေါ်သို့အေးအေးဆေးဆေးရောက်တော့သည်။

ကားပေါ်ရောက်တော့မှ ကားထဲကနေသာသူ့ကိုချစ်တဲ့ပရိတ်သတ်တွေကိုနှုတ်ဆက်ခွင့်ရသည်။ ကိုယ့်ကြိုးစားမှုကိုအသိအမှတ်ပြုကာကိုယ့်ချစ်ပေးနေကြသည့်fanတွေကိုကြည့်ပြီးTaehyungတစ်နေ့တာအတွက်အားအင်တွေပြည့်ဝသွားသလိုခံစားရသည်။

"Hyungဒီနေ့scheduleဘာတွေရှိလဲ?"

Hyungဝယ်လာသည့်နို့ပေါင်မုန့်ရယ် သူ့အကြိုက်စတော်ဘယ်ရီမိတ်ရှစ်ဘူးလေးရယ်ကိုတစ်လှည့်စီစားလိုက်သောက်လိုက်ဖြင့်အတော်သဘောခွေ့နေသည့်Taehyung။

ပြီးခဲ့တဲ့ဒရာမာတုန်းက characterအရ companyကဝိတ်ချခိုင်းတာကြောင့် သူဒီလိုတောင်စားခွင့်ရခဲ့တာမဟုတ်ဘူး။ work outတွေရောdietတွေရောလုပ်ခဲ့ရတာ။ အခုတော့Dramaပြီးလို့ပြန်စားခွင့်ရသည်ထင်သည်။

"မနက်ပိုင်းကPhoto shootingပဲ နေ့လည်ပိုင်းကျရင်မဂ္ဂဇင်းအင်တာဗျူးတစ်ခုရှိတယ် အဲ့တာပြီးရင်တော့ပြီးပြီးချင်း Because of Jeon Taehyungဇာတ်ညွှန်းဖတ်ဖို့သွားရမယ် ဒီနေ့အတွက်တော့ဒါပဲ"

Seriesနာမည်ကြားရုံနှင့်ပင်Taehyungမှာစားလက်စကလေးတောင်နင်သွားရသည်။ ဘယ်လိုများကြက်သီးထစရာကောင်းအောင် သူများနာမည်ကိုယူပြီး Series nameလုပ်ပစ်ပါလိမ့်။ တစ်ဆက်တည်းစိတ်တွေတောင်ပြန်ပြီးလေးပင်သွားသလိုလိုဖြစ်သွားသည်။

"ဒါနဲ့ကျွန်တော်dietလုပ်စရာမလိုတော့ဘူးလားhyung"

"အင်း Taehyungကိုဝိတ်နည်းနည်းပြန်တင်ရမယ်တဲ့ဒါရိုက်တာကြီးကိုယ်တိုင်မှာလိုက်တာ"

တဆက်တည်းမှာပင် မန်နေဂျာဟန်မှာ ဒါရိုက်တာကြီးရယ်CEOရယ်နှင့်seriesအတွက်ဇာတ်ညွှန်းအပြည့်အစုံလာတောင်းတုန်းက ဇာတ်ညွှန်းစာရွက်ထဲကအမှတ်မဲ့သူတစ်စွန်းတစ်စမြင်လိုက်ရသည့်Taeလုံးလေးဆိုသည့်စာလုံးလေးကြောင့် သဘောကျအူတက်သွားတာ ခွိခနဲပင်ရယ်သံထွက်သွားမိသည်။

ကားမောင်းနေရင်း နောက်ကြည့်မှန်ကတဆင့်ကားနောက်ခန်းထဲကမင်းသားပေါက်စလေးကိုကြည့်မိတော့ အစားပုပ်ကလေးကသူ့ကိုအစားအသောက်တွေပြန်စားခွင့်ပြုထားတာကြောင့်အတော်ပင်ကျေနပ်နေဟန်။

"Taeလုံးလေး များများစားနော် ခွိ .... လုံးလုံးကစ်ကစ်လေးဖြစ်နေမှဖြစ်မယ် "

မနေနိုင်စွာချစ်စနိုးဖြင့် သူလှမ်းစမိတော့ကားနောက်ခန်းကနေ တစ်ရှုးဘူးတွေရေဘူးတွေလွင့်ပျံလာတော့သည်။

-
-
-
-
-
-
-

တစ်နေကုန် ရှုတင်တွေရောအင်တာဗျူးတွေရောပြီးတော့Taehyungမှာဇာတ်ညွှန်းဖတ်ဖို့ companyသို့ပြေးရပြန်သည်။

မဂ္ဂဇင်းအင်တာဗျူးမှာအချိန်အနည်းငယ်ပိုသွားခဲ့တာကြောင့် ဇာတ်ညွှန်းဖတ်ကြမည့်အခန်းထဲသို့သူရောက်သွားတော့လူတွေစုံသလောက်ရှိနေကြပြီဖြစ်သည်။ ဒါရိုက်တာရောပရိုဂျူဆာteamကလူတွေပါရောက်နေကြပြီဖြစ်သည်။

Taehyungမှာဇောချွေးတွေပျံလာပြီးကိုယ့်ကိုကိုယ်သာအပြစ်တင်ကြိမ်ဆဲမိတော့သည်။ ဇာတ်လမ်းတစ်ခုလုံးရဲ့main leadဖြစ်နေပြီးတော့ဒီလိုနောက်ကျသည့်ဖြစ်ရပ်ကြီးကအတော်ပင်ရှက်စရာကောင်းလှသည်လေ။

လုပ်မည်လို့ ဆုံးဖြတ်ထားသည့်အလုပ်ကိုတော့Taehyungအတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားကြည့်ချင်ပါသည်။ ပြီးတော့အတွေ့အကြုံအရဆိုရင်လည်း တစ်ဖက်ကသူနှင့်တွဲမည်ပါတနာကောင်လေးကIdol။ သူကသရုပ်ဆောင်ဆိုတော့သူကပိုပြီး ကူညီလက်တွဲသင့်သည်မဟုတ်ပါလား။

"Kim Taehyungပါ တောင်းပန်ပါတယ် ကျွန်တော်နောက်ကျသွားတယ်"

"မဟုတ်တာTaehyung sii ကျွန်တော်တို့လဲအခုမှလူစုံတာပါ ..."

သူပြောလိုက်တော့ဇာတ်ညွှန်းဆရာCha Eunwooကသူ့အနားရောက်လာကာပြောသည်။

"ကျွန်တော်ကဒီseriesတစ်ခုလုံးရဲ့ဇာတ်ညွှန်းပိုင်းတာဝန်ယူထားတဲ့ဇာတ်ညွှန်းဆရာပါ Cha Eunwooလို့ခေါ်ပါတယ်"

ဇာတ်ညွှန်းဆရာChaကိုနှုတ်ဆက်လိုက်တော့ Cha Eunwooကပဲဆက်ပြီးမိတ်ဆက်ပေးသည်။

"ဒါရိုက်တာKim Seokjinကတော့အထူးတလည်မိတ်ဆက်စရာမလိုလောက်ပါဘူး "

ဒါရိုက်တာKim Seokjinကိုလည်းTaehyungကောင်းကောင်းသိပါသည်။ ဆုတွေအများကြီးရထားဖူးသည့်နာမည်ကြီးလူငယ်ဒါရိုက်တာကိုTaehyungမသိစရာအကြောင်းမရှိ။

တဖန်အခန်းထဲကလူအချို့ကိုလှည့်လည်ကာမျက်စိကစားမိတော့မှ Taehyungမှာမျက်စိတွေပြူးကာတံတွေးချည်းမြိုချမိတော့သည်။

Guest roleတွေ supporting roleတွေကိုဘယ်လိုများနာမည်ကြီးidolအဖွဲ့ဝင်ကောင်လေးတွေ နာမည်ကြီးသရုပ်ဆောင်တွေထည့်ထားရပါသနည်း။

'OMG! Jimin sunbaenim! Jimin sunbaenimလိုသူ့ထက်ပင်နာမည်ကြီးသည့် သရုပ်ဆောင်တစ်ယောက်ကဒီseriesမှာပါတာတဲ့လား??? ထူးဆန်းတာတွေတော့​ဖြစ်နေပါပြီ'

ဘယ်သူကများတကယ့်လူတွေကို seriesတစ်ခုထဲမှာစုံရအောင်စွမ်းဆောင်နိုင်တာပါလိမ့်?

သူမတ်တပ်ကလေးအခန်းထဲက လူတွေကိုစပ်စုမိနေတုန်းသူ့အနားရောက်လာသည့်လူရိပ်တစ်ခု။

"Taehyung Hyung တွေ့ရတာဝမ်းသာပါတယ် "

"အာ ... Nae Jungkook sii ရှေ့လျှောက်တူတူကြိုးစားကြတာပေါ့"

Jungkookကလက်ကမ်းလာသည်မလို့ သူလဲပြန်ဆွဲကာနှုတ်ဆက်လိုက်သည်။ ရင်ထဲမှာလည်းတလှပ်လှပ်နဲ့။ ကိုယ်နဲ့တွဲရိုက်ရမည့်ပါတနာကခါတိုင်းလိုမိန်းကလေးတစ်ယောက်မဟုတ်တော့ စိတ်လှုပ်ရှားနေမိသည်။

သူ့ထက်အနည်းငယ်ပိုမြင့်နေသည့်အရပ်အမောင်းရယ် Idolတစ်ယောက်ပီပီvisualကောင်းကောင်းရယ်နှင့်Jungkookကချီးကျူးချင်စရာကောင်းလောက်အောင်ချောသည်ဟု Taehyungတွေးမိသည်။

Hoodieတစ်ထည်ရယ် ripped jeanရယ်တွဲဝတ်ထားသည့်Jungkookပုံစံဟာပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပင်။ Seriesနှင့်ပက်သက်ပြီးသိပ်လဲအပူအပင်ရှိပုံမပေါ်။ ကျန်တဲ့သူတွေကိုကြည့်မိတော့လည်း ထိုအတိုင်းပင်။ မဟုတ်သေးပါဘူး သူတစ်ယောက်တည်းပူလောင်နေတာလား။

ဇာတ်ညွှန်းဖတ်ကြတော့ Jungkookနှင့်သူကမျက်နှာချင်းဆိုင်ထိုင်ရသည်။ သူ့ဘေးနားတစ်ဖက်တစ်ချက်စီတွင် ဒါရိုက်တာKimနဲ့ နာမည်ကြီးIdol boy groupထဲက Idolကောင်လေးတစ်ယောက်ထိုင်သည်။ မျက်နှာကလည်းသူရောက်တည်းကချေမိုးစူပုပ်နေတာ ဘယ်သူ့ကိုမှစကားပြောတာလဲမတွေ့။ မျက်နှာလေးကတော့ ချစ်စရာကောင်းသည်။ သူ့ထက်ပင်ငယ်လောက်အုံးမည်။

ကျန်တဲ့သူတွေသူတို့အပိုင်းတွေကို ဖတ်သွားကြတာအဆင်ပြေပြေပင်။ သူ့အလှည့်ကျတော့မှပြဿနာကစတော့သည်။

" အဟမ်း ... မောင် ... အဟမ်း  ဟို "

Taehyungရဲ့ အထစ်ထစ်အငေါ့ငေါ့dialogueဖတ်သံကြောင်ဘ အကုန်လုံးရဲ့မျက်နှာတွေကပြုံးစိစိ။ မောင် တစ်ခွန်းလေးခေါ်ဖို့ကိုပင်အရှက်သည်းနေသည့်Taehyungကြောင့် dialogueကထိုကနေမတက်တော့။ သူ့ဘေးနားကအချေကောင်လေးကတောင်ရယ်ချင်တာကို ထိန်းထားရသည့်ပုံ။

Taehyungမှာမနေတတ်မထိုင်တတ်တွေဖြစ်နေရသည်။ ယောကျာ်းလေးတစ်ယောက်ကတစ်ခြားယောကျာ်းလေးတစ်ယောက်ကိုမောင်လို့ခေါ်ရတာ လွယ်မလား။ သူတို့မခေါ်ရတိုင်း...

မျက်နှာချင်းဆိုင်ကJungkookကိုလှမ်းကြည့်မိတော့မှ မျက်နှာတွေပါပူထူသွားတော့သည်။ သူ့ကိုပြုံးပြီးရွှန်းရွှန်းဆာဆာကြီးကြည့်နေတာကြီးက ဇာတ်လမ်းထဲJeon Jungkookဆိုတဲ့မောင် တကယ်အပြင်မှာရောက်နေသလိုကြီး။

မဟုတ်သေးပါဘူး။ အတွေ့အကြုံရှိပြီးသား သရုပ်ဆောင်ကသူလေ။ ဘာလို့Jungkookက သူ့ထက်အေးဆေးတည်ငြိမ်ပြီးအရမ်းတွေသရုပ်ဆောင်ကောင်းနေရတာလဲ။ တလှပ်လှပ်ဖြစ်နေသည့်ရင်ဘတ်ကိုသာအသာဖိရင်း ဇာတ်ညွှန်းကိုမနည်းအာရုံပြန်စိုက်လိုက်ရသည်။

-
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
  Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N : ဖြည်းဖြည်းချင်းသွားမယ်နော် 🌝🌝

-
-
-
Zawgyi

"ကၽြန္ေတာ္လက္မခံနိုင္ဘူး...."

"ဒီBL seriesရိုက္ဖို႔မင္းကိုဇြတ္လက္ခံခိုင္းတာေတာ့မဟုတ္ဘူး ဒါေပမဲ့ေသခ်ာစဥ္းစားေစခ်င္တယ္Taehyung"

CEOကလည္းအႏုနည္းႏွင့္အခ်ိဳသပ္ၿပီး သူ႔အားစကားနည္းနည္းမွအေလၽွာ့မေပး။ မန္ေနဂ်ာHyung ကေတာ့ သူ႔အားစိတ္ေလၽွာ့ဖို႔သာေျပာေနသည္။ သူကလဲအေၾကာတင္း။

"အဲ့တာေၾကာင့္ေလ ဘာလို႔ကၽြန္ေတာ္မွလဲ ကုမၸဏီမွာကၽြန္ေတာ့္ထက္သာတဲ့စီနီယာေတြအမ်ားႀကီးရွိရက္နဲ႔ ဘာလို႔ကၽြန္ေတာ္ပဲရိုက္မွျဖစ္မွာလဲလို႔"

"ငါတို႔JS Entertainmentက JS Groupရဲ့labelsေအာက္မွာပဲရွိတာTaehyung ... ၿပီးေတာ့ဥကၠဌႀကီးကိုယ္တိုင္ ပရိုဂ်ဴဆာအဖြဲ႕ေတြဒီseriesရိုက္ကူးေရးအတြက္အကုန္ supportေပးမယ္ေျပာထားတာ ငါလဲအထက္ကိုလြန္ဆန္လို႔မရဘူး

ဒါရိုက္တာႀကီးနဲ႔ပရိုဂ်ဴဆာteamကမေန႔ကတည္းကသူတို႔လိုခ်င္တဲ့castေတြအကုန္လာေျပာၿပီးသား... သူတို႔ေရြးထားတဲ့အထဲမွာမင္းလဲပါတယ္....ငါကမင္းအတြက္စဥ္းစားၿပီးမင္းကိုလက္ခံေစခ်င္တာ ေသခ်ာစဥ္းစားစမ္းTaehyung "

"CEOအရင္တစ္ပတ္ကေျပာေတာ့ကၽြန္ေတာ့္အတြက္ ကမ္းလွမ္းထားတဲ့dramaတစ္ခုရွိေသးတယ္ဆို အဲ့တာကက်ဘယ္လိုျဖစ္သြားမွာလဲ ကၽြန္ေတာ္အဲ့တာကိုပဲလက္ခံလိုက္လို႔မျဖစ္ဘူးလား"

"မင္းသေဘာပါဒါရိုက္တာလီဒုံဂ်ယ္ကလည္းမင္းကိုသူအသစ္ရိုက္မဲ့ဒရာမာမွာမင္းကိုSecond roleအေနနဲ႔ကမ္းလွမ္းထားတာရွိတယ္ ... တစ္ဖက္မင္းသမီးကကင္ဟာနာျဖစ္ဖို႔မ်ားတယ္ ... အကယ္၍မင္းလက္မခံရင္ Minhoကိုလဲကမ္းလွမ္းထားေသးတယ္ ဒါေပမဲ့မင္းကဦးစားေပးေနာ္မင္းလက္မခံမွMinhoရိုက္ရမွာ ေသခ်ာစဥ္းစားေပါ့"

ထိုအခါက်မွ Taehyungအမွန္ပင္အၾကပ္ရိုက္သြားေတာ့သည္။ Minhoနဲ႔သူနဲ႔ကကုမၸဏီမွာ traineeသက္တမ္းႏွစ္အၾကာဆုံးႏွင့္သူငယ္ခ်င္းအရင္းႀကီးေတြျဖစ္သည္။

ကံမေကာင္းလွစြာပဲ သူကအရင္Seriesတစ္ခုမွာ supporting roleအေနနဲ႔ပြဲဦးထြက္နိုင္ခဲ့ၿပီးထိုseriesကေနပဲေအာင္ျမင္မႈတို႔စရလာခဲ့ျခင္းျဖစ္သည္။ Minhoကေတာ့ သိပ္ေနရာမရသလိုကုမၸဏီကလည္းသိပ္အေရးလုပ္ၿပီးပြဲမထုတ္။

Taehyungသက္ျပင္းႀကီးတစ္ခုသာခ်မိေတာ့သည္။ သူထင္ခဲ့သားပဲ သူ႔ကိုဒီBL seriesမရိုက္ရိုက္ေအာင္ဖန္တီးလုပ္ၾကမည္ဆိုတာကို။ အခုေတာ့သူ႔သူငယ္ခ်င္းနဲ႔ကိုင္ေပါက္လိုက္ၿပီေလ။ တဖန္ထပ္ေတြးမိေတာ့မွ Minhoကမင္းသမီးကင္ဟာနာကိုအရမ္းသေဘာက်တာဆိုတာကိုပင္။

"ကၽြန္ေတာ္လက္မခံရင္ ကၽြန္ေတာ့္roleကMinho ရမွာေသခ်ာပါတယ္ေနာ္"

"ဒါေပါ့ ဒါရိုက္တာလီဒုံဂ်ယ္ရိုက္တာဆိုေတာ့သူ႔အတြက္တစ္ခါတည္းအျမင့္ကိုဆြဲေခၚသြားမဲ့seriesေတာင္ျဖစ္နိုင္တယ္"

CEOေျပာေနသည့္တိုင္Taehyungမွာ အေတြးမ်ားေနဆဲျဖစ္သည္။ တဖန္ျပန္ျမင္လာမိသည္က traineeကာလေတြတုန္းက သူ႔တို႔ကိုထမင္းနဲ႔အစားအေသာက္ေတြလာလာပို႔တတ္သည့္Minhoအဖြား။ က်န္းမာေရးမေကာင္းရွာသည့္ ဖြားဖြားကသူ႔ေျမးကိုအရမ္းေအာင္ျမင္ေစခ်င္တာ TVထဲမွာMinhoပါရင္အရမ္းေပ်ာ္တတ္တာ။

"ၿပီးေတာ့မင္းကအခုခ်ိန္မွာေအာင္ျမင္ခါစဆိုတာထက္ပိုတဲ့အရည္အခ်င္းေတြရွိေနၿပီးသား အရင္Dramaနဲ႔လည္းပရိတ္သတ္အာ႐ုံစိုက္ခံရမႈေတြရေနတာ အခုရိုက္မဲ့BL seriesအတြက္အေတြးမမွားစမ္းနဲ႔Taehyung ...main leadေနရာကေနပါရတာ ဒါကမင္းေအာင္ျမင္မႈအတြက္အေျပာင္းအလဲေတာင္ျဖစ္နိုင္တယ္ေနာ္ "

CEOကလဲ အေလၽွာ့မေပးTaehyungနားထဲသို႔တတိတိနဲ႔ဝင္ေအာင္ေျပာေနဆဲ။ Taehyungကလဲ ဒီလိုLGBTအသိုင္းအဝိုင္း အခြင့္အေရးေတြႏွင့္ပက္သက္ၿပီး သိပ္ၿပီးအကဲဆတ္သူမဟုတ္ပါ။ အျပင္းအထန္ရႈံ႔ခ်ေနသူလည္းမဟုတ္။ ဒါေပမဲ့သူကိုယ္တိုင္ ရိုက္ဖို႔က်ေတာ့လဲကသိကေအာက္ခံစားခ်က္ႏွင့္မလို႔ လက္မခံနိုင္ျဖစ္ေနရသည္။

"Koreaလိုနိုင္ငံမ်ိဳးမွာ LGBTအတြက္ဘယ္ေလာက္လႈပ္ရွားေဆာ္ဩမႈေတြရွိေနၾကသလဲ ဘယ္ေလာက္ေတာင္တိုးတက္လာသလဲ ၿပီးေတာ့ဒီBL seriesသာအထေျမာက္သြားရင္ငါတို႔ကုမၸအတြက္ေရာ ေရွ႕ေလၽွာက္ရလာမဲ့အခြင့္လမ္းေတြအမ်ားႀကီးပဲ"

သူ႔ေအာင္ျမင္မႈရယ္ ကုမၸဏီအက်ိဳးအျမတ္တြက္ရယ္နဲ႔ပဲကိုင္ေပါက္ေနတဲ့CEOကို ၾကာေတာ့Taehyungမၾကည္ေတာ့။ မၾကည္ၾကည္နဲ႔ၾကည့္ေပးလိုက္ေတာ့ CEOကတခ်က္ျပဳံးသည္။

"Taehyungလက္မခံခ်င္ရင္လည္းရပါတယ္ ဒါရိုက္တာလီရဲ့characterကိုပဲမင္းလက္ခံတယ္လို႔ေျပာလိုက္ေတာ့မယ္ အင္း.... Minhoကေတာ့...."

"ဟင့္အင္း... ကၽြန္ေတာ္လုပ္မယ္ Because of Jeon Taehyung....ကၽြန္ေတာ္လက္ခံမယ္ အဲ့ဒီအစားCEOေျပာသလိုပဲ ဒါရိုက္တာလီရဲ့characterအတြက္ ကၽြန္ေတာ့္အစားေသခ်ာေပါက္Minhoကိုထည့္ရိုက္ေပးပါ"

"ဒါေပါ့ ေျပာစရာလိုေသးလို႔လား ... မင္းဆုံးျဖတ္တာမွန္မွာပါTaehyung.... စိတ္မပူပါနဲ႔မင္းကတစ္ဖက္ကေကာင္ေလးထက္သ႐ုပ္ေဆာင္အေတြ႕အၾကဳံပိုရွိတဲ့သူပဲ အဆင္ေျပသြားမွာပါ"

-
-
-
-
-
-
-
"Taehyungေရမထေသးဘူးလား??ျမန္ျမန္ထေလ ဒီေကာင္ေလးကေတာ့ မနက္ပိုင္းေၾကာျငရႈတင္ရွိပါတယ္ဆို ထ ထ "

မန္ေနဂ်ာhyungကတင္ပါးကိုႏွစ္ခ်က္ေလာက္ပုတ္ကာ ႏွိုးေတာ့မွေစာင္ပုံထဲကေနကမူးရႈထိုးထလာသည့္Taehyung။ မေန႔ညကလည္းmagazine cover photoအတြက္photo shootingကညည့္နက္သြားသည္မလို႔ ကြန္ဒိုကိုျပန္ေရာက္ေတာ့ပင္ပန္းၿပီးအိပ္ေပ်ာ္သြားတာေၾကာင့္ မနက္ေစာေစာမထနိုင္ျခင္းျဖစ္သည္။

ကြန္ဒိုကေနထြက္လာေတာ့သူ႔ကားနားတြင္အုံေနၾကၿပီျဖစ္သည့္လူအုပ္ႀကီးကိုၾကည့္ၿပီးTaehyungမ်က္လုံးေလးေတြလက္ခနဲ။ မန္ေနဂ်ာHyungကေသခ်ာေလးဆြဲကာ ကားနားကbody guardေတြကလမ္းရွင္းေပးထားမွကားေပၚသို႔ေအးေအးေဆးေဆးေရာက္ေတာ့သည္။

ကားေပၚေရာက္ေတာ့မွ ကားထဲကေနသာသူ႔ကိုခ်စ္တဲ့ပရိတ္သတ္ေတြကိုႏႈတ္ဆက္ခြင့္ရသည္။ ကိုယ့္ႀကိဳးစားမႈကိုအသိအမွတ္ျပဳကာကိုယ့္ခ်စ္ေပးေနၾကသည့္fanေတြကိုၾကည့္ၿပီးTaehyungတစ္ေန႔တာအတြက္အားအင္ေတြျပည့္ဝသြားသလိုခံစားရသည္။

"Hyungဒီေန႔scheduleဘာေတြရွိလဲ?"

Hyungဝယ္လာသည့္နို႔ေပါင္မုန႔္ရယ္ သူ႔အႀကိဳက္စေတာ္ဘယ္ရီမိတ္ရွစ္ဘူးေလးရယ္ကိုတစ္လွည့္စီစားလိုက္ေသာက္လိုက္ျဖင့္အေတာ္သေဘာေခြ႕ေနသည့္Taehyung။

ၿပီးခဲ့တဲ့ဒရာမာတုန္းက characterအရ companyကဝိတ္ခ်ခိုင္းတာေၾကာင့္ သူဒီလိုေတာင္စားခြင့္ရခဲ့တာမဟုတ္ဘူး။ work outေတြေရာdietေတြေရာလုပ္ခဲ့ရတာ။ အခုေတာ့Dramaၿပီးလို႔ျပန္စားခြင့္ရသည္ထင္သည္။

"မနက္ပိုင္းကPhoto shootingပဲ ေန႔လည္ပိုင္းက်ရင္မဂၢဇင္းအင္တာဗ်ဴးတစ္ခုရွိတယ္ အဲ့တာၿပီးရင္ေတာ့ၿပီးၿပီးခ်င္း Because of Jeon Taehyungဇာတ္ညႊန္းဖတ္ဖို႔သြားရမယ္ ဒီေန႔အတြက္ေတာ့ဒါပဲ"

Seriesနာမည္ၾကား႐ုံႏွင့္ပင္Taehyungမွာစားလက္စကေလးေတာင္နင္သြားရသည္။ ဘယ္လိုမ်ားၾကက္သီးထစရာေကာင္းေအာင္ သူမ်ားနာမည္ကိုယူၿပီး Series nameလုပ္ပစ္ပါလိမ့္။ တစ္ဆက္တည္းစိတ္ေတြေတာင္ျပန္ၿပီးေလးပင္သြားသလိုလိုျဖစ္သြားသည္။

"ဒါနဲ႔ကၽြန္ေတာ္dietလုပ္စရာမလိုေတာ့ဘူးလားhyung"

"အင္း Taehyungကိုဝိတ္နည္းနည္းျပန္တင္ရမယ္တဲ့ဒါရိုက္တာႀကီးကိုယ္တိုင္မွာလိုက္တာ"

တဆက္တည္းမွာပင္ မန္ေနဂ်ာဟန္မွာ ဒါရိုက္တာႀကီးရယ္CEOရယ္ႏွင့္seriesအတြက္ဇာတ္ညႊန္းအျပည့္အစုံလာေတာင္းတုန္းက ဇာတ္ညႊန္းစာရြက္ထဲကအမွတ္မဲ့သူတစ္စြန္းတစ္စျမင္လိုက္ရသည့္Taeလုံးေလးဆိုသည့္စာလုံးေလးေၾကာင့္ သေဘာက်အူတက္သြားတာ ခြိခနဲပင္ရယ္သံထြက္သြားမိသည္။

ကားေမာင္းေနရင္း ေနာက္ၾကည့္မွန္ကတဆင့္ကားေနာက္ခန္းထဲကမင္းသားေပါက္စေလးကိုၾကည့္မိေတာ့ အစားပုပ္ကေလးကသူ႔ကိုအစားအေသာက္ေတြျပန္စားခြင့္ျပဳထားတာေၾကာင့္အေတာ္ပင္ေက်နပ္ေနဟန္။

"Taeလုံးေလး မ်ားမ်ားစားေနာ္ ခြိ .... လုံးလုံးကစ္ကစ္ေလးျဖစ္ေနမွျဖစ္မယ္ "

မေနနိုင္စြာခ်စ္စနိုးျဖင့္ သူလွမ္းစမိေတာ့ကားေနာက္ခန္းကေန တစ္ရႈးဘူးေတြေရဘူးေတြလြင့္ပ်ံလာေတာ့သည္။

-
-
-
-
-
-
-

တစ္ေနကုန္ ရႈတင္ေတြေရာအင္တာဗ်ဴးေတြေရာၿပီးေတာ့Taehyungမွာဇာတ္ညႊန္းဖတ္ဖို႔ companyသို႔ေျပးရျပန္သည္။

မဂၢဇင္းအင္တာဗ်ဴးမွာအခ်ိန္အနည္းငယ္ပိုသြားခဲ့တာေၾကာင့္ ဇာတ္ညႊန္းဖတ္ၾကမည့္အခန္းထဲသို႔သူေရာက္သြားေတာ့လူေတြစုံသေလာက္ရွိေနၾကၿပီျဖစ္သည္။ ဒါရိုက္တာေရာပရိုဂ်ဴဆာteamကလူေတြပါေရာက္ေနၾကၿပီျဖစ္သည္။

Taehyungမွာေဇာေခၽြးေတြပ်ံလာၿပီးကိုယ့္ကိုကိုယ္သာအျပစ္တင္ႀကိမ္ဆဲမိေတာ့သည္။ ဇာတ္လမ္းတစ္ခုလုံးရဲ့main leadျဖစ္ေနၿပီးေတာ့ဒီလိုေနာက္က်သည့္ျဖစ္ရပ္ႀကီးကအေတာ္ပင္ရွက္စရာေကာင္းလွသည္ေလ။

လုပ္မည္လို႔ ဆုံးျဖတ္ထားသည့္အလုပ္ကိုေတာ့Taehyungအတတ္နိုင္ဆုံးအေကာင္းဆုံးႀကိဳးစားၾကည့္ခ်င္ပါသည္။ ၿပီးေတာ့အေတြ႕အၾကဳံအရဆိုရင္လည္း တစ္ဖက္ကသူႏွင့္တြဲမည္ပါတနာေကာင္ေလးကIdol။ သူကသ႐ုပ္ေဆာင္ဆိုေတာ့သူကပိုၿပီး ကူညီလက္တြဲသင့္သည္မဟုတ္ပါလား။

"Kim Taehyungပါ ေတာင္းပန္ပါတယ္ ကၽြန္ေတာ္ေနာက္က်သြားတယ္"

"မဟုတ္တာTaehyung sii ကၽြန္ေတာ္တို႔လဲအခုမွလူစုံတာပါ ..."

သူေျပာလိုက္ေတာ့ဇာတ္ညႊန္းဆရာCha Eunwooကသူ႔အနားေရာက္လာကာေျပာသည္။

"ကၽြန္ေတာ္ကဒီseriesတစ္ခုလုံးရဲ့ဇာတ္ညႊန္းပိုင္းတာဝန္ယူထားတဲ့ဇာတ္ညႊန္းဆရာပါ Cha Eunwooလို႔ေခၚပါတယ္"

ဇာတ္ညႊန္းဆရာChaကိုႏႈတ္ဆက္လိုက္ေတာ့ Cha Eunwooကပဲဆက္ၿပီးမိတ္ဆက္ေပးသည္။

"ဒါရိုက္တာKim Seokjinကေတာ့အထူးတလည္မိတ္ဆက္စရာမလိုေလာက္ပါဘူး "

ဒါရိုက္တာKim Seokjinကိုလည္းTaehyungေကာင္းေကာင္းသိပါသည္။ ဆုေတြအမ်ားႀကီးရထားဖူးသည့္နာမည္ႀကီးလူငယ္ဒါရိုက္တာကိုTaehyungမသိစရာအေၾကာင္းမရွိ။

တဖန္အခန္းထဲကလူအခ်ိဳ႕ကိုလွည့္လည္ကာမ်က္စိကစားမိေတာ့မွ Taehyungမွာမ်က္စိေတြျပဴးကာတံေတြးခ်ည္းၿမိဳခ်မိေတာ့သည္။

Guest roleေတြ supporting roleေတြကိုဘယ္လိုမ်ားနာမည္ႀကီးidolအဖြဲ႕ဝင္ေကာင္ေလးေတြ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြထည့္ထားရပါသနည္း။

'OMG! Jimin sunbaenim! Jimin sunbaenimလိုသူ႔ထက္ပင္နာမည္ႀကီးသည့္ သ႐ုပ္ေဆာင္တစ္ေယာက္ကဒီseriesမွာပါတာတဲ့လား??? ထူးဆန္းတာေတြေတာ့​ျဖစ္ေနပါၿပီ'

ဘယ္သူကမ်ားတကယ့္လူေတြကို seriesတစ္ခုထဲမွာစုံရေအာင္စြမ္းေဆာင္နိုင္တာပါလိမ့္?

သူမတ္တပ္ကေလးအခန္းထဲက လူေတြကိုစပ္စုမိေနတုန္းသူ႔အနားေရာက္လာသည့္လူရိပ္တစ္ခု။

"Taehyung Hyung ေတြ႕ရတာဝမ္းသာပါတယ္ "

"အာ ... Nae Jungkook sii ေရွ႕ေလၽွာက္တူတူႀကိဳးစားၾကတာေပါ့"

Jungkookကလက္ကမ္းလာသည္မလို႔ သူလဲျပန္ဆြဲကာႏႈတ္ဆက္လိုက္သည္။ ရင္ထဲမွာလည္းတလွပ္လွပ္နဲ႔။ ကိုယ္နဲ႔တြဲရိုက္ရမည့္ပါတနာကခါတိုင္းလိုမိန္းကေလးတစ္ေယာက္မဟုတ္ေတာ့ စိတ္လႈပ္ရွားေနမိသည္။

သူ႔ထက္အနည္းငယ္ပိုျမင့္ေနသည့္အရပ္အေမာင္းရယ္ Idolတစ္ေယာက္ပီပီvisualေကာင္းေကာင္းရယ္ႏွင့္Jungkookကခ်ီးက်ဴးခ်င္စရာေကာင္းေလာက္ေအာင္ေခ်ာသည္ဟု Taehyungေတြးမိသည္။

Hoodieတစ္ထည္ရယ္ ripped jeanရယ္တြဲဝတ္ထားသည့္Jungkookပုံစံဟာေပါ့ေပါ့ပါးပါး ေအးေအးေဆးေဆးပင္။ Seriesႏွင့္ပက္သက္ၿပီးသိပ္လဲအပူအပင္ရွိပုံမေပၚ။ က်န္တဲ့သူေတြကိုၾကည့္မိေတာ့လည္း ထိုအတိုင္းပင္။ မဟုတ္ေသးပါဘူး သူတစ္ေယာက္တည္းပူေလာင္ေနတာလား။

ဇာတ္ညႊန္းဖတ္ၾကေတာ့ Jungkookႏွင့္သူကမ်က္ႏွာခ်င္းဆိုင္ထိုင္ရသည္။ သူ႔ေဘးနားတစ္ဖက္တစ္ခ်က္စီတြင္ ဒါရိုက္တာKimနဲ႔ နာမည္ႀကီးIdol boy groupထဲက Idolေကာင္ေလးတစ္ေယာက္ထိုင္သည္။ မ်က္ႏွာကလည္းသူေရာက္တည္းကေခ်မိုးစူပုပ္ေနတာ ဘယ္သူ႔ကိုမွစကားေျပာတာလဲမေတြ႕။ မ်က္ႏွာေလးကေတာ့ ခ်စ္စရာေကာင္းသည္။ သူ႔ထက္ပင္ငယ္ေလာက္အုံးမည္။

က်န္တဲ့သူေတြသူတို႔အပိုင္းေတြကို ဖတ္သြားၾကတာအဆင္ေျပေျပပင္။ သူ႔အလွည့္က်ေတာ့မွျပႆနာကစေတာ့သည္။

" အဟမ္း ... ေမာင္ ... အဟမ္း  ဟို "

Taehyungရဲ့ အထစ္ထစ္အေငါ့ေငါ့dialogueဖတ္သံေၾကာင္ဘ အကုန္လုံးရဲ့မ်က္ႏွာေတြကျပဳံးစိစိ။ ေမာင္ တစ္ခြန္းေလးေခၚဖို႔ကိုပင္အရွက္သည္းေနသည့္Taehyungေၾကာင့္ dialogueကထိုကေနမတက္ေတာ့။ သူ႔ေဘးနားကအေခ်ေကာင္ေလးကေတာင္ရယ္ခ်င္တာကို ထိန္းထားရသည့္ပုံ။

Taehyungမွာမေနတတ္မထိုင္တတ္ေတြျဖစ္ေနရသည္။ ေယာက်ာ္းေလးတစ္ေယာက္ကတစ္ျခားေယာက်ာ္းေလးတစ္ေယာက္ကိုေမာင္လို႔ေခၚရတာ လြယ္မလား။ သူတို႔မေခၚရတိုင္း...

မ်က္ႏွာခ်င္းဆိုင္ကJungkookကိုလွမ္းၾကည့္မိေတာ့မွ မ်က္ႏွာေတြပါပူထူသြားေတာ့သည္။ သူ႔ကိုျပဳံးၿပီးရႊန္းရႊန္းဆာဆာႀကီးၾကည့္ေနတာႀကီးက ဇာတ္လမ္းထဲJeon Jungkookဆိုတဲ့ေမာင္ တကယ္အျပင္မွာေရာက္ေနသလိုႀကီး။

မဟုတ္ေသးပါဘူး။ အေတြ႕အၾကဳံရွိၿပီးသား သ႐ုပ္ေဆာင္ကသူေလ။ ဘာလို႔Jungkookက သူ႔ထက္ေအးေဆးတည္ၿငိမ္ၿပီးအရမ္းေတြသ႐ုပ္ေဆာင္ေကာင္းေနရတာလဲ။ တလွပ္လွပ္ျဖစ္ေနသည့္ရင္ဘတ္ကိုသာအသာဖိရင္း ဇာတ္ညႊန္းကိုမနည္းအာ႐ုံျပန္စိုက္လိုက္ရသည္။

-
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
  Jeon_To_Tae||
*အေရးေတာ္ပုံ ေအာင္ရမည္*
A/N : ျဖည္းျဖည္းခ်င္းသြားမယ္ေနာ္ 🌝🌝

Continue Reading

You'll Also Like

1M 40.5K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
43.8K 2.4K 27
Taekook ,yoonmin, namjin ,j-hope& ARMY
30.6K 2K 32
taekook, yoonmin, namjin, j-hope and ARMY,
596K 47.9K 17
Started Date : June/21/20 Ended Date : August/26/20