ချစ်သူ့စကား ရင်နှင့်ကြားစေ

Galing kay SpringGenAerri

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... Higit pa

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending

part(11)

7.9K 690 16
Galing kay SpringGenAerri

အခန်းထဲပြန်ရောက်တော့ ကုတင်ပေါ်မှောက်ရက်လေး။ အိပ်များသွားတာလား။ အင်းလေ... ပင်ပန်းရှာမှာပဲ။

"အိပ်ပျော်သွားပြီလား. . .အဝတ်အစားလဲလိုက်ပါလား. . .ဆေးလိမ်းဖို့လိုမယ်ထင်တယ်. . ."

". . ."

အိပ်ပျော်သွားတာနေမယ်။ မိုးဦးအပြောကို အဖြေပြန်မပေး။
မိုးဦးအပြင်ပြန်ထွက်လာခဲ့သည်။
.
.

မြင့်မိုရ်ကို ဖုန်းဆက်ရသည်။
အဆင်ပြေတဲ့အကြောင်း. . .ရဲရင့်ကိုခေါ်ထားပေးကြောင်း။

ပြီးမှ အခန်းကိုအပြင်ကသော့ခတ်ခဲ့ပြီး အောက်ဆင်းကာ လိုမည်ထင်တာတွေ ပြေးဝယ်ရသည်။
သော့်အတွက်လေ. . .
.
.
.
မိုးဦးပြန်ရောက်တော့သုံးယောက်လုံး. . .အိပ်မောကျတုန်းသာ။
.
.
.

မိုးဦးပြန်ရောက်ပြီးမကြာပါ။မြင့်မိုရ်ရောက်လာသည်။

"ရဲရင့်ရေ. . .နင့်ကြောင့်တော့ခက်ပြီ. . .ဘယ်လိုဖြစ်ရတာတုန်း. . .မြင်မကောင်း ကြားမကောင်းတွေ. . .ငါပြန်မရောက်ခင်ကလဲဒီလိုပဲလား. . .ဟင်"

မြင့်မိုရ် ရောက်တာနဲ့သူ့မောင်ကိုပွမ်ဖို့ပြင်သည်။

"မမရာ. . .ကိစ္စကဒီလိုပါ. . . . . . . ."

ရှည်လျားထွေပြါးစွာနှင့်. . သူများအလွန် ကိုယ်မလွန်ရှင်းပြနေသော ရဲရင့်
နန္ဒကတော့ တခွန်းတလေဝင်ပြောရုံသာ။

"ဟင်းးးးးးး. . .မပြောလိုက်ချင်ဘူး. . .မိုးဦးကူလို့ပေါ့. . .ရဲစခန်းတော့ မလိုက်ချင်ဘူးရဲရင့်ရယ်. . .နောက်မဖြစ်စေနဲ့. . .ဟုတ်ပြီလား"

"မမ. . .ကျွန်တော်တို့ကိုလာခေါ်တာလား. . .ကိုမိုးဦးဆီလာတာလား"

ထိုမေးခွန်းကိုအမေးတိုက်ဆိုင်စွာပင်. . .အခန်းထဲမှထွက်လာသော. . .သော်. . .မျက်လုံးဝိုင်းလေးတွေနဲ့ မြင့်မိုရ်ကိုကြည့်နေသည်။

"နှစ်ခုလုံးပဲ"

မြင့်မိုရ်အဖြေ. . .

ရှေ့ဆက်တိုးမလာသော. . .သော်လေး။

"နိုးပြီလား. . .သက်သာလား. . .ဆေးခန်းပြရအောင်"

မိုးဦး သူ့အနားထိလျှောက်သွားပြီး ပြောသည်။ ကျန်တာတွေကို ဘာမှဂရုမစိုက်နိုင်တော့။

"သူက. . .???"

သော့်ကိုမြင်တော့ မြင့်မိုရ်ကမေးတာ။

"ကျွန်တော့်သူငယ်ချင်း မမ. . .အေးချမ်းသော်"

"အော. . .သူလား. . .အေးချမ်းသော်. . .မေမေပြော. . ပြောနေတာ သူလား??"

"အေးချမ်းက ကျွန်တော်တို့ကိုကူရင်း သက်သက်မဲ့ဝင်ပါရတာ မမ. . .သူ့အလုပ်ချိန်ကြီး. . .ကျွန်တော်အေးချမ်းအလုပ်မှာမို့လို့ထိန်းနေရင်းနဲ့. . .ဟိုဘက်ကကောင်တွေက. . .လွန်လာတာ. . .အေးချမ်းကြောင့်ကျွန်တော်တို့ဒီလောက်ပဲဖြစ်တာ. . .ဟိုဘက်က လေးကောင်တောင်"

ရဲရင့် အေးချမ်းကို လုံးဝထပ်အထင်လွဲမခံနိုင်ပါ။
မေမေပြော​ပြသလောက်ပဲကြားပြီး မမ အေးချမ်းကိုအထင်မလွဲစေချင်ပါ။
ရဲရင့်ကိုအေးချမ်းကူညီခဲ့တာ ဒီကိစ္စတစ်ခုပဲမဟုတ်သေး။ လူကြီးတွေအားလုံးမသိသေးတာတွေအများကြီးရှိသေးသည်။ သူပြောမပြရဲသေးလို့ အေးချမ်းအထင်လွဲခံနေရတာ။
မေမေက အေးချမ်းကိုလမ်းဘေးကတွေ့ပြီးခင်မင်လာသူမို့ သိပ်တော့မကြည်။ ရန်ဖြစ်တိုင်းပါတတ်တဲ့နာမည်ဖြစ်နေတော့ပိုဆိုးသည်။ ရဲရင့်ကမေမေတို့ထင်သလို အပေါင်းအသင်းကိုလူဖြစ်ပြီးရောပေါင်းတတ်သူမဟုတ်။ ငယ်စဥ်ကတည်းကပေါင်းလာတဲ့နန္ဒတို့လိုသူငယ်ချင်းတွေရှိသလို. . .ခုမှတွေ့သူ. . .လမ်းဘေးကတွေ့သူ. . .အလုပ်အကိုင်အနေနှင့်လဲစားပွဲထိုးရသူ အေးချမ်းကိုလည်း. . .ပိုက်ဆံရှိသားသမီးချင်းမို့လို့ပေါင်းရတဲ့သူတွေအတိုင်းသာ ပေါင်းသည်။
ပိုခင်ရင်သာရှိမယ်. . .မလျော့။
ဒါကိုမေမေက... လွယ်လွယ်လက်မခံ။
အေးချမ်းကိုဆို အလိုလိုမကြည်လင်။
မမကတော့ခေတ်လူငယ်ဖြစ်သည်။
မမကိုတော့ အေးချမ်းအကြောင်း ပြောပြမှဖြစ်မည်။
.
.
.

"မြင့်မိုရ်. . .အစည်းအဝေး. . .အဆင်ပြေရဲ့လား. . .ကိုယ်ပြင်ဆင်ပေးခဲ့တာတွေလိုအပ်တာရှိလား"

"No. .ပါ. . .ဆရာမိုးဦးပြင်ဆင်ပေးထားတာ လိုအပ်ချက်ရှိပါ့မလား. . .အဆင်ပြေပါတယ်ရှင့်. . .မိုးဦးကို... ကျေးဇူးတင်ပါတယ်"

"ရတယ်. . .မြင့်မိုရ်. . .ကိုယ့်အလုပ်ပဲဟာ"

"အလုပ်ပိုတွေလဲလုပ်ပေးနေရသေးတာကို. . .ဒီလိုပဲလား. . .ရဲရင့်က. . ."

"မဟုတ်ပါဘူး. . .မြင့်မိုရ်. . .ကိုယ်နဲ့..ရဲရင့်က... မကြာ မကြာတွေ့ဖြစ်ပါတယ်. . .အန်တီကလဲ ရဲရင့်ကို... ကိုယ်နဲ့တွေ့ပေးပါတယ်. . .ခုလိုအခြေအနေက ပထမဆုံးပါ"

"နောက်ဆုံးလဲ ဖြစ်ပါစေ. . .ကိုရဲရင့်. . .မမအလုပ်လဲဝိုင်းကူမပေးဘူး. . .ကူပေးတဲ့ မိုးဦးကိုလဲအလုပ်အပို​တွေ ရှုပ်နေအုံးမယ်ဆို. . .မမ. . .စိတ်ဆိုးတော့မှာ. . ."
မြင့်မိုရ် ရဲစခန်းလိုက်ထုတ်ရလို့သိပ်တော့မကျေနပ်။

"မဖြစ်ပါဘူး. . .မမရယ်. . .ဒီတစ်ခါလဲထိန်းနေရင်းကြားက. . ."

"မိုးဦးရော. . .လိုက်ခဲ့လေ. . .အိမ်မှာညစာစားရအောင်. . .မေမေကခေါ်ခိုင်းလိုက်တယ်"

"ကိုယ်. . .နောက်မှလာတော့မယ် မြင့်မိုရ်. . .ရဲရင့်နဲ့နန္ဒကိုသာအိမ်ပြန်ရင်းဆေးခန်းပြလိုက်ပါအုံး. . .သူတို့နားချင်တယ်ဆိုလို့ ကိုယ်ဆေးခန်းမပြပေးရသေးဘူး"

"ဟင်. . .ဒီမောင်လေးကရော. . .မြင့်မိုရ် သူ့အိမ်ပို့ပေးမှာပေါ့. . .ဆေးခန်းလဲဝင်လိုက်မယ်လေ"

"သူလား. . .ကိုယ်ခေါ်ထားမှာ. . .ရတယ်. . .ကိုယ်အကုန်လုပ်ပေးလိုက်ပါ့မယ်. . "

ဒီတော့မှ. . .စကားဝိုင်းနားမှာကျောက်ရုပ်လို ခေါင်းငုံ့ထိုင်နေတဲ့သူက ခေါင်းမော့ကာ. . .

"ကျေးဇူးပါ အစ်မ. . .ကျွန်တော်လဲ ခု ပြန်တော့မှာပါ. . .အလုပ်ကိုတန်းသွားရင်လဲသွားရမှာ. . .ကျွန်တော့်ကိုလိုက်မပို့နဲ့. . .ရပါတယ်"

"မင်း. . .ဒီနေ့နားပါကွာ. . .မင်းကို အကိုမိုးဦးခေါ်ထားပါမယ်ဆိုမှ. . .ဘယ်ပြန်အုံးမလို့လဲ"

"အေးလေ"

နန္ဒလဲထောက်ခံသည်။

"မိုးဦး. . .အသိလား"

မြင့်မိုရ်အမေးစကား

"ကိုယ်တို့မြို့က. . .ကိုယ်ငယ်ငယ်ကထိန်းခဲ့တဲ့ကလေး. ..ခု. . .မှ. . .ပြန်တွေ့တာ"

"ဟုတ်လား. . .တိုက်တိုက်ဆိုင်ဆိုင်"

"သွားမယ်... မမ. . .လာ နန္ဒ. . .မင်းနေခဲ့တော့ အေးချမ်း"

ပြောပြီးမပြေးရုံတမယ် ထထွက်သွားတဲ့ ရဲရင့်

မြင့်မိုရ်လဲ မရှင်း မရှင်းနဲ့ပါသွားသည်။

အေးလေ. . .သူကသိပါတယ်ဆိုမှ. . .သိလို့ပေါ့။
မိုးဦးက အန္တရယ်ပေးမဲ့သူကိုတော့ အိမ်ပေါ်ခေါ်ထားမဲ့သူမှ မဟုတ်တာ။ နောက်မှမေးကြည့်ရမည်။
.
.
.
.
အေးချမ်းသော်. . .ထိုင်ရာမှ မထ။
ခေါင်းကငုံ့နေဆဲ။

အရမ်းအဆင်ပြေနေတဲ့. . .ပုံပဲ။
ငါနဲ့ပြန်တွေ့တာ. . .ကောင်းစရာအကြောင်းမရှိလောက်ဘူး။ ငါက. . .ငါက. . .ငါရွေးချယ်တဲ့လမ်းဆက်လျှောက်ရုံပဲ။ငါ့ဘဝကစိတ်ကူးယဥ်ဆန်တာမျိုးမရှိဘူး။ သူကပြန်လွှတ်မဲ့ပုံမရှိလို့သာ။ လူတွေရှေ့ ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့သာ။ မနေချင်။ သူ့ရှေ့မှာမနေချင်။ နှစ်ယောက်ထဲရှိရင်ပိုလို့မနေချင်။ ရဲရင့်အစ်မနဲ့ကကြည့်လိုက်တာနဲ့ လိုက်ဖက်နေတာရော။ ပြီးတော့မိသားစုချင်းအရမ်းရင်းနှီးပုံပဲ။ အေးချမ်းကရဲရင့်နဲ့ခင်တယ်ဆိုပေမဲ့ ရဲရင့်နှင့်သွားလေရာအတူတူ တတွဲတွဲတော့မဟုတ်။ သူဌေးသားတွေသုံးဖြုံးရာနေရာမှာ ညပိုင်းအလုပ်သမား. . .စားပွဲထိုးလေ။ သူ့ကိုတွေ့ချင်လို့ရဲရင့်တို့လာမှသာ အလုပ်မပျက်တွေ့ဖြစ်ကြတာ။
ဒါ. . .မဟုတ်မှလွဲရော. . .အန်တီမေမေဖြစ်စေချင်တဲ့လမ်းလား။ အတွေးက. . .လူကိုသတ်တတ်ရင် အေးချမ်းသော် ဤနေရာတွင် သေနေပါပြီ။
အတွေးက လူကိုခြောက်လှန့်ရုံပဲလုပ်တတ်တော့. . .
သူ့နှလုံးခုန်သံဟာ. . .ပုံမှန်ထက်မြန်လာပြီး. . .ထိုခံစားချက်၏နောက်ဆက်တွဲ. . .ဝမ်းနည်းလာပါသည်။

"သော်"

ခေါ်သံတိုးဖွဖွပေမဲ့. . .အတွေးလွန်နေသူက. . .လန့်သွားပါတော့သည်။

"ဘာလဲ. . .ဘာဖြစ်ချင်နေတာလဲ. . .ခင်ဗျားနဲ့နေမယ်ဘယ်သူပြောလဲ. . .လူတွေရှေ့မို့ငြိမ်နေတာ. . .လွန်မလာနဲ့. . .ပြန်မှာ. . "

ပြောရင်းထရပ်သည်။ အသံကတင်းမာစွာ။
သို့သော်. . .မျက်ဝန်းလေးတွေက. . .အသံလိုမာမနေပါ။ မိုးဦး ချော့ဖို့သာကြိုးစားရသည်။

"သော်ရယ်. . .အဲ့လိုမလုပ်ပါနဲ့ကွာ. . .ကိုကိုကြီး. . .ဟို. . ကိုယ်က. . .အမှားလုပ်ခဲ့မိတယ်. . .ဟုတ်တယ်. . .သော် ကိုယ့်ကိုစိတ်ဆိုးနေတယ်မှလား. . .ရတယ်. . သော်စိတ်ပြေတဲ့အချိန်မှ ကိုယ်တို့စကားပြောကြမယ်. . .ဒီမှာတော့နေရမယ်. . .ကိုယ့်ကိုမထားခဲ့နဲ့"

"ဘာဗျ. . .မထားခဲ့နဲ့. .ဟုတ်လား. .ငါ ထ လုပ်ထည့်လိုက်လို့ မကောင်းရှိရော့မယ်. . .ခင်ဗျားရူးနေလား"

"ကိုယ်. . .ရူးမတတ်ပဲ. . .သော်. . .လုပ်ချင်ရာသာလုပ်ပါ. . .ထွက်မသွားဖို့ပဲလိုတယ်. . .သော်. .ကိုယ့်ကိုလုပ်ချင်ရာလုပ်"

"ဟမ်. . .ဟမ်. . .လုပ်ချင်ရာလုပ်. . .ဟုတ်လား"

အေးချမ်းသော်ပြေးထွက်ပြီးအခန်းထောင့်မှ ကြမ်းတိုက်တံကိုပြေးယူသည်။ လက်ကိုင်က ကော်မဟုတ်ပါနော်။ သံချောင်းနှင့်. . .
ယူလာပြီးမပြောမဆိုနှင့် မိုးဦးကို ရိုက်ချလိုက်သည်။

မိုးဦးမရှောင်ပါ။ မြန်လွန်းလို့ရှောင်ချိန်လဲမရပါ။

အွန့်. . .

နောက်တစ်ချက်. . .

နောက်တစ်ချက်. . .ရိုက်မည်ရွယ်ပြီးမှ မရှောင်မှန်းသိတော့လွှတ်ပစ်ချလိုက်သည်။

"ကျွန်တော့်ကို. . .ဝေးဝေးနေပေး. . ."

"ထပ်သာရိုက်. . .မနေပေးနိုင်ဘူး. . ."

ပြတ်ပြတ်သားသားပင်။

မိုးဦးကဘယ်သူမို့လို့လဲ???
အသေသတ်ချင်ရင်သတ်သွား. . .ထပ်မခွဲနိုင်ပါဟု. . .တစ်ခွန်းတည်းသောစကားကိုဆိုခဲ့ပြီးပြီ။
ထပ်ရှင်းပြဖို့လိုသေးလား... သော်။
.
.
.
.
ဆက်ရန်. . .

Zawgyi

အခန္းထဲျပန္ေရာက္ေတာ့ ကုတင္ေပၚေမွာက္ရက္ေလး။ အိပ္မ်ားသြားတာလား။ အင္းေလ... ပင္ပန္းရွာမွာပဲ။

"အိပ္ေပ်ာ္သြားၿပီလား. . .အဝတ္အစားလဲလိုက္ပါလား. . .ေဆးလိမ္းဖို႔လိုမယ္ထင္တယ္. . ."

". . ."

အိပ္ေပ်ာ္သြားတာေနမယ္။ မိုးဦးအေျပာကို အေျဖျပန္မေပး။
မိုးဦးအျပင္ျပန္ထြက္လာခဲ့သည္။
.
.

ျမင့္မိုရ္ကို ဖုံးဆက္ရသည္။
အဆင္ေျပတဲ့အေၾကာင္း. . .ရဲရင့္ကိုေခၚထားေပးေၾကာင္း။

ၿပီးမွ အခန္းကိုအျပင္ကေသာ့ခတ္ခဲ့ၿပီး ေအာက္ဆင္းကာ လိုမည္ထင္တာေတြ ေျပးဝယ္ရသည္။
ေသာ့္အတြက္ေလ. . .
.
.
.
မိုးဦးျပန္ေရာက္ေတာ့သုံးေယာက္လုံး. . .အိပ္ေမာက်တဳန္းသာ။
.
.
.

မိုးဦးျပန္ေရာက္ၿပီးမၾကာပါ။ျမင့္မိုရ္ေရာက္လာသည္။

"ရဲရင့္ေရ. . .နင့္ေၾကာင့္ေတာ့ခက္ၿပီ. . .ဘယ္လိုျဖစ္ရတာတုန္း. . .ျမင္မေကာင္း ၾကားမေကာင္းေတြ. . .ငါျပန္မေရာက္ခင္ကလဲဒီလိုပဲလား. . .ဟင္"

ျမင့္မိုရ္ ေရာက္တာနဲ႕သူ႕ေမာင္ကိုပြမ္ဖို႔ျပင္သည္။

"မမရာ. . .ကိစၥကဒီလိုပါ. . . . . . . ."

ရွည္လ်ားေထြျပါးစြာႏွင့္. . သူမ်ားအလြန္ ကိုယ္မလြန္ရွင္းျပေနေသာ ရဲရင့္
နႏၵကေတာ့ တခြန္းတေလဝင္ေျပာ႐ုံသာ။

"ဟင္းးးးးးး. . .မေျပာလိုက္ခ်င္ဘူး. . .မိုးဦးကူလို႔ေပါ့. . .ရဲစခန္းေတာ့ မလိုက္ခ်င္ဘူးရဲရင့္ရယ္. . .ေနာက္မျဖစ္ေစနဲ႕. . .ဟုတ္ၿပီလား"

"မမ. . .ကြၽန္ေတာ္တို႔ကိုလာေခၚတာလား. . .ကိုမိုးဦးဆီလာတာလား"

ထိုေမးခြန္းကိုအေမးတိုက္ဆိုင္စြာပင္. . .အခန္းထဲမွထြက္လာေသာ. . .ေသာ္. . .မ်က္လုံးဝိုင္းေလးေတြနဲ႕ ျမင့္မိုရ္ကိုၾကည့္ေနသည္။

"ႏွစ္ခုလုံးပဲ"

ျမင့္မိုရ္အေျဖ. . .

ေရွ႕ဆက္တိုးမလာေသာ. . .ေသာ္ေလး။

"နိုးၿပီလား. . .သက္သာလား. . .ေဆးခန္းျပရေအာင္"

မိုးဦး သူ႕အနားထိေလွ်ာက္သြားၿပီး ေျပာသည္။ က်န္တာေတြကို ဘာမွဂ႐ုမစိုက္နိုင္ေတာ့။

"သူက. . .???"

ေသာ့္ကိုျမင္ေတာ့ ျမင့္မိုရ္ကေမးတာ။

"ကြၽန္ေတာ့္သူငယ္ခ်င္း မမ. . .ေအးခ်မ္းေသာ္"

"ေအာ. . .သူလား. . .ေအးခ်မ္းေသာ္. . .ေမေမေျပာ. . ေျပာေနတာ သူလား??"

"ေအးခ်မ္းက ကြၽန္ေတာ္တို႔ကိုကူရင္း သက္သက္မဲ့ဝင္ပါရတာ မမ. . .သူ႕အလုပ္ခ်ိန္ႀကီး. . .ကြၽန္ေတာ္ေအးခ်မ္းအလုပ္မွာမို႔လို႔ထိန္းေနရင္းနဲ႕. . .ဟိုဘက္ကေကာင္ေတြက. . .လြန္လာတာ. . .ေအးခ်မ္းေၾကာင့္ကြၽန္ေတာ္တို႔ဒီေလာက္ပဲျဖစ္တာ. . .ဟိုဘက္က ေလးေကာင္ေတာင္"

ရဲရင့္ ေအးခ်မ္းကို လုံးဝထပ္အထင္လြဲမခံနိုင္ပါ။
ေမေမေျပာ​ျပသေလာက္ပဲၾကားၿပီး မမ ေအးခ်မ္းကိုအထင္မလြဲေစခ်င္ပါ။
ရဲရင့္ကိုေအးခ်မ္းကူညီခဲ့တာ ဒီကိစၥတစ္ခုပဲမဟုတ္ေသး။ လူႀကီးေတြအားလုံးမသိေသးတာေတြအမ်ားႀကီးရွိေသးသည္။ သူေျပာမျပရဲေသးလို႔ ေအးခ်မ္းအထင္လြဲခံေနရတာ။
ေမေမက ေအးခ်မ္းကိုလမ္းေဘးကေတြ႕ၿပီးခင္မင္လာသူမို႔ သိပ္ေတာ့မၾကည္။ ရန္ျဖစ္တိုင္းပါတတ္တဲ့နာမည္ျဖစ္ေနေတာ့ပိုဆိုးသည္။ ရဲရင့္ကေမေမတို႔ထင္သလို အေပါင္းအသင္းကိုလူျဖစ္ၿပီးေရာေပါင္းတတ္သူမဟုတ္။ ငယ္စဥ္ကတည္းကေပါင္းလာတဲ့နႏၵတို႔လိုသူငယ္ခ်င္းေတြရွိသလို. . .ခုမွေတြ႕သူ. . .လမ္းေဘးကေတြ႕သူ. . .အလုပ္အကိုင္အေနႏွင့္လဲစားပြဲထိုးရသူ ေအးခ်မ္းကိုလည္း. . .ပိုက္ဆံရွိသားသမီးခ်င္းမို႔လို႔ေပါင္းရတဲ့သူေတြအတိုင္းသာ ေပါင္းသည္။
ပိုခင္ရင္သာရွိမယ္. . .မေလ်ာ့။
ဒါကိုေမေမက... လြယ္လြယ္လက္မခံ။
ေအးခ်မ္းကိုဆို အလိုလိုမၾကည္လင္။
မမကေတာ့ေခတ္လူငယ္ျဖစ္သည္။
မမကိုေတာ့ ေအးခ်မ္းအေၾကာင္း ေျပာျပမွျဖစ္မည္။
.
.
.

"ျမင့္မိုရ္. . .အစည္းအေဝး. . .အဆင္ေျပရဲ႕လား. . .ကိုယ္ျပင္ဆင္ေပးခဲ့တာေတြလိုအပ္တာရွိလား"

"No. .ပါ. . .ဆရာမိုးဦးျပင္ဆင္ေပးထားတာ လိုအပ္ခ်က္ရွိပါ့မလား. . .အဆင္ေျပပါတယ္ရွင့္. . .မိုးဦးကို... ေက်းဇူးတင္ပါတယ္"

"ရတယ္. . .ျမင့္မိုရ္. . .ကိုယ့္အလုပ္ပဲဟာ"

"အလုပ္ပိုေတြလဲလုပ္ေပးေနရေသးတာကို. . .ဒီလိုပဲလား. . .ရဲရင့္က. . ."

"မဟုတ္ပါဘူး. . .ျမင့္မိုရ္. . .ကိုယ္နဲ႕..ရဲရင့္က... မၾကာ မၾကာေတြ႕ျဖစ္ပါတယ္. . .အန္တီကလဲ ရဲရင့္ကို... ကိုယ္နဲ႕ေတြ႕ေပးပါတယ္. . .ခုလိုအေျခအေနက ပထမဆုံးပါ"

"ေနာက္ဆုံးလဲ ျဖစ္ပါေစ. . .ကိုရဲရင့္. . .မမအလုပ္လဲဝိုင္းကူမေပးဘူး. . .ကူေပးတဲ့ မိုးဦးကိုလဲအလုပ္အပို​ေတြ ရႈပ္ေနအုံးမယ္ဆို. . .မမ. . .စိတ္ဆိုးေတာ့မွာ. . ."
ျမင့္မိုရ္ ရဲစခန္းလိုက္ထုတ္ရလို႔သိပ္ေတာ့မေက်နပ္။

"မျဖစ္ပါဘူး. . .မမရယ္. . .ဒီတစ္ခါလဲထိန္းေနရင္းၾကားက. . ."

"မိုးဦးေရာ. . .လိုက္ခဲ့ေလ. . .အိမ္မွာညစာစားရေအာင္. . .ေမေမကေခၚခိုင္းလိုက္တယ္"

"ကိုယ္. . .ေနာက္မွလာေတာ့မယ္ ျမင့္မိုရ္. . .ရဲရင့္နဲ႕နႏၵကိုသာအိမ္ျပန္ရင္းေဆးခန္းျပလိုက္ပါအုံး. . .သူတို႔နားခ်င္တယ္ဆိုလို႔ ကိုယ္ေဆးခန္းမျပေပးရေသးဘူး"

"ဟင္. . .ဒီေမာင္ေလးကေရာ. . .ျမင့္မိုရ္ သူ႕အိမ္ပို႔ေပးမွာေပါ့. . .ေဆးခန္းလဲဝင္လိုက္မယ္ေလ"

"သူလား. . .ကိုယ္ေခၚထားမွာ. . .ရတယ္. . .ကိုယ္အကုန္လုပ္ေပးလိုက္ပါ့မယ္. . "

ဒီေတာ့မွ. . .စကားဝိုင္းနားမွာေက်ာက္႐ုပ္လို ေခါင္းငုံ႕ထိုင္ေနတဲ့သူက ေခါင္းေမာ့ကာ. . .

"ေက်းဇူးပါ အစ္မ. . .ကြၽန္ေတာ္လဲ ခု ျပန္ေတာ့မွာပါ. . .အလုပ္ကိုတန္းသြားရင္လဲသြားရမွာ. . .ကြၽန္ေတာ့္ကိုလိုက္မပို႔နဲ႕. . .ရပါတယ္"

"မင္း. . .ဒီေန႕နားပါကြာ. . .မင္းကို အကိုမိုးဦးေခၚထားပါမယ္ဆိုမွ. . .ဘယ္ျပန္အုံးမလို႔လဲ"

"ေအးေလ"

နႏၵလဲေထာက္ခံသည္။

"မိုးဦး. . .အသိလား"

ျမင့္မိုရ္အေမးစကား

"ကိုယ္တို႔ၿမိဳ႕က. . .ကိုယ္ငယ္ငယ္ကထိန္းခဲ့တဲ့ကေလး. ..ခု. . .မွ. . .ျပန္ေတြ႕တာ"

"ဟုတ္လား. . .တိုက္တိုက္ဆိုင္ဆိုင္"

"သြားမယ္... မမ. . .လာ နႏၵ. . .မင္းေနခဲ့ေတာ့ ေအးခ်မ္း"

ေျပာၿပီးမေျပး႐ုံတမယ္ ထထြက္သြားတဲ့ ရဲရင့္

ျမင့္မိုရ္လဲ မရွင္း မရွင္းနဲ႕ပါသြားသည္။

ေအးေလ. . .သူကသိပါတယ္ဆိုမွ. . .သိလို႔ေပါ့။
မိုးဦးက အႏၱရယ္ေပးမဲ့သူကိုေတာ့ အိမ္ေပၚေခၚထားမဲ့သူမွ မဟုတ္တာ။ ေနာက္မွေမးၾကည့္ရမည္။
.
.
.
.
ေအးခ်မ္းေသာ္. . .ထိုင္ရာမွ မထ။
ေခါင္းကငုံ႕ေနဆဲ။

အရမ္းအဆင္ေျပေနတဲ့. . .ပုံပဲ။
ငါနဲ႕ျပန္ေတြ႕တာ. . .ေကာင္းစရာအေၾကာင္းမရွိေလာက္ဘူး။ ငါက. . .ငါက. . .ငါေ႐ြးခ်ယ္တဲ့လမ္းဆက္ေလွ်ာက္႐ုံပဲ။ငါ့ဘဝကစိတ္ကူးယဥ္ဆန္တာမ်ိဳးမရွိဘူး။ သူကျပန္လႊတ္မဲ့ပုံမရွိလို႔သာ။ လူေတြေရွ႕ ႐ုန္းရင္းဆန္ခတ္ျဖစ္မွာစိုးလို႔သာ။ မေနခ်င္။ သူ႕ေရွ႕မွာမေနခ်င္။ ႏွစ္ေယာက္ထဲရွိရင္ပိုလို႔မေနခ်င္။ ရဲရင့္အစ္မနဲ႕ကၾကည့္လိုက္တာနဲ႕ လိုက္ဖက္ေနတာေရာ။ ၿပီးေတာ့မိသားစုခ်င္းအရမ္းရင္းႏွီးပုံပဲ။ ေအးခ်မ္းကရဲရင့္နဲ႕ခင္တယ္ဆိုေပမဲ့ ရဲရင့္ႏွင့္သြားေလရာအတူတူ တတြဲတြဲေတာ့မဟုတ္။ သူေဌးသားေတြသုံးၿဖဳံးရာေနရာမွာ ညပိုင္းအလုပ္သမား. . .စားပြဲထိုးေလ။ သူ႕ကိုေတြ႕ခ်င္လို႔ရဲရင့္တို႔လာမွသာ အလုပ္မပ်က္ေတြ႕ျဖစ္ၾကတာ။
ဒါ. . .မဟုတ္မွလြဲေရာ. . .အန္တီေမေမျဖစ္ေစခ်င္တဲ့လမ္းလား။ အေတြးက. . .လူကိုသတ္တတ္ရင္ ေအးခ်မ္းေသာ္ ဤေနရာတြင္ ေသေနပါၿပီ။
အေတြးက လူကိုေျခာက္လွန့္႐ုံပဲလုပ္တတ္ေတာ့. . .
သူ႕ႏွလုံးခုန္သံဟာ. . .ပုံမွန္ထက္ျမန္လာၿပီး. . .ထိုခံစားခ်က္၏ေနာက္ဆက္တြဲ. . .ဝမ္းနည္းလာပါသည္။

"ေသာ္"

ေခၚသံတိုးဖြဖြေပမဲ့. . .အေတြးလြန္ေနသူက. . .လန့္သြားပါေတာ့သည္။

"ဘာလဲ. . .ဘာျဖစ္ခ်င္ေနတာလဲ. . .ခင္ဗ်ားနဲ႕ေနမယ္ဘယ္သူေျပာလဲ. . .လူေတြေရွ႕မို႔ၿငိမ္ေနတာ. . .လြန္မလာနဲ႕. . .ျပန္မွာ. . "

ေျပာရင္းထရပ္သည္။ အသံကတင္းမာစြာ။
သို႔ေသာ္. . .မ်က္ဝန္းေလးေတြက. . .အသံလိုမာမေနပါ။ မိုးဦး ေခ်ာ့ဖို႔သာႀကိဳးစားရသည္။

"ေသာ္ရယ္. . .အဲ့လိုမလုပ္ပါနဲ႕ကြာ. . .ကိုကိုႀကီး. . .ဟို. . ကိုယ္က. . .အမွားလုပ္ခဲ့မိတယ္. . .ဟုတ္တယ္. . .ေသာ္ ကိုယ့္ကိုစိတ္ဆိုးေနတယ္မွလား. . .ရတယ္. . ေသာ္စိတ္ေျပတဲ့အခ်ိန္မွ ကိုယ္တို႔စကားေျပာၾကမယ္. . .ဒီမွာေတာ့ေနရမယ္. . .ကိုယ့္ကိုမထားခဲ့နဲ႕"

"ဘာဗ်. . .မထားခဲ့နဲ႕. . .ငါ ထ လုပ္ထည့္လိုက္လို႔ မေကာင္းရွိေရာ့မယ္. . .ခင္ဗ်ား႐ူးေနလား"

"ကိုယ္. . .႐ူးမတတ္ပဲ. . .ေသာ္. . .လုပ္ခ်င္ရာသာလုပ္ပါ. . .ထြက္မသြားဖို႔ပဲလိုတယ္. . .ေသာ္. .ကိုယ့္ကိုလုပ္ခ်င္ရာလုပ္"

"ဟမ္. . .ဟမ္. . .လုပ္ခ်င္ရာလုပ္. . .ဟုတ္လား"

ေအးခ်မ္းေသာ္ေျပးထြက္ၿပီးအခန္းေထာင့္မွ ၾကမ္းတိုက္တံကိုေျပးယူသည္။ လက္ကိုင္က ေကာ္မဟုတ္ပါေနာ္။ သံေခ်ာင္းႏွင့္. . .
ယူလာၿပီးမေျပာမဆိုႏွင့္ မိုးဦးကို ရိုက္ခ်လိဳက္သည္။

မိုးဦးမေရွာင္ပါ။ ျမန္လြန္းလို႔ေရွာင္ခ်ိန္လဲမရပါ။

အြန့္. . .

ေနာက္တစ္ခ်က္. . .

ေနာက္တစ္ခ်က္. . .ရိုက္မည္႐ြယ္ၿပီးမွ မေရွာင္မွန္းသိေတာ့လႊတ္ပစ္ခ်လိဳက္သည္။

"ကြၽန္ေတာ့္ကို. . .ေဝးေဝးေနေပး. . ."

"ထပ္သာရိုက္. . .မေနေပးနိုင္ဘူး. . ."

ျပတ္ျပတ္သားသားပင္။

မိုးဦးကဘယ္သူမို႔လို႔လဲ???
အေသသတ္ခ်င္ရင္သတ္သြား. . .ထပ္မခြဲနိုင္ပါဟု. . .တစ္ခြန္းတည္းေသာစကားကိုဆိုခဲ့ၿပီးၿပီ။
ထပ္ရွင္းျပဖို႔လိုေသးလား... ေသာ္။
.
.
.
.
ဆက္ရန္. . .


Ipagpatuloy ang Pagbabasa

Magugustuhan mo rin

232K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
7.8K 1K 41
Unicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန္းရိပ္မွခုိသည္ စံပယ္တုိ႔ကုိ ခ်ီ ပ်ံသည္ ပ်ံ၏...