Unicode
ကိစ္စတွေလဲ ပြီးပြီ။
ညလဲ အတော်နက်သွားပြီ။
အားလုံးကို ကျေးဇူးတင်စကား ပြောရသည်။
ကိုဝင်းနိုင်ထွန်းကို ရဲရင့် ကားနှင့်လိုက်ပို့သည်။
နန္ဒရောပဲတူတူပါသွားတယ်။
မိုးဦးသူငယ်ချင်းက ကားပါလာသည်။ လိုက်ပို့စရာမလိုတော့။"ကျေးဇူးပါကွာ....တစ်ရက်ဆုံကြမယ်ကွာ...ငါမင်းကိုတစ်ဝိုင်းလုပ်ပေးပါ့မယ်.."
မိုးဦး သူငယ်ချင်းကို တကယ်လဲ ကျေးဇူးတင်သည်။
ကျေးဇူးတင်စကားကိုလဲ ထပ်ကာ ထပ်ကာ ပြောနေမိသည်။"ရပါတယ်ကွာ....မင်းကလဲ.... ငါ့တစ်ဝိုင်းထက်ပိုအရေးကြီးတာ မင်း လက်ထပ်မဲ့ကိစ္စ...ငါ့ကိုရှင်းပြအုံးကွ"
ကြားက.....သော်က မျက်နှာလေးရဲကာ ခေါင်းလေးပါငုံ့သွားသည်။
မိုးဦး သော့်လက်ကို ဆွဲကိုင်လိုက်ရင်း..."ပြောပါ့မယ်ဆိုကွာ...ထူးဆန်းလို့လား....မင်းက အရမ်းတွေသိချင်ရအောင်"
"မထူးဆန်းပါဘူးကွာ...မင်းမို့လို့ထူးဆန်းတာ...သူများဆိုရင်မထူးဆန်းဘူး"
သော် တကယ် မနေတတ်တော့.....လက်ကလေးကိုမသိမသာရုန်းနေသည်။
မိုးဦးလွှတ်မပေး....."ဒီမှာ ရှက်နေပြီကွ...နောက်မှမေးတော့....ညနက်နေပြီ...မိုးတောင်လင်းတေ့ာမယ်...ပြန်ပါကွာ သူငယ်ချင်းရာ..."
"မိုးမလင်းသေးပါဘူးကွာ...ဒါ night out တဲ့အချိန်ကွ....မင်းကပြန်ချင်လို့လား"
"ပြန်မယ်ကွာ.....နားချင်ပြီ"
မိုးဦးတို့ သူ့ကိစ္စပြီးတော့ ငြမ်းဖျက်ပြီလေ။
"ဟား..ဟား..ဟား..ဟား...အေးပါကွာ....မင်းချိန်းရင်ငါ့တစ်ယောက်ထဲ မချိန်းနဲ့နော် အကုန်ပါအောင်ချိန်းလိုက်"
မိုးဦး ကိုနှုတ်ဆက်ရင်း ....သော့်ကိုပါ...နှုတ်ဆက်သည်။
သော်လဲကျေးဇူးတင်စကားပြောရသည်။
သော်တို့ ပြန်ခဲ့ကြတယ်။
.
.
.သော့် ပုခုံးဘေးဖက်လိုက်တော့ မိုးဦး ခါးကိုပြန်ဖက်လာတဲ့လက်လေး....
မိုးဦး ဘေးကသူကို ငဲ့ကြည့်တော့.....အားနာသည့်ရုပ်လေးနဲ့...ပြန်ကြည့်နေသည်။
DU LÄSER
ချစ်သူ့စကား ရင်နှင့်ကြားစေ
Romantikအချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥