မြန်မာပြည်ရဲ့အသည်းနှလုံး. . .ဗုဒ္ဓဘါသာဝင်တို့အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ညချမ်းတွင် ပို၍သပ္ပါယ်စွာဖူးတွေ့ရသည်။
ရွှေရောင်ဝင်းအိနေသောမြတ်ဘုရားရွှေတိဂုံကုန်းတော်ပေါ်တွင် ပိတ်ရက်ဖြစ်၍ ဘုရားဖူးလာသူများစည်ကားလှသည်။
လေနုအေးကဘုရားရင်ပြင်တော်ပေါ်တွင် အေးမြမှုနှင့် ပြီးပြည့်စုံစေသည်။မိုးဦးနှင့်သော် ကားရပ်နားရာနေရာတွင်ရပ်ခဲ့ပြီး. . .ဘုရားပေါ်တက်ခဲ့ကြသည်။
"ဓာတ်လှေကားနဲ့ တက်မလား သော်"
"ဟင့်အင်း လမ်းလျှောက်ပြီးတက်မယ်လေ"
မိုးဦးဖိနပ်လေးရောသူ့ဖိနပ်လေးပါကောက်ကိုင်ကာ ပြန်ပြောသည်။မိုးဦးတို့နှစ်ယောက် ဘုရားကို ခြေလျင်တက်ခဲ့ကြသည်။
ဘုရားပေါ်ရောက်သည်နှင့် အေးချမ်းမှု ငြိမ်းချမ်းမှု အေးမြမှု သာယာမှုနှင့်ပြည့်စုံသည်ကြောင့် ရင်ထဲ အေးမြရသည်။မိုးဦးရဲ့နေ့နံဒေါင့်မှာ သော် က ဘုရားရှိခိုးသည်။
ဘုရားရေသပ္ပါယ်သည်။
မိုးဦး သော်နှင့်အတူတူ ဘုရားရှိခိုးသည်။ဘုရားတစ်ပတ် ပတ်ကာပူဇော်သည်။
အင်းးးးလက်ကလေးကိုင်ရင်ကောင်းမလား?
ဘုရားပေါ်မှာ. . .မကိုင်တော့ပါဘူးလေ....
ပုခုံးလေးရော ဖက်လို့ရလား?
ဟယ်....မဟုတ်သေးပါဘူးလေ....မိုးဦးအတွေးတွေများနေတာကြောင့် သော်နှင့်ခပ်ခွာခွာ ဖြစ်လာသည်။
သော်ကတော့ ပုံမှန်ပင်။ ဘုရားပေါ်မော့်ဖူးလိုက်... တတွတ်တွတ်ရွတ်လိုက်....ဖြေးဖြေးချင်းလမ်းလျှောက်လျက်သာ။
ဘုရားပေါ်မှာတော့ အကျီအဖြူ ပုဆိုးဆင်တူနှင့် မိုးဦးတို့နှစ်ယောက်ကို လူတွေကြည့်ကြသည်။
မိုးဦးကတော့ ကြည့်ကောင်းလို့ကြည့်ကြသည်ဟုထင်သည်။ သော်က ပုဆိုးလေးနှင့်ဆို အရမ်းချစ်စရာကောင်းသည်ကိုး။
သူတို့ကြည့်လေ မိုးဦးမဏ္ဍပ်တိုင်တက်ပြချင်လေ ဖြစ်လာတာကြောင့် သော့်လက်လေး လှမ်းဆွဲလိုက်တော့သည်။
ဘာစိတ်မှမပါပါဘူး။ မိုးဦးအပိုင်လို့သိစေချင်ရုံလေးပါ။
ESTÀS LLEGINT
ချစ်သူ့စကား ရင်နှင့်ကြားစေ
Literatura romànticaအချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥