Unicode
နံနက် ၅နာရီလောက်တွင် ဦးလေးသန်းတို့ရွာသို့ ရောက်ကြသည်။
ဦးလေးသန်းက ရွာထိပ် ကားလမ်းမဘေးထိလာကြိုရှာသည်။ဦးလေးသန်းတို့ရွာက တောင်ခြေရင်းရွာလေး။
ရာသီဥတုက အအေးကဲသည်။ မိုးဦးနှင့်သော် ရောက်လာတာ နွေရာသီဆိုပေမဲ့ အအေးဓာတ်က ရှိနေသည်။ နံနက်စောစော ဖြစ်တာကြောင့်ရော တောင်ခြေရွာဖြစ်တာကြောင့်ရော အေးသည်။ဦးလေးသန်းမိန်းမက တိုင်းရင်းသူတစ်ယောက်။ ဖော်ရွေပြီးအေးချမ်းသည်။ သော့်ကိုလဲ အမှန်တကယ်ပင် ချစ်ကြသည်။
သော်နဲ့ရွယ်တူ သားတစ်ယောက်က အကြီးဆုံးသား။
ခုဆို ဦးလေးသန်းရဲ့အလုပ်ကို ဦးစီးပြီးလုပ်ကိုင်နေသည်။ အိမ်ထောင်လဲ ကျပြီ။ ဦးလေးသန်းသားအကြီးနဲ့ ချွေးမ ဦးလေးသန်းမိန်းမတို့က အိမ်ရှေ့မှ ကြိုနေကြသည်။သော် လာမည်ဆို၍မနက်စောစောကြီး ထကာ ကြိုနေကြခြင်းဖြစ်သည်။
အားနာနေရသည်။ တစ်မိသားစုလုံးထွက်ကြိုနေကြတာကိုး။သော့်ကိုတော့ အားလုံးချစ်ကြသည်။
မရောက်တာကြာပေမဲ့ နွေးထွေးဖော်ရွေမှုကလျော့မသွား။ ဘယ်နေရာ ရောက်ရောက်ချစ်သူ ခင်သူပေါလှသည့် သည်းသော်လေး။ဒီနေရာမှာ မိုးဦးက သော့်နောက်ကပ်လိုက်ရတဲ့ ဧည့်သည်။ သော် ကတော့ မိသားစုလိုပင်ဖြစ်နေသလိုပါပဲ။
တစ်အိမ်လုံး အေးချမ်း အေးချမ်းနှင့်ဖြစ်နေတော့သည်။
မိုးဦးက ကားကို တောက်လျှောက်မောင်းလာသူဆိုတော့ အမှန်အတိုင်းပြောရရင် ညောင်းချိနေပြီ။ ခဏနားချင်သည်။ သော်ကတော့....နှုတ်ဆက်နေဆဲ။ စကားလက်ဆုံပြောမကုန်ဖြစ်နေဆဲ။ခဏနေတော့ ဘေးက မိုးဦးကို သတိရသည်ထင့်။
"အော်....နားချင်ပြီလား.. ဟင်... သော်...အမ်း.... ဟို... နားဖို့... ပြင်ပေးမယ်"
ကိုလို့ လဲမခေါ်တော့ဘူး....သူ့ကိုယ်သူ သော်လို့ပြောပြီးမှ ရှက်နေသေးသည်။ ဘာလဲ ဘာလဲ.....
မိုးဦး မျက်နှာမပျက်အောင်ထိန်းနေရသည်။
မဖြစ်သေးဘူး။ ကိုယ်တွေက အိမ်ထောင်သည်... လက်ထပ်ထားပါသည်ဟု ပြောပြချင်နေပြီ။
ဘယ်ကစပြောရပါ့။ သော်ကလဲကွာ... အခုပြောရမှာကို မပြောဘဲ... ဘာဖြစ်နေတာလဲ။
YOU ARE READING
ချစ်သူ့စကား ရင်နှင့်ကြားစေ
Romanceအချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥