ချစ်သူ့စကား ရင်နှင့်ကြားစေ

Per SpringGenAerri

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... Més

part(1)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending

part(2)

10.2K 803 6
Per SpringGenAerri

Unicode

"ကျောင်းပိတ်ပြီဆိုတော့ သော် ဘယ်သွားချင်လဲ. . .ကိုကိုကြီးလိုက်ပို့မယ်"

ပန်းကောက်နေသူက မော့်ကြည့်ရင်း. . .

"ဟင့်အင်း. . .ကိုကိုကြီးက ဆယ်တန်းတက်ရမှာ. . .ခဏပဲနားရမှာပေါ့. . .သား ဘယ်မှမသွားချင်ဘူး. . .ကိုကိုကြီး ဆယ်တန်းစာမေးပွဲပြီးမှ. . ."

"အင်း. . .ဘယ်သွားချင်လဲ. . .အကုန်လိုက်ပို့မယ်"

ပြုံးပြီးခေါင်းညိမ့်တယ်။
အမြဲတမ်းပြုံးနေရင် ခက်တော့မှာပဲ...သော်ရယ်။

သော်က ကျွန်တော်အရမ်းချစ်ရတဲ့ညီလေး. . .အင်း. . .ဟုတ်ပါတယ်. . .ကျွန်တော့်ညီလေး. . .ကျွန်တော့်အပိုင်မိုလို့ချစ်နေတာပါ။

"သားရေ. . .ကိုမိုးဦး. . .သော်လေးရေ. .."

"မေမေခေါ်နေပြီ သော်. . .ပြန်ရအောင်"

"ရောက်ထဲက သော့်နားပြေးတာပဲ. . .ခဏနား​ပြီးရင်... ရေချိုးဖို့လုပ်"

"သော်ရော. . .ရေချိုးပြီးပြီလား. . ."

"သား ရေချိုးပြီးပြီ. . .အန်တီမေမေ"

"အေး. . .အေး. . .သော်လေး. . .ကိုကိုကြီးပြန်ခေါ်သွားမယ် ပြီးမှလိုက်လာခဲ့. . .နော်. ..အိမ်မှာထမင်းစားရအောင်. . .သားကြိုက်တဲ့ဝက်နံရိုးချက်ထားတယ်. . .ကိုကို​ကြီး ကြိုက်တဲ့ပုစွန်ရောပဲ. . .ဖွားတွက်ပန်းသီပြီရင်လိုက်ခဲ့နော်"

"ဟုတ်"

သားမိနှစ်ယောက်အိမ်ပြန်လာတယ်။အိမ်လဲရောက်ရော ပြင်ဆင်ထားတဲ့အထုတ်တွေကိုမြင်တော့. . .

"မေမေ. . .ဘာတွေလဲ"

မိုးဦး မေမေ့ကိုမေးတယ်။

"သားဖေဖေဆီသွားဖို့လေ. . ."

"ချက်ချင်းကြီးလား"

"အင်းပေါ့. . .ဖေဖေ ဟိုမှာတစ်ယောက်ထဲ စားရေး သောက်ရေးခက်နေတာကြာပြီ. . .ပြီးတော့ သားအတွက်.... ဘော်ဒါအပ်ပြီးပြီ"

"ဟာ. . .မေမေကလဲဗျာ. . .ချက်ချင်းဆိုသားမလိုက်ဘူး. . ."

ဒေါ်ခင်နှင်းဦး တနေကုန် သိမ်းရ ထုတ်ရပင်ပန်းတာထက် မိုးဦးကို နားချဖို့ပိုမောနေပါပြီ။

"ကဲ. . .နားပြီး. . .ရေချိုးဖို့လုပ်. . .မေမေသိမ်းစရာရှိတာသိမ်းအုံးမယ်. . .မနက်ဖန်... ဖေဖေကားလွှတ်ပေးလိမ့်မယ်"

မိုးဦး. . .ရင်ထဲတင်းကျပ်နေပါပြီ။မေမေကလဲကွာ. . .

မေမေ့အကြောင်းမိုးဦးသိတယ်။လွယ်လွယ်လျှော့ပေးမှာတော့မဟုတ်။စကားလဲပိုမပြောတတ်သလို အလိုလိုက်စရာရှိတာအလိုလိုက်တတ်ပေမဲ့. . .စည်းကမ်းရှိသူ. . .စည်းကမ်းတင်းကျပ်သူပါ။

ဒါဆို. . .သော်ရော. . .သော့်ကိုရောခေါ်သွားမှာလား
သော်လဲမေမေချစ်တဲ့ကလေးပဲလေ။
မျှော်လင့်ချက်နဲ့မေမေ့ဆီပြေး. . .မေးရတယ်။

"မေမေ. . .သော့်ကိုရော. . .ခေါ်သွားမလား. . .ဟင်"

"သော်ကိုခေါ်သွားလို့ဘယ်ရမလဲသားရယ်. . .
အဖွားကသူ့မြေးကိုဘယ်ပေးမလဲ. . .အဖွားကကျမ်းမာရေးကချူချာ. . .မသက်တို့ကလဲသူတို့ကိစ္စနဲ့သူတို့. . .ဖွားကို. . .သော်ပဲဂရုစိုက်ပေးရမှာလေ"

"သား. . .သား. . .သော်နဲ့မခွဲနိုင်ဘူး"

တုန်ရီစွာအရဲစွန့်ပြောချလိုက်ပြီးမှ. . .မိခင်ရဲ့အကြည့်ကြောင့်မိုးဦးခေါင်းငုံ့ချမိတယ်။

ဒေါ်ခင်နှင်းဦးပျက်သွားတဲ့မျက်နှာကိုချက်ချင်းပြင်ရတယ်။ ကလေးနှစ်ယောက်ရဲ့သံယောဇဥ်ကိုနားလည်ပေမဲ့အရွယ်တွေမငယ်ကြတော့ဘူး။ ကြာလေ ကြာလေ ခွဲရခက်လေဖြစ်လာမှာစိုးရိမ်မိတယ်။ ဒါပေမဲ့. . .ဒီအချိန် သားဖြစ်သူကိုချော့ပြီးခေါ်သွားဖို့ပဲအရေးကြီးတာပါ။

"သော်နဲ့. . .ခဏပဲခွဲရမှာပါ...သားရယ်. . .ဆယ်တန်းဖြေပြီးပြန်လာနေပေါ့. . .မေမေကအိမ်ကိုရောင်းမပစ်ပါဘူး...သား. . .ကျောင်းပိတ်ရင်ပြန်လာပေါ့"

မိုးဦးမေမေ့ကိုသာငေးနေမိတယ်။
မေမေက ဘယ်သောအခါမှအကျိုးအကြောင်းမဆီလျော်တာမျိုးမလုပ်တတ်သူလေ။ ဒါပေမဲ့. . .ဒါပေမဲ့. . .မေမေရယ်.... ခက်လိုက်တာဗျာ။
မိုးဦးရင်ထဲ တင်းကျပ်စွာခံစားရတယ်။ အခုလေးတင် တွေ့လာခဲ့ရတဲ့ သော့်ဆီပြေးကာ ဖက်ထားချင်စိတ်ကို ထိန်းရတယ်။ သော့်ကိုတကယ်မခွဲနိုင်တာပါ။

သော့်ကိုစက်ဘီးစီးသင်ပေးချင်သေးတယ်။
သော်နဲ့အတူခရေပန်းကောက်ချင်သေးတယ်။
သော်ပြောသမျှတနေ့တာအတွေ့အကြုံတွေကို သော့်ခေါင်းလေးရင်ခွင်ထဲထည့်ပြီးနားထောင်ချင်သေးတယ်။
သော့်ရဲ့အားကိုးတကြီး တိုင်တောသံလေးတွေကြားချင်သေးတယ်။
မိုးဦးအနားမှာ လူတွေများပေမဲ့ သော့်အတွက်တော့ မိုးဦးတစ်ယောက်ထဲသာရှိသည်လေ။
.
.
.
.
သော်နဲ့တူတူသွား တူတူလုပ်ချင်တာတွေရှိသေးတယ်။

သော်. . .သော့်ကိုရော မေမေပြောပြလိုက်ပြီလား။
မပြောရသေးဘူးထင်ပါတယ်. . .သော် ပန်းကောက်နေတုန်းကပုံမှန်ပဲဟာကို. .
မိုးဦးရေအမြန်ချိုးလိုက်တယ်။
မေမေ့ကိုထပ်ပြီးနားချကြည့်ချင်တယ်(မျှော်လင့်ချက်အများကြီးတော့မရှိပေမဲ့ပေါ့)

"မေမေ. . .မနက်ဖန်... ချက်ချင်းကြီး. . .သား မလိုက်ချင်သေးဘူး.. .သော့်ကိုစက်ဘီးစီးသင်ပေးပြီးမှ လိုက်ခဲ့လို့ရလား. . .ဟင်"

"မိုးဦး. . .မေမေ. . .စကားများများမပြောပါရစေနဲ့. . .သားလဲဆယ်တန်းရောက်နေပြီ. . .အဓိကနဲ့သာမညခွဲခြါးတတ်အောင်မေမေသင်ခဲ့တယ်ထင်တာပဲ. . စိတ်အလိုလိုက်ရအောင် ကိုယ်ကကျောင်းသားဆိုတာလဲမမေ့နဲ့. . .ဟိုမှာသားဖေဖေ ဘော်ဒါအပ်ပြီးနေပြီ. . .သော်နဲ့ပဲခွဲရမှာမဟုတ်ဘူး. . .မေမေနဲ့လဲခဏခွဲနေရတော့မှာ. . .စာမေးပွဲပြီးမှကြိုက်တာလုပ်. . ဟုတ်ပြီလား"

မိုးဦးမျက်ရည်ဝိုင်းတက်လာတယ်။
မေမေ့ရှေ့တော့မငိုရဲ။
ဆက်ပြီးပြောစရာစကားလဲမရှိဖြစ်ရတယ်။

"သော့်ကို မေမေ ပြောလိုက်ပြီလား"

"ဖွားကိုပဲပြောထားရသေးတာ. . .သော်မသိသေးဘူး"

"သား. . .သား. . .ပဲပြောလိုက်မယ်. . .သော့်ကို"

"အေးပါ. . .သေချာရှင်းပြလိုက်. . .သော်ကလိမ္မာပါတယ်. . .သားရှင်းပြရင်လက်ခံမှာ. . .
ဒါကြောင့်. . .မေမေမပြောထားတာ"

"သား. . .သော့်ဆီခဏသွားမယ်နော်"

"ညစာစားချိန်ပြန်လာနော်"

"ဟုတ်ကဲ့. . .မေမေ"

အပြေးတပိုင်းထွက်သွားတဲ့ သားဖြစ်သူကိုကြည့်ရင်း. . .
မေမေ့မှာဒီသားလေးတစ်ယောက်ပဲရှိတာ
မေမေဒီလိုမလုပ်ရင်. . .မဖြစ်ဘူးလို့ပဲ ဒေါ်ခင်နှင်းတွေးပါသည်။
.
.
.

အဖွားအခန်းထဲရောက်တော့. . .ပန်းသီနေတဲ့. . .သော်
ဖွားကတော့သူ့မြေးကိုကုတင်ပေါ်ကနေလှမ်းကြည့်နေတယ်။ ဖွားသိပြီးသားဆိုတော့. . ဖွားရေ. . .ကျွန်တော်သော့်ကို ဘယ်လိုပြောရမလဲလို့ မိုးဦးစိတ်ထဲမှ တိုင်တည်မိသည်။

"ဟော. . .ကိုမိုးဦးလေး. . .လာ... ထိုင်"

မော့်ကြည့်တဲ့သော်...
ပြန်မကြည့်နိုင်. . .အရင်လိုမစနောက်နိုင်. . .ငိုပဲငိုချင်တယ်. . .ယောကျားပဲဆိုပေမဲ့.. .တင်းမထားနိုင်။
ရင်ထဲတစ်ဆစ်ဆစ်နဲ့ဒီဝေဒနါမျိုးမခံစားဖူးဘူးလေ
သော့်ကို့ဖြင့်ကြည့်တောင်မကြည့်ရဲ။
သနားလွန်းလို့. . .လွမ်းလွန်းလို့. . .သေမှာပဲ။

"ကိုကိုကြီး. . .ပြီးတော့မယ်နော်. . .ထမင်းစားဖို့လာခေါ်တာလား"

"အင်း"

မျက်နှာမကြည့်ဘဲဖြေမိတယ်။

"ဖွား. . .ထမင်းစားပြီးပြီလား. . .သော့်ကိုမေမေက ထမင်းစားဖို့ခေါ်ခိုင်းလိုက်တာ"

"ဖွားစားပြီးပြီ ကိုကိုကြီး. . .ဒေါ်ကြင်ရွာပြန်သွားလို့သားပဲပြင်ကျွေးလိုက်တာ"

သော်. . .သော်လေး. . .ဘာမှမသိရှာသေးလို့ပေါ့။ စိတ်လက်ပေါ့ပါးစွာပင် စကားပြောနေရှာတယ်။

ဖွားကတော့ သော်ကိုတလှည့် မိုးဦးကိုတလှည့် ကြည့်ရင်းသာ
အေးလေ. . .သံယောဇဥ်ကအပူပဲပေါ့။
အရွယ်နဲ့မမျှခံစားရတဲ့မြေးဖြစ်သူ သနားပေမဲ့ ခင်နှင်းပြောတာလဲ ဟုတ်နေတာပဲ. . .ပညာရေးအတွက်ပဲလေ။

ခဏနေတော့ပန်းသီလို့ပြီးသွားပြီ။

"ဖွား ဘုရားရှိခိုးတော့မလား. . .ဘုရားခန်းပို့ပေးရမလား"

"ရတယ်မြေး. . .သွားတော့. . .ဒီနေ့ဖွား နဲနဲမောတယ်
အခန်းထဲကနေပဲရှိခိုးတော့မယ်. . .သား ပန်းကပ်ပေးခဲ့တော့"

"ဟုတ်. . .ဖွား"

"ကိုကိုကြီး. . .သား ပန်းသွားကပ်လိုက်အုံးမယ်နော်. . .ခဏစောင့်အုံး"

"အင်း"

ဒီအင်းကိုတော့သူမသင်္ကါတော့ဘူးထင်ပါ့။
မိုးဦးကို သေသေချာချာကြည့်တယ်။
မျက်နှာကိုသာ အမြန်လွှဲမိလိုက်တယ်။

သော်ထွက်သွားတော့မှ. . .

"မြေး. . .ကိုမိုးဦး. . .စာသာကြိုးစားပါ. . .မေမေကအကောင်းဆုံးစီစဥ်ပေးထားတာ. . ."

ပြောတာခဏရပ်ပြီး ဖွား နားတယ်။

"သား စာမေးပွဲပြီးရင် သော့်ကိုလာခေါ်ပေါ့. . .ခုတော့ ဖွားကမမာတော့ သော်ရှိမှဖြစ်မှာ. . .သားညီလေးကိုသေချာရှင်းပြခဲ့ပါကွယ်"

ဘာမှပြန်မပြောနိုင်။
ရင်ထဲတင်းကျပ်လွန်းလို့ ငိုသာငိုချလိုက်မိတော့တယ်။

"ဖွား. . . .ဖွားရယ်. . ."

မဖြစ်သေးပါဘူး။
မိုးဦးမျက်ရည်ကိုလက်နဲ့ကြမ်းကြမ်းပွတ်သုတ်လိုက်တယ်။ သော်မြင်ရင်စိတ်ပူမယ် ဝမ်းနည်းမယ် ငါငိုနေလို့မဖြစ်ဘူး။
သော့်အတွက်တော့. . .ယုံကြည်ရာ. . .အားကိုးရာ. . ငါက. . .သော်စိတ်ဆင်းရဲအောင်လုပ်လို့မဖြစ်ဘူး
ငါဒီတစ်နှစ်မေမေဖြစ်စေချင်သလိုကြိုးစားလိုက်ရင်ရပြီပဲ။

"ကိုကိုကြီး. . .သွားမယ်လေ"

"အင်း. . ."

"သော်. . .လမ်းခဏလျှောက်ရအောင်နော်. . .ကိုကိုကြီးပြောစရာရှိလို့. . .ဗိုက်ဆာနေပြီလား"

"ရတယ်. . .သားမဆာသေးပါဘူး. . ."

သော်နဲ့အတူအိမ်ဖက်မပြန်ဘဲ လမ်းမတစ်လျှောက်လျှောက်လာခဲ့တယ်။

"သော်. . ."


ဆက်ရန်. . . .


Zawgyi

Unicode

"ေက်ာင္းပိတ္ၿပီဆိုေတာ့ ေသာ္ ဘယ္သြားခ်င္လဲ. . .ကိုကိုႀကီးလိုက္ပို႔မယ္"

ပန္းေကာက္ေနသူက ေမာ့္ၾကည့္ရင္း. . .

"ဟင့္အင္း. . .ကိုကိုႀကီးက ဆယ္တန္းတက္ရမွာ. . .ခဏပဲနားရမွာေပါ့. . .သား ဘယ္မွမသြားခ်င္ဘူး. . .ကိုကိုႀကီး ဆယ္တန္းစာေမးပြဲၿပီးမွ. . ."

"အင္း. . .ဘယ္သြားခ်င္လဲ. . .အကုန္လိုက္ပို႔မယ္"

ၿပဳံးၿပီးေခါင္းညိမ့္တယ္။
အၿမဲတမ္းၿပဳံးေနရင္ ခက္ေတာ့မွာပဲ...ေသာ္ရယ္။

ေသာ္က ကြၽန္ေတာ္အရမ္းခ်စ္ရတဲ့ညီေလး. . .အင္း. . .ဟုတ္ပါတယ္. . .ကြၽန္ေတာ့္ညီေလး. . .ကြၽန္ေတာ့္အပိုင္မိုလို႔ခ်စ္ေနတာပါ။

"သားေရ. . .ကိုမိုးဦး. . .ေသာ္ေလးေရ. .."

"ေမေမေခၚေနၿပီ ေသာ္. . .ျပန္ရေအာင္"

"ေရာက္ထဲက ေသာ့္နားေျပးတာပဲ. . .ခဏနား​ၿပီးရင္... ေရခ်ိဳးဖို႔လုပ္"

"ေသာ္ေရာ. . .ေရခ်ိဳးၿပီးၿပီလား. . ."

"သား ေရခ်ိဳးၿပီးၿပီ. . .အန္တီေမေမ"

"ေအး. . .ေအး. . .ေသာ္ေလး. . .ကိုကိုႀကီးျပန္ေခၚသြားမယ္ ၿပီးမွလိုက္လာခဲ့. . .ေနာ္. ..အိမ္မွာထမင္းစားရေအာင္. . .သားႀကိဳက္တဲ့ဝက္နံရိုးခ်က္ထားတယ္. . .ကိုကို​ႀကီး ႀကိဳက္တဲ့ပုစြန္ေရာပဲ. . .ဖြားတြက္ပန္းသီၿပီရင္လိုက္ခဲ့ေနာ္"

"ဟုတ္"

သားမိႏွစ္ေယာက္အိမ္ျပန္လာတယ္။အိမ္လဲေရာက္ေရာ ျပင္ဆင္ထားတဲ့အထုတ္ေတြကိုျမင္ေတာ့. . .

"ေမေမ. . .ဘာေတြလဲ"

မိုးဦး ေမေမ့ကိုေမးတယ္။

"သားေဖေဖဆီသြားဖို႔ေလ. . ."

"ခ်က္ခ်င္းႀကီးလား"

"အင္းေပါ့. . .ေဖေဖ ဟိုမွာတစ္ေယာက္ထဲ စားေရး ေသာက္ေရးခက္ေနတာၾကာၿပီ. . .ၿပီးေတာ့ သားအတြက္.... ေဘာ္ဒါအပ္ၿပီးၿပီ"

"ဟာ. . .ေမေမကလဲဗ်ာ. . .ခ်က္ခ်င္းဆိုသားမလိုက္ဘူး. . ."

ေဒၚခင္ႏွင္းဦး တေနကုန္ သိမ္းရ ထုတ္ရပင္ပန္းတာထက္ မိုးဦးကို နားခ်ဖိဳ႕ပိုေမာေနပါၿပီ။

"ကဲ. . .နားၿပီး. . .ေရခ်ိဳးဖို႔လုပ္. . .ေမေမသိမ္းစရာရွိတာသိမ္းအုံးမယ္. . .မနက္ဖန္... ေဖေဖကားလႊတ္ေပးလိမ့္မယ္"

မိုးဦး. . .ရင္ထဲတင္းက်ပ္ေနပါၿပီ။ေမေမကလဲကြာ. . .

ေမေမ့အေၾကာင္းမိုးဦးသိတယ္။လြယ္လြယ္ေလွ်ာ့ေပးမွာေတာ့မဟုတ္။စကားလဲပိုမေျပာတတ္သလို အလိုလိုက္စရာရွိတာအလိုလိုက္တတ္ေပမဲ့. . .စည္းကမ္းရွိသူ. . .စည္းကမ္းတင္းက်ပ္သူပါ။

ဒါဆို. . .ေသာ္ေရာ. . .ေသာ့္ကိုေရာေခၚသြားမွာလား
ေသာ္လဲေမေမခ်စ္တဲ့ကေလးပဲေလ။
ေမွ်ာ္လင့္ခ်က္နဲ႕ေမေမ့ဆီေျပး. . .ေမးရတယ္။

"ေမေမ. . .ေသာ့္ကိုေရာ. . .ေခၚသြားမလား. . .ဟင္"

"ေသာ္ကိုေခၚသြားလို႔ဘယ္ရမလဲသားရယ္. . .
အဖြားကသူ႕ေျမးကိုဘယ္ေပးမလဲ. . .အဖြားကက်မ္းမာေရးကခ်ဴခ်ာ. . .မသက္တို႔ကလဲသူတို႔ကိစၥနဲ႕သူတို႔. . .ဖြားကို. . .ေသာ္ပဲဂ႐ုစိုက္ေပးရမွာေလ"

"သား. . .သား. . .ေသာ္နဲ႕မခြဲနိုင္ဘူး"

တုန္ရီစြာအရဲစြန့္ေျပာခ်လိဳက္ၿပီးမွ. . .မိခင္ရဲ႕အၾကည့္ေၾကာင့္မိုးဦးေခါင္းငုံ႕ခ်မိတယ္။

ေဒၚခင္ႏွင္းဦးပ်က္သြားတဲ့မ်က္ႏွာကိုခ်က္ခ်င္းျပင္ရတယ္။ ကေလးႏွစ္ေယာက္ရဲ႕သံေယာဇဥ္ကိုနားလည္ေပမဲ့အ႐ြယ္ေတြမငယ္ၾကေတာ့ဘူး။ ၾကာေလ ၾကာေလ ခြဲရခက္ေလျဖစ္လာမွာစိုးရိမ္မိတယ္။ ဒါေပမဲ့. . .ဒီအခ်ိန္ သားျဖစ္သူကိုေခ်ာ့ၿပီးေခၚသြားဖို႔ပဲအေရးႀကီးတာပါ။

"ေသာ္နဲ႕. . .ခဏပဲခြဲရမွာပါ...သားရယ္. . .ဆယ္တန္းေျဖၿပီးျပန္လာေနေပါ့. . .ေမေမကအိမ္ကိုေရာင္းမပစ္ပါဘူး...သား. . .ေက်ာင္းပိတ္ရင္ျပန္လာေပါ့"

မိုးဦးေမေမ့ကိုသာေငးေနမိတယ္။
ေမေမက ဘယ္ေသာအခါမွအက်ိဳးအေၾကာင္းမဆီေလ်ာ္တာမ်ိဳးမလုပ္တတ္သူေလ။ ဒါေပမဲ့. . .ဒါေပမဲ့. . .ေမေမရယ္.... ခက္လိုက္တာဗ်ာ။
မိုးဦးရင္ထဲ တင္းက်ပ္စြာခံစားရတယ္။ အခုေလးတင္ ေတြ႕လာခဲ့ရတဲ့ ေသာ့္ဆီေျပးကာ ဖက္ထားခ်င္စိတ္ကို ထိန္းရတယ္။ ေသာ့္ကိုတကယ္မခြဲနိုင္တာပါ။

ေသာ့္ကိုစက္ဘီးစီးသင္ေပးခ်င္ေသးတယ္။
ေသာ္နဲ႕အတူခေရပန္းေကာက္ခ်င္ေသးတယ္။
ေသာ္ေျပာသမွ်တေန႕တာအေတြ႕အႀကဳံေတြကို ေသာ့္ေခါင္းေလးရင္ခြင္ထဲထည့္ၿပီးနားေထာင္ခ်င္ေသးတယ္။
ေသာ့္ရဲ႕အားကိုးတႀကီး တိုင္ေတာသံေလးေတြၾကားခ်င္ေသးတယ္။
မိုးဦးအနားမွာ လူေတြမ်ားေပမဲ့ ေသာ့္အတြက္ေတာ့ မိုးဦးတစ္ေယာက္ထဲသာရွိသည္ေလ။
.
.
.
.
ေသာ္နဲ႕တူတူသြား တူတူလုပ္ခ်င္တာေတြရွိေသးတယ္။

ေသာ္. . .ေသာ့္ကိုေရာ ေမေမေျပာျပလိုက္ၿပီလား။
မေျပာရေသးဘူးထင္ပါတယ္. . .ေသာ္ ပန္းေကာက္ေနတုန္းကပုံမွန္ပဲဟာကို. .
မိုးဦးေရအျမန္ခ်ိဳးလိုက္တယ္။
ေမေမ့ကိုထပ္ၿပီးနားခ်ၾကည့္ခ်င္တယ္(ေမွ်ာ္လင့္ခ်က္အမ်ားႀကီးေတာ့မရွိေပမဲ့ေပါ့)

"ေမေမ. . .မနက္ဖန္... ခ်က္ခ်င္းႀကီး. . .သား မလိုက္ခ်င္ေသးဘူး.. .ေသာ့္ကိုစက္ဘီးစီးသင္ေပးၿပီးမွ လိုက္ခဲ့လို႔ရလား. . .ဟင္"

"မိုးဦး. . .ေမေမ. . .စကားမ်ားမ်ားမေျပာပါရေစနဲ႕. . .သားလဲဆယ္တန္းေရာက္ေနၿပီ. . .အဓိကနဲ႕သာမညခြဲျခါးတတ္ေအာင္ေမေမသင္ခဲ့တယ္ထင္တာပဲ. . စိတ္အလိုလိုက္ရေအာင္ ကိုယ္ကေက်ာင္းသားဆိုတာလဲမေမ့နဲ႕. . .ဟိုမွာသားေဖေဖ ေဘာ္ဒါအပ္ၿပီးေနၿပီ. . .ေသာ္နဲ႕ပဲခြဲရမွာမဟုတ္ဘူး. . .ေမေမနဲ႕လဲခဏခြဲေနရေတာ့မွာ. . .စာေမးပြဲၿပီးမွႀကိဳက္တာလုပ္. . ဟုတ္ၿပီလား"

မိုးဦးမ်က္ရည္ဝိုင္းတက္လာတယ္။
ေမေမ့ေရွ႕ေတာ့မငိုရဲ။
ဆက္ၿပီးေျပာစရာစကားလဲမရွိျဖစ္ရတယ္။

"ေသာ့္ကို ေမေမ ေျပာလိုက္ၿပီလား"

"ဖြားကိုပဲေျပာထားရေသးတာ. . .ေသာ္မသိေသးဘူး"

"သား. . .သား. . .ပဲေျပာလိုက္မယ္. . .ေသာ့္ကို"

"ေအးပါ. . .ေသခ်ာရွင္းျပလိုက္. . .ေသာ္ကလိမၼာပါတယ္. . .သားရွင္းျပရင္လက္ခံမွာ. . .
ဒါေၾကာင့္. . .ေမေမမေျပာထားတာ"

"သား. . .ေသာ့္ဆီခဏသြားမယ္ေနာ္"

"ညစာစားခ်ိန္ျပန္လာေနာ္"

"ဟုတ္ကဲ့. . .ေမေမ"

အေျပးတပိုင္းထြက္သြားတဲ့ သားျဖစ္သူကိုၾကည့္ရင္း. . .
ေမေမ့မွာဒီသားေလးတစ္ေယာက္ပဲရွိတာ
ေမေမဒီလိုမလုပ္ရင္. . .မျဖစ္ဘူးလို႔ပဲ ေဒၚခင္ႏွင္းေတြးပါသည္။
.
.
.

အဖြားအခန္းထဲေရာက္ေတာ့. . .ပန္းသီေနတဲ့. . .ေသာ္
ဖြားကေတာ့သူ႕ေျမးကိုကုတင္ေပၚကေနလွမ္းၾကည့္ေနတယ္။ ဖြားသိၿပီးသားဆိုေတာ့. . ဖြားေရ. . .ကြၽန္ေတာ္ေသာ့္ကို ဘယ္လိုေျပာရမလဲလို႔ မိုးဦးစိတ္ထဲမွ တိုင္တည္မိသည္။

"ေဟာ. . .ကိုမိုးဦးေလး. . .လာ... ထိုင္"

ေမာ့္ၾကည့္တဲ့ေသာ္...
ျပန္မၾကည့္နိုင္. . .အရင္လိုမစေနာက္နိုင္. . .ငိုပဲငိုခ်င္တယ္. . .ေယာက်ားပဲဆိုေပမဲ့.. .တင္းမထားနိုင္။
ရင္ထဲတစ္ဆစ္ဆစ္နဲ႕ဒီေဝဒနါမ်ိဳးမခံစားဖူးဘူးေလ
ေသာ့္ကို႔ျဖင့္ၾကည့္ေတာင္မၾကည့္ရဲ။
သနားလြန္းလို႔. . .လြမ္းလြန္းလို႔. . .ေသမွာပဲ။

"ကိုကိုႀကီး. . .ၿပီးေတာ့မယ္ေနာ္. . .ထမင္းစားဖို႔လာေခၚတာလား"

"အင္း"

မ်က္ႏွာမၾကည့္ဘဲေျဖမိတယ္။

"ဖြား. . .ထမင္းစားၿပီးၿပီလား. . .ေသာ့္ကိုေမေမက ထမင္းစားဖို႔ေခၚခိုင္းလိုက္တာ"

"ဖြားစားၿပီးၿပီ ကိုကိုႀကီး. . .ေဒၚၾကင္႐ြာျပန္သြားလို႔သားပဲျပင္ေကြၽးလိုက္တာ"

ေသာ္. . .ေသာ္ေလး. . .ဘာမွမသိရွာေသးလို႔ေပါ့။ စိတ္လက္ေပါ့ပါးစြာပင္ စကားေျပာေနရွာတယ္။

ဖြားကေတာ့ ေသာ္ကိုတလွည့္ မိုးဦးကိုတလွည့္ ၾကည့္ရင္းသာ
ေအးေလ. . .သံေယာဇဥ္ကအပူပဲေပါ့။
အ႐ြယ္နဲ႕မမွ်ခံစားရတဲ့ေျမးျဖစ္သူ သနားေပမဲ့ ခင္ႏွင္းေျပာတာလဲ ဟုတ္ေနတာပဲ. . .ပညာေရးအတြက္ပဲေလ။

ခဏေနေတာ့ပန္းသီလို႔ၿပီးသြားၿပီ။

"ဖြား ဘုရားရွိခိုးေတာ့မလား. . .ဘုရားခန္းပို႔ေပးရမလား"

"ရတယ္ေျမး. . .သြားေတာ့. . .ဒီေန႕ဖြား နဲနဲေမာတယ္
အခန္းထဲကေနပဲရွိခိုးေတာ့မယ္. . .သား ပန္းကပ္ေပးခဲ့ေတာ့"

"ဟုတ္. . .ဖြား"

"ကိုကိုႀကီး. . .သား ပန္းသြားကပ္လိုက္အုံးမယ္ေနာ္. . .ခဏေစာင့္အုံး"

"အင္း"

ဒီအင္းကိုေတာ့သူမသကၤါေတာ့ဘူးထင္ပါ့။
မိုးဦးကို ေသေသခ်ာခ်ာၾကည့္တယ္။
မ်က္ႏွာကိုသာ အျမန္လႊဲမိလိုက္တယ္။

ေသာ္ထြက္သြားေတာ့မွ. . .

"ေျမး. . .ကိုမိုးဦး. . .စာသာႀကိဳးစားပါ. . .ေမေမကအေကာင္းဆုံးစီစဥ္ေပးထားတာ. . ."

ေျပာတာခဏရပ္ၿပီး ဖြား နားတယ္။

"သား စာေမးပြဲၿပီးရင္ ေသာ့္ကိုလာေခၚေပါ့. . .ခုေတာ့ ဖြားကမမာေတာ့ ေသာ္ရွိမွျဖစ္မွာ. . .သားညီေလးကိုေသခ်ာရွင္းျပခဲ့ပါကြယ္"

ဘာမွျပန္မေျပာနိုင္။
ရင္ထဲတင္းက်ပ္လြန္းလို႔ ငိုသာငိုခ်လိဳက္မိေတာ့တယ္။

"ဖြား. . . .ဖြားရယ္. . ."

မျဖစ္ေသးပါဘူး။
မိုးဦးမ်က္ရည္ကိုလက္နဲ႕ၾကမ္းၾကမ္းပြတ္သုတ္လိုက္တယ္။ ေသာ္ျမင္ရင္စိတ္ပူမယ္ ဝမ္းနည္းမယ္ ငါငိုေနလို႔မျဖစ္ဘူး။
ေသာ့္အတြက္ေတာ့. . .ယုံၾကည္ရာ. . .အားကိုးရာ. . ငါက. . .ေသာ္စိတ္ဆင္းရဲေအာင္လုပ္လို႔မျဖစ္ဘူး
ငါဒီတစ္ႏွစ္ေမေမျဖစ္ေစခ်င္သလိုႀကိဳးစားလိုက္ရင္ရၿပီပဲ။

"ကိုကိုႀကီး. . .သြားမယ္ေလ"

"အင္း. . ."

"ေသာ္. . .လမ္းခဏေလွ်ာက္ရေအာင္ေနာ္. . .ကိုကိုႀကီးေျပာစရာရွိလို႔. . .ဗိုက္ဆာေနၿပီလား"

"ရတယ္. . .သားမဆာေသးပါဘူး. . ."

ေသာ္နဲ႕အတူအိမ္ဖက္မျပန္ဘဲ လမ္းမတစ္ေလွ်ာက္ေလွ်ာက္လာခဲ့တယ္။

"ေသာ္. . ."


ဆက္ရန္. . . .



Continua llegint

You'll Also Like

6.2K 470 10
တမ္​းခ်င္​းမ်ားသို႔ .... ဦးတည္​ျခင္​း ယံုၾကည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​တစ္​ခုမွာ မ်က္​၀န္​းျပာမ​ေလး​ေတြကိုရင္​မခုန္​ပါနဲ႔ဆိုတဲ့ သ၀န္တိုစာ​ေလး​ေတာ...
188K 8.8K 97
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့...
90.7K 9.4K 35
အျခားသူေတြအတြက္ ကမၻာႀကီးက လံုးလား ျပားလား မသိေပမဲ့ ေဘဘီ့ကမၻာႀကီးက လံုးတယ္ဗ်။ ငါတို႔ ကမၻာႀကီးက အလံုး။ ကမၻာႀကီးရဲ႕ အခ်စ္စြမ္းအားေၾကာင့္ ရပ္တည္ႏိုင္တာ...
1.4M 176K 150
BL