Emperor and the Knightness (Z...
By CrystSnow
7.4K 671 32
Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More
အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁
အခန်း ၂၅၁
43 4 0
By CrystSnow
Frau အတွက် ကျေးဇူးတင်စရာကောင်းတာတစ်ခုက သူ့ဇနီးရဲ့မိဘတွေနေတဲ့ မြို့မှာတော့ သူ့သားက အရမ်းဆိုးဆိုးရွားရွားဆက်ဆံတာမျိုး မခံရပေ. သူ့ဘိုးဘွားတွေက အေးဆေးနေတတ်တာကြောင့် သူ့တို့နေ့စဉ်ဘဝကို လုံးဝပုန်းကွယ်ကာနေခဲ့ပြီး Frau က သူတို့ကို နားလည်ပေးခဲ့သည်. Frau က ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာမိသားစုမှာ မွေးဖွားခဲ့တာ ဖြစ်သည်. သူက သခင်လေးတစ်ယောက်အဖြစ် သက်တောင့်သက်သာရှိတဲ့ဘဝမျိုးနဲ့ နေထိုင်ခဲ့ရသည်. သူက သူ့အချစ်အတွက် ဒီလိုဘဝကို လက်လွှတ်ခဲ့ပြီး သူကိုယ်တိုင် အဖေတစ်ယောက် ဖြစ်လာတော့ သူက သူ့မိဘတွေ ဘယ်လိုခံစားခဲ့ရမလဲဆိုတာကို နားလည်လာခဲ့သည်. သူ့မိဘတွေက သူ့ကို ချစ်လို့သာ အစေခံနဲ့ လက်ထပ်မှာကို ကန့်ကွက်ခဲ့တာဖြစ်သည်. တကယ်လို့ Frau က ဒီလိုလက်ထပ်ခဲ့ရင် သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်တွေက ခက်ခဲပင်ပန်းမှာကို သူတို့သိခဲ့သည်. Frau ရဲ့ ဘယ်ကလေးပဲဖြစ်ဖြစ် သာမာန်လူတန်းစားအဖြစ် သတ်မှတ်ခံရမှာဖြစ်တာကြောင့် သူတို့ဘဝတွေက ပင်ပန်းဆင်းရဲစွာနဲ့ အသက်ရှင်ရမှာဖြစ်သည်.
Frau ရဲ့အိမ်က အလုပ်သမားတစ်ယောက်က Frau ဆီကို လာလည်တုန်းက Frau ရဲ့သားက သူ့ကို အလေးအနက်ဦးညွှတ်ခဲ့သည်. Frau ကို ဦးညွှတ်နေခဲ့ရတဲ့ အလုပ်သမား.. Frau က သူ့သားကို ဒီလိုမလုပ်ဖို့ ပြောခဲ့ပေမဲ့ မရတော့ပေ. သူ့ရဲ့အမေဘက်က ဘိုးဘွားတွေက သူတို့မြေးကို သာမာန်လူတန်းစားအဖြစ်သာ ကြီးပြင်းလာစေချင်သည်.
ဒါက သူ့ရဲ့သေသွားတဲ့ဇနီးနဲ့ ကလေးရခဲ့တဲ့အတွက် ပထမဆုံးအကြိမ်အဖြစ် Frau က နောင်တရမိတာဖြစ်သည်. ဒါကြောင့်ပဲ သူ့မိဘတွေက ဒီလက်ထပ်ပွဲကို ဆန့်ကျင်ခဲ့တာဖြစ်မည်. Frau က သေချာစဉ်းစားလိုက်သည်. သူက အချစ်အတွက် အရာအားလုံးကို လက်လျော့ခဲ့ပေမဲ့ သူကျရှုံးပြီးတဲ့နောက်မှာ ဘယ်သူကမှ သူ့ကို သာမာန်လူတန်းစားတစ်ယောက်အဖြစ် မဆက်ဆံရဲကြပေ. ဒါပေမဲ့ သူ့သားအတွက်တော့ လုံးဝမတူညီတဲ့အကြောင်းအရာဖြစ်သွားသည်. သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကနေ မွေးဖွားလာတဲ့ သူ့သားက သာမာန်လူတန်းစားအဖြစ် အသက်ရှင် နေထိုင်သွားရတော့မည်. ဒါက Frau အတွက်လက်ခံဖို့ မဖြစ်နိုင်ပေမဲ့ ဒါက ဒီကမ္ဘာကြီးရဲ့ သတ်မှတ်ချက်ဖြစ်သည်. Frau ရဲ့ ညီအစ်ကိုတွေက သူ့ကို ခွင့်မလွှတ်ခဲ့ပဲ သူ့ကို သူတို့ရဲ့ မိသားစုအဖြစ် အသိအမှတ်ပြုဖို့အတွက် ငြင်းဆန်ခဲ့ကြသည်. တကယ်လို့ Frau က သူ့သားကို စွန့်ပစ်ခဲ့ရင်တော့ သူ့ကို မိသားစုကနေ ပြန်လက်ခံလောက်မည်. ဘာနည်းလမ်းနဲ့ပဲဖြစ်ဖြစ် Frau ရဲ့သားက အထက်တန်းလွှာတစ်ယောက်ဖြစ်လာမှာ မဟုတ်ပေ.
Frau က သူ့သားကို လက်မလျော့ခဲ့ပေ. သူက သူ့သားကို စွန့်ပစ်တာထက် သာမန်လူတန်းစားအဖြစ်သာ နေသွားလိုက်မည်. သူ့သားက သူ့အတွက် အရာအားလုံးဖြစ်သည်. သူ့သားအတွက် အကောင်းဆုံးစဉ်းစားပေးလို့ရတာက သူ့သားပညာရေးအတွက် ပိုက်ဆံအများကြီးရှာပြီး သူ့သားကို အစိုးရအရာရှိတစ်ယောက်ဖြစ်လာအောင် သင်ကြားပေးဖို့ဖြစ်သည်. ဒါပေါ့.. ဒါကရော ဖြစ်နိုင်ပါ့မလား? သူ့မိသားစုက ဒီလိုဖြစ်မလာအောင် တစ်နည်းနည်းနဲ့ မတားဆီးနိုင်ဘူးလား?
Frau က ဘာလုပ်ရမလဲ မသိတော့ပေ.
အဲ့အချိန်လောက်မှာပဲ သူက Marquess Winter ရဲ့အကြောင်းကို စတင်ကြားခဲ့ရတာဖြစ်သည်.
"သေစမ်း... အမျိုးသမီးတစ်ယောက် ဒီလိုအဆင့်မြင့်အထက်တန်းလွှာအဆင့်ကို ရနေတာလား?"
"Marquess? ဒါက ဟာသတစ်ခုလား?.. ငါပြောချင်တာက.. ဒီမိန်းမက ငါတို့ထက် အဆင့်အများကြီးမြင့်သွားမှာမလား!"
"သူမက စစ်အတွင်းမှာ အများကြီး စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ သိပေမဲ့ ဒီလောက်က မများလွန်းဘူးလား?"
"ပြီးတော့ သူမက မြုံနေတာလို့ ကြားတယ်..."
"အဲ့တာဆိုရင် သူမလက်ထပ်လိုက်ရင် သူမခင်ပွန်းက ဒီဘွဲ့ထူးကို ရမှာလား?"
"မဟုတ်ဘူး.. အဲ့လိုတော့မဟုတ်ဘူး.. ငါကြားတာကတော့ အမွေဆက်ခံသူကပဲ ဘွဲ့ထူးကို ဆက်ခံခွင့်ရှိတာ. ဒါပေမဲ့ သူမက မြုံနေတာဆိုတော့. သူမက သားတစ်ယောက်လောက် မွေးစားမယ် ထင်တယ်"
"သူမကလဲ မိဘမဲ့လို့ ငါကြားတယ်. ဒါဆို သူမရဲ့ ဆွေမျိုးသားချင်းတွေဆီကနေလဲ မွေးစားလို့မရနိုင်ဘူးပေါ့. ဟုတ်တယ်မလား? ဒါဆို သူမရဲ့မျိုးရိုးနာမည်က သူမသေသွားတာနဲ့ မျိုးဆက်ပြတ်သွားမှာပဲ"
"သားတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက်က သူမကို လက်ထပ်လိုက်ရင်တော့ အဲ့ဒီသားက အားလုံးရလိုက်မှာပဲ. ဘယ်လိုခွေးကောင်က အဲ့လောက်ကံကောင်းနိုင်မလဲ!"
"မင်းရူးနေလား? အဲ့လို ရုပ်ဆိုးတဲ့မိန်းမကို ဘယ်စိတ်မှန်တဲ့ကောင်က လက်ထပ်မှာလဲ?"
သတ္တိကြောင်ပြီးတော့ နမော်နမဲ့နိုင်တဲ့ ယောက်ျားတွေက အတင်းတုတ်နေပြီး Frau က ခိုးနားထောင်နေခဲ့သည်. Frau က အံ့ဩသွားပြီး အဲ့နေ့ကစလို့ Marquess Winter အကြောင်းတွေကို စတင်လေ့လာတော့တာ ဖြစ်သည်.
Aehas မှာ မိသားစုထဲမှာ အမျိုးသားအမွေဆက်ခံသူမရှိခဲ့ရင် သမီးဖြစ်သူက မိသားစုနာမည်ကို ဆက်ခံခွင့်ရှိသည်. Acreia မှာတော့ အမျိုးသမီးတစ်ယောက်က မျိုးရိုးနာမည်ဆက်ခံခွင့် မရှိတာကြောင့် အမျိုးသားအမွေဆက်ခံသူကို ဆွေမျိုးသားချင်းတွေထဲကနေ မွေးစားရသည်.
ဒါဆို ဆွေမျိုးသားချင်းမရှိတဲ့ မြုံနေတဲ့ အမျိုးသမီးတစ်ယောက်က တရားမဝင်သားတစ်ယောက်ရှိတဲ့သူနဲ့ လက်ထပ်လိုက်ရင် ဘာဖြစ်လာမလဲ? ဒီလူရဲ့ ကလေးက တရားဝင်အမွေဆက်ခံသူ ဖြစ်လာနိုင်သည်.
ဒါက Frau Sneke လိုချင်တဲ့အတိုင်း ကွက်တိဖြစ်နေသည်. ဒါက သူ့ရဲ့ပန်းတိုင်ဖြစ်သည်.
***
ဧကရာဇ်ရော တခြားစစ်သည်တွေကပါ Frau ရဲ့ အတိတ်အကြောင်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်မသိကြပေ. အမှန်တော့ သူတို့က သိကို မသိချင်ကြတာဖြစ်သည်. Frau က သူ့သားရှိနေတာကို တမင်ဖုံးထားတာက ပြဿနာဖြစ်နေသည်. တကယ်လို့ Poliana က ဒီအကြောင်းကို သိခဲ့ရင် သူမက သူ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါ့မလား? မဖြစ်နိုင်ဘူး. Poliana က အဲ့လောက်ရိုးအတဲ့သူ မဟုတ်ပေ.
Lucius က သူ့ဒေါသတွေကို မဖုံးထားနိုင်တော့ပေ. တစ်ကိုယ်တည်းသမားအဖြစ် Poliana က ထင်မှတ်မထားလောက်အောင် ချမ်းသာကြွယ်ဝပြီးတော့ အာဏာရှိသည်. သူမဆီကနေ တစ်ခုခုရလိုစိတ်နဲ့ သူမကို ချဉ်းကပ်ကြတဲ့သူတွေအများကြီး ရှိပေမဲ့ ဒီအမျိုးသားတွေက သူမကို လက်ထပ်ခွင့်တောင်းရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ရိုးသားပွင့်လင်းစွာနဲ့ ဝန်ခံခဲ့ကြသည်. သူတို့က သူတို့ရဲ့ လက်ထပ်ဖူးတဲ့အကြောင်းတွေနဲ့ ကလေးတွေရှိခဲ့ရင်လဲ ကလေးတွေအကြောင်းကိုပါ ပြောပြခဲ့သည်. တစ်ချို့အမျိုးသားတွေက သူတို့ရဲ့ မယားငယ်တွေနဲ့ ကိုယ်လုပ်တော်တွေအကြောင်းကိုပါ ပြောပြခဲ့သည်.
Poliana က Acreian အထက်တန်းလွှာမဟုတ်ခဲ့တာကြောင့် သူမကို အရူးလုပ်ဖို့ မခဲယဉ်းပေ. Acreian အထက်တန်းလွှာအမျိုးသားတွေရဲ့ အတိတ်က ကောလဟာလတွေကို သူမအနေနဲ့ သိလာနိုင်ဖို့ မလွယ်ကူပေမဲ့ သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဒီလူတွေက သူမကို ပွင့်လင်းစွာနဲ့ ဝန်ခံခဲ့သည်. ဒါက ဘာလို့လဲဆို‌တော့ Poliana က Lucius နဲ့ အရင်းနှီးဆုံးဖြစ်နေလို့ဖြစ်ပြီး တစ်ယောက်ယောက်က သူမကို အရူးလုပ်ဖို့ ကြိုးစားခဲ့ရင် ဒီလူက ဧကရာဇ်ရဲ့ ဒေါသကိုပါ ရင်ဆိုင်ရမှာဖြစ်သည်. Poliana ကိုယ်တိုင်က ကြောက်စရာကောင်းတဲ့အမျိုးသမီးဖြစ်သည်. သူမအကြောင်းကို သိတဲ့သူတွေက သူမကို မလေးမစား မဆက်ဆံရဲကြပေ.
အနှစ်ချုပ်လိုက်တော့ Frau က အရူးတစ်ယောက်ဖြစ်သည်. သူက ဒီအတိုင်းရူးမိုက်တာလား ဒါမှမဟုတ် ဒီလို အန္တာရယ်များပြီး စွန့်စားရမဲ့အရာကို လုပ်ရဲတဲ့အထိပဲ ရူးမိုက်တာလား?
***
အထက်တန်းလွှာတွေအတွက် လက်ထပ်ခြင်းက စီးပွားရေးဆန်ပြီး တရားဝင်သတ်မှတ်မထားတဲ့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေရှိသည်. ဒါက အထက်တန်းလွှာအသိုင်းအဝိုင်းရဲ့ အခြေခံအချက် ဖြစ်သည်. Frau လိုမျိုး လူတစ်ယောက်က တခြားအထက်တန်းလွှာတစ်ယောက်ကို အရူးလုပ်ဖို့ ကြိုးစားတာက အဆိုးဆုံးထဲက အဆိုးဆုံးဖြစ်သည်.
Lucius အပါအဝင် အခန်းထဲမှာ ရှိနေတဲ့လူအားလုံးက ဒေါသဖြစ်လာကြသည်.
"ဒီလို သိုက်တူးသမားမျိုးက အဆိုးဆုံးပဲ. အဆိုးဆုံးပဲ!.. ငါ ဒီလိုကြောက်စရာကောင်းတဲ့လူမျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး! သူမရဲ့ချမ်းသာကြွယ်ဝမှုနောက်ကို လိုက်တာက... ဒါက ဆိုးရွားပေမဲ့ နားလည်ပေးလို့ရသေးတယ်. ဒါပေမဲ့ သူမရဲ့ မျိုးရိုးနာမည်နဲ့ ဘွဲ့ထူးကို လိုချင်တာကျတော့... သူ့ရဲ့တရားမဝင်သားကို နောက်လာမဲ့ Marquis Winer ဖြစ်အောင်လုပ်ဖို့... သူက ဘယ်လိုတောင်အတင့်ရဲရတာလဲ! သူက အပြစ်ကင်းပြီး တုံးအချင်ယောင်ဆောင်နေတာ.. တကယ်တော့ သူက အရမ်းတော်တဲ့ လူလိမ်တစ်ယောက်ပဲ!"
Frau ကို အစေခံနဲ့ လက်ထပ်ဖို့ Lucius က ခွင့်ပြုချက်မပေးခဲ့ပေ. စစ်ပွဲကာလအတွင်း Acreia ကို အုပ်ချုပ်ခဲ့တဲ့ Duke Luzo ကလဲ ဒီလိုခွင့်ပြုချက်မျိုး ပေးခဲ့မှာ မဟုတ်ပေ. အထက်တန်းလွှာ တစ်ယောက်က တရားဝင်အုပ်ချုပ်သူထံကနေ ခွင့်ပြုချက်ရမှသာ လက်ထပ်ခွင့်ရမှာ ဖြစ်သည်. ခွင့်ပြုချက်မရှိတဲ့ လက်ထပ်မှုက တရားမဝင်ဘူးလို့ ယူဆလို့ရသည်. ဒါ့ကြောင့် Frau ရဲ့သားက တရားမဝင်သားဖြစ်သည်.
တကယ်လို့ Frau က သူ့ရဲ့ အထက်တန်းလွှာအဆင့်ကို ပိုင်ဆိုင်ချင်ရင်တော့ သူ့သားကို တရားမဝင်သားအဖြစ် မသတ်မှတ်ပဲ နေလို့မရပေ. ဒါပေမဲ့ သူက သာမာန်လူတန်းစားဖြစ်ခဲ့ရင်တော့ သူ့သားက တရားဝင်သားတစ်ယောက်ဖြစ်လာနိုင်ပေမဲ့ သူက Poliana နဲ့ လက်ထပ်လို့မရပေ.
ဒါဆို Frau က အထက်တန်းလွှာတစ်ယောက်အဖြစ် Poliana ကိုလက်ထပ်ပြီးတော့ သူ့ရဲ့ တရားမဝင်သားကို နောက်လာမဲ့ Marquis Winter ဖြစ်အောင် လုပ်တာက...
"ဒါက ဒီရာစုနှစ်အတွင်းမှာ အဆိုးရွားဆုံး လိမ်လည်မှုပဲ!"
သူ့မွေးစားအစ်မအကြောင်းကို စဉ်းစားနေတဲ့ Sir Donau က သူ့ခေါင်းကို ရမ်းလိုက်သည်. သူ့ညီဘေးမှာထိုင်နေတဲ့ Sir Howe ကတော့ Frau ကို နှိပ်စက်ဖို့ နည်းလမ်းတွေကို တီးတိုးရေရွတ်နေသည်. ဒီညီအစ်ကိုက အဓိပ္ပါယ်မရှိမှန်းသိပေမဲ့ သူတို့မှာ တူညီတဲ့သဘောထားတစ်ခုရှိသည်. သူတို့က Frau ကို သတ်ပစ်ချင်နေသည်. Poliana ကို ဆွေမျိုးမရှိဘူးလို့ ယူဆကာ အသုံးချဖို့လွယ်လောက်မယ်လို့ Frau က ထင်မှတ်ခဲ့တာက Lucius ကို ဒေါသအကြီးအကျယ်ထွက်စေခဲ့တာဖြစ်သည်. အမှန်တော့ သူမမှာ သူမရဲ့မွေးစားမောင်တွေဖြစ်တဲ့ Sir Donau နဲ့ Sir Howe တို့ရှိနေသည်!
Frau Sneke က သေကို သေရမယ်! 
Continue Reading
You'll Also Like
3.9K 54 34
ပရော်ဖက်ရှင်နယ် ထွမ်စလေတာ မဟုတ်ပါဘူးနော်.. စာစဉ်ရှာရတာ ဖတ်ရတာ ဒုက္ခရောက်နေသူတွေ အတွက် အဆင်ပြေအောင် အားနေတုန်းလေး ကူညီတာပါ အဆုံးထိပြန်ဖြစ်မလား ကတိမပေး...
181K 36.5K 159
Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy
321K 34.4K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.2M 63.8K 50