အပြစ်တွေကျူးလွန်မိထားပြီဟုယူဆ
ရသော ရင်ဘက်အပြည့်ကိုက်ရာနီနီ
တွေလက်ခံရရှိခဲ့တဲ့ ညကစ
နေရတာမလုံခြုံခဲ့......။
ဘဝက ကျွံကျနေပြီ....ထိုကောင်လေးရဲ့
အသံတိုးတိုးတွေကြားမှာ...
ကိုယ့်ကိုကိုယ်မသိချင်ယောင်ခြင်းအနုပညာ
မှာသိပ်ကျွမ်းကျင်တယ်လို့လည်းမဟုတ်ပေမယ့်
ခံစားရသမျှကို မသိကျုံးနွံပြုကာ
နောက်တနေ့မနက်မိုးမလင်းခင်ပြန်ပြေးခဲ့ရပြန်သည်။
နောက်ရက်တွေတော့..သူအနေအထိုင်
ဆင်ခြင်တာထက် JungKookနှင့်
မဆက်နွယ်မိအောင်ကြိုးစားနေသည်....။
မတွေ့ချင် မမြင်ချင်...မပတ်သတ်ချင်၍
မဟုတ်ပါ...တွေ့ချင် မြင်ချင်နေ၍ဖြစ်သည်။
ထိုကောင်လေးသည်....သူ့ကိုယ်သူလိပ်ပြာ
လေးတစ်ကောင်ဖြင့်နှိုင်းယှဉ်အသက်ရှင်
ခဲ့တာ သိပ်လွန်ကြူးခြင်းတော့မဟုတ်ပါ....။
ညိုးငယ်သွားတဲ့အခါ...မဲ့ကျသွားသော
မျက်နှာလေးကအစ သဘောတကျရီမော
တဲ့အခါ ပေါ်လာတတ်တဲ့
သွားတန်းဖြူဖြူလေးတွေအဆုံး.....။
ရှက်သွားတဲ့အခါနားရွက်ကလေးကို
လက်ကလေးဖြင့်အုပ်လိုက်တာအစ
ဝိုင်းစတဲ့အခါ နှာခေါင်းလေးရှုံ့ကာ အသံသေးသေး
လေးနဲ့ ပြန်ငြင်းတာ.အဆုံး...
စားပွဲခုံပုလေးနဲ့မနက်စာတွေအတူတူ
စားဖြစ်တဲ့အခါ တင်ပါးအောက်ခြေထောက်လေး
ဖိကာ ကျုံ့ကျုံ့လေးထိုင်ပြီး
တွေ့သမျှအကုန်ပါးစပ်ထဲ
အားရပါးရထည့်စားတတ်သည့်ပုံရိပ်လေး
တွေသည်....
ငါ့ကိုလာမကပ်စမ်းနဲ့လို့ ပြောပစ်လိုက်ဖို့
စိတ်ရော ကိုယ်ပါ လက်မခံခဲ့ပါ....။
လုပ်အားပေးပြီးပြန်လာတိုင်းသူစောင့်နေတတ်
ကာစကားတွေတတွတ်တွတ်ပြောတတ်သည်။
တအင်းအင်း ထောက်ခံကာ
JinHyung တို့ အဖွားတို့ အကြည့်တွေကိုလည်း
အထူးသတိထားခဲ့ရသည်...။
အရမ်း တက်ကြွစွာ အင်း အဲ လုပ်လို့မရသလို
စိတ်မပါသလို ပြီးစလွယ်နားထောင်ပေးလို့လည်းမရပါ။
တချို့နေ့တွေမစောင့်နေလျှင် ကြိတ်ရှာမိတတ်ပြီး
ထယ်ယောင်းနှင့်စကားပြောနေတတ်တာမျိုး
တစုံတခုကို အာရုံအပြည့်အဝရောက်နေကာ
သူ့ကို လုံးဝဂရုမစိုက်လျှင်
ငါပြန်လာပီလေ လို့ပြေးပြောချင်ခဲ့သည်....။
သို့သော် တကယ်ပြေးပြော၍မရပါ..
မခေါ်လျှင်မခေါ်တဲ့အတိုင်းထားပြီး
မြိုသိပ်ကာအခန်းထဲဝင်ခဲ့ရသည်...။
မျက်နှာပေါ်တွင်လည်းဘာအရိပ်တခုမှ
မပေါ်လွင်စေရန်လည်းဂရုစိုက်ရသေးသည်....။
သိပ်ပင်ပန်းတဲ့ဇာတ်ကောင်တခုလိုပဲ...
ကျတော်သိပ်သရုပ်ဆောင်ကောင်းလွန်းခဲ့တယ်...
ဘယ်ဘက်ကလှည့်ထွက်ထွက်
ကျတော့်အတွက် ပိတ်လှောင်ခြင်းတံခါးတွေပဲ
ရှိခဲ့တယ်....။
လူကောင်းနဲ့ လူနာမှာ....
မင်းဘာကြောင့်..?ဆိုတဲ့Complained မျိုးတက်ခွင့်မရှိ။
အဓိကကတော့ ကျတော်ဝေးလည်းဝေးချင်
နေသလို...နီးလည်းနီးချင်နေတယ်...
ဝေးလည်းဝေးလို့မရသလို
နီးဖို့ကလည်း ဘယ်တော့မှမဖြစ်နိုင်....။
ဥာဏ်ကောင်းပြီးမောက်မာတဲ့ Dr ParkJimin
ကို ဘဝက Unseen ပုစ္ဆာတွေချပေးခဲ့တာပဲ...။
လက်ကလေးနဲ့ထိတွေ့ခဲ့တဲ့ညမှာတောင်
ဆောက်တည်ရာမရခဲ့တာ...
နူတ်ခမ်းပါးတွေနဲ့ တကယ့်နေရာတွေ
နမ်းချသွားတဲ့အခါ....
မိန်းမပဲ ကြိုက်ပါတယ်ဆိုတဲ့...
စိတ်တံတိုင်းက JeonJungKook
စုတ်တံတချက် ဆွဲချရုံနဲ့ အစပျောက်တယ်...။
ဘဝမှာ ဒီလောက်ခြောက်ခြားကောင်းတဲ့
အခြေအနေမျိုးမကြုံဖူးတဲ့အတွက်
တုန်တုန်လှုပ်လှုပ်ရယ်...။
Hannaကို ချစ်တယ် ချစ်လွန်းတယ် အချစ်ဆုံးပါလို့
ထင်ရာမြင်ရာ တွေ့ရာကြုံရာတွေ
တံဆိပ်ယူကပ်ရင်း Jimin ကJimin
ကို လိမ်လို့ရသမျှတော့ ညတိုင်းလိမ်ခဲ့တာပဲ။
Hannaက အရမ်းချစ်တယ်...မြန်မြန်လက်ထပ်ကြမယ်
ပြန်ပြောတဲ့အခါ....ဖြစ်သင့်တာကဒါလေ...လို့
ကိုယ့်ကိုကိုယ် နားချရင်း...
Jimin.....လို့အခန်းဝလာခေါ်လိုက်ရုံနဲ့
ဖုန်းချလိုက်သွားပြီးပြီ။
JinHyungမာန်ထားပုံရတာကြောင့်
ဟိုအခန်းမှာတော့သွားမအိပ်တော့...။
သူ့ကိုလည်း သန်းခေါင်ကျော်ဒုက္ခမပေးတော့ဘဲ
ကျန်တဲ့အချိန်များတွင် နည်းမျိုးစုံဖြင့်
အနားမှာကပ်နေတတ်သည်...။
နှောက်ယှက်နေတာမျိုးလည်းမဟုတ်
ဥပမာ သူ့ဖုန်းကိုစိတ်ဝင်တစားကြည့်ကာ
ထူးဆန်းသောလုပ်ဆောင်မှုတွေကို
မေးတတ်သည်...။
ဒီကောင်လေးက နည်းပညာနဲ့ဝေးနေတာရော
ဘယ်လောက်များကြာပီလဲ...။
တခုခုထူးထူးဆန်းဆန်းနှိပ်ပြတဲ့အခါ
အံ့အံ့ဩဩမျက်လုံးလေးတွေဝိုင်းသွားပုံက
ငေးခနဲဖြစ်ရသည်...။
အပြစ်ကင်းစင်ခြင်းအားလုံးကို
ဒီယုန်ကလေးက ဘယ်လိုများမင်းမူထားနိုင်ရသလဲ။
"ParJimin.....!!!!ထတော့...."
"ငါမလိုက်ဘူး...အိပ်မှာ တရက်ပဲနားရတာ
တနေကုန်အိပ်မှာ....မင်းဟာမင်းသွား..."
"မင်းစီနီယာဖြစ်ပီး....."
လုပ်အားပေးတစ်ရက်နားသောရက်တွင်
ရွာထဲလျှောက်လည်ကာ ရှုခင်းတွေ
ရေတံခွန်ဘက်တွေ အထင်ကရလှပသော
နေရာတွေအားလုံးအားလျှောက်လည်ရန်
စီစဉ်ခဲ့ကြသည်။ညဘက်မီးပုံပွဲလေးလုပ်ကာ
ပျော်ကြအုန်းမည်ပေါ့။
သူကတော့ ခုရက်ပိုင်း စိတ်ရော လူရော
ပင်ပန်းနေတာကြောင့် တနေကုန်အိပ်ခြင်း
ဖြင့် Restartပြန်ချမှရတော့မည်။
"မင်းအဲ့လို ကန့်လန့်တွေလုပ်လို့
ငါကြည့်မရတာ..."
"မကြည့်နဲ့ကွာ......"
စောင်ပုံထဲမှာခွေခေါက်နေပြီးထလာမည့်ပုံ
မပေါ်သော ထိုကန့်လန့်ကောင်ကို
ထပ်မခေါ်ချင်တော့။အဝတ်အစားမြန်မြန်
လဲကာ ဂျူနီယာလေးတွေနဲ့ လျှောက်လည်ရ
မှာကိုပဲတွေးပျော်မိသည်...။
အခန်းတံခါးဖွင့်ပီးထွက်လာလေတော့
လူတောင်စုံနေပြီ...။Guideကတော့
ယောင်းပေါ့...။ယောင်းဘေးတွင်Jungkook
လည်းရှိနေကာ နှစ်ယောက်စလုံးတက်တက်ကြွကြွ။
"Hyung...Jimin ရော....."
Jimin နဲ့ သူ အသက်အရွယ်အတူတူကို
Hyung တပ်မခေါ်ဘဲ Jimin လို့သာ
စတွေ့ထဲက ခေါ်နေခဲ့သော JungKookကို
Jiminလို့မခေါ်ရန်နားချခဲ့သော်လည်း...
မရခဲ့ပါ...။
"မလိုက်ဘူးတဲ့ ပင်ပန်းနေလို့ထင်တယ်..
လာ လာ သွားကြမယ်...."
"မသွားပါဘူး...Jimin နဲ့အတူလည်ချင်တာကို..."
"မြေး...မဆိုးရဘူးလေ..အစ်ကိုတွေအမတွေက
သွားချင်နေပြီ...မြေးမလိုက်ချင်ရင်
Jimin နဲ့ အိမ်မှာကျန်ခဲ့လိုက်..."
"အဲ့လိုရလား...."
"ဆရာလေးတို့ သွားတော့လေ
နေတောင်ထွက်လာတော့မယ်..
ဒီကလေးက ရစ်နေအုန်းမှာ..."
ဆရာဝန်လေးတွေလည်းယောင်ယောင်ယမ်းယမ်း
ဖြင့်ထွက်သွားကြသည်။ထပ်စကားရှည်မိလျှင်
မမျှော်လင့်သော ပွင့်လင်းမှုမျိုး
မြေး ပြောလာလိမ့်မည်...။
စကားစကိုမြန်မြန်ဖြတ်မှအဆင်ပြေလိမ့်မည်။
မြေးနဲ့ Dr Park ကြားက တချို့ အပြုအမူတွေကို
မသိမမြင် မရိပ်မိလောက်အောင်လည်း
သူမက ခပ်တုံးတုံးအဖွားကြီးလည်းမဟုတ်ခဲ့ပါ။
ယောင်းကတော့ လုံးဝ ခြေလှမ်းမရွေ့တော့သော
ယုန်ပေါက်လေးအား မယုံကြည်နိုင်စွာ
ကြည့်ရင်း လမ်းပြလေးအဖြစ်ပါသွားခဲ့ပြီ။
ချက်ချင်းဆိုသလို Jimin အခန်းရှိရာသို့
ပြေးသွားသောကောင်လေးကိုသူမမတားခဲ့။
SeokJin ကတားမည်ကြံပါသော်လည်း
သူမဟန့်လိုက်သည်....။
"အဖွား...."
"နေပါစေ....သူစိတ်ချမ်းသာသလို...
မွေးလာထဲက ဝမ်းနည်းလာရတာ...."
"Jimin ကတော့ မဖြစ်ဘူးလေ....
Kookie အနာကျင်ရဆုံး
ဒဏ်ရာတခုဖြစ်လာမှာ...."
"အနာဂါတ်ကိုတွေးပူမနေပါနဲ့...
လက်ရှိအချိန်တိုင်း အချိန်တိုင်းမှာ
မြေးငယ် လေးကို ပျော်အောင်ထားရအောင်..."
စဆုံထဲက ပျော်ရွှင်စရာတခုတလေမျှ
မရှိတဲ့ JungKook နဲ့ Jimin ရဲ့
တွေ့ဆုံမှုတွေကို အဖွားမှမသိခဲ့တာ...။
အဖွားက ဘာယုံကြည်ချက်တွေနဲ့များ
စိတ်ချနေရတာလဲ...။
အရင်တုန်းကလို အားပြိုင်မှုတွေပဲလား။
"Jimin က..JungKookရဲ့ပျော်ရွှင်မှု
ဘယ်တော့မှမဖြစ်နိုင်ဘူးအဖွား....
သူHannaနဲ့ တွဲနေတာ
သေချာပေါက်လည်းလက်ထပ်မှာ
နောက်ဆုံးကျ....ကျတော့် Kookie...."
"စွန့်စားရအောင် SeokJin ...
အဖွားတို့ စွန့်စားကြရအောင်...."
"ကျတော့်ကလေးကို ကျတော်
ဒီလိုအခြေအနေဖြစ်အောင်မနည်း
ပြုစုပေးထားခဲ့ရတာ
အတိမ်းအစောင်းလုံးဝမခံနိုင်ဘူး...."
စိတ်လှုပ်ရှားနေသောJin သည်
ဒေါသသံတွေပါရောနှောလာသည်။
Jungkook ကို ထိန်းကျောင်းပေးခဲ့တဲ့
သူဆိုတာထက် ညီအကိုလို ကလေးလို
ရင်းထားခဲ့သောနှလုံးသားသည်
လိပ်ပြာငယ်....ဒုက္ခရောက်ရမှာကို
တွေးပူနေတာ အပြစ်လို့တော့ပြော၍မရ။
"Jin....အဖွားကိုယုံပါ...."
ကလေးကြီးလိုစိတ်ဆိုးသွားသော
SeokJin သည်ထထွက်သွားတော့သည်။
အဖွားသည်ပြုံးရုံပြုံးနေလျှက်
အတိတ်နေ့တွေအားပြန်မြင်လာရင်း
မြေးငယ်လေးကို ပျော်ရွှင်စေချင်လှပြီ။
..............
"Jimin.....Jimin....."
စောင်အားခေါင်းအထိလုံအောင်ခြုံထားပီး
ကွေးကွေးလေးအိပ်နေသောJimin သည်
လူကိုမမြင်ရသည့်တိုင်အောင်
မျက်လုံးတွေထဲ လိုချင်စရာကောင်းနေပြန်သည်။
ပုခုံးနေရာလေးအားလှုပ်ခါကာ နှိုးနေလိုက်သည်။
"Jimin....ထတော့....!!"
"မလိုက်ပါဘူးဆိုကွာ....ငါထထိုးရရင်တော့...!!!!"
အိပ်လို့ကောင်းနေတုန်းပါးစပ်နှင့်မကတော့
လက်ဖြင့်လာလှုပ်နေသောကြောင့်
အိပ်ခေါက်ပျက်သွားပြန်သည်။
စောင်ထဲကပင်အသံကုန်အော်ကာ
အားဖြင့်တွန်းထည့်လိုက်ပီးတဖက်သို့လှည့်ကာ
ဆက်အိပ်လိုက်သည်...။
နေပါအုန်း MinYoongiကထွက်သွားပြီမလား။
စောင်ထဲတွင်မျက်လုံးတွေပွင့်လာကာ
အိပ်ချင်းမူးတူးဖြင့် တွန်းလွှတ်လိုက်သူ
သည် ဘယ်သူဖြစ်နေတာလဲ...။
ဆက်ခနဲစောင်အားမျက်နှာပေါ်မှာ
ဖယ်လိုက်ကာ မြန်မြန်ဆန်ဆန်လှည့်ကြည့်
လိုက်တော့..မျက်နှာသေးသေးလေးကကြိုဆိုသည်။
Hoodieအရောင်နုနုလေးနှင့်ကောင်လေးသည်
အညိုးတကြီးအော်ချလိုက်သံကို
လန့်သွားပုံရကာ ငုတ်တုတ်လေးထိုင်နေသည်။
ကြောက်သွားပါသည်ဆိုသော...မျက်နှာငယ်သည်
မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နှင့်...။
အေးငါကလည်း..အဲ့လိုပုံစံမျိုးတွေမြင်ရတာကိုမှ
မင်းကြောက်တာထက်ပိုကြောက်တာ.....။
"ထိုးတော့ မထိုးပါနဲ့.....Jungkook
နိုး...နိုးလာတဲ့အထိစောင့်ပေး...ပါ့မယ်...."
"အိပ်ချင်နေတာ...ကိုယ်စိတ်လွတ်သွားလို့
နာသွားလား....."
အိပ်ချင်စိတ်သည် ရိုက်ဝင်ခိုင်းတောင်
မဝင်နိုင်တော့ပါ.....တုန်ရီနေသော
ယုန်အရောင်ဖျော့ဖျော့လေးမြင်ရုံနဲ့
အလူးအလဲထရတော့သည်။
လက်ဖဝါးလေးတွေကို ယောင်ယမ်းကာ
ယူစစ်မိသည်...။
ပြောလို့မရဘူးလေ.....သူဟာနုနယ်လာချိန်ကျ
အထိအခိုက်မခံနိုင်တဲ့ပွင့်ချပ်လေးတွေလိုပဲ..။
ဖယောင်းတိုင်မီးမှိန်မှိန်အောက်က
ညတွေကတော့ ချွင်းချက်ပေါ့....။
"မနာပါဘူး.....ရတယ်..Jungkook သွားတော့မယ်.."
"နေပါအုန်း...ကိုယ့်ကိုဘာလို့လာနှိုးတာလဲ
နေမကောင်းချင်လို့လား..ဘာဖြစ်လို့လဲ...."
လက်ကောက်ဝတ်အားမနာအောင်ဆွဲထားကာ
မေးရသည်။သူတခုခုရှိ၍လာအိပ်ယာနိုးခြင်း
ကိုဒီအတိုင်းပြန်လွှတ်ပေးဖို့လည်းစိတ်ကလက်မခံ
ချင်ပါ....။
"ပန်းခင်းတွေဆီသွားမလို့.....လေ...
ဟိုတစ်ခါပြောထားတာ....Jimin မေ့သွားပြီလား..."
မေ့သွားတာမဟုတ်....။မေ့ထားတာဖြစ်ကြောင်း
သူ့ကိုယ်သူအသိဆုံး..။
စိတ်က ဒီကောင်လေးအပေါ်ပြိုပျက်လာလေ
ပြန်တည်ဆောက်ရလေနဲ့....ကြာရင်
ဦးနှောက်ပျက်ရတော့မည်..။
"ပန်းခင်းတွေက ဘာဆန်းလို့လဲ....
အိမ်မှာ ဖုန်းသုံးကြည့်ပါလား
Gameဆော့လို့လည်းရတယ်လေ...."
"ကျတော်Gameလုံးဝမဆော့ဘူး..."
ပျော့ပျောင်းသောအသံလွင်လွင်လေးသည်
တင်းမာမှုချက်ချင်းတချို့ရောယှက်ကာ
သူ့ကိုစူးခနဲကြည့်လာသည်....။
"ဘာလို့လဲ...မင်းမဆော့ကြည့်ရသေးလို့ပါ..
အရမ်းမိုက်တယ်....ကိုယ်ပြပေးရမလား.."
"မပြနဲ့......!!!!!"
စူးခနဲပြန်အော်လိုက်သောအသံကြောင့်
သူဘာမှားသွားပြီလဲဆိုတာသူမသိ...။
"ပန်းခင်းကို ခုသွားမယ် မလိုက်ဘူးဆို
ရင် ....."
စားပွဲပေါ်တွင်တင်ထားသောဖန်ခွက်အား
ရိုက်ခွဲကာ ဖန်ခွဲစတခုအားကောက်လာပြီး
"ဒီဟာနဲ့ ......"
"JungKook..!!!!"
မျက်နှာရှေ့တည့်တည့်သို့ဝင်လာသော
ဖန်ကွဲစကိုင်ထားသောလက်အား
ချူပ်လိုက်ကာ တင်းတင်းမာမာပင်
ပြန်အော်မိသည်။
"ထ ခု...!!!"
"အေး ထမယ်...မင်းလက်ကဟာကိုချ
မင်းကိုထိသွားမယ်...ငါလိုက်မယ်
လိုက်ရင်ပီးရောမလား..."
လွှတ်ချလိုက်သောဖန်ကွဲစသည်ကြမ်းပြင်
သို့နေရာပြန်ယူသွားသည်...။
သူ့မျက်လုံးတွေ ဒေါသခိုးတွေပြည့်နှက်နေဆဲ။
"ငါမျက်နှာသစ် ပြင်ဆင်ရအုန်းမယ်
နာရီဝက်လောက်တော့စောင့်နိုင်သေးတယ်မလား
ထပ်ပီး ဒီလိုအပြုအမူတွေမလုပ်ပါနဲ့
ငါက အဲ့လောက်ခြိမ်းခြောက်ခေါ်စရာ
လိုတဲ့လူလည်းမဟုတ်ဘူး....
ဖုန်းသုံးကြည့်ပါလားက လည်းပြောကြည့်တာ
ငါပြောကြည့်တာပါ...."
အဝတ်အစားတွေထုတ်ရင်းသူ့မျက်နှာကို
မကြည့်ဘဲ တစ်ယောက်ထဲသာတတွတ်တွတ်
ပြောနေမိသည်။ တစ်ခါတစ်ရံ ခုလို
FlowChangeမြန်လှသောအခြေအနေများ
အတွက်သူဘယ်တော့မှအဆင်သင့်မဖြစ်...။
JungKook အဲ့လို တွေ ဖြစ်တိုင်း
စိတ်ဓာတ်ကျတာတွေလည်းပါပါသည်...။
အကောင်းဆုံးတွေကုသနေရက်နဲ့...ဒီလိုပုံစံကို
သူထပ်မမြင်ချင်တော့ပါ.....။
အအော်ခံ အပြောခံရ၍မဟုတ်....
ကောင်လေး၏ ဝေဒနာ တွေမှန်းသိလို့
သူတလောကလုံးကို စိတ်တိုနေခြင်း....။
အတန်ကြာသည်အထိသူဘာမှပြန်မပြောခဲ့ပါ...။
သဘက်တခုပုခုံးပေါ်တင်ပြီး
ရေချိုးခန်းထဲဝင်မည့်ဆဲဆဲတွင်...
"အဲ့နေ့က Gameလည်းရှုံးသွားတယ်...
ဖေဖေလည်းဆုံးသွားတယ်...
ဆုံးသွားတာကို Jimin သိလား
ဘယ်တော့မှပြန်တွေ့လို့မရတော့တာလေ
တခါတလေ အိမ်မက်ထဲကိုလာပေမယ့်
ခဏလေးပဲ...ခုနောက်ပိုင်း ဖေဖေ့အတွက်
တောင်နေရာမရှိပါဘူး အိမ်မက်တွေအားလုံး
Jimin နဲ့ ပြည့်နေလို့....."
ကိုင်ထားသောသဘက်တခု
သည်ပေါ့ပါးပေမယ့်ပြုတ်ကျသွားသည်။
မဆင်မခြင်ပြောဆိုမှုများကြောင့်
မျက်ဝန်းငယ်တို့ အမြဲ ဆောက်တည်ရာမဲ့ခဲ့ရပြန်သည်။
ဘာပြန်ပြောလို့ပြောရမှန်းတောင်မသိ၍
မတ်တပ်စုံရပ်ကာကြည့်နေမိတော့...
ရေမြန်မြန်ချိုးပါတဲ့လေ.....။
ရေချိုးခန်းနံရံကို ခေါင်းနဲ့ဘယ်နှချက်ဆောင့်
ခဲ့မိလည်းမသိပါ...။
ရေတွေအေးသလား နွေးသလားလည်း
မသိပါ....
သိတာ....တခုထဲ.....။
...............
ကောင်းကင်ကိုဆေးရောင်ခြယ်ဖို့
အပြာရောင်တွေကို ဘယ်နတ်ဘုရား
ကရွေးချယ်ခဲ့တာလဲ....။
ဒါဆိုJungkook ကို ဆေးခြယ်ဖို့
အပြာရောင်တွေကိုရော ဘယ်နတ်ဘုရား
ကရွေးချယ်ခဲ့တာလဲ.....။
Jimin......လေ...။
ကောင်းကင်မှာအဖြေမရှိခဲ့ပေမယ့်
Jungkook မှာတော့ တိကျတဲ့အဖြေရှိခဲ့တယ်...။
Jimin....က ဘယ်လိုလဲ......?
Jimin က အနှိုင်းမဲ့ .....။
အဝါရောင်တောက်နေသောပန်းခင်းကြီး
အလည်သို့လျှောက်လာခဲ့ရင်း
ပြာလွင်သောကောင်းကင်ကြီးကလည်း
ဒီနေ့ကျမှ ပိုအရောင်စိုနေသလားထင်မှတ်ရပါ
သည်...။
အညိုနုရောင်LongCoatကိုသူဝတ်ထားသည်..။
တိတိကျကျဆို ကောင်လေးHoddie
အရောင်နဲ့အနီးစပ်ဆုံးတူအောင်ဝတ်လာခဲ့ခြင်း...။
ခိုးထွက်လာသည်ဟုသတ်မှတ်၍ရပါသည်...။
သူတို့နှစ်ယောက်ထွက်လာခြင်းကို
တစ်အိမ်လုံးဘယ်သူမှသိ၍မဖြစ်။
လုပ်ငန်းရှင်မိန်းကလေးနဲ့သာ
အကောင်းဆုံးစားသောက်ဆိုင်မှာ
ဈေးအကြီးဆုံးတွေမှာပြီး Dateခဲ့ရပေမယ့်
ဒီကောင်လေးနဲ့မှ ဆယ်ကျော်သက်တွေလို
ရင်တခုန်ခုန်ဖြင့် ပုန်းလျှိုးကွက်လျိုး...။
"အိမ်မက်တွေထဲကလိုပဲ....
Jimin က ပန်းခင်းထဲမှာချစ်စရာကောင်းနေတုန်း..."
ပန်းဝါဝါတပွင့်အားခူးရင်းနားကြားထဲ
သို့ညှပ်ပေးသည်။
"ကိုယ် မိန်းကလေးမဟုတ်ဘူးလေ...."
"ယောက်ျားလေးလည်းမဟုတ်ပါဘူး...."
"Jungkook...ဆိုးလ်ကိုပြန်ရတော့မယ်
ညက မေမေနဲ့ JinHyung ဖုန်းပြောသံတွေ
ကြားတယ်....."
"ဟုတ်လား.....ကိုယ်ဒီမှာရောက်နေတာ
ရောပြောလိုက်သေးလား...."
"မေမေက လာခေါ်မယ်တဲ့...Jimin
အကြောင်းကို JinHyungကပြောမှာ
မဟုတ်ပါဘူး...."
"အော်......."
"Jimin က Jungkook ပြန်သွားမှာကို
ပျော်နေလား....."
"မပျော်ပါဘူး....မင်းဒီမှာအဆင်ပြေနေတာ
ကိုယ်သိနေတာပဲ..."
လိပ်ပြာငယ်သည်...ပါးတစ်ဖက်ကို
လက်ဖဝါးတဖက်ဖြင့် ခပ်ဖွဖွလေးလာထိပီး
စိုက်ကြည့်လာသည်.....။
"လိုချင်လိုက်တာ...."
ပန်းခင်းကိုဖြတ်တိုက်လာသောလေနုအေး
တချက်သည် ကောင်လေး ဆံပင်လေး
တွေအားထိခပ်သွားတော့ ဆံပင်ပျော့ပျော့
လေးတွေသည်လွှင့်ခနဲ.....။
"............."
"Jungkook ရဲ့ ပန်းကလေး လုပ်မလား...."
စတွေ့ထဲက သူ့အတွက်ရင်ခုန်လှိုက်ဖိုမှုတွေကို
ပဲ ရွေးပေးခဲ့သောကောင်လေးသည်
နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့ပဲ
ချည်နှောင်ဖို့ရှေ့တော်မှောက်ရောက်နေခဲ့ပြန်သည်။
ငါမလုပ်နိုင်ဘူး....ငါနဲ့မင်းဟာမဖြစ်နိုင်ပါဘူး
ငါက မင်းအမရဲ့ ချစ်သူ လက်ထပ်မဲ့သူပါ..။
ငါ့မှာချစ်သူရှိတယ်....ငါသစ္စာဖောက်ဘက်ကို
သွားနေတဲ့ ခုအခြေအနေကို ငါလက်မခံနိုင်ဘူး။
ငါက ဆရာဝန်
ငါက ငါက....ဒီလို စိတ်ကျန်းမာရေးမကောင်းတဲ့
လူနာတစ်ယောက်နဲ့ အဆင့်တွေကျော်ရသည်အထိ
ငါက မညံ့ဖျင်းဘူး....။
ပျောက်အောင်ပဲကုမှာ...နှလုံးသားကိုမပေးဘူး....။
ငါဒီလိုပန်းခင်းထဲလာ စိတ်လွတ်သမျှကို
နားထောင်ပေးနေတာကိုက ငါမဟုတ်တော့တာ....။
အပြင်သို့ တစ်လုံးမှပင်ထွက်မလာခဲ့သော
စကားတွေ....။
ပြောရဲသော...သတ္တိမျိုး ဆယ်ဘဝကျင့်ကြံရင်တောင်
ရမှာမဟုတ်ပါ...။
"မေးနေတယ်...."
"မဖြေမရှိဘူး....ကိုယ်မဖြေနိုင်ဘူး...."
"Jimin......မဆိုးပါနဲ့..."
"ဆိုးနေတာ မင်းပါ....."
ချသွားသောမျက်လွှာလေးတွေကြောင့်
ကောင်းကင်ကြီးကိုသာမော့ကြည့်ပီး
အော်ပစ်လိုက်ချင်သည်....။
"လိုချင်နေလို့...ဆိုးရတာပါ.....
ဒီတိုင်းက JungKookက လိမ်မာပါတယ်...."
အော်ချင်နေရင်းမှရီချင်လာပြန်သည်...။
ကကြိုးတွေကိုစုံလို့ပါလား....လိပ်ပြာငယ်ရယ်...။
"လိမ်မာရင်...လူကြီးကိုဒီလိုအခက်တွေ့
အောင် လုပ်ပါ့မလား....ကောင်လေးရယ်..."
"Jimin ကို JungKook အပိုင်ရမှဖြစ်မှာဗျ...."
ဆရာဝန်လေးသည်ခက်ခဲသောအနေအထား
တခုအတွက်ဘာဆက်လုပ်ရမှန်းမသိနေခဲ့ပါ။
သူ့နေရာမှာ ဘယ်သူပဲရောက်ရောက်
ဘာဆက်လုပ်ရမလဲဆိုတဲ့လမ်းကြောင်းတခု
ကိုရွေးချယ် နိုင်မှာမဟုတ်....။
အင်း....လို့ခေါင်းညိတ်လိုက်လို့လည်း
လုံးဝမဖြစ်နိုင်သလို....
ဟင့်အင်းလို့ ငြင်းဖို့ရာကလည်း
နူတ်ကဟမလာနိုင်ပါ.....။
သူမျက်လုံးလှလှလေးတွေနဲ့ကောင်လေး
အားအစုံအဆန်ကြည့်နေတုန်းမှာပဲ
အနားသို့တဖြည်းဖြည်းကပ်လာပြီးနောက်
လေပြေတချို့ဖြတ်သွားလို့ရရုံအနေအထား
လောက်သာ အကွာအဝေးကရှိတော့သည်။
နှာခေါင်းထိပ်အား ကောင်လေးက
သူ့ရဲ့ ချွန်ချွန်လုံးလုံးနှာခေါင်လေးထိပ်နဲ့
ပွတ်သပ်ကာ အဖြေကိုတောင်းဆိုနေသည်။
တောင်းဆိုပုံက အဆန်းပါလေ......။
"Jimin......"
ချွဲနွဲ့ပူဆာလေသောထိုအသံငယ်....
ငယ်ငယ်တုန်းကလို လိုချင်တာမရလို့
မေမေ့နားသူကပ်တိုးပူဆာခဲ့သောပုံစံအတိုင်း...။
ပြန်အချွဲခံရတဲ့အခါမနေတတ်လွန်းခဲ့...။
ချွဲနေသူကလည်း မနေတတ်ချင်စရာကောင်းစွာ
အသဲယားစဖွယ်ပါလေ။
"Hanna...ကို ကိုယ်ဘယ်လိုလုပ်ရမလဲ..
ကိုယ်ကတိတွေအများကြီးပေးပြီးနေပြီ
မင်းကိုအရင်စတွေ့ခဲ့ရင်တော့
ကိုယ် မင်းရဲ့ ပန်းကလေး ဖြစ်လာနိုင်ပါတယ်...."
"ဘယ်လိုမှမလုပ်နဲ့......."
နားကြားထဲကပန်းပွင့်လေးအားယူလိုက်ပြီးပွင့်ဖတ်တွေ
တခုချင်းအားခြွေချကာ မြေပြင်ပေါ်သို့
ကျသွားသော အဝါရောင်ပန်းပွင့်အစိတ်အပိုင်း
တွေအားတက်နင်းလိုက်သောသူသည်ပြုံးယဲ့ယဲ့...။
"Hanna...ဆိုတာ ကျတော့်ခြေထောက်အောက်
က ဒီပန်းပွင့်ချပ်တွေလိုပဲ....
ကျတော်...ထက်ပိုရူးတဲ့မိန်းမမှန်းJimin
မရိပ်မိလို့ပါ.....Jimin က
Lee Hannaကြောင့် ကျတော့်ကို
ငြင်းဆန်မယ်ဆို....ခြေထောက်နဲ့တက်နင်းပစ်မှာ
ကျတော့်ကို အလေအလွင့်အကြောင်းပြချက်
တွေမပေးနဲ့....နမ်းချင်နေပြီ ....
မြန်မြန် လက်ခံပေးတော့....."
အနီးကပ်ဆုံးအအေးစက်ဆုံးတလုံးချင်း
ပြောခဲ့သောစကားတွေသည်
ကြက်သီးတောင်ထသွားရသည်အထိ
သူ့ကိုဘာမှစောဒက တက်ခွင့်မရှိခဲ့ပါ။
သူဘာအဖြေမှလည်းမစောင့်တော့
မျက်လုံးချင်းဆုံသွားလိုက်တာနဲ့
နူတ်ခမ်းတွေဆီသို့ အရှိန်အဟုန်ဖြင့်
တိုးဝင်လာသော အနမ်းတွေ.....
လူပင်လဲကျမတတ်....။
ပထမဆုံးအနမ်းသည်ပန်းခင်းအဝါကြီး
၏အလည်တွင် ငယ်ရွယ်သော
ကောင်လေးတစ်ယောက်နှင့်ဖြစ်လိမ့်မည်ဟု
တခါလေးမှ စိတ်မကူးခဲ့ဖူးပါ။
နူတ်ခမ်းတွေသည် အထိန်းအကွပ်မဲ့စွာ
ခြေဖဝါးတွေမြှောက်တက်လာရသည်အထိ
ဒီအနမ်း ဒီအထိအတွေ့ ဒီအရာရာတိုင်းသည်
ပတ်ဝန်းကျင်...တခုလုံးကိုမေ့လျှော့သွားလျက်..။
အို...ဘာပဲဖြစ်ဖြစ် ဖြစ်လိုက်ပါစေတော့......။
နူတ်ခမ်းပါးတွေကိုသူသေသေချာချာကြီး
ပြန်တုံပြန်လိုက်တဲ့အခါ အနမ်းသည်
တစ်ဖက်သတ်မဆန်တော့....
နူတ်ကသာ ကမ္ဘာအဆက်ဆက်ငြင်းသွား
နိုင်ပေမယ့် နှလုံးသားက မခြွေခင်ထဲက
ကြွေကျပီးပီမို့ မထူးဇာတ်ပဲခင်းပါရစေတော့...။
ေ
ထိုကောင်လေး၏မျက်နှာသေးသေးလေး
အားလက်ဖဝါးတွေနှင့်ထိန်းကိုင်ရင်း
ဦးဆောင်နမ်းခဲ့သူက သူများလားဟု
ထင်ရသည်အထိ စည်းလွတ်ဝါးလွတ်
နူတ်ခမ်းပါးတွေအားပြန်ခိုနားခဲ့ပါသည်။
"ဘာလုပ်.....!!"
ခန္ဓာကိုယ်အားပန်းခင်းထဲသို့လှဲချကာ
ပန်းဝါဝါတွေကြားဆက်နမ်းနေသော
လိပ်ပြာငယ်သည်....ဒီပန်းကလေးအား
သိပ်ရူးသွပ်ပုံရပါသည်....။
သူအသက်ရှူမဝတော့ပုံရသော်အခါ
ဖယ်ခွါသွားရင်း အသက်ကိုဝအောင်
ပြန်ရှုနေသည်။အသက်ရှူမြန်နေသော
JungKook ၍နှလုံးခုန်သံသည်
ထင်ထင်ရှားရှားကြားလာရသည်အထိ...။
"တော်ပီ...မောနေပီမလား....
ကိုယ့်ကိုကြည့်အုန်း....
အသက်ရှုလို့အဆင်ပြေလား...."
"တနေကုန်နမ်းမှာ....အမောဖြေနေတာ...."
ဘေးနားတွင်လှဲနေရင်းသူကမလျှော့သော
စကားကိုဆိုသည်...။ခဏလေးမျက်လုံးလေး
တွေမှိတ်ကာအမောဖြေပီးနောက်
ပန်းတွေခူးပီး မျက်နှာပေါ်သို့ ခြွေချလာသည်။
"Jimin ကထူးဆန်းတော့ Jungkook က
အဖြေမထွက်ဘူးဖြစ်နေတာ...
ဖေဖေ ပြောခဲ့သလိုဆို...
Jungkook အရူးအမူးကို ချစ်မိသွားတာပဲ...
ဒါကအဖြေတခုဖြစ်နိုင်လား Jimin..."
"................"
"မဖြေရင် ပိုသဘောကျတယ်....
တိတ်ဆိတ်မှုတွေက....လက်ခံခြင်းတွေပဲလေ.."
ပန်းပွင့်တွေက လိပ်ပြာတွေအတွက်ပဲ...
တခြားမရှိဘူး...."
ပြန်အုပ်မိုးလာသောခန္ဓာကိုယ်နှင့်
မဆဲတော့သောယစ်ယစ်မူးမူးအနမ်းတွေ...။
ကောင်းကင်ပြာပြာလည်းတိမ်တွေဖြစ်တည်
လာကာ မျက်ကွယ်ပြုသွားသည်...။
ဒီနေ့ အိမ်ပြန်ရောက်နိုင်ပါ့မလားမသိတော့။
ဒါဆို ဆိုးလ်ကိုပြန်ရောက်သွားကြရင်ရော....။
ကျတော်Jungkook မက်နေကျအိမ်မက်တခုပဲ
ဖြစ်ပါစေတော့လို့ မုန်းစရာကောင်းစွာ
ဆုတောင်းမိပါသေးတယ်....
ကျတော်ထွက်ပေါက်မဲ့နေခဲ့လို့ပါ...။
ParkJimin က လက်ခံပါတယ်ဆိုတဲ့
စကားလေးတောင်မပြောချင်ခဲ့ဘူးလား
ဆိုရင်....ကျတော်သူ့ကိုလက်ခံလို့ရလို့လား
လို့ပြန်မေးချင်တယ်.....။
ဒါပေမယ့်....ဒါပေမယ့်....
ကောင်လေး မောနေတာတောင်..
သိသိရက်နဲ့...လွန်လွန်ကြူးကြူးထပ်နမ်းမိနေတာ
ကျတော်ပါ.....။
ထပ်ပီးပဲမသိချင်ယောင်ဆောင်ပေးကြပါ.....။
အဆင်ပြေကြရဲ့လားတဖြည်းဖြည်းကိုယ်လည်းအားမရတော့ဘူး🥀