ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 50

11.7K 1.7K 42
By Kay_Wine

MWFV Ch 50

The Only People I Care About

Zawgyi Version

စုန႔္ယန္ခ်န္းက ခ်င္ေရွာက္စကားေတြရဲ႕ စစ္မွန္မႈကို လုံးဝ သံသယမရွိေလဘူး။ တကယ္ေတာ့ ခ်င္ေရွာက္က ဒီဟာကို လုပ္ေဆာင္ၿပီးေနၿပီျဖစ္တယ္။ မၾကာေသးခင္က စုန႔္ယန္ခ်န္းရဲ႕ စက္မႈလုပ္ငန္းေတြကို ခ်င္ Group ဖက္က ျပင္းျပင္းထန္ထန္ႀကီးကို ဖိႏွိပ္လာခဲ့တယ္။ ဒါတင္မကေသးဘဲ ‘က်ီဟြား International’ မွာ သူစီစဥ္ထည့္သြင္းထားတဲ့ လူေတြကိုပါ အမ်ိဳးမ်ိဳးေသာ အေၾကာင္းျပခ်က္ေတြနဲ႔ ထုတ္ပယ္ခဲ့တယ္။

စုန႔္ယန္ခ်န္းတစ္ေယာက္ စစခ်င္း ေတြးလိုက္မိတာကေတာ့ ခ်င္ေရွာက္က ‘က်ီဟြား International’ ကေန စြန႔္ခြာသြားၿပီးတဲ့ေနာက္ သူ႔အေနနဲ႔ အဲဒါကို ထပ္မံစိုးရိမ္ေနစရာမလိုေတာ့ဘူး ဟူ၍ပင္။ ေမွ်ာ္လင့္မထားမိခဲ့တာက‌ေတာ့ ခ်င္ေရွာက္က အဲဒီေနရာမွာ လူေတာ္ေတာ္မ်ားမ်ားကို ခ်န္ထားရစ္ခဲ့တာပဲျဖစ္‌တယ္။ လတ္တေလာ သူ႔ျပႆနာေတြကို ျပန္လည္ေတြးေတာလိုက္ခ်ိန္မွာေတာ့ စုန႔္ယန္ခ်န္းတစ္ေယာက္ ခါးသီးလွတဲ့ အမုန္းတရားတစ္ခုကိုသာ ခံစားမိခဲ့‌တယ္။

-----

စုန႔္ယန္ခ်န္းရဲ႕အၾကည့္ေတြက အမႊာႏွစ္ေယာက္ရဲ႕မ်က္ႏွာေပၚသို႔ ဆတ္ခနဲျဖတ္ေျပးသြားခဲ့ၿပီး အံ့အားသင့္႐ုံအျပင္ ဘာမွမတတ္ႏိုင္ေလဘူး : ၾကည့္ရတာေတာ့ ခ်င္ေရွာက္က ဒီကေလး‌ေတြကို တကယ္ႀကီး ဂ႐ုစိုက္ပုံရတယ္။

Mr.ခ်င္က စုန႔္ယန္ခ်န္းရဲ႕မ်က္လုံးေတြထဲမွာ ျဖတ္ခနဲေပၚလာတဲ့ အလင္းတန္း‌ေလးကို လြတ္မသြားခဲ့ဘူး။ သူ႔မ်က္ႏွာက ႐ုတ္တရက္ႀကီး တင္းမာခက္ထန္သြားကာ : “ငါ့ရဲ႕ ေနာက္ဆုံးသည္းခံႏိုင္စြမ္းကို လာမစမ္းနဲ႔,” Mr.ခ်င္က ရင့္သီးစြာ သတိေပးလိုက္တယ္။ ဒီကေလးႏွစ္ေယာက္က သူ႔ရဲ႕ reverse scale ေတြျဖစ္တယ္ဆိုတာကို သူ႔ဖက္က လ်ိဳ႕ဝွက္ထား‌ေနစရာမွမလိုတာ။

[T/N : reverse scale ဆိုတာက နဂါးတစ္ေကာင္မွာဆိုရင္ သူ႔ခႏၶာကိုယ္‌ေပၚမွာရွိတဲ့ အေၾကးခြံကို ေျပာခ်င္တာျဖစ္ၿပီး အဲဒီအေၾကးခြံကို ထိလိုက္တာနဲ႔ သူ႔ရဲ႕ျပင္းထန္လွတဲ့ အမ်က္ေဒါသ သင့္ႏိုင္တယ္လို႔ ဆိုလိုခ်င္တာပါ]

စီးပြားေရးေလာကထဲမွာဆိုရင္ စုန႔္ယန္ခ်န္းက သူလုပ္ခ်င္သ‌ေလာက္ ဟိုဟိုဒီဒီ ေက်ာ္ခြႏိုင္တယ္။ သူ႔ဖက္က အခ်ိဳ႕ေသာလွည့္ကြက္ေတြကို လုပ္‌ေဆာင္ခဲ့မယ္ဆိုရင္ေတာင္မွ ခ်င္ေရွာက္က တစ္ခါတစ္ေလ သူနဲ႔အတူတူ ပူးေပါင္း‌ေပးႏိုင္လိမ့္မယ္။ တကယ္လို႔မ်ား စုန႔္ယန္ခ်န္းက သူ႔ကေလးေတြကို ထိပါးလာခဲ့မယ္ဆိုရင္ေတာ့ျဖင့္ ဖခင္တစ္ေယာက္အေနနဲ႔ Mr.ခ်င္က သည္းခံတာေတြ၊ ဥပေဒေလးစားလိုက္နာတာေတြ ဘာေတြၾကည့္ေနေတာ့မွာ မဟုတ္ဘူး။

ေသခ်ာတာေပါ့, သူကလည္း စုန႔္ယန္ခ်န္းကို အဲ့ဒီအခြင့္အေရးမ်ိဳး လုံးဝေပးမွာမဟုတ္ဘူးေလ။

ေလထုက ပိုပိုၿပီးေတာ့ ဖိအားေတြမ်ားလာခဲ့တယ္။ ကံေကာင္းေထာက္မစြာနဲ႔ အဲဒီအခ်ိန္မွာပဲ ခ်င္ေရွာက္ထက္ အေတာ္ေလးေႏွးေကြးတဲ့ ခ်င္က်င္းေကာ္က ေနာက္ဆုံးေတာ့ သူ႔ရဲ႕ႀကိမ္တုတ္ႏွင့္အတူ မီးေတာက္က တကယ္ႀကီး ေပါက္ကြဲမထြက္ေသးခင္ အခ်ိန္မီေလးအတြင္းမွာ ေရာက္ရွိလာခဲ့တာျဖစ္တယ္။

“ဒီေန႔ကပြဲေတာ္ေန႔ေလ, အဲ့တာကို မင္းတို႔ကဘာေတြလုပ္ေနၾကတာလဲ!” ခ်င္က်င္းေကာ္က ထိုႏွစ္ေယာက္ကို ဆူပူႀကိမ္း‌ေမာင္းလိုက္တယ္ : “မင္းတို႔ ပြဲေတာ္ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မျဖတ္သန္းခ်င္ၾကဘူးဆိုရင္ ကိုယ့္အိမ္ကိုယ္သာ ျပန္လိုက္ၾကေတာ့!”

ခ်င္ေရွာက္နဲ႔ စုန႔္ယန္ခ်န္းတို႔ ႏွစ္ေယာက္စလုံး ေနာက္ဆုံးေတာ့ သူတို႔ရဲ႕ စူးရွျပင္းထန္တဲ့ အရွိန္အဟုန္ေတြကို ရပ္တန႔္လိုက္ၾကေတာ့တယ္။ ဒါကိုျမင္လိုက္ရေတာ့ ခ်င္က်င္းေကာ္က ထပ္‌ေျပာလိုက္တယ္ : “ကဲ အားလုံးလည္း စုံေနၿပီဆိုေတာ့ အထဲဝင္ၿပီး စားလိုက္ၾကစို႔”

-----

ခ်င္‌က်င္းေကာ္ရဲ႕ ဆူပူႀကိမ္း‌ေမာင္းမႈ ေက်းဇူးေၾကာင့္ အျငင္းပြားမႈက ယာယီအားျဖင့္ အနည္ထိုင္သြားခဲ့တယ္။ သူတို႔အားလုံး ထမင္းစားပြဲမွာ ထိုင္လိုက္ၾကၿပီးတဲ့ေနာက္ ေလထုက အဲ့ေလာက္ႀကီး ေက်နပ္စရာ မေကာင္းေပမယ့္လို႔ အေတာ္ေလး သဟဇာတျဖစ္တယ္လို႔‌ေတာ့ ယူဆလို႔ရတယ္။

လင္ယုံကလည္း အေျခအေနကို သာယာေပ်ာ္႐ႊင္ဖြယ္ျဖစ္ေအာင္ တက္ႂကြစြာ ႀကိဳးစားေနခဲ့တယ္။ သူမက အေတာ္ေလး အကင္းပါးၿပီး ခ်င္က်င္းေကာ္ႏွင့္ ခ်န္႐ႊယ္ယန္တို႔အေၾကာင္း ေကာင္းေကာင္းႀကီး နားလည္သူပင္ ျဖစ္တယ္။ လိမၼာပါးနပ္ေသာ စကားလုံး‌ေလးအနည္းငယ္နဲ႔တင္ သူတို႔ရဲ႕ အမူအရာေတြ ေျပေလ်ာ့သြားၿပီး ေလထုက တျဖည္းျဖည္းနဲ႔ ေႏြးေထြးလာခဲ့တယ္။

သူမရဲ႕ေခါင္းစဥ္မ်ားထဲမွ လင္ယုံက လူႀကီးႏွစ္ေယာက္အား သူမတို႔မိသားစုသုံးေယာက္ၾကားမွာ ျဖစ္ပ်က္ခဲ့တဲ့ အခ်ိဳ႕ေသာ စိတ္ဝင္စားစရာေကာင္းတဲ့ ရယ္စရာျဖစ္ရပ္ေလးေတြကို ေျပာျပခဲ့တယ္။ ဒီအခိုက္အတန႔္မွာေတာ့ လင္ယုံက စုန႔္ရွင္းယီတစ္‌ေယာက္ သူမမိဘေတြအတြက္ မနက္စာခ်က္ျပဳတ္ေပးဖို႔ ႀကိဳးစားရင္း ေပါင္မုန႔္မီးကင္စက္ကို ဘယ္လိုဖ်က္ဆီးလိုက္မိတယ္ဆိုတဲ့အေၾကာင္းကို ေျပာျပေနခဲ့တာျဖစ္တယ္။

စုန႔္ရွင္းယီက ခ်န္႐ႊယ္ယန္ရဲ႕လက္ေမာင္းကို ရွက္ကိုးရွက္ကန္းနဲ႔ကုပ္ၿပီး ျပန္ေျပာလိုက္တယ္ : “သမီး အဲဒါကို ဖ်က္ဆီးလိုက္တာမဟုတ္ပါဘူးေနာ္။ အဲဒီ့ေပါင္မုန႔္မီးကင္စက္ႀကီးက သုံးဖို႔ ေတာ္ေတာ္ေလး ေဟာင္းေနတယ္ဆိုတာ အသိသာႀကီးပဲကို”

ခ်န္႐ႊယ္ယန္က သူမအား ခ်စ္ခင္ၾကင္နာစြာျဖင့္ ေခ်ာ့လိုက္ကာ : “ဟုတ္ပါ့, ဟုတ္ပါ့, ဒါေတြအားလုံး အဲ့ေပါင္မုန႔္မီးကင္စက္ရဲ႕ အမွားေတြခ်ည္းပဲေလေနာ့္”

စုေပက ဒီျမင္ကြင္းကိုၾကည့္ရင္း အံ့ဩမေနေတာ့ဘူး။ ဒီႏွစ္အေတာအတြင္း ခ်င္ေရွာက္က မိသားစုဆိုတာကို လုံးဝ မထူ‌ေထာင္ခဲ့ဘူး။ အဲဒါေၾကာင့္ စုန႔္ရွင္းယီက ဒီအိမ္ႀကီးထဲမွာ အၿမဲတမ္း တစ္ဦးတည္းေသာကေလးတစ္ေယာက္ ျဖစ္ေနခဲ့တာပင္။ ကေလးဘဝကေနစၿပီး အခုအခ်ိန္အထိ လူႀကီးႏွစ္ေယာက္က သူမအေပၚ အၿမဲတမ္း ခ်စ္ခင္ၾကင္နာေပးခဲ့ၾကတာျဖစ္တယ္။

“ဒီေလာက္အ႐ြယ္ႀကီး ႀကီးေနတာေတာင္မွ အခုထိ အဘိုးအဘြား‌ေတြေရွ႕မွာ ကေလး‌လိုလုပ္ေနတုန္းပဲလား” ခ်န္႐ႊယ္ယန္က ၿပဳံးၿပီး shortbread ကြတ္ကီးတစ္ခုကို စုန႔္ရွင္းယီအတြက္ ေပးလိုက္တယ္ : “စားၾကည့္။ အဘြားက ဒီ shortbread ကိုလုပ္ဖို႔ S ၿမိဳ႕က မုန႔္ဖုတ္ဆရာတစ္ေယာက္ကို အထူးစပယ္ရွယ္ ဖိတ္ေခၚထားခဲ့ရတာ။ အရမ္းအရသာရွိတာေနာ္” ၿပီးေနာက္ သူမက စုေပႏွင့္ စုေရွာင္ေပါင္တို႔ကိုပါ တစ္‌ခုစီေပးလိုက္ရင္း : “ေရွာင္ယြဲ႕နဲ႔ ေရွာင္ယြိလည္း ဒီ shortbread ေလးကို စားၾကည့္လိုက္ပါအုန္း"

[T/N : shortbread ဆိုတာက စေကာ့တလန္႐ိုးရာဘီစကစ္ျဖစ္ၿပီး ပုံမွန္အားျဖင့္ သၾကားျဖဴတစ္ဆ၊ ေထာပတ္ႏွစ္ဆႏွင့္ oat ဂ်ဳံသုံးဆ သို႔မဟုတ္ ႐ိုး႐ိုးဂ်ဳံမႈန႔္ေလးဆတို႔နဲ႔ျပဳလုပ္ရတာပါ။ အျခားေသာဘီစကစ္ေတြနဲ႔ ဖုတ္ရတဲ့မုန႔္အမ်ိဳးအစားေတြနဲ႔ မတူတာကေတာ့ shortbread က baking powder သို႔မဟုတ္ baking soda အစရွိတဲ့ တေဆးမ်ိဳး‌ေတြ မပါဝင္တာပါပဲ]

ခ်န္႐ႊယ္ယန္ရဲ႕သေဘာထားကေတာ့ ကေလးေတြၾကား မွ်တမႈရွိတာကို ေဖာ္ျပခ်င္တာျဖစ္ၿပီး သူမက အျခားသူေတြထက္ တစ္စုံတစ္ေယာက္ကို ပိုၿပီးအေလးေပးခဲ့တယ္လို႔ သူတို႔ေလးေတြကို အထင္မမွားေစခ်င္တာ ျဖစ္တယ္။ ဒီလူငယ္မ်ိဳးဆက္ကေတာ့ အဆင္ေျပလိမ့္မယ္လို႔ သူမ ႐ိုးသားစြာနဲ႔ ေမွ်ာ္လင့္ထားခဲ့တာျဖစ္တယ္။ သို႔ေပသိ သူမ မသိလိုက္မိတာကေတာ့ ဒီအျပဳအမူက စုန႔္ရွင္းယီရဲ႕မ်က္လုံးထဲမွာ ဆူးႀကီးတစ္ေခ်ာင္း သက္သက္သာ ျဖစ္သြားခဲ့တယ္ဆိုတာပါပဲ။

စုန႔္ရွင္းယီတစ္‌ေယာက္ သူမလက္ထဲက တူကို တိတ္တဆိတ္ ဖိညႇပ္လိုက္မိတယ္။ စုေပက ေက်ာင္းမွာ သူမရဲ႕‌ ေရပန္းစားမႈေတြကို လုယက္သြားခဲ့တယ္ဆိုရင္ေတာင္မွ ဒီေနရာက သူမ(စုန႔္ရွင္းယီ)ရဲ႕ အိမ္ျဖစ္တယ္ဆိုတာ အသိသာႀကီးပဲေလ။ ဘာအရည္အခ်င္းနဲ႔မ်ား စုေပက ဒီကို ေရာက္လာရတာလဲ? အဘိုးနဲ႔အဘြားရဲ႕ အခ်စ္ေတြကိုလည္း သူမတစ္ေယာက္တည္းကိုပဲ ေပးထားၿပီးသားကို။ စုေပနဲ႔ စုေရွာင္ေပါင္လို ဘယ္ကဇစ္ျမစ္မွန္းေတာင္ မသိတဲ့သူႏွစ္ေယာက္ကမ်ား သူတို႔ကို သူမလိုမ်ိဳး 'ဘိုးဘိုး' နဲ႔ 'ဘြားဘြား' ဆိုၿပီး ေခၚခြင့္မရွိဘူး!

“ယီယီ, ဘာျဖစ္လို႔လဲကြဲ႕?” ခ်န္႐ႊယ္ယန္က စုန႔္ရွင္းယီတစ္‌ေယာက္ shortbread ကိုမစားဘဲ တူနဲ႔ ဒီတိုင္း ထိုးဆြေနတာကို ျမင္လိုက္ရေတာ့, “သမီးဒါကိုမႀကိဳက္လို႔လား?”

“မဟုတ္ပါဘူး, ဒါကအရသာရွိပါတယ္” စုန႔္ရွင္းယီက ေခါင္းခါလိုက္ၿပီး သူမရဲ႕မေက်နပ္မႈေတြကို ဖိႏွိပ္ထားလိုက္ကာ ထက္ျမက္ၿပီး စဥ္းစားခ်င့္ခ်ိန္တတ္တဲ့ပုံစံကို ျပသလိုက္တယ္။ “သမီးက ဒီတိုင္း စႏၵရားၿပိဳင္ပြဲအေၾကာင္း စဥ္းစားမိသြားလို႔ပါ”

စုန႔္ရွင္းယီ : “ဘြားဘြား, သမီးေျပာရအုန္းမယ္, သမီး အရင္က ဝင္ၿပိဳင္ခဲ့တဲ့ စႏၵရားၿပိဳင္ပြဲမွာေလ ဒုတိယဆုရခဲ့တယ္သိလား!”

ခ်န္႐ႊယ္ယန္ကလည္း အလြန္ေပ်ာ္႐ႊင္ဝမ္းေျမာက္သြားခဲ့တယ္, “ဒါတကယ္ပဲလား? ငါတို႔ယီယီေလးက အရမ္းထူးခြၽန္တာေပါ့!”

ေဘးနားက လင္ယုံကလည္း စကားဝိုင္းမွာဝင္ပါလာခဲ့တယ္ : “အဲဒီ့ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္တဲ့သူေတာ္‌ေတာ္မ်ားမ်ားက ပညာရွင္ေတြခ်ည္းပဲေလ။ ယီယီ့ရဲ႕စႏၵရားဆရာမ ေျပာတာကေတာ့ ယီယီက အဲဒီ့မွာ ဒုတိယဆုေတာင္ ရလာခဲ့တယ္ဆိုေတာ့ သူ႔ရဲ႕စႏၵရားတီးကြၽမ္းက်င္မႈက ဆရာႀကီးအဆင့္ကိုေတာင္ ေရာက္ေနၿပီတဲ့”

ခ်င္က်င္းေကာ္ကပါ စုန႔္ရွင္းယီကို ခ်ီးက်ဴးလိုက္တယ္ : “ယီယီက အရမ္းေတာ္‌တာေပါ့, သမီး ဒီ့ထက္အမ်ားႀကီး ပိုႀကိဳးစားရမယ္ေနာ္”

စုန႔္ရွင္းယီ : “ေသခ်ာတာေပါ့, ဘိုးဘိုးရယ္”

စုန႔္ရွင္းယီက စုေပအား တမင္တကာဆြေပးတဲ့အၾကည့္ေတြနဲ႔ ၾကည့္လိုက္တယ္ : သူမရဲ႕ စႏၵရားတီး ကြၽမ္းက်င္မႈအဆင့္ကေတာ့ ပညာရွင္ပီသစြာနဲ႔ အသိအမွတ္ျပဳခံရၿပီးၿပီ, ဆိုေတာ့ စုေပက်‌ေတာ့ေရာ? ‘အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ’ လုပ္တဲ့အခ်ိန္တုန္းက စုေပက သူမအရည္အခ်င္းေၾကာင့္မဟုတ္ဘဲ ဝတ္စုံနဲ႔ မီးအလင္းေရာင္သက္ေရာက္မႈတို႔အေပၚ အသာေလး မွီခိုသြားခဲ့ကာ လူတိုင္းရဲ႕အာ႐ုံစိုက္မႈကို ခိုးယူသြားခဲ့တာ ျဖစ္တယ္။

စုန႔္ရွင္းယီက ထပ္ေျပာလိုက္တယ္ : “ေနာက္ၿပီးေတာ့ေလ, သမီးရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈဗီဒီယိုက အြန္လိုင္းေပၚ ေရာက္ၿပီးသြားေတာ့ အဲဒါကို ဒါ႐ိုက္တာတစ္ေယာက္က ေ႐ြးလိုက္တယ္တဲ့ေလ။ သူက သမီးကို သူျပင္ဆင္ေနတဲ့ အစီအစဥ္တစ္ခုရဲ႕ အမ်ိဳးသမီးဇာတ္လိုက္ေနရာမွာ သ႐ုပ္ေဆာင္ေပးဖို႔လည္း ကမ္းလွမ္းထားေသးတယ္”

“ဘယ္ဒါ႐ိုက္တာလဲ?” ခ်င္က်င္းေကာ္က စုန႔္ယန္ခ်န္းကို မ်က္စိတစ္ခ်က္‌ေဝ့ၾကည့္လိုက္တယ္။ ယီယီက ဒါကို သေဘာက်တယ္ဆိုရင္ သူမကို အခ်ိဳ႕ေသာၿပိဳင္ပြဲေတြနဲ႔ variety show ေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ေပးဖို႔ ဘာျပႆနာမွမရွိေလဘူး။ ဒါေပမယ့္လို႔ ခ်င္က်င္းေကာ္က စုန႔္ရွင္းယီတစ္ေယာက္ ဒီေလာက္ငယ္ငယ္ေလးနဲ႔ မင္းသမီးတစ္ေယာက္လို ဒါမွမဟုတ္ ၾကယ္ပြင့္တစ္ပြင့္လို ေဖ်ာ္ေျဖေရးေလာကထဲကို ဝင္ေရာက္သြားေတာ့မယ့္ အျဖစ္ကိုေတာ့ တကယ္တမ္း သေဘာမတူလွဘူး။

စုန႔္ရွင္းယီက စုန႔္ယန္ခ်န္းျပန္မ‌ေျပာခင္မွာဘဲ ေျဖ‌ေပးလိုက္တယ္ : “ဒါ႐ိုက္တာရဲ႕နာမည္က အိုးယီပင္းတဲ့, သူက အရမ္းအရည္အခ်င္းရွိတာ‌ေနာ္။ အထူးသျဖင့္ မၾကာေသးခင္ကမွ အင္တာနက္ေပၚမွာ လူႀကိဳက္မ်ားခဲ့တဲ့ ‘Daybreak's Dream’ ဆိုတဲ့ ဒရမ္မာက သူလက္ရာတဲ့”

အိုးယီပင္းဆိုသူက အစတုန္းကေတာ့ နာမည္မႀကီးတဲ့ အညတရ ဒါ႐ိုက္တာတစ္ေယာက္ပဲျဖစ္တယ္။ သို႔‌ေပသိသူက ရထားေပၚတြင္ အိပ္မက္ဆိုးမ်ား ႀကဳံေတြ႕ခဲ့ရတဲ့ မိန္းမငယ္ေလးတစ္‌ေယာက္၏ ခရီးစဥ္အေၾကာင္းႏွင့္ ပတ္သတ္တဲ့ low-cost web drama တစ္ခုကို မၾကာေသးခင္က ႐ိုက္ကူးခဲ့တယ္။ ဒရမ္မာက မေမွ်ာ္လင့္ဘဲ လူႀကိဳက္မ်ား‌ ေရပန္းစားခဲ့တယ္။ တစ္ခ်က္တည္းနဲ႔တင္ အိုးယီပင္းတစ္ေယာက္ ေၾကးႀကီးတဲ့ နာမည္ႀကီး ဒါ႐ိုက္တာတစ္ေယာက္ ျဖစ္လာခဲ့တယ္။

ခ်င္က်င္းေကာ္က ေခါင္းၿငိမ့္ၿပီး စုန႔္ယန္ခ်န္းကို ၾကည့္လိုက္တယ္ : “ဆုံးျဖတ္ၿပီးသြားၿပီလား?”

စုန႔္ယန္ခ်န္းက ျပန္ေျဖလိုက္တယ္ : “အင္း။ အဲဒီ့ဒါ႐ိုက္တာက ေတာ္တယ္‌ေလ, အဲေတာ့ ကုမၸဏီဖက္ကလည္း စာခ်ဳပ္ခ်ဳပ္ဖို႔ ျပင္ဆင္လိုက္‌ေတာ့တာေပါ့”

စုေပတစ္ေယာက္ပဲ စုန႔္ရွင္းယီရဲ႕စကားေတြကို အာ႐ုံစိုက္ေနခဲ့တာျဖစ္တယ္။ “အိုးယီပင္း? ေနာက္ၿပီး ဒါ႐ိုက္တာဆိုေတာ့...” ဘယ္လိုျဖစ္ၿပီး ဒီနာမည္ႀကီးကို နည္းနည္းရင္းႏွီးေနတယ္လို႔ ခံစား‌ေနရတာပါလိမ့္? သူမ အဲဒါကို ဘယ္ေနရာကေန ၾကားလာမိတာပါလိမ့္?

-----

တစ္ဖက္မွာေတာ့ ခ်န္႐ႊယ္ယန္က ေပ်ာ္႐ႊင္ဝမ္း‌ေျမာက္ရေပမယ့္ မတတ္သာစြာနဲ႔ပဲ ေမးျမန္းလိုက္တယ္ : “ယီယီ, သမီး႐ုပ္ရွင္ စ႐ိုက္ရေတာ့မယ္ဆိုရင္ သမီးရဲ႕သင္ၾကားေရးကို သက္ေရာက္မႈ ရွိလာႏိုင္တယ္မဟုတ္လား?”

စုန႔္ရွင္းယီ : “မပူပါနဲ႔, ဘြားဘြားရယ္။ ဒါ႐ိုက္တာအိုးရဲ႕ အစီအစဥ္က အခုမွ ျပင္ဆင္တဲ့အဆင့္မွာပဲရွိေသးတာေလ, ေနာက္ၿပီး ႐ိုက္ကူးေရးကလည္း အဲ့ေလာက္ျမန္ျမန္ႀကီး မစႏိုင္ေသးပါဘူး။ သမီးဖက္ကလည္း ဒါ႐ိုက္တာႀကီးကို ေသခ်ာေလး ေျပာျပထားမွာပါ, အကယ္၍မ်ား သမီးက ဒီအလုပ္ကိုလက္ခံလိုက္ၿပီဆိုရင္ေတာင္မွ, သမီးရဲ႕ အားလပ္ခ်ိန္ေတြမွပဲ ႐ိုက္ကူးေရးလုပ္ႏိုင္မယ္လို႔ေလ”

လင္ယုံ : “ဟုတ္ပါတယ္, အေမ, အေမတို႔ ဘာမွစိတ္ပူ‌စရာမလိုပါဘူး။ ယီယီက သူ႔ရဲ႕ကိုယ္ပိုင္အခ်ိန္ဇယားေတြကို ဘယ္လိုစီစဥ္ရမလဲဆိုတာ သိၿပီးသားပါ, ေနာက္ၿပီး သူ႔ရဲ႕အဆင့္ေတြကလည္း ထူးခြၽန္ၿပီးသားပဲမလား, အဲ့ေတာ့ သူ႔ရဲ႕သင္ၾကားေရးအတြက္ ကြၽန္မတို႔ စိတ္ပူစရာမလိုေတာ့ပါဘူး”

လင္ယုံ : “အေဖ, အေမ။ အေမတို႔သိၿပီးၾကၿပီလား? ယီယီက ဒီလေက်ာင္းစာေမးပြဲမွာ အမွတ္ အရမ္းေကာင္းတာကို‌ေလ။ ၿပီးျပည့္စုံတဲ့အမွတ္ျပည့္ကေတာ့ ၉၀၀ ေပါ့, အဲ့တာကို ယီယီက ၈၃၂ မွတ္ ေတာင္ရတာ။ ေက်ာင္းမွာ သူ႔အဆင့္က ထိပ္ဆုံးအေယာက္ႏွစ္ဆယ္ထဲမွာေပါ့”

ခ်န္႐ႊယ္ယန္ႏွင့္ ခ်င္က်င္းေကာ္တို႔ခမ်ာ ပိုပိုၿပီးေတာ့ကို ေပ်ာ္႐ႊင္ဝမ္းေျမာက္သြားခဲ့ၾကတယ္ : “ငါတို႔မိသားစုရဲ႕ ယီယီက ပါရမီရွင္မေလး အစစ္ပဲေဟ့”

-----

လင္ယုံက သူမအဆင့္အေၾကာင္း ေျပာဆိုေနခ်ိန္မွာေတာ့ စုန႔္ရွင္းယီရဲ႕အၿပဳံးေတြ ေပ်ာက္ကြယ္သြားခဲ့ေတာ့တယ္။ စာေမးပြဲရလဒ္ဆိုတာက အခုခ်ိန္မွာ သူမႏွလုံးသားထဲက ဆူးတစ္ေခ်ာင္းကဲ့သို႔ပင္ : သူမ စာေမးပြဲမွာ ေကာင္းေကာင္း ေျဖဆိုႏိုင္ခဲ့ေပမယ့္ စုေပက ပိုေတာ္ေနတာႀကီးကို!

စုန႔္ရွင္းယီတစ္ေယာက္ ဒီကိစၥကို လက္ခံႏိုင္ဖို႔ အၿမဲတမ္း တုန႔္ဆိုင္းေနမိတဲ့အျပင္ သူမမိဘေတြကို စုေပရဲ႕အမွတ္ေတြအေၾကာင္း ေျပာျပခ်င္စိတ္မရွိ‌ေလဘူး။

စုေပက စုန႔္ရွင္းယီကိုၾကည့္ၿပီး တိတ္တိတ္ေလး ခပ္ဟဟရယ္မိသြားခဲ့တယ္။

စုေရွာင္ေပါင္ကလည္း သိသိသာသာႀကီးကို အထင္အျမင္ေသးတဲ့အၾကည့္ေတြနဲ႔ ဖ်တ္ခနဲၾကည့္လိုက္တယ္။

သူ႔ကေလးႏွစ္ေယာက္ကိုၾကည့္ရင္း Mr.ခ်င္က မ်က္ခုံးေတြပင့္လိုက္ကာ စကားတစ္ခြန္းကိုသာ ေျပာလိုက္တယ္ : “ကိုယ္စားစရာရွိတာကိုသာစားၾက”

သို႔ေသာ္ ထိုအခ်ိန္မွာပဲ လင္ယုံက သူမအၾကည့္ေတြကို စုေပထံ ေ႐ႊ႕လိုက္တယ္။ “ေရွာင္ယြဲ႕က အခုမွ‌ ေ႐ြးခ်ယ္ခံလိုက္ရတယ္ဆိုေပမယ့္ သင္ယူစရာေတြ အမ်ားႀကီး ရွိေသးတယ္‌ေနာ္။ ယီယီငယ္ငယ္တုန္းက သင္ေပးခဲ့တဲ့ ယီယီ့ရဲ႕သီးသန႔္ဆရာေတြက ေတာ္ေတာ္ေလး ေတာ္ၾကတာ။ လိုအပ္ရင္ ေရွာင္ယြဲ႕ကို သင္ၾကားေပးဖို႔အတြက္ သူတို႔‌ေတြကို ေဒၚေလးေထာက္ခံေပးခ်င္တယ္” လင္ယုံရဲ႕စကားေတြက ဂ႐ုစိုက္တဲ့ပုံေပါက္ေနေပမယ့္ တကယ္တမ္းက်ေတာ့ စုေပကိုၾကည့္‌ေနရင္းနဲ႔ သူမမ်က္လုံးေတြထဲမွာ ျပင္းထန္လွတဲ့ အထင္အျမင္ေသးေသာ အရိပ္အေယာင္ေတြ ရွိေနခဲ့တာျဖစ္တယ္။

ေျပာေနပုံက မသိရင္ဘဲ သူမသမီးက မတရားေတာ္ေနၿပီး စုေပက်ေတာ့ နကန္းတစ္လုံးမွမသိတဲ့ ေက်းလက္ေတာသူမေလး တစ္ေယာက္သာသာလိုပင္။

ဒါကိုၾကားေတာ့ Mr.ခ်င္က ေလွာင္ေျပာင္သေရာ္လိုက္တယ္။ သူက လင္ယုံအား စူးရွစြာ မ်က္စိတစ္ခ်က္ ေဝ့ၾကည့္လိုက္ၿပီး တည္ၿငိမ္စြာ ေျပာလိုက္တယ္ : “ငါ့ရဲ႕ခ်င္မိသားစုက ပိုက္ဆံျပတ္ေနတာမဟုတ္ဘူး, အဲ့ေတာ့ ငါ့သမီးကလည္း သူ႔မ်က္ႏွာကို လူပုံအလယ္ ေလွ်ာက္ျပေနစရာမလိုတဲ့အျပင္ တစ္ျခားသူေတြက ငါတို႔ကို ဟာသႀကီးလိုၾကည့္ၿပီး ရယ္ေနၾကမယ့္အျဖစ္မ်ိဳး အျဖစ္မခံႏိုင္ဘူး”

ေနာက္ၿပီး ‘ဆရာေတြကိုေထာက္ခံေပးမယ္’ ဆိုတာႀကီးကေရာ သူမဘာကိုဆိုလိုခ်င္တာလဲ? ဒါက သူတို႔ခ်င္မိသားစုဖက္က အေကာင္းဆုံးဆရာေတြကို မရွာႏိုင္ဘူးလို႔မ်ားထင္ေနတာလား?

Mr.ခ်င္က ေအးတိေအးစက္ ၿပဳံးလိုက္တယ္။ မၾကာေသးခင္ကမွ သူအင္တာနက္ေပၚမွာ ကေလးေတြရဲ႕ ပညာေရးနဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာ အေတာ္မ်ားမ်ား ဖတ္ရႈထားခဲ့တယ္, အဲဒါေတြကေတာ့ : သားေတြကို အနည္းငယ္ စည္းကမ္းတင္းက်ပ္စြာနဲ႔ ထိန္းေက်ာင္းရမွာျဖစ္ၿပီး သမီးေတြကိုေတာ့ ခ်မ္းခ်မ္းသာသာႏွင့္ ပိုမိုႏူးညံ့သိမ္ေမြ႕စြာ ေစာင့္ေရွာက္ရမည္ဟူ၍ပင္; မိဘေတြအေနနဲ႔ သားေတြအေပၚ အမွီအခိုကင္းစြာေနထိုင္ျခင္းကို က်င့္သုံးသင့္တဲ့အျပင္ သမီးေတြကိုေတာ့ လိုအပ္လာတဲ့အခ်ိန္မွာ မိသားစုရဲ႕အကူအညီေတြကို ေတာင္းခံဖို႔ကို ေျပာျပထားရမွာျဖစ္တယ္; သားေတြကို ဘယ္လိုတာဝန္ယူရမလဲဆိုတာကို သင္ၾကား‌ေပးရမွာျဖစ္ၿပီး သမီးေတြကိုေတာ့ သူတို႔ကိုယ္သူတို႔ ဘယ္လိုတန္ဖိုးထားရမလဲဆိုတာကို သင္ၾကားေပးရမွာျဖစ္တယ္...

Mr.ခ်င္က စုန႔္မိသားစုရဲ႕ သူတို႔သမီးကို ျပဳစုေစာင့္ေရွာက္တဲ့နည္းလမ္းကို မျငင္းဆန္ေပမယ့္လည္း အဲ့ဒါကို ဒီတိုင္း အဖက္မလုပ္ခဲ့ျခင္းသာျဖစ္တယ္။

-----

Mr.ခ်င္ရဲ႕တိုတိုတုတ္တုတ္မွတ္ခ်က္က အဆိုပါေခါင္းစဥ္ကို ေအာင္ျမင္စြာနဲ႔ အဆုံးသတ္သြားေစခဲ့တယ္, ထို႔ေနာက္ စားေသာက္ျခင္းက သိပ္အရမ္းႀကီး ကိုး႐ိုးကားရားမက်စြာနဲ႔ ၿပီးဆုံးသြားခဲ့တယ္။

စားေသာက္ၿပီးသြားၾကၿပီးတဲ့ေနာက္ ခ်င္က်င္းေကာ္က ခ်င္ေရွာက္နဲ႔ စုန႔္ယန္ခ်န္းအား သူ႔စာၾကည့္ခန္းထဲသို႔ ေခၚသြားခဲ့တယ္။ တစ္ဖက္မွာလည္း သူက ထိုႏွစ္ေယာက္အား နားခ်ခ်င္ေန‌ေသးတာျဖစ္တယ္။ အျခားတစ္ဖက္မွာကလည္း, ေန႔လည္တုန္းက ခ်င္ေရွာက္နဲ႔ သူ႔ရဲ႕စကားစျမည္ေျပာဆိုမႈအရ, ခ်င္က်င္းေကာ္က စုန႔္ယန္ခ်န္းတစ္ေယာက္ တကယ္ႀကီး သူ႔မွာမရွိသင့္တဲ့ တစ္ျခားအေတြးေတြရွိေနလား မရွိေနဘူးလားဆိုတာကို ၾကည့္ဖို႔အတြက္ သူ႔အား ေမးျမန္းစူးစမ္းရန္ စီစဥ္ထားတာျဖစ္တယ္။

အမ်ိဳးသမီးမ်ားႏွင့္ ကေလးမ်ားကေတာ့ စကားစျမည္ အနည္းငယ္ေျပာဆိုရန္အတြက္ ဧည့္ခန္းမွာသာ ေနေနခဲ့ၾကတာျဖစ္တယ္။ ခဏၾကာၿပီးေနာက္ စုေပတစ္‌ေယာက္ သန႔္စင္ခန္းသြားခ်ိန္မွာေတာ့ စုန႔္ရွင္းယီက အေနာက္ကလိုက္လာခဲ့‌တယ္။

စုေပအျပင္ျပန္ထြက္လာေတာ့ စုန႔္ရွင္းယီက သူမအား ပိတ္ရပ္လိုက္တယ္။

စုေပ : “ဘာလဲ? ရန္ျဖစ္ခ်င္လို႔လား?” Mr.ခ်င္စီစဥ္ေပးတဲ့ နည္းျပတစ္ေယာက္ႏွင့္အတူ ႐ိုးရွင္းတဲ့ self-defense skills အနည္းငယ္ကို သင္ၾကားထားၿပီးတဲ့ေနာက္ စုေပရဲ႕ လက္ရွိ combat စြမ္းရည္က အေတာ္ေလး ေကာင္းမြန္လာခဲ့တာျဖစ္တယ္။ အနည္းဆုံး စုန႔္ရွင္းယီတစ္ေယာက္ေလာက္ကို ကိုင္တြယ္ဖို႔ဆိုတာက လုံေလာက္တာထက္ေတာင္ ပိုေနပါေသး‌တယ္။

စုန႔္ရွင္းယီက စုေပအား ခက္ထန္စြာ စိုက္ၾကည့္ေနခဲ့တယ္ : “စုေပ, နင္ဘာလို႔ ငါ့ဆီက အရာရာကို ခိုးယူေနရတာလဲ? နင္က ငါ့ရဲ႕ ‘ေက်ာင္းအလွပန္းေလး’ ေခါင္းစီးကိုလည္း ခိုးတယ္, ငါ့ရဲ႕ ‘အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ’ ကိုလည္း ခိုးတယ္, ရွဲ႕မင္႐ႊမ္းကိုပါ လုယူသြားၿပီးေတာ့ လပတ္စာေမးပြဲရဲ႕ ေရပန္းစားမႈေတြကိုပါ လုသြားေသးတယ္။ အဲ့တာနဲ႔တင္ မလုံေလာက္ေသးဘူးလား? ငါ့ဟာေတြကိုပါ ခိုးသြားတဲ့အျပင္ အခု နင္က ဘာလို႔ ဒီအိမ္ကိုေတာင္ ေရာက္လာၿပီးေတာ့ ငါ့အဘိုးအဘြားေတြကိုပါ လုယူခ်င္ေနရတာလဲ?!”

စုန႔္ရွင္းယီရဲ႕ စြပ္စြဲ‌ေျပာဆိုခ်က္ေတြနဲ႔ ႀကဳံေတြ႕လိုက္ရေတာ့ စုေပတစ္ေယာက္ သူမေခါင္းကိုေဖာက္ၿပီး အထဲမွာ ဘာေတြရွိလဲဆိုတာကို သိခ်င္သြားခဲ့တယ္။ ဇာတ္လိုက္မရဲ႕အရွိန္အဝါက အရမ္း heavy ျဖစ္သြားၿပီးေတာ့ brain ေခ်ာင္သြားတာမ်ားလား?

စုေပက စုန႔္ရွင္းယီထံ ေအးတိေအးစက္ စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္ : “အရင္ဆုံး, ‘ေက်ာင္းအလွပန္းေလး’ ေခါင္းစီးကို‌ေရာ ‘အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ’ ကိုေရာ ငါခိုးခဲ့တာမဟုတ္ဘူး။ အဲဒါေတြကို ငါႏိုင္ခဲ့တာ။ လပတ္စာေမးပြဲရလဒ္ကေတာ့ ငါလည္း ခပ္ညံ့ညံ့ေလးပဲ ေနခ်င္‌တာပါ။ ကံဆိုးခ်င္ေတာ့ ငါ့အရည္အခ်င္းေတြက ခြင့္မျပဳဘူးေလ"

ရွဲ႕မင္႐ႊမ္းက်ေတာ့ေရာ...

ေသာက္က်ိဳးနည္း?

သူက တကယ္ႀကီး ‘အခိုးခံရတယ္’ ဆိုရင္ေတာင္မွ သူ႔ကို ခိုးမယ့္သူက စုေရွာင္ေပါင္ပဲျဖစ္မွာ။

စုေပ : ခဏေလး, ခဏေလး။ ဒါႀကီးက မဟုတ္ေသးပါဘူး။ သူမ ဒီလိုအေတြးမ်ိဳးေတြ မေတြးသင့္ဘူး။

“တစ္ျခားသူေတြကေတာ့...” တခဏမွ်ၾကာၿပီးေနာက္ စုေပရဲ႕အမူအရာက အေလးအနက္ႀကီး ျဖစ္သြားခဲ့တယ္။ “နင္က သက္သက္မဲ့ အေတြးေတြလြန္ေနတာပဲ။ နင့္ဟာေတြကို တမင္သက္သက္ႀကီး ခိုးယူဖို႔ ငါ့မွာ အဲ့ေလာက္ထိ အခ်ိန္‌ေတြပိုမေနဘူး”

“နင္သိလား? ငါ့အတြက္, စုေရွာင္ေပါင္က အေရးအႀကီးဆုံးပဲ, ၿပီးရင္ေတာ့ ခ်င္ေရွာက္က ဒုတိယေပါ့။ တစ္ျခားသူေတြဆိုရင္ေတာ့ တစ္ေယာက္မွကို အေရးမပါတာ” စုေပက တစ္ျခားအရာေတြဆိုရင္ သည္းခံေကာင္းသည္းခံႏိုင္ေပမယ့္ တစ္စုံတစ္ေယာက္က ဒီလူႏွစ္ေယာက္ကို ထိခိုက္နာက်င္ေစမယ့္အျဖစ္မ်ိဳး သူမ လုံးဝခြင့္ျပဳမွာမဟုတ္ဘူး။

-----

စုေပတစ္ေယာက္ ဧည့္ခန္းသို႔ ျပန္ေရာက္မလာေသးတာကိုျမင္ေတာ့ စုေရွာင္ေပါင္က သူမကို သြားရွာမယ္လုပ္တုန္း။ ခ်င္က်င္းေကာ္ႏွင့္ စကားေျပာဆိုၿပီးေနာက္, Mr.ခ်င္က စာၾကည့္ခန္းထဲမွ ထြက္လာၿပီး သူ႔ကေလးေတြကို အိမ္ျပန္ေခၚသြားေတာ့မည့္အခ်ိန္။ ႏွစ္ေယာက္သား ျစကႍလမ္း၌ ေတြ႕ေတြ႕ခ်င္း ခ်က္ခ်င္းဆိုသလိုပဲ စုေပရဲ႕ ေနာက္ဆုံးစကားတစ္ခြန္းကို ၾကားလိုက္ရ‌တဲ့အခ်ိန္ႏွင့္ ကြက္တိႀကီးျဖစ္သြားခဲ့တယ္။

Author's Note :

[ျပဇာတ္႐ုံငယ္ေလး]

Mr.ခ်င္ : ဘာေတြလာေျပာေနတာလဲ? ခြင့္ျပဳပါအုန္း, ကြၽန္ေတာ့္သားေပါက္ေလးေတြကို ေကြၽးေမြးဖို႔ အလုပ္မ်ားေနတာမို႔လို႔ နားေထာင္ဖို႔အခ်ိန္မရွိဘူး။

21.4.2021
Wednesday

_______________________________________

MWFV Ch 50

The Only People I Care About

Unicode Version

စုန့်ယန်ချန်းက ချင်ရှောက်စကားတွေရဲ့ စစ်မှန်မှုကို လုံးဝ သံသယမရှိလေဘူး။ တကယ်တော့ ချင်ရှောက်က ဒီဟာကို လုပ်ဆောင်ပြီးနေပြီဖြစ်တယ်။ မကြာသေးခင်က စုန့်ယန်ချန်းရဲ့ စက်မှုလုပ်ငန်းတွေကို ချင် Group ဖက်က ပြင်းပြင်းထန်ထန်ကြီးကို ဖိနှိပ်လာခဲ့တယ်။ ဒါတင်မကသေးဘဲ ‘ကျီဟွား International’ မှာ သူစီစဉ်ထည့်သွင်းထားတဲ့ လူတွေကိုပါ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ထုတ်ပယ်ခဲ့တယ်။

စုန့်ယန်ချန်းတစ်ယောက် စစချင်း တွေးလိုက်မိတာကတော့ ချင်ရှောက်က ‘ကျီဟွား International’ ကနေ စွန့်ခွာသွားပြီးတဲ့နောက် သူ့အနေနဲ့ အဲဒါကို ထပ်မံစိုးရိမ်နေစရာမလိုတော့ဘူး ဟူ၍ပင်။ မျှော်လင့်မထားမိခဲ့တာက‌တော့ ချင်ရှောက်က အဲဒီနေရာမှာ လူတော်တော်များများကို ချန်ထားရစ်ခဲ့တာပဲဖြစ်‌တယ်။ လတ်တလော သူ့ပြဿနာတွေကို ပြန်လည်တွေးတောလိုက်ချိန်မှာတော့ စုန့်ယန်ချန်းတစ်ယောက် ခါးသီးလှတဲ့ အမုန်းတရားတစ်ခုကိုသာ ခံစားမိခဲ့‌တယ်။

-----

စုန့်ယန်ချန်းရဲ့အကြည့်တွေက အမွှာနှစ်ယောက်ရဲ့မျက်နှာပေါ်သို့ ဆတ်ခနဲဖြတ်ပြေးသွားခဲ့ပြီး အံ့အားသင့်ရုံအပြင် ဘာမှမတတ်နိုင်လေဘူး : ကြည့်ရတာတော့ ချင်ရှောက်က ဒီကလေး‌တွေကို တကယ်ကြီး ဂရုစိုက်ပုံရတယ်။

Mr.ချင်က စုန့်ယန်ချန်းရဲ့မျက်လုံးတွေထဲမှာ ဖြတ်ခနဲပေါ်လာတဲ့ အလင်းတန်း‌လေးကို လွတ်မသွားခဲ့ဘူး။ သူ့မျက်နှာက ရုတ်တရက်ကြီး တင်းမာခက်ထန်သွားကာ : “ငါ့ရဲ့ နောက်ဆုံးသည်းခံနိုင်စွမ်းကို လာမစမ်းနဲ့,” Mr.ချင်က ရင့်သီးစွာ သတိပေးလိုက်တယ်။ ဒီကလေးနှစ်ယောက်က သူ့ရဲ့ reverse scale တွေဖြစ်တယ်ဆိုတာကို သူ့ဖက်က လျို့ဝှက်ထား‌နေစရာမှမလိုတာ။

[T/N : reverse scale ဆိုတာက နဂါးတစ်ကောင်မှာဆိုရင် သူ့ခန္ဓာကိုယ်‌ပေါ်မှာရှိတဲ့ အကြေးခွံကို ပြောချင်တာဖြစ်ပြီး အဲဒီအကြေးခွံကို ထိလိုက်တာနဲ့ သူ့ရဲ့ပြင်းထန်လှတဲ့ အမျက်ဒေါသ သင့်နိုင်တယ်လို့ ဆိုလိုချင်တာပါ]

စီးပွားရေးလောကထဲမှာဆိုရင် စုန့်ယန်ချန်းက သူလုပ်ချင်သ‌လောက် ဟိုဟိုဒီဒီ ကျော်ခွနိုင်တယ်။ သူ့ဖက်က အချို့သောလှည့်ကွက်တွေကို လုပ်‌ဆောင်ခဲ့မယ်ဆိုရင်တောင်မှ ချင်ရှောက်က တစ်ခါတစ်လေ သူနဲ့အတူတူ ပူးပေါင်း‌ပေးနိုင်လိမ့်မယ်။ တကယ်လို့များ စုန့်ယန်ချန်းက သူ့ကလေးတွေကို ထိပါးလာခဲ့မယ်ဆိုရင်တော့ဖြင့် ဖခင်တစ်ယောက်အနေနဲ့ Mr.ချင်က သည်းခံတာတွေ၊ ဥပဒေလေးစားလိုက်နာတာတွေ ဘာတွေကြည့်နေတော့မှာ မဟုတ်ဘူး။

သေချာတာပေါ့, သူကလည်း စုန့်ယန်ချန်းကို အဲ့ဒီအခွင့်အရေးမျိုး လုံးဝပေးမှာမဟုတ်ဘူးလေ။

လေထုက ပိုပိုပြီးတော့ ဖိအားတွေများလာခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာပဲ ချင်ရှောက်ထက် အတော်လေးနှေးကွေးတဲ့ ချင်ကျင်းကော်က နောက်ဆုံးတော့ သူ့ရဲ့ကြိမ်တုတ်နှင့်အတူ မီးတောက်က တကယ်ကြီး ပေါက်ကွဲမထွက်သေးခင် အချိန်မီလေးအတွင်းမှာ ရောက်ရှိလာခဲ့တာဖြစ်တယ်။

“ဒီနေ့ကပွဲတော်နေ့လေ, အဲ့တာကို မင်းတို့ကဘာတွေလုပ်နေကြတာလဲ!” ချင်ကျင်းကော်က ထိုနှစ်ယောက်ကို ဆူပူကြိမ်း‌မောင်းလိုက်တယ် : “မင်းတို့ ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်း မဖြတ်သန်းချင်ကြဘူးဆိုရင် ကိုယ့်အိမ်ကိုယ်သာ ပြန်လိုက်ကြတော့!”

ချင်ရှောက်နဲ့ စုန့်ယန်ချန်းတို့ နှစ်ယောက်စလုံး နောက်ဆုံးတော့ သူတို့ရဲ့ စူးရှပြင်းထန်တဲ့ အရှိန်အဟုန်တွေကို ရပ်တန့်လိုက်ကြတော့တယ်။ ဒါကိုမြင်လိုက်ရတော့ ချင်ကျင်းကော်က ထပ်‌ပြောလိုက်တယ် : “ကဲ အားလုံးလည်း စုံနေပြီဆိုတော့ အထဲဝင်ပြီး စားလိုက်ကြစို့”

-----

ချင်‌ကျင်းကော်ရဲ့ ဆူပူကြိမ်း‌မောင်းမှု ကျေးဇူးကြောင့် အငြင်းပွားမှုက ယာယီအားဖြင့် အနည်ထိုင်သွားခဲ့တယ်။ သူတို့အားလုံး ထမင်းစားပွဲမှာ ထိုင်လိုက်ကြပြီးတဲ့နောက် လေထုက အဲ့လောက်ကြီး ကျေနပ်စရာ မကောင်းပေမယ့်လို့ အတော်လေး သဟဇာတဖြစ်တယ်လို့‌တော့ ယူဆလို့ရတယ်။

လင်ယုံကလည်း အခြေအနေကို သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တက်ကြွစွာ ကြိုးစားနေခဲ့တယ်။ သူမက အတော်လေး အကင်းပါးပြီး ချင်ကျင်းကော်နှင့် ချန်ရွှယ်ယန်တို့အကြောင်း ကောင်းကောင်းကြီး နားလည်သူပင် ဖြစ်တယ်။ လိမ္မာပါးနပ်သော စကားလုံး‌လေးအနည်းငယ်နဲ့တင် သူတို့ရဲ့ အမူအရာတွေ ပြေလျော့သွားပြီး လေထုက တဖြည်းဖြည်းနဲ့ နွေးထွေးလာခဲ့တယ်။

သူမရဲ့ခေါင်းစဉ်များထဲမှ လင်ယုံက လူကြီးနှစ်ယောက်အား သူမတို့မိသားစုသုံးယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အချို့သော စိတ်ဝင်စားစရာကောင်းတဲ့ ရယ်စရာဖြစ်ရပ်လေးတွေကို ပြောပြခဲ့တယ်။ ဒီအခိုက်အတန့်မှာတော့ လင်ယုံက စုန့်ရှင်းယီတစ်‌ယောက် သူမမိဘတွေအတွက် မနက်စာချက်ပြုတ်ပေးဖို့ ကြိုးစားရင်း ပေါင်မုန့်မီးကင်စက်ကို ဘယ်လိုဖျက်ဆီးလိုက်မိတယ်ဆိုတဲ့အကြောင်းကို ပြောပြနေခဲ့တာဖြစ်တယ်။

စုန့်ရှင်းယီက ချန်ရွှယ်ယန်ရဲ့လက်မောင်းကို ရှက်ကိုးရှက်ကန်းနဲ့ကုပ်ပြီး ပြန်ပြောလိုက်တယ် : “သမီး အဲဒါကို ဖျက်ဆီးလိုက်တာမဟုတ်ပါဘူးနော်။ အဲဒီ့ပေါင်မုန့်မီးကင်စက်ကြီးက သုံးဖို့ တော်တော်လေး ဟောင်းနေတယ်ဆိုတာ အသိသာကြီးပဲကို”

ချန်ရွှယ်ယန်က သူမအား ချစ်ခင်ကြင်နာစွာဖြင့် ချော့လိုက်ကာ : “ဟုတ်ပါ့, ဟုတ်ပါ့, ဒါတွေအားလုံး အဲ့ပေါင်မုန့်မီးကင်စက်ရဲ့ အမှားတွေချည်းပဲလေနော့်”

စုပေက ဒီမြင်ကွင်းကိုကြည့်ရင်း အံ့ဩမနေတော့ဘူး။ ဒီနှစ်အတောအတွင်း ချင်ရှောက်က မိသားစုဆိုတာကို လုံးဝ မထူ‌ထောင်ခဲ့ဘူး။ အဲဒါကြောင့် စုန့်ရှင်းယီက ဒီအိမ်ကြီးထဲမှာ အမြဲတမ်း တစ်ဦးတည်းသောကလေးတစ်ယောက် ဖြစ်နေခဲ့တာပင်။ ကလေးဘဝကနေစပြီး အခုအချိန်အထိ လူကြီးနှစ်ယောက်က သူမအပေါ် အမြဲတမ်း ချစ်ခင်ကြင်နာပေးခဲ့ကြတာဖြစ်တယ်။

“ဒီလောက်အရွယ်ကြီး ကြီးနေတာတောင်မှ အခုထိ အဘိုးအဘွား‌တွေရှေ့မှာ ကလေး‌လိုလုပ်နေတုန်းပဲလား” ချန်ရွှယ်ယန်က ပြုံးပြီး shortbread ကွတ်ကီးတစ်ခုကို စုန့်ရှင်းယီအတွက် ပေးလိုက်တယ် : “စားကြည့်။ အဘွားက ဒီ shortbread ကိုလုပ်ဖို့ S မြို့က မုန့်ဖုတ်ဆရာတစ်ယောက်ကို အထူးစပယ်ရှယ် ဖိတ်ခေါ်ထားခဲ့ရတာ။ အရမ်းအရသာရှိတာနော်” ပြီးနောက် သူမက စုပေနှင့် စုရှောင်ပေါင်တို့ကိုပါ တစ်‌ခုစီပေးလိုက်ရင်း : “ရှောင်ယွဲ့နဲ့ ရှောင်ယွိလည်း ဒီ shortbread လေးကို စားကြည့်လိုက်ပါအုန်း"

[T/N : shortbread ဆိုတာက စကော့တလန်ရိုးရာဘီစကစ်ဖြစ်ပြီး ပုံမှန်အားဖြင့် သကြားဖြူတစ်ဆ၊ ထောပတ်နှစ်ဆနှင့် oat ဂျုံသုံးဆ သို့မဟုတ် ရိုးရိုးဂျုံမှုန့်လေးဆတို့နဲ့ပြုလုပ်ရတာပါ။ အခြားသောဘီစကစ်တွေနဲ့ ဖုတ်ရတဲ့မုန့်အမျိုးအစားတွေနဲ့ မတူတာကတော့ shortbread က baking powder သို့မဟုတ် baking soda အစရှိတဲ့ တဆေးမျိုး‌တွေ မပါဝင်တာပါပဲ]

ချန်ရွှယ်ယန်ရဲ့သဘောထားကတော့ ကလေးတွေကြား မျှတမှုရှိတာကို ဖော်ပြချင်တာဖြစ်ပြီး သူမက အခြားသူတွေထက် တစ်စုံတစ်ယောက်ကို ပိုပြီးအလေးပေးခဲ့တယ်လို့ သူတို့လေးတွေကို အထင်မမှားစေချင်တာ ဖြစ်တယ်။ ဒီလူငယ်မျိုးဆက်ကတော့ အဆင်ပြေလိမ့်မယ်လို့ သူမ ရိုးသားစွာနဲ့ မျှော်လင့်ထားခဲ့တာဖြစ်တယ်။ သို့ပေသိ သူမ မသိလိုက်မိတာကတော့ ဒီအပြုအမူက စုန့်ရှင်းယီရဲ့မျက်လုံးထဲမှာ ဆူးကြီးတစ်ချောင်း သက်သက်သာ ဖြစ်သွားခဲ့တယ်ဆိုတာပါပဲ။

စုန့်ရှင်းယီတစ်‌ယောက် သူမလက်ထဲက တူကို တိတ်တဆိတ် ဖိညှပ်လိုက်မိတယ်။ စုပေက ကျောင်းမှာ သူမရဲ့‌ ရေပန်းစားမှုတွေကို လုယက်သွားခဲ့တယ်ဆိုရင်တောင်မှ ဒီနေရာက သူမ(စုန့်ရှင်းယီ)ရဲ့ အိမ်ဖြစ်တယ်ဆိုတာ အသိသာကြီးပဲလေ။ ဘာအရည်အချင်းနဲ့များ စုပေက ဒီကို ရောက်လာရတာလဲ? အဘိုးနဲ့အဘွားရဲ့ အချစ်တွေကိုလည်း သူမတစ်ယောက်တည်းကိုပဲ ပေးထားပြီးသားကို။ စုပေနဲ့ စုရှောင်ပေါင်လို ဘယ်ကဇစ်မြစ်မှန်းတောင် မသိတဲ့သူနှစ်ယောက်ကများ သူတို့ကို သူမလိုမျိုး 'ဘိုးဘိုး' နဲ့ 'ဘွားဘွား' ဆိုပြီး ခေါ်ခွင့်မရှိဘူး!

“ယီယီ, ဘာဖြစ်လို့လဲကွဲ့?” ချန်ရွှယ်ယန်က စုန့်ရှင်းယီတစ်‌ယောက် shortbread ကိုမစားဘဲ တူနဲ့ ဒီတိုင်း ထိုးဆွနေတာကို မြင်လိုက်ရတော့, “သမီးဒါကိုမကြိုက်လို့လား?”

“မဟုတ်ပါဘူး, ဒါကအရသာရှိပါတယ်” စုန့်ရှင်းယီက ခေါင်းခါလိုက်ပြီး သူမရဲ့မကျေနပ်မှုတွေကို ဖိနှိပ်ထားလိုက်ကာ ထက်မြက်ပြီး စဉ်းစားချင့်ချိန်တတ်တဲ့ပုံစံကို ပြသလိုက်တယ်။ “သမီးက ဒီတိုင်း စန္ဒရားပြိုင်ပွဲအကြောင်း စဉ်းစားမိသွားလို့ပါ”

စုန့်ရှင်းယီ : “ဘွားဘွား, သမီးပြောရအုန်းမယ်, သမီး အရင်က ဝင်ပြိုင်ခဲ့တဲ့ စန္ဒရားပြိုင်ပွဲမှာလေ ဒုတိယဆုရခဲ့တယ်သိလား!”

ချန်ရွှယ်ယန်ကလည်း အလွန်ပျော်ရွှင်ဝမ်းမြောက်သွားခဲ့တယ်, “ဒါတကယ်ပဲလား? ငါတို့ယီယီလေးက အရမ်းထူးချွန်တာပေါ့!”

ဘေးနားက လင်ယုံကလည်း စကားဝိုင်းမှာဝင်ပါလာခဲ့တယ် : “အဲဒီ့ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့သူတော်‌တော်များများက ပညာရှင်တွေချည်းပဲလေ။ ယီယီ့ရဲ့စန္ဒရားဆရာမ ပြောတာကတော့ ယီယီက အဲဒီ့မှာ ဒုတိယဆုတောင် ရလာခဲ့တယ်ဆိုတော့ သူ့ရဲ့စန္ဒရားတီးကျွမ်းကျင်မှုက ဆရာကြီးအဆင့်ကိုတောင် ရောက်နေပြီတဲ့”

ချင်ကျင်းကော်ကပါ စုန့်ရှင်းယီကို ချီးကျူးလိုက်တယ် : “ယီယီက အရမ်းတော်‌တာပေါ့, သမီး ဒီ့ထက်အများကြီး ပိုကြိုးစားရမယ်နော်”

စုန့်ရှင်းယီ : “သေချာတာပေါ့, ဘိုးဘိုးရယ်”

စုန့်ရှင်းယီက စုပေအား တမင်တကာဆွပေးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ် : သူမရဲ့ စန္ဒရားတီး ကျွမ်းကျင်မှုအဆင့်ကတော့ ပညာရှင်ပီသစွာနဲ့ အသိအမှတ်ပြုခံရပြီးပြီ, ဆိုတော့ စုပေကျ‌တော့ရော? ‘အဖွင့်ဖျော်ဖြေတင်ဆက်မှု’ လုပ်တဲ့အချိန်တုန်းက စုပေက သူမအရည်အချင်းကြောင့်မဟုတ်ဘဲ ဝတ်စုံနဲ့ မီးအလင်းရောင်သက်ရောက်မှုတို့အပေါ် အသာလေး မှီခိုသွားခဲ့ကာ လူတိုင်းရဲ့အာရုံစိုက်မှုကို ခိုးယူသွားခဲ့တာ ဖြစ်တယ်။

စုန့်ရှင်းယီက ထပ်ပြောလိုက်တယ် : “နောက်ပြီးတော့လေ, သမီးရဲ့ ဖျော်ဖြေတင်ဆက်မှုဗီဒီယိုက အွန်လိုင်းပေါ် ရောက်ပြီးသွားတော့ အဲဒါကို ဒါရိုက်တာတစ်ယောက်က ရွေးလိုက်တယ်တဲ့လေ။ သူက သမီးကို သူပြင်ဆင်နေတဲ့ အစီအစဉ်တစ်ခုရဲ့ အမျိုးသမီးဇာတ်လိုက်နေရာမှာ သရုပ်ဆောင်ပေးဖို့လည်း ကမ်းလှမ်းထားသေးတယ်”

“ဘယ်ဒါရိုက်တာလဲ?” ချင်ကျင်းကော်က စုန့်ယန်ချန်းကို မျက်စိတစ်ချက်‌ဝေ့ကြည့်လိုက်တယ်။ ယီယီက ဒါကို သဘောကျတယ်ဆိုရင် သူမကို အချို့သောပြိုင်ပွဲတွေနဲ့ variety show တွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ ဘာပြဿနာမှမရှိလေဘူး။ ဒါပေမယ့်လို့ ချင်ကျင်းကော်က စုန့်ရှင်းယီတစ်ယောက် ဒီလောက်ငယ်ငယ်လေးနဲ့ မင်းသမီးတစ်ယောက်လို ဒါမှမဟုတ် ကြယ်ပွင့်တစ်ပွင့်လို ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်သွားတော့မယ့် အဖြစ်ကိုတော့ တကယ်တမ်း သဘောမတူလှဘူး။

စုန့်ရှင်းယီက စုန့်ယန်ချန်းပြန်မ‌ပြောခင်မှာဘဲ ဖြေ‌ပေးလိုက်တယ် : “ဒါရိုက်တာရဲ့နာမည်က အိုးယီပင်းတဲ့, သူက အရမ်းအရည်အချင်းရှိတာ‌နော်။ အထူးသဖြင့် မကြာသေးခင်ကမှ အင်တာနက်ပေါ်မှာ လူကြိုက်များခဲ့တဲ့ ‘Daybreak's Dream’ ဆိုတဲ့ ဒရမ်မာက သူလက်ရာတဲ့”

အိုးယီပင်းဆိုသူက အစတုန်းကတော့ နာမည်မကြီးတဲ့ အညတရ ဒါရိုက်တာတစ်ယောက်ပဲဖြစ်တယ်။ သို့‌ပေသိသူက ရထားပေါ်တွင် အိပ်မက်ဆိုးများ ကြုံတွေ့ခဲ့ရတဲ့ မိန်းမငယ်လေးတစ်‌ယောက်၏ ခရီးစဉ်အကြောင်းနှင့် ပတ်သတ်တဲ့ low-cost web drama တစ်ခုကို မကြာသေးခင်က ရိုက်ကူးခဲ့တယ်။ ဒရမ်မာက မမျှော်လင့်ဘဲ လူကြိုက်များ‌ ရေပန်းစားခဲ့တယ်။ တစ်ချက်တည်းနဲ့တင် အိုးယီပင်းတစ်ယောက် ကြေးကြီးတဲ့ နာမည်ကြီး ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့တယ်။

ချင်ကျင်းကော်က ခေါင်းငြိမ့်ပြီး စုန့်ယန်ချန်းကို ကြည့်လိုက်တယ် : “ဆုံးဖြတ်ပြီးသွားပြီလား?”

စုန့်ယန်ချန်းက ပြန်ဖြေလိုက်တယ် : “အင်း။ အဲဒီ့ဒါရိုက်တာက တော်တယ်‌လေ, အဲတော့ ကုမ္ပဏီဖက်ကလည်း စာချုပ်ချုပ်ဖို့ ပြင်ဆင်လိုက်‌တော့တာပေါ့”

စုပေတစ်ယောက်ပဲ စုန့်ရှင်းယီရဲ့စကားတွေကို အာရုံစိုက်နေခဲ့တာဖြစ်တယ်။ “အိုးယီပင်း? နောက်ပြီး ဒါရိုက်တာဆိုတော့...” ဘယ်လိုဖြစ်ပြီး ဒီနာမည်ကြီးကို နည်းနည်းရင်းနှီးနေတယ်လို့ ခံစား‌နေရတာပါလိမ့်? သူမ အဲဒါကို ဘယ်နေရာကနေ ကြားလာမိတာပါလိမ့်?

-----

တစ်ဖက်မှာတော့ ချန်ရွှယ်ယန်က ပျော်ရွှင်ဝမ်း‌မြောက်ရပေမယ့် မတတ်သာစွာနဲ့ပဲ မေးမြန်းလိုက်တယ် : “ယီယီ, သမီးရုပ်ရှင် စရိုက်ရတော့မယ်ဆိုရင် သမီးရဲ့သင်ကြားရေးကို သက်ရောက်မှု ရှိလာနိုင်တယ်မဟုတ်လား?”

စုန့်ရှင်းယီ : “မပူပါနဲ့, ဘွားဘွားရယ်။ ဒါရိုက်တာအိုးရဲ့ အစီအစဉ်က အခုမှ ပြင်ဆင်တဲ့အဆင့်မှာပဲရှိသေးတာလေ, နောက်ပြီး ရိုက်ကူးရေးကလည်း အဲ့လောက်မြန်မြန်ကြီး မစနိုင်သေးပါဘူး။ သမီးဖက်ကလည်း ဒါရိုက်တာကြီးကို သေချာလေး ပြောပြထားမှာပါ, အကယ်၍များ သမီးက ဒီအလုပ်ကိုလက်ခံလိုက်ပြီဆိုရင်တောင်မှ, သမီးရဲ့ အားလပ်ချိန်တွေမှပဲ ရိုက်ကူးရေးလုပ်နိုင်မယ်လို့လေ”

လင်ယုံ : “ဟုတ်ပါတယ်, အမေ, အမေတို့ ဘာမှစိတ်ပူ‌စရာမလိုပါဘူး။ ယီယီက သူ့ရဲ့ကိုယ်ပိုင်အချိန်ဇယားတွေကို ဘယ်လိုစီစဉ်ရမလဲဆိုတာ သိပြီးသားပါ, နောက်ပြီး သူ့ရဲ့အဆင့်တွေကလည်း ထူးချွန်ပြီးသားပဲမလား, အဲ့တော့ သူ့ရဲ့သင်ကြားရေးအတွက် ကျွန်မတို့ စိတ်ပူစရာမလိုတော့ပါဘူး”

လင်ယုံ : “အဖေ, အမေ။ အမေတို့သိပြီးကြပြီလား? ယီယီက ဒီလကျောင်းစာမေးပွဲမှာ အမှတ် အရမ်းကောင်းတာကို‌လေ။ ပြီးပြည့်စုံတဲ့အမှတ်ပြည့်ကတော့ ၉၀၀ ပေါ့, အဲ့တာကို ယီယီက ၈၃၂ မှတ် တောင်ရတာ။ ကျောင်းမှာ သူ့အဆင့်က ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲမှာပေါ့”

ချန်ရွှယ်ယန်နှင့် ချင်ကျင်းကော်တို့ခမျာ ပိုပိုပြီးတော့ကို ပျော်ရွှင်ဝမ်းမြောက်သွားခဲ့ကြတယ် : “ငါတို့မိသားစုရဲ့ ယီယီက ပါရမီရှင်မလေး အစစ်ပဲဟေ့”

-----

လင်ယုံက သူမအဆင့်အကြောင်း ပြောဆိုနေချိန်မှာတော့ စုန့်ရှင်းယီရဲ့အပြုံးတွေ ပျောက်ကွယ်သွားခဲ့တော့တယ်။ စာမေးပွဲရလဒ်ဆိုတာက အခုချိန်မှာ သူမနှလုံးသားထဲက ဆူးတစ်ချောင်းကဲ့သို့ပင် : သူမ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ခဲ့ပေမယ့် စုပေက ပိုတော်နေတာကြီးကို!

စုန့်ရှင်းယီတစ်ယောက် ဒီကိစ္စကို လက်ခံနိုင်ဖို့ အမြဲတမ်း တုန့်ဆိုင်းနေမိတဲ့အပြင် သူမမိဘတွေကို စုပေရဲ့အမှတ်တွေအကြောင်း ပြောပြချင်စိတ်မရှိ‌လေဘူး။

စုပေက စုန့်ရှင်းယီကိုကြည့်ပြီး တိတ်တိတ်လေး ခပ်ဟဟရယ်မိသွားခဲ့တယ်။

စုရှောင်ပေါင်ကလည်း သိသိသာသာကြီးကို အထင်အမြင်သေးတဲ့အကြည့်တွေနဲ့ ဖျတ်ခနဲကြည့်လိုက်တယ်။

သူ့ကလေးနှစ်ယောက်ကိုကြည့်ရင်း Mr.ချင်က မျက်ခုံးတွေပင့်လိုက်ကာ စကားတစ်ခွန်းကိုသာ ပြောလိုက်တယ် : “ကိုယ်စားစရာရှိတာကိုသာစားကြ”

သို့သော် ထိုအချိန်မှာပဲ လင်ယုံက သူမအကြည့်တွေကို စုပေထံ ရွှေ့လိုက်တယ်။ “ရှောင်ယွဲ့က အခုမှ‌ ရွေးချယ်ခံလိုက်ရတယ်ဆိုပေမယ့် သင်ယူစရာတွေ အများကြီး ရှိသေးတယ်‌နော်။ ယီယီငယ်ငယ်တုန်းက သင်ပေးခဲ့တဲ့ ယီယီ့ရဲ့သီးသန့်ဆရာတွေက တော်တော်လေး တော်ကြတာ။ လိုအပ်ရင် ရှောင်ယွဲ့ကို သင်ကြားပေးဖို့အတွက် သူတို့‌တွေကို ဒေါ်လေးထောက်ခံပေးချင်တယ်” လင်ယုံရဲ့စကားတွေက ဂရုစိုက်တဲ့ပုံပေါက်နေပေမယ့် တကယ်တမ်းကျတော့ စုပေကိုကြည့်‌နေရင်းနဲ့ သူမမျက်လုံးတွေထဲမှာ ပြင်းထန်လှတဲ့ အထင်အမြင်သေးသော အရိပ်အယောင်တွေ ရှိနေခဲ့တာဖြစ်တယ်။

ပြောနေပုံက မသိရင်ဘဲ သူမသမီးက မတရားတော်နေပြီး စုပေကျတော့ နကန်းတစ်လုံးမှမသိတဲ့ ကျေးလက်တောသူမလေး တစ်ယောက်သာသာလိုပင်။

ဒါကိုကြားတော့ Mr.ချင်က လှောင်ပြောင်သရော်လိုက်တယ်။ သူက လင်ယုံအား စူးရှစွာ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ် : “ငါ့ရဲ့ချင်မိသားစုက ပိုက်ဆံပြတ်နေတာမဟုတ်ဘူး, အဲ့တော့ ငါ့သမီးကလည်း သူ့မျက်နှာကို လူပုံအလယ် လျှောက်ပြနေစရာမလိုတဲ့အပြင် တစ်ခြားသူတွေက ငါတို့ကို ဟာသကြီးလိုကြည့်ပြီး ရယ်နေကြမယ့်အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး”

နောက်ပြီး ‘ဆရာတွေကိုထောက်ခံပေးမယ်’ ဆိုတာကြီးကရော သူမဘာကိုဆိုလိုချင်တာလဲ? ဒါက သူတို့ချင်မိသားစုဖက်က အကောင်းဆုံးဆရာတွေကို မရှာနိုင်ဘူးလို့များထင်နေတာလား?

Mr.ချင်က အေးတိအေးစက် ပြုံးလိုက်တယ်။ မကြာသေးခင်ကမှ သူအင်တာနက်ပေါ်မှာ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာ အတော်များများ ဖတ်ရှုထားခဲ့တယ်, အဲဒါတွေကတော့ : သားတွေကို အနည်းငယ် စည်းကမ်းတင်းကျပ်စွာနဲ့ ထိန်းကျောင်းရမှာဖြစ်ပြီး သမီးတွေကိုတော့ ချမ်းချမ်းသာသာနှင့် ပိုမိုနူးညံ့သိမ်မွေ့စွာ စောင့်ရှောက်ရမည်ဟူ၍ပင်; မိဘတွေအနေနဲ့ သားတွေအပေါ် အမှီအခိုကင်းစွာနေထိုင်ခြင်းကို ကျင့်သုံးသင့်တဲ့အပြင် သမီးတွေကိုတော့ လိုအပ်လာတဲ့အချိန်မှာ မိသားစုရဲ့အကူအညီတွေကို တောင်းခံဖို့ကို ပြောပြထားရမှာဖြစ်တယ်; သားတွေကို ဘယ်လိုတာဝန်ယူရမလဲဆိုတာကို သင်ကြား‌ပေးရမှာဖြစ်ပြီး သမီးတွေကိုတော့ သူတို့ကိုယ်သူတို့ ဘယ်လိုတန်ဖိုးထားရမလဲဆိုတာကို သင်ကြားပေးရမှာဖြစ်တယ်...

Mr.ချင်က စုန့်မိသားစုရဲ့ သူတို့သမီးကို ပြုစုစောင့်ရှောက်တဲ့နည်းလမ်းကို မငြင်းဆန်ပေမယ့်လည်း အဲ့ဒါကို ဒီတိုင်း အဖက်မလုပ်ခဲ့ခြင်းသာဖြစ်တယ်။

-----

Mr.ချင်ရဲ့တိုတိုတုတ်တုတ်မှတ်ချက်က အဆိုပါခေါင်းစဉ်ကို အောင်မြင်စွာနဲ့ အဆုံးသတ်သွားစေခဲ့တယ်, ထို့နောက် စားသောက်ခြင်းက သိပ်အရမ်းကြီး ကိုးရိုးကားရားမကျစွာနဲ့ ပြီးဆုံးသွားခဲ့တယ်။

စားသောက်ပြီးသွားကြပြီးတဲ့နောက် ချင်ကျင်းကော်က ချင်ရှောက်နဲ့ စုန့်ယန်ချန်းအား သူ့စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့တယ်။ တစ်ဖက်မှာလည်း သူက ထိုနှစ်ယောက်အား နားချချင်နေ‌သေးတာဖြစ်တယ်။ အခြားတစ်ဖက်မှာကလည်း, နေ့လည်တုန်းက ချင်ရှောက်နဲ့ သူ့ရဲ့စကားစမြည်ပြောဆိုမှုအရ, ချင်ကျင်းကော်က စုန့်ယန်ချန်းတစ်ယောက် တကယ်ကြီး သူ့မှာမရှိသင့်တဲ့ တစ်ခြားအတွေးတွေရှိနေလား မရှိနေဘူးလားဆိုတာကို ကြည့်ဖို့အတွက် သူ့အား မေးမြန်းစူးစမ်းရန် စီစဉ်ထားတာဖြစ်တယ်။

အမျိုးသမီးများနှင့် ကလေးများကတော့ စကားစမြည် အနည်းငယ်ပြောဆိုရန်အတွက် ဧည့်ခန်းမှာသာ နေနေခဲ့ကြတာဖြစ်တယ်။ ခဏကြာပြီးနောက် စုပေတစ်‌ယောက် သန့်စင်ခန်းသွားချိန်မှာတော့ စုန့်ရှင်းယီက အနောက်ကလိုက်လာခဲ့‌တယ်။

စုပေအပြင်ပြန်ထွက်လာတော့ စုန့်ရှင်းယီက သူမအား ပိတ်ရပ်လိုက်တယ်။

စုပေ : “ဘာလဲ? ရန်ဖြစ်ချင်လို့လား?” Mr.ချင်စီစဉ်ပေးတဲ့ နည်းပြတစ်ယောက်နှင့်အတူ ရိုးရှင်းတဲ့ self-defense skills အနည်းငယ်ကို သင်ကြားထားပြီးတဲ့နောက် စုပေရဲ့ လက်ရှိ combat စွမ်းရည်က အတော်လေး ကောင်းမွန်လာခဲ့တာဖြစ်တယ်။ အနည်းဆုံး စုန့်ရှင်းယီတစ်ယောက်လောက်ကို ကိုင်တွယ်ဖို့ဆိုတာက လုံလောက်တာထက်တောင် ပိုနေပါသေး‌တယ်။

စုန့်ရှင်းယီက စုပေအား ခက်ထန်စွာ စိုက်ကြည့်နေခဲ့တယ် : “စုပေ, နင်ဘာလို့ ငါ့ဆီက အရာရာကို ခိုးယူနေရတာလဲ? နင်က ငါ့ရဲ့ ‘ကျောင်းအလှပန်းလေး’ ခေါင်းစီးကိုလည်း ခိုးတယ်, ငါ့ရဲ့ ‘အဖွင့်ဖျော်ဖြေတင်ဆက်မှု’ ကိုလည်း ခိုးတယ်, ရှဲ့မင်ရွှမ်းကိုပါ လုယူသွားပြီးတော့ လပတ်စာမေးပွဲရဲ့ ရေပန်းစားမှုတွေကိုပါ လုသွားသေးတယ်။ အဲ့တာနဲ့တင် မလုံလောက်သေးဘူးလား? ငါ့ဟာတွေကိုပါ ခိုးသွားတဲ့အပြင် အခု နင်က ဘာလို့ ဒီအိမ်ကိုတောင် ရောက်လာပြီးတော့ ငါ့အဘိုးအဘွားတွေကိုပါ လုယူချင်နေရတာလဲ?!”

စုန့်ရှင်းယီရဲ့ စွပ်စွဲ‌ပြောဆိုချက်တွေနဲ့ ကြုံတွေ့လိုက်ရတော့ စုပေတစ်ယောက် သူမခေါင်းကိုဖောက်ပြီး အထဲမှာ ဘာတွေရှိလဲဆိုတာကို သိချင်သွားခဲ့တယ်။ ဇာတ်လိုက်မရဲ့အရှိန်အဝါက အရမ်း heavy ဖြစ်သွားပြီးတော့ brain ချောင်သွားတာများလား?

စုပေက စုန့်ရှင်းယီထံ အေးတိအေးစက် စိုက်ကြည့်ပြီး ပြောလိုက်တယ် : “အရင်ဆုံး, ‘ကျောင်းအလှပန်းလေး’ ခေါင်းစီးကို‌ရော ‘အဖွင့်ဖျော်ဖြေတင်ဆက်မှု’ ကိုရော ငါခိုးခဲ့တာမဟုတ်ဘူး။ အဲဒါတွေကို ငါနိုင်ခဲ့တာ။ လပတ်စာမေးပွဲရလဒ်ကတော့ ငါလည်း ခပ်ညံ့ညံ့လေးပဲ နေချင်‌တာပါ။ ကံဆိုးချင်တော့ ငါ့အရည်အချင်းတွေက ခွင့်မပြုဘူးလေ"

ရှဲ့မင်ရွှမ်းကျတော့ရော...

သောက်ကျိုးနည်း?

သူက တကယ်ကြီး ‘အခိုးခံရတယ်’ ဆိုရင်တောင်မှ သူ့ကို ခိုးမယ့်သူက စုရှောင်ပေါင်ပဲဖြစ်မှာ။

စုပေ : ခဏလေး, ခဏလေး။ ဒါကြီးက မဟုတ်သေးပါဘူး။ သူမ ဒီလိုအတွေးမျိုးတွေ မတွေးသင့်ဘူး။

“တစ်ခြားသူတွေကတော့...” တခဏမျှကြာပြီးနောက် စုပေရဲ့အမူအရာက အလေးအနက်ကြီး ဖြစ်သွားခဲ့တယ်။ “နင်က သက်သက်မဲ့ အတွေးတွေလွန်နေတာပဲ။ နင့်ဟာတွေကို တမင်သက်သက်ကြီး ခိုးယူဖို့ ငါ့မှာ အဲ့လောက်ထိ အချိန်‌တွေပိုမနေဘူး”

“နင်သိလား? ငါ့အတွက်, စုရှောင်ပေါင်က အရေးအကြီးဆုံးပဲ, ပြီးရင်တော့ ချင်ရှောက်က ဒုတိယပေါ့။ တစ်ခြားသူတွေဆိုရင်တော့ တစ်ယောက်မှကို အရေးမပါတာ” စုပေက တစ်ခြားအရာတွေဆိုရင် သည်းခံကောင်းသည်းခံနိုင်ပေမယ့် တစ်စုံတစ်ယောက်က ဒီလူနှစ်ယောက်ကို ထိခိုက်နာကျင်စေမယ့်အဖြစ်မျိုး သူမ လုံးဝခွင့်ပြုမှာမဟုတ်ဘူး။

-----

စုပေတစ်ယောက် ဧည့်ခန်းသို့ ပြန်ရောက်မလာသေးတာကိုမြင်တော့ စုရှောင်ပေါင်က သူမကို သွားရှာမယ်လုပ်တုန်း။ ချင်ကျင်းကော်နှင့် စကားပြောဆိုပြီးနောက်, Mr.ချင်က စာကြည့်ခန်းထဲမှ ထွက်လာပြီး သူ့ကလေးတွေကို အိမ်ပြန်ခေါ်သွားတော့မည့်အချိန်။ နှစ်ယောက်သား စြင်္ကံလမ်း၌ တွေ့တွေ့ချင်း ချက်ချင်းဆိုသလိုပဲ စုပေရဲ့ နောက်ဆုံးစကားတစ်ခွန်းကို ကြားလိုက်ရ‌တဲ့အချိန်နှင့် ကွက်တိကြီးဖြစ်သွားခဲ့တယ်။

Author's Note :

[ပြဇာတ်ရုံငယ်လေး]

Mr.ချင် : ဘာတွေလာပြောနေတာလဲ? ခွင့်ပြုပါအုန်း, ကျွန်တော့်သားပေါက်လေးတွေကို ကျွေးမွေးဖို့ အလုပ်များနေတာမို့လို့ နားထောင်ဖို့အချိန်မရှိဘူး။

21.4.2021
Wednesday

_____

Thanks 🌹

Continue Reading

You'll Also Like

47.8K 5K 184
Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
227K 34.6K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...