The Old Me & You

Da Esperanza-1995

27.8K 940 16

အတိတ်တွေထဲမှာ သိပ်ချစ်ခဲ့တဲ့တစ်စုံတစ်ယောက်ရှိခဲ့တယ်ဆိုပါတော့ Accident တစ်ခုကြောင့် အချိန်တွေနောက်ပြန်ဆုတ်ပြီး... Altro

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Conclusion

Part 13

2.3K 63 0
Da Esperanza-1995

မှိုင်းညို့နေတဲ့မိုးတိမ်သားတွေက

ပုံမှန်ထက်ပိုတဲ့ ဝမ်းနည်းအားငယ်မှုတွေကိုပေးနေသလို

တစ်ချက်တစ်ချက်တိုက်ခတ်လိုက်တဲ့
လေအဝှေ့မှာစိန်ပန်းပြာတွေကရုပ်ပျက်ဆင်းပျက်ကြွေကျလို့

" သဲငယ် အိမ်ပြန်တော့မလား"
သိသိသာသာတိတ်ဆိတ်နေတဲ့ နှစ်ကိုယ်ကြားမှာ
သူကစကားသံတွေအစပြုလိုက်သည်

"ဘာလို့လဲ" မေရီ့အသံကငိုသံစွတ်လျက်

ဝမ်းနည်းဆို့နင့်မှုတွေလှိုက်တက်နေတော့
ငိုချင်ရက်လက်တို့ဖြစ်တဲ့ကလေးငယ်တစ်ယောက်လို

" ရက်.....သဲငယ်တို့မှာ ရက်ပဲအချိန်ရှိတော့တယ် ဒါတောင်ကိုကသဲငယ်ကိုအိမ်ပြန်လွှတ်နေတာလား
လောကကြီးကတကယ်မတရားဘူး"

သူမပြောရင်းငိုချလိုက်မိသည်

သူရိမ်နဲ့အတူရှိနေချိန်ဆို သူမစိတ်ကိုက ပုံမှန်ထက်ပိုပြီးအကဲဆက်မိသလို အထိခိုက်လည်းမခံနိုင်ခဲ့ဘူး

ချစ်တဲ့သူနဲ့အတူရှိဖို့တောင် အချိန် ၆ ရက်တဲ့လား

" ဟေ့ .. မငိုရဘူးလေ" အားပေးတဲ့အပြုံးတစ်ချို့Mary နဲ့ ပြောနေပေမဲ့လည်း သူရိမ့်မျက်ဝန်းထဲမှာလည်းမျက်ရည်တွေဝေ့ဝဲတက်လာသည်

" သဲငယ်ပြောတာမှန်ပါတယ်... ကိုတောင်းပန်တယ်
ဒီကာလကတိုတယ်ဆိုပေမဲ့....ကိုတို့နှစ်ယောက်အပျော်ရွှင်ဆုံးလက်တွဲသွားကြမယ်နော်"
ပြောနေရင်းနဲ့သူရိမ့်အသံကတိမ်ဝင်သွားခဲ့သည်

Mary သူ့ကို လမ်းလည်ခေါင်တောင်မရှက်ပဲ ခပ်တင်းတင်းဖတ်ထားမိတယ်
စိန်ပန်းပြာတွေကတော့ Mary တို့နှစ်ယောက်အပေါ် ကြွေကျလျက်

သံသရာမှာဆိုတာတကယ်ရှိခဲ့ရင်
ဘဝဆက်တိုင်း ချစ်ရသူနဲ့ကွေကွင်းခြင်းကို မကြုံဖို့သာ Mary ဆုတောင်းမိမယ်ထင်ပါရဲ့

တွေ့ဆုံချိန်ကတကယ်ကိုခဏလေးပဲမို့လေ

Mary အတွက်တော့ စက္ကန့်တစ်ခုရဲ့အစိတ်အပိုင်းတစ်ချို့ကိုတောင်အပွန်းပဲ့မခံနိုင်ခဲ့ဘူး

ဒီ ၆ ရက်တာကာလအတွင်းမှာသူရိမ်နဲ့အရာအားလုံးကိုမျှဝေခံစားခဲ့တယ်

မိုးလင်းကမိုးချုပ်အထိ မေရီ သူ့အနားကမခွာခဲ့ဘူး

ကလောမြို့လေးရဲ့နေရာအနှံ့မှာမေရီတို့ခြေရာတွေချန်ထားတယ်

မနက်တိုင်းအိပ်ရာက နိုးထလာတဲ့အချိန်တိုင်းမှာ Mary ဘေးမှာ သူရှိနေသေးတယ်ဆိုတဲ့ အတွေးနဲ့တင်အရာရာလုံခြုံနေသလိုခံစားရတယ်

တချို့ညတွေဆို မအိပ်ပဲ
သူရိမ်အိပ်မောကျနေတာကိုညလုံးပေါက်ထိုင်ကြည့်နေခဲ့တယ်

အမှတ်တရဖြစ်မဲ့အရာအားလုံးကို Mary လုပ်တယ်

" နည်းနည်းတော့နာပေမဲ့ မငိုနဲ့နော်"

နာကျင်မှုကြောင့် မျက်ရည်တွေဝေ့ဝဲတက်လာသော

Mary ကို သူက တစ်ဖက်ခုံမှလှမ်းအားပေးတယ်

" Tattoo ထိုးရင်အဲ့လိုနာလို့ အစတည်းကမလုပ်ပါနဲ့ဆို"
ဂရုဏာဒေါသနဲ့သူလှမ်းဆူတယ်

မေရီမျက်ရည်တွေကြားက သူ့ကို ပြုံးပြလိုက်တယ်

တချို့အရာတွေကယူသွားလို့ရပေမဲ့

တချို့အရာတွေကထားခဲ့ရမှာမို့

Mary ကတော့ သူရိမ်နဲ့ပတ်သက်ပြီး ယူလို့ရတဲ့အမှတ်တရမျိုးစုံကို ရူးရူးမိုက်မိုက်ပဲလုပ်ချင်ခဲ့တယ်

သူရိမ်ကတော့ပြောပါတယ်
Mary ရဲ့အနာဂတ်မှာ သူ့ကြောင့်မှည့်တစ်ပေါက်မစွန်းစေချင်ဘူးတဲ့လေ
နောက်ပြီး အနာဂတ်ကလင်းနစ်အတွက်ပါကြံဖန်အားနာပေးနေသေးတယ်

သူရိမ်က အဲ့လိုလူမျိုး.....

မိဘတွေကဘာသာခြားဆိုပေမဲ့လည်း သူရိမ်ကိုယ်တိုင် ကတော့ကံတရားနဲ့ သံသရာကို ယုံကြည်လာလို့ထင်ပါရဲ့
Mary နဲ့အတူ ဘုရားသွားကျောင်းတက်ဖို့လည်းဝန်မလေးခဲ့ဘူး

​ဘာလိုလို နဲ့ June လထဲကိုရောက်လာခဲ့တယ်

Mary တို့မှာ အချိန် ၂ ရက်ပဲကျန်တော့တယ်

"သဲငယ် မသိလိုက်ခင် အရာအားလုံးကပြီးဆုံးသွားမှာပါ"
တဲ့

သူပြောပေမဲ့ Mary နားမလည်ခဲ့ဘူး

နောက်တစ်ရက် အိပ်ရာနိုးတဲ့ အချိန်ရောက်တော့ Mary ဘေးမှာသူမရှိတော့

သူထွက်သွားခဲ့ပြီလေ......

တစ်ချိန် သံသရာတစ်ကွေ့မှာ ဆုံခွင့်ရရင်တော့

ပြန်ဆုံချင်သေးပါတယ် ကို ရယ်.....







"၆ ရက်.....သဲငယ်တို့မှာ ၆ ရက်ပဲအချိန်ရှိတော့တယ် ဒါတောင်ကိုကသဲငယ်ကိုအိမ်ပြန်လွှတ်နေတာလား





























တဲ့



သူထွက်သွားခဲ့ပြီလေ......



Continua a leggere

Ti piacerà anche

177K 3K 11
normal fic mature ထူံးစံအတိုင်းအသက်ပြည့်မှဖတ်ပါ
18.8K 763 29
မိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကိ...
61.1K 2.9K 22
တကယ်​​တော့ကိုယ်​တို့နှစ်​​ယောက်​ရဲ့စ​တွေ့ခြင်းမည်​တဲ့အချိန်​ဟာအမှန်​မဟုတ်​ပါဘူး ပုံ/​ကောင်​ဆက်​ရန်​ ​မောင်​ကသာ​မေ့အချစ်​ဦး ပုံ/​မေနှိုင်းမြင့်​မိုရ်...
20K 520 46
ကကြိုး ကိုကြီး ကိုချစ်တယ် ။ ကကြိုးသိပ်ပြီး အတ္တကြီးသွားတာလား ။ ဟင်! ကိုကြီး ။ ကကြိုး အချစ်က ကကြိုးကို သတ်နေရင်တောင် ကကြိုး သေရဲတယ် ။ ကကြိုး ဘာတွေများ...