Emperor and the Knightness (Z...

By CrystSnow

7.6K 671 32

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More

အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁

အခန်း ၂၁၁

39 2 0
By CrystSnow

သူမအနေနဲ့ ယောက်ျားကောင်းတစ်ယောက်ရှာတွေခဲ့ရင် လက်ထပ်လိုက်သင့်တယ်လို့ Lucius က Poliana ကို အကြိမ်များစွာပြောဖူးခဲ့သည်. သူမရဲ့လက်ထပ်ပွဲကို ဧကရာဇ်က ငြင်းဆန်လိမ့်မယ်လို့ Poliana မစဉ်းစားခဲ့ဖူးပေ. သူမက တွေဝေသွားပုံရတော့ Lady Stra က ရှင်းပြလိုက်သည်.

"Marquess Winter, ရှင်က ဧကရာဇ်နဲ့အရမ်းရင်းနှီးတယ်မလား? ဒါကြောင့် ရှင့်ထက်အဆင့်နိမ့်တဲ့သူနဲ့ လက်ထပ်ဖို့က...ဘာပြဿနာဖြစ်လာနိုင်လဲဆိုတော့..."

"အော်. အဲ့တာက ပြဿနာမဟုတ်ပါဘူး Lady Stra. အရှင်က ဒီလိုကိစ္စတွေနဲ့ပတ်သက်ရင် အရမ်းတွေးခေါ်ပေးတတ်တာလေ. ငါက သစ္စာဖောက်တစ်ယောက်, ဒါမှမဟုတ် အရူးတစ်ယောက် ပြီးတော့ မိသားစုထဲမှာ မျိုးရိုးလိုက်တဲ့ရောဂါရှိတဲ့သူတစ်ယောက်ကို လက်ထပ်တာမဟုတ်ရင် အဆင်ပြေလောက်မယ်ထင်တယ်"

Lucius က သူမနဲ့ Frau ကို လက်ထပ်ခွင့်ပေးမယ်လို့ Poliana က သေချာပေါက်တွေးထားသည်. ပြီးတော့ Cekel ဆိုရင် Sir Ainno ထက် သိသိသာသာအဆင့်နိမ့်ကျတာဖြစ်ပေမဲ့ ဧကရာဇ်က Sir Ainno ကိုတောင် ခွင့်ပြုပေးထားသည်. သူမအနေနဲ့ Frau Sneke ကို လက်ထပ်ဖို့အတွက် ဧကရာဇ်က ဆန့်ကျင်ရလောက်တဲ့အကြောင်းပြချက်ကို သူမ မစဉ်းစားတတ်ပေ.

Lady Stra က ရေရွတ်နေသည်.

"အို.. ကျွန်မစိတ်ထင်... အဲ့တာက... အင်း... ဒါပေမဲ့.. ကျွန်မထင်တာက.."

Stra က သူမအတွေးထဲ နစ်မြောသွားဟန်ပေါ်နေတုန်းမှာ. Lady Tory က Poliana ကို ပြောလိုက်သည်.

"Marquess, ဒီကိစ္စကို သေချာစဉ်းစားဖို့လိုတယ်. Yapa နဲ့ Acreia မှာနေတဲ့ အမျိုးသားတွေကိုပဲ ကြည့်မယ်ဆိုရင်တော့ ရှင့်အတွက် သင့်လျော်တဲ့အမျိုးသားကို ရှာတွေ့ဖို့ ခက်လောက်ပေမဲ့ တောင်ပိုင်းမှာဆိုရင် ရှင့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ယောက်ျားတစ်ယောက်ရှာတွေ့နိုင်မယ်ဆိုတာ သေချာတယ်. ပြီးတော့ အဲ့မှာ Frau Sneke ထက် အခြေအနေကောင်းတဲ့ ယောက်ျားတွေလဲ ရှိမှာ သေချာတယ်. တကယ်လို့ သူတို့မိသားစုနာမည်ကို ရှင့်မိသားစုနာမည်ပြောင်းဖို့အတွက် ဆန္ဒရှိတဲ့ ယောက်ျားမျိုးကို ရှာနေတာဆိုရင်တော့ တောင်ပိုင်းဒေသက တိုင်းပြည်တွေမှာ ဒီလိုအလေ့အထကို အသားကျနေတဲ့. တိုင်းပြည်တွေအများကြီးရှိတယ်. ဒါကြောင့်"

"ဒါပေမဲ့ ငါ ပိုကောင်းတဲ့လူကို မလိုချင်ဘူး"

"ရှင်?"

Tory က တွေဝေသွားသည်. Frau Sneke က ရည်မှန်းချက်မရှိသလို အသုံးမကျတဲ့ ယောက်ျားတစ်ယောက်ဖြစ်သည်. ဒီကမ္ဘာကြီးမှာ သူ့ထက်ကောင်းတဲ့ ယောက်ျားတွေ အများကြီးရှိနေတာတောင် Poliana က သူမအနေနဲ့ ပိုကောင်းတဲ့ယောက်ျားကို မလိုချင်ဘူး? အမျိုးသမီးတိုင်းက သူတို့ရှာနိုင်သလောက် အကောင်းဆုံးယောက်ျားကို ရှာပြီး လက်ထပ်ကြတယ်မဟုတ်ဘူးလား?

ဒါပေမဲ့ Poliana ကတော့ သူမရဲ့ဆုံးဖြတ်ချက်အတွက် ကောင်းမွန်တဲ့အကြောင်းပြချက်ရှိသည်. သူမက ရှင်းပြလာသည်.

"တကယ်လို့ သူ့မိသားစုနာမည်ကို ငါ့မိသားစုနာမည်ယူဖို့ လက်ခံရင်တောင်မှ ယောက်ျားအများစုက အိမ်ထောင်ဦးစီးဖြစ်ချင်ကြတယ်. ပြဿနာက ငါ့ရဲ့အိမ်ထောင်ဦးစီးနေရာကို လက်မလွှတ်နိုင်ဘူး. ငါက ငါ့မိသားစုရဲ့အိမ်ထောင်ဦးစီးအဖြစ် အမြဲတမ်းနေချင်တာ"

Poliana က အာဏာရှိတာကို သဘောကျသည်. ဒီကမ္ဘာကြီးမှာ အာဏာထက်ပိုကောင်းတာ ရှိဦးမလား? သူမနာမည်နဲ့ အဆင့်အတန်းက သူမစိတ်ကြိုက်လုပ်ချင်တာ လုပ်ခွင့်ပေးထားသည်. သူမက အမိန့်တစ်ခုတည်းနဲ့ ထောင်ပေါင်းများစွာသော အထက်တန်းလွှာတွေကို အမိန့်ပေးခွင့်ရှိသည်. သူမရဲ့ ရွှေကြိုးတပ်ဝတ်စုံအပြာရောင် ဝတ်ဆင်ပြီး လမ်းလျှောက်လာတဲ့အချိန်တွေဆိုရင် လူတွေက သူမအတွက် လမ်းကြောင်းရှင်းပေးရသည်. အာဏာက အသက်ရှင်သန်ဖို့ ထိုက်တန်တဲ့ ဘဝမျိုးပေးနိုင်သည်.

Poliana မှာ အလုံးစုံအာဏာရှိပြီး သူမက သူမရဲ့အိမ်မှာတောင် ဒီအာဏာကို လက်မလွှတ်ချင်ပေ. သူမအိမ်ထဲမှာရော အပြင်မှာပါ ဒီအာဏာကို လက်ကိုင်ထားဖို့ သစ္စာပြုထားသည်.

Poliana က ဆက်ပြောလာသည်.

"ပြီးတော့ ငါ Frau ကို လက်ထပ်လိုက်ရင် ယောက္ခမတွေနဲ့ ဆက်ဆံဖို့လဲ စိတ်ပူစရာမလိုဘူး. သူက ငါပြောတာအကုန်လိုက်လုပ်ရမှာ. သူက ငါ့ပိုက်ဆံတွေကြောင့် ငါ့ကိုလက်ထပ်တာဆိုတော့ ငါ့ကို ကွာရှင်းလို့လဲမရဘူး ဆိုတော့ကာ. ငါ့အတွက် ပြဿာနာဖြစ်စေမဲ့ ကိစ္စတွေလဲ လုပ်မှာမဟုတ်ဘူး"

"အင်း.. ရှင်က ဒီလိုတွေးတယ်ဆိုရင်လဲ...."

ဒါက Poliana အနေနဲ့ ဘာကြောင့် ပိုကောင်းတဲ့လူကို လက်မထပ်ချင်တဲ့ အကြောင်းပြချက်ဖြစ်သည်. သူမစဉ်းစားတာ တစ်ခုကတော့ မှန်ကန်သည်. အမျိုးသားအများစုက သူတို့ဆက်ဆံရေးမှာ သူမကို အာဏာတွေပေးထားချင်မှာမဟုတ်ပေ. တကယ်လို့ သူက လက်ခံခဲ့ရင်တောင် သူ့ရဲ့မိသားစု, မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက သူ့စိတ်ကြိုက်နေခွင့်ပေးမှာ မဟုတ်ပေ. ဒါကြောင့် Frau Sneke က ဒီလိုအခြေအနေတွေနဲ့ အကိုက်ညီဆုံးသူဖြစ်လာသည်. သူက ပြင်ပကလူတစ်ယောက်ဖြစ်ပြီး သူ့မှာ မိတ်ဆွေသူငယ်ချင်းတွေလဲ မရှိပေ. သူ့ကို ဘယ်သူကမှ ဂရုမစိုက်သလို သူက အာဏာမရှိတဲ့ဘဝမျိုးမှာ နေထိုင်ရင်လဲ သူတို့က ဂရုစိုက်မှာမဟုတ်ပေ. သူ့နာမည်က ကျဆင်းပြီးသားဖြစ်တာကြောင့် ဒီ့ထက်ပိုဆိုးလာစရာအကြောင်း မရှိတော့ပေ.

အမျိုးသမီးနှစ်ယောက်အနေနဲ့ Poliana ရဲ့သဘောထားတွေကို လက်ခံဖို့ ခဲယဉ်းနေတဲ့အပြင် သူမကို ဆန့်ကျင်ဖို့က ပိုတောင် ခက်ခဲနေသေးသည်. Lady Stra နဲ့ Lady Tory တို့က သက်ပြင်းခိုးချလိုက်သည်. Poliana က ကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ သူတို့ အမြဲတမ်း မျှော်လင့်ခဲ့တာဖြစ်သည်. ဒီကမ္ဘာက တခြားအမျိုးသမီးတွေလိုမဟုတ်ပဲ Poliana က သူမစိတ်ကြိုက် အမျိုးသားကို ရွေးချယ်ပိုင်ခွင့်ရှိတာကြောင့် အမျိုးသမီးနှစ်ယောက်က သူမအနေနဲ့ Frau Sneke ထက် ပိုကောင်းတဲ့သူကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ထားခဲ့တာဖြစ်သည်.

'ဒါပေမဲ့ ဒီကိစ္စကတော့'

ဒါက Poliana ရဲ့ဘဝနဲ့ သူမရဲ့ ဆုံးဖြတ်ချက်ဖြစ်သည်. အမျိုးသမီးတွေက သူမကို ဝေဖန်ပိုင်းခြားခွင့်မရှိတာကို သိနေသည်. Lady Tory က မေးလိုက်သည်.

"ဒါဆို ရှင်က ဒီနေ့ Frau နဲ့တွေ့ရမှာပေါ့?"

"ဟုတ်တယ်. ငါ အရှင့်ကို အရင်သွားတွေ့ပြီးမှ Frau နဲ့တွေ့မှာ"

"ရှင်က ရှင့်ခင်ပွန်းလောင်းနဲ့ သွားတွေ့မှာကို ဒီလိုပုံစံနဲ့ သွားမလို့လား?"

Lady Stra က သူမခေါင်းကို ရမ်းလိုက်ကာ အကူတွေကို ခေါ်လိုက်သည်.

"Ladies, ကျေးဇူးပြုပြီး ကျွန်မကို ပစ္စည်းလေးတွေ ယူလာပေးပါ"

အကူတွေက လျင်မြန်ကျွမ်းကျင်စွာနဲ့ လှုပ်ရှားလိုက်ကြသည်. Poliana က မတ်တပ်ရပ်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်ပေမဲ့ သူမ ငြိမ်နေဖို့ ဆုံးဖြတ်လိုက်သည်. သူမက ပြန်ထိုင်ချလိုက်ကာ သေချာစဉ်းစားလိုက်သည်.

'အင်.. သူက အခု ငါ့ရဲ့ခင်ပွန်းလောင်းဖြစ်သွားပြီဆိုတော့ကာ. ငါ နည်းနည်းကြည့်ကောင်းအောင် ပြင်သင့်တယ်ထင်တာပဲ...'

နည်းနည်းလောက်ပြောင်းလဲလိုက်တာက ဆိုးဝါးတဲ့အကြံတော့ မဟုတ်ဘူးမလား.

***Cekel က တိတ်တဆိတ်ရေရွတ်လိုက်သည်.

"ဒီလိုဖြစ်လာမယ်ဆိုတာ.. ငါ သိနေတယ်..."

သူမရဲ့ခေါင်းက ပေါက်ထွက်သွားတော့မယ်လို့တောင် သူမ ထင်နေသည်. သူမက စိတ်ပူပင်နေပြီး သူမ တတ်နိုင်တာလဲ မရှိပေ.

ဒီလိုစိတ်ပူတာက အကူတွေနဲ့ အစေခံတွေထဲက တစ်ဝက်လောက်က Nanaba ကို ထွက်သွားခဲ့တဲ့အချိန်တည်းက စတင်ခဲ့တာဖြစ်သည်. Cekel က Lady Rebecca ရဲ့အကူတစ်ယောက်အနေနဲ့ ရဲတိုက်ထဲမှာ ကျန်နေခဲ့တာဖြစ်သည်. Lady Rebecca က အကူအညီလိုအပ်နေတာကြောင့် အကူတွေနဲ့ အစေခံတွေက သူမရဲ့ကူညီမှုကို ကြိုဆိုခဲ့ကြသည်. Duchess Nani က သူမရဲ့ကိုယ်ပိုင်အကူတွေကို ခေါ်လာခဲ့ပေမဲ့ နာမကျန်းဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်ကို ကြည့်ရှုရတာက ခက်ခဲပင်ပန်းတဲ့ ကိစ္စဖြစ်သည်. အစေခံတွေအနေနဲ့ အထက်တန်းလွှာအမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့အတွက် အဆင့်နိမ့်တာကြောင့် Lady Rebecca ကို အနီးကပ် ကြည့်ရှုဖို့က အကူတစ်ယောက်ဖြစ်ဖို့လိုသည်. ပြဿနာက ဒီလို ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်ရတဲ့အလုပ်က ခက်ခဲတဲ့ကိစ္စဖြစ်တာကြောင့် အကူတွေက တုန့်ဆိုင်းနေကြသည်.


Cekel က အထွန့်မတက်ပဲနဲ့ ဒီတာဝန်ကို ယူလိုက်သည်. သူမရဲ့အထက်တန်းလွှာအဆင့်အတန်းက Lady Rebecca ရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့အတွက် အဆင့်မှီပေမဲ့ အကူတွေကြားမှာတော့ သူမရဲ့အဆင့်အတန်းက အရမ်းသိသာထင်ရှားတဲ့ အဆင့်မဟုတ်တာကြောင့် သူမက အလုပ်ပင်ပင်ပန်းပန်းလုပ်ရတဲ့အတွက်လဲ စိတ်မကွက်ပေ.

ဧကရာဇ် Yapa ရဲတိုက်နေထွက်သွားတဲ့အချိန်ကစပြီး ကိစ္စတွေက အလျင်အမြန်ဖြစ်ပေါ်လာသည်. Duchess Nani က သူမရောက်လာတာနဲ့ သူမရဲ့ကိုယ်ပိုင်နေရာလို သဘောထားကာ စီမံအုပ်ချုပ်တော့သည်. အကူတွေအနေနဲ့ သူမအမိန့်ကို နာခံဖို့ကလွဲပြီး ရွေးစရာမရှိပေ. Lady Rebecca က မကြာခဏ သတိလစ်သွားတတ်ကာ ဧကရာဇ်ပြန်ရောက်လာပြီး မင်းသမီးလေးကို မွေးပြီးချိန်မှာတော့ သူမဆုံးပါးသွားခဲ့သည်. ကိစ္စတွေက အလျင်အမြန်ဖြစ်ပျက်နေပြီး ရဲတိုက်ထဲမှာ လူစိမ်းတွေနဲ့ ပြည့်လာသည်. လူတိုင်းက Lady Rebecca နဲ့ မင်းသမီးလေးကို အာရုံစိုက်နေချိန်မှာ ရဲတိုက်ထဲမှာ ထူးဆန်းတဲ့အရာတစ်ချို့ ဖြစ်ပျက်ခဲ့သည်. Lady Rebecca သေဆုံးသွားပြီးတဲ့နောက် အကူတွေကို ဌာနအသီးသီးကို ပြောင်းရွေ့လိုက်ကြသည်. သူတို့ဘယ်ကလာတယ် ဘယ်သူတွေဆီမှာ အမှုထမ်းရတယ်ဆိုတာကို မူတည်ပြီးတော့ ဒီလိုကိစ္စတွေက ဖြစ်ပျက်နေကြဖြစ်ပေမဲ့ Lady Rebecca ရဲ့ နာရေးပြီးတဲ့အခါမှာတော့ အခြေအနေတွေက ပိုဆိုးလာသည်.

အားလုံးထဲမှာ အထူးဆန်းဆုံးဖြစ်လာတာက Acreia ကလာတဲ့ အကူတွေဖြစ်သည်. Cekel ကိုယ်တိုင်ကလဲ Acreia ကဖြစ်ပေမဲ့ သူမက Lady Tory နဲ့ ရင်းနှီးတဲ့သူမဟုတ်ပေ. သူမက Acreia ကဖြစ်ပြီး သူတို့တွေက အချိန်အတော်ကြာ အလုပ်တူတူလုပ်ခဲ့တာကြောင့် သူမက ဒီအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူမက ခံယူထားသည်. ဒါပေမဲ့ Nanaba ကနေ အကူတွေ ပြန်ရောက်လာချိန်မှာတော့ သူတို့က Cekel ကို အပြင်လူမျိုး ပြန်ပြီးတော့ ဆက်ဆံလာကြသည်. ဒါက အထူးဆန်းဆုံးကိစ္စဖြစ်သည်.

ဘယ်အရာက ဘာပြဿနာဖြစ်နေတယ်ဆိုတာကို ရှင်းပြဖို့ ခဲယဉ်းနေပေမဲ့ တင်းအားတွေရှိနေတာတော့ သေချာနေသည်. ဒီကိစ္စတွေအပြင် သူမကိုယ်သူမ အပြစ်ပေးပြီးတော့ ပြန်ရောက်လာတဲ့ Poliana ကလဲ လက်ထပ်တော့မယ်လို့ ပြောလာသလို သူမခင်ပွန်းဖြစ်လာမဲ့သူက Frau Sneke ဖြစ်နေသည်.

Continue Reading

You'll Also Like

157K 12.9K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
70.3K 7.3K 59
(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီး...
131K 15.3K 200
Fb page name=God level demon ဒီစာစဥ်လေးကတော့ စနစ်စာစဥ်လေးတစ်ခုဖြစ်ပါတယ်။ရှပင်ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က လူတွေရဲ့မုန်းတီးခြင်းတွေကို ရယူတဲ့...
795K 25.7K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...