ကလေးရဲ့လူကြီး။ (Complete)
By Yuki_Michi2210
21.3K 1.7K 85
Oh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက က... More
intro
ကလေးရဲ့လူကြီး(Part-2)
ကလေးရဲ့လူကြီး(Part-3)
ကလေးရဲ့လူကြီး(Part-4)
ကလေးရဲ့လူကြီး(Part-5)
ကလေးရဲ့လူကြီး(Part-6)
ကလေးရဲ့လူကြီး(Part-7)
ကလေးရဲ့လူကြီး(Part-8)
ကလေးရဲ့လူကြီး (Part-9)
ကလေးရဲ့လူကြီး(Part-10)
ကလေးရဲ့လူကြီး(Part-11)
ကလေးရဲ့လူကြီး(Part-12)
ကလေးရဲ့လူကြီး(Part-13)
ကလေးရဲ့လူကြီး(Part-14)
ကလေးရဲ့လူကြီး(Part-15)
ကလေးရဲ့လူကြီး(Part-16)
ကလေးရဲ့လူကြီး(Part-17)
ကလေးရဲ့လူကြီး(Part-18)
ကလေးရဲ့လူကြီး(Part-19)
ကလေးရဲ့လူကြီး(Part-20)
ကလေးရဲ့လူကြီး(Part-21)
ကလေးရဲ့လူကြီး(Part-22)
ကလေးရဲ့လူကြီး(Part-23)
19 June
ကလေးရဲ့လူကြီး(Part-24)
ကလေးရဲ့လူကြီး(Part-25)
ကလေးရဲ့လူကြီး(Part-26)
ကလေးရဲ့လူကြီး(Part-27)
ကလေးရဲ့လူကြီး(Part-28)
ကလေးရဲ့လူကြီး(Part-29)
ကလေးရဲ့လူကြီး(Part-30)
ကျေးဇူးတင်လွှာ❤❤
ကလေးရဲ့လူကြီး(Part-1)
1.6K 89 8
By Yuki_Michi2210
Unicode
_________
"Omma....မလုပ်နဲ့...ရပ်လိုက်..လက်လွန်မယ်နော်..omma"
"ဟမ်..ဘာကိုလက်လွန်ရမှာလဲ..လက်လွန်ပြီး​သေသွားလည်း..နောက်တစ်ယောက်ထပ်မွေးလိုက်မယ်"
"ဟာ...Ommaတို့က အသက်ကြီးနေပြီလေ..သွေးတောင်ဆုံးနေပြီလားတောင်မသိဘူး..ဘယ်လိုလုပ်နောက်တစ်ယောက်ထပ်မွေးလို့ရမလဲ"
"ဒီကလေး..ပြောလေကဲလေပဲ..မပြေးနဲ့..ရှောင်လုဟန်."
"ဟုတ်တယ်လေ.ommaရဲ့..ommaသွေးမဆုံးရင်.appaပန်းသေနေမှာပေါ့"
"ဘာ!!!ဘယ်သူငါ့ကိုပန်းသေတယ်ပြောတာလဲ"
အောက်ထပ်ကသားအမိနှစ်ယောက်ရဲ့.စစ်ပွဲ
ကြောင့်..အပေါ်ထပ်မှဆင်းလာသော.appa၏အော်သံကြောင့်..စစ်ပွဲခနတိတ်ဆိတ်သွားသည်။
"အာ..appa...လုလုကစတာပါ..ချိတ်မဆိုးပါနဲ့"
"မင်းငါ့အစွမ်းအစကိုမသိပဲနဲ့..လျှောက်မပြောပါနဲ့..ငါသိက္ခာကျတယ်...နော်မိန်းမ"
ရှေ့တွင် ကော်ဖီထည့်နေသောommaကိုလှမ်းကျီစယ်လိုက်တော့..ommaကလည်းပြန်ကျီစယ်ပါတယ်။ကော်ဖီခွက်နဲ့ကောက်ပေါက်မည်ဟူသောအဓိပ္ပါယ်နဲ့.ခွက်ကိုမြောက်ကာပြတော့..appaဇက်ကလေးပုဝင်သွားသည်။
ဒီလင်မယားနှစ်ယောက်ရဲ့တစ်နေ့တစ်နေ့အချစ်စခန်းကမရိုးနိုင်အောင်ကြည့်ရပေသည်။သို့သော်.သူတို့ကိုကြည့်ရတာ..စိတ်ချမ်းသာရသည်။မိဘတွေအခုလိုချစ်ကြည်နူးနေတာကို..ဘယ်သားသမီးကသဘောမကျပဲနေလိမ့်မလဲ။
"မနက်စောစော.သားမိနှစ်ယောက်ဘာတွေဖြစ်နေကြတာလဲ.."
Ommaမျက်စောင်းလေးရောထည့်ထားတဲ့ ကော်ဖီကိုသောက်ကာ..မေးလိုက်သည်။
"ဘာဖြစ်ရမလဲ..ရှင့်သားမွှေတာပေါ့."
"မင်းကလည်း..ငါ့သားမွှေတာ..ငါသိတာပေါ့..ငါတင်မကဘူး..တစ်လမ်းလုံးသိနေတဲ့ဟာကို.."
"Appaကလည်း..သားကမွှေတာမဟုတ်ပါဘူး..သူ့ဘာသာသူပေါက်ကရဖြစ်သွားတာ"
"တော်ပါ..အမြဲပေါက်ကရနိုင်လွန်းတယ်.."
Ommaကလည်းဟုဆိုကာ..ခေါင်းလေးငုံ့ပြီးကော်ဖီဆက်သောက်နေလိုက်တယ်။
"ကဲပြောပါ..ဘာတွေမွှေထားလဲဆိုတာ"
"ဟိုမှာ.ရှင်မြင်လား..မီးဖိုပေါ်က..ဟင်းအိုးကို"
Ommaပြတဲ့နေရာကို..Appaလိုက်ကြည့်ပေမဲ့ဘာမှမတွေ့ရသောကြောင့်
"ဘာမမှမရှိတာ.."
"အစကရှိတယ်..အခုမရှိတော့တာ.."
"ဟမ်...အာ့တာနဲ့..လုလုနဲ့ဘာဆိုင်လဲ"
"အော်..ဆုံးအောင်နားထောင်လေတော်.."
"အင်းပါ..ဆက်ပြော..ဆက်ပြော"
"မနက်အစောကြီး..ခြံထဲဆင်းသွားပြီး..ကျမစိုက်ထားတဲ့မန်ကျည်းစေ့အပင်ပေါက်နေလို့ဆိုပြီးတော့..ဝမ်းသာအားရနဲ့..ကျမကို.နှုတ်ပြီးလာပြတယ်လေ."
ကော်ဖီသောက်နေရင်နားထောင်နေသောappaမှာ.မရယ်အောင်မနည်းထိန်းထားရသည်မှန်းသိသာပါသည်။ဘာလို့ထိန်းလဲဆိုတော့.သူပါအမှုတွဲထဲရောပါမည်ဆိုးသောကြောင့်ဖြစ်သည်။
"ရှင်ပဲစဥ်းစားကြည့်လေ..စိုက်ထားတဲ့အပင်ပေါက်လာတာကို..ဝမ်းသာအားရနဲ့..အာ့အပင်ကိုအမြစ်ကနေဆွဲနှုတ်လာတော့..အပင်ကသေပြီလေ...ဒါကထားပါတော့..အမြစ်ပါလာလို့.ပြန်စိုက်လို့ရတာပေါ့..ဒါကိုရှင့်သားက"
Ommaကပြောရင်းမောလို့နဲ့တူပါတယ်..ကော်ဖီလေးတစ်ငုံသောက်ပြီး.စကားဆက်တယ်။
"စပ်စပ်လူးခဲမှန်ပြီး..ပြေးလာတော့..ခလုတ်တိုက်ပြီး..အဲဒီအမြစ်တွေသဲတွေပါတဲ့..ဟာက ကျမဟင်းအိုးထဲကို..တန်းနေအောင် ကျပါလေရော။"
Omma စကားလည်းအဆုံး.appaထိန်းထားတဲ့စိတ်တွေဆက်မထိန်းနိုင်တော့ပဲ.ခွီခနဲ့ ထရီပါလေရော။
"ရှောင်လုရယ်..မင်းဟာလေ.လုပ်လိုက်ရင်
အမြဲတလွဲ"
"Appaကလည်း...ဟွန့်..သွား.နှစ်ယောက်လုံးကိုမခေါ်တော့ဘူး"
ပြောပြီးဆောင့်ကြီးအောင့်ကြီးနဲ့..အပေါ်တက်သွားလေသည်။
ခနကြာတော့...
ဒေါက်..ဒေါက်..ဒေါက်
"လုလု..သား..ommaတို့ဝင်လာခဲ့မယ်နော်"
ဟုဆိုကာ..အခန်းတံခါးဖွင့်ဝင်လိုက်တော့.ကုတင်ပေါ်မှာ.ခြေကားယားလက်ကားယားနှင့်..အိပ်ချင်ယောင်ဆောင်နေသော..သူတို့သား.ရှောင်လုဟန်အားတွေ့လိုက်ရသည်။
"လုလု..လုလု..အမယ်.အိပ်ချင်ယောင်ဆောင်နေတယ်..ommaသားလေးက."
"အိပ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူး..တကယ်အိပ်ပျော်နေတာ"
"အော်..အိပ်ပျော်နေတဲ့ ကလေးက အိပ်ပျော်နေကြောင်း ထပြောတာပဲ..ထူးဆန်းတယ်နော်.
ယောကျာ်း"
"ဟုတ်တယ်နော်..မိန်းမ..ယောကျာ်းတောင်တခါမှ.မတွေ့ဖူးဘူး"
စိတ်ကောက်နေပါတယ်ဆိုမှ..မချော့ပဲ.အတိုင်အဖောက်ညီနေတဲ့..အချစ်မောင်နှံနှစ်ယောက်ကို..ရှောင်လုပိုစိတ်ဆိုးချင်ပေမဲ့.
ဆိုးလို့မဖြစ်။ဘာလို့လဲဆိုတော့.ထိုအချစ်မောင်နှံ
နှစ်ယောက်ရဲ့နောက်ထပ်ထွက်လာမယ့်စကားကြောင့်ပင်။
"လုလုလေး..သား.ommaတို့ကစတာပါ..စိတ်မဆိုးနဲ့တော့နော်..သားလိုချင်တာပြောလေ.ommaတို့ဝယ်ပေးမှာပေါ့"
သိပြီမလား..လုလုထပ်ပြီးစိတ်ဆိုးလို့မဖြစ်တဲ့အကြောင်း။လုလုခွင်ထဲဝင်လာသည်ကို..အလွတ်ခံလို့ဘယ်ဖြစ်မလဲ။
"Omma..တကယ်ပြောတာနော်..လုလုလိုချင်တာဝယ်ပေးရမယ်နော်"
"သား.စိတ်ဆိုးတိုင်း..ommaတို့ဒီနည်းနဲ့ပဲချော့နေကြကို..မသိတာကျလို့..အာ့တာကြောင့်ပဲခနခနစိတ်ဆိုးပြနေတာမလား"
"Ommaကလည်း...ဟီးဟီး..ဟုတ်တယ်..အခုလိုက်ဝယ်ပေးနော်..."
"ဟုတ်ပါပြီဝယ်ပေးပါ့မယ်..ရေချိုးပြီးဆင်းလာခဲ့.ommaစောင့်နေမယ်"
"ဟုတ်ကဲ့..အာ့တာကြောင့်ommaကိုချစ်နေရတာ"
Ommaရဲ့ပါးကိုနမ်းကာ..ရေချိုးခန်းထဲဝင်မည်အလုပ်
"အဟမ်း...Appaကျတော့မပါဘူးလား..မင်းommaကိုသွားချော့ဖို့ Appaပြောပေးပေးထားရတာ"
"ဟီးဟီး ဟုတ်လား..အာ့တာဆိုappaကိုလည်းချစ်တယ်..အာဘွား"
ရေချိုးခန်းထဲမရောက်ခင်appaပြောသော
ကြောင့်.appaဆီလည်းပြန်ပြီးပြေးနမ်းရသေးသည်။ဒီလိုပဲ လိုချင်တာရှိတော့ချွဲရတာပေါ့နော်.။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရွှိင်းနင်းဂွိုင်းနင်းလုပ်ပြီး.Ommaနဲ့အတူ.အိမ်နှင့်နီးသောကုန်တိုက်ဆီသို့..ထွက်လာခဲ့ကြသည်။
"ဟို..Tao..Taoမလားဟင်."
စျေးဝယ်ထွက်နေသော.သူတို့သားအမိနှစ်ယောက်ကိုကြည့်ကာ..အန်တီကြီးတစ်ယောက်မှမေးလာသည်။
"ဟယ်..Xiuပါလား..မတွေ့တာကြာပြီ...ဘယ်တုန်းကပြန်ရောက်တာလဲ"
"တစ်လလောက်တော့ရှိပြီ....နင်အခု.အရင်အိမ်မှာပဲလား"
"ဟုတ်တယ်...အရင်အိမ်မှာပဲ.."
"Ommaတို့စကားပြောနှင့်ကြအုံး..သားလျှောက်
ကြည့်လိုက်အုံးမယ်."
လူကြီးနှစ်ယောက်စကားပြောနေရင် တော်ရုံမပြီးတတ်ဘူးဆိုတာ.သူသိသည်။.ပိုဆိုးတာကအခုမှပြန်တွေ့ကြတဲ့.သူတွေဖြစ်တာကြောင့်..ပြောစရာများနေမှာအသေအချာပင်။
တစ်နေရာထဲငြိမ်ငြိမ်မနေတတ်တဲ့ရှောင်းလုအတွက်တော့.ဒီအရာကပျင်းစရာကောင်းသော
ကြောင့်..လျှောက်ကြည့်ရန်ပင်ဆုံးဖြတ်လိုက်ရသည်။လုဟန်မသွားခင် xiuminကလုဟန်ကိုကြည့်ကာ taoအားမေးလိုက်သည်။
"Tao ဒါလုလုလေးလားဟင်..တော်တော်တောင်ကြီးနေပါရောလား..ချောလည်းချောလာတယ်"
Ommaသူငယ်ချင်းရဲ့စကားကြောင့် နည်းနည်းတောင်..မြောက်တက်သွားတယ်။
"ဟုတ်တယ်..Xiuရဲ့..ငယ်ငယ်ကနင်ထိန်းခဲ့တဲ့.နှာချီးတွဲလောင်းရှောင်လုပေါ့"
Ommaပြောလိုက်တဲ့စကားကြောင့် မြောက်တက်နေတဲ့သူစိတ်ကလေး..ဘုတ်ခနဲပြုတ်ကျသွားသည်။
"Ommaကလည်း..သားသွားတော့မယ်"
ရှက်ရှက်နဲ့..ထွက်လာခဲ့လိုက်တာ..ommaသူငယ်ချင်းကိုနှုတ်ဆက်ဖို့တောင်မေ့သွားတယ်။
လုဟန်တစ်ယောက် လျှောက်လာရင်းတစ်နေရာရာအရောက်တွင်..လုဟန်ခြေလှမ်းများရပ်တန့်သွားသည်။မျက်လုံးများဟာလည်းထိုနေရာမှ မခွာနိုင်ဖြစ်နေရသည်။
"ရေခဲမုန့်ကြီးစားချင်လိုက်တာ..အာ.စားချင်ရင်ဝယ်စားရမှာပေါ့..ဟုတ်တယ်မလား..ဟုတ်တာပေါ့.မှန်တာပေါ့."
ဆိုပြီး.ဆိုင်ထဲကိုခြေလှမ်းများဦးတည်လိုက်သည်။
"ဘာလဲဟ.တစ်ယောက်ထဲမေးပြီးတစ်ယောက်ထဲဖြေသွားတယ် ရူးနေလားမသိဘူး"
လုဟန်တစ်ယောက်..သူ့ကိုကြည့်ပြီး.ထိုစကားကိုပြောလိုက်သော.သူတစ်ယောက်ရှိသည်ဆိုတာကိုတော့..သူမသိလိုက်ချေ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရေခဲမုန့်ကို ကလေးတစ်ယောက်လိုအငမ်းမရစားနေရင်း
"အား....ငါ့ရေခဲမုန့်လေးသွားပါပြီ..ခင်ဗျား"
ရေခဲမုန့်ပြုတ်ကျသွားသောကြောင့်..သူနှင့်ဝင်တိုက်မိသောထိုလူအား ရန်တွေ့မည်အလုပ်
*ဝါး..ဘယ်လိုတောင်ချောလိုက်တဲ့လူလဲ.*လုဟန်သူ့ရှေ့တွင်ရှိနေသောသူအား.မျက်စိပင်သွားကပ်မတပ်.ကြည့်နေလေသည်။
ထိုသူသည်.လုံးဝပြည့်စုံသည်။သူ၏ခန္ဓာကိုယ်နှင့်ဝတ်ဆင်ထားသောsuitအနက်မှာ.လုံးဝကိုလိုက်ဖက်လွန်းသည်။မျက်နှာတွင်လည်တည်ကြည်လေးနက်မှုကအပြည့်။ဘယ်လိုပဲ
ကြည့်ကြည့်perfectပဲ။.နတ်သားလေးအတိုင်းပါပဲလား။
----------------------------------------------------
part-1ပြီးသွားပါပြီ..​ကြိုးစားပြီးအကောင်းဆုံးဖြစ်အောင်တော့ရေးထားပါတယ်.
ဖတ်ရတာ.တစ်ခုခုအဆင်မပြေတာဖြစ်သွားရင်တောင်ပန်းပါတယ်..နောက်အပိုင်းတွေလည်းဖတ်ပေးကြပါဦးနော်
Thanks to all the readers😍😍
#nun
===================================
Unicode
_________
"ဘာမမှမရှိတာ.."
အမြဲတလွဲ"
ခနကြာတော့...
ဒေါက်..ဒေါက်..ဒေါက်
ယောကျာ်း"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"ဟို..Tao..Taoမလားဟင်."
ဈေးဝယ်ထွက်နေသော.သူတို့သားအမိနှစ်ယောက်ကိုကြည့်ကာ..အန်တီကြီးတစ်ယောက်မှမေးလာသည်။
ကြည့်လိုက်အုံးမယ်."
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
----------------------------------------------------
#nun
===================================
Continue Reading
You'll Also Like
106K 6.9K 33
Idol Park Chanyeol and his fanboy Baekhyun
1.7K 185 8
ကျွန်တော်တို့ရဲ့ အဆုံးသတ်ကို လှလှလေးရေးဆွဲကြတာပေါ့ဗျာ JeongDo
34.1K 1.2K 8
*ೃ ALTERNATE REALITY GAME (ARG) *ೃ༄ [ Genshin Impact Males × Female Reader ] . . . "Call me Corriere, the Messenger. I'll be working with you from no...
You'e mine By GG
Fanfiction
39.9K 2.7K 23
Gxxod••••••ကံကြမ္မာအလိုတိုင်း ဖြစ်စေရမှာပေါ့ Bas••••••ကျွန်တော်အမုန်းဆုံး ကခင်ဗျားကိုပဲ