Trigger [Completed]

By youngji_03

139K 13.6K 1K

If we had five more minutes Would I, could I, make you happy? Cover and illustrated by Ma Ni Ni Win Tun Writt... More

Prologue
1
2
3
4
5
6
7
8
9
Author's Note
10
11
12
13
15
16
17
18
19
20
21
22
23
24
Epilogue
𝐺𝑜𝑜𝑑𝑏𝑦𝑒 𝐿𝑒𝑡𝑡𝑒𝑟
Book Announcement,အမှားပြင်ဆင်ခြင်း
Goodbye Letter-II
Book cover is released!
Can Preorder Now!
Trigger's physical book 📖

14

3.8K 544 33
By youngji_03

// Scroll Down for Zawgyi //

CHAPTER-14

[UNICODE]

အစက ဆေးရုံကိုရက်ခြားသွားပြနေရတဲ့ ဖေးဖေးက ခုဆိုဆေးရုံမှာပဲ

လုံးဝနေလိုက်ရတဲ့အထိကိုအခြေအနေမကောင်းဘူး

သူနေမကောင်းတဲ့အကြောင်းကို

ကျိုးအိမ်တော်လူတွေကိုလုံးဝအသိမပေးရဘူးဆိုပြီးအတင်းတောင်းဆိုထားတဲ့ဖေးဖေးကြောင့်ရယ်

ပြီးတော့ကျိုးအိမ်တော်အပေါ်နာကျည်းနေတဲ့ဖေးဖေးရဲ့စိတ်ကိုလည်းဝမ်ရိပေါ်ကသိနေတာမို့ ဖေးဖေးနေမကောင်းတာကိုသူကတော့ လျှိုဝှက်ထားရတယ်

လူတွေအမြင်မှာတော့ စေ့စပ်ထားတဲ့ဝမ်အိမ်တော်ကဝမ်ရိပေါ်နဲ့ကျိုးအိမ်တော်က ဖေးဖေးတို့ကကြည်ကြည်နူးနူးခရီးထွက်နေကြပါတယ်တဲ့

ဖေးဖေးကတော့အဲ့လိုသတင်းတွေတွေ့တိုင်းနေမကောင်းတဲ့ကြားထဲကနေဆေးပိုက်တန်းလန်းနဲ့ထဆဲတတ်သေးတယ်

"မင်းနဲ့ကျဲကျဲနဲ့က ခရီးထွက်နေတာတဲ့ ဘယ်သူတောင်းစားMediaတွေပေါက်လွှတ်ပဲစားလျှောက်ရေးထားလဲ

မသိဘူး"

"ထားလိုက်ပါ ခဏနေကျိုးချန်ကိုခေါ်ပြီးဖျက်ဖို့ပြောလိုက်မယ် ကျဲကျဲက

ကိုယ့်ကျန်းမာ‌ရေးးကိုယ်ဘာသာကိုယ်ဂရုစိုက်"

ပြောရရင် ဖေးဖေးရဲ့အခြေအနေကတစ်နေ့တစ်ခြားပိုပိုဆိုးလာတာ

ဝမ်ရိပေါ်အသိပဲ။

အစက သူနဲ့ ရီရီမောမော စနောက်နေတတ်တဲ့ ဖေးဖေးက နောက်ပိုင်း

ဆေး‌အများကြီးသွင်းရတဲ့ဒဏ်တွေကြောင့် အိပ်နေရတာများတယ်။

ဆရာဝန်တွေကလည်းပြောတယ်

ဖေးဖေးကဆေးနဲ့အသက်ဆက်နေရတာတဲ့

ဖေးဖေးရဲ့ကိုယ်ထဲကိုထိုးသွင်းလက်စ ဆေးတွေကိုသာရပ်လိုက်ရင်

အသက်ရှုသံတွေပါရပ်တန့်သွားနိုင်တယ်တဲ့

ဖေးဖေးကတော့ သူ့တစ်ကိုယ်လုံးပေါ်ကဆေးထိုးပိုက်တွေကိုကြည့်ပြီးသက်ပြင်းချတယ်

အမှန်တိုင်းပြောရရင်သူကိုယ်တိုင်လည်းဒီအခြေအနေကြီးကိုစိတ်ကုန်နေတာတော့အမှန်ပဲ

စကားလေးငါးကြောင်းပြောဖို့ကိုတောင် အားယူနေရတဲ့ သူ့ဘဝကြီးကိုလည်းစိတ်ကုန်နေပြီ

သူဟာ နဂိုထဲက သေရမဲ့ လူတစ်ယောက်ပဲလေ

ဒါပေမယ့် လူတွေကသေခါနီးလေ လောဘကြီးလေပဲတဲ့

ဖေးဖေးကတစ်သက်လုံး

တစ်မိသားစုလုံးရဲ့ အဖတ်မလုပ်ခြင်းများစွာနဲ့ တစ်ယောက်တည်း အထီးကျန်‌ရင်းနေထိုင်ခဲ့ရတာ

ဒါပေမယ့် သူဝမ်ရိပေါ်ကိုမြင်တော့

ခဏလောက်တော့အနားမှာ‌ခေါ်ထားချင်စိတ်ဖြစ်မိတယ်။

သူရဲ့နောက်ဆုံးသောဆန္ဒကတစ်ယောက်တည်းအထီးကျန်ရင်းနဲ့

မသေသွားချင်တာပဲ

ဖေးဖေးက သူတစ်ဘဝလုံးလိုချင်နေခဲ့တဲ့မိသားစုသံယောဇဉ်ဆိုတာမျိုးကို

ဝမ်ရိပေါ်ဆီကနေလိုချင်မိတယ်

ပြီးတော့ဝမ်ရိပေါ်ကြောင့်လည်းပါတာပေါ့။

ဝမ်ရိပေါ်သူကိုလက်မထပ်ချင်ဘူးဆိုတာ သူစတွေ့လိုက်တည်းကသဘောပေါက်တယ်

ဒါပေမယ့် ဝမ်သခင်ကြီးကိုမငြင်းဆန်နိုင်ဘူးဆိုတာကိုလည်းသိတယ်

ဒါကြောင့်ပဲ နှစ်ဖက်လုံးကမိဘတွေမျက်လုံးထဲမှာ သူတို့နှစ်ယောက်သိပ်ချစ်ကြတဲ့ပုံပေါက်အောင် နှစ်ပါးသွားဇာတ်လေးနည်းနည်းကပေးနေရတာ

ဝမ်ရိပေါ်ကိုလည်းသူ့မောင်လေးလိုခင်နေတာကြောင့်နောက်ဆုံးအချိန်ထိ

ဆွဲထားချင်မိပေမဲ့လည်းအားနာတယ်

ဝမ်ရိပေါ်က သူအပေါ် တကယ်ကောင်းတဲ့မောင်လေးပါ

ဝမ်ရိပေါ်နဲ့သူစတွေ့တာ ဘယ်လောက်မှမကြာသေးပေမဲ့

သူသေလားရှင်လားတောင်ဂရုမစိုက်တဲ့သူ့အိမ်တော်ကလူတွေထက်စာရင်တော့ အပုံကြီးသာတယ်လို့ပြောရမယ်

ဝမ်ရိပေါ် အပြင်ပန်းကသာစကားပြောရင်ခပ်ပြတ်ပြတ်

ပြောတတ်ပေမဲ့ စိတ်ထဲကတော့သူကိုတကယ်ဂရုစိုက်ပေးတာသူအသိဆုံး

ဒီလိုမောင်လေးမျိုးနဲ့ ဆုံတွေ့ခဲ့ရတာနဲ့တင်သူ့အတွက်လုံလောက်နေပြီလို့ခံစားရတယ်

ဒီဘဝမှာ သူမေတ္တာတွေ ပေါသီနေအောင်မရခဲ့ပေမဲ့ နောက်ဆုံးအချိန်မှာ ဝမ်ရိပေါ်ဆီကဂရုစိုက်မှုလေးကိုနည်းနည်းလောက်ပဲဖြစ်ဖြစ်ခံစားလိုက်ရတော့ သေပျော်သွားပါပြီ

ဖေးဖေးက ရုပ်ရှင်ကားတွေထဲက သူများချစ်ခြင်းကိုလိုက်ခွဲတတ်တဲ့

ဗီလိန်တစ်ယောက်‌လိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး။

အချစ်ဆိုတဲ့အကြောင်းကြားတာနဲ့ မျက်နှာပြတ်သွားတတ်တဲ့သူ့မောင်လေးဝမ်ရိပေါ်ကိုတော့

အချစ်ကဘာလဲဆိုတာသူ‌မသေခင်ရှင်းပြခဲ့ချင်တယ်

သူကတော့ အချစ်မခံခဲ့ရပေမဲ့

ဝမ်ရိပေါ်ကိုတော့ အချစ်ဆိုတာဘာလဲ

နားလည်စေချင်တယ်

အချစ်ဆိုတာ ဝမ်ရိပေါ်ထင်နေသလိုမျိုးဆိုးရွားတဲ့အရာတစ်ခုတော့

ဟုတ်မနေခဲ့ပါဘူး

ချစ်ခြင်း‌ဆိုတာက စိတ္တဇနာမ်သက်သက်ပဲလေ

လူတွေအချင်းချင်းချစ်ကြရင်း

ကြားထဲကလွဲမှားမှုတွေကြောင့် နာကျင်ခံစားရတဲ့အခါဘာကြောင့်များစိတ္တဇနာမ်တစ်ခုအပေါ်မှာ

ဘာလို့အပြစ်တင်ကြတာလဲ။

ချစ်ခြင်းတရားတွေမှာ

ဘယ်တော့မှ အပြစ်မရှိခဲ့ပါဘူး

တိတ်ဆိတ်နေတဲ့ ဆေးရုံခန်းလေးထဲကကုတင်ပေါ်မှာလှဲနေတဲ့ဖေးဖေးက

ကုတင်ဘေးမှာလိမ္မော်သီးခွာနေတဲ့

ဝမ်ရိပေါ်ကိုတိုးတိုးလေးလှမ်းပြောတယ်။

ဖေးဖေးအတွက်တော့

တကယ်ပဲသူအတွက် နောက်ဆုံးအချိန်ကိုရောက်နေပြီ။

သူ့တစ်ကိုယ်လုံးအနှံထိုးသွင်းထားတဲ့ဆေးတွေကြောင့်နဲ့အသက်ဆက်နေရတာမို့လို့တခြားနာကျင်မှုတွေကိုတော့

မခံစားရလို့တော်ပါသေးတယ်။

"ရိပေါ်ရယ် ကျဲတော့လွတ်မြောက်ချင်ပြီ ဒီလောက်ထိနေရရင်ပဲကို

ကျဲအတွက်လုံလောက်နေပါပြီ ဆေးတွေသွင်းနေတာရပ်လိုက်ရအောင်"

ခုချိန်မှာစကားတစ်ခွန်းပြောဖို့ကိုတောင်အားယူနေရတဲ့ ဖေးဖေးရဲ့ စကားသံက တိုးလွန်းလို့ ဘေးက

ဝမ်ရိပေါ်တောင်မနည်းနားထောင်ရတဲ့အထိပဲ။

ဝမ်ရိပေါ် ကတော့ ဖေးဖေးရဲ့ဘဝနဲ့ပတ်သက်ပြီး ဘာမှဝင်မပါဖို့အစောကြီးထဲကဆုံးဖြတ်ထားတယ်

ထွက်သွားချင်နေပါပြီဆိုလည်း

သူကအတင်းဆွဲထားလိမ့်မှာမဟုတ်ဘူး။

ထွက်သွားချင်ပါတယ်ဆိုတဲ့လူကို

ဆွဲထားရတာဘယ်လောက်တောင်ပင်ပန်းလိုက်သလဲ...

သူ ဖေးဖေးကို ခေါင်းခပ်ဖွဖွ ငြိမ့်ပြပြီး

လက်‌ကိုနောက်ဆုံးအနေနဲ့ တစ်ကြိမ်လောက် ဆုပ်ကိုင်ထားလိုက်တယ်။

သူအတွက်ဖေးဖေးကလပိုင်းလောက်ပဲသိခဲ့ရတဲ့ လူဆိုပေမဲ့ သူအတွက်ကတော့အစ်မအရင်းတစ်ယောက်လိုပါပဲ။

ဒါပေမယ့် အစောကြီးထဲကထွက်သွားရမဲ့လူဆိုတာကိုသူကြိုသိနေခဲ့ရတာမို့လို့

အရင်တည်းကသံယောဇဉ်ဆိုတာတွေ မတွယ်မိအောင်ကြိုးစားခဲ့ပေမဲ့

သူဖေးဖေးကိုသံယောဇဉ်နည်းနည်းတော့တွယ်မိခဲ့တယ်ထင်ပါတယ်။

ဆရာဝန်တွေကဖေးဖေးရဲ့ကိုယ်ပေါ်မှာထိုးထားတဲ့ဆေးတွေကိုတစ်လုံးပြီးတစ်လုံးဖြုတ်ချတယ်

ဖေးဖေးကတော့ ပြုံးနေတုန်းပဲ

လွတ်မြောက်ပြီဆိုတဲ့အပြုံးမျိုးနဲ့ပေါ့...

ဝမ်ရိပေါ်လည်း သူကိုယ်တိုင်‌တောင်

မသိလိုက်ဘဲနဲ့ မျက်ရည်တွေစီးကျနေမိတယ်။

ဖေးဖေးရဲ့နောက်ဆုံးအပြုံးက

သူအတွက်တော့ သေရာပါမှတ်ဉာဏ်တွေထဲကတစ်ခုဖြစ်‌နေတော့မယ်ထင်ပါတယ်

သူရော အဲ့လိုမျိုး လွတ်လွတ်လပ်လပ်ပြုံးနေနိုင်မှာလဲ

သေမှလား ဒါမှမဟုတ် ရှောင်းကျန့်သာ သူဘေးနားမှာတစ်သက်လုံးရှိပေးသွားမယ်ဆိုသူလည်းပဲနေ့ရက်တိုင်းမှာပြုံးနေနိုင်တော့မှာပါ။

ဖေးဖေး ကိုယ်ပေါ်ကဆေးတွေအားလုံးဖြုတ်လိုက်ပြီးတဲ့အချိန်မှာပဲစက်ပေါ်ကရပ်တန့်သွားတဲ့ မျဉ်းတန်းလေးနဲ့ အတူတူ တီ တီ ဆိုတဲ့စက်သံတွေက သူ့အတွက်တော့အနှေးပြကွက်တွေလိုပဲ

တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားတဲ့ ဖေးဖေးရဲ့ခန္ဒာကိုယ်...

ပြီးတော့ ဆရာဝန်ရဲ့ကိုးနာရီ ငါးဆယ့်တစ်မိနစ်ဆိုတဲ့ သေဆုံးချိန်ကြေညာသံ

အရာအားလုံးဟာ သူ့မျက်စိရှေ့မှာတင်ပဲဖြစ်ပျက်သွားခဲ့တာ

ဝမ်ရိပေါ် လူ‌သေတာမြင်ဖူးပေမဲ့

ဒီလောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့

ထွက်သွားရတဲ့လူဆိုရင်တော့

ဖေးဖေးကသူ့အတွက်ပထမဆုံးပါပဲ

ဘေးကဆရာဝန်တစ်ယောက်က

ဖေးဖေးရဲ့ ခန္ဒာကိုယ်အပေါ်ကို

အဖြူရောင်ပိတ်စ ဖုံးလိုက်တယ်

ဖေးဖေးရဲ့ အဆုံးသတ်အချိန်မှာ

သူရယ် ဘေးကဆရာဝန်တွေရယ်ပဲ

ရှိတာတော့ ရင်နာစရာပဲ

နောက်ဘဝကြရင်တော့ အများကြီးအချစ်ခံရတဲ့ လူတစ်ယောက်အနေနဲ့

ပြန်လည်မွေးဖွားလာပါစေလို့

သူဖေးဖေးအတွက် တိတ်တိတ်လေးဆုတောင်း‌ပေးမိတယ်။

ဖေးဖေးက သူ့မိသားစုကိုတော့

သေသွားပြီးရင်တောင်ချက်ချင်းအကြောင်းမကြားပါနဲ့လို့ပြောတယ်။

သူကတော့ ဖေးဖေးစကားကိုနားထောင်တဲ့အနေနဲ့ ကျိုးအိမ်တော်ကိုသွားပြောပြမှာမဟုတ်ပါဘူး။

အခုဝမ်ရိပေါ်ရဲ့စိတ်ထဲမှာသူဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ထူးထူးဆန်းဆန်းခံစားချက်အများကြီးကိုခံစားနေရတယ်။

ထားခဲ့ခံရခြင်းဆိုတဲ့ ခံစားချက်က

တကယ်ဆိုးတယ်။

အကယ်၍ ခုချိန်မှာ ဖေးဖေးမဟုတ်ဘဲ

ရှောင်းကျန့်သာဆိုသူရူးသွားလိမ့်မယ်ထင်တယ်။

အခုချိန်မှာသူသတိအရဆုံးကရှောင်းကျန့်ပဲ

အခုချိန်မှာရှောင်းကျန့်ကိုဆွဲပြီးသူ့ဘေးက‌နေတစ်သက်လုံးထွက်မသွားဖို့ကတိတွေအထပ်ထပ်တောင်းချင်တယ်။

ဘယ်တော့မှ ထွက်ပြေးလို့မရတော့အောင်ချုပ်ထားပစ်ချင်တယ်

ရှောင်းကျန့်သာသူကိုထားသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့တင်ရင်ဘတ်ကြီးပေါက်ထွက်မတတ်ဖြစ်ရတယ်။

ရှောင်းကျန့်နဲ့ အဆက်သွယ်မရတဲ့

ရက်ပိုင်းတွေမှာသူကတော့အရင်တိုင်းတိတ်တိတ်လေး လိုက်စုံစမ်းနေဆဲပါပဲ

ရှောင်းကျန့် ရှိရာဆီပြေးသွားပစ်လိုက်ချင်ပေမဲ့ ဝမ်ပါးပါးရဲ့ မျက်လုံအောက်ကနေသွား‌တွေ့ဖို့ရာမဖြစ်နိုင်ခဲ့ဘူး။

သူကိုမယုံတဲ့ ဝမ်သခင်ကြီးက သူနောက်မှာ လူယုံတချို့ကို လွှတ်ထားသေးတယ်။

ဝမ်ရိပေါ်ဆိုတာကသူငယ်နှပ်စားလေးတစ်ယောက်မှမဟုတ်ဘဲ ဝမ်ပါးပါးစောင့်ကြည့်နေတဲ့ကြားထဲကနေတောင် ရှောင်းကျန့်နောက်ကိုမရရ‌အောင်တိတ်‌တိတ်လေးလိုက်နေတုန်းပဲ

ရှောင်းကျန့်ကိုသွားတွေ့ဖို့ကိုတော့သူအခုထိကြောက်နေတုန်းပဲ

အဲ့လိုတစ်မိုးအောက်တစ်ယောက်ဝမ်ရိပေါ်ကလည်းအခုလိုကြောက်တတ်ပါသေးတယ်

ရှောင်းကျန့်ကများသူကိုစိတ်ဆိုးပြီး

ဝေးဖို့ အကြောင်းတွေပြောလာခဲ့ရင်

သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

ဝမ်ရိပေါ်အခုရှောင်းကျန့်ရဲ့အိမ်ရှေ့မှာရောက်နေတယ်...

ဒါ ဝမ်ရိပေါ် ညတိုင်းလုပ်နေကြ ကိစ္စပဲ

ညဘက်တိုင်း မီးပိတ်သွားတဲ့‌ရှောင်းကျန်ရဲ့အခန်းလေးကို

သူ ထိုင်ကြည့်နေတတ်တယ်

တစ်ခါတစ်လေ ဖြူလွှလွှအရိပ်လေးကိုများမြင်လိုက်ရရင်သူနေစရာနေရာ

မရှိလောက်အောင်ဖြစ်ခဲ့ရတယ်

ရှောင်းကျန့်ကတော့သူကိုကျိန်းသေပေါက်မမြင်လောက်ဘူးဆိုပေမဲ့

သူကတော့ခုထိရည်းစားစာပေးတာလူမိမှာကြောက်တဲ့

ဆယ်ကျော်သက်ကောင်လေးလိုဖြစ်နေတုန်းပဲ။

ဒီနေ့ကြမှရှောင်းကျန့်ရဲအိမ်ပြန်ချိန်တွေကပုံမှန်ထက်နောက်ကျနေသလိုပဲ

နောက်ဆုံးတော့အိမ်ပြန်ရောက်လာတဲ့ရှောင်းကျန့်ကတစ်ယောက်တည်းတော့ဟုတ်မနေခဲ့ဘူး။

ရှောင်းကျန့်ဘေးက အသားဖြူဖြူအရပ်ရှည်ရှည် အမျိုးသားတစ်ယောက်နဲ့စကားတွေပြောပြီး ရယ်မောနေတဲ့

ရှောင်းကျန့်ရဲ့မျက်နှာပေါ်ကအပြုံးတွေကတကယ်ပဲလှိုက်မောစရာကောင်းတယ်

ဒါပေမယ် အဲ့အပြုံးတွေကသူကြောင့်မဟုတ်ဘူးဆိုတာသိရတော့နည်းနည်းတော့မကျေမနပ်ဖြစ်မိတာအမှန်ပဲ

ရှောင်းကျန့်ဘေးကလူဘယ်သူပဲဖြစ်ဖြစ်သူကတော့ဘယ်လိုမှကြည့်မရတော့ဘူး

အဲ့အချိန်မှာပဲ ရှောင်းကျန့်ကို လှမ်းဖက်လိုက်တဲ့လူကြောင့်ဝမ်ရိပေါ်ရဲ့ဒေါသတွေကရေဆူအမှတ်အထိတန်းရောက်သွားတယ်။

အရင်ရက်‌တွေတုန်းကရှောင်းကျန့်

သူကိုမြင်သွားမှာစိုးလို့ပုန်းနေတဲ့ဝမ်ရိပေါ်ကခုတော့ရှောင်းကျန့်ရှေ့တည့်တည့်မှာရောက်နေပြီ

"ရှောင်းကျန့်ကို အခုလွှတ်လိုက်"

ဝမ်ရိပေါ်ချက်ချင်းပဲရှောင်းကျန့်ဘေးကကောင်ကိုတွန်းလိုက်တယ်

ရုတ်တရက်မို့တွန်းခံလိုက်ရတဲ့ရှောင်းကျန့်ဘေးကလူကလည်းလမ်းမပေါ်ကိုဗိုင်းခနဲပဲ

ဝမ်ရိပေါ်ကိုရုတ်တရက်မြင်လိုက်ရလို့ကြက်သေသေနေတဲ့ရှောင်းကျန့်ကဘေးကယွင်ရှီးလဲကျသွားလို့ 'နာလိုက်တာ'ဆိုတဲ့အသံ‌ထွက်လာမှပဲအသိပြန်ဝင်တယ်။

လဲကျသွားတဲ့ယွင်ရှီးကို ထူပေးဖို့လှမ်းတွဲတော့ကြားလိုက်ရတဲ့ဝမ်ရိပေါ်ရဲ့အံကြိတ်သံကြီးက ကျောချမ်းစရာ

"ရှောင်းကျန့် ခင်‌များ သူ့အသားကိုမထိနဲ့"

အခုဝမ်ရိပေါ်ရဲ့လုပ်ရပ်တွေကိုရှောင်းကျန့်နားမလည်နိုင်ဘူး

ရုတ်တရက်မိုးပေါ်ကကျလာသလိုမျိုးသူ့ရှေ့ရောက်လာပြီးသူကိုဟိုလိုလုပ်ဒီလိုလုပ်ဆိုပြီးအမိန့်ပေးနေတဲ့ ဝမ်ရိပေါ်ကိုသူထရိုက်ချင်နေပြီ။

ဝမ်ရိပေါ်ပြောတာကိုမကြားချင်ယောင်ဆောင်ပြီးလဲကျနေတဲ့ယွင်ရှီးကိုယ်ကိုသွားထူတော့ဒိုင်းခနဲရောက်လာတဲ့အကြည့်တွေကိုလည်းသူမမြင်ချင်ယောင်ဆောင်နေလိုက်တယ်။

ရှောင်းကျန့် ယွင်ရှီးကိုယ်ကိုဆွဲထူပြီးပြီးချင်းဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့

လက်ကိုလာဆွဲတယ်

ပြီးတော့ရှောင်းကျန့်ရဲ့ကိုယ်လုံးလေးကိုသူ့ရင်ခွင်ထဲထည့်ပြီးခေါင်းလုံးလုံးလေးကိုခပ်ဖွဖွနမ်းနေရင်း 'လွမ်းလိုက်တာ'လို့ခပ်တိုးတိုးပြောရင်း‌ကျောကိုပွတ်သပ်နေလိုက်သေးတာ

ဝမ်ရိပေါ်ရဲ့ရုတ်တရက်ဆန်တဲ့ အပြုအမူတွေကြောင့်ကာယကံရှင်ရှောင်းကျန့်ရောဘေးကယွင်ရှီးကပါ

အူ‌ကြောင်ကြောင်ဖြစ်နေတယ်

ရုတ်တရက်ကြီးသူ့အိမ်ရှေ့မှာအဖက်ခံလိုက်ရတဲ့ရှောင်းကျန့်လည်းအစကကြောင်နေပေမဲ့ သတိပြန်ဝင်ဝင်လာချင်းမှာသူကိုဖက်ထားတဲ့ဝမ်ရိပေါ်ကိုတွန်းထုတ်ပစ်လိုက်တယ်

သူကိုအဲ့လို တွန်းထုတ်လိမ့်မယ်လို့

မထင်ထားတဲ့ ဝမ်ရိပေါ်ကမျက်မှောင်ကျုံ့ပြီးရှောင်းကျန့်ကိုကြည့်နေတယ်။

ရှောင်းကျန့်ကတော့ဝမ်ရိပေါ်ကိုဒီတိုင်းထားပစ်ခဲ့ပြီး ယွင်ရှီးလက်ကိုဆွဲလို့ အိမ်ထဲဝင်ဖို့လုပ်တဲ့အချိန်မှာပဲသူရဲ့လက်ကိုထပ်ဆွဲလာပြန်တဲ့ဝမ်ရိပေါ်ကိုသူနားမလည်နိုင်ဘူး

သူကိုထားခဲ့ပြီးမိန်းမတစ်ယောက်နဲ့

စေ့စပ်ထားတဲ့ဝမ်ရိပေါ်ရဲ့ဆွဲလားရမ်းလားလုပ်မှုကိုခံရတာကို ရှောင်းကျန့်တကယ်စိတ်ပျက်တယ်။

သူကဝမ်ရိပေါ်ကိုအဆုံးထိထားခဲ့ပစ်ဖို့ဆုံးဖြတ်ခဲ့ပြီးပြီပဲ

သူဘယ်လောက်တောင်နာကျင်ခံစားခဲ့ရပြီးမှချခဲ့ရတဲ့ဆုံးဖြတ်ချက်မို့လို့လဲ..

ဘယ်လိုနည်းနဲ့မှသူ့စိတ်ကို နောက်တစ်ကြိမ်ပြောင်းပစ်တော့မှာမဟုတ်ဘူး။

သူအရင်ကချစ်ခဲ့မိလို့ခရင်နဲ့မမျှအောင်ခံစားခဲ့ရပြီးပြီပဲ

ဒီလမ်းအမှားကြီးကိုသူဘာကြောင့်နဲ့များနောက်တစ်ကြိမ်ထပ်လျှောက်ရမှာတဲ့လဲ။

ပြီးတော့အရှေ့ကဝမ်ရိပေါ်ကလည်း

လူသိရှင်ကြားစေ့စပ်ထားတဲ့လူတစ်ယောက်

သူသေမတတ်ထပ်ခံစားရမဲ့လမ်းကို

ဘယ်လိုနည်းနဲ့မှထပ်မရွေးချယ်နိုင်တော့ပါ။

သူဝမ်ရိပေါ်နဲ့နှစ်ယောက်တည်းစကားအေးဆေးပြောဖို့သူတို့ကြားမှာအူကြောင်ကြောင်ဖြစ်နေရတဲ့ အစ်ကိုယွင်ရှီးကိုအိမ်အရင်ပြန်နှင့်ဖို့ပြောလိုက်တယ်။

"အကို အိမ်ထဲအရင်ဝင်နှင့် ကျွန်တော်နောက်မှလိုက်ခဲ့မယ်"

"ဖြစ်ပါ့မလား ရှောင်းကျန့်ရယ်"

"အဆင်ပြေပါတယ် စကားနည်းနည်းပြောပြီးပြန်လာမှာပါ"

ယွင်ရှီးလည်းရှောင်းကျန့်ရဲ့တချို့ကိစ္စတွေကို‌တော့အနည်းအကျဉ်းသိထားပြီးသား..

ရှောင်းကျန့်ကအခုယွင်ရှီးနေတဲ့ကိုရီးယားနိုင်ငံကိုလိုက်ခဲ့ဖို့အတွက်စီစဉ်နေတာ

ရှောင်းကျန့် သူသိပ်သဘောကျတဲ့တရုတ်နိုင်ငံကနေ ဒီလူကြောင့်ထွက်သွားဖို့ဆုံးဖြတ်ခဲ့တဲ့အထိဆိုတော့သူတို့ကြားကပြဿနာကတော်ရုံ‌တန်ရုံမဟုတ်‌လောက်ဘူး။

သူကတော့တစ်ဖက်လူရဲ့တဇွတ်ထိုးပုံစံကြောင့်စိတ်ပူပေမဲ့ ရှောင်းကျန့်ကိုယ်တိုင်ကအဆင်ပြေပါတယ်ဆိုတော့ဘာမှဆက်မပြောဘဲအိမ်ထဲမှာပဲသွားစောင့်နေလိုက်ရတယ်။

ဝမ်ရိပေါ်လည်းရှောင်းကျန့်ကတစ်ဖက်လူကိုအစ်ကိုလို့ခေါ်လိုက်တာကြောင့်သူတို့ကြားထဲက လေထုအငွေ့အသက်တွေကပိုဆိုးလာတယ်။

ယွင်ရှီးအိမ်ထဲဝင်သွားတာနဲ့ရှောင်းကျန့်လက်ကို မလွှတ်တမ်းဆွဲထားတဲ့ဝမ်ရိပေါ်ရဲ့လက်ထဲကနေ

သူ့လက်ကိုအတင်းရုန်းထွက်ဖို့လုပ်ပေမဲ့ပိုပြီးတော့တောင်တင်းကြပ်လာတာကြောင့်

သူလည်းဒီတိုင်းပဲထားလိုက်တယ်။

" ဝမ်ရိပေါ် စကားပြောရအောင် "

ရှောင်းကျန့်ပြောလာမဲ့စကားတွေကသူတစ်ချိန်လုံးကြောက်နေခဲ့ရတဲ့

စကားတွေမဟုတ်ဖို့ပဲ ဝမ်ရိပေါ်တိတ်တိတ်လေးဆုတောင်းလိုက်တယ်

ဝေးဖို့အကြောင်းတွေများကြားခဲ့ရရင်သူတကယ်ရူးသွပ်သွားလောက်တယ်

သူသာတကယ်တမ်းရူးသွပ်သွားခဲ့ရင်

ရှောင်းကျန့်ထွက်မသွားဖို့အတွက်ရှိသမျှနည်းလမ်းတွေနဲ့ဆွဲထားမိမှာ

အဲ့လိုလုပ်လို့ ရှောင်းကျန့်ကသူကိုမုန်းသွားရင်တောင်မှသူကတော့

ဆက်လုပ်‌နေမှာပဲ...

ဘယ်တတ်နိုင်မှာလဲ

သူမှရှောင်းကျန့်ကိုလက်မလွှတ်ပေးနိုင်တာ

သူမှရှောင်းကျန့်မရှိဘဲမနေနိုင်တာ။

ရှောင်းကျန့်မပါတဲ့အနာဂတ်ကိုသူတွေးကြည့်လို့တောင်ရမှာမဟုတ်ဘူး

သူခုထိရှင်သန်နေရခြင်းအကြောင်းပြချက်အားလုံးဟာ ရှောင်းကျန့်ကြောင့်ပဲဖြစ်တယ်။

သူလုပ်နေသမျှအရာအားလုံးဟာလည်းရှောင်းကျန့်ကိုကာကွယ်ဖို့အတွက်ပဲ

ဘယ်သူကများပြောတာလဲ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုဂရုမစိုက်ပါဘူးလို့

ဝမ်ရိပေါ်ဟာသူရဲ့ဖြစ်တည်မှုကိုမေ့လျော့မိတဲ့အထိကိုသူရဲ့ဘဝကြီးကရှောင်းကျန့်ကိုဦးတည်လည်ပတ်နေတာ

ဝမ်ရိပေါ်တစ်လောကလုံးကိုလွှတ်ချနိုင်ခဲ့ပေမဲ့ရှောင်းကျန့်တစ်ယောက်ကိုတော့ ဘယ်တော့မှလွှတ်ချခဲ့မှာမဟုတ်ဘူး

ရှောင်းကျန့်ကဆွဲထားတဲ့သူ့လက်က‌ နေရုန်းထွက်သွားခဲ့ရင်တောင်မှသူက

မလွှတ်တမ်းဆွဲထားမှာ။

ဘာကြောင့်လဲမေးရင်သူဟာရှောင်းကျန့်ဖြစ်နေခဲ့လို့ပေါ့

ဝမ်ရိပေါ်အတွက်ရှောင်းကျန့်ဟာဘယ်လိုအရာနဲ့မှအစားထိုးလို့မရဘူး

ရှောင်းကျန့်ဆိုတဲ့အမည်နာမဟာတစ်သက်လုံးအတွက်ဝမ်ရိပေါ်တစ်ယောက်တည်းရဲ့တစ်ဦးဆိုင်နာမ်...

ပြီးတော့ဝမ်ရိပေါ်ကရှောင်းကျန့်ကို‌ဘယ်တော့မှလွတ်မြောက်ခွင့်ပေးတော့မှာမဟုတ်ဘူး ။

#732021

Edited Version-4/12/2021

A/N: ViewersတွေရောVotesတွေရောအများကြီးတက်သွားလို့ စိတ်ညစ်နေတဲ့ကြားကနေအများကြီးပျော်ပါတယ်။ကိုယ်မှာလိုအပ်ချက်‌တွေလည်းအများကြီးရှိနေပါသေးတယ်။ ကိုယ့် fictionလေးကိုဝိုင်းပြီးသဘောကျပေးကြလို့ကျေးဇူးတင်ပါတယ်^^ နောက်လည်းရီဗျူးတွေအများကြီးရချင်ပါတယ်

CHAPTER-14

[ZAWGYI]

အစက ေဆး႐ုံကိုရက္ျခားသြားျပေနရတဲ့ ေဖးေဖးက ခုဆိုေဆး႐ုံမွာပဲ

လုံးဝေနလိုက္ရတဲ့အထိကိုအေျခအေနမေကာင္းဘူး

သူေနမေကာင္းတဲ့အေၾကာင္းကို

က်ိဳးအိမ္ေတာ္လူေတြကိုလုံးဝအသိမေပးရဘူးဆိုၿပီးအတင္းေတာင္းဆိုထားတဲ့ေဖးေဖးေၾကာင့္ရယ္

ၿပီးေတာ့က်ိဳးအိမ္ေတာ္အေပၚနာက်ည္းေနတဲ့ေဖးေဖးရဲ႕စိတ္ကိုလည္းဝမ္ရိေပၚကသိေနတာမို႔ ေဖးေဖးေနမေကာင္းတာကိုသူကေတာ့ လွ်ိုဝွက္ထားရတယ္

လူေတြအျမင္မွာေတာ့ ေစ့စပ္ထားတဲ့ဝမ္အိမ္ေတာ္ကဝမ္ရိေပၚနဲ႕က်ိဳးအိမ္ေတာ္က ေဖးေဖးတို႔ကၾကည္ၾကည္ႏူးႏူးခရီးထြက္ေနၾကပါတယ္တဲ့

ေဖးေဖးကေတာ့အဲ့လိုသတင္းေတြေတြ႕တိုင္းေနမေကာင္းတဲ့ၾကားထဲကေနေဆးပိုက္တန္းလန္းနဲ႕ထဆဲတတ္ေသးတယ္

"မင္းနဲ႕က်ဲက်ဲနဲ႕က ခရီးထြက္ေနတာတဲ့ ဘယ္သူေတာင္းစားMediaေတြေပါက္လႊတ္ပဲစားေလွ်ာက္ေရးထားလဲ

မသိဘူး"

"ထားလိုက္ပါ ခဏေနက်ိဳးခ်န္ကိုေခၚၿပီးဖ်က္ဖို႔ေျပာလိုက္မယ္ က်ဲက်ဲက

ကိုယ့္က်န္းမာ‌ေရးးကိုယ္ဘာသာကိုယ္ဂ႐ုစိုက္"

ေျပာရရင္ ေဖးေဖးရဲ႕အေျခအေနကတစ္ေန႕တစ္ျခားပိုပိုဆိုးလာတာ

ဝမ္ရိေပၚအသိပဲ။

အစက သူနဲ႕ ရီရီေမာေမာ စေနာက္ေနတတ္တဲ့ ေဖးေဖးက ေနာက္ပိုင္း

ေဆး‌အမ်ားႀကီးသြင္းရတဲ့ဒဏ္ေတြေၾကာင့္ အိပ္ေနရတာမ်ားတယ္။

ဆရာဝန္ေတြကလည္းေျပာတယ္

ေဖးေဖးကေဆးနဲ႕အသက္ဆက္ေနရတာတဲ့

ေဖးေဖးရဲ႕ကိုယ္ထဲကိုထိုးသြင္းလက္စ ေဆးေတြကိုသာရပ္လိုက္ရင္

အသက္ရႈသံေတြပါရပ္တန႔္သြားနိုင္တယ္တဲ့

ေဖးေဖးကေတာ့ သူ႕တစ္ကိုယ္လုံးေပၚကေဆးထိုးပိုက္ေတြကိုၾကည့္ၿပီးသက္ျပင္းခ်တယ္

အမွန္တိုင္းေျပာရရင္သူကိုယ္တိုင္လည္းဒီအေျခအေနႀကီးကိုစိတ္ကုန္ေနတာေတာ့အမွန္ပဲ

စကားေလးငါးေၾကာင္းေျပာဖို႔ကိုေတာင္ အားယူေနရတဲ့ သူ႕ဘဝႀကီးကိုလည္းစိတ္ကုန္ေနၿပီ

သူဟာ နဂိုထဲက ေသရမဲ့ လူတစ္ေယာက္ပဲေလ

ဒါေပမယ့္ လူေတြကေသခါနီးေလ ေလာဘႀကီးေလပဲတဲ့

ေဖးေဖးကတစ္သက္လုံး

တစ္မိသားစုလုံးရဲ႕ အဖတ္မလုပ္ျခင္းမ်ားစြာနဲ႕ တစ္ေယာက္တည္း အထီးက်န္‌ရင္းေနထိုင္ခဲ့ရတာ

ဒါေပမယ့္ သူဝမ္ရိေပၚကိုျမင္ေတာ့

ခဏေလာက္ေတာ့အနားမွာ‌ေခၚထားခ်င္စိတ္ျဖစ္မိတယ္။

သူရဲ႕ေနာက္ဆုံးေသာဆႏၵကတစ္ေယာက္တည္းအထီးက်န္ရင္းနဲ႕

မေသသြားခ်င္တာပဲ

ေဖးေဖးက သူတစ္ဘဝလုံးလိုခ်င္ေနခဲ့တဲ့မိသားစုသံေယာဇဥ္ဆိုတာမ်ိဳးကို

ဝမ္ရိေပၚဆီကေနလိုခ်င္မိတယ္

ၿပီးေတာ့ဝမ္ရိေပၚေၾကာင့္လည္းပါတာေပါ့။

ဝမ္ရိေပၚသူကိုလက္မထပ္ခ်င္ဘူးဆိုတာ သူစေတြ႕လိုက္တည္းကသေဘာေပါက္တယ္

ဒါေပမယ့္ ဝမ္သခင္ႀကီးကိုမျငင္းဆန္နိုင္ဘူးဆိုတာကိုလည္းသိတယ္

ဒါေၾကာင့္ပဲ ႏွစ္ဖက္လုံးကမိဘေတြမ်က္လုံးထဲမွာ သူတို႔ႏွစ္ေယာက္သိပ္ခ်စ္ၾကတဲ့ပုံေပါက္ေအာင္ ႏွစ္ပါးသြားဇာတ္ေလးနည္းနည္းကေပးေနရတာ

ဝမ္ရိေပၚကိုလည္းသူ႕ေမာင္ေလးလိုခင္ေနတာေၾကာင့္ေနာက္ဆုံးအခ်ိန္ထိ

ဆြဲထားခ်င္မိေပမဲ့လည္းအားနာတယ္

ဝမ္ရိေပၚက သူအေပၚ တကယ္ေကာင္းတဲ့ေမာင္ေလးပါ

ဝမ္ရိေပၚနဲ႕သူစေတြ႕တာ ဘယ္ေလာက္မွမၾကာေသးေပမဲ့

သူေသလားရွင္လားေတာင္ဂ႐ုမစိုက္တဲ့သူ႕အိမ္ေတာ္ကလူေတြထက္စာရင္ေတာ့ အပုံႀကီးသာတယ္လို႔ေျပာရမယ္

ဝမ္ရိေပၚ အျပင္ပန္းကသာစကားေျပာရင္ခပ္ျပတ္ျပတ္

ေျပာတတ္ေပမဲ့ စိတ္ထဲကေတာ့သူကိုတကယ္ဂ႐ုစိုက္ေပးတာသူအသိဆုံး

ဒီလိုေမာင္ေလးမ်ိဳးနဲ႕ ဆုံေတြ႕ခဲ့ရတာနဲ႕တင္သူ႕အတြက္လုံေလာက္ေနၿပီလို႔ခံစားရတယ္

ဒီဘဝမွာ သူေမတၱာေတြ ေပါသီေနေအာင္မရခဲ့ေပမဲ့ ေနာက္ဆုံးအခ်ိန္မွာ ဝမ္ရိေပၚဆီကဂ႐ုစိုက္မႈေလးကိုနည္းနည္းေလာက္ပဲျဖစ္ျဖစ္ခံစားလိုက္ရေတာ့ ေသေပ်ာ္သြားပါၿပီ

ေဖးေဖးက ႐ုပ္ရွင္ကားေတြထဲက သူမ်ားခ်စ္ျခင္းကိုလိုက္ခြဲတတ္တဲ့

ဗီလိန္တစ္ေယာက္‌လိုဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး။

အခ်စ္ဆိုတဲ့အေၾကာင္းၾကားတာနဲ႕ မ်က္ႏွာျပတ္သြားတတ္တဲ့သူ႕ေမာင္ေလးဝမ္ရိေပၚကိုေတာ့

အခ်စ္ကဘာလဲဆိုတာသူ‌မေသခင္ရွင္းျပခဲ့ခ်င္တယ္

သူကေတာ့ အခ်စ္မခံခဲ့ရေပမဲ့

ဝမ္ရိေပၚကိုေတာ့ အခ်စ္ဆိုတာဘာလဲ

နားလည္ေစခ်င္တယ္

အခ်စ္ဆိုတာ ဝမ္ရိေပၚထင္ေနသလိုမ်ိဳးဆိုး႐ြားတဲ့အရာတစ္ခုေတာ့

ဟုတ္မေနခဲ့ပါဘူး

ခ်စ္ျခင္း‌ဆိုတာက စိတၱဇနာမ္သက္သက္ပဲေလ

လူေတြအခ်င္းခ်င္းခ်စ္ၾကရင္း

ၾကားထဲကလြဲမွားမႈေတြေၾကာင့္ နာက်င္ခံစားရတဲ့အခါဘာေၾကာင့္မ်ားစိတၱဇနာမ္တစ္ခုအေပၚမွာ

ဘာလို႔အျပစ္တင္ၾကတာလဲ။

ခ်စ္ျခင္းတရားေတြမွာ

ဘယ္ေတာ့မွ အျပစ္မရွိခဲ့ပါဘူး

တိတ္ဆိတ္ေနတဲ့ ေဆး႐ုံခန္းေလးထဲကကုတင္ေပၚမွာလွဲေနတဲ့ေဖးေဖးက

ကုတင္ေဘးမွာလိေမၼာ္သီးခြာေနတဲ့

ဝမ္ရိေပၚကိုတိုးတိုးေလးလွမ္းေျပာတယ္။

ေဖးေဖးအတြက္ေတာ့

တကယ္ပဲသူအတြက္ ေနာက္ဆုံးအခ်ိန္ကိုေရာက္ေနၿပီ။

သူ႕တစ္ကိုယ္လုံးအႏွံထိုးသြင္းထားတဲ့ေဆးေတြေၾကာင့္နဲ႕အသက္ဆက္ေနရတာမို႔လို႔တျခားနာက်င္မႈေတြကိုေတာ့

မခံစားရလို႔ေတာ္ပါေသးတယ္။

"ရိေပၚရယ္ က်ဲေတာ့လြတ္ေျမာက္ခ်င္ၿပီ ဒီေလာက္ထိေနရရင္ပဲကို

က်ဲအတြက္လုံေလာက္ေနပါၿပီ ေဆးေတြသြင္းေနတာရပ္လိုက္ရေအာင္"

ခုခ်ိန္မွာစကားတစ္ခြန္းေျပာဖို႔ကိုေတာင္အားယူေနရတဲ့ ေဖးေဖးရဲ႕ စကားသံက တိုးလြန္းလို႔ ေဘးက

ဝမ္ရိေပၚေတာင္မနည္းနားေထာင္ရတဲ့အထိပဲ။

ဝမ္ရိေပၚ ကေတာ့ ေဖးေဖးရဲ႕ဘဝနဲ႕ပတ္သက္ၿပီး ဘာမွဝင္မပါဖို႔အေစာႀကီးထဲကဆုံးျဖတ္ထားတယ္

ထြက္သြားခ်င္ေနပါၿပီဆိုလည္း

သူကအတင္းဆြဲထားလိမ့္မွာမဟုတ္ဘူး။

ထြက္သြားခ်င္ပါတယ္ဆိုတဲ့လူကို

ဆြဲထားရတာဘယ္ေလာက္ေတာင္ပင္ပန္းလိုက္သလဲ...

သူ ေဖးေဖးကို ေခါင္းခပ္ဖြဖြ ၿငိမ့္ျပၿပီး

လက္‌ကိုေနာက္ဆုံးအေနနဲ႕ တစ္ႀကိမ္ေလာက္ ဆုပ္ကိုင္ထားလိုက္တယ္။

သူအတြက္ေဖးေဖးကလပိုင္းေလာက္ပဲသိခဲ့ရတဲ့ လူဆိုေပမဲ့ သူအတြက္ကေတာ့အစ္မအရင္းတစ္ေယာက္လိုပါပဲ။

ဒါေပမယ့္ အေစာႀကီးထဲကထြက္သြားရမဲ့လူဆိုတာကိုသူႀကိဳသိေနခဲ့ရတာမို႔လို႔

အရင္တည္းကသံေယာဇဥ္ဆိုတာေတြ မတြယ္မိေအာင္ႀကိဳးစားခဲ့ေပမဲ့

သူေဖးေဖးကိုသံေယာဇဥ္နည္းနည္းေတာ့တြယ္မိခဲ့တယ္ထင္ပါတယ္။

ဆရာဝန္ေတြကေဖးေဖးရဲ႕ကိုယ္ေပၚမွာထိုးထားတဲ့ေဆးေတြကိုတစ္လုံးၿပီးတစ္လုံးျဖဳတ္ခ်တယ္

ေဖးေဖးကေတာ့ ၿပဳံးေနတုန္းပဲ

လြတ္ေျမာက္ၿပီဆိုတဲ့အၿပဳံးမ်ိဳးနဲ႕ေပါ့...

ဝမ္ရိေပၚလည္း သူကိုယ္တိုင္‌ေတာင္

မသိလိုက္ဘဲနဲ႕ မ်က္ရည္ေတြစီးက်ေနမိတယ္။

ေဖးေဖးရဲ႕ေနာက္ဆုံးအၿပဳံးက

သူအတြက္ေတာ့ ေသရာပါမွတ္ဉာဏ္ေတြထဲကတစ္ခုျဖစ္‌ေနေတာ့မယ္ထင္ပါတယ္

သူေရာ အဲ့လိုမ်ိဳး လြတ္လြတ္လပ္လပ္ၿပဳံးေနနိုင္မွာလဲ

ေသမွလား ဒါမွမဟုတ္ ေရွာင္းက်န႔္သာ သူေဘးနားမွာတစ္သက္လုံးရွိေပးသြားမယ္ဆိုသူလည္းပဲေန႕ရက္တိုင္းမွာၿပဳံးေနနိုင္ေတာ့မွာပါ။

ေဖးေဖး ကိုယ္ေပၚကေဆးေတြအားလုံးျဖဳတ္လိုက္ၿပီးတဲ့အခ်ိန္မွာပဲစက္ေပၚကရပ္တန႔္သြားတဲ့ မ်ဥ္းတန္းေလးနဲ႕ အတူတူ တီ တီ ဆိုတဲ့စက္သံေတြက သူ႕အတြက္ေတာ့အေႏွးျပကြက္ေတြလိုပဲ

တျဖည္းျဖည္းနဲ႕ ၿငိမ္သက္သြားတဲ့ ေဖးေဖးရဲ႕ခႏၵာကိုယ္...

ၿပီးေတာ့ ဆရာဝန္ရဲ႕ကိုးနာရီ ငါးဆယ့္တစ္မိနစ္ဆိုတဲ့ ေသဆုံးခ်ိန္ေၾကညာသံ

အရာအားလုံးဟာ သူ႕မ်က္စိေရွ႕မွာတင္ပဲျဖစ္ပ်က္သြားခဲ့တာ

ဝမ္ရိေပၚ လူ‌ေသတာျမင္ဖူးေပမဲ့

ဒီေလာက္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႕

ထြက္သြားရတဲ့လူဆိုရင္ေတာ့

ေဖးေဖးကသူ႕အတြက္ပထမဆုံးပါပဲ

ေဘးကဆရာဝန္တစ္ေယာက္က

ေဖးေဖးရဲ႕ ခႏၵာကိုယ္အေပၚကို

အျဖဴေရာင္ပိတ္စ ဖုံးလိုက္တယ္

ေဖးေဖးရဲ႕ အဆုံးသတ္အခ်ိန္မွာ

သူရယ္ ေဘးကဆရာဝန္ေတြရယ္ပဲ

ရွိတာေတာ့ ရင္နာစရာပဲ

ေနာက္ဘဝၾကရင္ေတာ့ အမ်ားႀကီးအခ်စ္ခံရတဲ့ လူတစ္ေယာက္အေနနဲ႕

ျပန္လည္ေမြးဖြားလာပါေစလို႔

သူေဖးေဖးအတြက္ တိတ္တိတ္ေလးဆုေတာင္း‌ေပးမိတယ္။

ေဖးေဖးက သူ႕မိသားစုကိုေတာ့

ေသသြားၿပီးရင္ေတာင္ခ်က္ခ်င္းအေၾကာင္းမၾကားပါနဲ႕လို႔ေျပာတယ္။

သူကေတာ့ ေဖးေဖးစကားကိုနားေထာင္တဲ့အေနနဲ႕ က်ိဳးအိမ္ေတာ္ကိုသြားေျပာျပမွာမဟုတ္ပါဘူး။

အခုဝမ္ရိေပၚရဲ႕စိတ္ထဲမွာသူဘယ္တုန္းကမွ မခံစားခဲ့ဖူးတဲ့ထူးထူးဆန္းဆန္းခံစားခ်က္အမ်ားႀကီးကိုခံစားေနရတယ္။

ထားခဲ့ခံရျခင္းဆိုတဲ့ ခံစားခ်က္က

တကယ္ဆိုးတယ္။

အကယ္၍ ခုခ်ိန္မွာ ေဖးေဖးမဟုတ္ဘဲ

ေရွာင္းက်န႔္သာဆိုသူ႐ူးသြားလိမ့္မယ္ထင္တယ္။

အခုခ်ိန္မွာသူသတိအရဆုံးကေရွာင္းက်န႔္ပဲ

အခုခ်ိန္မွာေရွာင္းက်န႔္ကိုဆြဲၿပီးသူ႕ေဘးက‌ေနတစ္သက္လုံးထြက္မသြားဖို႔ကတိေတြအထပ္ထပ္ေတာင္းခ်င္တယ္။

ဘယ္ေတာ့မွ ထြက္ေျပးလို႔မရေတာ့ေအာင္ခ်ဳပ္ထားပစ္ခ်င္တယ္

ေရွာင္းက်န့္သာသူကိုထားသြားခဲ့ရင္ဆိုတဲ့အေတြးနဲ႕တင္ရင္ဘတ္ႀကီးေပါက္ထြက္မတတ္ျဖစ္ရတယ္။

ေရွာင္းက်န႔္နဲ႕ အဆက္သြယ္မရတဲ့

ရက္ပိုင္းေတြမွာသူကေတာ့အရင္တိုင္းတိတ္တိတ္ေလး လိုက္စုံစမ္းေနဆဲပါပဲ

ေရွာင္းက်န႔္ ရွိရာဆီေျပးသြားပစ္လိုက္ခ်င္ေပမဲ့ ဝမ္ပါးပါးရဲ႕ မ်က္လုံေအာက္ကေနသြား‌ေတြ႕ဖို႔ရာမျဖစ္နိုင္ခဲ့ဘူး။

သူကိုမယုံတဲ့ ဝမ္သခင္ႀကီးက သူေနာက္မွာ လူယုံတခ်ိဳ႕ကို လႊတ္ထားေသးတယ္။

ဝမ္ရိေပၚဆိုတာကသူငယ္ႏွပ္စားေလးတစ္ေယာက္မွမဟုတ္ဘဲ ဝမ္ပါးပါးေစာင့္ၾကည့္ေနတဲ့ၾကားထဲကေနေတာင္ ေရွာင္းက်န႔္ေနာက္ကိုမရရ‌ေအာင္တိတ္‌တိတ္ေလးလိုက္ေနတုန္းပဲ

ေရွာင္းက်န႔္ကိုသြားေတြ႕ဖို႔ကိုေတာ့သူအခုထိေၾကာက္ေနတုန္းပဲ

အဲ့လိုတစ္မိုးေအာက္တစ္ေယာက္ဝမ္ရိေပၚကလည္းအခုလိုေၾကာက္တတ္ပါေသးတယ္

ေရွာင္းက်န႔္ကမ်ားသူကိုစိတ္ဆိုးၿပီး

ေဝးဖို႔ အေၾကာင္းေတြေျပာလာခဲ့ရင္

သူခံနိုင္ရည္ရွိမွာမဟုတ္ဘူး။

ဝမ္ရိေပၚအခုေရွာင္းက်န႔္ရဲ႕အိမ္ေရွ႕မွာေရာက္ေနတယ္...

ဒါ ဝမ္ရိေပၚ ညတိုင္းလုပ္ေနၾက ကိစၥပဲ

ညဘက္တိုင္း မီးပိတ္သြားတဲ့‌ေရွာင္းက်န္ရဲ႕အခန္းေလးကို

သူ ထိုင္ၾကည့္ေနတတ္တယ္

တစ္ခါတစ္ေလ ျဖဴလႊလႊအရိပ္ေလးကိုမ်ားျမင္လိုက္ရရင္သူေနစရာေနရာ

မရွိေလာက္ေအာင္ျဖစ္ခဲ့ရတယ္

ေရွာင္းက်န႔္ကေတာ့သူကိုက်ိန္းေသေပါက္မျမင္ေလာက္ဘူးဆိုေပမဲ့

သူကေတာ့ခုထိရည္းစားစာေပးတာလူမိမွာေၾကာက္တဲ့

ဆယ္ေက်ာ္သက္ေကာင္ေလးလိုျဖစ္ေနတုန္းပဲ။

ဒီေန႕ၾကမွေရွာင္းက်န႔္ရဲအိမ္ျပန္ခ်ိန္ေတြကပုံမွန္ထက္ေနာက္က်ေနသလိုပဲ

ေနာက္ဆုံးေတာ့အိမ္ျပန္ေရာက္လာတဲ့ေရွာင္းက်န႔္ကတစ္ေယာက္တည္းေတာ့ဟုတ္မေနခဲ့ဘူး။

ေရွာင္းက်န႔္ေဘးက အသားျဖဴျဖဴအရပ္ရွည္ရွည္ အမ်ိဳးသားတစ္ေယာက္နဲ႕စကားေတြေျပာၿပီး ရယ္ေမာေနတဲ့

ေရွာင္းက်န႔္ရဲ႕မ်က္ႏွာေပၚကအၿပဳံးေတြကတကယ္ပဲလွိုက္ေမာစရာေကာင္းတယ္

ဒါေပမယ္ အဲ့အၿပဳံးေတြကသူေၾကာင့္မဟုတ္ဘူးဆိုတာသိရေတာ့နည္းနည္းေတာ့မေက်မနပ္ျဖစ္မိတာအမွန္ပဲ

ေရွာင္းက်န႔္ေဘးကလူဘယ္သူပဲျဖစ္ျဖစ္သူကေတာ့ဘယ္လိုမွၾကည့္မရေတာ့ဘူး

အဲ့အခ်ိန္မွာပဲ ေရွာင္းက်န႔္ကို လွမ္းဖက္လိုက္တဲ့လူေၾကာင့္ဝမ္ရိေပၚရဲ႕ေဒါသေတြကေရဆူအမွတ္အထိတန္းေရာက္သြားတယ္။

အရင္ရက္‌ေတြတုန္းကေရွာင္းက်န႔္

သူကိုျမင္သြားမွာစိုးလို႔ပုန္းေနတဲ့ဝမ္ရိေပၚကခုေတာ့ေရွာင္းက်န႔္ေရွ႕တည့္တည့္မွာေရာက္ေနၿပီ

"ေရွာင္းက်န႔္ကို အခုလႊတ္လိုက္"

ဝမ္ရိေပၚခ်က္ခ်င္းပဲေရွာင္းက်န႔္ေဘးကေကာင္ကိုတြန္းလိုက္တယ္

႐ုတ္တရက္မို႔တြန္းခံလိုက္ရတဲ့ေရွာင္းက်န႔္ေဘးကလူကလည္းလမ္းမေပၚကိုဗိုင္းခနဲပဲ

ဝမ္ရိေပၚကို႐ုတ္တရက္ျမင္လိုက္ရလို႔ၾကက္ေသေသေနတဲ့ေရွာင္းက်န႔္ကေဘးကယြင္ရွီးလဲက်သြားလို႔ 'နာလိုက္တာ'ဆိုတဲ့အသံ‌ထြက္လာမွပဲအသိျပန္ဝင္တယ္။

လဲက်သြားတဲ့ယြင္ရွီးကို ထူေပးဖို႔လွမ္းတြဲေတာ့ၾကားလိုက္ရတဲ့ဝမ္ရိေပၚရဲ႕အံႀကိတ္သံႀကီးက ေက်ာခ်မ္းစရာ

"ေရွာင္းက်န႔္ ခင္‌မ်ား သူ႕အသားကိုမထိနဲ႕"

အခုဝမ္ရိေပၚရဲ႕လုပ္ရပ္ေတြကိုေရွာင္းက်န႔္နားမလည္နိုင္ဘူး

႐ုတ္တရက္မိုးေပၚကက်လာသလိုမ်ိဳးသူ႕ေရွ႕ေရာက္လာၿပီးသူကိုဟိုလိုလုပ္ဒီလိုလုပ္ဆိုၿပီးအမိန႔္ေပးေနတဲ့ ဝမ္ရိေပၚကိုသူထရိုက္ခ်င္ေနၿပီ။

ဝမ္ရိေပၚေျပာတာကိုမၾကားခ်င္ေယာင္ေဆာင္ၿပီးလဲက်ေနတဲ့ယြင္ရွီးကိုယ္ကိုသြားထူေတာ့ဒိုင္းခနဲေရာက္လာတဲ့အၾကည့္ေတြကိုလည္းသူမျမင္ခ်င္ေယာင္ေဆာင္ေနလိုက္တယ္။

ေရွာင္းက်န႔္ ယြင္ရွီးကိုယ္ကိုဆြဲထူၿပီးၿပီးခ်င္းဝမ္ရိေပၚကေရွာင္းက်န႔္ရဲ႕

လက္ကိုလာဆြဲတယ္

ၿပီးေတာ့ေရွာင္းက်န႔္ရဲ႕ကိုယ္လုံးေလးကိုသူ႕ရင္ခြင္ထဲထည့္ၿပီးေခါင္းလုံးလုံးေလးကိုခပ္ဖြဖြနမ္းေနရင္း 'လြမ္းလိုက္တာ'လို႔ခပ္တိုးတိုးေျပာရင္း‌ေက်ာကိုပြတ္သပ္ေနလိုက္ေသးတာ

ဝမ္ရိေပၚရဲ႕႐ုတ္တရက္ဆန္တဲ့ အျပဳအမူေတြေၾကာင့္ကာယကံရွင္ေရွာင္းက်န႔္ေရာေဘးကယြင္ရွီးကပါ

အူ‌ေၾကာင္ေၾကာင္ျဖစ္ေနတယ္

႐ုတ္တရက္ႀကီးသူ႕အိမ္ေရွ႕မွာအဖက္ခံလိုက္ရတဲ့ေရွာင္းက်န့္လည္းအစကေၾကာင္ေနေပမဲ့ သတိျပန္ဝင္ဝင္လာခ်င္းမွာသူကိုဖက္ထားတဲ့ဝမ္ရိေပၚကိုတြန္းထုတ္ပစ္လိုက္တယ္

သူကိုအဲ့လို တြန္းထုတ္လိမ့္မယ္လို႔

မထင္ထားတဲ့ ဝမ္ရိေပၚကမ်က္ေမွာင္က်ဳံ႕ၿပီးေရွာင္းက်န႔္ကိုၾကည့္ေနတယ္။

ေရွာင္းက်န႔္ကေတာ့ဝမ္ရိေပၚကိုဒီတိုင္းထားပစ္ခဲ့ၿပီး ယြင္ရွီးလက္ကိုဆြဲလို႔ အိမ္ထဲဝင္ဖို႔လုပ္တဲ့အခ်ိန္မွာပဲသူရဲ႕လက္ကိုထပ္ဆြဲလာျပန္တဲ့ဝမ္ရိေပၚကိုသူနားမလည္နိုင္ဘူး

သူကိုထားခဲ့ၿပီးမိန္းမတစ္ေယာက္နဲ႕

ေစ့စပ္ထားတဲ့ဝမ္ရိေပၚရဲ႕ဆြဲလားရမ္းလားလုပ္မႈကိုခံရတာကို ေရွာင္းက်န့္တကယ္စိတ္ပ်က္တယ္။

သူကဝမ္ရိေပၚကိုအဆုံးထိထားခဲ့ပစ္ဖို႔ဆုံးျဖတ္ခဲ့ၿပီးၿပီပဲ

သူဘယ္ေလာက္ေတာင္နာက်င္ခံစားခဲ့ရၿပီးမွခ်ခဲ့ရတဲ့ဆုံးျဖတ္ခ်က္မို႔လို႔လဲ..

ဘယ္လိုနည္းနဲ႕မွသူ႕စိတ္ကို ေနာက္တစ္ႀကိမ္ေျပာင္းပစ္ေတာ့မွာမဟုတ္ဘူး။

သူအရင္ကခ်စ္ခဲ့မိလို႔ခရင္နဲ႕မမွ်ေအာင္ခံစားခဲ့ရၿပီးၿပီပဲ

ဒီလမ္းအမွားႀကီးကိုသူဘာေၾကာင့္နဲ႕မ်ားေနာက္တစ္ႀကိမ္ထပ္ေလွ်ာက္ရမွာတဲ့လဲ။

ၿပီးေတာ့အေရွ႕ကဝမ္ရိေပၚကလည္း

လူသိရွင္ၾကားေစ့စပ္ထားတဲ့လူတစ္ေယာက္

သူေသမတတ္ထပ္ခံစားရမဲ့လမ္းကို

ဘယ္လိုနည္းနဲ႕မွထပ္မေ႐ြးခ်ယ္နိုင္ေတာ့ပါ။

သူဝမ္ရိေပၚနဲ႕ႏွစ္ေယာက္တည္းစကားေအးေဆးေျပာဖို႔သူတို႔ၾကားမွာအူေၾကာင္ေၾကာင္ျဖစ္ေနရတဲ့ အစ္ကိုယြင္ရွီးကိုအိမ္အရင္ျပန္ႏွင့္ဖို႔ေျပာလိုက္တယ္။

"အကို အိမ္ထဲအရင္ဝင္ႏွင့္ ကြၽန္ေတာ္ေနာက္မွလိုက္ခဲ့မယ္"

"ျဖစ္ပါ့မလား ေရွာင္းက်န႔္ရယ္"

"အဆင္ေျပပါတယ္ စကားနည္းနည္းေျပာၿပီးျပန္လာမွာပါ"

ယြင္ရွီးလည္းေရွာင္းက်န႔္ရဲ႕တခ်ိဳ႕ကိစၥေတြကို‌ေတာ့အနည္းအက်ဥ္းသိထားၿပီးသား..

ေရွာင္းက်န့္ကအခုယြင္ရွီးေနတဲ့ကိုရီးယားနိုင္ငံကိုလိုက္ခဲ့ဖို႔အတြက္စီစဥ္ေနတာ

ေရွာင္းက်န႔္ သူသိပ္သေဘာက်တဲ့တ႐ုတ္နိုင္ငံကေန ဒီလူေၾကာင့္ထြက္သြားဖို႔ဆုံးျဖတ္ခဲ့တဲ့အထိဆိုေတာ့သူတို႔ၾကားကျပႆနာကေတာ္႐ုံ‌တန္႐ုံမဟုတ္‌ေလာက္ဘူး။

သူကေတာ့တစ္ဖက္လူရဲ႕တဇြတ္ထိုးပုံစံေၾကာင့္စိတ္ပူေပမဲ့ ေရွာင္းက်န႔္ကိုယ္တိုင္ကအဆင္ေျပပါတယ္ဆိုေတာ့ဘာမွဆက္မေျပာဘဲအိမ္ထဲမွာပဲသြားေစာင့္ေနလိုက္ရတယ္။

ဝမ္ရိေပၚလည္းေရွာင္းက်န႔္ကတစ္ဖက္လူကိုအစ္ကိုလို႔ေခၚလိုက္တာေၾကာင့္သူတို႔ၾကားထဲက ေလထုအေငြ႕အသက္ေတြကပိုဆိုးလာတယ္။

ယြင္ရွီးအိမ္ထဲဝင္သြားတာနဲ႕ေရွာင္းက်န႔္လက္ကို မလႊတ္တမ္းဆြဲထားတဲ့ဝမ္ရိေပၚရဲ႕လက္ထဲကေန

သူ႕လက္ကိုအတင္း႐ုန္းထြက္ဖို႔လုပ္ေပမဲ့ပိုၿပီးေတာ့ေတာင္တင္းၾကပ္လာတာေၾကာင့္

သူလည္းဒီတိုင္းပဲထားလိုက္တယ္။

" ဝမ္ရိေပၚ စကားေျပာရေအာင္ "

ေရွာင္းက်န႔္ေျပာလာမဲ့စကားေတြကသူတစ္ခ်ိန္လုံးေၾကာက္ေနခဲ့ရတဲ့

စကားေတြမဟုတ္ဖို႔ပဲ ဝမ္ရိေပၚတိတ္တိတ္ေလးဆုေတာင္းလိုက္တယ္

ေဝးဖို႔အေၾကာင္းေတြမ်ားၾကားခဲ့ရရင္သူတကယ္႐ူးသြပ္သြားေလာက္တယ္

သူသာတကယ္တမ္း႐ူးသြပ္သြားခဲ့ရင္

ေရွာင္းက်န႔္ထြက္မသြားဖို႔အတြက္ရွိသမွ်နည္းလမ္းေတြနဲ႕ဆြဲထားမိမွာ

အဲ့လိုလုပ္လို႔ ေရွာင္းက်န႔္ကသူကိုမုန္းသြားရင္ေတာင္မွသူကေတာ့

ဆက္လုပ္‌ေနမွာပဲ...

ဘယ္တတ္နိုင္မွာလဲ

သူမွေရွာင္းက်န႔္ကိုလက္မလႊတ္ေပးနိုင္တာ

သူမွေရွာင္းက်န႔္မရွိဘဲမေနနိုင္တာ။

ေရွာင္းက်န႔္မပါတဲ့အနာဂတ္ကိုသူေတြးၾကည့္လို႔ေတာင္ရမွာမဟုတ္ဘူး

သူခုထိရွင္သန္ေနရျခင္းအေၾကာင္းျပခ်က္အားလုံးဟာ ေရွာင္းက်န႔္ေၾကာင့္ပဲျဖစ္တယ္။

သူလုပ္ေနသမွ်အရာအားလုံးဟာလည္းေရွာင္းက်န႔္ကိုကာကြယ္ဖို႔အတြက္ပဲ

ဘယ္သူကမ်ားေျပာတာလဲ ဝမ္ရိေပၚကေရွာင္းက်န႔္ကိုဂ႐ုမစိုက္ပါဘူးလို႔

ဝမ္ရိေပၚဟာသူရဲ႕ျဖစ္တည္မႈကိုေမ့ေလ်ာ့မိတဲ့အထိကိုသူရဲ႕ဘဝႀကီးကေရွာင္းက်န႔္ကိုဦးတည္လည္ပတ္ေနတာ

ဝမ္ရိေပၚတစ္ေလာကလုံးကိုလႊတ္ခ်နိဳင္ခဲ့ေပမဲ့ေရွာင္းက်န႔္တစ္ေယာက္ကိုေတာ့ ဘယ္ေတာ့မွလႊတ္ခ်ခဲ့မွာမဟုတ္ဘူး

ေရွာင္းက်န႔္ကဆြဲထားတဲ့သူ႕လက္က‌ ေန႐ုန္းထြက္သြားခဲ့ရင္ေတာင္မွသူက

မလႊတ္တမ္းဆြဲထားမွာ။

ဘာေၾကာင့္လဲေမးရင္သူဟာေရွာင္းက်န႔္ျဖစ္ေနခဲ့လို႔ေပါ့

ဝမ္ရိေပၚအတြက္ေရွာင္းက်န႔္ဟာဘယ္လိုအရာနဲ႕မွအစားထိုးလို႔မရဘူး

ေရွာင္းက်န႔္ဆိုတဲ့အမည္နာမဟာတစ္သက္လုံးအတြက္ဝမ္ရိေပၚတစ္ေယာက္တည္းရဲ႕တစ္ဦးဆိုင္နာမ္...

ၿပီးေတာ့ဝမ္ရိေပၚကေရွာင္းက်န႔္ကို‌ဘယ္ေတာ့မွလြတ္ေျမာက္ခြင့္ေပးေတာ့မွာမဟုတ္ဘူး ။

#732021

Edited Version-4/12/2021

A/N: ViewersေတြေရာVotesေတြေရာအမ်ားႀကီးတက္သြားလို႔ စိတ္ညစ္ေနတဲ့ၾကားကေနအမ်ားႀကီးေပ်ာ္ပါတယ္။ကိုယ္မွာလိုအပ္ခ်က္‌ေတြလည္းအမ်ားႀကီးရွိေနပါေသးတယ္။ ကိုယ့္ fictionေလးကိုဝိုင္းၿပီးသေဘာက်ေပးၾကလို႔ေက်းဇူးတင္ပါတယ္^^ ေနာက္လည္းရီဗ်ဴးေတြအမ်ားႀကီးရခ်င္ပါတယ္

Continue Reading

You'll Also Like

516K 49.3K 71
အျဖဴေရာင္ ေသြးေၾကာေလး တံေတာင္ဆစ္ကေန လက္ဖဝါးမွ လက္ညိဳးထိပ္ အထိ... ငါတို႔နွစ္ေယာက္ရဲ႕ လက္ည္ိုးထိပ္ေလးတို႔ ထိေတြ႕လိုက္ရင္... မိုးေကာင္ကင္က နတ္နဂါးနွစ္ေက...
422K 88.6K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
64.3K 4.1K 12
one shot ေလးေတြေရးရတာပိုျကိဳက္လို႕ပါ one shot လေးတွေရေးရတာပိုကြိုက်လို့ပါ