ငါတို့တစ်မိသားစုလုံးက ဗီလိန်...

Da Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... Altro

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 42

12.1K 1.7K 28
Da Kay_Wine

MWFV Ch 42

Identity Exposed

Zawgyi Version

စုေပက တုန႔္ဝိန္ခ်ီရဲ႕စကားေတြကေန အေရးႀကီးတဲ့အခ်က္တစ္ခ်ိဳ႕ ေကာက္ႏုတ္လိုက္တယ္ : "ဒါဆို နင္တို႔အားလုံး ေၾကာက္ေနၾကတဲ့ဟာက အဆင့္သတ္မွတ္ခ်က္စာရင္းေပါ့?"

"ဟုတ္တာေပါ့, ငါေျပာျပမယ္..." တုန႔္ဝိန္ခ်ီမွ စုေပအား 'လပတ္စာေမးပြဲအဆင့္သတ္မွတ္ခ်က္စာရင္း' ၏ ေသေစႏိုင္ေလာက္သည့္ ျပင္းထန္မႈအေၾကာင္းႏွင့္ပတ္သက္ၿပီး တည္ၿငိမ္ေအးေဆးစြာျဖင့္ စတင္ေဟာေျပာပို႔ခ်ေတာ့တယ္။ တစ္ျခားေက်ာင္းေတြမွာ ေက်ာင္းသားေတြက သူတို႔ရဲ႕ လပတ္စာေမးပြဲေတြကို ေသခ်ာမေျဖဆိုၾကဘူးဆိုရင္ သူတို႔က အသာေလး အိမ္ျပန္ၿပီးအဆူခံလိုက္႐ုံသာျဖစ္တယ္။ သို႔ေသာ္ ေဝ့မင္ကေတာ့ ကြဲျပားျခားနားတယ္။ ဒီေက်ာင္းကို ဝင္ခြင့္ရၾကတဲ့သူေတြက ေယဘုယ်အားျဖင့္ ႐ိုးရွင္းတဲ့ေနာက္ခံတစ္ခု မရွိၾကတဲ့အျပင္ သာမန္ကေလးေတြထက္ social ပိုက်ကာ လူအာ႐ုံစိုက္မႈ မ်ားမ်ားရရွိၾကသူမ်ားျဖစ္တယ္။ အဲ့တာေၾကာင့္ ေက်ာင္းမွ ေက်ာင္းသားမ်ား၏ စာေမးပြဲရမွတ္မ်ားအား တခမ္းတနားျဖင့္ ေဖာ္ျပေပးခဲ့တာျဖစ္တယ္။ ဒါက တစ္ျခားသူမ်ားကို 'ရႈိးပြဲတစ္ခု' ၾကည့္ရႈၾကေစရန္ ဖိတ္ေခၚထားျခင္းျဖစ္သည္မွာ အသိသာႀကီးေပ။ ထို႔ေၾကာင့္ ေဝ့မင္အလယ္တန္းေက်ာင္းအတြက္ လပတ္စာေမးပြဲဆိုသည္မွာ ၎ႏွင့္ဆက္စပ္လ်က္ရွိတဲ့ ေက်ာင္းသားေရးရာဌာနႏွင့္ စီမံအုပ္ခ်ဳပ္မႈပိုင္းသာမက ေက်ာင္းသားမ်ား၏ မိဘမ်ားႏွင့္ မိသားစုမ်ားအတြက္ပါ အလြန္တရာအေရးႀကီးလွတယ္။

သူမ ရွင္းျပခ်က္ေတြ ၿပီးစီးသြားၿပီးေနာက္ တုန႔္ဝိန္ခ်ီက ေနာက္တစ္ဖန္ သူမရင္ဘတ္ကိုပုတ္ၿပီး ေျပာလိုက္တာက, "ကံေကာင္းေထာက္မလို႔, ငါ့မိသားစုက စီးပြားေရးလုပ္ငန္း ေသးေသးေလးတစ္ခုပဲ ရွိတာမို႔လို႔ေလ" တကယ္လို႔မ်ား သူမစာေမးပြဲေတြကို ေကာင္းေကာင္းမေျဖခဲ့ဘူးဆိုရင္ အမ်ားဆုံးျဖစ္မွ သူမက ေဆြမ်ိဳးေတြၾကား အရွက္ကြဲ႐ုံပဲရွိတာ, ဟိုလို ေပၚလြင္ထင္ရွားတဲ့ မိသားစုေနာက္ခံနဲ႔သူေတြနဲ႔ေတာ့ ဘယ္တူပါ့မလဲ။

နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးယဲ့တို႔လို အဆင့္အတန္းျမင့္တဲ့မိသားစုမွ တစ္စုံတစ္ေယာက္ကမ်ား စာေမးပြဲက်သြားခဲ့မယ္ဆိုရင္ အက်ိဳးဆက္ႀကီးက ဘယ္ေလာက္ေတာင္ဆိုး႐ြားလိုက္မလဲဆိုတာ ေတြးၾကည့္လိုက္စမ္း။ တုန႔္ဝိန္ခ်ီက သတင္းေခါင္းစဥ္ကိုေတာင္ စိတ္ကူးယဥ္ၾကည့္မိခဲ့တယ္ : [လန႔္စရာႀကီးဟ! XX Group ဥကၠဌရဲ႕သားက စာေမးပြဲက်တယ္တဲ့!] [ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြရဲ႕ တကယ့္အသြင္အျပင္အစစ္ကို တစ္ခ်က္ေလာက္ၾကည့္လိုက္ၾကစမ္းပါအုန္း။ သူတို႔မိသားစုရဲ႕ identity သာမရွိဘူးဆိုရင္ သူတို႔က စာေမးပြဲက်တဲ့သူေတြထက္ေတာင္ ပိုဆိုးေနတာေပါ့]

Bah! နတ္ဘုရားရွဲ႕နဲ႔ သခင္ေလးယဲ့တို႔သာ စာေမးပြဲက်ခဲ့မယ္ဆိုရင္ က်န္တဲ့သူေတြက ေျဖေနစရာေတာင္ မလိုေတာ့ဘူးေပါ့။

ဒါေပမယ့္ စုေပက်ေတာ့ေရာ...

"စုေပ, နင္ေရာ..." ေန႔စဥ္ေပးတဲ့အိမ္စာေတြကို ေက်ာင္းသားအမ်ားစုက app ေတြနဲ႔ အင္တာနက္ေတြစီကေန ေျဖရွင္းၾကတာေၾကာင့္ အဆင့္ေတြမွာ ျမင္သာထင္သာတဲ့ကြာဟခ်က္ေတြ မရွိၾကဘူး။ ဒါက သူတို႔ရဲ႕ အရည္အခ်င္းအစစ္ကို ျပသမယ့္ စာေမးပြဲပင္ျဖစ္တယ္။ တုန႔္ဝိန္ခ်ီက ႐ုတ္တရက္ႀကီး စုေပရဲ႕လက္ကို စိတ္လႈပ္ရွားစြာျဖင့္ ဖမ္းဆုပ္လိုက္တယ္။ စုေပရဲ႕မ်ိဳး႐ိုးနာမည္က 'ခ်င္' ျဖစ္တယ္။ ခ်င္မိသားစုရဲ႕နယ္ပယ္က ရွဲ႕နဲ႔ယဲ့တို႔ထက္ေတာင္ ပိုႀကီးတယ္မလား။

စုေပ : "..."

ဒီေဘးခ်င္းကပ္အတန္းေဖာ္ေလးက ဘာလို႔ သူမအဆင့္ေတြ မေကာင္းေလာက္ဘူးလို႔ ထင္ေနရတာလဲ? ဒီလို ႀကိဳတင္မွန္းဆထားတဲ့ ထင္ျမင္ယူဆခ်က္ေတြက အလြန္အမင္း နက္နက္ရႈိင္းရႈိင္း အျမစ္တြယ္ေနခဲ့တာပင္။

"ရွဲ႕မင္႐ႊမ္းက ပုံမွန္ အဆင့္ဘယ္ေလာက္ရလို႔လဲ?" စုေပက ေမးလိုက္တယ္။ အရင္က သူမ ရွဲ႕မင္႐ႊမ္းနဲ႔ စာေမးပြဲေျဖဖူးခဲ့တာေၾကာင့္ သူမအဆင့္က သူနဲ႔ခပ္ဆင္ဆင္ေလာက္ရွိလိမ့္မယ္လို႔ စုေပက မွန္းဆမိခဲ့တယ္။

တုန႔္ဝိန္ခ်ီ : "အရင္လတုန္းကေတာ့ နတ္ဘုရားရွဲ႕က စာေမးပြဲမေျဖလိုက္ဘူး။ ဒီ့အရင္လတုန္းက သူ အဆင့္ရွစ္လား ကိုးလား ရတာပဲ။ ငါေျပာျပမယ္ နတ္ဘုရားရွဲ႕က ပုံမွန္ဆိုရင္ စာေမးပြဲကို ေပါ့ေပါ့တန္တန္ပဲ ေျဖတာ။ သူအေလးအနက္ထားၿပီး သူ႔အေျဖလႊာေတြကို အရမ္းျမန္ျမန္ႀကီးမအပ္ဘူးဆိုရင္ သူ႔အမွတ္ေတြက ဒီထက့္အမ်ားႀကီး ပိုမ်ားလိမ့္မယ္!"

တုန႔္ဝိန္ခ်ီက စုေပရဲ႕ပခုံးကို ပုတ္လိုက္ၿပီး : "နတ္ဘုရားရွဲ႕က နတ္ဘုရားတစ္ပါးေလ။ သူ႔အေျဖလႊာစာ႐ြက္ကို ႀကဳံသလိုေလွ်ာက္ျဖည့္တယ္ဆိုရင္ေတာင္မွ သူက top ten ထဲဝင္ႏိုင္ေသးတာပဲမလား။ ငါတို႔လို ေသမ်ိဳးေတြနဲ႔ေတာ့ ဘယ္တူပါ့မလဲ, ငါတို႔ေတြက ကိုယ့္ကိုယ္ကိုယ္ သူနဲ႔ယွဥ္လို႔ေတာ့မရဘူးေလ"

စုေပက အသာခပ္ဟဟရယ္လိုက္တယ္ : "တစ္ျခားသူေတြက်ေတာ့ေရာ? သူတို႔နဲ႔ယွဥ္လို႔ရေသးလို႔လား?"

"တစ္ျခားသူေတြကေတာ့, အာ" တုန႔္ဝိန္ခ်ီက စုေပကို ၿငိမ္ၿငိမ္ေလးၾကည့္ေနလိုက္တယ္, "ဘာပဲျဖစ္ျဖစ္ပါ, နင္နဲ႔ အဆင့္အတန္းခ်င္းတူတဲ့ မိသားစုကသူေတြဆိုရင္, ငါသိရသေလာက္ေတာ့, အားလုံးက အဆင့္ေကာင္းၾကတဲ့ သူေတြခ်ည္းပဲဟ"

"နတ္ဘုရားရွဲ႕ကအၿမဲတမ္း top 10 ထဲမွာရွိတယ္, ၿပီးေတာ့ သခင္ေလးယဲ့က ေယဘုယ်အားျဖင့္ top 15 ထဲမွာပဲ ၿငိမ္ေနတာေလ။ ဒါနဲ႔ စကားမစပ္ စုန႔္ရွင္းယီလည္း 'top 100 စာရင္း' ထဲမွာပဲ။ ဆိုေတာ့, ေကာင္မေလးေရ, မင္းစိတ္အားငယ္သြားၿပီလား?"

စုေပႏွင့္ စုန႔္ရွင္းယီတို႔ၾကားက 'ႀကီးမားတဲ့မေက်နပ္ခ်က္မ်ား' ဟာဆိုရင္ ေက်ာင္းတည္ေထာင္ျခင္းႏွစ္ပတ္လည္ အခမ္းအနားအၿပီးမွာ တျဖည္းျဖည္းခ်င္း အနည္ထိုင္သြားခဲ့တယ္။ သို႔ေသာ္ လာမည့္လပတ္စာေမးပြဲႏွင့္အတူ ေက်ာင္းဖိုရမ္က တစ္ဖန္ ျပန္အသက္ဝင္လာခဲ့တယ္။

လပတ္စာေမးပြဲေတြကို ပုံမွန္အတိုင္း ဆက္လက္က်င္းပမည္ျဖစ္တဲ့အေၾကာင္း ေက်ာင္းသားေရးရာဌာနမွ ေၾကညာၿပီးၿပီးခ်င္းပဲ တစ္ခ်ိဳ႕သူေတြက မိန္းကေလးႏွစ္ေယာက္အေၾကာင္းႏွင့္ပတ္သတ္ၿပီး ေဆြးေႏြးမႈအသစ္ တစ္ခုစတင္ခဲ့ၾကၿပီျဖစ္တယ္ : [ဒီလပတ္စာေမးပြဲမွာ တစ္စုံတစ္ေယာက္ 'ေပၚလာ' ဖို႔ေစာင့္စားေနပါတယ္!], [စုန႔္ရွင္းယီကို ငါဘာေၾကာင့္ႀကိဳက္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္မ်ား, နံပါတ္ ၂၂၀၀ : စာေမးပြဲတိုင္းရဲ႕ 'top 100 စာရင္း' မွာသူ႔နာမည္ကို နင္တို႔ေတြ႕ႏိုင္တယ္!], [နတ္ဘုရားမစုန႔္ကို အားေပးေနမယ္ေနာ္! ဒါနဲ႔စကားမစပ္, ေက်ာင္းအလွပန္းေလးဆိုတဲ့ တစ္ေယာက္ရဲ႕အဆင့္ကိုလည္း ေစာင့္ေမွ်ာ္ေနပါတယ္]...

လူတိုင္းလူတိုင္းက ပြဲႀကီးပြဲေကာင္းတစ္ပြဲကို ေစာင့္ေမွ်ာ္ေနၾကေလတယ္။ စုေပက တုန႔္ဝိန္ခ်ီရဲ႕လက္ကို လႈပ္ယမ္းၿပီး သူမမ်က္ႏွာေပၚမွာ အၿပဳံးတစ္ပြင့္ႏွင့္အတူ ေျပာလိုက္တာကေတာ့ : "စိတ္မပူပါနဲ႔။ တကယ္ေတာ့ ငါအဆင္ေျပမယ္လို႔ထင္တာပဲ"

တုန႔္ဝိန္ခ်ီ : "..." မဟုတ္ေသးပါဘူး, ငါ့မ်က္လုံးေတြကိုၾကည့္စမ္း။ နင္အဆင္ေျပမယ္လို႔ ငါမထင္ဘူးေနာ္။

-----

ေန႔လည္ခင္းမွာေတာ့ တုန႔္ဝိန္ခ်ီက ႐ုတ္တရက္ႀကီး ေလးနက္တဲ့အမူအရာနဲ႔ စုေပကို ဆြဲေခၚလာခဲ့တယ္ : "စုေပ, ငါအႀကံေကာင္းတစ္ခုရၿပီဟ!"

စုေပ : "ဘာႀကီးလဲ?"

တုန႔္ဝိန္ခ်ီ : "ေက်ာင္းခ်ိန္ၿပီးတာနဲ႔ စာၾကည့္တိုက္ကိုသြားၿပီးေတာ့ ေနာက္တစ္နာရီေလာက္ self-study ေလး နည္းနည္းလုပ္ၾကရေအာင္။ ဒီေန႔ကစၿပီးေတာ့ ေန႔ခင္းတိုင္း ေန႔ခင္းတိုင္းေပါ့!" ဒါက 'စာေမးပြဲက်သူမ်ား၏ self-saving' plan တစ္ခုပဲေလ! သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ စာၾကည့္တာေတြကို ႀကီးၾကပ္ေပးရင္းနဲ႔ တန္ျပန္တိုက္စစ္တစ္ခု လုပ္လို႔ရတယ္ေလ။ သူတို႔က အျဖဴနဲ႔အမည္းစာရင္းေပၚမွာပဲ အဆုံးသတ္ေနအုန္းမယ္ ဆိုရင္ေတာင္မွ အနည္းဆုံးေတာ့ သူတို႔အမွတ္ေတြက အရမ္းႀကီး ရွက္စရာေကာင္းမေနေတာ့ဘူးေပါ့။

ဒါ့အျပင္ သူမအခုေလးတင္ ေၾကာက္စရာေကာင္းတဲ့သတင္းတစ္ခ်ိဳ႕ ၾကားလာခဲ့တယ္။ ဒီလရဲ႕စာေမးပြဲကို နတ္ဘုရားရွဲ႕က အရင္လို ကပ်က္ကေခ်ာ္ ေျဖမွာမဟုတ္ဘူးဆိုတာအျပင္ သူက သင္ခန္းစာေတြကိုေတာင္ ေလးေလးနက္နက္ႀကီး ျပန္ေလ့လာေနၿပီတဲ့ေလ!

ဒီတစ္ေခါက္ ရွဲ႕မင္႐ႊမ္းရဲ႕ႀကိဳးစားအားထုတ္မႈက သူ႔ရဲ႕လ်ိဳ႕ဝွက္ၿပိဳင္ဖက္ျဖစ္တဲ့ စုေရွာင္ေပါင္ေၾကာင့္ဆိုတာကို တုန႔္ဝိန္ခ်ီ မသိေလဘူး။ သူမက ဒီလိုသာေတြးလိုက္တယ္ : နတ္ဘုရားေတာင္မွ ဒီေလာက္အျပင္းအထန္ ႀကိဳးစားေနတယ္ဆိုရင္ သူတို႔က ပ်င္းတင္းေနစရာ ဘာအေၾကာင္းမွမရွိဘူးေလ။

တုန႔္ဝိန္ခ်ီရဲ႕မ်က္လုံးေတြက ျပင္းျပတဲ့စိတ္ဝိဉာဥ္ႏွင့္အတူ ေလာင္ကြၽမ္းေနတာကိုၾကည့္ရင္း စုေပလည္း ျငင္းဆန္စရာအေၾကာင္းရင္း ရွာမေတြ႕ခဲ့ေလဘူး : "အိုေကေလ"

မၾကာေသးခင္က စုေပက 'Red Hacker Challenge' ရယ္၊ လင္း Group ရဲ႕စီမံကိန္းရယ္ေၾကာင့္ အလုပ္ အရမ္းမ်ားေနခဲ့တယ္။ ဒီစာသင္ႏွစ္ရဲ႕သင္ခန္းစာေတြကို ျပန္ေလ့လာဖို႔အတြက္ သူမ အခ်ိန္အနည္းငယ္ရွာဖို႔ တကယ္ႀကီး လိုအပ္ေနတာျဖစ္တယ္။ ေနာက္ၿပီး တစ္ခ်ိန္တည္းမွာပဲ သူမစာၾကည့္ရင္း တုန႔္ဝိန္ခ်ီကိုပါ ကူညီေပးႏိုင္တယ္ေလ။

"ဒါေပမယ့္ ငါ ငါ့အေဖရဲ႕ခြင့္ျပဳခ်က္ေတာင္းရအုန္းမယ္"

အတန္းခ်ိန္ေတြၾကား စုေပက Mr.ခ်င္ထံ ဖုန္းေခၚဆိုမႈတစ္ခုလုပ္ဖို႔ အခ်ိန္ရွာေတြ႕သြားခဲ့တယ္။

Mr.ခ်င္က အစည္းအေဝးခန္းထဲမွာျဖစ္ကာ အစည္းအေဝးတစ္ခု ျပဳလုပ္ေနဆဲျဖစ္တယ္။ သူ႔သမီးဆီမွ ဖုန္းေခၚဆိုမႈကို သူလက္ခံရရွိခ်ိန္မွာေတာ့ သူနည္းနည္းအံ့ၾသသြားကာ အစည္းအေဝးကို ျမန္ျမန္ ဆိုင္းငံ့ထားလိုက္တယ္။

သူ႔အလုပ္သမားေတြက သူတို႔သူေဌးရဲ႕မ်က္ႏွာထားတင္းတင္းႀကီးကေန ဖုန္းေခၚဆိုမႈတစ္ခု လက္ခံရရွိၿပီးေနာက္ ႐ုတ္ခ်ည္း ဒီလိုမ်ိဳးႏူးညံ့သြားတဲ့ပုံကို ျမင္လိုက္ၾကရတယ္။ သူတို႔မ်က္လုံးေတြ ျပဳးက်ယ္ကုန္ၾကၿပီးေတာ့ သူတို႔ေတြ ကေယာင္ေခ်ာက္ျခားျဖစ္ေနၿပီလားလို႔ေတာင္ ေတြးမိသြားၾကတယ္။

Mr.ခ်င္က အစည္းအေဝးခန္းထဲကေန အျပင္ထြက္လာၿပီး စုေပရဲ႕ဖုန္းေခၚဆိုမႈကို လက္ခံလိုက္တယ္။ သိပ္မၾကာခင္မွာပဲ ေကာင္မေလးရဲ႕ ခ်ိဳသာတဲ့အသံေလးက လက္ခံသူေနရာကေန ထြက္ေပၚလာခဲ့တယ္ : "ေဖေဖ"

"ဟင္။ ဘာကိစၥရွိလို႔လဲ?"

စုေပႏွင့္ စုေရွာင္ေပါင္တို႔ ေက်ာင္းမွာ တစ္ခုခုျဖစ္ခဲ့မယ္ဆိုရင္ Mr.ခ်င္က အဲဒီသတင္းေတြကို အျမန္ဆုံး အေၾကာင္းၾကားခ်က္ျဖင့္ ရရွိႏိုင္မွာျဖစ္တာေၾကာင့္ အခုေလာေလာဆယ္ စုေပက သူ႔ကို ဖုန္းေခၚတယ္ဆိုေတာ့ သတင္းဆိုးမျဖစ္ႏိုင္ဘူး။

"သမီးတို႔ေတြ သိပ္မၾကာခင္ စာေမးပြဲေျဖရေတာ့မွာေလ။ အဲဒါ သမီးရဲ႕အတန္းေဖာ္နဲ႔ သမီးက အတန္းၿပီးသြားရင္ ေက်ာင္းမွာပဲေနၿပီး စာၾကည့္ဖို႔စီစဥ္ထားတာ..." စုေပက ခ်င္ေရွာက္ကိုရွင္းျပလိုက္တယ္။

Mr.ခ်င္က မ်က္ေမွာင္အသာက်ဳံ႕လိုက္မိတယ္။ သူတို႔ကေလးေတြနဲ႔ဆိုရင္ ဘယ္လိုအေျမာ္အျမင္ရွိတဲ့ မိဘမ်ိဳးမဆို 'ေခြးေခါင္းနဲ႔စုံေထာက္ႀကီး' တစ္ေယာက္လို ျဖစ္သြားေတာ့တာပဲ။

[T/N : Dog head detective (ေခြးေခါင္းနဲ႔စုံေထာက္ႀကီး) : ဒါက TV show တစ္ခုမွာျဖစ္တယ္။ ၾကည့္ရတာေတာ့ သူ႔မွာ IQ အရမ္းျမင့္ျမင့္ႀကီးရွိပုံရကာ ဒီအခ်ိန္မွာပဲ သူ႔ရဲ႕က်ိဳးေၾကာင္းဆင္ျခင္မႈက ယုတၱိရွိပုံေပၚေသာ္ျငား အဲဒါကမွားယြင္းေနခဲ့တယ္, ရလဒ္အေနနဲ႔ကေတာ့ တရားခံကို အပိုင္းေပါင္း ေျမာက္မ်ားစြာမွာ ဖမ္းမိဖို႔ သူက်ရႈံးခဲ့တဲ့အျပင္ ေလွာင္ေျပာင္ရယ္ေမာစရာသာ ျဖစ္ခဲ့ရတယ္။ ရွင္းလိုက္ေတာ့မွ ပိုရႈပ္သြားၾကၿပီထင္တယ္။ အမလည္းနားမလည္ဘူး။ ေရးထားတဲ့အတိုင္းပဲျပန္ေပးလိုက္တာ]

ခ်င္ေရွာက္ : "Self-study ပဲလား? တစ္ျခားအရာေတြမလုပ္ၾကဘူးမလား?"

စုေပ : "အင္းေပါ့, ဒီတိုင္း တုန႔္ဝိန္ခ်ီနဲ႔ စာၾကည့္တိုက္ထဲမွာပဲ စာလုပ္မွာပါ, တကယ္ပါ"

ခ်င္ေရွာက္ : "သမီး ကိုယ့္ဘာကိုယ္ အိမ္မွာလုပ္လို႔မရဘူးလား?"

စုေပ : "အိမ္မွာဆိုရင္ သမီး စိတ္မၿငိမ္သလို အာ႐ုံလည္းေကာင္းေကာင္းစိုက္လို႔မရဘူး။ ေနာက္ၿပီး အတန္းေဖာ္နဲ႔ စာလုပ္ရတာက ပိုစိတ္ဝင္စားဖို႔ေကာင္းတယ္ေလ"

ခ်င္ေရွာက္ : "..., သမီး အမွတ္ေကာင္းေကာင္းမရမွာေၾကာက္ေနတာလား?"

သူမ စာေမးပြဲေတြမွာ ေကာင္းေကာင္းမေျဖႏိုင္ခဲ့ဘူးဆိုရင္ေတာင္မွ သူက သူမကို႐ိုက္မွာမဟုတ္ဘူးေလ။ ဒါ့အျပင္ အရင္က ခ်န္တဲ့ သူ႔ကိုတင္ျပခဲ့တဲ့ အစီရင္ခံစာအရ ကေလးႏွစ္ေယာက္ရဲ႕အဆင့္ေတြက အရမ္းေကာင္းပုံရတယ္ ဆိုတာကို Mr.ခ်င္က မွတ္မိေနခဲ့တယ္။

"အဲလိုမဟုတ္ပါဘူး..." စုေပက ခဏေလာက္ေတြးလိုက္ၿပီးေနာက္ ေျပာလိုက္တာက : "သမီးက ဒီတိုင္း အမွတ္ေကာင္းေကာင္းရဖို႔ ရည္႐ြယ္ထားလို႔ပါ" ထို႔ေနာက္ သူမက အသံတိုးတိုးေလးနဲ႔ ေတာင္းဆိုလိုက္တယ္ : "ေဖေဖ, ရမလားဟင္?"

Mr.ခ်င္က အစကေတာ့ ျငင္းဆန္မလို႔ျဖစ္တယ္။ အတန္းခ်ိန္ၿပီးေနာက္ စုေပက ေက်ာင္းမွာေနခဲ့မယ္ဆိုတာကို သူလုံးဝမႀကိဳက္ေပမယ့္ သူမေလးရဲ႕ ႏူးညံ့သိမ္ေမြ႕ၿပီး သနားစရာေကာင္းတဲ့ေလသံက သူ႔ႏွလုံးသားကို ႏူးညံ့ေပ်ာ့ေျပာင္းသြားေစခဲ့တယ္။ "ေကာင္းၿပီေလ," Mr.ခ်င္က လိုက္ေလ်ာေပးလိုက္တယ္, ၿပီးေနာက္ သတ္မွတ္ခ်က္အခ်ိဳ႕ ေပးလိုက္တယ္ : "အတန္းၿပီးသြားရင္ စာၾကည့္တိုက္ကိုသြားတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အတန္းထဲမွာပဲေနတာျဖစ္ျဖစ္ တစ္ခုပဲလုပ္ရမယ္။ စာၾကည့္ၿပီးသြားရင္ သမီး အခ်ိန္မွန္အိမ္ျပန္လာရမယ္။ ေနာက္ၿပီး ေရွာင္ေပါင္ကိုပါ သမီးနဲ႔အတူတူေခၚသြားရမယ္ေနာ္"

စုေပက Mr.ခ်င္ရဲ႕ သတ္မွတ္ခ်က္တစ္ခုခ်င္းစီကို လက္ခံခဲ့တယ္။ "ေက်းဇူးပါေနာ္, ေဖေဖ!"

သူမေလသံထဲမွာ စိတ္လႈပ္ရွားမႈေလးေတြကို ၾကားလိုက္ရေတာ့ Mr.ခ်င္ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေလးက အနည္းငယ္ ပင့္တက္သြားခဲ့တယ္။ "တစ္ျခားဘာရွိေသးလဲ?" သူေမးလိုက္တယ္။

စုေပ : "မရွိေတာ့ပါဘူး, သမီးအတန္းျပန္ေတာ့မယ္။ ေနာက္မွေတြ႕မယ္ေနာ္, ေဖေဖ"

စုေပက ျမန္ျမန္ဆန္ဆန္ ဖုန္းခ်လိုက္တယ္။ တစ္ဖက္မွာေတာ့ Mr.ခ်င္က ကူကယ္ရာမဲ့တဲ့မ်က္ႏွာထားႏွင့္ မိုဘိုင္းဖုန္းကို ကိုင္ထားရင္း : "ဒီေကာင္မေလးကေတာ့ အေတာ္ေလး လက္ေတြ႕ဆန္တာပဲ"

-----

ေနာက္ဆုံးစာသင္ခ်ိန္ၿပီးဆုံးၿပီးေနာက္ စုေပက စာၾကည့္တိုက္သို႔သြားရန္ သိမ္းဆည္းေနတယ္။ သို႔ေသာ္ တုန႔္ဝိန္ခ်ီက သူမမိုဘိုင္းဖုန္းကို ခ်လိုက္ၿပီး စုေပကို ေတာင္းပန္တိုးလ်ိဳးတဲ့မ်က္ႏွာနဲ႔ ၾကည့္ေနခဲ့တယ္ : "စုေပေရ~ငါတို႔အစီအစဥ္ေလးကို မနက္ျဖန္မွ တရားဝင္စလုပ္ၾကရေအာင္ေနာ္"

စုေပ : "ဘာျဖစ္လို႔လဲ? နင္ဒီေန႔မအားလို႔လား?"

တုန႔္ဝိန္ခ်ီက ေခါင္းၿငိမ့္ျပလိုက္တယ္ : "အထူးသတင္းဟ! ဒီေန႔ ငါ့အစ္ကိုႀကီးယန္ရွီးက B ၿမိဳ႕ကိုလာမွာတဲ့, ေနာက္ၿပီး သူ႔ေလယာဥ္က ေလဆိပ္ကို ၂နာရီအတြင္း ဆိုက္ေတာ့မယ္တဲ့။ ငါသူ႔ကိုသြားႀကိဳမလို႔ေလ!"

ပိုင္ယန္ရွီးဆိုသူက တုန႔္ဝိန္ခ်ီတစ္ေယာက္ မၾကာေသးခင္ကမွ fan ျဖစ္သြားခဲ့တဲ့ အမ်ိဳးသားၾကယ္ပြင့္ တစ္ေယာက္ျဖစ္ကာ သူ႔ေအာင္ျမင္ေက်ာ္ၾကားမႈေတြက အလြန္ျမင့္မားလွတယ္။ သူမကိုၾကည့္ရင္း စုေပလည္း တစ္စုံတစ္ေယာက္အေပၚမွာ နစ္ျမဳပ္ေနတဲ့ fangirl တစ္ေယာက္၏ စိတ္အားထက္သန္မႈေတြကို ေတြ႕ႀကဳံလိုက္ရေတာ့တယ္။

စုေပ : "ဒါဆိုလည္း သြားေလ, ဂ႐ုေတာ့စိုက္အုန္းေနာ္"

တုန႔္ဝိန္ခ်ီ : "အင္းပါ, အင္းပါ, စိတ္မပူပါနဲ႔! ငါတို႔ 'xf' ေတြက အရမ္းခ်စ္၊ အရမ္းစည္းလုံးၿပီးေတာ့ စည္းကမ္းရွိၿပီးသားပါဟ!"

"ဒါနဲ႔စကားမစပ္, group ထဲက တစ္ေယာက္ေျပာတာေတာ့, ငါတို႔အစ္ကိုႀကီး B ၿမိဳ႕ကိုလာတယ္ဆိုတာကေလ, မနက္ျဖန္ညမွာလုပ္မယ့္ပြဲအျပင္ 'Hello, Miss Orange' ရဲ႕ အဓိကအမ်ိဳးသမီးသ႐ုပ္ေဆာင္ေနရာေ႐ြးဖို႔ အတြက္ပါ ရက္အေတာ္ၾကာေနအုန္းမွာတဲ့!" တုန႔္ဝိန္ခ်ီက စုေပရဲ႕လက္ေမာင္းကိုဆြဲလိုက္ၿပီး : "ေနာက္ၿပီးေတာ့ေလ, စုေပရဲ႕, အခု 'Miss Orange' အတြက္ နာမည္အႀကီးဆုံး အဓိကအမ်ိဳးသမီးသ႐ုပ္ေဆာင္ေနရာမွာ သင့္ေတာ္တဲ့သူက ဘယ္သူလဲဆိုတာ နင္သိလား? စုန႔္ရွင္းယီတဲ့ေလ!"

စုန႔္ရွင္းယီက အခုခ်ိန္ထိ တရားဝင္ပြဲဦးထြက္ခြင့္ မရရွိေသးေသာ္လည္း variety shows ႏွင့္ ၿပိဳင္ပြဲေပါင္း ေျမာက္မ်ားစြာမွာ ပါဝင္ယွဥ္ၿပိဳင္ျခင္းအျပင္ ႐ုပ္ရွင္ဇာတ္လမ္းမ်ားမွာ ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔ ေပၚထြက္လာျခင္းမ်ား အၿပီးမွာေတာ့ သူမဆီမွာ fans အမ်ားအျပားရွိလာခဲ့တာျဖစ္တယ္။ ဒါ့အျပင္ 'Miss Orange' ထဲမွ အဓိကအမ်ိဳးသမီးသ႐ုပ္ေဆာင္ေနရာက သိရသေလာက္ေတာ့ ႏု႐ြယ္ပ်ိဳမ်စ္တဲ့ အထက္တန္းေက်ာင္းသူ တစ္ေယာက္ ပုံစံမ်ိဳးျဖစ္တယ္။ ဒါက စုန႔္ရွင္းယီအတြက္ အလြန္သင့္ေတာ္တဲ့ ဇာတ္ေကာင္တစ္ခုပင္ျဖစ္တယ္။

"နင္မအံ့ၾသဘူးလား?" တုန႔္ဝိန္ခ်ီက စုေပရဲ႕တည္ၿငိမ္ေနတဲ့အမူအရာကိုၾကည့္ရင္း မတတ္သာစြာနဲ႔ပဲ ေမးလိုက္တယ္။

စုေပက ေခါင္းခါလိုက္တယ္။ ဝတၳဳကိုဖတ္ၿပီးသားျဖစ္တာေၾကာင့္ သူမ လုံးလုံးမအံ့ၾသမိေတာ့တာျဖစ္တယ္ : ဝတၳဳထဲမွာေတာ့ အဓိကဇာတ္လိုက္စုံတြဲ၏ သမီးျဖစ္သူက ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းထဲသို႔ ဝင္ေရာက္သြားခဲ့ၿပီး အနာဂါတ္မွာ သူမ၏ 'အခ်စ္ဦးမ်က္ႏွာေလး' ႏွင့္အတူ ေအာင္ျမင္ေက်ာ္ၾကားလွတဲ့ 'ျပည္သူခ်စ္မိန္းမေခ်ာေလး' တစ္ေယာက္ျဖစ္လာခဲ့တယ္။

စုေပက သူတို႔ရဲ႕ကားသမားကို ေနာက္မွလာႀကိဳရန္ ေျပာဆိုထားၿပီးျဖစ္တာေၾကာင့္ တုန႔္ဝိန္ခ်ီမရွိတာေတာင္မွ စုေပႏွင့္စုေရွာင္ေပါင္တို႔က ေက်ာင္းခ်ိန္အၿပီးမွာ စာၾကည့္တိုက္သို႔သာ အတူတူသြားခဲ့ၾကတယ္။ ေမာင္ႏွမႏွစ္ေယာက္မွလြဲ၍ ရွဲ႕မင္႐ႊမ္း၊ ရႈယန္ယန္ႏွင့္ သူတို႔ရဲ႕အဖြဲ႕ေတြကလည္း တပူးပူး တတြဲတြဲပင္ျဖစ္တယ္။

ရလဒ္အေနနဲ႔ စာၾကည့္တိုက္၏ေထာင့္နားမွာ အံ့ၾသဖြယ္ရာျမင္ကြင္းတစ္ခု ေပၚထြက္လာခဲ့တယ္ : 'top 100 စာရင္း' ေပၚမွ ေျမာက္မ်ားလွစြာေသာ နာမည္ႀကီးသူမ်ား၊ အထူးသျဖင့္ နတ္ဘုရားရွဲ႕တို႔က စာၾကည့္တိုက္ထဲမွာ စုေဝးရင္း စာအသည္းအသန္လုပ္ေနၾကတာေလ! ဒီျမင္ကြင္းေၾကာင့္ ေက်ာင္းသားဘယ္ႏွစ္ေယာက္ရဲ႕ တိုက္ခိုက္ခ်င္စိတ္ေလးေတြကို ေလာင္ကြၽမ္းသြားေစမယ္လို႔ ဘယ္သူသိမွာလဲ။ ေက်ာင္းေျပာင္းေက်ာင္းသား ႏွစ္ေယာက္ျဖစ္ၿပီး သူတို႔ရဲ႕ေနာက္လိုက္ေတြကို အခုထိ အတည္မျပဳရေသးတဲ့ စုေပႏွင့္စုေရွာင္ေပါင္တို႔ကေတာ့ အခုခ်ိန္မွာ လ်စ္လ်ဴရႈထားႏိုင္ၾကတာျဖစ္တယ္။

စာၾကည့္ခ်ိန္ၿပီးဆုံးၿပီးေနာက္ သူတို႔စာၾကည့္တိုက္မွ ထြက္လာခဲ့ၾကတယ္။ အေတာ္ေတာင္ေမွာင္ေနၿပီျဖစ္တယ္။

ရွဲ႕မင္႐ႊမ္းက စုေပကို တိတ္တိတ္ေလး ဖ်တ္ခနဲၾကည့္လိုက္ၿပီးေနာက္ စုေရွာင္ေပါင္ကိုၾကည့္ရင္း ေျပာလိုက္တာက, "မင္းတို႔ကားသမားက အျပင္မွာပဲေစာင့္ေနမွာလား? အဲလိုမွမဟုတ္ရင္ ငါ့ကားကို စီးလို႔ရတယ္ေနာ္"

စုေရွာင္ေပါင္ : "..." ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးလို႔လား?

ရႈယန္ယန္က ႐ုတ္တရက္ ျဖတ္ဝင္လာခဲ့ကာ : "အစ္ကို႐ႊမ္း၊ အစ္ကို႐ႊမ္း၊ ကြၽန္ေတာ့္ကိုၾကည့္ပါအုန္း၊ ကြၽန္ေတာ့္ကားလည္း ဒီမွာမရွိဘူးေလ၊ အစ္ကို ကြၽန္ေတာ့္ကိုလည္း ေပးစီးပါလားလို႔"

လ်ိဳ႕ခိုင္ : "ငါ့ကားက ဒီမွာရွိေပမယ့္ ငါလည္း မင္းကားကိုစီးခ်င္တာေပါ့ကြာ။ ဟားဟား, ကြၽန္ေတာ္ရဲ႕ အားေပးေဖာ္ေလးျဖစ္ေပးဖို႔ အစ္ကို႐ႊမ္းကို ေတာင္းဆိုပါရေစေနာ္!" အစ္ကို႐ႊမ္းရဲ႕ကားက limited edition M ႀကီး ဆိုေတာ့ သူလည္း စီးၾကည့္ခ်င္ေနတာၾကာၿပီေလ။

ရွဲ႕မင္႐ႊမ္း : "ေဝးေဝးသြားၾကစမ္း"

"ဘယ္လိုလဲ?" ရွဲ႕မင္႐ႊမ္းက စုေပကို ေနာက္တစ္ႀကိမ္ၾကည့္လိုက္တယ္။

"ေက်းဇူးပါ, ဒါေပမယ့္ ငါကားသမားကို ႀကိဳေျပာထားၿပီးမို႔လို႔ပါ။ ငါတို႔ကားက အခုအျပင္မွာ ေစာင့္ေနလိမ့္မယ္" စုေပက ရွဲ႕မင္႐ႊမ္းကိုၿပဳံးျပၿပီး တိတ္တဆိတ္ေရ႐ြတ္လိုက္တာက : ရွဲ႕မင္႐ႊမ္းနဲ႔ သူ႔ေဘာ္ဒါေဘာ္ကြၽတ္ေတြက တကယ့္ကို စိတ္ဝင္စားစရာေကာင္းတာပဲ။

ေက်ာင္းဂိတ္ေပါက္ဝကေန ထြက္လာၾကရင္း စုေပက သူတို႔အိမ္ကကားကို ကားရပ္နားရာေနရာမွာ ျမန္ျမန္ဆန္ဆန္ ျမင္သြားခဲ့ေပမယ့္ တစ္ခုခုထူးျခားေနတယ္ဆိုတာကို ေတြ႕ရွိသြားခဲ့တယ္။ Mr.ခ်င္ သူတို႔ေက်ာင္းကို ပထမဆုံးအႀကိမ္ လာႀကိဳခဲ့တုန္းက သူတို႔ပုံမွန္သုံးေနၾကကားရဲ႕ logo ကေငြေရာင္ျဖစ္ကာ Mr.ခ်င္ရဲ႕ကား logo က ေ႐ႊေရာင္ျဖစ္တယ္ဆိုတာကို စုေပက သိႏွင့္ေနၿပီးသားျဖစ္တယ္။

ကားရပ္နားတဲ့ေနရာမွာ ေစာင့္ဆိုင္းေနတဲ့ကားက ေ႐ႊေရာင္ logo နဲ႔ဆိုေတာ့! စုေပရဲ႕မ်က္လုံးေတြက ေတာက္ပသြားခဲ့တယ္။ သူမက စုေရွာင္ေပါင္ရဲ႕လက္ကို ဖမ္းဆြဲရင္း ကားဆီသို႔ အလ်င္အျမန္ ေျပးသြားခဲ့တယ္။

ေသခ်ာတာေပါ့, သူမ ခ်င္ေရွာက္ကို ကားထဲမွာေတြ႕လိုက္ရတယ္ေလ။

"ေဖေဖ့!"

Mr.ခ်င္ရဲ႕ မူလတင္းမာေနတဲ့မ်က္ႏွာက သူမမ်က္ႏွာေပၚမွာ ေတာက္ပတဲ့အၿပဳံးတစ္ပြင့္ႏွင့္အတူ သူ႔ဆီေျပးလာတဲ့ ေကာင္မေလးကိုၾကည့္ရင္း အၿပဳံးမ်က္ႏွာအျဖစ္သို႔ ၿပိဳကြဲသြားခဲ့ေတာ့တယ္။

"တက္ေလ"

ကားေပၚတက္ၿပီးေနာက္ စုေပက ခ်င္ေရွာက္ဖက္သို႔ ေခါင္းလွည့္ၿပီးၾကည့္လိုက္ကာ မတတ္သာေပမယ့္လည္း သိလိုစိတ္ေၾကာင့္ ေမးျမန္းလိုက္တာက : "ေဖေဖ, သမီးတို႔ကို ဘာလို႔လာႀကိဳတာလဲဟင္?"

ခ်င္ေရွာက္ : "ကုမၸဏီအလုပ္ေတြ အခုေလးတင္ၿပီးသြားလို႔ေလ။ အဲဒါေၾကာင့္ လမ္းႀကဳံဝင္လာခဲ့တာ"

သူတို႔ပုံမွန္အခ်ိန္အတိုင္း အိမ္ျပန္မယ္ဆိုရင္ သူတို႔ရဲ႕အခ်ိန္မတိုက္ဆိုင္မႈေၾကာင့္ Mr.ခ်င္က ေမာင္ႏွမႏွစ္ေယာက္ကို ေက်ာင္းလာႀကိဳဖို႔ အခ်ိန္မရွိေလဘူး။ ဒီေန႔အတြက္ ေနာက္ထပ္အေၾကာင္းျပခ်က္ တစ္ခုကေတာ့ ဒီကေလးႏွစ္ေယာက္ကို သူစိတ္မခ်တာေၾကာင့္ပင္။ သို႔ေသာ္ ဒီအေၾကာင္းကိုေတာ့ Mr.ခ်င္က ထုတ္မေျပာခဲ့ဘူး။

-----

ညစာစားၿပီးေနာက္ စုေပက ဒီေန႔ရဲ႕စိန္ေခၚမႈကို စတင္ခဲ့တယ္။

ပထမဂိမ္းႏွစ္ပြဲမွာ စုေပႏွင့္သူမအသင္းေဖာ္ေတြက ထူးျခားတဲ့ဆရာႀကီးမ်ားႏွင့္ မေတြ႕ႀကဳံရေသးပဲ အလြယ္တကူ အႏိုင္ရရွိခဲ့တယ္။ တိုက္ပြဲတိုက္ေနစဥ္အတြင္း ၿပိဳင္ဖက္ေတြက သိပ္ၿပီးေတာ့မခက္ခဲဘူးလို႔ ေသခ်ာေပါက္ကို ေတြးေနခဲ့ၾကတယ္, [vvvv] ေတာင္မွ စုေပႏွင့္ ေအးေအးလူလူ စကားစျမည္ေျပာဆိုေနခဲ့ကာ အမ်ားစုကေတာ့ သူတို႔ၿပိဳင္ဖက္ေတြက ဘယ္လိုေတာင္ 'အားနည္း' တယ္ဆိုတဲ့အေၾကာင္းႏွင့္ပတ္သတ္ၿပီး ညည္းညဴေနၾကတာပဲျဖစ္တယ္။

တတိယဂိမ္းစတင္ၿပီး သိပ္မၾကာခင္မွာပဲ [vvvv] ရဲ႕အသံက စုေပရဲ႕နားၾကပ္ကေန ေနာက္တစ္ဖန္ ထြက္ေပၚလာခဲ့တယ္, ဒါေပမယ့္ ဒီတစ္ေခါက္ သူ႔ေလသံက ႐ုတ္တရက္ႀကီး အေလးအနက္ျဖစ္လာခဲ့တယ္။

[vvvv] : "ဒါကဆရာႀကီးတစ္ေယာက္ပဲ, သတိထားၾကေဟ့"

စုေပ : "မင္းတစ္ေယာက္ေယာက္ကိုမ်ား မွတ္မိသြားလို႔လား?" ႀကိဳတင္ျပင္ဆင္တဲ့အဆင့္မွာတင္ ၿပိဳင္ဖက္က ဆရာႀကီးတစ္ေယာက္ျဖစ္တယ္ဆိုၿပီး သူေျပာေနမွေတာ့ ဒါက ျဖစ္ႏိုင္ေခ်ရွိတယ္ေလ။

[vvvv] : "အင္း, ငါအခုေလးတင္ေတြးေနတာ ၿပိဳင္ဖက္ရဲ႕အခင္းအက်င္းက နည္းနည္းရင္းႏွီးေနသလားလို႔ေလ, ဒါနဲ႔ ငါလည္းေလွ်ာဝင္ၿပီးေတာ့ သူတို႔ရဲ႕လုံၿခဳံေရးအကာအရံကို တစ္ခ်က္သြားၾကည့္လိုက္တာ။ ဒီနည္းလမ္းက, ငါခန႔္မွန္းတာမမွားဘူးဆိုရင္ေတာ့ [Black Durian] ရဲ႕လက္ခ်က္ျဖစ္ႏိုင္တယ္။ [Queen] နဲ႔ [E Pigeon] တို႔က သူတို႔ရဲ႕ lineup တစ္စိတ္တစ္ပိုင္းျဖစ္မွာ ေသခ်ာေပါက္ပဲ, ေနာက္ၿပီး အခုလက္ရွိအခ်ိန္မွာ သူတို႔ရဲ႕ က်န္တဲ့အသင္းေဖာ္ေတြကို ငါမသိေသးေပမယ့္လို႔ သူတို႔ကအားနည္းမွာေတာ့ မဟုတ္ေလာက္ဘူး"

[v] ရဲ႕ရွင္းျပခ်က္ကိုနားေထာင္ၿပီးေနာက္ စုေပရဲ႕အမူအရာကလည္း ေလးနက္သြားခဲ့တယ္။ [Black Durian] က ပထမပြဲစဥ္မွာ ဒုတိယအဆင့္ခ်ိတ္ခဲ့တဲ့သူျဖစ္တယ္။ [Queen] ႏွင့္ [E Pigeon] တို႔ကလည္း top ten ထဲ ဝင္ခဲ့ၾကသူမ်ားျဖစ္တယ္။

[vvvv] : "က်စ္, ၿပိဳင္ဖက္ရဲ႕ lineup ႀကီးက တကယ့္ကို အဆင့္အတန္းျမင့္ေနတာပဲ။ System ကမ်ား ငါ့ကြန္ပလိန္းေလးကို ၾကားသြားတာလားမသိ? အရင္က ေတြ႕ခဲ့တဲ့ၿပိဳင္ဖက္ေတြကို သေဘၤာေလးလို႔ေတာင္ မေခၚႏိုင္ေတာ့တဲ့အျပင္ အခုက်ေတာ့ ငါတို႔က ေလယာဥ္တင္သေဘၤာႀကီးနဲ႔ ခ်က္ခ်င္းႀကီးတိုက္ရေတာ့မွာလား"

[vvvv] : "ဒါေပမယ့္ ေၾကာက္မေနစမ္းပါနဲ႔, မင္းအစ္ကိုႀကီး ဒီမွာရွိေနတာပဲကို။ ငါ့အမွတ္ေတြက [Black Durian] ေလာက္ မမ်ားဘူးဆိုေပမယ့္ ငါ့ခုခံကာကြယ္ေရး skills က သူ႔ထက္ပိုသာတယ္ေလ။ ေဘဘီ Q ေလး, မင္းက ဒီတိုင္း စိတ္ေအးေအးထားၿပီးသာတိုက္, ငါတို႔ရဲ႕အေျခစိုက္စခန္းကို ငါကာကြယ္ေပးမယ္"

ထို႔ေနာက္ [vvvv] က လုံၿခဳံေရးအကာအရံတည္ေဆာက္မႈကို အရွိန္ျမႇင့္လိုက္တယ္။ ဒါ့အျပင္ သူတို႔ရဲ႕ group chat ထဲမွာပါ သူစာတစ္ေၾကာင္းေပးပို႔လိုက္တယ္ : ၿပိဳင္ဖက္က ဆရာႀကီးေတြေနာ္, @လူေခ်ာေလး ယန္, မင္းမ်က္လုံးရွင္ရွင္ထား။

ဒါက နတ္ဘုရား [v] က သူ႔ကို တက္တက္ႂကြႂကြနဲ႔ စကားျပန္ေျပာတဲ့ ပထမဆုံးအႀကိမ္ျဖစ္ၿပီးေတာ့ သူ႔ကိုေတာင္ tag လိုက္ေသးတယ္ေလ။ ရႈယန္ယန္က ငိုခ်မိေတာ့မတတ္ျဖစ္သြားခဲ့ရတယ္။ သူက ခ်က္ခ်င္းဆိုသလို တိုက္ခိုက္ေရးစိတ္ဝိဉာဥ္ေတြကို ထိုးသြင္းလိုက္ေတာ့တယ္ : သူတို႔က ဆရာႀကီးေတြလို႔ [v] က ေျပာေနမွေတာ့ သူတို႔က တကယ့္ဆရာႀကီးေတြပဲျဖစ္မွာေပါ့! အားလုံးထြက္သြားေအာင္ သူလုပ္ေပးရေတာ့မွာေပါ့!

-----

စုေပက ၿပိဳင္ဖက္အသင္းရဲ႕လုံၿခဳံေရးအကာအရံကို စတင္တိုက္ခိုက္ေတာ့တယ္။ ညီအစ္ကို [4v] ေျပာတဲ့အတိုင္း သူတို႔ရဲ႕ၿပိဳင္ဖက္ေတြက အဆင့္ျမင့္တဲ့ဆရာႀကီးမ်ားအျဖစ္ တကယ္ကို ထိုက္တန္ၾကတယ္။ ၁၀မိနစ္တည္းနဲ႔ တည္ေဆာက္ထားခဲ့တဲ့ ဒီလုံၿခဳံေရးအကာအရံကို ခ်ိဳးေဖာက္ဖို႔အတြက္ ခက္ခဲမႈအဆင့္က စိန္ေခၚမႈရဲ႕ပထမပြဲစဥ္မွာ စုေပ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္ခဲဆုံး levels ထိပ္ဆုံးအဆင့္ငါးဆင့္ႏွင့္ တန္းတူနီးပါးပင္ ျဖစ္တယ္။

စုေပက သူတို႔ကို အသာေလးမလုပ္ရဲေလဘူး။ သူမက ေဒတာအတုငါးစုံ ျပဳလုပ္ကာ တစ္ဖက္အဖြဲ႕၏ လုံၿခဳံေရးစနစ္ထဲသို႔ သတိရွိရွိျဖင့္ စတင္က်ဴးေက်ာ္ဝင္ေရာက္ေတာ့တယ္။

ဒီအခ်ိန္မွာပဲ [4v] က ႐ုတ္တရက္ႀကီး ေဒါသေတြေပါက္ကြဲထြက္လာခဲ့တယ္-သူတို႔ၿပိဳင္ဖက္ေတြက ဆရာႀကီးေတြမလား။ ဒီအ႐ူးေကာင္ ရႈယန္ယန္က အကူအညီျဖစ္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ေပမယ့္ သူ႔အသင္းအတြက္ တြင္းေတာင္တူးေပးထားလိမ့္မယ္လို႔ေတာ့ သူလုံးဝမေတြးထားခဲ့မိဘူး!

[vvvv] က ခ်က္ခ်င္း ေဒါသတႀကီးျဖင့္ voice call တစ္ခုေခၚလိုက္ေတာ့တယ္။

ဂိမ္းနည္းနည္းပါးပါးေဆာ့ၿပီးသြားေတာ့ ႀကီးျမတ္တဲ့နတ္ဘုရား [vvvv] က ေနာက္ဆုံးေတာ့ သူ႔ကို ဖုန္းေခၚလာၿပီေပါ့။ ရႈယန္ယန္က အရမ္းစိတ္လႈပ္ရွားေနခဲ့တယ္။ ရလဒ္အေနနဲ႔ကေတာ့ ဖုန္းကိုင္ၿပီးၿပီးခ်င္းပဲ [vvvv] ထံမွ ဟိန္းေဟာက္သံတစ္ခု ေရာက္ရွိလာခဲ့တယ္။

[vvvv] : "ရႈယန္ယန္, မင္းေသာက္႐ူးလား? ငါလုံၿခဳံေရးအကာအရံေပၚမွာ ေနာက္ဆုံးက်မွ တင္ထားခဲ့တဲ့ဟာကို, -ီးလိုပဲ!"

[လူေခ်ာေလး ယန္] : "မဟုတ္ပါဘူး, ကြၽန္ေတာ္ ဒီတိုင္း bug တစ္ခုေတြ႕တာနဲ႔ ျပင္လိုက္တာပါ"

[vvvv] : "မင္းေမႀကီးကို bug...မင္းေမ့! အဲဒါ ဒီေလာင္ဇီေထာင္ထားတဲ့ေထာင္ေခ်ာက္ကြ!"

[လူေခ်ာေလး ယန္] : "အာ! မဟုတ္, ကြၽန္, ကြၽန္, ကြၽန္ေတာ္...ခဏ, ခဏေနပါအုန္း! မင္း! မင္း, မင္းက... အစ္ကိုႀကီးလား?!"

[T/N : Laozi (ေလာင္ဇီ) ဆိုတာက တိုက္႐ိုက္ေျပာရရင္ '(ဒီ) အဘိုးႀကီး' ဆိုတဲ့အဓိပၸါယ္ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ အသက္ႀကီးသူမ်ားက အလြန္အေရးပါပါတယ္။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကို 'အသက္ႀကီးတယ္' လို႔ေခၚတာက ႐ိုင္းစိုင္းၿပီး ေမာက္မာသလိုမ်ိဳးျဖစ္ကာ ဂ်ပန္လို 'ore-sama' ႏွင့္ နည္းနည္း ဆင္တူပါတယ္]

[Koffean's Note : အဲေတာ့.....ႏွစ္ေယာက္စလုံးက 'ရႈမိသားစုရဲ႕အိမ္' ထဲမွာပဲေနေနၾကတာေပါ့, ဒါဆို စာေရးသူက ငါတို႔ကို သဲလြန္စတစ္ခုေပးထားၿပီးသားေပါ့ lol]

[ Kay : အားလုံးပဲ ေတာင္းပန္ပါတယ္ေနာ္၊ အမ Moonက ေပးထားတာၾကာၿပီ။ အခုမွပဲ တင္ျဖစ္ေတာ့တယ္။ ]

19.2.2021

Friday

_______________________________________

MWFV Ch 42

Identity Exposed

Unicode Version

စုပေက တုန့်ဝိန်ချီရဲ့စကားတွေကနေ အရေးကြီးတဲ့အချက်တစ်ချို့ ကောက်နုတ်လိုက်တယ် : "ဒါဆို နင်တို့အားလုံး ကြောက်နေကြတဲ့ဟာက အဆင့်သတ်မှတ်ချက်စာရင်းပေါ့?"

"ဟုတ်တာပေါ့, ငါပြောပြမယ်..." တုန့်ဝိန်ချီမှ စုပေအား 'လပတ်စာမေးပွဲအဆင့်သတ်မှတ်ချက်စာရင်း' ၏ သေစေနိုင်လောက်သည့် ပြင်းထန်မှုအကြောင်းနှင့်ပတ်သက်ပြီး တည်ငြိမ်အေးဆေးစွာဖြင့် စတင်ဟောပြောပို့ချတော့တယ်။ တစ်ခြားကျောင်းတွေမှာ ကျောင်းသားတွေက သူတို့ရဲ့ လပတ်စာမေးပွဲတွေကို သေချာမဖြေဆိုကြဘူးဆိုရင် သူတို့က အသာလေး အိမ်ပြန်ပြီးအဆူခံလိုက်ရုံသာဖြစ်တယ်။ သို့သော် ဝေ့မင်ကတော့ ကွဲပြားခြားနားတယ်။ ဒီကျောင်းကို ဝင်ခွင့်ရကြတဲ့သူတွေက ယေဘုယျအားဖြင့် ရိုးရှင်းတဲ့နောက်ခံတစ်ခု မရှိကြတဲ့အပြင် သာမန်ကလေးတွေထက် social ပိုကျကာ လူအာရုံစိုက်မှု များများရရှိကြသူများဖြစ်တယ်။ အဲ့တာကြောင့် ကျောင်းမှ ကျောင်းသားများ၏ စာမေးပွဲရမှတ်များအား တခမ်းတနားဖြင့် ဖော်ပြပေးခဲ့တာဖြစ်တယ်။ ဒါက တစ်ခြားသူများကို 'ရှိုးပွဲတစ်ခု' ကြည့်ရှုကြစေရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်မှာ အသိသာကြီးပေ။ ထို့ကြောင့် ဝေ့မင်အလယ်တန်းကျောင်းအတွက် လပတ်စာမေးပွဲဆိုသည်မှာ ၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ ကျောင်းသားရေးရာဌာနနှင့် စီမံအုပ်ချုပ်မှုပိုင်းသာမက ကျောင်းသားများ၏ မိဘများနှင့် မိသားစုများအတွက်ပါ အလွန်တရာအရေးကြီးလှတယ်။

သူမ ရှင်းပြချက်တွေ ပြီးစီးသွားပြီးနောက် တုန့်ဝိန်ချီက နောက်တစ်ဖန် သူမရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်တာက, "ကံကောင်းထောက်မလို့, ငါ့မိသားစုက စီးပွားရေးလုပ်ငန်း သေးသေးလေးတစ်ခုပဲ ရှိတာမို့လို့လေ" တကယ်လို့များ သူမစာမေးပွဲတွေကို ကောင်းကောင်းမဖြေခဲ့ဘူးဆိုရင် အများဆုံးဖြစ်မှ သူမက ဆွေမျိုးတွေကြား အရှက်ကွဲရုံပဲရှိတာ, ဟိုလို ပေါ်လွင်ထင်ရှားတဲ့ မိသားစုနောက်ခံနဲ့သူတွေနဲ့တော့ ဘယ်တူပါ့မလဲ။

နတ်ဘုရားရှဲ့နဲ့ သခင်လေးယဲ့တို့လို အဆင့်အတန်းမြင့်တဲ့မိသားစုမှ တစ်စုံတစ်ယောက်ကများ စာမေးပွဲကျသွားခဲ့မယ်ဆိုရင် အကျိုးဆက်ကြီးက ဘယ်လောက်တောင်ဆိုးရွားလိုက်မလဲဆိုတာ တွေးကြည့်လိုက်စမ်း။ တုန့်ဝိန်ချီက သတင်းခေါင်းစဉ်ကိုတောင် စိတ်ကူးယဉ်ကြည့်မိခဲ့တယ် : [လန့်စရာကြီးဟ! XX Group ဥက္ကဌရဲ့သားက စာမေးပွဲကျတယ်တဲ့!] [ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေရဲ့ တကယ့်အသွင်အပြင်အစစ်ကို တစ်ချက်လောက်ကြည့်လိုက်ကြစမ်းပါအုန်း။ သူတို့မိသားစုရဲ့ identity သာမရှိဘူးဆိုရင် သူတို့က စာမေးပွဲကျတဲ့သူတွေထက်တောင် ပိုဆိုးနေတာပေါ့]

Bah! နတ်ဘုရားရှဲ့နဲ့ သခင်လေးယဲ့တို့သာ စာမေးပွဲကျခဲ့မယ်ဆိုရင် ကျန်တဲ့သူတွေက ဖြေနေစရာတောင် မလိုတော့ဘူးပေါ့။

ဒါပေမယ့် စုပေကျတော့ရော...

"စုပေ, နင်ရော..." နေ့စဉ်ပေးတဲ့အိမ်စာတွေကို ကျောင်းသားအများစုက app တွေနဲ့ အင်တာနက်တွေစီကနေ ဖြေရှင်းကြတာကြောင့် အဆင့်တွေမှာ မြင်သာထင်သာတဲ့ကွာဟချက်တွေ မရှိကြဘူး။ ဒါက သူတို့ရဲ့ အရည်အချင်းအစစ်ကို ပြသမယ့် စာမေးပွဲပင်ဖြစ်တယ်။ တုန့်ဝိန်ချီက ရုတ်တရက်ကြီး စုပေရဲ့လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဖမ်းဆုပ်လိုက်တယ်။ စုပေရဲ့မျိုးရိုးနာမည်က 'ချင်' ဖြစ်တယ်။ ချင်မိသားစုရဲ့နယ်ပယ်က ရှဲ့နဲ့ယဲ့တို့ထက်တောင် ပိုကြီးတယ်မလား။

စုပေ : "..."

ဒီဘေးချင်းကပ်အတန်းဖော်လေးက ဘာလို့ သူမအဆင့်တွေ မကောင်းလောက်ဘူးလို့ ထင်နေရတာလဲ? ဒီလို ကြိုတင်မှန်းဆထားတဲ့ ထင်မြင်ယူဆချက်တွေက အလွန်အမင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တာပင်။

"ရှဲ့မင်ရွှမ်းက ပုံမှန် အဆင့်ဘယ်လောက်ရလို့လဲ?" စုပေက မေးလိုက်တယ်။ အရင်က သူမ ရှဲ့မင်ရွှမ်းနဲ့ စာမေးပွဲဖြေဖူးခဲ့တာကြောင့် သူမအဆင့်က သူနဲ့ခပ်ဆင်ဆင်လောက်ရှိလိမ့်မယ်လို့ စုပေက မှန်းဆမိခဲ့တယ်။

တုန့်ဝိန်ချီ : "အရင်လတုန်းကတော့ နတ်ဘုရားရှဲ့က စာမေးပွဲမဖြေလိုက်ဘူး။ ဒီ့အရင်လတုန်းက သူ အဆင့်ရှစ်လား ကိုးလား ရတာပဲ။ ငါပြောပြမယ် နတ်ဘုရားရှဲ့က ပုံမှန်ဆိုရင် စာမေးပွဲကို ပေါ့ပေါ့တန်တန်ပဲ ဖြေတာ။ သူအလေးအနက်ထားပြီး သူ့အဖြေလွှာတွေကို အရမ်းမြန်မြန်ကြီးမအပ်ဘူးဆိုရင် သူ့အမှတ်တွေက ဒီထက့်အများကြီး ပိုများလိမ့်မယ်!"

တုန့်ဝိန်ချီက စုပေရဲ့ပခုံးကို ပုတ်လိုက်ပြီး : "နတ်ဘုရားရှဲ့က နတ်ဘုရားတစ်ပါးလေ။ သူ့အဖြေလွှာစာရွက်ကို ကြုံသလိုလျှောက်ဖြည့်တယ်ဆိုရင်တောင်မှ သူက top ten ထဲဝင်နိုင်သေးတာပဲမလား။ ငါတို့လို သေမျိုးတွေနဲ့တော့ ဘယ်တူပါ့မလဲ, ငါတို့တွေက ကိုယ့်ကိုယ်ကိုယ် သူနဲ့ယှဉ်လို့တော့မရဘူးလေ"

စုပေက အသာခပ်ဟဟရယ်လိုက်တယ် : "တစ်ခြားသူတွေကျတော့ရော? သူတို့နဲ့ယှဉ်လို့ရသေးလို့လား?"

"တစ်ခြားသူတွေကတော့, အာ" တုန့်ဝိန်ချီက စုပေကို ငြိမ်ငြိမ်လေးကြည့်နေလိုက်တယ်, "ဘာပဲဖြစ်ဖြစ်ပါ, နင်နဲ့ အဆင့်အတန်းချင်းတူတဲ့ မိသားစုကသူတွေဆိုရင်, ငါသိရသလောက်တော့, အားလုံးက အဆင့်ကောင်းကြတဲ့ သူတွေချည်းပဲဟ"

"နတ်ဘုရားရှဲ့ကအမြဲတမ်း top 10 ထဲမှာရှိတယ်, ပြီးတော့ သခင်လေးယဲ့က ယေဘုယျအားဖြင့် top 15 ထဲမှာပဲ ငြိမ်နေတာလေ။ ဒါနဲ့ စကားမစပ် စုန့်ရှင်းယီလည်း 'top 100 စာရင်း' ထဲမှာပဲ။ ဆိုတော့, ကောင်မလေးရေ, မင်းစိတ်အားငယ်သွားပြီလား?"

စုပေနှင့် စုန့်ရှင်းယီတို့ကြားက 'ကြီးမားတဲ့မကျေနပ်ချက်များ' ဟာဆိုရင် ကျောင်းတည်ထောင်ခြင်းနှစ်ပတ်လည် အခမ်းအနားအပြီးမှာ တဖြည်းဖြည်းချင်း အနည်ထိုင်သွားခဲ့တယ်။ သို့သော် လာမည့်လပတ်စာမေးပွဲနှင့်အတူ ကျောင်းဖိုရမ်က တစ်ဖန် ပြန်အသက်ဝင်လာခဲ့တယ်။

လပတ်စာမေးပွဲတွေကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်တဲ့အကြောင်း ကျောင်းသားရေးရာဌာနမှ ကြေညာပြီးပြီးချင်းပဲ တစ်ချို့သူတွေက မိန်းကလေးနှစ်ယောက်အကြောင်းနှင့်ပတ်သတ်ပြီး ဆွေးနွေးမှုအသစ် တစ်ခုစတင်ခဲ့ကြပြီဖြစ်တယ် : [ဒီလပတ်စာမေးပွဲမှာ တစ်စုံတစ်ယောက် 'ပေါ်လာ' ဖို့စောင့်စားနေပါတယ်!], [စုန့်ရှင်းယီကို ငါဘာကြောင့်ကြိုက်တယ်ဆိုတဲ့ အကြောင်းပြချက်များ, နံပါတ် ၂၂၀၀ : စာမေးပွဲတိုင်းရဲ့ 'top 100 စာရင်း' မှာသူ့နာမည်ကို နင်တို့တွေ့နိုင်တယ်!], [နတ်ဘုရားမစုန့်ကို အားပေးနေမယ်နော်! ဒါနဲ့စကားမစပ်, ကျောင်းအလှပန်းလေးဆိုတဲ့ တစ်ယောက်ရဲ့အဆင့်ကိုလည်း စောင့်မျှော်နေပါတယ်]...

လူတိုင်းလူတိုင်းက ပွဲကြီးပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြလေတယ်။ စုပေက တုန့်ဝိန်ချီရဲ့လက်ကို လှုပ်ယမ်းပြီး သူမမျက်နှာပေါ်မှာ အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်တာကတော့ : "စိတ်မပူပါနဲ့။ တကယ်တော့ ငါအဆင်ပြေမယ်လို့ထင်တာပဲ"

တုန့်ဝိန်ချီ : "..." မဟုတ်သေးပါဘူး, ငါ့မျက်လုံးတွေကိုကြည့်စမ်း။ နင်အဆင်ပြေမယ်လို့ ငါမထင်ဘူးနော်။

-----

နေ့လည်ခင်းမှာတော့ တုန့်ဝိန်ချီက ရုတ်တရက်ကြီး လေးနက်တဲ့အမူအရာနဲ့ စုပေကို ဆွဲခေါ်လာခဲ့တယ် : "စုပေ, ငါအကြံကောင်းတစ်ခုရပြီဟ!"

စုပေ : "ဘာကြီးလဲ?"

တုန့်ဝိန်ချီ : "ကျောင်းချိန်ပြီးတာနဲ့ စာကြည့်တိုက်ကိုသွားပြီးတော့ နောက်တစ်နာရီလောက် self-study လေး နည်းနည်းလုပ်ကြရအောင်။ ဒီနေ့ကစပြီးတော့ နေ့ခင်းတိုင်း နေ့ခင်းတိုင်းပေါ့!" ဒါက 'စာမေးပွဲကျသူများ၏ self-saving' plan တစ်ခုပဲလေ! သူတို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ စာကြည့်တာတွေကို ကြီးကြပ်ပေးရင်းနဲ့ တန်ပြန်တိုက်စစ်တစ်ခု လုပ်လို့ရတယ်လေ။ သူတို့က အဖြူနဲ့အမည်းစာရင်းပေါ်မှာပဲ အဆုံးသတ်နေအုန်းမယ် ဆိုရင်တောင်မှ အနည်းဆုံးတော့ သူတို့အမှတ်တွေက အရမ်းကြီး ရှက်စရာကောင်းမနေတော့ဘူးပေါ့။

ဒါ့အပြင် သူမအခုလေးတင် ကြောက်စရာကောင်းတဲ့သတင်းတစ်ချို့ ကြားလာခဲ့တယ်။ ဒီလရဲ့စာမေးပွဲကို နတ်ဘုရားရှဲ့က အရင်လို ကပျက်ကချော် ဖြေမှာမဟုတ်ဘူးဆိုတာအပြင် သူက သင်ခန်းစာတွေကိုတောင် လေးလေးနက်နက်ကြီး ပြန်လေ့လာနေပြီတဲ့လေ!

ဒီတစ်ခေါက် ရှဲ့မင်ရွှမ်းရဲ့ကြိုးစားအားထုတ်မှုက သူ့ရဲ့လျို့ဝှက်ပြိုင်ဖက်ဖြစ်တဲ့ စုရှောင်ပေါင်ကြောင့်ဆိုတာကို တုန့်ဝိန်ချီ မသိလေဘူး။ သူမက ဒီလိုသာတွေးလိုက်တယ် : နတ်ဘုရားတောင်မှ ဒီလောက်အပြင်းအထန် ကြိုးစားနေတယ်ဆိုရင် သူတို့က ပျင်းတင်းနေစရာ ဘာအကြောင်းမှမရှိဘူးလေ။

တုန့်ဝိန်ချီရဲ့မျက်လုံးတွေက ပြင်းပြတဲ့စိတ်ဝိဉာဉ်နှင့်အတူ လောင်ကျွမ်းနေတာကိုကြည့်ရင်း စုပေလည်း ငြင်းဆန်စရာအကြောင်းရင်း ရှာမတွေ့ခဲ့လေဘူး : "အိုကေလေ"

မကြာသေးခင်က စုပေက 'Red Hacker Challenge' ရယ်၊ လင်း Group ရဲ့စီမံကိန်းရယ်ကြောင့် အလုပ် အရမ်းများနေခဲ့တယ်။ ဒီစာသင်နှစ်ရဲ့သင်ခန်းစာတွေကို ပြန်လေ့လာဖို့အတွက် သူမ အချိန်အနည်းငယ်ရှာဖို့ တကယ်ကြီး လိုအပ်နေတာဖြစ်တယ်။ နောက်ပြီး တစ်ချိန်တည်းမှာပဲ သူမစာကြည့်ရင်း တုန့်ဝိန်ချီကိုပါ ကူညီပေးနိုင်တယ်လေ။

"ဒါပေမယ့် ငါ ငါ့အဖေရဲ့ခွင့်ပြုချက်တောင်းရအုန်းမယ်"

အတန်းချိန်တွေကြား စုပေက Mr.ချင်ထံ ဖုန်းခေါ်ဆိုမှုတစ်ခုလုပ်ဖို့ အချိန်ရှာတွေ့သွားခဲ့တယ်။

Mr.ချင်က အစည်းအဝေးခန်းထဲမှာဖြစ်ကာ အစည်းအဝေးတစ်ခု ပြုလုပ်နေဆဲဖြစ်တယ်။ သူ့သမီးဆီမှ ဖုန်းခေါ်ဆိုမှုကို သူလက်ခံရရှိချိန်မှာတော့ သူနည်းနည်းအံ့သြသွားကာ အစည်းအဝေးကို မြန်မြန် ဆိုင်းငံ့ထားလိုက်တယ်။

သူ့အလုပ်သမားတွေက သူတို့သူဌေးရဲ့မျက်နှာထားတင်းတင်းကြီးကနေ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိပြီးနောက် ရုတ်ချည်း ဒီလိုမျိုးနူးညံ့သွားတဲ့ပုံကို မြင်လိုက်ကြရတယ်။ သူတို့မျက်လုံးတွေ ပြုးကျယ်ကုန်ကြပြီးတော့ သူတို့တွေ ကယောင်ချောက်ခြားဖြစ်နေပြီလားလို့တောင် တွေးမိသွားကြတယ်။

Mr.ချင်က အစည်းအဝေးခန်းထဲကနေ အပြင်ထွက်လာပြီး စုပေရဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်တယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေးရဲ့ ချိုသာတဲ့အသံလေးက လက်ခံသူနေရာကနေ ထွက်ပေါ်လာခဲ့တယ် : "ဖေဖေ"

"ဟင်။ ဘာကိစ္စရှိလို့လဲ?"

စုပေနှင့် စုရှောင်ပေါင်တို့ ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Mr.ချင်က အဲဒီသတင်းတွေကို အမြန်ဆုံး အကြောင်းကြားချက်ဖြင့် ရရှိနိုင်မှာဖြစ်တာကြောင့် အခုလောလောဆယ် စုပေက သူ့ကို ဖုန်းခေါ်တယ်ဆိုတော့ သတင်းဆိုးမဖြစ်နိုင်ဘူး။

"သမီးတို့တွေ သိပ်မကြာခင် စာမေးပွဲဖြေရတော့မှာလေ။ အဲဒါ သမီးရဲ့အတန်းဖော်နဲ့ သမီးက အတန်းပြီးသွားရင် ကျောင်းမှာပဲနေပြီး စာကြည့်ဖို့စီစဉ်ထားတာ..." စုပေက ချင်ရှောက်ကိုရှင်းပြလိုက်တယ်။

Mr.ချင်က မျက်မှောင်အသာကျုံ့လိုက်မိတယ်။ သူတို့ကလေးတွေနဲ့ဆိုရင် ဘယ်လိုအမြော်အမြင်ရှိတဲ့ မိဘမျိုးမဆို 'ခွေးခေါင်းနဲ့စုံထောက်ကြီး' တစ်ယောက်လို ဖြစ်သွားတော့တာပဲ။

[T/N : Dog head detective (ခွေးခေါင်းနဲ့စုံထောက်ကြီး) : ဒါက TV show တစ်ခုမှာဖြစ်တယ်။ ကြည့်ရတာတော့ သူ့မှာ IQ အရမ်းမြင့်မြင့်ကြီးရှိပုံရကာ ဒီအချိန်မှာပဲ သူ့ရဲ့ကျိုးကြောင်းဆင်ခြင်မှုက ယုတ္တိရှိပုံပေါ်သော်ငြား အဲဒါကမှားယွင်းနေခဲ့တယ်, ရလဒ်အနေနဲ့ကတော့ တရားခံကို အပိုင်းပေါင်း မြောက်များစွာမှာ ဖမ်းမိဖို့ သူကျရှုံးခဲ့တဲ့အပြင် လှောင်ပြောင်ရယ်မောစရာသာ ဖြစ်ခဲ့ရတယ်။ ရှင်းလိုက်တော့မှ ပိုရှုပ်သွားကြပြီထင်တယ်။ အမလည်းနားမလည်ဘူး။ ရေးထားတဲ့အတိုင်းပဲပြန်ပေးလိုက်တာ]

ချင်ရှောက် : "Self-study ပဲလား? တစ်ခြားအရာတွေမလုပ်ကြဘူးမလား?"

စုပေ : "အင်းပေါ့, ဒီတိုင်း တုန့်ဝိန်ချီနဲ့ စာကြည့်တိုက်ထဲမှာပဲ စာလုပ်မှာပါ, တကယ်ပါ"

ချင်ရှောက် : "သမီး ကိုယ့်ဘာကိုယ် အိမ်မှာလုပ်လို့မရဘူးလား?"

စုပေ : "အိမ်မှာဆိုရင် သမီး စိတ်မငြိမ်သလို အာရုံလည်းကောင်းကောင်းစိုက်လို့မရဘူး။ နောက်ပြီး အတန်းဖော်နဲ့ စာလုပ်ရတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်လေ"

ချင်ရှောက် : "..., သမီး အမှတ်ကောင်းကောင်းမရမှာကြောက်နေတာလား?"

သူမ စာမေးပွဲတွေမှာ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူးဆိုရင်တောင်မှ သူက သူမကိုရိုက်မှာမဟုတ်ဘူးလေ။ ဒါ့အပြင် အရင်က ချန်တဲ့ သူ့ကိုတင်ပြခဲ့တဲ့ အစီရင်ခံစာအရ ကလေးနှစ်ယောက်ရဲ့အဆင့်တွေက အရမ်းကောင်းပုံရတယ် ဆိုတာကို Mr.ချင်က မှတ်မိနေခဲ့တယ်။

"အဲလိုမဟုတ်ပါဘူး..." စုပေက ခဏလောက်တွေးလိုက်ပြီးနောက် ပြောလိုက်တာက : "သမီးက ဒီတိုင်း အမှတ်ကောင်းကောင်းရဖို့ ရည်ရွယ်ထားလို့ပါ" ထို့နောက် သူမက အသံတိုးတိုးလေးနဲ့ တောင်းဆိုလိုက်တယ် : "ဖေဖေ, ရမလားဟင်?"

Mr.ချင်က အစကတော့ ငြင်းဆန်မလို့ဖြစ်တယ်။ အတန်းချိန်ပြီးနောက် စုပေက ကျောင်းမှာနေခဲ့မယ်ဆိုတာကို သူလုံးဝမကြိုက်ပေမယ့် သူမလေးရဲ့ နူးညံ့သိမ်မွေ့ပြီး သနားစရာကောင်းတဲ့လေသံက သူ့နှလုံးသားကို နူးညံ့ပျော့ပြောင်းသွားစေခဲ့တယ်။ "ကောင်းပြီလေ," Mr.ချင်က လိုက်လျောပေးလိုက်တယ်, ပြီးနောက် သတ်မှတ်ချက်အချို့ ပေးလိုက်တယ် : "အတန်းပြီးသွားရင် စာကြည့်တိုက်ကိုသွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အတန်းထဲမှာပဲနေတာဖြစ်ဖြစ် တစ်ခုပဲလုပ်ရမယ်။ စာကြည့်ပြီးသွားရင် သမီး အချိန်မှန်အိမ်ပြန်လာရမယ်။ နောက်ပြီး ရှောင်ပေါင်ကိုပါ သမီးနဲ့အတူတူခေါ်သွားရမယ်နော်"

စုပေက Mr.ချင်ရဲ့ သတ်မှတ်ချက်တစ်ခုချင်းစီကို လက်ခံခဲ့တယ်။ "ကျေးဇူးပါနော်, ဖေဖေ!"

သူမလေသံထဲမှာ စိတ်လှုပ်ရှားမှုလေးတွေကို ကြားလိုက်ရတော့ Mr.ချင်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးက အနည်းငယ် ပင့်တက်သွားခဲ့တယ်။ "တစ်ခြားဘာရှိသေးလဲ?" သူမေးလိုက်တယ်။

စုပေ : "မရှိတော့ပါဘူး, သမီးအတန်းပြန်တော့မယ်။ နောက်မှတွေ့မယ်နော်, ဖေဖေ"

စုပေက မြန်မြန်ဆန်ဆန် ဖုန်းချလိုက်တယ်။ တစ်ဖက်မှာတော့ Mr.ချင်က ကူကယ်ရာမဲ့တဲ့မျက်နှာထားနှင့် မိုဘိုင်းဖုန်းကို ကိုင်ထားရင်း : "ဒီကောင်မလေးကတော့ အတော်လေး လက်တွေ့ဆန်တာပဲ"

-----

နောက်ဆုံးစာသင်ချိန်ပြီးဆုံးပြီးနောက် စုပေက စာကြည့်တိုက်သို့သွားရန် သိမ်းဆည်းနေတယ်။ သို့သော် တုန့်ဝိန်ချီက သူမမိုဘိုင်းဖုန်းကို ချလိုက်ပြီး စုပေကို တောင်းပန်တိုးလျိုးတဲ့မျက်နှာနဲ့ ကြည့်နေခဲ့တယ် : "စုပေရေ~ငါတို့အစီအစဉ်လေးကို မနက်ဖြန်မှ တရားဝင်စလုပ်ကြရအောင်နော်"

စုပေ : "ဘာဖြစ်လို့လဲ? နင်ဒီနေ့မအားလို့လား?"

တုန့်ဝိန်ချီက ခေါင်းငြိမ့်ပြလိုက်တယ် : "အထူးသတင်းဟ! ဒီနေ့ ငါ့အစ်ကိုကြီးယန်ရှီးက B မြို့ကိုလာမှာတဲ့, နောက်ပြီး သူ့လေယာဉ်က လေဆိပ်ကို ၂နာရီအတွင်း ဆိုက်တော့မယ်တဲ့။ ငါသူ့ကိုသွားကြိုမလို့လေ!"

ပိုင်ယန်ရှီးဆိုသူက တုန့်ဝိန်ချီတစ်ယောက် မကြာသေးခင်ကမှ fan ဖြစ်သွားခဲ့တဲ့ အမျိုးသားကြယ်ပွင့် တစ်ယောက်ဖြစ်ကာ သူ့အောင်မြင်ကျော်ကြားမှုတွေက အလွန်မြင့်မားလှတယ်။ သူမကိုကြည့်ရင်း စုပေလည်း တစ်စုံတစ်ယောက်အပေါ်မှာ နစ်မြုပ်နေတဲ့ fangirl တစ်ယောက်၏ စိတ်အားထက်သန်မှုတွေကို တွေ့ကြုံလိုက်ရတော့တယ်။

စုပေ : "ဒါဆိုလည်း သွားလေ, ဂရုတော့စိုက်အုန်းနော်"

တုန့်ဝိန်ချီ : "အင်းပါ, အင်းပါ, စိတ်မပူပါနဲ့! ငါတို့ 'xf' တွေက အရမ်းချစ်၊ အရမ်းစည်းလုံးပြီးတော့ စည်းကမ်းရှိပြီးသားပါဟ!"

"ဒါနဲ့စကားမစပ်, group ထဲက တစ်ယောက်ပြောတာတော့, ငါတို့အစ်ကိုကြီး B မြို့ကိုလာတယ်ဆိုတာကလေ, မနက်ဖြန်ညမှာလုပ်မယ့်ပွဲအပြင် 'Hello, Miss Orange' ရဲ့ အဓိကအမျိုးသမီးသရုပ်ဆောင်နေရာရွေးဖို့ အတွက်ပါ ရက်အတော်ကြာနေအုန်းမှာတဲ့!" တုန့်ဝိန်ချီက စုပေရဲ့လက်မောင်းကိုဆွဲလိုက်ပြီး : "နောက်ပြီးတော့လေ, စုပေရဲ့, အခု 'Miss Orange' အတွက် နာမည်အကြီးဆုံး အဓိကအမျိုးသမီးသရုပ်ဆောင်နေရာမှာ သင့်တော်တဲ့သူက ဘယ်သူလဲဆိုတာ နင်သိလား? စုန့်ရှင်းယီတဲ့လေ!"

စုန့်ရှင်းယီက အခုချိန်ထိ တရားဝင်ပွဲဦးထွက်ခွင့် မရရှိသေးသော်လည်း variety shows နှင့် ပြိုင်ပွဲပေါင်း မြောက်များစွာမှာ ပါဝင်ယှဉ်ပြိုင်ခြင်းအပြင် ရုပ်ရှင်ဇာတ်လမ်းများမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပေါ်ထွက်လာခြင်းများ အပြီးမှာတော့ သူမဆီမှာ fans အများအပြားရှိလာခဲ့တာဖြစ်တယ်။ ဒါ့အပြင် 'Miss Orange' ထဲမှ အဓိကအမျိုးသမီးသရုပ်ဆောင်နေရာက သိရသလောက်တော့ နုရွယ်ပျိုမျစ်တဲ့ အထက်တန်းကျောင်းသူ တစ်ယောက် ပုံစံမျိုးဖြစ်တယ်။ ဒါက စုန့်ရှင်းယီအတွက် အလွန်သင့်တော်တဲ့ ဇာတ်ကောင်တစ်ခုပင်ဖြစ်တယ်။

"နင်မအံ့သြဘူးလား?" တုန့်ဝိန်ချီက စုပေရဲ့တည်ငြိမ်နေတဲ့အမူအရာကိုကြည့်ရင်း မတတ်သာစွာနဲ့ပဲ မေးလိုက်တယ်။

စုပေက ခေါင်းခါလိုက်တယ်။ ဝတ္ထုကိုဖတ်ပြီးသားဖြစ်တာကြောင့် သူမ လုံးလုံးမအံ့သြမိတော့တာဖြစ်တယ် : ဝတ္ထုထဲမှာတော့ အဓိကဇာတ်လိုက်စုံတွဲ၏ သမီးဖြစ်သူက ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး အနာဂါတ်မှာ သူမ၏ 'အချစ်ဦးမျက်နှာလေး' နှင့်အတူ အောင်မြင်ကျော်ကြားလှတဲ့ 'ပြည်သူချစ်မိန်းမချောလေး' တစ်ယောက်ဖြစ်လာခဲ့တယ်။

စုပေက သူတို့ရဲ့ကားသမားကို နောက်မှလာကြိုရန် ပြောဆိုထားပြီးဖြစ်တာကြောင့် တုန့်ဝိန်ချီမရှိတာတောင်မှ စုပေနှင့်စုရှောင်ပေါင်တို့က ကျောင်းချိန်အပြီးမှာ စာကြည့်တိုက်သို့သာ အတူတူသွားခဲ့ကြတယ်။ မောင်နှမနှစ်ယောက်မှလွဲ၍ ရှဲ့မင်ရွှမ်း၊ ရှုယန်ယန်နှင့် သူတို့ရဲ့အဖွဲ့တွေကလည်း တပူးပူး တတွဲတွဲပင်ဖြစ်တယ်။

ရလဒ်အနေနဲ့ စာကြည့်တိုက်၏ထောင့်နားမှာ အံ့သြဖွယ်ရာမြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့တယ် : 'top 100 စာရင်း' ပေါ်မှ မြောက်များလှစွာသော နာမည်ကြီးသူများ၊ အထူးသဖြင့် နတ်ဘုရားရှဲ့တို့က စာကြည့်တိုက်ထဲမှာ စုဝေးရင်း စာအသည်းအသန်လုပ်နေကြတာလေ! ဒီမြင်ကွင်းကြောင့် ကျောင်းသားဘယ်နှစ်ယောက်ရဲ့ တိုက်ခိုက်ချင်စိတ်လေးတွေကို လောင်ကျွမ်းသွားစေမယ်လို့ ဘယ်သူသိမှာလဲ။ ကျောင်းပြောင်းကျောင်းသား နှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့နောက်လိုက်တွေကို အခုထိ အတည်မပြုရသေးတဲ့ စုပေနှင့်စုရှောင်ပေါင်တို့ကတော့ အခုချိန်မှာ လျစ်လျူရှုထားနိုင်ကြတာဖြစ်တယ်။

စာကြည့်ချိန်ပြီးဆုံးပြီးနောက် သူတို့စာကြည့်တိုက်မှ ထွက်လာခဲ့ကြတယ်။ အတော်တောင်မှောင်နေပြီဖြစ်တယ်။

ရှဲ့မင်ရွှမ်းက စုပေကို တိတ်တိတ်လေး ဖျတ်ခနဲကြည့်လိုက်ပြီးနောက် စုရှောင်ပေါင်ကိုကြည့်ရင်း ပြောလိုက်တာက, "မင်းတို့ကားသမားက အပြင်မှာပဲစောင့်နေမှာလား? အဲလိုမှမဟုတ်ရင် ငါ့ကားကို စီးလို့ရတယ်နော်"

စုရှောင်ပေါင် : "..." ငါတို့တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလို့လား?

ရှုယန်ယန်က ရုတ်တရက် ဖြတ်ဝင်လာခဲ့ကာ : "အစ်ကိုရွှမ်း၊ အစ်ကိုရွှမ်း၊ ကျွန်တော့်ကိုကြည့်ပါအုန်း၊ ကျွန်တော့်ကားလည်း ဒီမှာမရှိဘူးလေ၊ အစ်ကို ကျွန်တော့်ကိုလည်း ပေးစီးပါလားလို့"

လျို့ခိုင် : "ငါ့ကားက ဒီမှာရှိပေမယ့် ငါလည်း မင်းကားကိုစီးချင်တာပေါ့ကွာ။ ဟားဟား, ကျွန်တော်ရဲ့ အားပေးဖော်လေးဖြစ်ပေးဖို့ အစ်ကိုရွှမ်းကို တောင်းဆိုပါရစေနော်!" အစ်ကိုရွှမ်းရဲ့ကားက limited edition M ကြီး ဆိုတော့ သူလည်း စီးကြည့်ချင်နေတာကြာပြီလေ။

ရှဲ့မင်ရွှမ်း : "ဝေးဝေးသွားကြစမ်း"

"ဘယ်လိုလဲ?" ရှဲ့မင်ရွှမ်းက စုပေကို နောက်တစ်ကြိမ်ကြည့်လိုက်တယ်။

"ကျေးဇူးပါ, ဒါပေမယ့် ငါကားသမားကို ကြိုပြောထားပြီးမို့လို့ပါ။ ငါတို့ကားက အခုအပြင်မှာ စောင့်နေလိမ့်မယ်" စုပေက ရှဲ့မင်ရွှမ်းကိုပြုံးပြပြီး တိတ်တဆိတ်ရေရွတ်လိုက်တာက : ရှဲ့မင်ရွှမ်းနဲ့ သူ့ဘော်ဒါဘော်ကျွတ်တွေက တကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ။

ကျောင်းဂိတ်ပေါက်ဝကနေ ထွက်လာကြရင်း စုပေက သူတို့အိမ်ကကားကို ကားရပ်နားရာနေရာမှာ မြန်မြန်ဆန်ဆန် မြင်သွားခဲ့ပေမယ့် တစ်ခုခုထူးခြားနေတယ်ဆိုတာကို တွေ့ရှိသွားခဲ့တယ်။ Mr.ချင် သူတို့ကျောင်းကို ပထမဆုံးအကြိမ် လာကြိုခဲ့တုန်းက သူတို့ပုံမှန်သုံးနေကြကားရဲ့ logo ကငွေရောင်ဖြစ်ကာ Mr.ချင်ရဲ့ကား logo က ရွှေရောင်ဖြစ်တယ်ဆိုတာကို စုပေက သိနှင့်နေပြီးသားဖြစ်တယ်။

ကားရပ်နားတဲ့နေရာမှာ စောင့်ဆိုင်းနေတဲ့ကားက ရွှေရောင် logo နဲ့ဆိုတော့! စုပေရဲ့မျက်လုံးတွေက တောက်ပသွားခဲ့တယ်။ သူမက စုရှောင်ပေါင်ရဲ့လက်ကို ဖမ်းဆွဲရင်း ကားဆီသို့ အလျင်အမြန် ပြေးသွားခဲ့တယ်။

သေချာတာပေါ့, သူမ ချင်ရှောက်ကို ကားထဲမှာတွေ့လိုက်ရတယ်လေ။

"ဖေဖေ့!"

Mr.ချင်ရဲ့ မူလတင်းမာနေတဲ့မျက်နှာက သူမမျက်နှာပေါ်မှာ တောက်ပတဲ့အပြုံးတစ်ပွင့်နှင့်အတူ သူ့ဆီပြေးလာတဲ့ ကောင်မလေးကိုကြည့်ရင်း အပြုံးမျက်နှာအဖြစ်သို့ ပြိုကွဲသွားခဲ့တော့တယ်။

"တက်လေ"

ကားပေါ်တက်ပြီးနောက် စုပေက ချင်ရှောက်ဖက်သို့ ခေါင်းလှည့်ပြီးကြည့်လိုက်ကာ မတတ်သာပေမယ့်လည်း သိလိုစိတ်ကြောင့် မေးမြန်းလိုက်တာက : "ဖေဖေ, သမီးတို့ကို ဘာလို့လာကြိုတာလဲဟင်?"

ချင်ရှောက် : "ကုမ္ပဏီအလုပ်တွေ အခုလေးတင်ပြီးသွားလို့လေ။ အဲဒါကြောင့် လမ်းကြုံဝင်လာခဲ့တာ"

သူတို့ပုံမှန်အချိန်အတိုင်း အိမ်ပြန်မယ်ဆိုရင် သူတို့ရဲ့အချိန်မတိုက်ဆိုင်မှုကြောင့် Mr.ချင်က မောင်နှမနှစ်ယောက်ကို ကျောင်းလာကြိုဖို့ အချိန်မရှိလေဘူး။ ဒီနေ့အတွက် နောက်ထပ်အကြောင်းပြချက် တစ်ခုကတော့ ဒီကလေးနှစ်ယောက်ကို သူစိတ်မချတာကြောင့်ပင်။ သို့သော် ဒီအကြောင်းကိုတော့ Mr.ချင်က ထုတ်မပြောခဲ့ဘူး။

-----

ညစာစားပြီးနောက် စုပေက ဒီနေ့ရဲ့စိန်ခေါ်မှုကို စတင်ခဲ့တယ်။

ပထမဂိမ်းနှစ်ပွဲမှာ စုပေနှင့်သူမအသင်းဖော်တွေက ထူးခြားတဲ့ဆရာကြီးများနှင့် မတွေ့ကြုံရသေးပဲ အလွယ်တကူ အနိုင်ရရှိခဲ့တယ်။ တိုက်ပွဲတိုက်နေစဉ်အတွင်း ပြိုင်ဖက်တွေက သိပ်ပြီးတော့မခက်ခဲဘူးလို့ သေချာပေါက်ကို တွေးနေခဲ့ကြတယ်, [vvvv] တောင်မှ စုပေနှင့် အေးအေးလူလူ စကားစမြည်ပြောဆိုနေခဲ့ကာ အများစုကတော့ သူတို့ပြိုင်ဖက်တွေက ဘယ်လိုတောင် 'အားနည်း' တယ်ဆိုတဲ့အကြောင်းနှင့်ပတ်သတ်ပြီး ညည်းညူနေကြတာပဲဖြစ်တယ်။

တတိယဂိမ်းစတင်ပြီး သိပ်မကြာခင်မှာပဲ [vvvv] ရဲ့အသံက စုပေရဲ့နားကြပ်ကနေ နောက်တစ်ဖန် ထွက်ပေါ်လာခဲ့တယ်, ဒါပေမယ့် ဒီတစ်ခေါက် သူ့လေသံက ရုတ်တရက်ကြီး အလေးအနက်ဖြစ်လာခဲ့တယ်။

[vvvv] : "ဒါကဆရာကြီးတစ်ယောက်ပဲ, သတိထားကြဟေ့"

စုပေ : "မင်းတစ်ယောက်ယောက်ကိုများ မှတ်မိသွားလို့လား?" ကြိုတင်ပြင်ဆင်တဲ့အဆင့်မှာတင် ပြိုင်ဖက်က ဆရာကြီးတစ်ယောက်ဖြစ်တယ်ဆိုပြီး သူပြောနေမှတော့ ဒါက ဖြစ်နိုင်ချေရှိတယ်လေ။

[vvvv] : "အင်း, ငါအခုလေးတင်တွေးနေတာ ပြိုင်ဖက်ရဲ့အခင်းအကျင်းက နည်းနည်းရင်းနှီးနေသလားလို့လေ, ဒါနဲ့ ငါလည်းလျှောဝင်ပြီးတော့ သူတို့ရဲ့လုံခြုံရေးအကာအရံကို တစ်ချက်သွားကြည့်လိုက်တာ။ ဒီနည်းလမ်းက, ငါခန့်မှန်းတာမမှားဘူးဆိုရင်တော့ [Black Durian] ရဲ့လက်ချက်ဖြစ်နိုင်တယ်။ [Queen] နဲ့ [E Pigeon] တို့က သူတို့ရဲ့ lineup တစ်စိတ်တစ်ပိုင်းဖြစ်မှာ သေချာပေါက်ပဲ, နောက်ပြီး အခုလက်ရှိအချိန်မှာ သူတို့ရဲ့ ကျန်တဲ့အသင်းဖော်တွေကို ငါမသိသေးပေမယ့်လို့ သူတို့ကအားနည်းမှာတော့ မဟုတ်လောက်ဘူး"

[v] ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးနောက် စုပေရဲ့အမူအရာကလည်း လေးနက်သွားခဲ့တယ်။ [Black Durian] က ပထမပွဲစဉ်မှာ ဒုတိယအဆင့်ချိတ်ခဲ့တဲ့သူဖြစ်တယ်။ [Queen] နှင့် [E Pigeon] တို့ကလည်း top ten ထဲ ဝင်ခဲ့ကြသူများဖြစ်တယ်။

[vvvv] : "ကျစ်, ပြိုင်ဖက်ရဲ့ lineup ကြီးက တကယ့်ကို အဆင့်အတန်းမြင့်နေတာပဲ။ System ကများ ငါ့ကွန်ပလိန်းလေးကို ကြားသွားတာလားမသိ? အရင်က တွေ့ခဲ့တဲ့ပြိုင်ဖက်တွေကို သင်္ဘောလေးလို့တောင် မခေါ်နိုင်တော့တဲ့အပြင် အခုကျတော့ ငါတို့က လေယာဉ်တင်သင်္ဘောကြီးနဲ့ ချက်ချင်းကြီးတိုက်ရတော့မှာလား"

[vvvv] : "ဒါပေမယ့် ကြောက်မနေစမ်းပါနဲ့, မင်းအစ်ကိုကြီး ဒီမှာရှိနေတာပဲကို။ ငါ့အမှတ်တွေက [Black Durian] လောက် မများဘူးဆိုပေမယ့် ငါ့ခုခံကာကွယ်ရေး skills က သူ့ထက်ပိုသာတယ်လေ။ ဘေဘီ Q လေး, မင်းက ဒီတိုင်း စိတ်အေးအေးထားပြီးသာတိုက်, ငါတို့ရဲ့အခြေစိုက်စခန်းကို ငါကာကွယ်ပေးမယ်"

ထို့နောက် [vvvv] က လုံခြုံရေးအကာအရံတည်ဆောက်မှုကို အရှိန်မြှင့်လိုက်တယ်။ ဒါ့အပြင် သူတို့ရဲ့ group chat ထဲမှာပါ သူစာတစ်ကြောင်းပေးပို့လိုက်တယ် : ပြိုင်ဖက်က ဆရာကြီးတွေနော်, @လူချောလေး ယန်, မင်းမျက်လုံးရှင်ရှင်ထား။

ဒါက နတ်ဘုရား [v] က သူ့ကို တက်တက်ကြွကြွနဲ့ စကားပြန်ပြောတဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ သူ့ကိုတောင် tag လိုက်သေးတယ်လေ။ ရှုယန်ယန်က ငိုချမိတော့မတတ်ဖြစ်သွားခဲ့ရတယ်။ သူက ချက်ချင်းဆိုသလို တိုက်ခိုက်ရေးစိတ်ဝိဉာဉ်တွေကို ထိုးသွင်းလိုက်တော့တယ် : သူတို့က ဆရာကြီးတွေလို့ [v] က ပြောနေမှတော့ သူတို့က တကယ့်ဆရာကြီးတွေပဲဖြစ်မှာပေါ့! အားလုံးထွက်သွားအောင် သူလုပ်ပေးရတော့မှာပေါ့!

-----

စုပေက ပြိုင်ဖက်အသင်းရဲ့လုံခြုံရေးအကာအရံကို စတင်တိုက်ခိုက်တော့တယ်။ ညီအစ်ကို [4v] ပြောတဲ့အတိုင်း သူတို့ရဲ့ပြိုင်ဖက်တွေက အဆင့်မြင့်တဲ့ဆရာကြီးများအဖြစ် တကယ်ကို ထိုက်တန်ကြတယ်။ ၁၀မိနစ်တည်းနဲ့ တည်ဆောက်ထားခဲ့တဲ့ ဒီလုံခြုံရေးအကာအရံကို ချိုးဖောက်ဖို့အတွက် ခက်ခဲမှုအဆင့်က စိန်ခေါ်မှုရဲ့ပထမပွဲစဉ်မှာ စုပေ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံး levels ထိပ်ဆုံးအဆင့်ငါးဆင့်နှင့် တန်းတူနီးပါးပင် ဖြစ်တယ်။

စုပေက သူတို့ကို အသာလေးမလုပ်ရဲလေဘူး။ သူမက ဒေတာအတုငါးစုံ ပြုလုပ်ကာ တစ်ဖက်အဖွဲ့၏ လုံခြုံရေးစနစ်ထဲသို့ သတိရှိရှိဖြင့် စတင်ကျူးကျော်ဝင်ရောက်တော့တယ်။

ဒီအချိန်မှာပဲ [4v] က ရုတ်တရက်ကြီး ဒေါသတွေပေါက်ကွဲထွက်လာခဲ့တယ်-သူတို့ပြိုင်ဖက်တွေက ဆရာကြီးတွေမလား။ ဒီအရူးကောင် ရှုယန်ယန်က အကူအညီဖြစ်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေမယ့် သူ့အသင်းအတွက် တွင်းတောင်တူးပေးထားလိမ့်မယ်လို့တော့ သူလုံးဝမတွေးထားခဲ့မိဘူး!

[vvvv] က ချက်ချင်း ဒေါသတကြီးဖြင့် voice call တစ်ခုခေါ်လိုက်တော့တယ်။

ဂိမ်းနည်းနည်းပါးပါးဆော့ပြီးသွားတော့ ကြီးမြတ်တဲ့နတ်ဘုရား [vvvv] က နောက်ဆုံးတော့ သူ့ကို ဖုန်းခေါ်လာပြီပေါ့။ ရှုယန်ယန်က အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ဖုန်းကိုင်ပြီးပြီးချင်းပဲ [vvvv] ထံမှ ဟိန်းဟောက်သံတစ်ခု ရောက်ရှိလာခဲ့တယ်။

[vvvv] : "ရှုယန်ယန်, မင်းသောက်ရူးလား? ငါလုံခြုံရေးအကာအရံပေါ်မှာ နောက်ဆုံးကျမှ တင်ထားခဲ့တဲ့ဟာကို, -ီးလိုပဲ!"

[လူချောလေး ယန်] : "မဟုတ်ပါဘူး, ကျွန်တော် ဒီတိုင်း bug တစ်ခုတွေ့တာနဲ့ ပြင်လိုက်တာပါ"

[vvvv] : "မင်းမေကြီးကို bug...မင်းမေ့! အဲဒါ ဒီလောင်ဇီထောင်ထားတဲ့ထောင်ချောက်ကွ!"

[လူချောလေး ယန်] : "အာ! မဟုတ်, ကျွန်, ကျွန်, ကျွန်တော်...ခဏ, ခဏနေပါအုန်း! မင်း! မင်း, မင်းက... အစ်ကိုကြီးလား?!"

[T/N : Laozi (လောင်ဇီ) ဆိုတာက တိုက်ရိုက်ပြောရရင် '(ဒီ) အဘိုးကြီး' ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အသက်ကြီးသူများက အလွန်အရေးပါပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို 'အသက်ကြီးတယ်' လို့ခေါ်တာက ရိုင်းစိုင်းပြီး မောက်မာသလိုမျိုးဖြစ်ကာ ဂျပန်လို 'ore-sama' နှင့် နည်းနည်း ဆင်တူပါတယ်]

[Koffean's Note : အဲတော့.....နှစ်ယောက်စလုံးက 'ရှုမိသားစုရဲ့အိမ်' ထဲမှာပဲနေနေကြတာပေါ့, ဒါဆို စာရေးသူက ငါတို့ကို သဲလွန်စတစ်ခုပေးထားပြီးသားပေါ့ lol]

[ Kay : အားလုံးပဲ တောင်းပန်ပါတယ်နော်၊ အမ Moonက ပေးထားတာကြာပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။ ]

19.2.2021

Friday

_____

Thanks 😉

Continua a leggere

Ti piacerà anche

2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
2.9M 265K 42
ခ်စ္ျခင္းေမတၱာ အေၾကာင္း လာေဆြးေႏြးတဲ့အခါ.... ယံုၾကည္မႈေတြလိုအပ္ေၾကာင္း ကိုယ္ျပန္သင္ေပးပါရေစ.... ချစ်ခြင်းမေတ္တာ အကြောင်း လာဆွေးနွေးတဲ့အခါ.... ယုံကြည်...
257K 27.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
125K 17.2K 43
က်န္းခ်င္းေပ - arc.4.