Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၈၇

46 7 0
By CrystSnow

Sir Ainno က ဧကရာဇ်ကို ရှင်းပြလိုက်သည်.

"သူမက နည်းနည်းလေးမှ မယိမ်းယိုင်ခဲ့ဘူး. ဒါက ကျွန်တော်ထင်ထားတာထက် ပိုခက်ခဲတယ်. ကျွန်တော်တို့ Koemong မြစ်ကိုဘယ်လိုဖြတ်မလဲဆိုတာ အဖြေရှာရတာထက် ပိုခက်သေးတယ်. သူမရဲ့ အချစ်ကိုရဖို့ ကံမပါလာဘူး"

"ဒါပေမဲ့ မင်းငါ့ကိုအခုလေးတင်ပြောတာက မင်းလက်ထပ်တော့မှာဆို"

"ဟုတ်တယ်. ကျွန်တော်လက်ထပ်တော့မှာ"

Sir Ainno က Lucius ရဲ့ စားပွဲခုံဆီကို လျှောက်သွားလိုက်ကာ သူ့လက်ကို စားပွဲခုံပေါ်တင်လိုက်သည်. သူက ဧကရာဇ်ဘက်ကို တိုးကာ ပြောလိုက်သည်.

"ကျွန်တော်က အရှင့်လို အတ္တကင်းတဲ့သူမဟုတ်ဘူး. ကျွန်တော်လိုချင်တာရဖို့ ကျွန်တော့်ရဲ့ အာဏာလွှမ်းမိုးတွေအကုန် ကျွန်တော့်မှာ ရှိသမျှအကုန်သုံးမှာ"

တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့တဲ့ ဧကရာဇ် Lucius ကတောင် သူချစ်တဲ့ အမျိုးသမီးကို အရမယူနိုင်ပေ. သူ့ရဲ့ ထိန်းချုပ်လို့မရလောက်အောင် ကြီးထွားလာနေတဲ့ တစ်ဖတ်သက်အချစ်ကြောင့် ဧကရာဇ်က တစ်နေ့တစ်ခြား ပိုပြီး ဝမ်းနည်းနေရသည်. Sir Ainno က ဒီလိုဘဝမျိုးကို မလိုချင်ပေ. သူချစ်တဲ့အမျိုးသမီးကို သူလက်မလျော့နိုင်ပေ.

လတ်တလောမှာ သူက Lady Cekel နဲ့ ရင်းနှီးလာစေဖို့ Sir Beke ကို ဖိအားပေးကာ သူ့အိမ်ကို ထမင်းစားဖိတ်ခိုင်းခဲ့သည်. ကံမကောင်းစွာနဲ့ Lady Cekel က အိမ်မှာမရှိပေမဲ့ Viscount Ingreter နဲ့ သူ့ဇနီးတို့က Sir Ainno ကို ကြိုဆိုတုန့်ပြန်တဲ့ပုံစံကြောင့် Sir Ainno က အမှန်တရားတစ်ခုကို သတိပြုမိခဲ့သည်. Cekel ရဲ့မိဘတွေက Sir Ainno ကို ညစာဖိတ်ကျွေးခွင့်ရလို့ ဂုဏ်ယူနေပြီး Sir Ainno က သူလုပ်ခဲ့တာတွေ မှားနေတယ်လို့ ဆုံးဖြတ်ခဲ့သည်. သူက Lucius လုပ်ခဲ့သလိုမျိုး လိုက်လုပ်ဖို့ စဉ်းစားနေခဲ့တာဖြစ်ပေမဲ့ ဒါက မလိုအပ်တော့ပေ.

သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဧကရာဇ်က သူ့အချစ်တွေကို ဖုံးကွယ်ထားခဲ့ပြီး သူမရဲ့ပျော်ရွှင်မှုအတွက် ဆုတောင်းပေးနေခဲ့သည်. ပထမတော့ Sir Ainno ကလဲ Lady Cekel ရဲ့ မိဘတွေဆီက ခွင့်ပြုချက်ကို မတောင်းခံခင်မှာ သူမရဲ့အချစ်ကို အရင်ရအောင်ကြိုးစားသင့်တယ်လို့ ထင်ခဲ့တာဖြစ်သည်.

ဒါပေမဲ့ ညစာစားပြီးသွားတော့ ဒီလိုနည်းလမ်းက သူ့အတွက်မဟုတ်ဘူးဆိုတာကို Sir Ainno သိလိုက်ရသည်. အဲ့လို အတ္တကင်းမဲ့တဲ့အချစ်မျိုးက Lucius အတွက်သာဖြစ်ပြီး သူ့အတွက်မဟုတ်ပေ. စည်းမဲ့ကမ်းမဲ့ တိုင်းပြည်တွေကို သိမ်းလာတဲ့သူက အချစ်နဲ့ပတ်သက်လာတော့ သတ္တိကြောင်တဲ့သူတစ်ယောက်ဖြစ်သွားပြီး Sir Ainno အနေနဲ့ကတော့ ဒီလိုလိုက်လုပ်စရာအကြောင်းမရှိပေ.

Acreia ရဲ့ အကောင်းဆုံးစစ်သည်ဖြစ်တဲ့ Sir Ainno က ဧကရာဇ်ရဲ့အရှေ့မှာ ကြေငြာပြောဆိုလိုက်သည်.

"ကျွန်တော်ချစ်တဲ့အမျိုးသမီးကို လက်ထပ်လို့ရအောင် လုပ်မှာ အရှင်"

"သူမက မင်းကို မချစ်ဘူးဆိုရင်တောင်မှပဲလား?"

"လက်ထပ်တဲ့နေရာမှာ ဘယ်တုန်းက ဒီလိုခံစားချက်တွေပါလာတာလဲ?"

"Inno.... ဒီလိုမလုပ်ပါနဲ့. မင်းသူမကို တကယ်ချစ်တယ်ဆိုရင် မင်းသူမအပေါ်ကို ကြင်နာသင့်တာ. သူမရဲ့ ခံစားချက်တွေနဲ့ လိုအပ်ချက်တွေကို ထည့်စဉ်းစားပေးသင့်တာ ဒါကမှ ယောက်ျားကောင်းတစ်ယောက်လုပ်သင့်တာလေ"

"အရှင်. ကျွန်တော်က အရှင့်လို စေတနာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘူး. ကျွန်တော်မလုပ်နိုင်ဘူး"

Sir Ainno က လက်တွေ့ဆန်တဲ့သူဖြစ်သည်. Lucius ကို အတုယူမိတာက အမှားတစ်ခုဖြစ်သည်. သူချစ်တဲ့အမျိုးသမီးက သူ့ကို ပြန်ချစ်လာဖို့ကို စောင့်နေတာက ဧကရာဇ်အတွက် အဓိပ္ပါယ်ရှိပေမဲ့ Sir Ainno အတွက်ကတော့ အဓိပ္ပါယ်မရှိပေ. တကယ်လို့ သင်လူတစ်ယောက်ကို မုန်းရင် အဲ့လူကို ထိုးပစ်သင့်သည်. တကယ်လို့ တစ်ယောက်ယောက်ကို ချစ်နေရင်တော့ အဲ့လူကို နမ်းသင့်သည်.

အချစ်က ဘာလို့စွမ်းအားကြီးတာလဲဆိုတာကို Sir Ainno က နားမလည်နိုင်ပေ. အဲ့တာက ဧကရာဇ်ကို မျက်ရည်ကျစေပြီးတော့ သူ့ကို အသက်ရှင်လျက် ပူလောင်ခံစားနေစေသည်.

Lucius က သူ့သူငယ်ချင်းကို စိတ်ဆိုးသွားသည်. ကိုယ့်ကို ပြန်မချစ်နိုင်တဲ့အမျိုးသမီးတစ်ယောက်ကို ချစ်နေရတာက ဘယ်လောက်ပင်ပန်းလဲဆိုတာကို သူသိသည်. အာဏာရှိတဲ့လူတစ်ယောက်က အချစ်မှာကျဆုံးသွားတာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုလဲ ဧကရာဇ်က သိနေသည်.

တကယ်လို့ Lucius သာ Poliana ရဲ့အချစ်ကို ထည့်မစဉ်းစားခဲ့ရင် သူ့အနေနဲ့ သူမကို အလွယ်တကူလက်ထပ်လို့ရနိုင်သည်. သူမကို သိမ်းသွင်းဖို့ သင့်လျော်တဲ့အကြောင်းပြချက်တစ်ခု ပေးလိုက်လို့ရသည်. စည်းကမ်းမဲ့နေတဲ့အထက်တန်းလွှာတွေကို ထိန်းချုပ်ဖို့အတွက် သူတို့လက်ထပ်ဖို့လိုတယ်လို့ ပြောလိုက်ရင်ရော? ဒါက ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြစ်ပေမဲ့ သူသာ ပြောလိုက်ရင် Poliana က လိုက်နာမယ်ဆိုတာကို Lucius သိနေခဲ့သည်. သူမကို အမိန့်ပေးလိုက်ရင် Poliana က သူ့ကို လက်ထပ်မှာဖြစ်ပြီး သူက ဒီအချက်ကို ကောင်းကောင်းသိနေတာကြောင့် Lucius က သူမကို ဒီလိုလုပ်ဖို့ ဘယ်တော့မှ မပြောနိုင်တာဖြစ်သည်.

ဧကရာဇ်က သူ့သူငယ်ချင်းကို ပြောလိုက်သည်.

"မင်း ဒီလိုလုပ်လို့မရဘူး Inno"

ဧကရာဇ်အနေနဲ့ Sir Ainno ကို မှန်ကန်တဲ့နည်းလမ်းအတိုင်းသာ လုပ်စေချင်နေပေမဲ့ စစ်သည်က သူ့ကို တောင်းပန်လာသည်.

"Lucius ကျေးဇူးပြုပြီးတော့ ငါ့ကို သူမနဲ့ လက်ထပ်ခွင့်ပေးပါ. ငါ သူမကိုချစ်တယ်"

Sir Ainno အနေနဲ့ ဧကရာဇ်ရဲ့ နာမည်ခေါ်တာက ရှားပါးသည်. ဒါက Sir Ainno အနေနဲ့ Lady Cekel ကို ဘယ်လောက်တောင်လက်ထပ်ချင်နေတာလဲဆိုတာကို ပြသနေတာဖြစ်သည်. ဧကရာဇ်က ပြန်ဖြေလိုက်သည်.

"မင်းဘယ်လိုခံစားနေရလဲဆိုတာကို သူမသိဖို့အတွက် အတင်းဖိအားပေးနေတာက ထူးဆန်းနေတယ်လို့ မထင်ဘူးလား?"

"ဒါပေမဲ့ ကျွန်တော်ဘာပဲလုပ်လုပ် သူမက လက်မခံဘူးလေ. ကျွန်တော် ဘာထပ်လုပ်ရမှာလဲ?"

ကံမကောင်းစွာနဲ့ အချစ်နဲ့ ပတ်သက်လာရင် Sir Ainno မှာ ဘာအရည်အချင်းမှမရှိပေ. သူက အသက် ၃၀ ကျော်နေပြီးတော့ တစ်ခါမှလဲ မချစ်ကြိုက်ခဲ့ဖူးပေ. Lady Cekel က သူ့ရဲ့ ပထမဆုံးအချစ်ဦးဖြစ်သည်. Sir Ainno မှာ အရာအားလုံးရှိသည်. သူက အာဏာရှိတဲ့ မိသားစုကဖြစ်တယ်. ပြီးတော့ ဒီတိုင်းပြည်ရဲ့အကောင်းဆုံးတိုက်ခိုက်ရေးသမားလဲဖြစ်သည်. ထပ်ပြီးတော့ သူက ဧကရာဇ်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်နေတာက သူ့ကို ဒီတိုက်ကြီးတစ်ခုလုံးရဲ့ အကောင်းဆုံးသတို့သားလောင်း ဖြစ်သွားစေသည်.

လူတစ်ယောက်အနေနဲ့ဆိုရင်တော့ Sir Ainno က ကြောက်စရာကောင်းတဲ့သူဖြစ်သည်. သူက ဒေါသကြီးပြီးတော့ သူ့အောက်ခြေကလူတွေကို မလေးမစားဆက်ဆံတတ်သည်. ဧကရာဇ်ကို စနောက်ဖို့ကလွဲရင် သူက ဘယ်အရာကိုမှ စိတ်မရှည်တတ်ပေ.

ခြုံပြောရရင်တော့ Sir Ainno က ဆိုးရွားတဲ့ ကောင်စုတ်ဖြစ်သည်. ဧကရာဇ်က ကမ်းလှမ်းပြောဆိုလိုက်သည်.

"Inno, အမျိုးသမီးတစ်ယောက်ကို ဘယ်လိုရအောင် ကြိုးစားရမလဲဆိုတာကို ငါ သင်ပေးရမလား?"

"ပြောရမှာ စိတ်မကောင်းပေမဲ့ အမျိုးသမီးတွေက အရှင့်ရဲ့ ရုပ်ရည်ကြောင့် အရှင့်ကို သဘောကျတာလေ"

Sir Ainno က Lucius ကို ကောင်းစွာသိနားလည်သည်. ဧကရာဇ်က အမျိုးသမီးတစ်ယောက်ကို ရဖို့ ဘယ်တုန်းကမှ ကြိုးစားအားထုတ်ခဲ့ခြင်းမရှိတာကို သူသိနေသည်. ပြီးတော့ ဧကရာဇ်က ဒီကမ္ဘာမှာ အချောဆုံး အခန့်ညားဆုံးအမျိုးသားတစ်ယောက်ဖြစ်သည်. ဒါ့အပြင့် Lucius က Poliana ရဲ့ အချစ်ကိုရဖို့ ကျရှုံးခဲ့တာကို Sir Ainno က ဘာလို့ ဧကရာဇ်အကြံပေးတာကို နားထောင်ရမှာလဲ?

Sir Ainno က ဧကရာဇ်ကို ပြောလိုက်သည်.

"တကယ်လို့ ကျွန်တော့်အနေနဲ့ Lady Cekel ရဲ့အချစ်ကို မရရင်တောင်မှ သူမကို ကျွန်တော့်ရဲ့ တရားဝင်ဇနီးအဖြစ်ရှိစေချင်တယ်! ဒါ့ကြောင့် ကျွန်တော့်ကို ဒီတစ်ချက်တော့ လိုက်လျောပေးပါ! ကျွန်တော် တောင်းပန်ပါတယ်!"

"Inno မင်းထင်နေသလိုပဲ မင်း Lady Cekel နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရလဲဆိုတာကို ငါသိပါတယ်. သူမက မင်းကို ပြန်ချစ်လာအောင် မင်းလုပ်နိုင်ခဲ့ရင် သူမကို လက်ထပ်ဖို့ ခွင့်ပြုပေးမယ်လို့ ငါစဉ်းစားခဲ့တာ.. ဒီလို‌တော့မဖြစ်သင့်ဘူးလေ. ငါခွင့်မပြုနိုင်ဘူး"

Sir Ainno က ဆူပုတ်လာပြီးတော့ သူ့သူငယ်ချင်းက စိတ်ဆိုးနေပြီဆိုတာကို ဧကရာဇ်က သတိပြုမိလိုက်သည်. Lucius က ချွေးပျံလာသည်. သူ့သူငယ်ချင်းက အကျင့်မကောင်းတဲ့ကောင်ဖြစ်ပြီးတော့ သူစိတ်ဆိုးလာရင်တော့ ပိုတောင်ဆိုးလာသေးသည်. ဧကရာဇ်က စိတ်လှုပ်ရှားသွားကာ သိချင်နေသည်.

'ငါ့ကို ရိုက်တော့မလို့လား? စားပွဲခုံကို မှောက်ပစ်တော့မှာလား? ငါ့ဆီကို ပုတ်သင်ညိုတစ်ကောင် ပစ်လာရင်ရော? သူမလုပ်ရဲလောက်ပါဘူး.. သူလုပ်မှာလား?'

Lucius က Sir Ainno အကြောင်း ကောင်းကောင်းသိတာကြောင့် သူက စိတ်လှုပ်ရှားလာတာဖြစ်သည်. ဒါပေမဲ့ ဧကရာဇ်အံ့ဩသွားတာက Sir Ainno က ဘာမှ လုပ်မလာခဲ့ပေ. Sir Ainno ကလဲ ဧကရာဇ်ကို ကောင်းစွာသိနားလည်တာကြောင့် သူသောင်းကျန်းလိုက်ရုံနဲ့ Lucius ရဲ့ စိတ်ကို ပြောင်းနိုင်မှာမဟုတ်ဘူးဆိုတာကို သူသိနေသည်.

'တကယ်လို့ ငါဆက်ပြီးခေါင်းမာနေရင် Lucius က သူမနဲ့လက်ထပ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး'

အထက်တန်းလွှာတွေက ဧကရာဇ်ရဲ့ခွင့်ပြုချက်မရှိပဲ လက်ထပ်လို့မရပေ. Cekel ကို လက်ထပ်နိုင်ဖို့အတွက် Sir Ainno က Lucius ကို တနည်းနည်းနဲ့ ဖြောင်းဖျဖို့လိုသည်. Sir Ainno က ပြန်မဖြေခင်မှာ အမြန်စဉ်းစားလိုက်သည်.

"ကောင်းပါပြီ အရှင်. ကျွန်တော် အရှင့်အမိန့်ကို နာခံပါ့မယ်"

"Inno မင်းနေမကောင်းဖြစ်နေတာလား? မင်း အခုဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"

"ဒါပေမဲ့ ကျွန်တော် သူမကို လက်မထပ်ရရင် အရှင့်လိုပဲ ကျွန်တော့်အသဲကွဲလိမ့်မယ်. ဒါကြောင့် အရှင်ပြောသလိုပဲ ကျွန်တော့်ရဲ့ ပြန်လမ်းမရှိတဲ့အချစ်အကြောင်း ပြောလာခဲ့ရင်တော့ အရှင်နားလည်ပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်. ကျွန်တော် ကြိုပြီးတောင်းပန်ပါတယ်"

Lucius က တစ်ချက်တုန့်ဆိုင်းသွားကာ မေးလိုက်သည်.

"ငါ့လိုမျိုး?"

"ဟုတ်ပါတယ် အရှင်"

Poliana ရဲ့အချစ်ကို မရနိုင်လို့ သူက ဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြခဲ့တာတွေကို Lucius အမှတ်ရလိုက်သည်. သူ့သူငယ်ချင်းကို ဘယ်လောက်တောင် စိတ်ရှုပ်သွားစေခဲ့လဲဆိုတာကိုလဲ သူသိခဲ့သည်.

တုန့်ဆိုင်းခြင်းမရှိပဲနဲ့ Lucius က ပြုံးကာ သူ့သူငယ်ချင်းကို ပြောလိုက်သည်.

"ဟုတ်တာပေါ့ အထက်တန်းလွှာတွေရဲ့ လက်ထပ်ပွဲမှာ အချစ်တွေ ခံစားချက်တွေအတွက် နေရာမရှိဘူး! ငါဘာတွေ စဉ်းစားနေတာပါလိမ့်? Inno, မင်း Viscount Ingreter ဆီကနေ ခွင့်ပြုချက်ရရင် မင်းကို Lady Cekel နဲ့ လက်ထပ်ခွင့်ပေးမယ်"

Sir Ainno က အလေးအနက်ဖြစ်ဟန်နဲ့ ဦးညွှတ်လိုက်သည်.

"ကျေးဇူးကြီးမားလှပါတယ် အရှင်"

"ဒါပေမဲ့ မင်းလက်ထပ်ပြီးရင်တော့ မင်းမိန်းမနဲ့ ပြဿနာဖြစ်တိုင်း ငါ့ဆီ မလာတာကောင်းမယ်, ဟုတ်ပြီလား?"

"ကျွန်တော် အရှင့်စကားတွေနဲ့ အကြံတွေကို သေချာနားထောင်ပါ့မယ်"

Sir Ainno ရဲ့မိဘတွေနဲ့ ညီတွေက Nanaba မှာပဲ ရှိနေသေးသည်. Lady Cekel ကို လက်ထပ်မဲ့အကြောင်း သူ့မိဘတွေကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်. သူက သူတို့ရဲ့ခွင့်ပြုချက်ကို တောင်းခံမှာမဟုတ်ပဲ သူတို့သိအောင်သာ ပြောပြမှာဖြစ်သည်.

Lucius က Sir Ainno ကို အားကျစွာနဲ့ ကြည့်လိုက်ပြီး စိုးရိမ်မှုတွေလဲ ရှိနေသည်. 

Continue Reading

You'll Also Like

40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
2.6M 153K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...