Emperor and the Knightness (Z...

Від CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... Більше

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၈၄

39 5 0
Від CrystSnow

Poliana က သူမလက်ညှိုးကို ပါးစပ်နားတေ့ကာ Frau ကို အချက်ပေးလိုက်သည်. တခြားတော်ဝင်သမားတော်တွေက သူမကိုမှတ်မိသွားမှာ မတတ်နိုင်ပေမဲ့ ဒီနေရာမှာရှိနေတဲ့လူတိုင်းကိုတော့ Marquess Winter ရောက်နေတယ်ဆိုတာကို မသိစေချင်ပေ.

သူမက Frau ကိုပြောလိုက်သည်.

"အသံအကျယ်ကြီးမထွက်နဲ့ ငါ့အကြောင်းလူတွေပြောမှာ မလိုချင်ဘူး"

"ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ Marquess?"

"မြို့တော်မှာ အရေပြားရောဂါဖြစ်နေတယ်လို့ အရှင်က ပြောတယ်. မင်းကိုလဲ ဒီနေရာကို လာစစ်ခိုင်းထားတယ်ဆိုတော့ ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်တာ"

Poliana က သိချင်စိတ်တစ်ခုတည်းနဲ့ လာခဲ့တာဖြစ်ပေမဲ့ သူမက အဆင့်မြင့်အစိုးရအရာရှိဖြစ်တာကြောင့် သူမအနေနဲ့ ဆေးရုံအကြောင်းတော့ သိထားသင့်သည်. Frau က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့နေရာကို ခဏကြည့်ခိုင်းကာ Poliana က သတင်းပို့လိုက်သည်.

အရေပြားရောဂါအသစ်က မြို့တော်အနှံ့လျင်မြန်စွာပျံ့နှံ့နေပေမဲ့ အရမ်းပြင်းထန်တဲ့ ရောဂါတော့မဟုတ်ပေ. ရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ပဲ ပိုးကောင်ကိုက်တာနဲ့ ဆင်တူသည်. အသေးစိတ်သိပြီးသွားတော့ Poliana က စိတ်သက်သာရာရသွားကာ ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်သည်.

Frau ကို ကြည့်ရတာ တခြားတော်ဝင်သမားတော်တွေထက် သာမာန်လူတန်းစားတွေကို ပိုပြီး သက်တောင့်သက်သာ ဆက်ဆံနိုင်ပုံရသည်. သာမန်လူတန်းစားတွေကို ဆေးကုသပေးရင်း ဖမ်းမိတဲ့အကြောင်း ကောလဟာလက မှန်ကန်ပုံရသည်.

Poliana ကမေးလိုက်သည်.

"မင်းက သာမန်လူတန်းစားတွေကို ကုပေးနေတယ်လို့ ငါကြားထားတာ ဟုတ်နေတာပေါ့?"

"ဟုတ်ပါတယ်. ကျွန်တော့်ဆရာက ဖမ်းမိသွားတာ ပြီးတော့ တော်ဝင်ရဲတိုက်ကနေ မောင်းထုတ်တော့မလို့ပဲ"

Frau ရဲ့ မျက်နှာက တောင့်တင်းလာသည်. Poliana က ထပ်မေးလိုက်သည်.

"အဲ့တာဆို မင်းဆေးကုပေးတာတွေအတွက် ပိုက်ဆံယူတယ်ဆိုတာလဲ မှန်တာပေါ့?"

"အဲ.. အဲ့တုန်းက ကျွန်တော်က သာမန်လူတန်းစားတွေအတွက် ဆေးရုံဖွင့်မလို့ စဉ်းစားခဲ့တာ. ပရဟိတတော့မဟုတ်ဘူး"

"ဟမ်.. အဲ့တာက သိပ်မကြားဖူးတဲ့ အကြံအစည်ပဲ. ပုံမှန်ဆိုရင် အထက်တန်းလွှာတွေက သာမာန်လူတန်းစားတွေဆီကနေ ပိုက်ဆံမယူပဲ အခမဲ့ဆေးခန်းဖွင့်ဖို့ ရန်ပုံငွေချပေးရမှာလေ"

"..ဟုတ်ပါတယ်"

"မင်း တော်ဝင်ဆေးသင်တန်းကနေ မောင်းမထုတ်ခံရတာကို ငါအံ့ဩတယ်"

"ဟုတ်ကဲ့. ဒါပေမဲ့ ကျွန်တော် တော်တော်လေး အဆူခံလိုက်ရတယ်လေ. ဒါနဲ့ပဲ ကျွန်တော့်ရဲ့အကြံအစည်ကို လက်လျော့လိုက်တာ. ဟဟ"

Frau က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရိုးသားစွာနဲ့ ရှင်းပြလိုက်သည်. Frau ကို သူ့မိသားစုကနေ မောင်းထုတ်ပြီးတဲ့အချိန်မှာ ဒီကိစ္စဖြစ်ခဲ့တာကြောင့် Baron Redikal က သူ့အတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်. ဒါကြောင့်ပဲ Baron Redikal က Frau ကို ရဲတိုက်ကနေ မောင်းမထုတ်ခဲ့တာဖြစ်သည်.

သူက အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ဝင်မဆန့်တော့တာကြောင့် သာမာန်လူတန်းစားတွေအတွက် ဆေးရုံဖွင့်ဖို့ စိတ်ကူးရခဲ့တာဖြစ်သည်. အဲ့တုန်းက အထက်တန်းလွှာတစ်ယောက်အဖြစ် နေထိုင်ဖို့ကို မေ့လိုက်ပြီး သာမာန်လူတန်းစားအဖြစ် နေဖို့ လိုကြောင်း သူထင်ခဲ့သည်.

အခုတော့ အဲ့အကြံက အရမ်းမိုက်မဲတဲ့အကြံဖြစ်ကြောင်း သူသိသွားခဲ့သည်. Frau က Poliana ကို ပြောလိုက်သည်.

"သာမာန်လူတစ်ယောက်လိုနေဖို့ ကျွန်တော် အရမ်းကြိုးစားခဲ့ရတာ"

Poliana က တိတ်တဆိတ်တွေးလိုက်သည်.

'ဝိုး ဒီလူက အရမ်းရိုးသားတာပဲ'

လူအများစုက အကျယ်တဝင့်ထုတ်မပြောရဲတဲ့အကြောင်းအရာကို Frau က ထုတ်ပြောခဲ့သည်. သူက သူမနဲ့ ပတ်သက်ပြီး အရမ်းရိုးသားခဲ့ကာ Poliana ကလဲ ဒီအချက်ကို သဘောကျခဲ့သည်. အမျိုးသမီးအများစုက သူပြောတဲ့အကြောင်းအရာတွေကို သဘောမကျလောက်ပေမဲ့ Poliana ကတော့ သူ့ကို အထင်ကြီးသွားသည်. သူ့ရဲ့အတိတ်က အမှားတွေနဲ့ အားနည်းချက်တွေကို ပြောပြတာက ယောက်ျားတစ်ယောက်အတွက် ခဲယဉ်းတဲ့ကိစ္စဖြစ်ပေမဲ့ Frau ကတော့ ဒီအချက်တွေကို ဂရုမစိုက်ခဲ့ပေ. သူက Poliana သိတဲ့ အမျိုးသားအများစုလိုမျိုး သန်မာချင်ယောင်လဲ မဆောင်ခဲ့ပေ.

ရုတ်တရက် သူမရဲ့အစာအိမ်က အသံအကျယ်ကြီး မြည်လာခဲ့သည်.

တကယ်လို့ Lady Rebecca က သူမရဲ့အဆောင်မှာ စကားပြောခွင့်ပြုခဲ့ရင် Poliana က သူမဆီကနေ မုန့်နည်းနည်းစားလို့ရမှာ ဖြစ်သည်. ဒီနေ့မှာ Poliana က နေ့လည်စာနည်းနည်းပဲစားခဲ့ကာ မြှားပစ်လေ့ကျင့်ခန်းလဲ လုပ်ခဲ့သေးသည်. ဒါကြောင့် သူမဗိုက်ဆာနေတာ အံ့ဩစရာမရှိပေ.

Frau က ပြောလိုက်သည်.

"Marquess, ခင်ဗျားဗိုက်ဆာရင် တစ်ခုခုစားသင့်တယ်"

"မင်းအလုပ်အများကြီးလုပ်ဖို့ ကျန်သေးလား?"

"ဗျာ?. အော် ဟုတ်! တကယ်လို့ ခင်ဗျား ကျွန်တော်နဲ့ စားချင်တယ်ဆိုရင်တော့ ခင်ဗျားနောက်ထပ် ၂ နာရီလောက်ထပ်စောင့်ရလောက်မယ်.."

"ကောင်းပြီလေ.. အဲ့တာဆိုလဲ ငါဒီမှာပဲစားလိုက်တော့မယ်.."

အနီးနားမှာ ဆော့ကစားနေတဲ့ ကလေးငယ်တွေကို Poliana တွေ့လိုက်သည်. သူမက သူတို့ကို လက်ရမ်းပြလိုက်တော့ ကလေးတွေက သူမနားကိုရောက်လာသည်. သူမက ပတ်ဝန်းကျင်ကလူတွေကို ခိုင်းနေကြဖြစ်တာကြောင့် ကလေးတွေကို ခိုင်းရတာ အဆင်ပြေသွားသည်.

ကောင်လေးတစ်ယောက်က မေးလာသည်.

"ကျွန်တော်တို့ကို ဘာလို့ခေါ်တာလဲ?"

"ငါစားဖို့ တစ်ခုခုသွားဝယ်ပြီး ဒီကို လာပို့ပေးစမ်းပါ"

"ကျွန်တော်တို့က ဘာလို့လုပ်ပေးရမှာလဲ?"

"ငါ မင်းတို့ကို ပိုက်ဆံပေးမှာလေ"

ကလေးတွေက တောက်ပစွာနဲ့ ပြုံးလိုက်ပြီး Poliana ကလဲ ပြုံးလိုက်သည်. ပိုက်ဆံက အရမ်းအံ့အားသင့်စရာကောင်းတဲ့ အရာဖြစ်သည်. သူ့မှာ လူတိုင်းကို ပြုံးသွားစေနိုင်တဲ့ အစွမ်းရှိသည်.

အာဏာနဲ့ ပိုက်ဆံက ဒီကမ္ဘာမှာ အကောင်းဆုံးအရာပဲဖြစ်သည်.

ကောင်ငယ်လေးက ပြန်ဖြေလာသည်.

"ကျွန်တော့်ဘာသာ သွားလို့ရတယ်"

"မဟုတ်ဘူး. တခြားကလေးတွေပါခေါ်သွား. ဒီမှာရှိတဲ့ သမားတော်တွေ အားလုံးစားဖို့အတွက် ဝယ်ခဲ့ရေ"

"ဟုတ်ကဲ့ပါ"

Poliana က ကောက်ပဲသီးနှံ, ရွှေနဲ့ ဆားဈေးတွေကို သေချာသိပေမဲ့ ချက်ပြုတ်ပြီးသား အစားအသောက်ကတော့ ဘယ်လောက်ဈေးရှိလဲဆိုတာကို သူမ မသိပေ. သူမက ပိုက်ဆံအများကြီး ပေးလိုက်မိပြီးတော့ ကလေးတွေက စားစရာတွေအများကြီးဝယ်လာခဲ့သည်. သာမာန်လူတန်းစားတွေကို ဆေးကုပေးနေရလို့ မပျော်မရွှင်ဖြစ်နေတဲ့ တော်ဝင်သမားတော်တွေက တောက်ပစွာနဲ့ ပြုံးလာကြသည်. Poliana က လူသိမခံချင်တာကြောင့် Frau က လူနာတစ်ယောက်က ကျေးဇူးတင်လို့ ဒီစားစရာတွေလာပို့တာဖြစ်တဲ့အကြောင်း သူတို့ကို ပြောလိုက်သည်.

သမားတော်တွေက စတင်စားလိုက်ကြသည်. Poliana က သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်လိုက်ကာ သူမနားမှာ အနေရခက်စွာနဲ့ ထိုင်လာတဲ့ Frau နဲ့အတူ စားလိုက်သည်. ခဏလောက် တိတ်ဆိတ်ပြီးသွားတော့ Poliana က သူ့ကို ပြောလိုက်သည်.

"မင်းလက်ထပ်ခွင့်အကြောင်းလေ..."

"ဗျာ!?"

Frau က အလန့်တကြားဖြစ်ကာ အန်ထွက်တော့မလိုဖြစ်သွားသည်. သူက သူမရဲ့ခွင့်လွှတ်မှုရဖို့ ချက်ချင်းဒူးထောက်တောင်းပန်တော့မလိုဖြစ်သွားတာကြောင့် Poliana က အမြန်ပြောလိုက်သည်.

"ငါ သေချာစဉ်းစားလိုက်မယ်"

Frau က အံ့ဩတကြီးဖြစ်သွားတာကြောင့် သူ့ပါးစပ်ထဲက စားစရာတွေအကုန်မြင်လိုက်ရသည်. Poliana က သူ့မေးစေ့ကို တွန်းကာ သူ့ပါးစပ်ကို ပိတ်ပေးလိုက်ပြီး ထပ်ပြောလိုက်သည်.

"အဲ့တာကြောင့် မင်းအကောင်းဆုံးကြိုးစားရမယ်. ငါက ကြိုးစားအားထုတ်တဲ့သူကို သဘောကျတယ်"

"M-m-m-m-m-m-"

"ဟုတ်တယ်. ငါက Acreia ရဲ့ Marquess Poliana Winter"

Frau က ဆက်လက်ဆွံ့အနေသည်. သူက အားနည်းပြီးတော့ တုန့်ဆိုင်းနေပုံရတာကြောင့် Poliana က အနည်းငယ်စိတ်ပျက်သွားသလိုခံစားမိပေမဲ့ ဒါက အရမ်းကြီးကျယ်တဲ့ ကိစ္စတော့မဟုတ်ပေ. သူမက ဘယ်အချိန်မှာ ဆုံးဖြတ်ချက်ချရမလဲဆိုတာကို မသိပေမဲ့ သူမမှာ စဉ်းစားဖို့ အချိန်အများကြီးရှိသည်.

ဆေးရုံအရှေ့မှာ အပျိုကြီးတစ်ယောက်နဲ့ လူပျိုကြီးတစ်ယောက်က မြေပေါ်မှာထိုင်ကာ အတူစားသောက်နေသည်. အမျိုးသမီးက လယ်သမားတစ်ယောက်နဲ့တူပြီး အမျိုးသားကတော့ သူမကို ကြောက်နေပုံရသည်. လေထဲမှာ မီးခိုးငွေ့တွေပြည့်နေတာကြောင့် လူတွေက မျက်ရည်ဝဲလာကြသည်. အစားအသောက်က ဆိုးရွားပြီးတော့ လူနာတွေရဲ့ ညည်းညူသံကလဲ အနှောင့်အယှက်ပေးနေသည်.

ဒီအခြေအနေက စိတ်ကူးယဉ်မဆန်ပေမဲ့ Poliana ကတော့ ရယ်စရာကောင်းတယ်လို့ ထင်နေသည်. သူမက တကယ်ပဲပျော်နေခဲ့တာဖြစ်သည်. သူမရဲ့ ဘာမှမရှိတဲ့အစာအိမ်ထဲကို ဆိုးရွားတဲ့အစားအသောက်တွေနဲ့ ဖြည့်လိုက်ရင်း Poliana က တိတ်တခိုးရယ်လိုက်သည်.

Продовжити читання

Вам також сподобається

172K 6.9K 20
*COMPLETED* Harry, Draco and the other seventh years have come to re-do the year. Draco is struggling with post war Hogwarts and is just trying to b...
1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
96.8K 14.3K 89
His Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခ...
1.1K 105 60
နဂါးအလောင်းကိုးလောင်းဆွဲလာသည့် ထူးဆန်းသော ကြေးနီ ခေါင်းတလားကြီးသည် သူငယ်ချင်း သုံးဆယ့်သုံးဦးကို အခြားလောကသို့ ပို့ဆောင်လိုက်လေသည်။ ရှင်သန်နိုင်ရန်...