ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 34

13.8K 2K 126
By Kay_Wine

MWFV Ch 34

Protecting His Children

Zawgyi Version

စုေပက လင္း Group ထံမွ ေနာက္ထပ္ email တစ္ေစာင္ကိုေတြ႕လိုက္ရေပမယ့္လို႔ မအံ့ၾသသြားခဲ့ဘူး။ ေနာက္ဆုံးက်ေတာ့ သူမက သူတို႔ရဲ႕ website ထဲကို ေဖာက္ထြင္းဝင္ေရာက္သြားခဲ့ၿပီးေတာ့ homepage ေပၚမွာ emoji package တစ္ခုကို ခ်န္ထားခဲ့တာေလ။ ေမွ်ာ္လင့္မထားမိခဲ့တာကေတာ့ ဒီတစ္ေခါက္ email က ရာထူးေနရာႏွင့္ လစာအေၾကာင္း ရွင္းလင္းခ်က္ႏွင့္အတူ ေပးပို႔လာခဲ့တဲ့ တကယ့္ အလုပ္အကိုင္ကမ္းလွမ္းခ်က္ တစ္ခုျဖစ္တယ္ဆိုတာပါပဲ။ တစ္ျခားကုမၸဏီေတြရဲ႕အၿပိဳင္အဆိုင္ကမ္းလွမ္းခ်က္ေတြနဲ႔စာရင္ ဒီ email က ရွင္းရွင္းလင္းလင္းႀကီးကို တည့္တိုးဆန္လွတယ္ : ပြင့္ပြင့္လင္းလင္းႏွင့္ ရက္ရက္ေရာေရာပင္။

စုေပရဲ႕မ်က္လုံးေတြက ကမ္းလွမ္းလာတဲ့လစာထဲက '0' အတန္းလိုက္ႀကီးကို တစ္ခ်က္ၾကည့္လိုက္မိတယ္။ တခဏေလာက္အထိ သူမႏွလုံးသားေလးက ေသြးေဆာင္ျဖားေယာင္းခံလိုက္ရသလိုပါပဲ။ ဒါကို သူမဖက္က လက္မခံခ်င္တာေၾကာင့္ မဟုတ္ေပမယ့္လို႔ ကံမေကာင္းစြာနဲ႔ပဲ သူမအေျခအေနက ခြင့္မျပဳခဲ့ေလဘူး။

စုေပက ခဏေလာက္စဥ္းစားလိုက္ၿပီးမွ လင္း Group ထံသို႔ ကမ္းလွမ္းခ်က္အား ျငင္းပယ္ေၾကာင္း ျပန္စာတစ္ေစာင္ ေရးလိုက္တယ္။ စာပို႔ၿပီး သိပ္မၾကာခင္မွာပဲ သူမေနာက္ email တစ္ေစာင္ကို လက္ခံရရွိခဲ့တယ္ : [လင္း Group က အခုေလာေလာဆယ္မွာ network security စီမံကိန္းအသစ္တစ္ခုကို ျပင္ဆင္ေနတဲ့ အလယ္အလတ္ကာလမွာပါ။ ဒီအဆင့္မွာေတာ့ နည္းပညာပိုင္းဆိုင္ရာလမ္းၫႊန္ခ်က္ေတြကို ေထာက္ပံ့ေပးႏိုင္မယ့္ ေခါင္းေဆာင္တစ္ေယာက္ကို အသည္းအသန္လိုအပ္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္ တစ္ရာရာခိုင္ႏႈန္းေသာ စစ္မွန္႐ိုးသားမႈျဖင့္ ဖိတ္ေခၚအပ္ပါတယ္...]

ဒါက တစ္ျခားေသာ email မ်ားမွာပါဝင္တဲ့ တရားဝင္ပုံေသစကားစုေတြနဲ႔ လုံးဝကိုကြဲျပားျခားနားေနေလတယ္။ စုေပက screen ေပၚမွာေပၚေနတဲ့ စကားလုံးေတြကေန စစ္မွန္႐ိုးသားမႈကို ျဖည္းျဖည္းခ်င္းေတြးဆေနမိတယ္။ Email ႏွင့္အတူ စာ႐ြက္စာတမ္းတစ္ခုကိုပါ တြဲလ်က္ေပးပို႔လာခဲ့တယ္။ စုေပက file ကို download လုပ္လိုက္ၿပီးေတာ့ ထိုအရာကိုႏွိပ္ကာဖြင့္ၾကည့္လိုက္တဲ့အခါ စီမံကိန္း plan တစ္ခုကို ေတြ႕လိုက္ရတယ္။

သူမအံ့အားသင့္သြားခဲ့ရတယ္ : ဘာျဖစ္လို႔လည္းဆိုေတာ့ တစ္ဖက္လူက တစ္ခါမွေတာင္မေတြ႕ဖူးေသးတဲ့ တစ္စုံတစ္ေယာက္ထံ ဒီလိုအေရးႀကီးစာ႐ြက္စာတမ္းတစ္ခုကို တိုက္႐ိုက္ႀကီးေပးပို႔လာတဲ့အျပင္ အဲဒီထဲမွာပါတဲ့ အေၾကာင္းအရာေတြေၾကာင့္လည္းျဖစ္တယ္။

--စုေပ အရင္ကူးေျပာင္းလာခဲ့တဲ့ကမာၻက အခုလက္ရွိကမာၻထက္ ခုႏွစ္ႏွစ္၊ ရွစ္ႏွစ္ေလာက္ေစာၿပီး ပိုမိုဖြံ႕ၿဖိဳး တိုးတက္ေနခဲ့တဲ့ကမာၻတစ္ခုျဖစ္တယ္။ လင္း Group ရဲ႕ 'network security စီမံကိန္းအသစ္' က အခုေလာေလာဆယ္မွာေတာ့ ကနဦးအဆင့္သာရွိေသးေပမယ့္ အဲဒီကမာၻမွာ အထူးအာ႐ုံစိုက္ခံရတဲ့ စနစ္တစ္ခုျဖစ္လာခဲ့ၿပီးေတာ့ လူ႔သက္တမ္းတစ္ေလွ်ာက္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳခဲ့ၾကတာျဖစ္တယ္။ လင္း Group ကေတာ့ သူမခန႔္မွန္းခဲ့တဲ့အတိုင္း ဒီအရည္႐ႊမ္းတဲ့အသားကိုကိုက္စားမယ့္ ပထမဆုံးေသာ တစ္ေယာက္ျဖစ္လာလိမ့္မယ္။

သူမရဲ႕အံ့အားသင့္မႈေတြကို အသာထားလိုက္ၿပီးေတာ့ စုေပက လင္း Group ထံမွ ေပးပို႔လာခဲ့တဲ့ စာ႐ြက္စာတမ္းေတြကို ေသေသခ်ာခ်ာစတင္ဖတ္ရႈခဲ့တယ္။ တစ္ခ်ိဳ႕အစိတ္အပိုင္းေတြက မျပည့္စုံေသးတဲ့အျပင္ ေကာင္းေကာင္းမဖြံ႕ၿဖိဳးေသးေပ။ အခုေလာေလာဆယ္ေတာ့ စုေပလည္း ဒါေတြအားလုံးကို အျပည့္အ၀ မေျဖရွင္းႏိုင္ေသးဘူး။ သို႔ေပသိ သူမက ထိုစီမံကိန္းထဲမွ ေျမာက္မ်ားလွစြာေသာ သိသာထင္ရွားတဲ့ ျပႆနာမ်ားကို ေထာက္ျပေပးခဲ့တယ္။ သူမတစ္ျခားကမာၻမွာေလ့လာထားခဲ့တဲ့ ဗဟုသုတေတြအေပၚ အေျခခံကာ ေျဖရွင္းခ်က္ေတြကိုေရးခ်လိုက္ၿပီးေနာက္ သူမ၏ကိုယ္ပိုင္နားလည္သေဘာေပါက္မႈႏွင့္ အႀကံျပဳခ်က္မ်ားကိုပါ ထပ္မံျဖည့္စြက္ခဲ့တယ္။

စုေပက သူမအခုေလးတင္ေရးလိုက္တဲ့ အေၾကာင္းအရာေတြကို ျပန္လည္ဖတ္ရႈလိုက္ၿပီးမွ လင္း Group ထံသို႔ ေပးပို႔လိုက္တယ္။ ထို႔ေနာက္ သူမကြန္ပ်ဴတာကိုပိတ္လိုက္တယ္။ သူမအတြက္ အလုပ္လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ေပမယ့္လို႔ အႀကံေပးခ်က္တစ္ခ်ိဳ႕ ေပးပို႔ေပးတာေလာက္ကေတာ့ ျပႆနာမရွိေလဘူး။ တကယ္လို႔မ်ား အနာဂါတ္ကာလမွာ ဒီလုံၿခဳံေရးနည္းပညာက တကယ္ႀကီးေပါက္သြားခဲ့မယ္ဆိုရင္ေတာ့ျဖင့္ သူမက လူမသိသူမသိ သူရဲေကာင္းတစ္ေယာက္ျဖစ္လာလိမ့္မယ္ေလ။ စုေပက အိပ္ယာမဝင္ခင္ ေပ်ာ္႐ႊင္ျမဴးတူးစြာနဲ႔ ေတြးလိုက္တယ္။ သို႔ေသာ္ျငား သူမရဲ႕ email က လင္း Group ၏ လုံၿခဳံေရးနည္းပညာဌာနမွာ ဘယ္ေလာက္အထိ တုန္လႈပ္႐ိုက္ခတ္သြားေစခဲ့သလဲဆိုတာကိုေတာ့ သူမ မသိခဲ့ေလဘူး။

ဥကၠဌေလးလင္း၏လက္ေထာက္ေလးႏွင့္ နည္းပညာဌာနမွ ေျမာက္မ်ားလွစြာေသာ အေရးႀကီးပုဂၢိဳလ္မ်ားဟာ ႐ုတ္တရက္ ညႀကီးမင္းႀကီးကုမၸဏီသို႔အေခၚခံၾကရတယ္။ အစည္းအေဝး၏အေၾကာင္းအရာကေတာ့ နည္းပညာပိုင္းကို အဆင့္ျမင့္တင္ရန္ႏွင့္ Q ၏ email တြင္ ေဖာ္ျပထားသည့္အႀကဳံျပဳခ်က္အတိုင္း plan ကို တိုးတက္ေအာင္ေဆာင္႐ြက္ၾကရန္ျဖစ္တယ္။

-----

ေနာက္တစ္ရက္တြင္ စုေပႏွင့္စုေရွာင္ေပါင္တို႔ ေက်ာင္းကိုေရာက္လာၾကတဲ့အခ်ိန္မွာ သူတို႔က ခ်က္ခ်င္းဆိုသလို တစ္ခုခုမွားေနေၾကာင္း သတိထားမိခဲ့ၾကတယ္။

ဘာျဖစ္လို႔ ဒီေလာက္လူေတြအမ်ားႀကီးက သူတို႔ကိုစိုက္ၾကည့္ေနၾကရတာလဲ?

အကယ္၍မ်ား ဒါက မေန႔တုန္းက စုေပရဲ႕ေဖ်ာ္ေျဖတင္ဆက္မႈက ေဆာင္ၾကဥ္းလာခဲ့တဲ့ 'ဆြဲေဆာင္အား' ေၾကာင့္ဆိုရင္ေတာ့ ဒါႀကီးကအရမ္းကိုလြန္လြန္းသြားၿပီေလ။ ေနာက္ၿပီး စုေပကိုတင္မကပဲ မိန္းကေလး ေတာ္ေတာ္မ်ားမ်ားက 'ေခ်ာေမာခန႔္ညားေသာသခင္ေလးစု' အေၾကာင္းႏွင့္ပတ္သတ္ၿပီးေတာ့လည္း တီးတိုးေျပာဆိုေနၾကပုံရတယ္။

သူတို႔ရဲ႕စာသင္ခန္းကိုမေရာက္ေသးခင္အထိ ဒီထူးဆန္းတဲ့ေလထုႀကီးက မေပ်ာက္ျပယ္သြားေသးတဲ့အျပင္ စုေပ၏ေဘးခ်င္းကပ္အတန္းေဖာ္ကိုေတာင္ ကူးစက္သြားေစခဲ့တယ္။

"ဘာေတြျဖစ္ေနၾကတာလဲ?" ပထမဆုံးကိုယ္ပိုင္စာၾကည့္ခ်ိန္မွာ စုေပက တုန႔္ဝိန္ခ်ီကိုေမးလိုက္တယ္။

"အခုဘာေတြျဖစ္ေနတာလဲဆိုတာကို နင္လုံးဝမသိဘူးလား?" တုန႔္ဝိန္ခ်ီက အံ့ၾသသြားခဲ့တယ္။ "နင္နဲ႔ စုေရွာင္ေပါင္တို႔ရဲ႕ေနာက္ခံက အခုေလာေလာဆယ္ ေက်ာင္းပရိဝုဏ္တစ္ခုလုံးေရာ ဖိုရမ္မွာပါ hot အျဖစ္ဆုံး topic တစ္ခုျဖစ္ေနတာႀကီးကို နင္မသိဘူးလား?"

ဒီအရာေတြက ပြင့္လင္းျမင္သာတဲ့ဓာတ္ပုံတစ္ပုံက အစျပဳခဲ့တာျဖစ္တယ္ : suit ႏွင့္ leather shoes ဝတ္ဆင္ထားတဲ့ ေယာက္်ားတစ္ေယာက္က '၇၇၇၇၇' ကားနံပါတ္ျပားႏွင့္ ကားအေရွ႕မွာမတ္တပ္ရပ္ေနခဲ့တယ္။ အဲဒီေနရာမွာ စုေရွာင္ေပါင္ကိုဆြဲေခၚေနတဲ့ စုေပလည္းရွိေနခဲ့ၿပီးေတာ့ ထိုေယာက္်ားအား ႏႈတ္ဆက္ေနဟန္ သူမလက္ေတြကို ေဝ့ယမ္းေနခဲ့တယ္။

ဒီဓာတ္ပုံက group အေသးစားေလးအတြင္း ပထမဆုံးမွ်ေဝခဲ့ၾကၿပီး ေနာက္ပိုင္းမွာ ပိုမိုက်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံႏွံ႔လာခဲ့ကာ ေနာက္ဆုံး တစ္စုံတစ္ေယာက္က ေက်ာင္းဖိုရမ္ေပၚမွာ တိုက္႐ိုက္တင္လိုက္သည့္အထိပင္။

အစပိုင္းမွာေတာ့ မိန္းကေလးမ်ားၾကားက topic က ႐ိုးရွင္းလွတယ္ : ဒီဦးေလးႀကီးနဲ႔ သခင္ေလးစုက ႐ုပ္ဆင္တယ္ဆိုေတာ့ သူက အမႊာေတြရဲ႕အေဖမ်ားလား? သူက အရမ္းေခ်ာတာပဲေနာ္။ ေဖေဖစုက တကယ္ႀကီးကို သခင္ေလးစုလိုမ်ိဳးေခ်ာတယ္...

သိပ္မၾကာခင္မွာပဲ တစ္စုံတစ္ေယာက္က ေဖေဖစု၏ identity ကို ႐ုတ္တရက္ ေဖာက္ထုတ္လိုက္ေတာ့တယ္ :

[ဖာ့ခ္! ငါ့မ်က္လုံးေတြေကာင္းေနေသးတယ္ဆိုရင္ေတာ့ ဓာတ္ပုံထဲကလူက ေသခ်ာေပါက္ ခ်င္ Group ရဲ႕ ဥကၠဌပဲ!]

ဒီတစ္ေၾကာင္းတည္းနဲ႔တင္ ခ်က္ခ်င္းဆိုသလို လႈိင္းေပါင္းမ်ားစြာ ႐ိုက္ခတ္သြားေစခဲ့တယ္။

"စုေပ, ဒါအမွန္ပဲလား? နင့္အေဖက ခ်င္ Group ရဲ႕ ဥကၠဌဆိုတာ တကယ္ႀကီးလား?" တုန႔္ဝိန္ခ်ီက စုေပရဲ႕လက္ကို ဆြဲလိုက္တယ္။

စုေပက ေခါင္းၿငိမ့္ျပလိုက္တယ္။

"ဘုရားေရ, ဒါဆိုတကယ္ပဲေပါ့!"

စုေပ : "..."

သူမေဘးခ်င္းကပ္အတန္းေဖာ္၏ အမွန္တကယ္အံ့အားသင့္ေနတဲ့မ်က္ႏွာကိုေတြ႕လိုက္ရေတာ့ စုေပရဲ႕ႏႈတ္ခမ္းေတြ အသာတြန႔္လိုက္ၿပီးေတာ့ : သူမ အရမ္းကိုခ်ဲ႕ကားလြန္းေနတာမ်ားလား? အဲလိုပုံလည္း မေပါက္ပါဘူး။

စုေပေတြးလိုက္တာက : ဝတၳဳထဲမွာဆိုရင္ ဇာတ္လိုက္က ခ်င္ေရွာက္ကို အႏိုင္မရေသးခင္အခ်ိန္အထိ ဒီအသိုင္းအဝိုင္းမွာ ခ်င္ Group ဟာဆိုရင္ အၿမဲတမ္းလိုလို အျမင့္ဆုံးတည္ရွိမႈတစ္ခုအျဖစ္ ရပ္တည္ႏိုင္ခဲ့တယ္။ ဒီရပ္တည္မႈႏွင့္စာရင္ေတာ့ ရွဲ႕မိသားစုႏွင့္ ယဲ့မိသားစုတို႔လိုမ်ိဳး ေရွးက်တဲ့မိသားစုေတြေတာင္မွ ေနာက္က်က်န္ေနခဲ့ၾကတာျဖစ္တယ္။

ေနာက္ၿပီး Mr.ခ်င္က ဒဏၰာရီထဲကအျမင့္မားဆုံးလူသားတစ္ေယာက္ျဖစ္တယ္။

"နင္ေျပာေတာ့ အဲဒါကအခုေလာေလာဆယ္ ဖိုရမ္ထဲမွာပ်ံ႕ေနတယ္ဆို?" စုေပက ေမးလိုက္တယ္။ 'Red Hacker Challenge' ေၾကာင့္ သူမလတ္တေလာ ေက်ာင္းဖိုရမ္ကို စစ္ေဆးဖို႔အခ်ိန္မရွိခဲ့ဘူး။

"ဟုတ္တယ္ေလ, မေန႔ကညကတည္းကစတာပဲ"

စုေပရဲ႕မ်က္ႏွာ တည္သြားၿပီးေတာ့ : "တိတိက်က် သူတို႔ဘာအေၾကာင္းေတြေျပာၾကလဲ?"

Mr.ခ်င္က သူတို႔ကိုလက္ခံလိုက္ၿပီးေနာက္ သူမႏွင့္စုေရွာင္ေပါင္တို႔ရဲ႕ identity ေတြက အေႏွးနဲ႔အျမန္ဆိုသလို ေပၚထြက္လာခဲ့တယ္။ အခုခ်ိန္အထိကို စုေပက လူေတြရဲ႕အျမင္ကိုရင္ဆိုင္ရမွာကို အနည္းငယ္ေၾကာက္႐ြံေနဆဲ ျဖစ္တယ္။ သူတို႔အရင္ေက်ာင္းမွာဆိုရင္ သူတို႔၏မိသားစုအေျခအေနႏွင့္ပတ္သတ္တဲ့ ေကာလဟာလေတြေၾကာင့္ ဘယ္သူကမွ စုေရွာင္ေပါင္နဲ႔ မကစားခ်င္ၾကဘူး။ ဒီလိုမ်ိဳးေတြေၾကာင့္သာ မဟုတ္ခဲ့ဘူးဆိုရင္ သူ႔ပင္ကိုယ္စ႐ိုက္က အမ်ားႀကီးပိုမို႐ႊင္လန္းတက္ႂကြေနမွာပဲျဖစ္တယ္။

ဒီတစ္ေခါက္က်ေတာ့ေရာ...

အကယ္၍မ်ား တုန႔္ဝိန္ခ်ီက ဒီအခ်ိန္မွာ စုေပရဲ႕အေတြးေတြကို သိေနခဲ့မယ္ဆိုရင္ေတာင္မွ သူမက(တုန႔္ဝိန္ခ်ီ) ေသခ်ာေပါက္ သူ႔(စုေပ)ေခါင္းေလးကိုပုတ္ေပးၿပီး စကားတစ္ခြန္းေျပာလိုက္မွာကေတာ့ : နင္အေတြးလြန္ေနၿပီ။

"ခဏေလးေနပါအုန္းဟ... တစ္ဝက္က နင့္ကိုေယာင္းမေတာ္ခ်င္ေနၾကတာ။ ေနာက္တစ္ဝက္ကက်ေတာ့ စုေရွာင္ေပါင္ရဲ႕ေယာက္ဖေတာ္ခ်င္လို႔ ပြက္ေလာ႐ိုက္ေနၾကတာေလ။ စကားမစပ္, ဟိုလိုေျပာေနၾကတဲ့ အဖြဲ႕တစ္ခုေတာင္ရွိေသး ဟီး ဟီး...အဲဒါကေလ သူတို႔ကနင္တို႔ရဲ႕မိေထြးျဖစ္ခ်င္ေနၾကတာတဲ့"

စုေပ : "ဟာ?"

"ဘာပဲျဖစ္ျဖစ္ပါ, နင့္ဘာနင္သာၾကည့္လိုက္ေတာ့" တုန႔္ဝိန္ခ်ီက စုေပထံ ဖုန္းလွမ္းေပးလိုက္တယ္။

သူမဖိုရမ္ကို ဖြင့္လိုက္တာနဲ႔တစ္ၿပိဳင္နက္တည္း စုေပက ပြင့္လင္းျမင္သာတဲ့ဓာတ္ပုံကို ေတြ႕လိုက္ရတယ္။ ဒီပုံက သူမစုေရွာင္ေပါင္ကို ေက်ာင္းသို႔ဆြဲေခၚသြားခ်ိန္မွာ ႐ိုက္ယူထားတာျဖစ္တယ္။ ဓာတ္ပုံထဲမွာေတာ့ သူမမ်က္ႏွာက ေပ်ာ္႐ႊင္မႈႏွင့္ စိတ္႐ႊင္လန္းတက္ႂကြမႈတို႔အျပည့္ျဖစ္ေနခဲ့တယ္။ စုေရွာင္ေပါင္ကလည္း သူ႔ႏႈတ္ခမ္းေတြက အနည္းငယ္ေကာ့တက္ေနခဲ့ၿပီး စိတ္အေျခအေနေကာင္းမြန္ေနတယ္ဆိုတာ သိသာထင္ရွားေနတာပင္။

ေနာက္ၿပီး Mr.ခ်င္က တကယ္ႀကီးကို ရယ္ေမာေနခဲ့တာ!

သူတို႔ မေန႔ကေက်ာင္းဂိတ္ေပါက္ဝမွာ ရွိေနစဥ္တုန္းက Mr.ခ်င္က မ်က္ႏွာႀကီးကိုတည္ထားခဲ့ၿပီးေတာ့ စုေပက သူ႔ကိုတည့္တည့္ေတာင္ မၾကည့္ရဲခဲ့ဘူး။ သူမေနာက္လွည့္လိုက္တာနဲ႔ပဲ Mr.ခ်င္က သူ႔မ်က္ႏွာေပၚမွာ ဒီလိုအမူအရာမ်ိဳး လုပ္လိမ့္မယ္လို႔ ဘယ္သူကထင္မွာလဲ? သူတို႔ထြက္သြားတာကိုၾကည့္ရင္း ဒီလူက ၿပဳံးရယ္ေနခဲ့တယ္။ သူ႔မ်က္ႏွာေပၚမွာ ဂုဏ္ယူဝံ့ႂကြားမႈအရိပ္အႁမြက္ေလးတစ္ခုရွိေနခဲ့ၿပီး ေခါင္းကိုက္မႈ အနည္းငယ္ႏွင့္ ကူကယ္ရာမဲ့မႈႏွင့္အတူ သာမန္ဖခင္တစ္ေယာက္က သူ႔ကေလးေတြကို ၾကည့္ေနသလိုမ်ိဳး ျဖစ္ေနခဲ့တယ္။ စုေပရဲ႕လက္ေခ်ာင္းေတြက ဖုန္းမ်က္ႏွာျပင္ေပၚသို႔ အသာအယာ ထိေတြ႕ေနခဲ့တယ္။ သူမႏႈတ္ခမ္းေထာင့္ေလးမွာ အၿပဳံးတစ္ခု ေပၚထြက္လာခဲ့တယ္။ သူမ၏မိုဘိုင္းဖုန္းကို ထုတ္လိုက္ၿပီးေတာ့ ဓာတ္ပုံကိုထည့္သိမ္းလိုက္ေတာ့တယ္။

ဖိုရမ္ကို အထက္ေအာက္ေ႐ြ႕လ်ားလိုက္ေတာ့ စုေပက တုန႔္ဝိန္ခ်ီေျပာတဲ့ မယုံၾကည္ႏိုင္စရာ comment ေတြကို ေတြ႕လိုက္ရေတာ့တယ္။ ေသခ်ာတာေပါ့, အမႊာေတြရဲ႕ေနာက္ခံႏွင့္ပတ္သတ္ၿပီး အခ်ိဳ႕ေသာ ဆိုး႐ြားတဲ့ ေဆြးေႏြးခ်က္ေတြလည္း ရွိေနခဲ့တယ္ေလ :

[စုေပနဲ႔စုေရွာင္ေပါင္တို႔က တကယ္တမ္းက်ေတာ့ ခ်င္မိသားစုကတဲ့! ဖာ့ခ္, ဘယ္ေလာက္လန႔္စရာ ေကာင္းလိုက္လဲ]

[အဲဒီႏွစ္ေယာက္လုံးက သိပ္ကိုနိမ့္က်လြန္းတယ္]

[မနာလိုစရာေကာင္းလိုက္တာ]

[မနာလိုမႈ +၁]

[ဒါဆို သခင္ေလးစုက တကယ္တမ္းက်ေတာ့ သခင္ေလးခ်င္ေပါ့?]

-----

Comment area မွာေတာ့ [စု-မုန္းတီးေရးတပ္ဖြဲ႕] ႀကီးကလည္း မတက္ႂကြပဲမေနႏိုင္ခဲ့ေလဘူး။

[ဒါကထူးဆန္းတယ္လို႔ နင္တို႔မထင္ၾကဘူးလား? ၾကည့္ရတာေတာ့ ဥကၠဌခ်င္က လက္မထက္ရေသးတဲ့ပုံပဲ, ဟုတ္တယ္မလား? သူ႔မွာကေလးႏွစ္ေယာက္ရွိတယ္လို႔ ငါလုံးဝမၾကားဖူးဘူးေလ။ ဘာျဖစ္လို႔ သူက ႐ုတ္တရက္ႀကီး စုေပနဲ႔စုေရွာင္ေပါင္တို႔ရဲ႕အေဖျဖစ္သြားရတာလဲ?]

[နင္မျမင္ဘူးလား စုေပနဲ႔စုေရွာင္ေပါင္တို႔ရဲ႕မ်ိဳး႐ိုးနာမည္က စု ေလ၊ ခ်င္ မွမဟုတ္တာႀကီးကို?]

ဒီလို comment ေတြက အလယ္မွာ ႀကိဳၾကားႀကိဳၾကားေပၚထြက္လာခဲ့တယ္။ အေတာ္ေလး စိတ္အေႏွာင့္အယွက္ ျဖစ္ေစေသာ္ျငား သူတို႔ေတြကို ေဒါသထြက္ေနၾကတဲ့ supporter ေတြက အလ်င္အျမန္ျပန္လြင့္စင္သြားေစခဲ့တယ္။ စုေရွာင္ေပါင္က ေက်ာင္းမွာ fan အနည္းငယ္ရွိတာျဖစ္တယ္။ မေန႔က 'အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ' အၿပီးမွာေတာ့ စုေပလည္း supporter မ်ားစြာကိုရရွိခဲ့တယ္။

[ဥကၠဌခ်င္က သူ႔မိသားစုအေၾကာင္းကို နင့္ကိုတင္ျပေနရအုန္းမွာလား?]

[တစ္ခ်ိဳ႕မိသားစုေတြက သူတို႔ကေလးေတြရဲ႕ identity ေတြကိုဖုံးကြယ္ထားၿပီးေတာ့ ကာကြယ္ေပးၾကတာ။ နင္ သူတို႔ကိုမၾကားဖူးဘူးဆိုတာ ပုံမွန္ပဲေလ]

[ဟုတ္တယ္။ သခင္ေလးယဲ့လည္း သူ႔အသက္ ၁၀ႏွစ္အထိ သူ႔အေမမ်ိဳး႐ိုးကိုပဲ သုံးခဲ့တာပဲေလ]

အမွန္စစ္စစ္ေတာ့ အထူးအေျခအေနရွိၾကတဲ့အခ်ိဳ႕ေသာမိသားစုေတြက ပုံမွန္အားျဖင့္ သူတို႔၏ကေလးမ်ားႏွင့္ အေမြဆက္ခံသူမ်ားကို တင္းတင္းၾကပ္ၾကပ္ ကာကြယ္ေစာင့္ေရွာက္ထားၾကတာျဖစ္တယ္။ ထိုကဲ့သို႔ေသာ ကေလးမ်ားကို သူတို႔ႀကီးျပင္းလာသည္အခ်ိန္အထိ လုံးလုံးမၾကားဖူးၾကဘူးဆိုသည္မွာ အထူးအဆန္းတစ္ခု မဟုတ္ေပ။ အမွန္အတိုင္းေျပာရလွ်င္ စုေပႏွင့္စုေရွာင္ေပါင္တို႔၏အေျခအေနက တကယ္တမ္း ထူးျခားေသာ္ျငား ေက်ာင္းကတစ္ဦးတစ္ေယာက္မွ မသိရွိခဲ့ၾကဘူး။

ဒီ comment ေတြကိုဖတ္ရင္းနဲ႔ စုေပရဲ႕မ်က္ႏွာက အနည္းငယ္ပူလာခဲ့ေပမယ့္ ဝမ္းနည္းတာေတြ စိတ္ဓာတ္က်တာေတြကိုေတာ့ သူ မခံစားခဲ့ရဘူး။ ဒီေန႔ဖိုရမ္ထဲမွာ အသားေပးခံရတဲ့ေလေျပသတင္းက ေက်ာင္းမွာ သူတို႔ရဲ႕လူႀကိဳက္မ်ားမႈႏွင့္ လုံးဝမသက္ဆိုင္ဘူးဆိုတာကို စုေပက သိေနခဲ့တယ္။ အေရးအႀကီးဆုံး အေၾကာင္းရင္းတစ္ခ်က္ကေတာ့ သူမႏွင့္စုေရွာင္ေပါင္တို႔က အခုေလာေလာဆယ္မွာ 'ခ်င္' ဆိုတဲ့နာမည္ အတပ္ခံေနရတာပင္။ ဒီေက်ာင္းမွာေတာ့ အျမင့္ဆုံးတည္ရွိမႈျဖစ္တဲ့ ရွဲ႕မင္႐ႊမ္းႏွင့္ယဲ့ခ်န္တို႔ကို တစ္ေယာက္မွ ရန္မစရဲၾကတဲ့အျပင္ ခ်င္မိသားစုကိုလည္း အမွားမလုပ္ရဲပဲလႊတ္ထားေပးၾကတာျဖစ္တယ္။

-----

ဒီအခ်ိန္မွာပဲ [စု-မုန္းတီးေရးတပ္ဖြဲ႕] က စည္းခ်က္ကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနဆဲျဖစ္တယ္။ သို႔ေပမယ့္ ကံဆိုးခ်င္ေတာ့ သူတို႔အင္အားက အားေပ်ာ့ေနတာပင္။ သို႔ေသာ္ ေလေျပေနာက္တစ္ဖန္ ေျပာင္းလဲသြားမွာကို ေစာင့္ဆိုင္းမေနေတာ့ပဲ ေနာက္ထပ္သတင္းတစ္ခုက ေဖာက္ထြက္လာခဲ့ျပန္တယ္။ ဒီတစ္ႀကိမ္မွာေတာ့ ေဝ့မင္အလယ္တန္းေက်ာင္း၏ ေက်ာင္းဖိုရမ္တင္မကပဲ စီးပြားေရးႏွင့္မီဒီယာ အသိုင္းအဝိုင္းတစ္ခုလုံးမွာပါ ေပါက္ကြဲထြက္သြားခဲ့တယ္။

မနက္ ၁၀နာရီမွာ ခ်င္ Group က သူတို႔၏တရားဝင္ခ်န္နယ္လ္မ်ားမွတဆင့္ ေၾကညာခ်က္တစ္ခုကို ထုတ္ျပန္ခဲ့တယ္။ ဒီေၾကညာခ်က္က Mr.ခ်င္ဆီမွာ ကေလးႏွစ္ေယာက္ရွိတယ္ဆိုၿပီး ကေလးေတြရဲ႕ဇစ္ျမစ္ကိုပဲ ရွင္းျပထားတဲ့ေၾကညာခ်က္မ်ိဳး လုံးဝမဟုတ္ေပ။ ဒါက တိုတိုႏွင့္လိုရင္းတိုရင္း ေၾကညာခ်က္တစ္ခုျဖစ္တယ္ : [ခ်င္ Group ၏ ဥကၠဌျဖစ္ေသာ ခ်င္ေရွာက္မွ သူပိုင္ဆိုင္ေသာရွယ္ယာမ်ား၏ ၁၀% ကို ၎၏သားသမီးမ်ား ျဖစ္ေသာ ခ်င္ယြိႏွင့္ခ်င္ယြဲ႕အား တစ္ေယာက္ကို ၅% ဆီလြဲေျပာင္းေပးအပ္လိုက္ပါေၾကာင္း...]

ဒီသတင္းက ခ်က္ခ်င္းဆိုသလို ေရွ႕ဆုံးစာမ်က္ႏွာေခါင္းစီးပိုင္းေတြကို လက္ဝါးႀကီးအုပ္သြားခဲ့တယ္။ လူေတာ္ေတာ္မ်ားမ်ားက ထိတ္လန႔္တုန္လႈပ္သြားၾကရတာကေတာ့ Mr.ခ်င္ဆီမွာ တကယ္ႀကီး ကေလးေတြရွိတယ္, ၿပီးေတာ့ ႏွစ္ေယာက္ေတာင္မွေလ!

တစ္ခ်ိန္တည္းမွာပဲ Mr.ခ်င္က သူအသုံးမျပဳခဲ့တာ ႏွစ္ႏွစ္ေက်ာ္ေက်ာ္ၾကာေနၿပီျဖစ္တဲ့ account တစ္ခုကို ျပန္ဖြင့္လိုက္ၿပီးေတာ့ ေမးခြန္းေပါင္းေျမာက္မ်ားစြာကို ျပန္လည္ေျဖၾကားခဲ့တယ္။

[ဥကၠဌခ်င္ဆီမွာ တကယ္ႀကီး ကေလးေတြရွိတယ္ဆိုတာ ကြၽန္ေတာ္လုံးဝမသိလိုက္ရပါလား!]

ခ်င္ေရွာက္ : ငါ့ဆီမွာ ကေလး ရွိ မရွိ မင္းကို တင္ျပဖို႔လိုေသးလို႔လား?

[အရမ္းလန႔္စရာေကာင္းတာပဲ, အဲ့ကေလးႏွစ္ေယာက္က ဘယ္ကေရာက္လာတာတုန္း?]

ခ်င္ေရွာက္ : ငါ့ဆီက။

[ဥကၠဌခ်င္ရဲ႕ ဒီေန႔လုပ္ေဆာင္ခ်က္က ကေလးေတြရဲ႕ identity ကို ဖြင့္ခ်လိုက္ဖို႔ ျပင္ဆင္ေနတာမလား?]

ခ်င္ေရွာက္ : ငါ့ကေလးေတြက အ႐ြယ္ေရာက္ေနၾကၿပီ။ ငါအခု သူတို႔ေတြကို ေခၚထားလို႔ရၿပီေလ။

-----

ေသခ်ာတာေပါ့, ခ်င္ Group ကေန ထုတ္ျပန္လိုက္တဲ့သတင္းဟာဆိုရင္ အမႊာႏွစ္ေယာက္အတြက္ ကာကြယ္ေစာင့္ေရွာက္ေပးမႈေအာက္မွာျဖစ္ၿပီးေတာ့ [ခ်င္ယြိႏွင့္ခ်င္ယြဲ႕] ဆိုတဲ့နာမည္ႏွစ္ခုအျပင္ တစ္ျခား ဘာအေၾကာင္းအရာမွ ပါဝင္ခဲ့ျခင္းမရွိေပ။ အဲလိုဆိုရင္ေတာင္မွ ေက်ာင္းရွိလူတိုင္းက ဒီေၾကညာခ်က္က စုေပႏွင့္စုေရွာင္ေပါင္ကို ရည္ၫႊန္းတယ္ဆိုတာကို သိႏွင့္ေနၾကၿပီျဖစ္တယ္။

ဒီအခ်ိန္မွာပဲ ေဝ့မင္ေက်ာင္းဖိုရမ္မွာေတာ့ :

[ေက်ာင္းအလွပန္းေလးနဲ႔သခင္ေလးစုတို႔က သူတို႔အေမရဲ႕မ်ိဳး႐ိုးနာမည္ကို ယူထားတာျဖစ္ေလာက္တယ္? ေရွာင္ေပါင္နဲ႔ေရွာင္ေပဆိုတာက နာမည္ေျပာင္ေတြပဲျဖစ္ရမယ္။ ဟား ဟား, ေတာ္ေတာ္ေလး အႏွိမ္ခံထားရတာပဲ, ေဖေဖခ်င္ရဲ႕ေ႐ြးခ်ယ္ျခင္းမခံရတာ အေသအခ်ာပဲေပါ့]

[အိုမိုင္ေဂါ့, သူတို႔ကိုရင္းႏွီးေနပါတယ္လို႔ ငါေတြးေနမိတာကို မအံ့ၾသေတာ့ပါဘူး။ အရင္တုန္းက ဒါ႐ိုက္တာ႐ုံးခန္းထဲမွာ ေက်ာင္းေျပာင္းေက်ာင္းသားႏွစ္ေယာက္ရဲ႕ဖိုင္ေတြကို ငါျမင္ဖူးတယ္။ ဖိုင္ေပၚမွာ အဲဒီနာမည္ႏွစ္ခု ေရးထားတာကိုေတြ႕လိုက္ေတာ့ ငါလည္း အဲဒီအခ်ိန္ကတည္းက သိခ်င္ေနခဲ့တာ]

[ဒါေၾကာင့္မို႔လို႔ စုေပနဲ႔စုေရွာင္ေပါင္ဆိုတာ တကယ္တမ္းက်ေတာ့ နာမည္ေျပာင္ေတြပဲေပါ့, ဟား ဟား ဟား, နည္းနည္းေတာဆန္ေနသလားလို႔ေလ]

[ဟား ဟား, တစ္ခ်ိဳ႕လူေတြက အခုခ်ိန္ထိ သူတို႔ေလးေတြကို တရားဝင္မဟုတ္တဲ့ကေလးေတြဆိုၿပီး မရမက ေျပာဆိုေနၾကတုန္းပဲ။ ငါ့ဖင္ႀကီးကိုပဲ တရားမဝင္ေနလိုက္ေတာ့။ ရွယ္ယာ ၅% ေတာင္ေပးထားၿပီးၿပီကို ဒါက အေမြဆက္ခံသူေတြအတြက္ ကုစားေပးမႈတစ္ခုဆိုတာ အသိသာႀကီးပဲေလ]

[ကမာၻႀကီးကိုတစ္ခါမွမျမင္ဖူးတဲ့ အဲဒီငတုံးငအေတြအတြက္ကေတာ့ ရွယ္ယာ ၅% ဆိုတာ သိပ္မမ်ားဘူးလို႔ ေျပာၾကမွာပဲေလ, ခ်င္ Group ရဲ႕ေဈးကြက္တန္ဖိုး ဘယ္ေလာက္ရွိလဲ နင္တို႔သိၾကလို႔လား?]

[ပြင့္ပြင့္လင္းလင္းေျပာရရင္ ငါတို႔မိသားစုစီးပြားေရးက အေတာ္ေလးေကာင္းတယ္ကြာ။ ဒါေပမယ့္ စုေပရဲ႕ ခ်င္ Group ရွယ္ယာ ၅% က ငါတို႔လိုကုမၸဏီမ်ိဳး ဆယ္ခုေလာက္ကိုဝယ္ႏိုင္တာမ်ိဳးဟ]

-----

အတန္း ၈-၂ မွာေတာ့ စုန႔္ရွင္းယီကလည္း ဖိုရမ္မွာ ဟိုၾကည့္ဒီၾကည့္လုပ္ေနခဲ့တယ္။ သူမအမူအရာက တျဖည္းျဖည္းခ်င္း မဲ့႐ြဲ႕လာခဲ့ၿပီးေတာ့ စားပြဲေအာက္မွာ ဖြက္ထားတဲ့သူ႔လက္သည္းေတြကိုေတာ့ လက္ဖဝါးထဲမွာ နက္နက္ေလးထိုးစိုက္ထားခဲ့တယ္။ မေန႔ညကေန အခုခ်ိန္ထိ စုန႔္ရွင္းယီက ဖိုရမ္၏ စည္းခ်က္ကို ေျပာင္းသြားေစရန္ ႀကိဳးစားျခင္းအလို႔ငွာ သူမ fangirl တစ္ေယာက္ဆီကေန alt account တစ္ခုကို ဌားရမ္းခဲ့တယ္။

အရာအားလုံးက ဒီေလာက္႐ိုးရွင္းလြယ္ကူၿပီး အမွန္မဟုတ္ႏိုင္ေလာက္ဘူးဆိုတာကိုေတာ့ ဘယ္သူမွ သူမထက္ပိုၿပီး မသိႏိုင္ဘူးေလ။ ဖုံးကြယ္ထားတဲ့ identity ကဘာလဲ? စုေပနဲ႔စုေရွာင္ေပါင္တို႔ဆိုတာ အရင္တုန္းက ခ်င္မိသားစုမွာ ရွိမွမရွိခဲ့ၾကတာေလ!

ဒါေပမယ့္ ခ်င္မိသားစုရဲ႕တရားဝင္ထုတ္ျပန္ခ်က္အရ စုန႔္ရွင္းယီရဲ႕စကားေတြကို တစ္ေယာက္မွ ယုံၾကည္ၾကလိမ့္မည္မဟုတ္ေပ။

ဘာလို႔လဲ? ဘာလို႔မ်ား ခ်င္မိသားစုျဖစ္ရတာလဲ?

-----

ေက်ာင္းျပင္ပတြင္ေတာ့ ေနာက္ထပ္ 'ဆူညံပြက္ေလာ႐ိုက္ျခင္း' တစ္မ်ိဳး ရွိေနခဲ့တယ္။

Mr.ခ်င္က သူ႔႐ုံးခန္းထဲမွာထိုင္ေနစဥ္ သူ႔သမီး၏ငယ္႐ြယ္ႏုနယ္ေသာအခ်စ္ကိစၥအေပၚ ဘဝင္မက် ျဖစ္ေနခဲ့တယ္။

ခ်င္ေရွာက္ : "ရွဲ႕မိသားစုက ေကာင္ေလးက ေရွာင္ေပ့ကို မၾကာမၾကာေႏွာင့္ယွက္ေနၾကလား?"

ခ်န္တဲ့က 'ငယ္႐ြယ္ႏုနယ္ေသာအခ်စ္' ျပႆနာႏွင့္ပတ္သတ္ၿပီး Mr.ခ်င္၏ေခါင္းခဲမႈကို မသိရွိတာေၾကာင့္ အနည္းငယ္ အံ့အားသင့္စြာျဖင့္ ေမးျမန္းစူးစမ္းလိုက္တယ္ : ေႏွာင့္ယွက္တယ္...ဒီစကားလုံးႀကီးက နည္းနည္းမ်ားလြန္းေနတယ္မဟုတ္ဘူးလား?

"ရွဲ႕မိသားစုရဲ႕ဒုတိယသခင္ေလးနဲ႔ ေရွာင္ေပါင္တို႔က ဆက္ဆံေရးေကာင္းၾကပါတယ္။ သူတို႔က မၾကာခဏဆိုသလို ဘတ္စကတ္ေဘာ အတူတူကစားၾကတာမို႔လို႔ သူက ေရွာင္ေပနဲ႔လည္း နည္းနည္း ရင္းႏွီးေနတာျဖစ္မွာပါ" ခဏေလာက္ေတြးေတာလိုက္ၿပီးေနာက္ ခ်န္တဲ့က ပြင့္လင္းစြာနဲ႔ေျဖလိုက္တယ္။ သို႔ေပသိ Mr.ခ်င္၏မ်က္ႏွာႀကီးက ပိုပိုၿပီးေတာ့ေတာင္ မည္းေမွာင္လာခဲ့ေတာ့တယ္။

ခ်င္ေရွာက္ : "အဲ့ေကာင္ေလးက ေက်ာင္းမွာအရမ္းနာမည္ႀကီးလို႔လား?"

ခ်န္တဲ့ကျပန္ေျဖတယ္ : "အဲလိုပဲျဖစ္ေလာက္တယ္" သူကၿပဳံးလိုက္ၿပီး ထပ္ေျပာလိုက္တာက : "ေရွာင္ေပါင္လည္း ေက်ာင္းမွာ ေသခ်ာေပါက္လူႀကိဳက္မ်ားမွာ"

ခ်င္ေရွာက္ : "မိန္းကေလးေတြၾကားထဲမွာပါ နာမည္ႀကီးတာလား?"

ခ်န္တဲ့က ေစာေစာက သူတို႔ရဲ႕စကားဝိုင္းထဲမွာ သူ႔သူေဌး မေတာ္တဆထုတ္ေျပာလိုက္တဲ့ 'ငယ္႐ြယ္ႏုနယ္ေသာအခ်စ္' ဆိုတဲ့စကားႏွစ္လုံးကို ႐ုတ္တရက္ မွတ္မိသြားခဲ့တယ္။ အခုခ်ိန္ Mr.ခ်င္ရဲ႕ မ်က္ႏွာကိုၾကည့္လိုက္ေတာ့မွ ခ်န္တဲ့က ႐ုတ္တရက္ တစ္စုံတစ္ရာကို သေဘာေပါက္သြားရေတာ့တယ္။ "ဆရာ, ဆရာက ေရွာင္ေပနဲ႔ ရွဲ႕မိသားစုကဒုတိယသခင္ေလးတို႔ dating လုပ္ေနၾကတယ္လို႔ ေတြးေနတာမလား?"

Mr.ခ်င္ ဘာတစ္လုံးမွေျပာေနစရာကိုမလိုေလာက္ေအာင္ပဲ ခ်န္တဲ့က သူ႔မ်က္လုံးေတြထဲမွ အေျဖကို ရွာေတြ႕သြားခဲ့ၿပီျဖစ္တယ္။

"မိန္းကေလးငယ္ငယ္ေလးေတြကေတာ့ ဒုတိယသခင္ေလးရွဲ႕လိုမ်ိဳး ေက်ာင္းမွာ နာမည္ႀကီးတဲ့ေကာင္ေလးရဲ႕ ဆြဲေဆာင္မႈကို အလြယ္တကူခံၾကရတာပဲေလ" ခ်န္တဲ့က သတၱိေတြေမြးလိုက္တယ္။ သူက Mr.ခ်င္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဆက္ေျပာလိုက္တာက : "ႏွစ္ေယာက္စလုံးကငယ္ေသးေတာ့ သူတို႔တစ္ေယာက္ကို တစ္ေယာက္ ႐ိုး႐ိုးရွင္းရွင္းေလး crush ၾကတာမ်ိဳးပဲျဖစ္မွာပါ..."

ခ်န္တဲ့စိတ္ထဲမွာ ႐ုတ္တရက္ စုေပက ရွဲ႕မိသားစုရဲ႕ဒုတိယသခင္ေလးနဲ႔ အတူတူယွဥ္တြဲရပ္ေနတဲ့ပုံကို စိတ္ကူးယဥ္ၾကည့္ခဲ့တယ္။ ဒါက မသိနားမလည္တဲ့ဆယ္ေက်ာ္သက္ေလးေတြရဲ႕ပုံရိပ္တစ္ခုျဖစ္ေပမယ့္ ၾကည့္ရတာ အေတာ္ေလးလွပေနခဲ့တယ္။ သို႔ေသာ္ တစ္ျခားရႈေထာင့္ကေန ဒီတိုင္းေတြးဖို႔ ႀကိဳးစားၾကည့္လိုက္မယ္ဆိုရင္ေတာ့ျဖင့္ အကယ္၍မ်ား သူ႔သမီးေလးက ေခြးေပါက္ေကာင္စုတ္ေလး တစ္ေယာက္ရဲ႕ ဆြဲေဆာင္သိမ္းသြင္းျခင္းကို ခံေနရမယ္ဆိုရင္ေတာ့ ခ်န္တဲ့လည္း အဲဒီေကာင္စုတ္ေလးရဲ႕ ေခြးေျခေထာက္ေတြကို ႐ိုက္ခ်ိဳးေကာင္း႐ိုက္ခ်ိဳးပစ္ႏိုင္တယ္ေလ။

Mr.ခ်င္အရမ္းစိတ္တိုေနတာကိုေတာ့ မအံ့ၾသမိေတာ့ပါဘူး။

"ဆရာ, ဆရာ ကြၽန္ေတာ့္ကို ေက်ာင္းမွာ ေနာက္ထပ္ကိုယ္ရံေတာ္နည္းနည္းေလာက္ ထပ္ၿပီး စီစဥ္ေပးေစခ်င္လား?" ခ်န္တဲ့က အႀကံျပဳလိုက္တယ္။ 'ငယ္႐ြယ္ႏုနယ္ေသာအခ်စ္' ကိစၥကို လ်စ္လ်ဳရႈ ထားလိုက္အုန္းေတာ့ ဒီမနက္ထုတ္ျပန္လိုက္တဲ့ေၾကညာခ်က္နဲ႔တင္ ေရွာင္ေပနဲ႔ေရွာင္ေပါင္တို႔အနားမွာ ကိုယ္ရံေတာ္အေရအတြက္ ထပ္ျဖည့္ဖို႔လိုကိုလိုအပ္ေနတာပင္။

"စီစဥ္စရာရွိတာစီစဥ္လိုက္ေတာ့"

"ဟုတ္ကဲ့ပါ, ဆရာ"

ဒီအခ်ိန္မွာပဲ Mr.ခ်င္ရဲ႕ဆဲလ္ဖုန္းကျမည္လာခဲ့တယ္။ ဒါက က်င္းယြမ္စံအိမ္မွ ေခၚဆိုျခင္းျဖစ္တယ္။

ဖုန္းကိုင္လိုက္ၿပီးေနာက္ ဦးေလးဖုရဲ႕အသံထြက္ေပၚလာခဲ့တယ္ : "ဆရာ"

ခ်င္ေရွာက္ : "ဘာကိစၥရွိလို႔လဲ?"

ဖုေပၚ : "သခင္မႀကီးျပန္ေရာက္ေနပါၿပီ..."

သခင္မႀကီး, Mr.ခ်င္၏မိခင္အရင္းျဖစ္သူပင္။

ခ်င္ေရွာက္က ကုမၸဏီ၏ကိစၥရပ္ေတြကို လြဲေျပာင္းေပးလိုက္ၿပီးေတာ့ က်င္းယြမ္စံအိမ္သို႔ အရင္ျပန္လာခဲ့တယ္။

မဒမ္ ယန္ေကြ႕က်ီးက ဆိုဖာေပၚမွာထိုင္ၿပီး သစ္သီးေတြစားေနခဲ့တယ္။ ဧည့္ခန္းထဲမွာေတာ့ သူမယူလာခဲ့တဲ့ ခရီးေဆာင္အိတ္အပုံလိုက္ႀကီး ရွိေနခဲ့တယ္။ ခ်င္ေရွာက္ျပန္လာတာကိုျမင္ေတာ့ မဒမ္ ယန္က ေဒါသထြက္ေနတဲ့ အမူအရာနဲ႔ မတ္တပ္ရပ္လိုက္တယ္။

"ဟိုကေလးႏွစ္ေယာက္က ဘယ္လိုျဖစ္ရတာလဲ?" မဒမ္ ယန္ကေမးလိုက္တယ္။ အသိသာႀကီးကို ခ်င္ေရွာက္ဆီမွာ ကေလးႏွစ္ေယာက္ရွိတယ္ဆိုတာရယ္နဲ႔ သူတို႔ေတြကို သူ႔ရွယ္ယာရဲ႕ ၁၀% ေပးလိုက္တယ္ ဆိုတာေတြကိုေတာင္ သူမသိႏွင့္ေနၿပီးျဖစ္တယ္။ ဒါက သူမ ဘာေၾကာင့္အေလာတႀကီးေရာက္လာခဲ့ရသလဲ ဆိုတဲ့အေၾကာင္းျပခ်က္ပဲျဖစ္တယ္။

"ခင္ဗ်ား ကြၽန္ေတာ့္ကိုေမးခြန္းထုတ္ေနတာလား?" ခ်င္ေရွာက္က မဒမ္ ယန္ကို ေအးစက္စက္ၾကည့္လိုက္တယ္, သူ႔အၾကည့္ေတြက ေျဗာင္က်က်ၿခိမ္းေျခာက္မႈအျပည့္ႏွင့္ပင္။

"ငါမင္းကိုေမးခြန္းထုတ္ေနတာမဟုတ္ဘူး။ ဒါေပမယ့္ ခ်င္ Group က ႐ုတ္တရက္ႀကီး အဲဒီေၾကညာခ်က္ကို ထုတ္ျပန္လိုက္တာေလ။ ငါကမင္းအေမေလ, ဒီအေျခအေနနဲ႔ပတ္သတ္ၿပီးေတာ့ ငါလာမၾကည့္သင့္ဘူးလား?" မဒမ္ ယန္က အသံႏွိမ့္ေျပာလိုက္တယ္။ ခ်င္ေရွာက္ကို သူမကိုယ္တိုင္ေမြးထားခဲ့တာျဖစ္ေသာ္ျငား သူမ တကယ္ႀကီး ဒီသားကိုေတာ့ အေတာ္ေလးေၾကာက္ရတယ္ေလ။

"သူတို႔က ကြၽန္ေတာ့္ကေလးေတြ" ခ်င္ေရွာက္က လိုရင္းတိုရွင္းေျပာလိုက္တယ္။

မဒမ္ ယန္က မေက်နပ္ေလဘူး : "ဒါဆိုဘာလဲ? ႐ုတ္တရက္ႀကီးေပၚလာတဲ့ အဲ့ကေလးႏွစ္ေယာက္က မင္းကေလးေတြလို႔ မင္းက႐ုတ္တရက္ႀကီး ထေျပာလိုက္တယ္ဆိုေတာ့ လမ္းေပၚက ေတြ႕ကရာေခြးေတြ ေၾကာင္ေတြကိုပါ မင္းကေလးေတြလို႔ ဘာလို႔မေျပာလိုက္ရတာလဲ? မင္းမွားေနခဲ့ရင္ေကာ ဘယ္လိုလုပ္မလဲ, ဒါျဖင့္ရင္..." သူမစကားေတြက ခ်င္ေရွာက္၏အၾကည့္ေတြေၾကာင့္ ခ်က္ခ်င္းရပ္သြားခဲ့တယ္။

"ေကာင္းၿပီေလ, ကေလးေတြက မင္းကေလးေတြဆိုရင္ေတာင္မွ ရွယ္ယာေတြကိုအေမြေပးတယ္ဆိုတဲ့ ဒီေလာက္ႀကီးမားတဲ့ကိစၥကို လုပ္တဲ့အခ်ိန္မွာ မင္းဘာျဖစ္လို႔ မ်ားမ်ားစားစား မေတြးလိုက္ရတာလဲ? မင္းမလုပ္ခင္ ငါ့ကိုဘာလို႔ႀကိဳမေျပာရတာလဲ? ဒီငယ္ငယ္႐ြယ္႐ြယ္ကေလးႏွစ္ေယာက္ကို ဒီလိုအလြယ္ေလး ေပးလိုက္ရေရာလား"

Mr.ခ်င္က ႐ုတ္တရက္ ထရယ္လိုက္တယ္ : "မဒမ္ ယန္, မေမ့လိုက္ပါနဲ႔, ခ်င္ Group ရဲ႕မ်ိဳး႐ိုးနာမည္က ခ်င္ ဆိုတာကိုေလ။ ကြၽန္ေတာ့္ကိုယ္ပိုင္ရွယ္ယာေတြကို ကြၽန္ေတာ့္ကေလးေတြကိုမေပးရဘူးဆိုေတာ့ ဒါဆိုဘယ္သူ႔ကို ေပးရမွာလဲ? ယန္ေကြ႕ရွန္းကိုေပးရမွာလား? ယန္ယြမ္က်ီးကိုလား?"

ယန္ယြမ္က်ီးက ယန္ေကြ႕က်ီးရဲ႕သားျဖစ္တယ္။ သူက အဲဒီႏိုင္ငံျခားသားဒါ႐ိုက္တာနဲ႔ရတဲ့ ကေလးဟုတ္သလား မဟုတ္ဘူးလားဆိုတာ မရွင္းလင္းေသာ္ျငား သူက ယန္ေကြ႕က်ီး၏အစ္ကိုႀကီးျဖစ္သူ ယန္ေကြ႕ရွန္း၏အိမ္တြင္ ႀကီးျပင္းလာခဲ့သူျဖစ္တယ္။ ခ်င္ေရွာက္ႏွင့္စာရင္ အားနည္းတဲ့စိတ္ခံစားမႈရွိသူ မဒမ္ ယန္ႏွင့္ သူမသားငယ္တို႔က နက္ရႈိင္းတဲ့ဆက္ဆံေရးရွိၾကတာျဖစ္တယ္။

ခ်င္ေရွာက္ေျပာလိုက္တဲ့ 'ယန္ယြမ္က်ီး' ဆိုတဲ့စကားလုံးသုံးလုံးကို ၾကားလိုက္တာနဲ႔ မဒမ္ ယန္ရဲ႕အမူအရာက တင္းမာသြားခဲ့တယ္ : သူမသားငယ္ကို ဒီႏိုင္ငံကိုျပန္ေခၚလာခဲ့တဲ့အခ်ိန္တုန္းက ခ်င္ Group ရဲ႕ပိုင္ဆိုင္မႈေတြကို စီးပြားေရးလုပ္ဖို႔ အသုံးခ်ခဲ့တယ္။ မဒမ္ ယန္အေၾကာက္ဆုံးအရာကဘာလဲဆိုရင္ ခ်င္ေရွာက္က ယန္ယြမ္က်ီးကို ထိခိုက္နစ္နာေစမယ့္ တစ္စုံတစ္ရာကို လုပ္လိုက္မွာကိုပဲ။

"ခ်င္ေရွာက္, မင္းငါ့ကိုၿခိမ္းေျခာက္ေနတာလား?"

"မဟုတ္ဘူး, သတိေပးေနတာ"

ယန္ေကြ႕က်ီး : "..."

သူမႏွလုံးသားထဲက မေက်နပ္ခ်က္ေတြကို ခ်ိဳးႏွိမ္ထားလိုက္ရင္း မဒမ္ ယန္က ေနာက္ဆုံးေတာ့ သူမေလသံကို ေျပာင္းလဲလိုက္တယ္ : "ငါဒါေတြအားလုံးကို ဒီတိုင္းေျပာေနတယ္ဆိုတာက ငါမင္းကိုဂ႐ုစိုက္လို႔ပါ။ ဒါလည္း ေကာင္းပါတယ္ေလ။ မင္းအိမ္ကိစၥေတြကို ဂ႐ုစိုက္ဖို႔က်ျပန္ေတာ့လည္း ငါကအရမ္းပ်င္းေနတာဆိုေတာ့"

"ဒါေပမယ့္ ေသြးသားေတာ္စပ္မႈအရဆိုရင္ ငါက အဲ့ကေလးႏွစ္ေယာက္ရဲ႕အဘြားမဟုတ္ဘူးလား? ဒီေတာ့ သူတို႔ေရာက္လာတာနဲ႔ ဘာလို႔ ဒီမွာမင္းကငါ့ကိုေပးမေနရတာလဲ?"

ခ်င္ေရွာက္က ဦးေလးဖုကို တစ္ခ်က္ၾကည့္လိုက္တယ္။

ဦးေလးဖုကေျပာလိုက္တယ္, "သခင္မႀကီးရဲ႕အခန္းကအရင္အတိုင္းပါပဲ" ေဘးခ်င္းကပ္အခန္းကိုသာ စုေပအတြက္ စႏၵရားအခန္းအျဖစ္ သူေျပာင္းလဲေပးထားခဲ့တာျဖစ္တယ္။ ရလဒ္အေနနဲ႔ကေတာ့ ဒီအျခင္းအရာကို မဒမ္ ယန္ ျမင္ၿပီးသြားတဲ့ေနာက္ သူမက ဒီဆူညံမႈေၾကာင့္ သူေကာင္းေကာင္းအိပ္မေပ်ာ္ဘူး ဟုဆိုကာ အဆုံးအစမရွိ စတင္ညည္းတြားေတာ့တယ္။

ဦးေလးဖုလည္း နားမလည္ႏိုင္ေတာ့ဘူး။ ဆရာက ႐ုတ္တရက္ႀကီး ကေလးႏွစ္ေယာက္ရွိလာၿပီးေတာ့ ခ်င္ Group ရဲ႕ရွယ္ယာေတြကို ေပးလိုက္ၿပီးသားဆိုတာကို မဒမ္ ယန္လည္းသိေနခဲ့ၿပီေလ။ ဒါဆို ဘာလို႔သူမက ဒီေနရာကို တမင္သက္သက္ေရာက္လာၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ မေပ်ာ္မ႐ႊင္ျဖစ္ေအာင္လုပ္ေနရတာလဲ?

"ဦးေလးဖု" ခ်င္ေရွာက္က ႐ုတ္တရက္ထေျပာတယ္။

"ဟုတ္ကဲ့ပါ, ဆရာ"

ခ်င္ေရွာက္ : "လူနည္းနည္းေလာက္ေခၚလိုက္ၿပီးေတာ့ သခင္မႀကီးရဲ႕ခရီးေဆာင္အိတ္ေတြကို က်င္းယြိရွန္းစံအိမ္ကို ပို႔ေပးဖို႔စီစဥ္လိုက္ပါ"

ဦးေလးဖုက တိတ္တိတ္ေလးၿပဳံးလိုက္တယ္။ ေနာက္ဆုံးေတာ့လည္း မဒမ္ ယန္ဆိုတာက Mr.ခ်င္ရဲ႕မိခင္အရင္း ပဲမလား။ 'သားသမီးတို႔၏႐ိုေသကိုင္းရႈိင္းမႈ' ဆိုတဲ့စကားအတိုင္း သူ႔ေခါင္းေပၚတက္ေနရင္ေတာင္မွ သူမကို သူ သည္းခံရမွာပဲေလ။ ႏွစ္စဥ္ႏွစ္တိုင္း သူမလာေရာက္လည္ပတ္ခ်ိန္မွာ Mr.ခ်င္က သူမနဲ႔ ဘာပဋိပကၡမွ မျဖစ္လိုတာေၾကာင့္ သူက တစ္ျခားေနရာမွာသာ ေခတၱခဏသြားေနလိုက္တဲ့သူမ်ိဳးပင္။

ဒါေပမယ့္ ဒီေန႔ကေတာ့ ထူးျခားေလတယ္။ အခု ဆရာက ဖခင္တစ္ေယာက္ျဖစ္ေနခဲ့ၿပီ။ သူ႔ကေလးေတြ အတြက္ပိုၿပီးေတာ့ေတာင္ သူမကို သူေနာက္ထပ္သည္းခံႏိုင္ေတာ့မည္မဟုတ္ေပ။

-----

ခ်င္ေရွာက္က သူမကိုတစ္ျခားေနရာသို႔ ေျပာင္းေ႐ႊ႕ရန္ အမိန႔္ေပးေစခိုင္းလိုက္တာကို သူမ ၾကားလိုက္ရတဲ့အခါ မဒမ္ ယန္က ႐ုတ္႐ုတ္႐ုတ္႐ုတ္လုပ္လာခဲ့တယ္။ သူမက ငိုယိုေအာ္ဟစ္ၿပီး သေဘာမတူေၾကာင္း ဆႏၵျပကာ တခဏေလာက္အထိ လူးလွိမ့္ေနခဲ့တယ္။ သို႔ေသာ္လည္း ခ်င္ေရွာက္က တုပ္တုပ္ေတာင္မလႈပ္ခဲ့ေလဘူး။ ေနာက္ဆုံးေတာ့ မဒမ္ ယန္က သူမခရီးေဆာင္အိတ္ေတြကို သူမမူလအခန္းကိုသာ ေျပာင္းေ႐ႊ႕ေပးရန္ လူေတြကို ေဖ်ာ့ေတာ့စြာျဖင့္ ေတာင္းဆိုခဲ့ရေတာ့တယ္။

-----

သခင္မႀကီးက ထက္ျမက္လွတယ္။ ခ်င္ေရွာက္က သူမနဲ႔ မရင္းႏွီးႏိုင္ဘူးဆိုတာ သူသိေနခဲ့တယ္။ သူမ ျပႆနာရွာရင္ သူမပဲဆုံးရႈံးရမွာေလ။ ေနာက္ဆုံးက်ေတာ့ ယန္မိသားစုရဲ႕စီးပြားေရးေတြက ခ်င္ Group အေပၚ လုံးလုံးမွီခိုေနရတာပဲမဟုတ္လား။

ဧည့္ခန္းမွာျပႆနာရွာၿပီးေနာက္ မဒမ္ ယန္က ခ်င္ေရွာက္ရဲ႕အေရးအႀကီးဆုံးအခ်က္ကို ေသခ်ာေပါက္ ရွာေတြ႕သြားခဲ့တယ္။ သူမက တစ္ေန႔ခင္းလုံး သူမအခန္းထဲမွာ စိတ္ကိုျပင္ဆင္ရင္းနဲ႔ အခ်ိန္ကုန္ခဲ့တယ္။

စုေပႏွင့္စုေရွာင္ေပါင္တို႔ ေက်ာင္းကေန က်င္းယြမ္သို႔ ျပန္ေရာက္လာခ်ိန္မွာေတာ့ မဒမ္ ယန္ရဲ႕ စိတ္ေနစိတ္ထားေတြက ေန႔လည္ကႏွင့္ လုံးဝမတူေတာ့ပဲ ေျပာင္းလဲသြားခဲ့တယ္။ အမႊာႏွစ္ေယာက္က ၿခံဝင္းထဲသို႔ ဝင္ဝင္ခ်င္းမွာပဲ မဒမ္ ယန္က သူမမ်က္ႏွာေပၚမွာ အၿပဳံးတစ္ခုႏွင့္အတူ အိမ္အျပင္သို႔ ထြက္လာခဲ့တယ္။

"အာ, မင္းတို႔ေလးေတြက ခ်င္ယြိနဲ႔ခ်င္ယြဲ႕ေပါ့။ ဒါက မင္းတို႔နဲ႔ ပထမဆုံးအႀကိမ္ေတြ႕တာပဲ။ ငါက ခ်င္ေရွာက္ရဲ႕အေမ, မင္းတို႔အဘြားေပါ့" ေခါင္းအစေျခအဆုံး အေကာင္းစားေတြခ်ည္း ဝတ္ဆင္ထားတဲ့ လွပၿပီး ေခ်ာေမာခန႔္ညားတဲ့ ကေလးႏွစ္ေယာက္ကို သူမေတြ႕လိုက္ရေတာ့ မဒမ္ ယန္က ၾကက္ေသေသေနခဲ့တယ္။ သူမ ၁၀% ေသာရွယ္ယာေတြကို သတိရသြားခဲ့ၿပီး သူမႏွလုံးသားေတြက ႐ုတ္တရက္ တင္းက်ပ္လာခဲ့ရတယ္။

သို႔ေပသိ ခ်င္ေရွာက္ေဘးမွာရပ္ေနတဲ့ မဒမ္ ယန္ကေတာ့ သူမမ်က္ႏွာေပၚမွာ အၿပဳံးတစ္ခုကို ဆင္ျမန္းထားဆဲ ျဖစ္ကာ ၾကင္ၾကင္နာနာျဖင့္ သူတို႔ကိုေျပာလိုက္တာက : "ဒီကိုလာပါအုန္းကြယ္, ဒီအဘြားက မင္းတို႔ေလးေတြကို တစ္ခ်က္ေလာက္ၾကည့္ပါရေစအုန္း။ တကယ့္ကို ၾကည့္ေကာင္းၾကတာပါလား"

မဒမ္ ယန္စကားေျပာေနခ်ိန္မွာေတာ့ သူမအာ႐ုံေတြအားလုံးက စုေရွာင္ေပါင္အေပၚမွာသာ က်ေရာက္ေနခဲ့တယ္။ ေနာက္ဆုံးက်ေတာ့ မိန္းကေလးေတြက လက္ထက္ၿပီးရင္ အျပင္လူျဖစ္သြားၾကေပမယ့္ ေယာက္်ားေလးေတြကေတာ့ သူမတို႔ကိုယ္ပိုင္သာျဖစ္တယ္-ဒီအေတြးအေခၚက မဒမ္ ယန္ရဲ႕စိတ္ထဲမွာ နက္နက္ရႈိင္းရႈိင္းႀကီးကို အျမစ္တြယ္ေနခဲ့ၿပီေလ။

ဟန္ေဆာင္ပန္ေဆာင္လုပ္တာေတြကို အသာထားလိုက္ၿပီးေတာ့ ယန္ေကြ႕က်ီးက စုေရွာင္ေပါင္ကို တကယ္ႀကီး သေဘာက်ေနတာျဖစ္တယ္။ ဒါက သူမသားအရင္းျဖစ္တဲ့ခ်င္ေရွာက္ကို သေဘာမက်ဘူးလို႔ ဆိုလိုခ်င္တာ မဟုတ္ဘူး။ သို႔ေပမယ့္လို႔ သူမက သူနဲ႔ဘယ္လိုမွ ရင္းရင္းႏွီးႏွီးေနလို႔ကိုမရတာျဖစ္တယ္။ ဒီေကာင္ေလးက ခ်င္ေရွာက္နဲ႔တူေပမယ့္လို႔ သူ႔အေဖေလာက္ ေၾကာက္စရာမေကာင္းတာေၾကာင့္ သူကအသင့္ေတာ္ဆုံးပဲေလ။

"ဒါဆို မင္းနာမည္က ခ်င္ယြိေပါ့, နာမည္ေကာင္းေလးပဲ။ အဘြားက ဦးေလးဖုကို စားပြဲႀကီးတစ္ခုျပင္ဆင္ေပးဖို႔ အထူးစပယ္ရွယ္ ေတာင္းဆိုေပးထားတာ။ အထဲျမန္ျမန္ဝင္ရေအာင္" Ms.ယန္က စုေရွာင္ေပါင္ကို ရင္းႏွီးစြာျဖင့္ အိမ္ထဲသို႔ဆြဲေခၚသြားေတာ့တယ္။

စုေရွာင္ေပါင္ : "..."

ဒီထူးဆန္းတဲ့အဘြားႀကီးက ဘယ္ကေနဘြားခနဲေပၚလာတာလဲဟ?

သူတို႔ေနာက္မွာေတာ့ စုေပက Ms.ယန္၏ [ငါကမင္းနဲ႔အရမ္းရင္းႏွီးတာေလ] ဆိုတဲ့ ႏွစ္သက္ေပ်ာ္႐ႊင္ဖြယ္ သ႐ုပ္ေဖာ္တင္ဆက္မႈကို ၾကည့္ေနခဲ့ၿပီးေတာ့ ထိတ္လန႔္တုန္လႈပ္မႈနည္းနည္းေလး ရရွိသြားခဲ့တယ္။ သူမစိတ္ကို ျပန္လည္ကုစားလိုက္ၿပီးေနာက္ စုေပက သူမေျပာစကားကေန ေသာ့ခ်က္စကားလုံးအနည္းငယ္ကို ခြဲျခမ္းစိတ္ျဖာလိုက္တယ္။

Mr.ခ်င္၏မိခင္အရင္းျဖစ္တဲ့ သခင္မႀကီးယန္က ဝတၳဳအရဆိုရင္ သူမ်ားေတြကိုခက္ခဲေအာင္လုပ္တဲ့ေနရာမွာ နာမည္ႀကီးသူမ်ားလား?

ဝတၳဳအဆုံးမွာေတာ့ Mr.ခ်င္က ဇာတ္လိုက္ရဲ႕အႏိုင္ပိုင္းျခင္းကိုခံလိုက္ရကာ ေဒဝါလီခံလိုက္ရၿပီးေနာက္ မဒမ္ ယန္ ကလည္း တ႐ုတ္ျပည္မွာ အေျခအေနမေကာင္းေတာ့ေပ။ ေနာက္ဆုံးမွာေတာ့ တ႐ုတ္ျပည္မွာရွိတဲ့ သူမ၏ ရွယ္ယာမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားအားလုံးကို ေရာင္းခ်လိုက္ရၿပီးေတာ့ သူမသားငယ္ကိုေခၚကာ ႏိုင္ငံျခားသို႔ ထြက္သြားခဲ့တယ္။

စုေပက ေတာင့္ေတာင့္ႀကီးရပ္ေနခဲ့တယ္။ ဝတၳဳထဲမွ သခင္မႀကီးယန္အေၾကာင္းႏွင့္ပတ္သတ္ၿပီး သူမမွတ္ဉာဏ္ေတြကို တူးဆြရင္းနဲ႔ အလုပ္မ်ားေနခဲ့တယ္။

သို႔ေသာ္ သူမပုံစံက Mr.ခ်င္၏မ်က္လုံးထဲမွာေတာ့ အထီးက်န္ဆန္ေနခဲ့တယ္။ သူမ 'အဘြား' ဆီကေန လ်စ္လ်ဴရႈျခင္းခံလိုက္ရၿပီးေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနပုံေပါက္ေနခဲ့တဲ့ သူ႔ေဘးက ေကာင္မေလးကို စိုက္ၾကည့္လိုက္တယ္။ တစ္ခ်ိဳ႕ေသာအရာေတြက ကေလးေတြသိဖို႔ မသင့္ေတာ္ေသးေပမယ့္လို႔ Mr.ခ်င္က စုေပကို တကယ္ႀကီး ေျပာျပခ်င္ေနခဲ့တာကေတာ့ : ဒီအဘြားလို႔ေခၚတဲ့သူရဲ႕ စိတ္ေနစိတ္ထားနဲ႔ ပတ္သတ္ၿပီးေတာ့ သမီးဘာမွဂ႐ုစိုက္ေနစရာမလိုဘူး။ သူမက ဘာမွကိုအေရးမပါတာ။

စုေပက သူမႏွလုံးသားထဲမွာ တီးတိုးေရ႐ြတ္လိုက္တာက : အခုေလာေလာဆယ္ အဲဒီ မဒမ္ ယန္ဆိုတဲ့ အဘြားႀကီးက က်င္းယြမ္မွာခဏေနအုန္းမွာဆိုေတာ့ သူမနဲ႔စုေရွာင္ေပါင္တို႔က သူ႔ကိုေရွာင္သင့္လား? ႐ုတ္တရက္ တစ္စုံတစ္ရာက သူမဆံပင္ကိုပြတ္ေပးေနတယ္လို႔ ခံစားလိုက္ရတယ္။

"ေဖေဖ?" စုေပက ေခါင္းအသာေမာ့လိုက္ၿပီးေတာ့ ခ်င္ေရွာက္ကိုၾကည့္လိုက္တယ္။

"အထဲဝင္ၾကစို႔ေလ" ခ်င္ေရွာက္က စုေပရဲ႕ေခါင္းေပၚမွ သူ႔လက္ကိုျပန္႐ုတ္လိုက္တယ္။ သူက စုေပႏွင့္အတူ ေျဖးေျဖးမွန္မွန္နဲ႔ အိမ္ထဲသို႔အတူတူ ေလွ်ာက္လာခဲ့တယ္။ သူ႔လႈပ္ရွားမႈေတြက မဒမ္ ယန္က စုေရွာင္ေပါင္ကို အိမ္ထဲသို႔ဆြဲေခၚသြားတုန္းကထက္ေတာ့ စိတ္အားထက္သန္မႈ ေလ်ာ့နည္းေနေပမယ့္လို႔ ဟန္ေဆာင္ပန္ေဆာင္ ရင္းႏွီးျပတာမ်ိဳးထက္ေတာ့ အမ်ားႀကီးပိုၿပီးသဘာဝက်ေနခဲ့တယ္။

[Moon's Note : ဘာလိုလိုနဲ႔ သုံးပုံပုံတစ္ပုံ ၿပီးသြားၿပီပဲ။ ဆက္ၿပီး အားေပးၾကပါအုန္းေနာ္~]

15.1.2021

Friday

_______________________________________

MWFV Ch 34

Protecting His Children

Unicode Version

စုပေက လင်း Group ထံမှ နောက်ထပ် email တစ်စောင်ကိုတွေ့လိုက်ရပေမယ့်လို့ မအံ့သြသွားခဲ့ဘူး။ နောက်ဆုံးကျတော့ သူမက သူတို့ရဲ့ website ထဲကို ဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီးတော့ homepage ပေါ်မှာ emoji package တစ်ခုကို ချန်ထားခဲ့တာလေ။ မျှော်လင့်မထားမိခဲ့တာကတော့ ဒီတစ်ခေါက် email က ရာထူးနေရာနှင့် လစာအကြောင်း ရှင်းလင်းချက်နှင့်အတူ ပေးပို့လာခဲ့တဲ့ တကယ့် အလုပ်အကိုင်ကမ်းလှမ်းချက် တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ တစ်ခြားကုမ္ပဏီတွေရဲ့အပြိုင်အဆိုင်ကမ်းလှမ်းချက်တွေနဲ့စာရင် ဒီ email က ရှင်းရှင်းလင်းလင်းကြီးကို တည့်တိုးဆန်လှတယ် : ပွင့်ပွင့်လင်းလင်းနှင့် ရက်ရက်ရောရောပင်။

စုပေရဲ့မျက်လုံးတွေက ကမ်းလှမ်းလာတဲ့လစာထဲက '0' အတန်းလိုက်ကြီးကို တစ်ချက်ကြည့်လိုက်မိတယ်။ တခဏလောက်အထိ သူမနှလုံးသားလေးက သွေးဆောင်ဖြားယောင်းခံလိုက်ရသလိုပါပဲ။ ဒါကို သူမဖက်က လက်မခံချင်တာကြောင့် မဟုတ်ပေမယ့်လို့ ကံမကောင်းစွာနဲ့ပဲ သူမအခြေအနေက ခွင့်မပြုခဲ့လေဘူး။

စုပေက ခဏလောက်စဉ်းစားလိုက်ပြီးမှ လင်း Group ထံသို့ ကမ်းလှမ်းချက်အား ငြင်းပယ်ကြောင်း ပြန်စာတစ်စောင် ရေးလိုက်တယ်။ စာပို့ပြီး သိပ်မကြာခင်မှာပဲ သူမနောက် email တစ်စောင်ကို လက်ခံရရှိခဲ့တယ် : [လင်း Group က အခုလောလောဆယ်မှာ network security စီမံကိန်းအသစ်တစ်ခုကို ပြင်ဆင်နေတဲ့ အလယ်အလတ်ကာလမှာပါ။ ဒီအဆင့်မှာတော့ နည်းပညာပိုင်းဆိုင်ရာလမ်းညွှန်ချက်တွေကို ထောက်ပံ့ပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ကို အသည်းအသန်လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်ုပ်တို့နှင့်ပူးပေါင်းဆောင်ရွက်ရန် တစ်ရာရာခိုင်နှုန်းသော စစ်မှန်ရိုးသားမှုဖြင့် ဖိတ်ခေါ်အပ်ပါတယ်...]

ဒါက တစ်ခြားသော email များမှာပါဝင်တဲ့ တရားဝင်ပုံသေစကားစုတွေနဲ့ လုံးဝကိုကွဲပြားခြားနားနေလေတယ်။ စုပေက screen ပေါ်မှာပေါ်နေတဲ့ စကားလုံးတွေကနေ စစ်မှန်ရိုးသားမှုကို ဖြည်းဖြည်းချင်းတွေးဆနေမိတယ်။ Email နှင့်အတူ စာရွက်စာတမ်းတစ်ခုကိုပါ တွဲလျက်ပေးပို့လာခဲ့တယ်။ စုပေက file ကို download လုပ်လိုက်ပြီးတော့ ထိုအရာကိုနှိပ်ကာဖွင့်ကြည့်လိုက်တဲ့အခါ စီမံကိန်း plan တစ်ခုကို တွေ့လိုက်ရတယ်။

သူမအံ့အားသင့်သွားခဲ့ရတယ် : ဘာဖြစ်လို့လည်းဆိုတော့ တစ်ဖက်လူက တစ်ခါမှတောင်မတွေ့ဖူးသေးတဲ့ တစ်စုံတစ်ယောက်ထံ ဒီလိုအရေးကြီးစာရွက်စာတမ်းတစ်ခုကို တိုက်ရိုက်ကြီးပေးပို့လာတဲ့အပြင် အဲဒီထဲမှာပါတဲ့ အကြောင်းအရာတွေကြောင့်လည်းဖြစ်တယ်။

--စုပေ အရင်ကူးပြောင်းလာခဲ့တဲ့ကမ္ဘာက အခုလက်ရှိကမ္ဘာထက် ခုနှစ်နှစ်၊ ရှစ်နှစ်လောက်စောပြီး ပိုမိုဖွံ့ဖြိုး တိုးတက်နေခဲ့တဲ့ကမ္ဘာတစ်ခုဖြစ်တယ်။ လင်း Group ရဲ့ 'network security စီမံကိန်းအသစ်' က အခုလောလောဆယ်မှာတော့ ကနဦးအဆင့်သာရှိသေးပေမယ့် အဲဒီကမ္ဘာမှာ အထူးအာရုံစိုက်ခံရတဲ့ စနစ်တစ်ခုဖြစ်လာခဲ့ပြီးတော့ လူ့သက်တမ်းတစ်လျှောက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတာဖြစ်တယ်။ လင်း Group ကတော့ သူမခန့်မှန်းခဲ့တဲ့အတိုင်း ဒီအရည်ရွှမ်းတဲ့အသားကိုကိုက်စားမယ့် ပထမဆုံးသော တစ်ယောက်ဖြစ်လာလိမ့်မယ်။

သူမရဲ့အံ့အားသင့်မှုတွေကို အသာထားလိုက်ပြီးတော့ စုပေက လင်း Group ထံမှ ပေးပို့လာခဲ့တဲ့ စာရွက်စာတမ်းတွေကို သေသေချာချာစတင်ဖတ်ရှုခဲ့တယ်။ တစ်ချို့အစိတ်အပိုင်းတွေက မပြည့်စုံသေးတဲ့အပြင် ကောင်းကောင်းမဖွံ့ဖြိုးသေးပေ။ အခုလောလောဆယ်တော့ စုပေလည်း ဒါတွေအားလုံးကို အပြည့်အ၀ မဖြေရှင်းနိုင်သေးဘူး။ သို့ပေသိ သူမက ထိုစီမံကိန်းထဲမှ မြောက်များလှစွာသော သိသာထင်ရှားတဲ့ ပြဿနာများကို ထောက်ပြပေးခဲ့တယ်။ သူမတစ်ခြားကမ္ဘာမှာလေ့လာထားခဲ့တဲ့ ဗဟုသုတတွေအပေါ် အခြေခံကာ ဖြေရှင်းချက်တွေကိုရေးချလိုက်ပြီးနောက် သူမ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုနှင့် အကြံပြုချက်များကိုပါ ထပ်မံဖြည့်စွက်ခဲ့တယ်။

စုပေက သူမအခုလေးတင်ရေးလိုက်တဲ့ အကြောင်းအရာတွေကို ပြန်လည်ဖတ်ရှုလိုက်ပြီးမှ လင်း Group ထံသို့ ပေးပို့လိုက်တယ်။ ထို့နောက် သူမကွန်ပျူတာကိုပိတ်လိုက်တယ်။ သူမအတွက် အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်လို့ အကြံပေးချက်တစ်ချို့ ပေးပို့ပေးတာလောက်ကတော့ ပြဿနာမရှိလေဘူး။ တကယ်လို့များ အနာဂါတ်ကာလမှာ ဒီလုံခြုံရေးနည်းပညာက တကယ်ကြီးပေါက်သွားခဲ့မယ်ဆိုရင်တော့ဖြင့် သူမက လူမသိသူမသိ သူရဲကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လေ။ စုပေက အိပ်ယာမဝင်ခင် ပျော်ရွှင်မြူးတူးစွာနဲ့ တွေးလိုက်တယ်။ သို့သော်ငြား သူမရဲ့ email က လင်း Group ၏ လုံခြုံရေးနည်းပညာဌာနမှာ ဘယ်လောက်အထိ တုန်လှုပ်ရိုက်ခတ်သွားစေခဲ့သလဲဆိုတာကိုတော့ သူမ မသိခဲ့လေဘူး။

ဥက္ကဌလေးလင်း၏လက်ထောက်လေးနှင့် နည်းပညာဌာနမှ မြောက်များလှစွာသော အရေးကြီးပုဂ္ဂိုလ်များဟာ ရုတ်တရက် ညကြီးမင်းကြီးကုမ္ပဏီသို့အခေါ်ခံကြရတယ်။ အစည်းအဝေး၏အကြောင်းအရာကတော့ နည်းပညာပိုင်းကို အဆင့်မြင့်တင်ရန်နှင့် Q ၏ email တွင် ဖော်ပြထားသည့်အကြုံပြုချက်အတိုင်း plan ကို တိုးတက်အောင်ဆောင်ရွက်ကြရန်ဖြစ်တယ်။

-----

နောက်တစ်ရက်တွင် စုပေနှင့်စုရှောင်ပေါင်တို့ ကျောင်းကိုရောက်လာကြတဲ့အချိန်မှာ သူတို့က ချက်ချင်းဆိုသလို တစ်ခုခုမှားနေကြောင်း သတိထားမိခဲ့ကြတယ်။

ဘာဖြစ်လို့ ဒီလောက်လူတွေအများကြီးက သူတို့ကိုစိုက်ကြည့်နေကြရတာလဲ?

အကယ်၍များ ဒါက မနေ့တုန်းက စုပေရဲ့ဖျော်ဖြေတင်ဆက်မှုက ဆောင်ကြဉ်းလာခဲ့တဲ့ 'ဆွဲဆောင်အား' ကြောင့်ဆိုရင်တော့ ဒါကြီးကအရမ်းကိုလွန်လွန်းသွားပြီလေ။ နောက်ပြီး စုပေကိုတင်မကပဲ မိန်းကလေး တော်တော်များများက 'ချောမောခန့်ညားသောသခင်လေးစု' အကြောင်းနှင့်ပတ်သတ်ပြီးတော့လည်း တီးတိုးပြောဆိုနေကြပုံရတယ်။

သူတို့ရဲ့စာသင်ခန်းကိုမရောက်သေးခင်အထိ ဒီထူးဆန်းတဲ့လေထုကြီးက မပျောက်ပြယ်သွားသေးတဲ့အပြင် စုပေ၏ဘေးချင်းကပ်အတန်းဖော်ကိုတောင် ကူးစက်သွားစေခဲ့တယ်။

"ဘာတွေဖြစ်နေကြတာလဲ?" ပထမဆုံးကိုယ်ပိုင်စာကြည့်ချိန်မှာ စုပေက တုန့်ဝိန်ချီကိုမေးလိုက်တယ်။

"အခုဘာတွေဖြစ်နေတာလဲဆိုတာကို နင်လုံးဝမသိဘူးလား?" တုန့်ဝိန်ချီက အံ့သြသွားခဲ့တယ်။ "နင်နဲ့ စုရှောင်ပေါင်တို့ရဲ့နောက်ခံက အခုလောလောဆယ် ကျောင်းပရိဝုဏ်တစ်ခုလုံးရော ဖိုရမ်မှာပါ hot အဖြစ်ဆုံး topic တစ်ခုဖြစ်နေတာကြီးကို နင်မသိဘူးလား?"

ဒီအရာတွေက ပွင့်လင်းမြင်သာတဲ့ဓာတ်ပုံတစ်ပုံက အစပြုခဲ့တာဖြစ်တယ် : suit နှင့် leather shoes ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်ယောက်က '၇၇၇၇၇' ကားနံပါတ်ပြားနှင့် ကားအရှေ့မှာမတ်တပ်ရပ်နေခဲ့တယ်။ အဲဒီနေရာမှာ စုရှောင်ပေါင်ကိုဆွဲခေါ်နေတဲ့ စုပေလည်းရှိနေခဲ့ပြီးတော့ ထိုယောက်ျားအား နှုတ်ဆက်နေဟန် သူမလက်တွေကို ဝေ့ယမ်းနေခဲ့တယ်။

ဒီဓာတ်ပုံက group အသေးစားလေးအတွင်း ပထမဆုံးမျှဝေခဲ့ကြပြီး နောက်ပိုင်းမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာခဲ့ကာ နောက်ဆုံး တစ်စုံတစ်ယောက်က ကျောင်းဖိုရမ်ပေါ်မှာ တိုက်ရိုက်တင်လိုက်သည့်အထိပင်။

အစပိုင်းမှာတော့ မိန်းကလေးများကြားက topic က ရိုးရှင်းလှတယ် : ဒီဦးလေးကြီးနဲ့ သခင်လေးစုက ရုပ်ဆင်တယ်ဆိုတော့ သူက အမွှာတွေရဲ့အဖေများလား? သူက အရမ်းချောတာပဲနော်။ ဖေဖေစုက တကယ်ကြီးကို သခင်လေးစုလိုမျိုးချောတယ်...

သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ဖေဖေစု၏ identity ကို ရုတ်တရက် ဖောက်ထုတ်လိုက်တော့တယ် :

[ဖာ့ခ်! ငါ့မျက်လုံးတွေကောင်းနေသေးတယ်ဆိုရင်တော့ ဓာတ်ပုံထဲကလူက သေချာပေါက် ချင် Group ရဲ့ ဥက္ကဌပဲ!]

ဒီတစ်ကြောင်းတည်းနဲ့တင် ချက်ချင်းဆိုသလို လှိုင်းပေါင်းများစွာ ရိုက်ခတ်သွားစေခဲ့တယ်။

"စုပေ, ဒါအမှန်ပဲလား? နင့်အဖေက ချင် Group ရဲ့ ဥက္ကဌဆိုတာ တကယ်ကြီးလား?" တုန့်ဝိန်ချီက စုပေရဲ့လက်ကို ဆွဲလိုက်တယ်။

စုပေက ခေါင်းငြိမ့်ပြလိုက်တယ်။

"ဘုရားရေ, ဒါဆိုတကယ်ပဲပေါ့!"

စုပေ : "..."

သူမဘေးချင်းကပ်အတန်းဖော်၏ အမှန်တကယ်အံ့အားသင့်နေတဲ့မျက်နှာကိုတွေ့လိုက်ရတော့ စုပေရဲ့နှုတ်ခမ်းတွေ အသာတွန့်လိုက်ပြီးတော့ : သူမ အရမ်းကိုချဲ့ကားလွန်းနေတာများလား? အဲလိုပုံလည်း မပေါက်ပါဘူး။

စုပေတွေးလိုက်တာက : ဝတ္ထုထဲမှာဆိုရင် ဇာတ်လိုက်က ချင်ရှောက်ကို အနိုင်မရသေးခင်အချိန်အထိ ဒီအသိုင်းအဝိုင်းမှာ ချင် Group ဟာဆိုရင် အမြဲတမ်းလိုလို အမြင့်ဆုံးတည်ရှိမှုတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒီရပ်တည်မှုနှင့်စာရင်တော့ ရှဲ့မိသားစုနှင့် ယဲ့မိသားစုတို့လိုမျိုး ရှေးကျတဲ့မိသားစုတွေတောင်မှ နောက်ကျကျန်နေခဲ့ကြတာဖြစ်တယ်။

နောက်ပြီး Mr.ချင်က ဒဏ္ဏာရီထဲကအမြင့်မားဆုံးလူသားတစ်ယောက်ဖြစ်တယ်။

"နင်ပြောတော့ အဲဒါကအခုလောလောဆယ် ဖိုရမ်ထဲမှာပျံ့နေတယ်ဆို?" စုပေက မေးလိုက်တယ်။ 'Red Hacker Challenge' ကြောင့် သူမလတ်တလော ကျောင်းဖိုရမ်ကို စစ်ဆေးဖို့အချိန်မရှိခဲ့ဘူး။

"ဟုတ်တယ်လေ, မနေ့ကညကတည်းကစတာပဲ"

စုပေရဲ့မျက်နှာ တည်သွားပြီးတော့ : "တိတိကျကျ သူတို့ဘာအကြောင်းတွေပြောကြလဲ?"

Mr.ချင်က သူတို့ကိုလက်ခံလိုက်ပြီးနောက် သူမနှင့်စုရှောင်ပေါင်တို့ရဲ့ identity တွေက အနှေးနဲ့အမြန်ဆိုသလို ပေါ်ထွက်လာခဲ့တယ်။ အခုချိန်အထိကို စုပေက လူတွေရဲ့အမြင်ကိုရင်ဆိုင်ရမှာကို အနည်းငယ်ကြောက်ရွံနေဆဲ ဖြစ်တယ်။ သူတို့အရင်ကျောင်းမှာဆိုရင် သူတို့၏မိသားစုအခြေအနေနှင့်ပတ်သတ်တဲ့ ကောလဟာလတွေကြောင့် ဘယ်သူကမှ စုရှောင်ပေါင်နဲ့ မကစားချင်ကြဘူး။ ဒီလိုမျိုးတွေကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် သူ့ပင်ကိုယ်စရိုက်က အများကြီးပိုမိုရွှင်လန်းတက်ကြွနေမှာပဲဖြစ်တယ်။

ဒီတစ်ခေါက်ကျတော့ရော...

အကယ်၍များ တုန့်ဝိန်ချီက ဒီအချိန်မှာ စုပေရဲ့အတွေးတွေကို သိနေခဲ့မယ်ဆိုရင်တောင်မှ သူမက(တုန့်ဝိန်ချီ) သေချာပေါက် သူ့(စုပေ)ခေါင်းလေးကိုပုတ်ပေးပြီး စကားတစ်ခွန်းပြောလိုက်မှာကတော့ : နင်အတွေးလွန်နေပြီ။

"ခဏလေးနေပါအုန်းဟ... တစ်ဝက်က နင့်ကိုယောင်းမတော်ချင်နေကြတာ။ နောက်တစ်ဝက်ကကျတော့ စုရှောင်ပေါင်ရဲ့ယောက်ဖတော်ချင်လို့ ပွက်လောရိုက်နေကြတာလေ။ စကားမစပ်, ဟိုလိုပြောနေကြတဲ့ အဖွဲ့တစ်ခုတောင်ရှိသေး ဟီး ဟီး...အဲဒါကလေ သူတို့ကနင်တို့ရဲ့မိထွေးဖြစ်ချင်နေကြတာတဲ့"

စုပေ : "ဟာ?"

"ဘာပဲဖြစ်ဖြစ်ပါ, နင့်ဘာနင်သာကြည့်လိုက်တော့" တုန့်ဝိန်ချီက စုပေထံ ဖုန်းလှမ်းပေးလိုက်တယ်။

သူမဖိုရမ်ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက်တည်း စုပေက ပွင့်လင်းမြင်သာတဲ့ဓာတ်ပုံကို တွေ့လိုက်ရတယ်။ ဒီပုံက သူမစုရှောင်ပေါင်ကို ကျောင်းသို့ဆွဲခေါ်သွားချိန်မှာ ရိုက်ယူထားတာဖြစ်တယ်။ ဓာတ်ပုံထဲမှာတော့ သူမမျက်နှာက ပျော်ရွှင်မှုနှင့် စိတ်ရွှင်လန်းတက်ကြွမှုတို့အပြည့်ဖြစ်နေခဲ့တယ်။ စုရှောင်ပေါင်ကလည်း သူ့နှုတ်ခမ်းတွေက အနည်းငယ်ကော့တက်နေခဲ့ပြီး စိတ်အခြေအနေကောင်းမွန်နေတယ်ဆိုတာ သိသာထင်ရှားနေတာပင်။

နောက်ပြီး Mr.ချင်က တကယ်ကြီးကို ရယ်မောနေခဲ့တာ!

သူတို့ မနေ့ကကျောင်းဂိတ်ပေါက်ဝမှာ ရှိနေစဉ်တုန်းက Mr.ချင်က မျက်နှာကြီးကိုတည်ထားခဲ့ပြီးတော့ စုပေက သူ့ကိုတည့်တည့်တောင် မကြည့်ရဲခဲ့ဘူး။ သူမနောက်လှည့်လိုက်တာနဲ့ပဲ Mr.ချင်က သူ့မျက်နှာပေါ်မှာ ဒီလိုအမူအရာမျိုး လုပ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ? သူတို့ထွက်သွားတာကိုကြည့်ရင်း ဒီလူက ပြုံးရယ်နေခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားမှုအရိပ်အမြွက်လေးတစ်ခုရှိနေခဲ့ပြီး ခေါင်းကိုက်မှု အနည်းငယ်နှင့် ကူကယ်ရာမဲ့မှုနှင့်အတူ သာမန်ဖခင်တစ်ယောက်က သူ့ကလေးတွေကို ကြည့်နေသလိုမျိုး ဖြစ်နေခဲ့တယ်။ စုပေရဲ့လက်ချောင်းတွေက ဖုန်းမျက်နှာပြင်ပေါ်သို့ အသာအယာ ထိတွေ့နေခဲ့တယ်။ သူမနှုတ်ခမ်းထောင့်လေးမှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ သူမ၏မိုဘိုင်းဖုန်းကို ထုတ်လိုက်ပြီးတော့ ဓာတ်ပုံကိုထည့်သိမ်းလိုက်တော့တယ်။

ဖိုရမ်ကို အထက်အောက်ရွေ့လျားလိုက်တော့ စုပေက တုန့်ဝိန်ချီပြောတဲ့ မယုံကြည်နိုင်စရာ comment တွေကို တွေ့လိုက်ရတော့တယ်။ သေချာတာပေါ့, အမွှာတွေရဲ့နောက်ခံနှင့်ပတ်သတ်ပြီး အချို့သော ဆိုးရွားတဲ့ ဆွေးနွေးချက်တွေလည်း ရှိနေခဲ့တယ်လေ :

[စုပေနဲ့စုရှောင်ပေါင်တို့က တကယ်တမ်းကျတော့ ချင်မိသားစုကတဲ့! ဖာ့ခ်, ဘယ်လောက်လန့်စရာ ကောင်းလိုက်လဲ]

[အဲဒီနှစ်ယောက်လုံးက သိပ်ကိုနိမ့်ကျလွန်းတယ်]

[မနာလိုစရာကောင်းလိုက်တာ]

[မနာလိုမှု +၁]

[ဒါဆို သခင်လေးစုက တကယ်တမ်းကျတော့ သခင်လေးချင်ပေါ့?]

-----

Comment area မှာတော့ [စု-မုန်းတီးရေးတပ်ဖွဲ့] ကြီးကလည်း မတက်ကြွပဲမနေနိုင်ခဲ့လေဘူး။

[ဒါကထူးဆန်းတယ်လို့ နင်တို့မထင်ကြဘူးလား? ကြည့်ရတာတော့ ဥက္ကဌချင်က လက်မထက်ရသေးတဲ့ပုံပဲ, ဟုတ်တယ်မလား? သူ့မှာကလေးနှစ်ယောက်ရှိတယ်လို့ ငါလုံးဝမကြားဖူးဘူးလေ။ ဘာဖြစ်လို့ သူက ရုတ်တရက်ကြီး စုပေနဲ့စုရှောင်ပေါင်တို့ရဲ့အဖေဖြစ်သွားရတာလဲ?]

[နင်မမြင်ဘူးလား စုပေနဲ့စုရှောင်ပေါင်တို့ရဲ့မျိုးရိုးနာမည်က စု လေ၊ ချင် မှမဟုတ်တာကြီးကို?]

ဒီလို comment တွေက အလယ်မှာ ကြိုကြားကြိုကြားပေါ်ထွက်လာခဲ့တယ်။ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေသော်ငြား သူတို့တွေကို ဒေါသထွက်နေကြတဲ့ supporter တွေက အလျင်အမြန်ပြန်လွင့်စင်သွားစေခဲ့တယ်။ စုရှောင်ပေါင်က ကျောင်းမှာ fan အနည်းငယ်ရှိတာဖြစ်တယ်။ မနေ့က 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' အပြီးမှာတော့ စုပေလည်း supporter များစွာကိုရရှိခဲ့တယ်။

[ဥက္ကဌချင်က သူ့မိသားစုအကြောင်းကို နင့်ကိုတင်ပြနေရအုန်းမှာလား?]

[တစ်ချို့မိသားစုတွေက သူတို့ကလေးတွေရဲ့ identity တွေကိုဖုံးကွယ်ထားပြီးတော့ ကာကွယ်ပေးကြတာ။ နင် သူတို့ကိုမကြားဖူးဘူးဆိုတာ ပုံမှန်ပဲလေ]

[ဟုတ်တယ်။ သခင်လေးယဲ့လည်း သူ့အသက် ၁၀နှစ်အထိ သူ့အမေမျိုးရိုးကိုပဲ သုံးခဲ့တာပဲလေ]

အမှန်စစ်စစ်တော့ အထူးအခြေအနေရှိကြတဲ့အချို့သောမိသားစုတွေက ပုံမှန်အားဖြင့် သူတို့၏ကလေးများနှင့် အမွေဆက်ခံသူများကို တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက်ထားကြတာဖြစ်တယ်။ ထိုကဲ့သို့သော ကလေးများကို သူတို့ကြီးပြင်းလာသည်အချိန်အထိ လုံးလုံးမကြားဖူးကြဘူးဆိုသည်မှာ အထူးအဆန်းတစ်ခု မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် စုပေနှင့်စုရှောင်ပေါင်တို့၏အခြေအနေက တကယ်တမ်း ထူးခြားသော်ငြား ကျောင်းကတစ်ဦးတစ်ယောက်မှ မသိရှိခဲ့ကြဘူး။

ဒီ comment တွေကိုဖတ်ရင်းနဲ့ စုပေရဲ့မျက်နှာက အနည်းငယ်ပူလာခဲ့ပေမယ့် ဝမ်းနည်းတာတွေ စိတ်ဓာတ်ကျတာတွေကိုတော့ သူ မခံစားခဲ့ရဘူး။ ဒီနေ့ဖိုရမ်ထဲမှာ အသားပေးခံရတဲ့လေပြေသတင်းက ကျောင်းမှာ သူတို့ရဲ့လူကြိုက်များမှုနှင့် လုံးဝမသက်ဆိုင်ဘူးဆိုတာကို စုပေက သိနေခဲ့တယ်။ အရေးအကြီးဆုံး အကြောင်းရင်းတစ်ချက်ကတော့ သူမနှင့်စုရှောင်ပေါင်တို့က အခုလောလောဆယ်မှာ 'ချင်' ဆိုတဲ့နာမည် အတပ်ခံနေရတာပင်။ ဒီကျောင်းမှာတော့ အမြင့်ဆုံးတည်ရှိမှုဖြစ်တဲ့ ရှဲ့မင်ရွှမ်းနှင့်ယဲ့ချန်တို့ကို တစ်ယောက်မှ ရန်မစရဲကြတဲ့အပြင် ချင်မိသားစုကိုလည်း အမှားမလုပ်ရဲပဲလွှတ်ထားပေးကြတာဖြစ်တယ်။

-----

ဒီအချိန်မှာပဲ [စု-မုန်းတီးရေးတပ်ဖွဲ့] က စည်းချက်ကိုထိန်းချုပ်ဖို့ ကြိုးစားနေဆဲဖြစ်တယ်။ သို့ပေမယ့် ကံဆိုးချင်တော့ သူတို့အင်အားက အားပျော့နေတာပင်။ သို့သော် လေပြေနောက်တစ်ဖန် ပြောင်းလဲသွားမှာကို စောင့်ဆိုင်းမနေတော့ပဲ နောက်ထပ်သတင်းတစ်ခုက ဖောက်ထွက်လာခဲ့ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ဝေ့မင်အလယ်တန်းကျောင်း၏ ကျောင်းဖိုရမ်တင်မကပဲ စီးပွားရေးနှင့်မီဒီယာ အသိုင်းအဝိုင်းတစ်ခုလုံးမှာပါ ပေါက်ကွဲထွက်သွားခဲ့တယ်။

မနက် ၁၀နာရီမှာ ချင် Group က သူတို့၏တရားဝင်ချန်နယ်လ်များမှတဆင့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ ဒီကြေညာချက်က Mr.ချင်ဆီမှာ ကလေးနှစ်ယောက်ရှိတယ်ဆိုပြီး ကလေးတွေရဲ့ဇစ်မြစ်ကိုပဲ ရှင်းပြထားတဲ့ကြေညာချက်မျိုး လုံးဝမဟုတ်ပေ။ ဒါက တိုတိုနှင့်လိုရင်းတိုရင်း ကြေညာချက်တစ်ခုဖြစ်တယ် : [ချင် Group ၏ ဥက္ကဌဖြစ်သော ချင်ရှောက်မှ သူပိုင်ဆိုင်သောရှယ်ယာများ၏ ၁၀% ကို ၎င်း၏သားသမီးများ ဖြစ်သော ချင်ယွိနှင့်ချင်ယွဲ့အား တစ်ယောက်ကို ၅% ဆီလွဲပြောင်းပေးအပ်လိုက်ပါကြောင်း...]

ဒီသတင်းက ချက်ချင်းဆိုသလို ရှေ့ဆုံးစာမျက်နှာခေါင်းစီးပိုင်းတွေကို လက်ဝါးကြီးအုပ်သွားခဲ့တယ်။ လူတော်တော်များများက ထိတ်လန့်တုန်လှုပ်သွားကြရတာကတော့ Mr.ချင်ဆီမှာ တကယ်ကြီး ကလေးတွေရှိတယ်, ပြီးတော့ နှစ်ယောက်တောင်မှလေ!

တစ်ချိန်တည်းမှာပဲ Mr.ချင်က သူအသုံးမပြုခဲ့တာ နှစ်နှစ်ကျော်ကျော်ကြာနေပြီဖြစ်တဲ့ account တစ်ခုကို ပြန်ဖွင့်လိုက်ပြီးတော့ မေးခွန်းပေါင်းမြောက်များစွာကို ပြန်လည်ဖြေကြားခဲ့တယ်။

[ဥက္ကဌချင်ဆီမှာ တကယ်ကြီး ကလေးတွေရှိတယ်ဆိုတာ ကျွန်တော်လုံးဝမသိလိုက်ရပါလား!]

ချင်ရှောက် : ငါ့ဆီမှာ ကလေး ရှိ မရှိ မင်းကို တင်ပြဖို့လိုသေးလို့လား?

[အရမ်းလန့်စရာကောင်းတာပဲ, အဲ့ကလေးနှစ်ယောက်က ဘယ်ကရောက်လာတာတုန်း?]

ချင်ရှောက် : ငါ့ဆီက။

[ဥက္ကဌချင်ရဲ့ ဒီနေ့လုပ်ဆောင်ချက်က ကလေးတွေရဲ့ identity ကို ဖွင့်ချလိုက်ဖို့ ပြင်ဆင်နေတာမလား?]

ချင်ရှောက် : ငါ့ကလေးတွေက အရွယ်ရောက်နေကြပြီ။ ငါအခု သူတို့တွေကို ခေါ်ထားလို့ရပြီလေ။

-----

သေချာတာပေါ့, ချင် Group ကနေ ထုတ်ပြန်လိုက်တဲ့သတင်းဟာဆိုရင် အမွှာနှစ်ယောက်အတွက် ကာကွယ်စောင့်ရှောက်ပေးမှုအောက်မှာဖြစ်ပြီးတော့ [ချင်ယွိနှင့်ချင်ယွဲ့] ဆိုတဲ့နာမည်နှစ်ခုအပြင် တစ်ခြား ဘာအကြောင်းအရာမှ ပါဝင်ခဲ့ခြင်းမရှိပေ။ အဲလိုဆိုရင်တောင်မှ ကျောင်းရှိလူတိုင်းက ဒီကြေညာချက်က စုပေနှင့်စုရှောင်ပေါင်ကို ရည်ညွှန်းတယ်ဆိုတာကို သိနှင့်နေကြပြီဖြစ်တယ်။

ဒီအချိန်မှာပဲ ဝေ့မင်ကျောင်းဖိုရမ်မှာတော့ :

[ကျောင်းအလှပန်းလေးနဲ့သခင်လေးစုတို့က သူတို့အမေရဲ့မျိုးရိုးနာမည်ကို ယူထားတာဖြစ်လောက်တယ်? ရှောင်ပေါင်နဲ့ရှောင်ပေဆိုတာက နာမည်ပြောင်တွေပဲဖြစ်ရမယ်။ ဟား ဟား, တော်တော်လေး အနှိမ်ခံထားရတာပဲ, ဖေဖေချင်ရဲ့ရွေးချယ်ခြင်းမခံရတာ အသေအချာပဲပေါ့]

[အိုမိုင်ဂေါ့, သူတို့ကိုရင်းနှီးနေပါတယ်လို့ ငါတွေးနေမိတာကို မအံ့သြတော့ပါဘူး။ အရင်တုန်းက ဒါရိုက်တာရုံးခန်းထဲမှာ ကျောင်းပြောင်းကျောင်းသားနှစ်ယောက်ရဲ့ဖိုင်တွေကို ငါမြင်ဖူးတယ်။ ဖိုင်ပေါ်မှာ အဲဒီနာမည်နှစ်ခု ရေးထားတာကိုတွေ့လိုက်တော့ ငါလည်း အဲဒီအချိန်ကတည်းက သိချင်နေခဲ့တာ]

[ဒါကြောင့်မို့လို့ စုပေနဲ့စုရှောင်ပေါင်ဆိုတာ တကယ်တမ်းကျတော့ နာမည်ပြောင်တွေပဲပေါ့, ဟား ဟား ဟား, နည်းနည်းတောဆန်နေသလားလို့လေ]

[ဟား ဟား, တစ်ချို့လူတွေက အခုချိန်ထိ သူတို့လေးတွေကို တရားဝင်မဟုတ်တဲ့ကလေးတွေဆိုပြီး မရမက ပြောဆိုနေကြတုန်းပဲ။ ငါ့ဖင်ကြီးကိုပဲ တရားမဝင်နေလိုက်တော့။ ရှယ်ယာ ၅% တောင်ပေးထားပြီးပြီကို ဒါက အမွေဆက်ခံသူတွေအတွက် ကုစားပေးမှုတစ်ခုဆိုတာ အသိသာကြီးပဲလေ]

[ကမ္ဘာကြီးကိုတစ်ခါမှမမြင်ဖူးတဲ့ အဲဒီငတုံးငအတွေအတွက်ကတော့ ရှယ်ယာ ၅% ဆိုတာ သိပ်မများဘူးလို့ ပြောကြမှာပဲလေ, ချင် Group ရဲ့ဈေးကွက်တန်ဖိုး ဘယ်လောက်ရှိလဲ နင်တို့သိကြလို့လား?]

[ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့မိသားစုစီးပွားရေးက အတော်လေးကောင်းတယ်ကွာ။ ဒါပေမယ့် စုပေရဲ့ ချင် Group ရှယ်ယာ ၅% က ငါတို့လိုကုမ္ပဏီမျိုး ဆယ်ခုလောက်ကိုဝယ်နိုင်တာမျိုးဟ]

-----

အတန်း ၈-၂ မှာတော့ စုန့်ရှင်းယီကလည်း ဖိုရမ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေခဲ့တယ်။ သူမအမူအရာက တဖြည်းဖြည်းချင်း မဲ့ရွဲ့လာခဲ့ပြီးတော့ စားပွဲအောက်မှာ ဖွက်ထားတဲ့သူ့လက်သည်းတွေကိုတော့ လက်ဖဝါးထဲမှာ နက်နက်လေးထိုးစိုက်ထားခဲ့တယ်။ မနေ့ညကနေ အခုချိန်ထိ စုန့်ရှင်းယီက ဖိုရမ်၏ စည်းချက်ကို ပြောင်းသွားစေရန် ကြိုးစားခြင်းအလို့ငှာ သူမ fangirl တစ်ယောက်ဆီကနေ alt account တစ်ခုကို ဌားရမ်းခဲ့တယ်။

အရာအားလုံးက ဒီလောက်ရိုးရှင်းလွယ်ကူပြီး အမှန်မဟုတ်နိုင်လောက်ဘူးဆိုတာကိုတော့ ဘယ်သူမှ သူမထက်ပိုပြီး မသိနိုင်ဘူးလေ။ ဖုံးကွယ်ထားတဲ့ identity ကဘာလဲ? စုပေနဲ့စုရှောင်ပေါင်တို့ဆိုတာ အရင်တုန်းက ချင်မိသားစုမှာ ရှိမှမရှိခဲ့ကြတာလေ!

ဒါပေမယ့် ချင်မိသားစုရဲ့တရားဝင်ထုတ်ပြန်ချက်အရ စုန့်ရှင်းယီရဲ့စကားတွေကို တစ်ယောက်မှ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။

ဘာလို့လဲ? ဘာလို့များ ချင်မိသားစုဖြစ်ရတာလဲ?

-----

ကျောင်းပြင်ပတွင်တော့ နောက်ထပ် 'ဆူညံပွက်လောရိုက်ခြင်း' တစ်မျိုး ရှိနေခဲ့တယ်။

Mr.ချင်က သူ့ရုံးခန်းထဲမှာထိုင်နေစဉ် သူ့သမီး၏ငယ်ရွယ်နုနယ်သောအချစ်ကိစ္စအပေါ် ဘဝင်မကျ ဖြစ်နေခဲ့တယ်။

ချင်ရှောက် : "ရှဲ့မိသားစုက ကောင်လေးက ရှောင်ပေ့ကို မကြာမကြာနှောင့်ယှက်နေကြလား?"

ချန်တဲ့က 'ငယ်ရွယ်နုနယ်သောအချစ်' ပြဿနာနှင့်ပတ်သတ်ပြီး Mr.ချင်၏ခေါင်းခဲမှုကို မသိရှိတာကြောင့် အနည်းငယ် အံ့အားသင့်စွာဖြင့် မေးမြန်းစူးစမ်းလိုက်တယ် : နှောင့်ယှက်တယ်...ဒီစကားလုံးကြီးက နည်းနည်းများလွန်းနေတယ်မဟုတ်ဘူးလား?

"ရှဲ့မိသားစုရဲ့ဒုတိယသခင်လေးနဲ့ ရှောင်ပေါင်တို့က ဆက်ဆံရေးကောင်းကြပါတယ်။ သူတို့က မကြာခဏဆိုသလို ဘတ်စကတ်ဘော အတူတူကစားကြတာမို့လို့ သူက ရှောင်ပေနဲ့လည်း နည်းနည်း ရင်းနှီးနေတာဖြစ်မှာပါ" ခဏလောက်တွေးတောလိုက်ပြီးနောက် ချန်တဲ့က ပွင့်လင်းစွာနဲ့ဖြေလိုက်တယ်။ သို့ပေသိ Mr.ချင်၏မျက်နှာကြီးက ပိုပိုပြီးတော့တောင် မည်းမှောင်လာခဲ့တော့တယ်။

ချင်ရှောက် : "အဲ့ကောင်လေးက ကျောင်းမှာအရမ်းနာမည်ကြီးလို့လား?"

ချန်တဲ့ကပြန်ဖြေတယ် : "အဲလိုပဲဖြစ်လောက်တယ်" သူကပြုံးလိုက်ပြီး ထပ်ပြောလိုက်တာက : "ရှောင်ပေါင်လည်း ကျောင်းမှာ သေချာပေါက်လူကြိုက်များမှာ"

ချင်ရှောက် : "မိန်းကလေးတွေကြားထဲမှာပါ နာမည်ကြီးတာလား?"

ချန်တဲ့က စောစောက သူတို့ရဲ့စကားဝိုင်းထဲမှာ သူ့သူဌေး မတော်တဆထုတ်ပြောလိုက်တဲ့ 'ငယ်ရွယ်နုနယ်သောအချစ်' ဆိုတဲ့စကားနှစ်လုံးကို ရုတ်တရက် မှတ်မိသွားခဲ့တယ်။ အခုချိန် Mr.ချင်ရဲ့ မျက်နှာကိုကြည့်လိုက်တော့မှ ချန်တဲ့က ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွားရတော့တယ်။ "ဆရာ, ဆရာက ရှောင်ပေနဲ့ ရှဲ့မိသားစုကဒုတိယသခင်လေးတို့ dating လုပ်နေကြတယ်လို့ တွေးနေတာမလား?"

Mr.ချင် ဘာတစ်လုံးမှပြောနေစရာကိုမလိုလောက်အောင်ပဲ ချန်တဲ့က သူ့မျက်လုံးတွေထဲမှ အဖြေကို ရှာတွေ့သွားခဲ့ပြီဖြစ်တယ်။

"မိန်းကလေးငယ်ငယ်လေးတွေကတော့ ဒုတိယသခင်လေးရှဲ့လိုမျိုး ကျောင်းမှာ နာမည်ကြီးတဲ့ကောင်လေးရဲ့ ဆွဲဆောင်မှုကို အလွယ်တကူခံကြရတာပဲလေ" ချန်တဲ့က သတ္တိတွေမွေးလိုက်တယ်။ သူက Mr.ချင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တာက : "နှစ်ယောက်စလုံးကငယ်သေးတော့ သူတို့တစ်ယောက်ကို တစ်ယောက် ရိုးရိုးရှင်းရှင်းလေး crush ကြတာမျိုးပဲဖြစ်မှာပါ..."

ချန်တဲ့စိတ်ထဲမှာ ရုတ်တရက် စုပေက ရှဲ့မိသားစုရဲ့ဒုတိယသခင်လေးနဲ့ အတူတူယှဉ်တွဲရပ်နေတဲ့ပုံကို စိတ်ကူးယဉ်ကြည့်ခဲ့တယ်။ ဒါက မသိနားမလည်တဲ့ဆယ်ကျော်သက်လေးတွေရဲ့ပုံရိပ်တစ်ခုဖြစ်ပေမယ့် ကြည့်ရတာ အတော်လေးလှပနေခဲ့တယ်။ သို့သော် တစ်ခြားရှုထောင့်ကနေ ဒီတိုင်းတွေးဖို့ ကြိုးစားကြည့်လိုက်မယ်ဆိုရင်တော့ဖြင့် အကယ်၍များ သူ့သမီးလေးက ခွေးပေါက်ကောင်စုတ်လေး တစ်ယောက်ရဲ့ ဆွဲဆောင်သိမ်းသွင်းခြင်းကို ခံနေရမယ်ဆိုရင်တော့ ချန်တဲ့လည်း အဲဒီကောင်စုတ်လေးရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးကောင်းရိုက်ချိုးပစ်နိုင်တယ်လေ။

Mr.ချင်အရမ်းစိတ်တိုနေတာကိုတော့ မအံ့သြမိတော့ပါဘူး။

"ဆရာ, ဆရာ ကျွန်တော့်ကို ကျောင်းမှာ နောက်ထပ်ကိုယ်ရံတော်နည်းနည်းလောက် ထပ်ပြီး စီစဉ်ပေးစေချင်လား?" ချန်တဲ့က အကြံပြုလိုက်တယ်။ 'ငယ်ရွယ်နုနယ်သောအချစ်' ကိစ္စကို လျစ်လျုရှု ထားလိုက်အုန်းတော့ ဒီမနက်ထုတ်ပြန်လိုက်တဲ့ကြေညာချက်နဲ့တင် ရှောင်ပေနဲ့ရှောင်ပေါင်တို့အနားမှာ ကိုယ်ရံတော်အရေအတွက် ထပ်ဖြည့်ဖို့လိုကိုလိုအပ်နေတာပင်။

"စီစဉ်စရာရှိတာစီစဉ်လိုက်တော့"

"ဟုတ်ကဲ့ပါ, ဆရာ"

ဒီအချိန်မှာပဲ Mr.ချင်ရဲ့ဆဲလ်ဖုန်းကမြည်လာခဲ့တယ်။ ဒါက ကျင်းယွမ်စံအိမ်မှ ခေါ်ဆိုခြင်းဖြစ်တယ်။

ဖုန်းကိုင်လိုက်ပြီးနောက် ဦးလေးဖုရဲ့အသံထွက်ပေါ်လာခဲ့တယ် : "ဆရာ"

ချင်ရှောက် : "ဘာကိစ္စရှိလို့လဲ?"

ဖုပေါ် : "သခင်မကြီးပြန်ရောက်နေပါပြီ..."

သခင်မကြီး, Mr.ချင်၏မိခင်အရင်းဖြစ်သူပင်။

ချင်ရှောက်က ကုမ္ပဏီ၏ကိစ္စရပ်တွေကို လွဲပြောင်းပေးလိုက်ပြီးတော့ ကျင်းယွမ်စံအိမ်သို့ အရင်ပြန်လာခဲ့တယ်။

မဒမ် ယန်ကွေ့ကျီးက ဆိုဖာပေါ်မှာထိုင်ပြီး သစ်သီးတွေစားနေခဲ့တယ်။ ဧည့်ခန်းထဲမှာတော့ သူမယူလာခဲ့တဲ့ ခရီးဆောင်အိတ်အပုံလိုက်ကြီး ရှိနေခဲ့တယ်။ ချင်ရှောက်ပြန်လာတာကိုမြင်တော့ မဒမ် ယန်က ဒေါသထွက်နေတဲ့ အမူအရာနဲ့ မတ်တပ်ရပ်လိုက်တယ်။

"ဟိုကလေးနှစ်ယောက်က ဘယ်လိုဖြစ်ရတာလဲ?" မဒမ် ယန်ကမေးလိုက်တယ်။ အသိသာကြီးကို ချင်ရှောက်ဆီမှာ ကလေးနှစ်ယောက်ရှိတယ်ဆိုတာရယ်နဲ့ သူတို့တွေကို သူ့ရှယ်ယာရဲ့ ၁၀% ပေးလိုက်တယ် ဆိုတာတွေကိုတောင် သူမသိနှင့်နေပြီးဖြစ်တယ်။ ဒါက သူမ ဘာကြောင့်အလောတကြီးရောက်လာခဲ့ရသလဲ ဆိုတဲ့အကြောင်းပြချက်ပဲဖြစ်တယ်။

"ခင်ဗျား ကျွန်တော့်ကိုမေးခွန်းထုတ်နေတာလား?" ချင်ရှောက်က မဒမ် ယန်ကို အေးစက်စက်ကြည့်လိုက်တယ်, သူ့အကြည့်တွေက ဗြောင်ကျကျခြိမ်းခြောက်မှုအပြည့်နှင့်ပင်။

"ငါမင်းကိုမေးခွန်းထုတ်နေတာမဟုတ်ဘူး။ ဒါပေမယ့် ချင် Group က ရုတ်တရက်ကြီး အဲဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာလေ။ ငါကမင်းအမေလေ, ဒီအခြေအနေနဲ့ပတ်သတ်ပြီးတော့ ငါလာမကြည့်သင့်ဘူးလား?" မဒမ် ယန်က အသံနှိမ့်ပြောလိုက်တယ်။ ချင်ရှောက်ကို သူမကိုယ်တိုင်မွေးထားခဲ့တာဖြစ်သော်ငြား သူမ တကယ်ကြီး ဒီသားကိုတော့ အတော်လေးကြောက်ရတယ်လေ။

"သူတို့က ကျွန်တော့်ကလေးတွေ" ချင်ရှောက်က လိုရင်းတိုရှင်းပြောလိုက်တယ်။

မဒမ် ယန်က မကျေနပ်လေဘူး : "ဒါဆိုဘာလဲ? ရုတ်တရက်ကြီးပေါ်လာတဲ့ အဲ့ကလေးနှစ်ယောက်က မင်းကလေးတွေလို့ မင်းကရုတ်တရက်ကြီး ထပြောလိုက်တယ်ဆိုတော့ လမ်းပေါ်က တွေ့ကရာခွေးတွေ ကြောင်တွေကိုပါ မင်းကလေးတွေလို့ ဘာလို့မပြောလိုက်ရတာလဲ? မင်းမှားနေခဲ့ရင်ကော ဘယ်လိုလုပ်မလဲ, ဒါဖြင့်ရင်..." သူမစကားတွေက ချင်ရှောက်၏အကြည့်တွေကြောင့် ချက်ချင်းရပ်သွားခဲ့တယ်။

"ကောင်းပြီလေ, ကလေးတွေက မင်းကလေးတွေဆိုရင်တောင်မှ ရှယ်ယာတွေကိုအမွေပေးတယ်ဆိုတဲ့ ဒီလောက်ကြီးမားတဲ့ကိစ္စကို လုပ်တဲ့အချိန်မှာ မင်းဘာဖြစ်လို့ များများစားစား မတွေးလိုက်ရတာလဲ? မင်းမလုပ်ခင် ငါ့ကိုဘာလို့ကြိုမပြောရတာလဲ? ဒီငယ်ငယ်ရွယ်ရွယ်ကလေးနှစ်ယောက်ကို ဒီလိုအလွယ်လေး ပေးလိုက်ရရောလား"

Mr.ချင်က ရုတ်တရက် ထရယ်လိုက်တယ် : "မဒမ် ယန်, မမေ့လိုက်ပါနဲ့, ချင် Group ရဲ့မျိုးရိုးနာမည်က ချင် ဆိုတာကိုလေ။ ကျွန်တော့်ကိုယ်ပိုင်ရှယ်ယာတွေကို ကျွန်တော့်ကလေးတွေကိုမပေးရဘူးဆိုတော့ ဒါဆိုဘယ်သူ့ကို ပေးရမှာလဲ? ယန်ကွေ့ရှန်းကိုပေးရမှာလား? ယန်ယွမ်ကျီးကိုလား?"

ယန်ယွမ်ကျီးက ယန်ကွေ့ကျီးရဲ့သားဖြစ်တယ်။ သူက အဲဒီနိုင်ငံခြားသားဒါရိုက်တာနဲ့ရတဲ့ ကလေးဟုတ်သလား မဟုတ်ဘူးလားဆိုတာ မရှင်းလင်းသော်ငြား သူက ယန်ကွေ့ကျီး၏အစ်ကိုကြီးဖြစ်သူ ယန်ကွေ့ရှန်း၏အိမ်တွင် ကြီးပြင်းလာခဲ့သူဖြစ်တယ်။ ချင်ရှောက်နှင့်စာရင် အားနည်းတဲ့စိတ်ခံစားမှုရှိသူ မဒမ် ယန်နှင့် သူမသားငယ်တို့က နက်ရှိုင်းတဲ့ဆက်ဆံရေးရှိကြတာဖြစ်တယ်။

ချင်ရှောက်ပြောလိုက်တဲ့ 'ယန်ယွမ်ကျီး' ဆိုတဲ့စကားလုံးသုံးလုံးကို ကြားလိုက်တာနဲ့ မဒမ် ယန်ရဲ့အမူအရာက တင်းမာသွားခဲ့တယ် : သူမသားငယ်ကို ဒီနိုင်ငံကိုပြန်ခေါ်လာခဲ့တဲ့အချိန်တုန်းက ချင် Group ရဲ့ပိုင်ဆိုင်မှုတွေကို စီးပွားရေးလုပ်ဖို့ အသုံးချခဲ့တယ်။ မဒမ် ယန်အကြောက်ဆုံးအရာကဘာလဲဆိုရင် ချင်ရှောက်က ယန်ယွမ်ကျီးကို ထိခိုက်နစ်နာစေမယ့် တစ်စုံတစ်ရာကို လုပ်လိုက်မှာကိုပဲ။

"ချင်ရှောက်, မင်းငါ့ကိုခြိမ်းခြောက်နေတာလား?"

"မဟုတ်ဘူး, သတိပေးနေတာ"

ယန်ကွေ့ကျီး : "..."

သူမနှလုံးသားထဲက မကျေနပ်ချက်တွေကို ချိုးနှိမ်ထားလိုက်ရင်း မဒမ် ယန်က နောက်ဆုံးတော့ သူမလေသံကို ပြောင်းလဲလိုက်တယ် : "ငါဒါတွေအားလုံးကို ဒီတိုင်းပြောနေတယ်ဆိုတာက ငါမင်းကိုဂရုစိုက်လို့ပါ။ ဒါလည်း ကောင်းပါတယ်လေ။ မင်းအိမ်ကိစ္စတွေကို ဂရုစိုက်ဖို့ကျပြန်တော့လည်း ငါကအရမ်းပျင်းနေတာဆိုတော့"

"ဒါပေမယ့် သွေးသားတော်စပ်မှုအရဆိုရင် ငါက အဲ့ကလေးနှစ်ယောက်ရဲ့အဘွားမဟုတ်ဘူးလား? ဒီတော့ သူတို့ရောက်လာတာနဲ့ ဘာလို့ ဒီမှာမင်းကငါ့ကိုပေးမနေရတာလဲ?"

ချင်ရှောက်က ဦးလေးဖုကို တစ်ချက်ကြည့်လိုက်တယ်။

ဦးလေးဖုကပြောလိုက်တယ်, "သခင်မကြီးရဲ့အခန်းကအရင်အတိုင်းပါပဲ" ဘေးချင်းကပ်အခန်းကိုသာ စုပေအတွက် စန္ဒရားအခန်းအဖြစ် သူပြောင်းလဲပေးထားခဲ့တာဖြစ်တယ်။ ရလဒ်အနေနဲ့ကတော့ ဒီအခြင်းအရာကို မဒမ် ယန် မြင်ပြီးသွားတဲ့နောက် သူမက ဒီဆူညံမှုကြောင့် သူကောင်းကောင်းအိပ်မပျော်ဘူး ဟုဆိုကာ အဆုံးအစမရှိ စတင်ညည်းတွားတော့တယ်။

ဦးလေးဖုလည်း နားမလည်နိုင်တော့ဘူး။ ဆရာက ရုတ်တရက်ကြီး ကလေးနှစ်ယောက်ရှိလာပြီးတော့ ချင် Group ရဲ့ရှယ်ယာတွေကို ပေးလိုက်ပြီးသားဆိုတာကို မဒမ် ယန်လည်းသိနေခဲ့ပြီလေ။ ဒါဆို ဘာလို့သူမက ဒီနေရာကို တမင်သက်သက်ရောက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် မပျော်မရွှင်ဖြစ်အောင်လုပ်နေရတာလဲ?

"ဦးလေးဖု" ချင်ရှောက်က ရုတ်တရက်ထပြောတယ်။

"ဟုတ်ကဲ့ပါ, ဆရာ"

ချင်ရှောက် : "လူနည်းနည်းလောက်ခေါ်လိုက်ပြီးတော့ သခင်မကြီးရဲ့ခရီးဆောင်အိတ်တွေကို ကျင်းယွိရှန်းစံအိမ်ကို ပို့ပေးဖို့စီစဉ်လိုက်ပါ"

ဦးလေးဖုက တိတ်တိတ်လေးပြုံးလိုက်တယ်။ နောက်ဆုံးတော့လည်း မဒမ် ယန်ဆိုတာက Mr.ချင်ရဲ့မိခင်အရင်း ပဲမလား။ 'သားသမီးတို့၏ရိုသေကိုင်းရှိုင်းမှု' ဆိုတဲ့စကားအတိုင်း သူ့ခေါင်းပေါ်တက်နေရင်တောင်မှ သူမကို သူ သည်းခံရမှာပဲလေ။ နှစ်စဉ်နှစ်တိုင်း သူမလာရောက်လည်ပတ်ချိန်မှာ Mr.ချင်က သူမနဲ့ ဘာပဋိပက္ခမှ မဖြစ်လိုတာကြောင့် သူက တစ်ခြားနေရာမှာသာ ခေတ္တခဏသွားနေလိုက်တဲ့သူမျိုးပင်။

ဒါပေမယ့် ဒီနေ့ကတော့ ထူးခြားလေတယ်။ အခု ဆရာက ဖခင်တစ်ယောက်ဖြစ်နေခဲ့ပြီ။ သူ့ကလေးတွေ အတွက်ပိုပြီးတော့တောင် သူမကို သူနောက်ထပ်သည်းခံနိုင်တော့မည်မဟုတ်ပေ။

-----

ချင်ရှောက်က သူမကိုတစ်ခြားနေရာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးစေခိုင်းလိုက်တာကို သူမ ကြားလိုက်ရတဲ့အခါ မဒမ် ယန်က ရုတ်ရုတ်ရုတ်ရုတ်လုပ်လာခဲ့တယ်။ သူမက ငိုယိုအော်ဟစ်ပြီး သဘောမတူကြောင်း ဆန္ဒပြကာ တခဏလောက်အထိ လူးလှိမ့်နေခဲ့တယ်။ သို့သော်လည်း ချင်ရှောက်က တုပ်တုပ်တောင်မလှုပ်ခဲ့လေဘူး။ နောက်ဆုံးတော့ မဒမ် ယန်က သူမခရီးဆောင်အိတ်တွေကို သူမမူလအခန်းကိုသာ ပြောင်းရွှေ့ပေးရန် လူတွေကို ဖျော့တော့စွာဖြင့် တောင်းဆိုခဲ့ရတော့တယ်။

-----

သခင်မကြီးက ထက်မြက်လှတယ်။ ချင်ရှောက်က သူမနဲ့ မရင်းနှီးနိုင်ဘူးဆိုတာ သူသိနေခဲ့တယ်။ သူမ ပြဿနာရှာရင် သူမပဲဆုံးရှုံးရမှာလေ။ နောက်ဆုံးကျတော့ ယန်မိသားစုရဲ့စီးပွားရေးတွေက ချင် Group အပေါ် လုံးလုံးမှီခိုနေရတာပဲမဟုတ်လား။

ဧည့်ခန်းမှာပြဿနာရှာပြီးနောက် မဒမ် ယန်က ချင်ရှောက်ရဲ့အရေးအကြီးဆုံးအချက်ကို သေချာပေါက် ရှာတွေ့သွားခဲ့တယ်။ သူမက တစ်နေ့ခင်းလုံး သူမအခန်းထဲမှာ စိတ်ကိုပြင်ဆင်ရင်းနဲ့ အချိန်ကုန်ခဲ့တယ်။

စုပေနှင့်စုရှောင်ပေါင်တို့ ကျောင်းကနေ ကျင်းယွမ်သို့ ပြန်ရောက်လာချိန်မှာတော့ မဒမ် ယန်ရဲ့ စိတ်နေစိတ်ထားတွေက နေ့လည်ကနှင့် လုံးဝမတူတော့ပဲ ပြောင်းလဲသွားခဲ့တယ်။ အမွှာနှစ်ယောက်က ခြံဝင်းထဲသို့ ဝင်ဝင်ချင်းမှာပဲ မဒမ် ယန်က သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုနှင့်အတူ အိမ်အပြင်သို့ ထွက်လာခဲ့တယ်။

"အာ, မင်းတို့လေးတွေက ချင်ယွိနဲ့ချင်ယွဲ့ပေါ့။ ဒါက မင်းတို့နဲ့ ပထမဆုံးအကြိမ်တွေ့တာပဲ။ ငါက ချင်ရှောက်ရဲ့အမေ, မင်းတို့အဘွားပေါ့" ခေါင်းအစခြေအဆုံး အကောင်းစားတွေချည်း ဝတ်ဆင်ထားတဲ့ လှပပြီး ချောမောခန့်ညားတဲ့ ကလေးနှစ်ယောက်ကို သူမတွေ့လိုက်ရတော့ မဒမ် ယန်က ကြက်သေသေနေခဲ့တယ်။ သူမ ၁၀% သောရှယ်ယာတွေကို သတိရသွားခဲ့ပြီး သူမနှလုံးသားတွေက ရုတ်တရက် တင်းကျပ်လာခဲ့ရတယ်။

သို့ပေသိ ချင်ရှောက်ဘေးမှာရပ်နေတဲ့ မဒမ် ယန်ကတော့ သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဆင်မြန်းထားဆဲ ဖြစ်ကာ ကြင်ကြင်နာနာဖြင့် သူတို့ကိုပြောလိုက်တာက : "ဒီကိုလာပါအုန်းကွယ်, ဒီအဘွားက မင်းတို့လေးတွေကို တစ်ချက်လောက်ကြည့်ပါရစေအုန်း။ တကယ့်ကို ကြည့်ကောင်းကြတာပါလား"

မဒမ် ယန်စကားပြောနေချိန်မှာတော့ သူမအာရုံတွေအားလုံးက စုရှောင်ပေါင်အပေါ်မှာသာ ကျရောက်နေခဲ့တယ်။ နောက်ဆုံးကျတော့ မိန်းကလေးတွေက လက်ထက်ပြီးရင် အပြင်လူဖြစ်သွားကြပေမယ့် ယောက်ျားလေးတွေကတော့ သူမတို့ကိုယ်ပိုင်သာဖြစ်တယ်-ဒီအတွေးအခေါ်က မဒမ် ယန်ရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကြီးကို အမြစ်တွယ်နေခဲ့ပြီလေ။

ဟန်ဆောင်ပန်ဆောင်လုပ်တာတွေကို အသာထားလိုက်ပြီးတော့ ယန်ကွေ့ကျီးက စုရှောင်ပေါင်ကို တကယ်ကြီး သဘောကျနေတာဖြစ်တယ်။ ဒါက သူမသားအရင်းဖြစ်တဲ့ချင်ရှောက်ကို သဘောမကျဘူးလို့ ဆိုလိုချင်တာ မဟုတ်ဘူး။ သို့ပေမယ့်လို့ သူမက သူနဲ့ဘယ်လိုမှ ရင်းရင်းနှီးနှီးနေလို့ကိုမရတာဖြစ်တယ်။ ဒီကောင်လေးက ချင်ရှောက်နဲ့တူပေမယ့်လို့ သူ့အဖေလောက် ကြောက်စရာမကောင်းတာကြောင့် သူကအသင့်တော်ဆုံးပဲလေ။

"ဒါဆို မင်းနာမည်က ချင်ယွိပေါ့, နာမည်ကောင်းလေးပဲ။ အဘွားက ဦးလေးဖုကို စားပွဲကြီးတစ်ခုပြင်ဆင်ပေးဖို့ အထူးစပယ်ရှယ် တောင်းဆိုပေးထားတာ။ အထဲမြန်မြန်ဝင်ရအောင်" Ms.ယန်က စုရှောင်ပေါင်ကို ရင်းနှီးစွာဖြင့် အိမ်ထဲသို့ဆွဲခေါ်သွားတော့တယ်။

စုရှောင်ပေါင် : "..."

ဒီထူးဆန်းတဲ့အဘွားကြီးက ဘယ်ကနေဘွားခနဲပေါ်လာတာလဲဟ?

သူတို့နောက်မှာတော့ စုပေက Ms.ယန်၏ [ငါကမင်းနဲ့အရမ်းရင်းနှီးတာလေ] ဆိုတဲ့ နှစ်သက်ပျော်ရွှင်ဖွယ် သရုပ်ဖော်တင်ဆက်မှုကို ကြည့်နေခဲ့ပြီးတော့ ထိတ်လန့်တုန်လှုပ်မှုနည်းနည်းလေး ရရှိသွားခဲ့တယ်။ သူမစိတ်ကို ပြန်လည်ကုစားလိုက်ပြီးနောက် စုပေက သူမပြောစကားကနေ သော့ချက်စကားလုံးအနည်းငယ်ကို ခွဲခြမ်းစိတ်ဖြာလိုက်တယ်။

Mr.ချင်၏မိခင်အရင်းဖြစ်တဲ့ သခင်မကြီးယန်က ဝတ္ထုအရဆိုရင် သူများတွေကိုခက်ခဲအောင်လုပ်တဲ့နေရာမှာ နာမည်ကြီးသူများလား?

ဝတ္ထုအဆုံးမှာတော့ Mr.ချင်က ဇာတ်လိုက်ရဲ့အနိုင်ပိုင်းခြင်းကိုခံလိုက်ရကာ ဒေဝါလီခံလိုက်ရပြီးနောက် မဒမ် ယန် ကလည်း တရုတ်ပြည်မှာ အခြေအနေမကောင်းတော့ပေ။ နောက်ဆုံးမှာတော့ တရုတ်ပြည်မှာရှိတဲ့ သူမ၏ ရှယ်ယာများနှင့် ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချလိုက်ရပြီးတော့ သူမသားငယ်ကိုခေါ်ကာ နိုင်ငံခြားသို့ ထွက်သွားခဲ့တယ်။

စုပေက တောင့်တောင့်ကြီးရပ်နေခဲ့တယ်။ ဝတ္ထုထဲမှ သခင်မကြီးယန်အကြောင်းနှင့်ပတ်သတ်ပြီး သူမမှတ်ဉာဏ်တွေကို တူးဆွရင်းနဲ့ အလုပ်များနေခဲ့တယ်။

သို့သော် သူမပုံစံက Mr.ချင်၏မျက်လုံးထဲမှာတော့ အထီးကျန်ဆန်နေခဲ့တယ်။ သူမ 'အဘွား' ဆီကနေ လျစ်လျူရှုခြင်းခံလိုက်ရပြီးတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေပုံပေါက်နေခဲ့တဲ့ သူ့ဘေးက ကောင်မလေးကို စိုက်ကြည့်လိုက်တယ်။ တစ်ချို့သောအရာတွေက ကလေးတွေသိဖို့ မသင့်တော်သေးပေမယ့်လို့ Mr.ချင်က စုပေကို တကယ်ကြီး ပြောပြချင်နေခဲ့တာကတော့ : ဒီအဘွားလို့ခေါ်တဲ့သူရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သတ်ပြီးတော့ သမီးဘာမှဂရုစိုက်နေစရာမလိုဘူး။ သူမက ဘာမှကိုအရေးမပါတာ။

စုပေက သူမနှလုံးသားထဲမှာ တီးတိုးရေရွတ်လိုက်တာက : အခုလောလောဆယ် အဲဒီ မဒမ် ယန်ဆိုတဲ့ အဘွားကြီးက ကျင်းယွမ်မှာခဏနေအုန်းမှာဆိုတော့ သူမနဲ့စုရှောင်ပေါင်တို့က သူ့ကိုရှောင်သင့်လား? ရုတ်တရက် တစ်စုံတစ်ရာက သူမဆံပင်ကိုပွတ်ပေးနေတယ်လို့ ခံစားလိုက်ရတယ်။

"ဖေဖေ?" စုပေက ခေါင်းအသာမော့လိုက်ပြီးတော့ ချင်ရှောက်ကိုကြည့်လိုက်တယ်။

"အထဲဝင်ကြစို့လေ" ချင်ရှောက်က စုပေရဲ့ခေါင်းပေါ်မှ သူ့လက်ကိုပြန်ရုတ်လိုက်တယ်။ သူက စုပေနှင့်အတူ ဖြေးဖြေးမှန်မှန်နဲ့ အိမ်ထဲသို့အတူတူ လျှောက်လာခဲ့တယ်။ သူ့လှုပ်ရှားမှုတွေက မဒမ် ယန်က စုရှောင်ပေါင်ကို အိမ်ထဲသို့ဆွဲခေါ်သွားတုန်းကထက်တော့ စိတ်အားထက်သန်မှု လျော့နည်းနေပေမယ့်လို့ ဟန်ဆောင်ပန်ဆောင် ရင်းနှီးပြတာမျိုးထက်တော့ အများကြီးပိုပြီးသဘာဝကျနေခဲ့တယ်။

[Moon's Note : ဘာလိုလိုနဲ့ သုံးပုံပုံတစ်ပုံ ပြီးသွားပြီပဲ။ ဆက်ပြီး အားပေးကြပါအုန်းနော်~]

15.1.2021

Friday

_____

Thanks 😉

Continue Reading

You'll Also Like

2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
291K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
221K 36.5K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...