မင္း!...[COMPLETED]

By qutirah

13.7K 1.4K 279

သြားစမ္းပါ...အို္ဆယ္ဟြန္း...ငါမင္းတို႔လိုလူေတြကိုရြံလြန္းလို႔... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတ... More

•1•
°2°
•3•
•4•
•5•
•6•
•7•
•8•
•9•
•11•
•12•
•13•
•14•
•15•
•16•
•18•
•19•
•20•
•21•
•17•
•22•
•23•
•24•
•25•
•26•
•27•
•28•
•29•
•30•
•31•
•32•
•33•
•34•
•35•
ပစ္ထားမိတာအတြက္ေတာင္းပန္ပါတယ္..
•36•
•37•
•38•
•39•
•40•
•41•
•42•
•43•
•44•
•45•
•46•
•47•
•FINAL•

•10•

308 48 10
By qutirah

ေတာ္ေတာ္အျမင္ကပ္ဖို႔ေကာင္းေသာ
ပုတုပါေလ....။
လူကပုသေလာက္အားေတြတအား
႐ွိေနတယ္ထင္တယ္....။
ၾကည့္ဦး.....သူကိုက္သြားလိုက္တာ
သြားရာႀကီးကလက္ေပၚမွာအကြင္း
လိုက္ႀကီးကိုျဖစ္လို႔....။
လက္နာတာကိုအသာထားကာ
ထြက္သြားတဲ့ပုတုေနာက္အေျပး
လိုက္သြားလိုက္သည္...။
ဘယ္ေလာက္ျမန္ျမန္သြားပါေစေလ
ပုတုရဲ႕ေျခတံေလးေတြေလာက္ေတာ့
ကြၽန္ေတာ္ကအေပ်ာ့ပါ...။
သိပ္မသြားလိုက္ရခင္မွာပဲပုတုကို
ေတြ႔လိုက္ရသည္မို႔ေျခလွမ္းေတြကို
အ႐ွိန္တင္ကာအနားကပ္သြားလိုက္ၿပီး
ပုတုရဲ႕လက္ကိုလွမ္းဆြဲထားလိုက္
သည္....။

"ေနဦး...ေဒါက္တာေလး..
ဘာလို႔ဒီေလာက္အေလာႀကီးေနရတာလဲ..."

ေျခလွမ္းေတြကိုတုံခနဲရပ္ကာလွည့္
ၾကည့္လာတဲ့မ်က္ဝန္းေတြထဲအလိုမက်
မႈေတြအျပည့္နဲ႔...။

"ဘယ္လိုျဖစ္ေနတာလဲ....
အေရးႀကီးလို႔ပါဆိုတာကို.....
လႊတ္စမ္း....မင္းရဲ႕လက္.."

ကြၽန္ေတာ့္လက္ေတြထဲကသူ႔လက္ကို
အတင္း႐ုန္းေနတာမို႔အားပိုထည့္ကာ
ဆုပ္ကိုင္ထားလိုက္သည္...။

"ကိုယ္ေျပာတာေလးနားေထာင္ပါဦး..
ေဒါက္တာေလးရယ္...
ေဒါက္တာေလးသိလား..ဒီပန္းျခံထဲမွာ
ေနမေကာင္းတဲ႔သူလဲမ႐ွိဘူး..မူးလဲတဲ့သူလဲမ႐ွိဘူး...အဲဒါေၾကာင့္ကိုယ္ေျပာ
မယ့္စကားကိုနားေထာင္ေပးပါဦး.."

"ဟ..မင္းမသိဘဲ ရမ္းေျပာမေနနဲ႔...
ငါသတင္းရၿပီးလို႔လာခဲ့တာ..."

"ဒါဆို ေဒါက္တာေလးယံုေအာင္
ကိုယ္ေျပာျပရမလား..."

ဆိုေတာ့ေျပာေလဆိုတဲ့အထာနဲ႔မ်က္စ
ပစ္၏..။

"ဒါေပမယ့္ ေဒါက္တာေလးကိုယ့္ကို
တစ္ခုေတာ့ကတိေပး.."

"ဟာ...ေျပာစရာ႐ွိတာျမန္ျမန္ေျပာကြာ.."

"လုပ္ပါ ေဒါက္တာေလးရယ္..
ကတိေပးပါ.."

"ဟင္း...ေပးတယ္ ေပးတယ္
ဘာလဲ..ျမန္ျမန္ေျပာ..."

"မနက္ကကိုယ္ဖုန္းဆက္လိုက္တာ..
ေဒါက္တာေလးကို..."

ေျပာၿပီးေ႐ွ႕ကပုတုရဲ႕မ်က္ႏွာကိုလည္း
မသိမသာအကဲခတ္ရေသးသည္...။
လက္နာတာကေတာင္မေပ်ာက္ေသး
ဘဲ တစ္ခုခုထပ္လုပ္ေနမွျဖင့္...။
သို႔ေသာ္ကြၽန္ေတာ္ထင္သလိုမဟုတ္ခဲ့ပါ....။
စုပ္တစ္ခ်က္သာသပ္ၿပီးကြၽန္ေတာ့္ကို
ေတာင္လွည့္မၾကည့္ခဲ့ဘဲလွည့္ထြက္
သြားခဲ့သည္..။

"အဲ...ေဒါက္တာေလး..ေဒါက္တာေလး
ေနဦးေလ..."

ပုတုေနာက္အေျပးလိုက္ကာ
ေဘးခ်င္းယွဥ္အေနအထားကိုေရာက္မွ
သူ႔လမ္းေလ်ွာက္ႏႈန္းအတိုင္းလိုက္
ေလ်ွာက္ကာ လိုက္လာလိုက္သည္...။
ေဘးတိုက္ျမင္ေနရတဲ့မ်က္ႏွာျဖဴဥဥက
စိတ္႐ႈပ္ေထြးမႈလိုလို...စိတ္ဆိုးမႈလိုလို
နဲ႔မ်က္ေမွာင္က်ံဳ႕ေန၏...။

"ေဒါက္တာေလး.."

ေဘးကေနေခၚလိုက္ေသာ္လည္း
ၾကားပါလ်က္မၾကားခ်င္ေယာင္ေဆာင္
ကာလွည့္ၾကည့္မလာ...။

"ေဒါက္တာေလးက ေယာက်ာ္းမဟုတ္
ဘူးလား...ခုနကကတိေပးထားတယ္
ေလ..."

"ဟင္း....ဒီမွာ မင္းကိုေျပာမယ္.."

ဆိုကာကြၽန္ေတာ့္ဘက္ကိုေဒါက္တာ
ေလးလွည့္လာသည္...။

"မင္းငါ့ကိုဒီလိုေတြလိုက္ေႏွာင့္ယွက္ေနတာရပ္တန္းကရပ္ပါ.."

ကြၽန္ေတာ္ဘာမွျပန္မေျပာမိ...။

"ငါမင္းကို႐ွင္း႐ွင္းပဲေျပာေတာ့မယ္..
ေနာက္ထပ္ငါနဲ႔မပတ္သတ္ပါနဲ႔..."

"ဘာလို႔လဲ.. ကိုယ္ဒီလိုေတြလုပ္ေနတာ
ကိုေဒါက္တာေလးသေဘာမက်လို႔လား..ဟုတ္လား....ခု..ဒီလိုလုပ္ရတာကလဲဟိုတစ္ေန႔ညကကိစၥေၾကာင့္
ေဒါက္တာေလးကိုယ့္ကိုအထင္လြဲသြား
မွာမလိုလားလို႔ပါ..."

"ဟက္..အထင္လြဲတယ္တဲ့လား..
မင္းသ႐ုပ္ေဆာင္လုပ္သင့္တယ္.."

"ေဒါက္တာေလး...ဘာကိုေျပာတာ..."

"မင္းကိုယ္မင္းသိပ္အထင္ႀကီးမေနနဲ႔.....မင္းရဲ႕သ႐ုပ္အမွန္ကိုခုထက္ထိ
မသိေသးရေလာက္ေအာင္လည္း
ငါမတံုးေသးဘူး....ငါနဲ႔ပတ္သတ္တာ
ဒီတစ္ခါေနာက္ဆံုးျဖစ္ပါေစ...."

လွည့္ထြက္သြားၿပီးေျခလွမ္းေလးငါး
လွမ္း လွမ္းၿပီးခ်ိန္မွေနာက္ဘက္က
ကြၽန္ေတာ့္ထံသို႔ေခါင္းေစာင္းၾကည့္ရင္း

"ေအာ္...ေမ့ေတာ့မလို႔..
ငါေနာက္ထပ္မင္းနဲ႔ဘယ္ေတာ့မွ
ေတြ႔မွာမဟုတ္ဘူး...ဘာလို႔လည္းဆို
ေတာ့မင္းတို႔လိုလူမ်ိဳးေတြကို ရြံ လို႔... "

ရြံလို႔ ဆိုတဲ့ေနရာမွာတမင္အသံကိုျမင့္ကာတစ္လံုးခ်င္းျပတ္ျပတ္သားသား
ေျပာၿပီးထြက္သြားေသာပုတု...။
ပုတုရဲ႕ေက်ာျပင္ေသးေသးေလး
မ်က္စိေ႐ွ႕ကေနလံုးဝေပ်ာက္သြားခ်ိန္
ထိထိုေနရာမွာမလႈပ္မယွက္နဲ႔ပဲ
ထိုေက်ာျပင္ေလးကိုသာလိုက္ၾကည့္
ေနမိသည္....။

.ရြံလို႔......ရြံလို႔.....ရြံလို႔...

နားထဲပဲ့တင္ထပ္လာတဲ့စကားလံုးေတြ

"အား!!..."

ခုထိရင္းႏွီးမႈေတာင္မရေသးတာ..
ခုက...ခုက..အား....
ရက္စက္တယ္ပုတုရာ......။

°°°°°

မိုးေတြတျဖည္းျဖည္းအံု႔လာတာ
ေၾကာင့္ပတ္ဝန္းက်င္ကေမွာင္လာၿပီ..။
ေမွာင္လာတာနဲ႔အမ်ွပလတ္ေဖာင္း
ေပၚကပံုမွန္ႏႈန္းျဖင့္ေလ်ွာက္လွမ္းေန
ေသာဘြတ္အျဖဴေလးတစ္စံုဟာ
လည္းေႏွးသထက္ေႏွးလာသည္...။
ေႏွးေကြးစြာေျခလွမ္းလွမ္းေနေသာ
ထိုဘြတ္အျဖဴေလးေဘးသို႔
မိုးေရစက္ေလးတစ္စက္ကေတာက္ခနဲ။
တေျဖးေျဖးနဲ႔ပို ပိုသည္းလာေသာ
မိုးေရေတြႏွင့္အတူဘြတ္အျဖဴေလးက
ရပ္တန္႔လို႔သြားသည္...။
ဘြတ္အျဖဴေလးပိုင္႐ွင္ဂင္ဂြၽန္ေျမာင္
ရဲ႕မ်က္ႏွာဟာမသာမယာ..။
အမဲေကာင္ကိုအဲဒီလိုေျပာခဲ့ရတာေတြ
အတြက္ေနာင္တရသလိုလို..။
တကယ္တမ္းစိတ္ရင္းကအမဲေကာင္
ကိုမုန္းလည္းမမုန္းသလိုရြံလည္းမရြံပါ။
အငယ္ေကာင္ရဲ႕ေတာင္းဆိုခ်က္ေၾကာင့္သာ...။

"Hyung အဲဒီလိုလူနဲ႔ပတ္သတ္ေနတာကိုကြၽန္ေတာ္ဘယ္လိုမွစိတ္မခ်ဘူး
သူနဲ႔ထပ္မပတ္သတ္ပါနဲ႔...
ကြၽန္ေတာ္ေတာင္းဆိုတာပါ.."

ျပန္ၾကားေယာင္လာတဲ့အငယ္ေကာင္ရဲ႕
စကားေတြ...။
ကိုယ္တိုင္ကလည္းသူနဲ႔တတ္ႏိုင္
သမ်ွေဝးေဝးေ႐ွာင္ဖို႔ေတြးထားခဲ့ေပမယ့္
ဒီေလာက္အထိႀကီးေျပာမိလိမ့္မယ္
လို႔ေတာ့မထင္ထားခဲ့...။
အဲဒါသူ႔ေၾကာင့္ မို႔လည္းပါ ပါတယ္..။
ဟုတ္တယ္ သူကမနက္ေစာေစာ
အိပ္ေနေသးတဲ့သူကိုႏိုးၿပီးေနာက္လို႔..။
အဲဒီကစိတ္မၾကည္တာပါေရာၿပီး
အဲဒီလိုျဖစ္သြားတာ...။
ဟင္း....ဘယ္လိုပဲျဖစ္ျဖစ္....
သူ..ခုခ်ိန္ဆိုရင္ကြၽန္ေတာ့္ကို
မုန္းသြားေလာက္ၿပီထင္ပါတယ္...။

မိုးေတြကပိုသည္းလာသည္...။
ထီးေတြကိုယ္စီနဲ႔လမ္းသြားလမ္းလာ
ေတြၾကားဂြၽန္ေျမာင္တစ္ေယာက္သာ
တစ္ကိုယ္လံုးရႊဲရႊဲစိုလို႔....။

°°°°°

"Hyung!!"

တစ္ကိုယ္လံုးမိုးေရေတြနဲ႔ရႊဲနစ္ေနတဲ့
Hyung ကိုျမင္ေတာ့ရင္ထဲထိတ္ခနဲ။
လက္ထဲကရီမုကိုခ်ထားခဲ့ကာ
ဇာတ္လမ္းၾကည့္ေနရာမွတံခါးဆီကို
ကမန္းကတန္းေျပးလာလိုက္သည္..။
ဖိနပ္ခြၽတ္ေနတဲ့ hyung က
ျဖဴဖတ္ျဖဴေရာ္နဲ႔...။

"Hyung ဘယ္လိုျဖစ္တာလဲ...
ဟာ...လာ...ကြၽန္ေတာ္အခန္းထဲ
တြဲသြားေပးမယ္..."

ေပ်ာ့တိေပ်ာ့ဖတ္နဲ႔ hyung ကို
ထိန္းကာအခန္းထဲေခၚသြားရသည္..။
အခန္းထဲေရာက္ေတာ့ကုတင္ေပၚ
အသာလွဲခ်ကာေရစိုဝတ္ေတြကို
အျမန္လဲေပးလိုက္သည္...။
ၿပီးေတာ့ တာဝါတစ္ထည္ယူကာ
ကုတင္ေပၚေျခဆင္းထိုင္လိုက္ၿပီး
Hyung ရဲ႕ေခါင္းကိုေပါင္ေပၚတင္ကာ
ေရစိုေနတဲ့ဆံပင္ေတြကိုသာသာယာယာသုတ္ေပးရသည္....။
ဆံပင္ေတြေျခာက္သြားၿပီဆိုမွေခါင္းအံုး
ေပၚေခါင္းတင္ေပးၿပီးေနရာတက်လွဲ
ေစလိုက္သည္....။
မ်က္ခံုးေတြတြန္႔ခ်ိဳးထားတဲ့ hyung
ကျဖဴဖတ္ဖတ္နဲ႔....။
မ်က္ႏွာတစ္ခုလံုးကေသြးမ႐ွိေတာ့
သလိုကိုျဖဴစုတ္ေနသည္...။
Hyung နဲ႔ေတာ့ခက္တာပဲ...
သူူ႔ခႏၶာကိုယ္အေၾကာင္းကိုမသိတာ
လည္းမဟုတ္ဘဲ...မိုးစိုခံလာေသး
တယ္......။
Hyung ရဲ႕နဖူးေပၚဝဲက်ေနတဲ့ဆံစ
ေတြကိုသပ္တင္ေပးကာေစာင္
ကိုရင္ဘတ္အထိဆြဲျခံဳေပးၿပီး...
အခန္းေထာင့္ကစာၾကည့္စားပြဲ
အံဆြဲထဲ႐ွိေနမယ့္ေဆးဘူးကိုသြားယူ
လိုက္သည္....။
ဒီေဆးေတာ့ရေအာင္တိုက္မွျဖစ္မည္..။
Hyung ခုည...ေသခ်ာေပါက္ဖ်ား
ေတာ့မွာ...။
အရမ္းႀကီးအဖ်ားမႀကီးေအာင္လို႔
တိုက္မွျဖစ္မယ္....။
မနက္ေရာက္ရင္လည္းဒီခႏၶာကိုယ္နဲ႔
ေဆးရံုကိုေရာက္ေအာင္သြားဦးမွာ
ျမင္ေယာင္ေနေသးတာမို႔အဖ်ားႀကီး
လို့ဘယ္လိုမွမျဖစ္ပါ....။

°°°°°

ခပ္စူးစူးေနေရာင္ျခည္ကိုအာရံုခံမိတာ
ေၾကာင့္မွိတ္ထားတဲ့မ်က္ခြံေတြကို
ဖြင့္လိုက္သည္...။
အနည္းငယ္သာပြင့္သြားေသးေသာ္
လည္းေနေရာင္ေတြကတအားထိုးေနတာေၾကာင့္ျပန္မွိတ္ထားလိုက္ရ
သည္...။
ေနာက္တစ္ႀကိမ္ျပန္ႀကိဳးစားခ်ိန္မွာ
ေတာ့ေနသားက်သြားၿပီျဖစ္လို႔
အဆင္ေျပသြားသည္....။
အနည္းငယ္ကိုက္ေနေသးတဲ့ေခါင္း
ကိုေစာင္းၾကည့္ေတာ့ၾကမ္းျပင္မွာ
ထိုင္ကာကုတင္ေပၚေမွာက္လ်က္
သားအိပ္ေပ်ာ္ေနတဲ့ဂ်ံဳလံုး...။

"အငယ္ေကာင္... ထ...ထ.."

အိပ္ေပ်ာ္ေနတဲ့အငယ္ေကာင္ရဲ႕
လက္ေမာင္းကိုလႈပ္ႏိုးမိေတာ့...

"အင္း.....ဟင္..hyung...
ႏိုးၿပီလား..."

အငယ္ေကာင္ကထိုင္ေနရာမွထလာ
ကာကြၽန္ေတာ့္ရဲ႕ပါးကိုလက္နဲ႔အုပ္လိုက္
နဖူးကိုအုပ္ၾကည့္လိုက္ျဖင့္စမ္းသပ္
ၿပီး...

"Hyung ေနလို႔ေကာင္းလား..
ဟင္...ကိုယ္လက္ေတြနာေနေသးလား
ေခါင္းေတြေရာကိုက္ေသးလား..."

"Hyung ေနလို႔ေကာင္းေနပါၿပီ...
ေခါင္းေတာ့နည္းနည္းကိုက္ေသးတယ္"

"Hyung ရာ...မေန႔ကဘာလို႔
မိုးေရထဲျပန္လာတာလဲ...
မိုးရြာေနရင္လဲတစ္ေနရာရာမွာ
ဝင္ခိုေနပါ့လား...ၾကည့္ဦး...
ခုေတာ့ဖ်ားၿပီ..."

"အားအီဂူး...ဂ်ံဳလံုးက hyung ကို
စိတ္ပူေနတာပဲ...မေန႔ကအိမ္လည္း
ေရာက္ခါနီးေနၿပီမို႔လို႔ျပန္လာတာပါ.."

"ဒါေပမယ့္လည္း ဂ႐ုေတာ့စိုက္ဦး
Hyung...ျဖစ္ႏိုင္ရင္.....ဒီေန႔
ေဆးရံုမသြားပါနဲ႔လား hyung ရယ္"

"မသြားလို႔မျဖစ္ဘူး ဂ်ံဳလံုးရဲ႕...
ၾကည့္ေပးရမယ့္လူနာေတြအမ်ားႀကီး
႐ွိေသးတယ္.."

"Hyung ကအျမဲအာ့လိုပဲ....
ကိုယ့္က်န္းမာေရးကိုလည္းဂ႐ုစိုက္
ပါဦး....အရင္ကလိုျပန္ျဖစ္ရင္
ကြၽန္ေတာ္ကေတာ့ hyung ကို
ပစ္ထားလိုက္ေတာ့မွာဗ်.."

အိပ္ေနရာမွထရန္လုပ္ေတာ့အငယ္
ေကာင္ကအျမန္အနားေရာက္လာကာ
ထူေပးသည္...။
ဟက္..အဲဒီလိုပံုနဲ႔မ်ားအရင္လိုျပန္ျဖစ္
ရင္ပစ္ထားဦးမယ္တဲ့လား....။
မေနႏိုင္ပဲနဲ႔မ်ား...။
ကုတင္ေခါင္းရင္းကအငယ္ေကာင္
ခံထားေပးတဲ့ေခါင္းအံုးေပၚမွီလိုက္ၿပီး..

"အဲေလာက္ေတာ့ hyung လည္း
သိပါတယ္ ဂ်ံဳလံုးရယ္....
ဂ်ံဳလံုးကစာကိုသာႀကိဳးစားပါ..."

"Hyung ကစိတ္မွမခ်ရတာ...
မျဖစ္ေသးပါဘူး....ကြၽန္ေတာ္လည္း
ျမန္ျမန္ေက်ာင္းၿပီးမွျဖစ္ေတာ့မွာ.."

"အင္းပါ...ေက်ာင္းၿပီးေအာင္ဂ်ံဳလံုး
ကစာေတြႀကိဳးစားၿပီး hyung ကို
စိတ္ခ်ထားလိုက္ေတာ့..."

"စိတ္ခ်ခ်င္ပါတယ္....
ဟင္း....hyung ခုေန႔ေဆးရံုသြားမယ္
ဆိုရင္လည္းဆန္ျပဳတ္ေတာ့ေသာက္
သြား...ၿပီးရင္ေဆးလည္းေသာက္
သြားဦး... ခုကြၽန္ေတာ္သြားျပဳတ္
ေပးမယ္...."

အခန္းထဲကထြက္သြားတဲ့ဂ်ံဳလံုး
ကိုၾကည့္ကာျပံဳးမိသည္....။
ေလာကႀကီးမွာ႐ွိတဲ့တစ္ဦးတည္း
ေသာေသြးသားကကိုယ့္အေပၚ
ဂ႐ုတစိုက္႐ွိၿပီး ေႏြးေထြးလို႔ဘုရား
သခင္ကိုေက်းဇူးေတြအထပ္ထပ္
တင္မိပါသည္....။

Tbc°°°°°

ဒီတစ္ပိုင္းကပို႐ွည္ထားေပးပါတယ္
ေနာ....။☺
အဲ့ဒီအတြက္ feedback ေတြ
Star ေတြေပးသြားၾက....
မေပးရင္🔪🔪🔪

😂😂


တော်တော်အမြင်ကပ်ဖို့ကောင်းသော
ပုတုပါလေ....။
လူကပုသလောက်အားတွေတအား
ရှိနေတယ်ထင်တယ်....။
ကြည့်ဦး.....သူကိုက်သွားလိုက်တာ
သွားရာကြီးကလက်ပေါ်မှာအကွင်း
လိုက်ကြီးကိုဖြစ်လို့....။
လက်နာတာကိုအသာထားကာ
ထွက်သွားတဲ့ပုတုနောက်အပြေး
လိုက်သွားလိုက်သည်...။
ဘယ်လောက်မြန်မြန်သွားပါစေလေ
ပုတုရဲ့ခြေတံလေးတွေလောက်တော့
ကျွန်တော်ကအပျော့ပါ...။
သိပ်မသွားလိုက်ရခင်မှာပဲပုတုကို
တွေ့လိုက်ရသည်မို့ခြေလှမ်းတွေကို
အရှိန်တင်ကာအနားကပ်သွားလိုက်ပြီး
ပုတုရဲ့လက်ကိုလှမ်းဆွဲထားလိုက်
သည်....။

"နေဦး...ဒေါက်တာလေး..
ဘာလို့ဒီလောက်အလောကြီးနေရတာလဲ..."

ခြေလှမ်းတွေကိုတုံခနဲရပ်ကာလှည့်
ကြည့်လာတဲ့မျက်ဝန်းတွေထဲအလိုမကျ
မှုတွေအပြည့်နဲ့...။

"ဘယ်လိုဖြစ်နေတာလဲ....
အရေးကြီးလို့ပါဆိုတာကို.....
လွှတ်စမ်း....မင်းရဲ့လက်.."

ကျွန်တော့်လက်တွေထဲကသူ့လက်ကို
အတင်းရုန်းနေတာမို့အားပိုထည့်ကာ
ဆုပ်ကိုင်ထားလိုက်သည်...။

"ကိုယ်ပြောတာလေးနားထောင်ပါဦး..
ဒေါက်တာလေးရယ်...
ဒေါက်တာလေးသိလား..ဒီပန်းခြံထဲမှာ
နေမကောင်းတဲ့သူလဲမရှိဘူး..မူးလဲတဲ့သူလဲမရှိဘူး...အဲဒါကြောင့်ကိုယ်ပြော
မယ့်စကားကိုနားထောင်ပေးပါဦး.."

"ဟ..မင်းမသိဘဲ ရမ်းပြောမနေနဲ့...
ငါသတင်းရပြီးလို့လာခဲ့တာ..."

"ဒါဆို ဒေါက်တာလေးယုံအောင်
ကိုယ်ပြောပြရမလား..."

ဆိုတော့ပြောလေဆိုတဲ့အထာနဲ့မျက်စ
ပစ်၏..။

"ဒါပေမယ့် ဒေါက်တာလေးကိုယ့်ကို
တစ်ခုတော့ကတိပေး.."

"ဟာ...ပြောစရာရှိတာမြန်မြန်ပြောကွာ.."

"လုပ်ပါ ဒေါက်တာလေးရယ်..
ကတိပေးပါ.."

"ဟင်း...ပေးတယ် ပေးတယ်
ဘာလဲ..မြန်မြန်ပြော..."

"မနက်ကကိုယ်ဖုန်းဆက်လိုက်တာ..
ဒေါက်တာလေးကို..."

ပြောပြီးရှေ့ကပုတုရဲ့မျက်နှာကိုလည်း
မသိမသာအကဲခတ်ရသေးသည်...။
လက်နာတာကတောင်မပျောက်သေး
ဘဲ တစ်ခုခုထပ်လုပ်နေမှဖြင့်...။
သို့သော်ကျွန်တော်ထင်သလိုမဟုတ်ခဲ့ပါ....။
စုပ်တစ်ချက်သာသပ်ပြီးကျွန်တော့်ကို
တောင်လှည့်မကြည့်ခဲ့ဘဲလှည့်ထွက်
သွားခဲ့သည်..။

"အဲ...ဒေါက်တာလေး..ဒေါက်တာလေး
နေဦးလေ..."

ပုတုနောက်အပြေးလိုက်ကာ
ဘေးချင်းယှဉ်အနေအထားကိုရောက်မှ
သူ့လမ်းလျှောက်နှုန်းအတိုင်းလိုက်
လျှောက်ကာ လိုက်လာလိုက်သည်...။
ဘေးတိုက်မြင်နေရတဲ့မျက်နှာဖြူဥဥက
စိတ်ရှုပ်ထွေးမှုလိုလို...စိတ်ဆိုးမှုလိုလို
နဲ့မျက်မှောင်ကျုံ့နေ၏...။

"ဒေါက်တာလေး.."

ဘေးကနေခေါ်လိုက်သော်လည်း
ကြားပါလျက်မကြားချင်ယောင်ဆောင်
ကာလှည့်ကြည့်မလာ...။

"ဒေါက်တာလေးက ယောကျာ်းမဟုတ်
ဘူးလား...ခုနကကတိပေးထားတယ်
လေ..."

"ဟင်း....ဒီမှာ မင်းကိုပြောမယ်.."

ဆိုကာကျွန်တော့်ဘက်ကိုဒေါက်တာ
လေးလှည့်လာသည်...။

"မင်းငါ့ကိုဒီလိုတွေလိုက်နှောင့်ယှက်နေတာရပ်တန်းကရပ်ပါ.."

ကျွန်တော်ဘာမှပြန်မပြောမိ...။

"ငါမင်းကိုရှင်းရှင်းပဲပြောတော့မယ်..
နောက်ထပ်ငါနဲ့မပတ်သတ်ပါနဲ့..."

"ဘာလို့လဲ.. ကိုယ်ဒီလိုတွေလုပ်နေတာ
ကိုဒေါက်တာလေးသဘောမကျလို့လား..ဟုတ်လား....ခု..ဒီလိုလုပ်ရတာကလဲဟိုတစ်နေ့ညကကိစ္စကြောင့်
ဒေါက်တာလေးကိုယ့်ကိုအထင်လွဲသွား
မှာမလိုလားလို့ပါ..."

"ဟက်..အထင်လွဲတယ်တဲ့လား..
မင်းသရုပ်ဆောင်လုပ်သင့်တယ်.."

"ဒေါက်တာလေး...ဘာကိုပြောတာ..."

"မင်းကိုယ်မင်းသိပ်အထင်ကြီးမနေနဲ့.....မင်းရဲ့သရုပ်အမှန်ကိုခုထက်ထိ
မသိသေးရလောက်အောင်လည်း
ငါမတုံးသေးဘူး....ငါနဲ့ပတ်သတ်တာ
ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ...."

လှည့်ထွက်သွားပြီးခြေလှမ်းလေးငါး
လှမ်း လှမ်းပြီးချိန်မှနောက်ဘက်က
ကျွန်တော့်ထံသို့ခေါင်းစောင်းကြည့်ရင်း

"အော်...မေ့တော့မလို့..
ငါနောက်ထပ်မင်းနဲ့ဘယ်တော့မှ
တွေ့မှာမဟုတ်ဘူး...ဘာလို့လည်းဆို
တော့မင်းတို့လိုလူမျိုးတွေကို ရွံ လို့... "

ရွံလို့ ဆိုတဲ့နေရာမှာတမင်အသံကိုမြင့်ကာတစ်လုံးချင်းပြတ်ပြတ်သားသား
ပြောပြီးထွက်သွားသောပုတု...။
ပုတုရဲ့ကျောပြင်သေးသေးလေး
မျက်စိရှေ့ကနေလုံးဝပျောက်သွားချိန်
ထိထိုနေရာမှာမလှုပ်မယှက်နဲ့ပဲ
ထိုကျောပြင်လေးကိုသာလိုက်ကြည့်
နေမိသည်....။

.ရွံလို့......ရွံလို့.....ရွံလို့...

နားထဲပဲ့တင်ထပ်လာတဲ့စကားလုံးတွေ

"အား!!..."

ခုထိရင်းနှီးမှုတောင်မရသေးတာ..
ခုက...ခုက..အား....
ရက်စက်တယ်ပုတုရာ......။

°°°°°

မိုးတွေတဖြည်းဖြည်းအုံ့လာတာ
ကြောင့်ပတ်ဝန်းကျင်ကမှောင်လာပြီ..။
မှောင်လာတာနဲ့အမျှပလတ်ဖောင်း
ပေါ်ကပုံမှန်နှုန်းဖြင့်လျှောက်လှမ်းနေ
သောဘွတ်အဖြူလေးတစ်စုံဟာ
လည်းနှေးသထက်နှေးလာသည်...။
နှေးကွေးစွာခြေလှမ်းလှမ်းနေသော
ထိုဘွတ်အဖြူလေးဘေးသို့
မိုးရေစက်လေးတစ်စက်ကတောက်ခနဲ။
တဖြေးဖြေးနဲ့ပို ပိုသည်းလာသော
မိုးရေတွေနှင့်အတူဘွတ်အဖြူလေးက
ရပ်တန့်လို့သွားသည်...။
ဘွတ်အဖြူလေးပိုင်ရှင်ဂင်ဂျွန်မြောင်
ရဲ့မျက်နှာဟာမသာမယာ..။
အမဲကောင်ကိုအဲဒီလိုပြောခဲ့ရတာတွေ
အတွက်နောင်တရသလိုလို..။
တကယ်တမ်းစိတ်ရင်းကအမဲကောင်
ကိုမုန်းလည်းမမုန်းသလိုရွံလည်းမရွံပါ။
အငယ်ကောင်ရဲ့တောင်းဆိုချက်ကြောင့်သာ...။

"Hyung အဲဒီလိုလူနဲ့ပတ်သတ်နေတာကိုကျွန်တော်ဘယ်လိုမှစိတ်မချဘူး
သူနဲ့ထပ်မပတ်သတ်ပါနဲ့...
ကျွန်တော်တောင်းဆိုတာပါ.."

ပြန်ကြားယောင်လာတဲ့အငယ်ကောင်ရဲ့
စကားတွေ...။
ကိုယ်တိုင်ကလည်းသူနဲ့တတ်နိုင်
သမျှဝေးဝေးရှောင်ဖို့တွေးထားခဲ့ပေမယ့်
ဒီလောက်အထိကြီးပြောမိလိမ့်မယ်
လို့တော့မထင်ထားခဲ့...။
အဲဒါသူ့ကြောင့် မို့လည်းပါ ပါတယ်..။
ဟုတ်တယ် သူကမနက်စောစော
အိပ်နေသေးတဲ့သူကိုနိုးပြီးနောက်လို့..။
အဲဒီကစိတ်မကြည်တာပါရောပြီး
အဲဒီလိုဖြစ်သွားတာ...။
ဟင်း....ဘယ်လိုပဲဖြစ်ဖြစ်....
သူ..ခုချိန်ဆိုရင်ကျွန်တော့်ကို
မုန်းသွားလောက်ပြီထင်ပါတယ်...။

မိုးတွေကပိုသည်းလာသည်...။
ထီးတွေကိုယ်စီနဲ့လမ်းသွားလမ်းလာ
တွေကြားဂျွန်မြောင်တစ်ယောက်သာ
တစ်ကိုယ်လုံးရွှဲရွှဲစိုလို့....။

°°°°°

"Hyung!!"

တစ်ကိုယ်လုံးမိုးရေတွေနဲ့ရွှဲနစ်နေတဲ့
Hyung ကိုမြင်တော့ရင်ထဲထိတ်ခနဲ။
လက်ထဲကရီမုကိုချထားခဲ့ကာ
ဇာတ်လမ်းကြည့်နေရာမှတံခါးဆီကို
ကမန်းကတန်းပြေးလာလိုက်သည်..။
ဖိနပ်ချွတ်နေတဲ့ hyung က
ဖြူဖတ်ဖြူရော်နဲ့...။

"Hyung ဘယ်လိုဖြစ်တာလဲ...
ဟာ...လာ...ကျွန်တော်အခန်းထဲ
တွဲသွားပေးမယ်..."

ပျော့တိပျော့ဖတ်နဲ့ hyung ကို
ထိန်းကာအခန်းထဲခေါ်သွားရသည်..။
အခန်းထဲရောက်တော့ကုတင်ပေါ်
အသာလှဲချကာရေစိုဝတ်တွေကို
အမြန်လဲပေးလိုက်သည်...။
ပြီးတော့ တာဝါတစ်ထည်ယူကာ
ကုတင်ပေါ်ခြေဆင်းထိုင်လိုက်ပြီး
Hyung ရဲ့ခေါင်းကိုပေါင်ပေါ်တင်ကာ
ရေစိုနေတဲ့ဆံပင်တွေကိုသာသာယာယာသုတ်ပေးရသည်....။
ဆံပင်တွေခြောက်သွားပြီဆိုမှခေါင်းအုံး
ပေါ်ခေါင်းတင်ပေးပြီးနေရာတကျလှဲ
စေလိုက်သည်....။
မျက်ခုံးတွေတွန့်ချိုးထားတဲ့ hyung
ကဖြူဖတ်ဖတ်နဲ့....။
မျက်နှာတစ်ခုလုံးကသွေးမရှိတော့
သလိုကိုဖြူစုတ်နေသည်...။
Hyung နဲ့တော့ခက်တာပဲ...
သူူ့ခန္ဓာကိုယ်အကြောင်းကိုမသိတာ
လည်းမဟုတ်ဘဲ...မိုးစိုခံလာသေး
တယ်......။
Hyung ရဲ့နဖူးပေါ်ဝဲကျနေတဲ့ဆံစ
တွေကိုသပ်တင်ပေးကာစောင်
ကိုရင်ဘတ်အထိဆွဲခြုံပေးပြီး...
အခန်းထောင့်ကစာကြည့်စားပွဲ
အံဆွဲထဲရှိနေမယ့်ဆေးဘူးကိုသွားယူ
လိုက်သည်....။
ဒီဆေးတော့ရအောင်တိုက်မှဖြစ်မည်..။
Hyung ခုည...သေချာပေါက်ဖျား
တော့မှာ...။
အရမ်းကြီးအဖျားမကြီးအောင်လို့
တိုက်မှဖြစ်မယ်....။
မနက်ရောက်ရင်လည်းဒီခန္ဓာကိုယ်နဲ့
ဆေးရုံကိုရောက်အောင်သွားဦးမှာ
မြင်ယောင်နေသေးတာမို့အဖျားကြီး
လို့ဘယ်လိုမှမဖြစ်ပါ....။

°°°°°

ခပ်စူးစူးနေရောင်ခြည်ကိုအာရုံခံမိတာ
ကြောင့်မှိတ်ထားတဲ့မျက်ခွံတွေကို
ဖွင့်လိုက်သည်...။
အနည်းငယ်သာပွင့်သွားသေးသော်
လည်းနေရောင်တွေကတအားထိုးနေတာကြောင့်ပြန်မှိတ်ထားလိုက်ရ
သည်...။
နောက်တစ်ကြိမ်ပြန်ကြိုးစားချိန်မှာ
တော့နေသားကျသွားပြီဖြစ်လို့
အဆင်ပြေသွားသည်....။
အနည်းငယ်ကိုက်နေသေးတဲ့ခေါင်း
ကိုစောင်းကြည့်တော့ကြမ်းပြင်မှာ
ထိုင်ကာကုတင်ပေါ်မှောက်လျက်
သားအိပ်ပျော်နေတဲ့ဂျုံလုံး...။

"အငယ်ကောင်... ထ...ထ.."

အိပ်ပျော်နေတဲ့အငယ်ကောင်ရဲ့
လက်မောင်းကိုလှုပ်နိုးမိတော့...

"အင်း.....ဟင်..hyung...
နိုးပြီလား..."

အငယ်ကောင်ကထိုင်နေရာမှထလာ
ကာကျွန်တော့်ရဲ့ပါးကိုလက်နဲ့အုပ်လိုက်
နဖူးကိုအုပ်ကြည့်လိုက်ဖြင့်စမ်းသပ်
ပြီး...

"Hyung နေလို့ကောင်းလား..
ဟင်...ကိုယ်လက်တွေနာနေသေးလား
ခေါင်းတွေရောကိုက်သေးလား..."

"Hyung နေလို့ကောင်းနေပါပြီ...
ခေါင်းတော့နည်းနည်းကိုက်သေးတယ်"

"Hyung ရာ...မနေ့ကဘာလို့
မိုးရေထဲပြန်လာတာလဲ...
မိုးရွာနေရင်လဲတစ်နေရာရာမှာ
ဝင်ခိုနေပါ့လား...ကြည့်ဦး...
ခုတော့ဖျားပြီ..."

"အားအီဂူး...ဂျုံလုံးက hyung ကို
စိတ်ပူနေတာပဲ...မနေ့ကအိမ်လည်း
ရောက်ခါနီးနေပြီမို့လို့ပြန်လာတာပါ.."

"ဒါပေမယ့်လည်း ဂရုတော့စိုက်ဦး
Hyung...ဖြစ်နိုင်ရင်.....ဒီနေ့
ဆေးရုံမသွားပါနဲ့လား hyung ရယ်"

"မသွားလို့မဖြစ်ဘူး ဂျုံလုံးရဲ့...
ကြည့်ပေးရမယ့်လူနာတွေအများကြီး
ရှိသေးတယ်.."

"Hyung ကအမြဲအာ့လိုပဲ....
ကိုယ့်ကျန်းမာရေးကိုလည်းဂရုစိုက်
ပါဦး....အရင်ကလိုပြန်ဖြစ်ရင်
ကျွန်တော်ကတော့ hyung ကို
ပစ်ထားလိုက်တော့မှာဗျ.."

အိပ်နေရာမှထရန်လုပ်တော့အငယ်
ကောင်ကအမြန်အနားရောက်လာကာ
ထူပေးသည်...။
ဟက်..အဲဒီလိုပုံနဲ့များအရင်လိုပြန်ဖြစ်
ရင်ပစ်ထားဦးမယ်တဲ့လား....။
မနေနိုင်ပဲနဲ့များ...။
ကုတင်ခေါင်းရင်းကအငယ်ကောင်
ခံထားပေးတဲ့ခေါင်းအုံးပေါ်မှီလိုက်ပြီး..

"အဲလောက်တော့ hyung လည်း
သိပါတယ် ဂျုံလုံးရယ်....
ဂျုံလုံးကစာကိုသာကြိုးစားပါ..."

"Hyung ကစိတ်မှမချရတာ...
မဖြစ်သေးပါဘူး....ကျွန်တော်လည်း
မြန်မြန်ကျောင်းပြီးမှဖြစ်တော့မှာ.."

"အင်းပါ...ကျောင်းပြီးအောင်ဂျုံလုံး
ကစာတွေကြိုးစားပြီး hyung ကို
စိတ်ချထားလိုက်တော့..."

"စိတ်ချချင်ပါတယ်....
ဟင်း....hyung ခုနေ့ဆေးရုံသွားမယ်
ဆိုရင်လည်းဆန်ပြုတ်တော့သောက်
သွား...ပြီးရင်ဆေးလည်းသောက်
သွားဦး... ခုကျွန်တော်သွားပြုတ်
ပေးမယ်...."

အခန်းထဲကထွက်သွားတဲ့ဂျုံလုံး
ကိုကြည့်ကာပြုံးမိသည်....။
လောကကြီးမှာရှိတဲ့တစ်ဦးတည်း
သောသွေးသားကကိုယ့်အပေါ်
ဂရုတစိုက်ရှိပြီး နွေးထွေးလို့ဘုရား
သခင်ကိုကျေးဇူးတွေအထပ်ထပ်
တင်မိပါသည်....။

Tbc°°°°°

ဒီတစ်ပိုင်းကပိုရှည်ထားပေးပါတယ်
နော....။☺
အဲ့ဒီအတွက် feedback တွေ
Star တွေပေးသွားကြ....
မပေးရင်🔪🔪🔪

😂😂





Continue Reading

You'll Also Like

557K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
263K 7.7K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
23.6K 1.2K 21
မဖစ္​ႏိုင္​တဲ့ ကိစၥဆိုတာ မ႐ွိဘူးလို႔ ကိုကိုဘဲ ​ေျပာခဲ့တာ​ေလ ငယ္​ခ်စ္​တဲ့အခ်စ္​​ေတြက​ေကာ ကိုကို႔အတြက္​ မဖစ္​ႏိုင္​ဘူးလားဟင္​ Chankai...... အက္​တာရဲ႕ က...
59.8K 4.3K 52
#နက်ရှိုင်းသောသံယောဇဉ်🐻🐥 ficအသစ်လေးမိတ်ဆက်ပါရစေရှင်