Trigger [Completed]

By youngji_03

136K 13.5K 1K

If we had five more minutes Would I, could I, make you happy? Cover and illustrated by Ma Ni Ni Win Tun Writt... More

Prologue
1
2
4
5
6
7
8
9
Author's Note
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Epilogue
๐บ๐‘œ๐‘œ๐‘‘๐‘๐‘ฆ๐‘’ ๐ฟ๐‘’๐‘ก๐‘ก๐‘’๐‘Ÿ
Book Announcement,แ€กแ€™แ€พแ€ฌแ€ธแ€•แ€ผแ€„แ€บแ€†แ€„แ€บแ€แ€ผแ€„แ€บแ€ธ
Goodbye Letter-II
Book cover is released!
Can Preorder Now!
Trigger's physical book ๐Ÿ“–

3

5.8K 652 41
By youngji_03

// Scroll Down for ZAWGYI //

CHAPTER-3

[UNICODE]

ဘယ်ကနေစပြောရမှန်းမသိပေမဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်ဘေးမှာအမြဲတွေ့နေရပြီ။

ရှောင်းကျန့်တက်နေတဲ့ကျောင်းမှာကအစ သူ့အိမ်နားပတ်ဝန်းကျင်အထိကို ဝမ်ရိပေါ်က
သူ့နားမှာ ပျံဝဲနေတဲ့လိပ်ပြာ‌လေးလိုမျိုး တဝဲဝဲ တလည်လည်...

ရှောင်းကျန့် မလာပါနဲ့လို့သွားတားလည်း ဂရုစိုက်ပုံမရတဲ့ ဝမ်ရိပေါ်ကတော့
အကြော ခပ်တင်းတင်းရယ်

ခုဆို ကျောင်းforum ပေါ်မှာ နေ့တိုင်း နာမည်ကြီး၊ရေပန်းစားနေတဲ့ ခေါင်းစဉ်တစ်ခုရှိတယ်။

“ရှောင်းကျန့်ဘေးမှာအမြဲရှိနေတဲ့ ဝမ်ရိပေါ်”

အဲ့ခေါင်းစဉ်အောက်မှာအားကြိုးမာန်တက် ဝင်ဆွေးနွေးထားလိုက်ကြတာ
တစ်ကျောင်းလုံးနီးပါး..

“ဟေး ဝမ်ရိပေါ်ကကွေး‌နေတာလား”

“ဘုရားမလို့ တို့ကျောင်းက The Whole King ကိုကိုရှောင်းကျန့်လည်း သူလိုလိုက်မကွေးပါစေနဲ့”

“ဒီလိုတွေ ချောတဲ့ကောင်လေးတွေတိုင်းသာ ဂေးနေမယ်ဆို ဘုရားသခင်ကငါတို့ မိန်းကလေးတွေကို ဘာလို့များဖန်ဆင်းပေးနေသေးလဲ ငါကတော့သူတို့ကို ကမ္ဘာတစ်ဆုံးဆန့်ကျင်ပစ်မယ်!!!!!”

“အပေါ်ကတစ်ယောက်ဘာတွေ‌အာချောင်နေတာလဲ ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်က နင်နဲ့ ညားမှာမှမဟုတ်တာ”

“ဘယ်သူတွေဘာပြောပြော ငါကတော့သဘောတူတယ်၊ CP Nameတောင်စဉ်းစားပြီးပြီ BJYXတဲ့ ခ်ခ်”

ကောမန့်တွေဖတ်ပြီး ရှောင်းကျန့်တစ်ယောက် ချွေးတောင်ပြန်လာသလိုလို

နေကြပါအုံး ရှောင်းကျန့်ဆိုတဲ့သူက
မကွေးသေးပါဘူး

ဘယ်နှယ့် CP nameတွေပါထွက်နေရတာလဲ။

CP nameကလည်း BJYXတဲ့ !!!

အဲ့တာ ဟိုဝမ်ရိပေါ်ဆိုတဲ့ကောင်ကြောင့်ပဲ

ဒါနဲ့ နေ့တိုင်း မမြင်ချင်မှအဆုံးတွေ့နေရတဲ့ကောင် အခုမှပျောက်နေပါရောလား

ကောင်းတယ် မဟုတ်ရင် ‌သူရှိနေရင် ရှောင်းကျန့်တစ်ယောက်အနေအစား‌တောင် သိပ်မချောင်ဘူး။

အရင်တုန်းကရှောင်းကျန့်လာပြီဆိုတာနဲ့ ဝုန်းဒိုင်းကြဲနေကြ ကောင်မလေးတွေကလည်း
အခုအနောက်ကအဆစ်ပါလာတဲ့ကောင်ကြောင့် ပါးစပ်တောင်ကျယ်ကျယ်ဟဖို့မပြောနဲ့

မျက်လုံးနဲ့ဆွေပြီးလို့တောင်မကြည့်ရဲကြဘူး

‌ဝမ်ရိပေါ် ခုလို ကျောင်းမှာ သူအပိုင်လိုမျိုးဝင်ထွက်သွားလာနေတာကိုလည်း
ဘယ်သူကမှမတားရဲကြဘူး

ဘာလို့မတားရဲကြတာလဲဆိုရင် ဝမ်ရိပေါ်က ဒီကျောင်းရဲ့Shareholdersတွေထဲကတစ်ယောက်လေ

ကျောင်းအုပ်ကြီးတောင် မောင်ရင်ဝမ် မောင်ရင်ဝမ်နဲ့ မြှောက်ပင့်နေရတာကို
ဘယ်သူကများတားရဲမှာတဲ့လဲ။

ရှောင်းကျန့်နောက်နေ့တိုင်းလိုက်နေတဲ့ဝမ်ရိပေါ်ကအားယားနေတာလားဆိုပြီး မေးခွန်းထုတ်မိရင်နောက်ကွယ်က အလုပ်တွေသိမ်းကျုံးလုပ်ပေးနေရတဲ့ ကျိုးချန်နဲ့ ဝမ်ကုမ္ပဏီကလူတွေအကုန်ဝိုင်းပြီး လက်ခလယ်ထောင်ပြကြမယ်ထင်တယ်...

ဝမ်ရိပေါ်ကတော့ တစ်လောကလုံးကလူတွေအကုန်
ဘာ‌ပြော‌ပြောရှောင်းကျန့်အနားမှာရှိနေတုန်းပါပဲ။

ရှောင်းကျန့်ကိုယ်တိုင်ကလည်း
ဝမ်ရိပေါ် သူအနားရှိနေတာလေးကိုပဲ မသိမသာလေး နေသားကျလို့ရယ်

ရိပေါ်က သူနောက်အမြဲလိုက်နေပေမဲ့ စကားတော့ တစ်ခါမှလာမပြောဖူးဘူး။

ဒီတိုင်းပဲ ရှောင်းကျန့်တစ်နေ့တစ်နေ့
လုပ်နေကြအပြုအမူလေးတွေကိုပဲ
လိုက်ကြည့်နေတာ။

ရိပေါ်ကသူ့အပိုင်အရုပ်လေးတစ်ရုပ်ကို သူများတွေမယူသွားနိုင်အောင်လို့
သေချာ စောင့်ရှောက်နေသလိုမျိုးလေး...

ပြီးတော့ ရိပေါ်ရဲ့ အကြည့်တွေက ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာ
ရှောင်းကျန့်တစ်ယောက်သိမှသိပါရဲ့လား။

ဒီအကြောင်းတွေကို တစ်ဖန်ပြန်ကြားသိရတဲ့ဝမ်သခင်ကြီးက သူ့သားဖြစ်သူကိုခေါ်တွေ့တယ်။

ဝမ်သခင်ကြီးက အသက်လေးဆယ်ကျော်
ငါးဆယ်နားကပ်နေပြီဆိုပေမဲ့
ကြည့်ကောင်း‌နေတုန်းပဲ။

ကိုယ်ကနေလွှတ်ထုတ်နေတဲ့ အရှိန်အဝါကလည်း ဘေးနားကလေထုကိုတောင် နည်းနည်းလေးလံစေလာသလိုမျိုး

ဝမ်ရိပေါ်ကသာ ဝမ်သခင်ကြီးရှေ့မှာ ဘာမှမဟုတ်သလိုမျိုးအေးဆေးထိုင်နေနိုင်တာ။

တခြားသူစိမ်းတစ်ယောက်သာဆို
ဝမ်သခင်ကြီးကြောင့်လက်လွတ်စပယ် သာမန်ကာလျှံကာနေရဲမှာမဟုတ်ဘူး။

ကြည့်လိုက်တာနဲ့ ဝမ်ရိပေါ်ရဲ့ မူပိုင်အကြည့်စူးစူးတွေနဲ့အေးတိအေးစက် အမူအရာတွေကဝမ်သခင်ကြီးဆီကအမွေရလာတယ်ဆိုတာ ငြင်းနေစရာတောင်မလိုဘူး။

ဝမ်သခင်ကြီးနဲ့ဝမ်ရိပေါ်တို့နှစ်ယောက် အတူတူရှိနေတာက ကျားနှစ်ကောင် ထိပ်တိုက်တွေ့နေရသလိုပဲ

ဘာမှမသိတဲ့သာမန်ဖြတ်သွားဖြတ်လာ လူတွေတောင်သူတို့နှစ်ယောက်နဲ့လမ်းမှာ မတော်တဆထိပ်တိုက်တွေ့မိရင်အလိုလိုခေါင်းငုံ့ပြီး ရှောင်ထွက်သွားစေနိုင်တယ်။

“မင်း အခုဘာတွေလုပ်နေလဲဆိုတာ မင်းကိုယ်မင်းသိလား”

ဝမ်ရိပေါ် ဘာမှပြန်မပြောဘဲ ထုံးစံအတိုင်းခပ်တည်တည်နဲ့ထိုင်နေလိုက်တယ်

သူကိုယ်တိုင်လည်းသူကိုယ်သူအခု ဘာတွေလုပ်နေလဲဆိုတာမသိလို့ ဘာမှပြန်မ‌ပြောတာလည်းဖြစ်နိုင်တယ်

ရှောင်းကျန့်နောက်ကိုသူဘာလို့လိုက်နေမိလဲဆိုတာ သူကိုယ်တိုင်လည်းမသိဘူး

သေချာတာကတော့ သူ ရှောင်းကျန့်ကို
အမြဲတမ်းမြင်နေချင်တယ်ဆိုတာပဲ

မျက်စိအောက်ကနေခဏလေးတောင်မှ အပျောက်မခံနိုင်တဲ့အထိ.. ခဏလေးပျောက်သွားရင်ကိုပဲရှောင်းကျန့်က သူနားမှာတစ်သက်လုံးမရှိနိုင်တော့သလိုမျိုး
သူအမြဲလိုက်ကြည့်နေမိတာ။

“ အရင်တုန်းကလိုမျိုး ဒီတိုင်းငေးကြည့်ပြီးစောက်တလွဲတွေလုပ် ပြီးရင်ဟိုကထားသွားတော့မှ အရှုံးသမား‌တစ်ယောက်လိုမျိုး သေမလိုထပ်ဖြစ်ပြအုံးမှာလား?

ချစ်တယ်ဆိုရင်နာကျင်ရမှာပဲ
သူ‌ရောကိုယ်ရောနှစ်ဖက်လုံးနာကျင်ရမှအချစ်ပဲ

အချစ်ဆိုတာ ဘာပါညာပါဆိုပြီး
နူးနူးညံ့ညံ့လေးဖော်ပြထားတဲ့ ကဗျာတွေဆိုတာ အကုန်အမှားတွေချည်းပဲ

သူတို့ ပြောသလို နူးနူးညံ့ညံ့လေးချစ်ပေးကြည့်လိုက်ရင် တစ်ဖက်ကဆယ်ခါပြန်တောင် ထားသွားအုံးမှာ

အင်း သူလည်းမင်းကို ထပ်ပြီးထားသွားအုံးမှာပါပဲ စောက်ရူးလို လုပ်မနေနဲ့

သူကိုဒီ‌လောက်နဲ့လွှတ်ထားပေးပြီး ဒီတိုင်းသူ့ဘဝနဲ့သူပဲ ရှိစေတော့ ”

သူ့အဖေပြောတဲ့စကားတွေကြားပြီး ရိပေါ်ရဲ့ပြန်မတွေးချင်တဲ့ အတိတ်ကတချို့ အကြောင်းအရာတွေက ခေါင်းထဲပြန်ရောက်လာတယ်။

သိပ်ကိုပင်ပန်းခဲ့ရတဲ့ အတိတ်တွေပါပဲ။

ပင်ပန်းရတယ်ဆိုပေမဲ့ သူကိုယ်တိုင်
မေ့မပစ်ချင်ခဲ့တဲ့ အတိတ်တွေ
မဟုတ်ဘူး ဘယ်တုန်းကမှမေ့ဖို့
မကြိုးစားခဲ့တဲ့ သူရဲ့ အတိတ်တွေ...

အတိတ်တွေကို ပြန်ပြေးကြည့်ရင်
သူကို ယုန်သွားလေး နှစ်ချောင်းပေါ်အောင်ပြုံးပြပြီး ရိ‌ပေါ်လို့နူးနူးညံ့ညံ့ခေါ်နေခဲ့တဲ့မှဲ့နက်လေးနဲ့ကိုကိုက တစ်စိတ်တစ်ပိုင်းပါနေတဲ့အခါ ဝမ်ရိပေါ်ဟာ သူရဲ့
နာကျင်ရပါတယ်ဆိုတဲ့ အတိတ်တွေကို ဘယ်တော့မှ မေ့ပစ်ဖို့မကြိုးစားတော့ပါဘူး...

အခုချိန်မှာတော့ ရိပေါ်က
အရင်တုန်းကသူသိပ်နာကျင်ခဲ့ရပါတယ် ဆိုတဲ့သူ့အတိတ်တွေကိုအစအဆုံး ပြန်ပြောင်းပစ်တော့မှာ

သူ့ အတိတ်တွေထဲမှာ အဓိက ပါဝင်ခဲ့တဲ့ ကိုကိုဆိုတဲ့လူနဲ့အတူတူပေါ့...

အဲ့တာကြောင့် ဒီတစ်ခါတော့ ကိုကို့ကို
သူအပိုင်သိမ်းထားတော့မှာ

သူကိုဘယ်တော့မှထပ်ထားသွားလို့မရအောင် အတိတ်တုန်းကလိုမျိုး ဆိုးရွားနာကျင်ခဲ့ရတဲ့ အိမ်မက်ဆိုးတွေ၊ကံကြမ္မာရဟတ်တစ်ပတ် ပြန်မလည်‌လာ‌တော့အောင် ဒီတစ်ခါတော့ ကိုကို့ကို သူလုံးဝပိုင်ဆိုင်ရမှဖြစ်မယ်...

#12/1/2021

Edited Version-11/11/2021

[A/N; please take care of yourself...(。・ω・。)ノ♡]


CHAPTER-3

[ZAWGYI]



အကြော ခပ်တင်းတင်းရယ်










မကွေးသေးပါဘူး


CP nameကလည်း BJYXတဲ့ !!!






ဘယ်သူကမှမတားရဲကြဘူး







လိုက်ကြည့်နေတာ။































#12/1/2021




Continue Reading

You'll Also Like

16.2K 743 9
แ€„แ€ซแ€แ€ญแ€ฏแ€ทแ€แ€ฝแ€ฑ แ€กแ€แ€ฑแ€ธแ€€แ€”แ€ฑ แ€œแ€ฌแ€แ€ฒแ€ทแ€€แ€ผแ€แ€šแ€บ แ€„แ€ซแ€แ€ญแ€ฏแ€ทแ€แ€ฝแ€ฑ แ€€แ€ถแ€แ€›แ€ฌแ€ธแ€กแ€› แ€†แ€ฏแ€ถแ€แ€ฝแ€ฑแ€ทแ€แ€ฒแ€ทแ€€แ€ผแ€แ€šแ€บ แ€„แ€ซแ€แ€ญแ€ฏแ€ทแ€แ€ฝแ€ฑ แ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บ แ€แ€ปแ€…แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ทแ€€แ€ผแ€แ€šแ€บ
478K 55.4K 35
[ NOT TRANSLATION ] (แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹) แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€แ€ญแ€ฏแ€€แ€ปแ€”แ€ฑแ€ฌแ€บแ€ทแ€กแ€–แ€ฑแ€กแ€–แ€ผแ€…แ€บแ€™แ€ฝแ€ฑแ€ธแ€…แ€ฌแ€ธแ€™แ€šแ€บ แ€™แ€„แ€บแ€ธแ€€แ€„แ€ซแ€ทแ€€แ€ญแ€ฏ ?? Adoption of The Villain Daddy Book 1 For YiBo's Point O...
60.5K 4.6K 62
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...
63.9K 8.7K 34
Apรณs a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiรฃo do Caribe, Mon assume como capitรฃ do navio Concorde. Bem qu...