Emperor and the Knightness (Z...

Da CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... Altro

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၇၉

51 7 0
Da CrystSnow

ဧကရာဇ်က ပြန်ဖြေလိုက်သည်.

"မင်းက ဒရယ်သားကြိုက်တယ်ဆိုတော့ ဒရယ်ပဲ အမဲလိုက်ရမလားလို့လေ မကောင်းဘူးလား?"

"ဟားဟားဟား"

Poliana က ဒရယ်သားကို ကြိုက်နှစ်သက်ပြီး Acreian စစ်သားတွေက သူမကို ဒရယ်သားနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်သည်. အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက ဒရယ်သားက နူးညံ့ပြီး မြောက်ပိုင်းက ဒရယ်သားက အနည်းငယ်ပိုကြမ်းသည်. ဒရယ်ကို အမဲလိုက်ရတာက အရမ်းပျော်စရာကောင်းတဲ့ အလေ့အထတစ်ခုဖြစ်သည်. ဒါပေမဲ့ Poliana ရဲ့ အမဲလိုက်စွမ်းရည်ကတော့ သာမာန်မျှသာရှိသည်.

သင့်လျော်ကောင်းမွန်တဲ့ သားကောင်တွေရဖို့အတွက် ထောင်ချောက်ဆင်ဖမ်းတာကို ခွင့်ပြုထားပေမဲ့ Acreian ရဲ့ ဓလေ့ထုံးတမ်းအရတော့ ဒီလိုနည်းလမ်းတွေကို ဆောင်းတွင်းမှာသာ အသုံးပြုဖို့ ခွင့်ပြုထားသည်. Acreians တွေက အမဲလိုက်သမားကောင်းတွေဖြစ်ကြကာ သူတို့ရဲ့မြှားတွေနဲ့ အမဲလိုက်နိုင်ကြောင်း ခိုင်မာစွာနဲ့ ယုံကြည်ထားကြသည်. တကယ်လို့ အမဲလိုက်ပွဲမှာ သားကောင်တစ်ကောင်မှ ဖမ်းမမိခဲ့ရင်တော့ ဧကရာဇ်အနေနဲ့တောင် အရှက်ရနိုင်ဖွယ်ရှိသည်.

Acreian တွေရဲ့ ယဉ်ကျေးမှုအရ Poliana လိုမျိုး လေးမပစ်တတ်တဲ့သူမျိုးကို အထင်သေးတတ်ကြသည်. Acreian ရာသီဥတုက ကြမ်းတမ်းတာကြောင့် ဒီသတ်မှတ်ချက်ကို လက်ခံပေးဖို့ Poliana က ဆုံးဖြတ်ခဲ့သည်. သူမရဲ့ဇာတိဟောင်းဖြစ်တဲ့ Cranberries သီးတွေ စိုက်ပျိုးဖြစ်ထွန်းတဲ့ Aehas မှာတော့ ပိုပြီး ကောင်းမွန်တဲ့ ရာသီဥတုရှိသည်. Acreians တွေရဲ့ အသက်ရှင်သန်မှုက သူတို့ရဲ့အမဲလိုက်စွမ်းရည်ပေါ် မူတည်နေတာကြောင့် သူတို့က ဒီအရည်အချင်းကို လွန်စွာတန်ဖိုးထားကြသည်. တခြားဒေသမှာတော့ အမဲလိုက်တာကို ဝါသနာတစ်ခုအဖြစ် ယူဆကြပေမဲ့ Acreia မှာတော့ ဒါက အသက်ရှင်သန်ဖို့အတွက်ဖြစ်သည်.

သူမရဲ့အမဲလိုက်စွမ်းရည်ကြောင့် အပြစ်တင်ခံရတာကို သည်းခံနေရတာက Poliana တစ်ယောက်တည်းမဟုတ်ပေ Acreian အစိုးရအဖွဲ့ထဲ ပါဝင်လာတဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက အထက်တန်းလွှာတွေအတွက်လဲ တူညီတဲ့ သတ်မှတ်မှုတွေရှိသည်. ပထမတော့ အမဲလိုက်တာကို ဝါသနာပါခဲ့တဲ့ ဒီအထက်တန်းလွှာတွေက Acreian တွေက အမဲလိုက်စွမ်းရည်ကို တန်ဖိုးထားတယ်လို့ ကြားလိုက်တာကြောင့် သူတို့က ပျော်ရွှင်ခဲ့သည်. ဒါပေမဲ့ အမဲလိုက်အဖွဲ့ဝင်အသစ်တွေက Acreian တွေရဲ့ အမဲလိုက်တဲ့နည်းလမ်းကို သိလိုက်ချိန်မှာတော့ သူတို့က ထိတ်လန့်သွားခဲ့ကြသည်.

Acreian အမဲလိုက်သမားအများစုက တိရစ္ဆာန်တွေရဲ့ ခြေရာနဲ့ လမ်းကြောင်းကောက်ဖို့အတွက် ရက်အနည်းငယ်ကြာ အချိန်ယူတတ်ကြသည်. တစ်ခါတစ်ရံမှာတော့ သူတို့နဲ့အတူ အမဲလိုက်ခွေးတွေကိုပါ ခေါ်ဆောင်သွားတတ်ကြပေမဲ့ အမြဲတမ်းခေါ်တာမျိုးတော့ မဟုတ်ပေ.

Lucius ရဲ့ အမဲလိုက်အဖွဲ့ထဲမှာ Poliana က အညံ့ဆုံးဆိုတာက လူသိများတဲ့အချက်ဖြစ်သည်. ဒရယ်သားအကြောင်းကြားလိုက်ချိန်မှာ Poliana က စိတ်လှုပ်ရှားသွားပုံရတာကြောင့် ဧကရာဇ်က သူမကို ပြောလိုက်သည်.

"ပြုံးနေတာကိုရပ်ပြီးတော့ အသင့်ဖြစ်အောင်လုပ်တော့ Pol. ဒီတစ်ခါတော့ တစ်ခုခုဖမ်းမိအောင် မင်းကြိုးစားသင့်တယ်. ယုန်တစ်ကောင်လောက်ဆိုရင်တောင် အဆင်ပြေတယ်. ငါတို့အမဲလိုက်တိုင်း မင်းက မင်းကိုယ်မင်းအရှက်ရအောင်လုပ်ခဲ့တာပဲ"

"ကျွန်မအတွက်တော့ လူတွေကို အမဲလိုက်တာက ပိုလွယ်နေတယ် အရှင်"

"မင်းက ခြေရာခံတဲ့နေရာမှာ အရမ်းတော်နေပြီးတော့ သားကောင်ကျတော့ ဘာလို့ မဖမ်းနိုင်ရတာလဲ?"

"ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်"

အမဲလိုက်အဖွဲ့ကြီးတွေမှာ အမဲလိုက်ခွေးတွေနဲ့ ခြေရာကောက်တော်တဲ့သူတွေက သားကောင်တွေကို ခြေရာခံတဲ့ တာဝန်ကို ယူထားကြသည်. Poliana က လမ်းကြောင်းတွေနဲ့ ပတ်ဝန်းကျင်နေရာဒေသတွေကို ကောင်းစွာသိနားလည်တာကြောင့် မကြာခဏဆိုသလို သူမက အမဲလိုက်သမားတွေကို ဦးဆောင်ခဲ့ရသည်. ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ သူမကိုယ်တိုင်ကတော့ သားကောင်တစ်ကောင်မှ ဖမ်းမမိခဲ့ပေ. သားကောင်ကို ခြေရာခံနိုင်ပြီးတော့ မဖမ်းနိုင်ရင် ဘာထူးမှာလဲ?

ပြဿနာကတော့ သူမက အရမ်းဆိုးတဲ့ လေးသမားဖြစ်နေတာကြောင့် ဖြစ်သည်. သူမက ဓါးရှည်ကိုသာ အဓိကအသုံးပြုခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်သည်. သူမက လှံတံရှည်တွေကိုလဲ သုံးခဲ့ဖူးပေမဲ့ မြှားပစ်သင်တန်းကိုတော့ ဘယ်တုန်းကမှ မတက်ခဲ့ဖူးပေ.

လေး အသုံးပြုတာထက် လှံတံရှည်ကို အသုံးပြုရတာက ပိုလွယ်ကူသည်. လေးနဲ့မြှားအသုံးပြုနိုင်ဖို့အတွက် တစ်နှစ်လောက် အချိန်ယူကာ လေ့ကျင့်ဖို့လိုအပ်သည်. စစ်တပ်အများစုမှာတော့ ကျွမ်းကျင်လေးသမားတွေက လေးနဲ့ မြှားအသုံးပြုဖို့သာ သင်ကြားခဲ့ကြပြီး တခြားလက်နက်တွေကို အသုံးမပြုတတ်ကြပေ. Acreia မှာတော့ စစ်သားတွေ အားလုံးနီးပါးနဲ့ အမျိုးသားအများစုက လေးနဲ့မြှားကို ကောင်းစွာအသုံးပြုနိုင်ကြသည်.

Poliana က ကလေးဘဝတည်းက လေးအသုံးပြုတာကို မသင်ခဲ့ရပေ. သူမ အသက်ကြီးလာတော့ သူမရဲ့ နေ့စဉ်ဘဝမှာ သိပ်အသုံးမဝင်နိုင်တဲ့ အရာတွေအတွက် အချိန်မဖြုန်းတော့ပဲ သူမအတွက် အသုံးဝင်တဲ့ ဓါးရေးကိုသာ ပိုကောင်းအောင် လေ့ကျင့်ခဲ့သည်. တခြားသူတွေက ဒီအတွက်နဲ့ လှောင်ပြောင်ရယ်မောတာကြောင့် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်.

Poliana က ဧကရာဇ်ကို ပြောလိုက်သည်.

"ပစ်မှတ်ကို ထိဖို့ အရမ်းခက်တာပဲ"

"မင်း ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ငါသိပါတယ်. မင်းက လုံးဝအံ့အားသင့်စေမဲ့ အရာတစ်ခုခုကို ဖမ်းနိုင်မယ်ဆိုတာ ငါ သေချာသိတယ်. ပြီးတော့ မင်းက ဒီတိုင်းပြည်ရဲ့ အကြီးမားဆုံးအရာကိုတောင် ဖမ်းထားပြီးပြီလေ...."

Poliana Winter က မရည်ရွယ်ပဲနဲ့ ဧကရာဇ်ရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်. Lucius က သူ့စကားကို ဆုံးအောင်မပြောနိုင်တာကြောင့် Poliana က သူ့ကို နားလည်မှုလွဲသွားခဲ့သည်. သူက သူမကို တစ်ခုခုဖမ်းမိစေချင်နေတာလို့ ထင်သွားခဲ့တာကြောင့် အမဲလိုက်ပွဲမရောက်ခင်အထိ သူမ အကောင်းဆုံးလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်.

ပြီးတော့ သူတို့က သိပ်အရေးမပါတဲ့အကြောင်းအရာတွေကို ဆက်ပြောနေကြသည်. ဧကရာဇ်ဘာတွေလုပ်နေလဲလို့ Poliana က မေးလိုက်တော့ Lucius က သူ့ခွက်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်.

"အမှိုက်တွေကို ရေတွင်းနားမှာ လာပစ်နေတဲ့သူတွေရှိနေတယ်. ငါအဲ့ခွေးကောင်တွေကို ဖမ်းချင်နေတာ"

ဧကရာဇ်က ဒီဆိုးသွမ်းတဲ့လူတွေအကြောင်းကို ဆယ်မိနစ်လောက် ဆက်ပြောနေခဲ့သည်. အမှိုက်တွေက အနည်ထိုင်သွားပြီး မြေကြီးထဲ စိမ့်ဝင်ကာ ရေတွင်းထဲက ရေတွေကို ညစ်ညမ်းစေခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကလူတွေကို ဖျားနာစေခဲ့သည်. နောက်ထပ်ဖြစ်နေတဲ့ ပြဿနာက လူတွေက Msmel တောအုပ်ကို ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ အရင်းအမြစ်အဖြစ် ယူဆကာ သစ်တွေ ခုတ်လှဲနေတဲ့ ကိစ္စဖြစ်သည်.

Lucius က ဒေါသတကြီး ပြောဆိုလိုက်သည်.

"သစ်တောက ဘယ်လောက်အရေးကြီးလဲဆိုတာ ဒီလူတွေမသိဘူးလားပဲ! ငါ ဒီသစ်ခုတ်တာတွေအတွက် အခွန်ကောက်ဖို့ စဉ်းစားနေတယ်"

တကယ်လို့ သစ်တောက အထက်တန်းလွှာက လူတစ်ယောက်ပိုင်ဆိုင်တာဆိုရင်တော့ လူတွေက သစ်ပင်တွေကို အသုံးပြုခုတ်လှဲတဲ့အတွက် အခကြေးငွေပေးရမှာဖြစ်သည်. ဒါပေမဲ့ Msmel သစ်တောကို တိုင်းပြည်က ပိုင်ဆိုင်တာကြောင့် လူတွေက အခမဲ့အသုံးပြုနေနိုင်သည်. ကံမကောင်းစွာနဲ့ လူတွေက ဒီအချက်ကို အလွဲသုံးစားလုပ်ကာ သစ်တွေကို မလိုအပ်ပဲ အလွန်အကျွံခုတ်လှဲခဲ့ကြသည်. သစ်တွေကို မီးရှို့ရာက ထွက်လာတဲ့ မီးခိုးငွေ့တွေက မြို့တော်အထက်မှာ တိမ်တိုက်မဲတွေဖြစ်ပေါ်လာစေတာကြောင့် Lucius က မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်. လက်ရှိရာသီဥတုက အဲ့လောက်အထိ အေးနေတာတောင် မဟုတ်သေးပေ.

သူ့ရဲ့ Acreian စံသတ်မှတ်ချက်အရတော့ ရာသီဥတုက မအေးသေးပေမဲ့ အလယ်ပိုင်းဒေသက လူတွေအဖို့တော့ တော်တော်လေးအေးခဲနေပြီဟု ယူဆလို့ရသည်.

ဧကရာဇ်က သူလုပ်ရမဲ့အလုပ်တွေ တဖြည်းဖြည်းများလာတာကို တွေ့နေရသည်. သူက အလုပ်တစ်ခုပြီးအောင် လုပ်လိုက်ပေမဲ့ နောက်ထပ် အလုပ်ဆယ်ခုလောက် ထပ်ရောက်လာသည်. သူ့ဘဝကြီးက အဆုံးမရှိတဲ့ အလုပ်တွေနဲ့ပဲ ကုန်ဆုံးသွားနိုင်သည်.

Lucius က အမွေဆက်ခံသူတစ်ယောက် အပူတပြင်းလိုအပ်နေသည်. သူအသက်ကြီးလာတဲ့အခါမှာ သူ့နေရာမှာ အုပ်ချုပ်ဖို့ သားတစ်ယောက်ကို သင်ကြားပေးဖို့ လိုအပ်နေသည်. မဟုတ်ရင်တော့ ဧကရာဇ်က သေတဲ့အထိ အလုပ်တွေပိနေမှာဖြစ်သည်.

သူက စိတ်ရှုပ်နေပေမဲ့ သူ့အမူအရာက တဖြည်းဖြည်းနဲ့ နူးညံ့ပျော့ပြောင်းလာသည်. သူက ဆက်တိုက်ငြီးငြူပြောဆိုနေပေမဲ့ သူ့မျက်လုံးတွေက သက်တောင့်သက်သာဖြစ်လာပြီးတော့ လင်းလက်တောက်ပလာခဲ့သည်. အဲ့တာက Poliana ကို ကြည့်နေရလို့ ဖြစ်သည်.

ပြီးတော့ သူက သူချစ်တဲ့အမျိုးသမီးရှေ့မှာ ထိုင်နေတာဖြစ်သည်. သူမကို ကြည့်နေရရုံနဲ့.. သူ့ကို ပျော်ရွှင်စေသည်.

အမှန်တကယ်တော့ သူမကို ကြည့်နေရရုံနဲ့ သူက ကျေနပ်နှစ်သိမ့်နေနိုင်တာဖြစ်သည်. Lucius ရဲ့ သိမ်မွေ့နေတဲ့ အမူအရာက ခက်ထန်သွားပြန်သည်. သူ့ရဲ့ စိတ်ပူပင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေက သူ့ကို နှိပ်စက်ညှင်းပန်းနေခဲ့သည်. သူ့လူတွေက နေ့ရောညပါ မီးရှို့နေတဲ့ သစ်ပင်တွေလိုပဲ Lucius ရဲ့ နှလုံးသားကလဲ တဖြည်းဖြည်း လောင်ကျွမ်းကာ ပြာကျနေသည်.

သူ့အတွေးတွေက အချိန်နဲ့အမျှ ပြောင်းလဲနေသည်. တစ်ခါတစ်လေမှာ သူစိတ်လွတ်နေပြီလို့တောင် ဧကရာဇ်က ခံစားနေရပြီး မနေ့ညက သတင်းကို သူကြားလိုက်ချိန်မှာတော့ နှလုံးရပ်သွားတော့မလို ဖြစ်ခဲ့သည်. Lucius က သူ့လက်ညှိုးနဲ့ စားပွဲကို ခေါက်နေသည်. ဒါက သူတစ်ခုခုစဉ်းစားတိုင်း စိတ်မပျော်ရွှင်တိုင်း လုပ်နေကြ အကျင့်ဖြစ်သည်. Poliana က သူ့ကို တိတ်တဆိတ်စောင့်ကြည့်နေသည်.

မနေ့ညတုန်းက Frau Sneke က Poliana ကို လက်ထပ်ခွင့်တောင်းခဲ့သည်. Lucius က မနေ့တည်းက ဒီသတင်းကို ကြားသိထားပြီး အကြိမ်များစွာ အတည်ပြုပြီးဖြစ်သည်. Frau Sneke ဆိုတဲ့ အရူးက Poliana ကို သူမရဲ့ ပိုက်ဆံကြောင့် လက်ထပ်ချင်တာလို့ ဧကရာဇ်က ကြားသိခဲ့သည်. အဲ့ကောင်က ဘာတွေစဉ်းစားနေတာလဲ?

ဒီသတင်းပို့ချက်ရဲ့ အစပိုင်းကို ကြားလိုက်တော့ Frau က အမှားကြီးတစ်ခုကျူးလွန်လိုက်တာပဲလို့ Lucius က ထင်လိုက်ပြီး ဒီအချက်ကြောင့်ပဲ သူက အပျော်လွန်သွားခဲ့သည်. ဒါက သူကြားဖူးသမျှ လက်ထပ်ခွင့်တွေထဲက အဆိုးဆုံးဖြစ်သည်. Sir Donau က သူမကို လက်ထပ်ခွင့်တောင်းတဲ့အချိန်ထက် ပိုတောင်ဆိုးသေးသည်. Sir Donau က မြေအောက်အကျဉ်းထောင်ထဲမှာ ရက်အနည်းငယ်လောက်နေခဲ့ကာ သူလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာတော့ သူက ညစ်ပတ်ပေရေနေပြီး သူ့သွားတစ်ချောင်းပါ ကျိုးနေခဲ့သည်.

Frau ရဲ့ လက်ထပ်ခွင့်ကို Poliana က ငြင်းဆန်လိုက်မယ်ဆိုတာကို Lucius က သေချာပေါက်သိနေသည်. ဒါပေမဲ့ နောက်ဆက်တွဲသတင်းက သူ့ကို ထိတ်လန့်သွားစေခဲ့တာဖြစ်သည်. လက်ထပ်ခွင့်တောင်းပြီးတဲ့နောက်မှာ Poliana နဲ့ Frau တို့က အရက်အတူသွားသောက်ကြတယ်လို့ သတင်းပို့ထားသည်.

သူတို့နှစ်ယောက်တည်း!

လူလွတ် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်!

အတူတူ!

အရက်သောက်တယ်!

ပြီးတော့ ညဉ့်နက်ချိန်ကြီး!

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ သတင်းပို့တဲ့ သူလျှိုက Poliana နဲ့ Frau တို့ စားသောက်ဆိုင်ကနေထွက်သွားပြီးတဲ့နောက်မှာ သူတို့ကို မျက်ခြေပြတ်သွားတာက အဆိုးဆုံးဖြစ်ပြီး အဲ့နောက်မှာ သူတို့ဘာဆက်ဖြစ်သွားလဲဆိုတာကို ဘယ်သူမှ မသိနိုင်တော့ပေ! သူတို့ တကယ်ပဲ အရက်သွားသောက်ကြတာလား? နောက်ထပ် တစ်ခုခုများ ထပ်ဖြစ်သွားသေးလား?

ဒီအထိတ်လန့်ဖွယ်ဖြစ်ရပ်ကြောင့် Lucius က သေသွားတော့မလိုတောင် ဖြစ်သွားသည်. သူ့ရဲ့နှလုံးက ကျန်းမာပြီးတော့ သွေးဖိအားတွေက ပုံမှန်ဖြစ်နေလို့သာ တော်သေးသည်. မဟုတ်ရင်တော့ သူက တကယ်ပဲ သမားတော်ခေါ်ရကိန်းရှိသည်. သူက ထိတ်လန့်ကာ မယုံကြည်နိုင်တာကြောင့် ဒီအခန်းထဲမှာ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း နေနေခဲ့သည်.

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ညခင်းမှာ အရက်အတူသောက်တယ်..... အဲ့လိုသောက်ပြီးရင်တော့ ဆက်ဖြစ်နိုင်တာ တစ်ခုတည်းရှိတော့သည်. အဲ့တာက အရမ်းသိသာတဲ့ ကိစ္စဖြစ်သည်... Lucius နဲ့ Poliana က အရက်အတူသောက်ပြီးနောက် အခန်းတစ်ခုတည်းမှာ အိပ်ပျော်သွားခဲ့ဖူးတဲ့အချိန်တွေ ရှိခဲ့သည်. အဲ့အချိန်တွေတုန်းက ဘာမှမဖြစ်ခဲ့သလို ဧကရာဇ်ကလဲ သူမကို ချစ်မိနေတာမဟုတ်သေးပေ.

တကယ်လို့ အခုအချိန်မှာ အဲ့လိုမျိုးဖြစ်ခဲ့ရင်တော့.... တကယ်လို့ သူနဲ့ Poliana သာ အရက်အတူသောက်ပြီး မူးသွားခဲ့ရင်တော့... ရိုးရိုးတန်းတန်းအိပ်ရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးဆိုတာကို Lucius က သိနေခဲ့သည်. သူမက သူချစ်တဲ့ အမျိုးသမီးဖြစ်နေတာကြောင့် သူမဘေးနားမှာ ဘယ်လိုလုပ် အိပ်မောကျနိုင်မလဲ?

ဒီအခြေအနေကို စဉ်းစားလေ သူဒေါသထွက်လေဖြစ်နေသည်... မနေ့ညက Poliana နဲ့ Frau တို့ ဘာတွေဖြစ်ခဲ့လဲ?

Continua a leggere

Ti piacerà anche

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...