ဆိုးလ္ၿမိဳ႕မေဆးရံုႀကီးရဲ႕ေန႔လည္စာ
စားခ်ိန္မွာဆိုရင္ ေဆးရံုရဲ႕ကန္တင္း
ႀကီးကအျမဲဆရာဝန္ေတြ နာ့စ္ ေတြနဲ႔
စည္စည္ကားကားျဖစ္ေနက်ပင္...။
အခုလည္း ခါတိုင္းလိုပဲေဆးရံု
ဝန္ထမ္းေတြနဲ႔စည္စည္ကားကား
ျဖစ္ေနကာကန္တင္းတစ္ခုလံုးက
ဇြန္းသံ ခက္ရင္းသံေတြရဲ႕ဖုံးလႊမ္းျခင္း
ကိုခံထားရသည္....။
ထိုအသံေတြၾကားထဲမွတစ္ခ်က္
တစ္ခ်က္ထိုးထြက္လာတတ္သည္က
နာ့စ္တစ္ခ်ိဳ႕ရဲ႕တီးတိုးစကားေျပာသံ
ေတြ...။
"ဟဲ့ ဟဲ့ နင္တို႔ၾကားမိၾကလား."
"ဘာၾကားမိရမွာလဲ... နင္ကလဲ
အစမ႐ွိအဆံုးမ႐ွိနဲ႔.."
"အာ...နင္တို႔ကလဲတံုးပါ့...
ခုတေလာၿမိဳ႕ထဲမွာေမွာင္ခိုဂိုဏ္းသား
ေတြတအားေျခ႐ႈပ္ေနၾကတယ္တဲ့.."
"အဲဒါငါတို႔နဲ႔ဘာဆိုင္လဲ..."
"ဆိုင္တာေပါ့...ခါတိုင္း ေမွာင္ခိုကိစၥ
ေတြဆိုရင္ၿမိဳ႕ျပင္ေတြမွာပဲအေရာင္း
အဝယ္လုပ္ၾကတာမလား....
ခုကၿမိဳ႕ထဲမွာတင္ ထင္ထင္ေပၚေပၚ
လုပ္ေနၾကၿပီတဲ့.."
ထိုနာ့စ္ေလးရဲ႕စကားဆံုးေတာ့က်န္တဲ့
နာ့စ္ေတြကအံ့ျသတႀကီးနဲ႔..။
"ဟယ္ သူတို႔အဲ့ေလာက္ရဲပါ့မလား..
ၿမိဳ႕ထဲမွာဆိုရင္မ်က္စိေတြနားေတြက
ေနရာတိုင္းမွာ႐ွိေနတာပဲကို..."
"အမယ္ေလးေလး...သူတို႔ေတြ
အဲေလာက္တံုးၾကပါ့မလား...
တိုက္ႀကိဳတိုက္ၾကားေတြထဲကလမ္း
ျကားေတြမွာအေရာင္းအဝယ္လုပ္ၾက
တာတဲ့ေလ.."
"ေအ ဟုတ္တယ္....ငါေတာင္ခုမနက္
ေဆးရံုကိုလာေတာ့ၾကားခဲ့ေသးတယ္..
မေန႔ညကေဆးရံုနဲ႔သိပ္မေဝးတဲ့
လမ္းၾကားထဲမွာဂိုဏ္းသားေတြကို
ဖမ္းမိတယ္တဲ့....ၾကားတာေတာ့
သူတို႔ေတြတိုက္ခိုက္ခံထားရတယ္ထင္
တယ္ဆိုပဲ...အကုန္လံုးကဒဏ္ရာေတြ
နဲ႔တဲ့...."
"ဆိုလိုခ်င္တာကဟာ.....
သူတို႔ေတြကၿမိဳ႕ထဲအထိက်ဴးေက်ာ္လာ
ၿပီဆိုေတာ့ငါတို႔ေတြလဲသတိထားသင့္ၿပီ
လို႔ေျပာတာ..."
စကားဆံုးေတာ့နားေထာင္ေနတဲ့နာ့စ္
ေတြကေခါင္းတၿငိမ့္ၿငိမ့္ႏွင့္...။
တစ္ဖက္ဝိုင္းကဂြၽန္ေျမာင္မွာလည္း
ထမင္းသာဝါးေနတာအာရံုေတြက
တီးတိုးစကားေျပာေနတဲ့နာ့စ္ေတြရဲ႕
ဝိုင္းဆီမွာ...။
ထိုစကားေတြၾကားၿပီးေတာ့မေန႔ည
ကအမဲေကာင္ကိုျပန္သတိရမိသည္..။
မဟုတ္မွ....အမဲေကာင္ကအဲ့ဒီကိစၥ
ေတြနဲ႔ပတ္သတ္ေနတာေတာ့
မဟုတ္ဘူးမလား...။
ျပန္ေတြးၾကည့္မယ္ဆိုရင္...သိပ္ေအးတဲ့ေဆာင္းရာသီညခ်မ္းထဲမွာ
နားထင္ကေနေခြၽးေတြစီးက်ေနတဲ့သူ..
တစ္ခုခုကိုအေလာတႀကီးျဖစ္ေနပံုရတဲ့
သူ...။
ဟာ....မျဖစ္ႏိုင္တာ...။
ေခါင္းကိုခါရင္းေ႐ွ႕မွာ႐ွိေနတဲ့ထမင္း
ျဖဴျဖဴကိုသာဇြန္းနဲ႔ခပ္စားလိုက္သည္..။
ထမင္းဝါးေနရင္းမွဟိုတစ္ေန႔က
အမဲေကာင္ရဲ႕အက်ႌအိတ္ထဲေတြ႔ခဲ့တဲ့
ေဆးထုပ္ကအေတြးထဲ
တဝဲလည္လည္...။
မျဖစ္ႏိုင္ပါဘူးလို႔ေတြးေနေပမယ့္
ေတြ႔ထားခဲ့တဲ့သက္ေသေတြက
အမဲေကာင္ကိုသာၫႊန္းေနေတာ့
လည္း.........။
အာ...႐ူးခ်င္ပါတယ္.....။
ထမင္းျဖဴေတြကိုသာတစ္လုတ္ၿပီး
တစ္လုတ္ခပ္စားေနလိုက္ေတာ့သည္..။
စိတ္ေတြလဲ႐ႈပ္ရပါတယ္....
ဘာမွမဆိုင္တဲ့အမဲေကာင္အေၾကာင္း
ေတြးေနရတာနဲ႔တင္...။
°°°°°
စပ္စုခ်င္တဲ့စိတ္ကတစ္ေၾကာင္း
အမဲေကာင္ကိုအတည္ျပဳလိုတဲ့စိတ္က
တစ္ေၾကာင္းမို႔ ခုညလမ္းၾကားထဲ
ကျပန္ရန္စီစဥ္ထားသည္...။
'လမ္းၾကားေတြကဒီေလာက္
အႏၱာရာယ္မ်ားတာ...'
တစ္ဆက္တည္းမွာပဲ
အမဲေကာင္ရဲ႕စကားကိုၾကားေယာင္
မိျပန္ေတာ့ျပန္ရေကာင္းလား
မျပန္ရေကာင္းလားဆိုၿပီးေတြေဝသြား
ရေသးသည္...။
အာ...မသိဘူး ျပန္မွာပဲ...။
သူ႔စကားလိုက္နားေထာင္ေနရေလာက္
ေအာင္သူနဲ႔ကိုယ္ကဘာမွပတ္သတ္
တာလည္းမဟုတ္ဖူး...။
ဟုတ္တယ္.... ျပန္မယ္...။
°°°°°
လမ္းၾကားထဲကိုေရာက္ေတာ့အကုန္လံုး
ကပံုမွန္ပါပဲ...။
ခါတိုင္းလိုပဲအသြားအလာမ႐ွိဘဲ
တိတ္ဆိတ္ေနဆဲပါ....။
ကြၽန္ေတာ္ကသာလူမ်ားရင္စိတ္႐ႈပ္လို႔
ဒီလမ္းၾကားေလးကေနျပန္ျဖစ္တာ..။
ပံုမွန္ပဲမို႔လို႔စိတ္ေအးလက္ေအးသာ
ေျဖးေျဖးခ်င္းလမ္းေလ်ွာက္လာေန
လိုက္သည္....။
"မေန႔က ဟိုလူေတြအဖမ္းခံလိုက္ရ
တယ္....ဒီမွာမျဖစ္ေတာ့ဘူး.."
လမ္းၾကားေလးထဲအနက္ေရာင္ဝတ္စံု
နဲ႔လူတစ္ေယာက္တိုးတိုးတိတ္တိတ္
ဖုန္းေျပာေနေသာအသံ...။
"ငါအခုပဲ Mr ဆီအေၾကာင္းၾကားၿပီး
ၿမိဳ႕ျပင္ကဂိုေဒါင္ဆီသြားလိုက္မယ္..
ပစၥည္းေတြကိုအဲဒီပဲပို႔လိုက္.."
ထိုလူကဖုုန္းေျပာျခင္းၿပီးဆံုးသြားၿပီ
ျဖစ္၍ လမ္းခ်ိဳးေလးထဲခ်ိဳးဝင္လိုက္ခ်ိန္
မ်က္ႏွာေသႏွင့္သူ႔အားၾကည့္ေနေသာ
ဂြၽန္ေျမာင္ကိုထိပ္တိုက္ေတြ႔လိုက္ရ
သည္...။
ဂြၽန္ေျမာင္မွန္းသိလိုက္ရေတာ့ရင္ထဲ
ထိတ္ခနဲ..။
မဟုတ္မွ........ပုတုအကုန္ၾကားသြား
တာလား....။
"ဟို....."
"မလိုက္လာနဲ႔!"
ကိုယ့္ဘက္ကေျပာမည့္စကားလံုးကို
အစ႐ွာတုန္း႐ွိေသးခ်ိန္ ပုတုမွာ
မလိုက္လာနဲ႔ တစ္လံုးေျပာကာ
ေဘးကေနခပ္သြက္သြက္ျဖတ္ေလ်ွာက္
သြားသည္...။
မျဖစ္ဘူးေနာ္ ပုတု မျဖစ္ဘူး...။
မင္းကိုယ့္ကိုမုန္းသြားလို႔မျဖစ္ဘူး...။
ထြက္သြားတဲ့ပုတုေနာက္အမွီလိုက္ကာ
လက္ကိုလွမ္းဆြဲထားလိုက္သည္...။
"ပုတု ခန!"
"လႊတ္! မင္းငါ့ေနာက္လိုက္လာ
စရာမလိုဘူး.."
"မဟုတ္ဘူး ပုတု...ကိုယ္႐ွင္းျပမယ္"
"လႊတ္စမ္းပါ...မင္းငါ့ကို႐ွင္းျပေနရ
ေလာက္ေအာင္ငါတို႔ၾကားမွာ
ဘာပတ္သတ္မႈမွမ႐ွိဘူး.."
ပုတုစကားေၾကာင့္ေတြြခနဲျဖစ္သြား
ေသာကိုယ့္လက္ေတြၾကားပုတုရဲ႕
လက္ေလးေတြလြတ္ေျမာက္သြားခဲ့
သည္....။
ဟုတ္သား...ကိုယ္တို႔ကဘာမွမ
ပတ္သတ္တဲ့သူစိမ္းသာသာေတြပဲကို..။
မင္းဘက္ကအဲဒီလိုပဲေတြးေကာင္း
ေတြးႏိုင္ေပမယ့္ကိုယ့္ဘက္ကေတာ့
အဲဒီလိုေတြးႏိုင္မယ္မထင္ဘူး...
ပုတု..။
ထြက္သြားၿပီျဖစ္တဲ့ပုတုရဲ႕ေက်ာျပင္
ေလးကိုသာၾကည့္ရင္းဘာမွမတက္
ႏိုင္ခဲ့...။
မင္းေလး ကိုယ့္ကိုမုန္းသြားၿပီလား..။
°°°°°
ျပန္ေရာက္လာကတည္းကထူးဆန္း
ေနေသာအစ္ကိုျဖစ္သူကိုဂ်ံဳအင္
ၾကည့္ကာဘာေၾကာင့္ဒီလိုျဖစ္ေနသလဲ
ဆိုတာအေျဖထုတ္ေနမိသည္...။
ေဆးရံုကျပန္ေရာက္လာေတာ့
ႏႈတ္ဆက္တဲ့ကိုယ့္ကိုေတာင္မျမင္ပဲ
အခန္းထဲတန္းဝင္သြားေသာအစ္ကိုက
ခုလည္းစာအုပ္တစ္အုပ္ကိုဖြင့္လ်က္
သားကိုင္ထားၿပီးစိတ္ေတြလြင့္ေန
ျပန္သည္....။
"Hyung.."
"Hyung"
"Hyung"
ေခၚမၾကားေအာ္မၾကား hyung ရဲ႕
ေ႐ွ႕တည့္တည့္သြားကာပါးႏွစ္ဖက္ကို
ဆြဲညစ္လိုက္မွပဲအသိကပ္ေတာ့သည္..။
"hyung ဘာျဖစ္ေနတာလဲ..
ျပန္လာကတည္းကစိတ္နဲ႔လူနဲ႔လည္း
မကပ္ဘူး.."
ပါးႏွစ္ဖက္ကိုဆြဲညစ္ထားရင္းေမးလိုက္
ေတာ့ hyung ကကြၽန္ေတာ့္ရဲ႕လက္
ေတြကိုအတင္း႐ိုက္ခ်သည္..။
"ဖယ္ဦး .. "
လက္ေတြကို႐ိုက္ခ်ရင္းပလံုးပေထြးနဲ႔
ေျပာေနေသာ hyung ေၾကာင့္
အသံထြက္ေအာင္ပင္တဟားဟား
နဲ႔ရယ္ခ်ပစ္သည္...။
"ဟား...ဟား...hyung က
တကယ္တမ္းကြၽန္ေတာ့္ညီျဖစ္သင့္တာ.... သိလား... ကေလးေလး
က်ေနတာပဲ... ဟား..ဟား.."
"တိတ္တိတ္ေနစမ္း ဂ်ံဳလံုး...
ဒီေန႔စိတ္ကသိပ္ၾကည္ေနတာ
မဟုတ္ဘူး....."
"ေျပာပါဦး ကြၽန္ေတာ့္ရဲ႕ hyung
ပိစိကိုဘယ္သူကမ်ားစိတ္ညစ္ေအာင္
လုပ္လိုက္လို႔လဲ."
"ေတာ္ၿပီ ဂ်ံဳလံုး... hyung
အိပ္ေတာ့မယ္.."
ကုတင္ေပၚတက္ကာေစာင္ကို
ေခါင္းေပၚထိဆြဲျခံဳသြားေသာ hyung...။
အခ်ိန္ကလည္းမေစာေတာ့တာမို႔
အခန္းမီးကိုသြားပိတ္ကာ
Hyung ကုတင္ရဲ႕ေဘး စားပြဲတစ္လံုး
ျခား႐ွိကြၽန္ေတာ့ကုတင္ေပၚသို႔
တက္လိုက္ရင္း ကြၽန္ေတာ္သည္
လည္းအိပ္စက္ျခင္းဆီသို႔.....။
TBC°°°°°
Feedback ေလးေတြလိုခ်င္ပါ၏။
Stars ေလးေတြေရာပဲ😁
ဆိုးလ်မြို့မဆေးရုံကြီးရဲ့နေ့လည်စာ
စားချိန်မှာဆိုရင် ဆေးရုံရဲ့ကန်တင်း
ကြီးကအမြဲဆရာဝန်တွေ နာ့စ် တွေနဲ့
စည်စည်ကားကားဖြစ်နေကျပင်...။
အခုလည်း ခါတိုင်းလိုပဲဆေးရုံ
ဝန်ထမ်းတွေနဲ့စည်စည်ကားကား
ဖြစ်နေကာကန်တင်းတစ်ခုလုံးက
ဇွန်းသံ ခက်ရင်းသံတွေရဲ့ဖုံးလွှမ်းခြင်း
ကိုခံထားရသည်....။
ထိုအသံတွေကြားထဲမှတစ်ချက်
တစ်ချက်ထိုးထွက်လာတတ်သည်က
နာ့စ်တစ်ချို့ရဲ့တီးတိုးစကားပြောသံ
တွေ...။
"ဟဲ့ ဟဲ့ နင်တို့ကြားမိကြလား."
"ဘာကြားမိရမှာလဲ... နင်ကလဲ
အစမရှိအဆုံးမရှိနဲ့.."
"အာ...နင်တို့ကလဲတုံးပါ့...
ခုတလောမြို့ထဲမှာမှောင်ခိုဂိုဏ်းသား
တွေတအားခြေရှုပ်နေကြတယ်တဲ့.."
"အဲဒါငါတို့နဲ့ဘာဆိုင်လဲ..."
"ဆိုင်တာပေါ့...ခါတိုင်း မှောင်ခိုကိစ္စ
တွေဆိုရင်မြို့ပြင်တွေမှာပဲအရောင်း
အဝယ်လုပ်ကြတာမလား....
ခုကမြို့ထဲမှာတင် ထင်ထင်ပေါ်ပေါ်
လုပ်နေကြပြီတဲ့.."
ထိုနာ့စ်လေးရဲ့စကားဆုံးတော့ကျန်တဲ့
နာ့စ်တွေကအံ့သြတကြီးနဲ့..။
"ဟယ် သူတို့အဲ့လောက်ရဲပါ့မလား..
မြို့ထဲမှာဆိုရင်မျက်စိတွေနားတွေက
နေရာတိုင်းမှာရှိနေတာပဲကို..."
"အမယ်လေးလေး...သူတို့တွေ
အဲလောက်တုံးကြပါ့မလား...
တိုက်ကြိုတိုက်ကြားတွေထဲကလမ်း
ကြားတွေမှာအရောင်းအဝယ်လုပ်ကြ
တာတဲ့လေ.."
"အေ ဟုတ်တယ်....ငါတောင်ခုမနက်
ဆေးရုံကိုလာတော့ကြားခဲ့သေးတယ်..
မနေ့ညကဆေးရုံနဲ့သိပ်မဝေးတဲ့
လမ်းကြားထဲမှာဂိုဏ်းသားတွေကို
ဖမ်းမိတယ်တဲ့....ကြားတာတော့
သူတို့တွေတိုက်ခိုက်ခံထားရတယ်ထင်
တယ်ဆိုပဲ...အကုန်လုံးကဒဏ်ရာတွေ
နဲ့တဲ့...."
"ဆိုလိုချင်တာကဟာ.....
သူတို့တွေကမြို့ထဲအထိကျူးကျော်လာ
ပြီဆိုတော့ငါတို့တွေလဲသတိထားသင့်ပြီ
လို့ပြောတာ..."
စကားဆုံးတော့နားထောင်နေတဲ့နာ့စ်
တွေကခေါင်းတငြိမ့်ငြိမ့်နှင့်...။
တစ်ဖက်ဝိုင်းကဂျွန်မြောင်မှာလည်း
ထမင်းသာဝါးနေတာအာရုံတွေက
တီးတိုးစကားပြောနေတဲ့နာ့စ်တွေရဲ့
ဝိုင်းဆီမှာ...။
ထိုစကားတွေကြားပြီးတော့မနေ့ည
ကအမဲကောင်ကိုပြန်သတိရမိသည်..။
မဟုတ်မှ....အမဲကောင်ကအဲ့ဒီကိစ္စ
တွေနဲ့ပတ်သတ်နေတာတော့
မဟုတ်ဘူးမလား...။
ပြန်တွေးကြည့်မယ်ဆိုရင်...သိပ်အေးတဲ့ဆောင်းရာသီညချမ်းထဲမှာ
နားထင်ကနေချွေးတွေစီးကျနေတဲ့သူ..
တစ်ခုခုကိုအလောတကြီးဖြစ်နေပုံရတဲ့
သူ...။
ဟာ....မဖြစ်နိုင်တာ...။
ခေါင်းကိုခါရင်းရှေ့မှာရှိနေတဲ့ထမင်း
ဖြူဖြူကိုသာဇွန်းနဲ့ခပ်စားလိုက်သည်..။
ထမင်းဝါးနေရင်းမှဟိုတစ်နေ့က
အမဲကောင်ရဲ့အကျႌအိတ်ထဲတွေ့ခဲ့တဲ့
ဆေးထုပ်ကအတွေးထဲ
တဝဲလည်လည်...။
မဖြစ်နိုင်ပါဘူးလို့တွေးနေပေမယ့်
တွေ့ထားခဲ့တဲ့သက်သေတွေက
အမဲကောင်ကိုသာညွှန်းနေတော့
လည်း.........။
အာ...ရူးချင်ပါတယ်.....။
ထမင်းဖြူတွေကိုသာတစ်လုတ်ပြီး
တစ်လုတ်ခပ်စားနေလိုက်တော့သည်..။
စိတ်တွေလဲရှုပ်ရပါတယ်....
ဘာမှမဆိုင်တဲ့အမဲကောင်အကြောင်း
တွေးနေရတာနဲ့တင်...။
°°°°°
စပ်စုချင်တဲ့စိတ်ကတစ်ကြောင်း
အမဲကောင်ကိုအတည်ပြုလိုတဲ့စိတ်က
တစ်ကြောင်းမို့ ခုညလမ်းကြားထဲ
ကပြန်ရန်စီစဉ်ထားသည်...။
'လမ်းကြားတွေကဒီလောက်
အန္တာရာယ်များတာ...'
တစ်ဆက်တည်းမှာပဲ
အမဲကောင်ရဲ့စကားကိုကြားယောင်
မိပြန်တော့ပြန်ရကောင်းလား
မပြန်ရကောင်းလားဆိုပြီးတွေဝေသွား
ရသေးသည်...။
အာ...မသိဘူး ပြန်မှာပဲ...။
သူ့စကားလိုက်နားထောင်နေရလောက်
အောင်သူနဲ့ကိုယ်ကဘာမှပတ်သတ်
တာလည်းမဟုတ်ဖူး...။
ဟုတ်တယ်.... ပြန်မယ်...။
°°°°°
လမ်းကြားထဲကိုရောက်တော့အကုန်လုံး
ကပုံမှန်ပါပဲ...။
ခါတိုင်းလိုပဲအသွားအလာမရှိဘဲ
တိတ်ဆိတ်နေဆဲပါ....။
ကျွန်တော်ကသာလူများရင်စိတ်ရှုပ်လို့
ဒီလမ်းကြားလေးကနေပြန်ဖြစ်တာ..။
ပုံမှန်ပဲမို့လို့စိတ်အေးလက်အေးသာ
ဖြေးဖြေးချင်းလမ်းလျှောက်လာနေ
လိုက်သည်....။
"မနေ့က ဟိုလူတွေအဖမ်းခံလိုက်ရ
တယ်....ဒီမှာမဖြစ်တော့ဘူး.."
လမ်းကြားလေးထဲအနက်ရောင်ဝတ်စုံ
နဲ့လူတစ်ယောက်တိုးတိုးတိတ်တိတ်
ဖုန်းပြောနေသောအသံ...။
"ငါအခုပဲ Mr ဆီအကြောင်းကြားပြီး
မြို့ပြင်ကဂိုဒေါင်ဆီသွားလိုက်မယ်..
ပစ္စည်းတွေကိုအဲဒီပဲပို့လိုက်.."
ထိုလူကဖုန်းပြောခြင်းပြီးဆုံးသွားပြီ
ဖြစ်၍ လမ်းချိုးလေးထဲချိုးဝင်လိုက်ချိန်
မျက်နှာသေနှင့်သူ့အားကြည့်နေသော
ဂျွန်မြောင်ကိုထိပ်တိုက်တွေ့လိုက်ရ
သည်...။
ဂျွန်မြောင်မှန်းသိလိုက်ရတော့ရင်ထဲ
ထိတ်ခနဲ..။
မဟုတ်မှ........ပုတုအကုန်ကြားသွား
တာလား....။
"ဟို....."
"မလိုက်လာနဲ့!"
ကိုယ့်ဘက်ကပြောမည့်စကားလုံးကို
အစရှာတုန်းရှိသေးချိန် ပုတုမှာ
မလိုက်လာနဲ့ တစ်လုံးပြောကာ
ဘေးကနေခပ်သွက်သွက်ဖြတ်လျှောက်
သွားသည်...။
မဖြစ်ဘူးနော် ပုတု မဖြစ်ဘူး...။
မင်းကိုယ့်ကိုမုန်းသွားလို့မဖြစ်ဘူး...။
ထွက်သွားတဲ့ပုတုနောက်အမှီလိုက်ကာ
လက်ကိုလှမ်းဆွဲထားလိုက်သည်...။
"ပုတု ခန!"
"လွှတ်! မင်းငါ့နောက်လိုက်လာ
စရာမလိုဘူး.."
"မဟုတ်ဘူး ပုတု...ကိုယ်ရှင်းပြမယ်"
"လွှတ်စမ်းပါ...မင်းငါ့ကိုရှင်းပြနေရ
လောက်အောင်ငါတို့ကြားမှာ
ဘာပတ်သတ်မှုမှမရှိဘူး.."
ပုတုစကားကြောင့်တွွေခနဲဖြစ်သွား
သောကိုယ့်လက်တွေကြားပုတုရဲ့
လက်လေးတွေလွတ်မြောက်သွားခဲ့
သည်....။
ဟုတ်သား...ကိုယ်တို့ကဘာမှမ
ပတ်သတ်တဲ့သူစိမ်းသာသာတွေပဲကို..။
မင်းဘက်ကအဲဒီလိုပဲတွေးကောင်း
တွေးနိုင်ပေမယ့်ကိုယ့်ဘက်ကတော့
အဲဒီလိုတွေးနိုင်မယ်မထင်ဘူး...
ပုတု..။
ထွက်သွားပြီဖြစ်တဲ့ပုတုရဲ့ကျောပြင်
လေးကိုသာကြည့်ရင်းဘာမှမတက်
နိုင်ခဲ့...။
မင်းလေး ကိုယ့်ကိုမုန်းသွားပြီလား..။
°°°°°
ပြန်ရောက်လာကတည်းကထူးဆန်း
နေသောအစ်ကိုဖြစ်သူကိုဂျုံအင်
ကြည့်ကာဘာကြောင့်ဒီလိုဖြစ်နေသလဲ
ဆိုတာအဖြေထုတ်နေမိသည်...။
ဆေးရုံကပြန်ရောက်လာတော့
နှုတ်ဆက်တဲ့ကိုယ့်ကိုတောင်မမြင်ပဲ
အခန်းထဲတန်းဝင်သွားသောအစ်ကိုက
ခုလည်းစာအုပ်တစ်အုပ်ကိုဖွင့်လျက်
သားကိုင်ထားပြီးစိတ်တွေလွင့်နေ
ပြန်သည်....။
"Hyung.."
"Hyung"
"Hyung"
ခေါ်မကြားအော်မကြား hyung ရဲ့
ရှေ့တည့်တည့်သွားကာပါးနှစ်ဖက်ကို
ဆွဲညစ်လိုက်မှပဲအသိကပ်တော့သည်..။
"hyung ဘာဖြစ်နေတာလဲ..
ပြန်လာကတည်းကစိတ်နဲ့လူနဲ့လည်း
မကပ်ဘူး.."
ပါးနှစ်ဖက်ကိုဆွဲညစ်ထားရင်းမေးလိုက်
တော့ hyung ကကျွန်တော့်ရဲ့လက်
တွေကိုအတင်းရိုက်ချသည်..။
"ဖယ်ဦး .. "
လက်တွေကိုရိုက်ချရင်းပလုံးပထွေးနဲ့
ပြောနေသော hyung ကြောင့်
အသံထွက်အောင်ပင်တဟားဟား
နဲ့ရယ်ချပစ်သည်...။
"ဟား...ဟား...hyung က
တကယ်တမ်းကျွန်တော့်ညီဖြစ်သင့်တာ.... သိလား... ကလေးလေး
ကျနေတာပဲ... ဟား..ဟား.."
"တိတ်တိတ်နေစမ်း ဂျုံလုံး...
ဒီနေ့စိတ်ကသိပ်ကြည်နေတာ
မဟုတ်ဘူး....."
"ပြောပါဦး ကျွန်တော့်ရဲ့ hyung
ပိစိကိုဘယ်သူကများစိတ်ညစ်အောင်
လုပ်လိုက်လို့လဲ."
"တော်ပြီ ဂျုံလုံး... hyung
အိပ်တော့မယ်.."
ကုတင်ပေါ်တက်ကာစောင်ကို
ခေါင်းပေါ်ထိဆွဲခြုံသွားသော hyung...။
အချိန်ကလည်းမစောတော့တာမို့
အခန်းမီးကိုသွားပိတ်ကာ
Hyung ကုတင်ရဲ့ဘေး စားပွဲတစ်လုံး
ခြားရှိကျွန်တော့ကုတင်ပေါ်သို့
တက်လိုက်ရင်း ကျွန်တော်သည်
လည်းအိပ်စက်ခြင်းဆီသို့.....။
TBC°°°°°
Feedback လေးတွေလိုချင်ပါ၏။
Stars လေးတွေရောပဲ😁