သူ့ထံ သို့ တွယ်ငြ်ိခြင်း
အပိုင်း ပို (၁)
"ဆရာ အဲ့တာ ဆို ကျွန်တော့် ကို သွားခွင့်ပြုပါဦး"
ရာဟုသစ် မိမိကို အကြောင်းကြား လာသူ
တပည့်လေးအား တစ်ချက်မျှခေါင်းငြိမ့်ပြလိုက်ပြီး ကိုယ်တိုင် ကား တပည့်လေးထံမှ စာရွက်စာတမ်း များ ကို ယူကာ
တည်းခို ရာ အခန်းအတွင်း သို့ အသာဝင် ပြီးအခန်းတံခါးက်ို
အသာအယာပိတ်လိုက်မိသည် ။
စာရွက်ထိပ်ဆုံး မှ
မြင်လိုက်ရသော
Khat Thaw Ka
Lecture
Department of History
Bago University
ဟူသောစာတမ်းနှင့် ၎င်း၏
သက်ဆိုင် သူကို မြင် လိုက် ရသောအခါ ၌ကား ရာဟု ခန္ဓာက်ိုယ် တစ်ခုလုံး တောင့်ခနဲ ဖြစ်ကာ
အတွေးများ က သစ္စာမရှိစွာဖြင့်
လွန်ခဲ့သော သုံးရက်မှ
အဖြစ်အပျက်များဆီ တစ်ကျော့ပြန် အလည်သွားနေသဖြင့် အသာလေး ပြန်ခေါက်ယူရသေးသည် ။
လူ ၅ ယောက်ရှေ့တွင် တင်းတင်း ကြပ်ကြပ် ဖက်ခံ လိုက်ရလေခြင်း မှာ
နောက်ဆုံး အတော်လေး အနေခက်လာမှ လွှတ်သည် ။
သည်မျှသာမကသေး
ကျောင်းအုပ်ဆရာမကြီး နှင့်
တောက်လျှောက် စကားပြောနေစဉ် တွင် လည်း ထိုကောင်လေး က သူ့ကို သာ အာရုံထားနေသည် မို့
ရာဟု အတော်လေး အနေခက်ရသည် ။
ပို ၍ အနေခက်စေသည် မှာ
ထို ခပ်နုနု အသက်ငယ်ငယ် ဟု ထင်ရသောကောင်လေး မှာ သူနှင့် ရှေးသု project site 12 အတွက် အတူ အလုပ်တွဲ လုပ်ရမည့် သူ ဖြစ်နေကြောင်း
သိလိုက်ရစဉ်တွင် ပင် ဖြစ်သည် ။
"ဒါ ကျွန်တော့် ကိုတွေ့ချင်နေတဲ့ လက်ထောက်ညွှန်မှူး ထင်တယ်နော့်
ကျွန်တော် က ကထိက ခက်သော်က ပါ"
ပြုံးစိစိ မျက်နှာပေးနှင့် အောင်နိုင်သူ သဖွယ် သူ့ထံ လက်ကမ်း ကာ နှုတ်ဆက်လာသော ကောင်လေး ကို ကြည့်ရင်း
ရာဟု သစ် ကမ္ဘာတစ်ပတ်လည်
ခဲ့ရတော့သည်။
သူ့ဘေးက သူငယ်ချင်း ဘုန်းပြည့်ကျော် ကတော့ပြုံးစိစိ နှင့် ရာဟု ၏ image ကြီး ထိရှ သွားသည် က်ို အတော်လေးကျေနပ်နေဟန် ..။
ရာဟုမှာ သော်က ဟူသော
အတွေးရေယာဉ်ကြော ဝယ် မမောတမ်း လက်ပစ်ကူးခတ် နေဆဲ
ကျယ်လောင်စွာ အော်မြည် လာသော ဖုန်းအသံကြောင့် အတွေးစ တို့က
ကတိုက်ကရိုက် ဖြစ်ရသည် ။
"ပြော ဘုန်းပြည့်"
"အေး ဆင်းလာတော့ လေ
မင်းဘဲ ညနေ ၅ နာရီ ဘုရားတက်မယ်ဆို"
ဘုန်းပြည့် ဆော်ဩ သံ ခပ်ဆာဆာ က်ု ကြားကာမှ ရာဟု အသိ ဝင်ကာ လက်က နာရီကိုကြည့်မိတော့ ..
'ဟုတ်ပါ့ ၅ နာရီထိုးဖို့ ဘာလိုတော့ လို့လဲ'
မနက်ကတည်း က သူ laptop
ရှေ့ထိုင်ကာ
Project 12 အပေါ်သာ
အာရုံစိုက်နေသည်မို့ အချိန်တစ်ချို့ကို လွတ်သွားခဲ့ဟန်တူပါသည် ။
မှန်ထဲတွင် ပေါ်နေသောမိမိပုံရိပ် ကို ကြည့် လိုက်တော့လည်း
အထွေအထူး ပြင်ဆင်စရာ
လိုဟန် မတူ ..။
သည်လို အလုပ်ရှုပ်ပြီး ကိုယ့်ကိုက်ုယ် သပ်သပ်ရပ်ရပ် မနေချင်သည့် အချိန်၌ပင် လျှင်
မူလ ရုပ်အခံ နှင့် ရူပါထိန်းနိုင်လောက်
သည်အထိ မွေးထားပေးသော အမေ ကို ရာဟု ကျေးဇူးတင်လှပါသည် ။
"အေးအေး အခု ဆင်း လာပြီ"
ဖုန်း ကို လက်နှင့် နား ကြား ညှပ်ရင်း အဝတ်အိတ်ထဲ ရှိ အပေါ်ဆုံး က အကျီင်္ တစ်ထည် ကို ဆွဲထုတ်လိုက်ကာ
ကုတင်ပေါ်တွင် တင်ထားသော ပုဆိုး တစ်ထည်ကို ယူ လိုက်သည်။
'အနားစတွေ တွန့်ကြေနေပေမယ့်
အရမ်းတော့ အဆိုးကြီး မဟုတ်'
'အသစ်ထုတ်လိုက်ရမလား'
တစ်ဆက်တည်းမှာပင် မိမိညီမ ဖြစ် သူ၏ စကား ကိုလည်း ကြားယောင်
လာသည်
"အစ်ကိုကြီး နင် ကတော့ အိမ်ထောင်မှု ထိန်းသိမ်းနိုင်မယ့် သူတစ်ယောက် တစ်ကယ် ကို လိုနေပြီ" ဟူ၍
ရာဟု လည်း စဉ်းစားပါသေးသည် တကယ်ဆို ၂၈ နှစ် ဆိုသည့် အရွယ် က အိမ်ထောင်ပြုသင့်သည်
အရွယ်ရောက်နေပြီ မဟုတ်ပါလား
သို့သော် ငြား မိမိ နှလုံးသား ကမူ ချောပါပေ့ လှပါပေ့ ဟူသည့် အလှတရား တစ်တို့ကို လျစ်လျူရှု
ထားဟန် ရှိလေသည်။ တစ်ချက်ပင် ခုန်ဟန်မပြု။
၂၈ နှစ် တိတိနှလုံးသား ကို
ဒိတ်ခနဲခုန်အောင် ပြုစားနိုင် သူမရှိသေး၍ ရာဟုမှာ အခုချိန်ထိ အိမ်ထောင်ရေး ဟူသည် ဂျို နှင့် လားဟု ပင် မေးရမည့် ကိန်းပေ ။
မိမိမှာ ဟိုဟာဝတ်နိုး သည်ဟာ
ဝတ်နိုးစဉ်းစားနေသော်ငြား
ဖုန်းထဲရှိ သူငယ်ချင်း ငယ်ပေါင်း အသံ က ဟိန်း ခနဲ
"ဟျောင့် မင်း အခုမှ အဝတ်လဲနေတာတော့မဟုတ်ပါဖူးနော်"
သာမာန်အသံပင်ဖြစ်သော်ညား
ဒီမေးခွန်း ကို အမှန်တိုင်းပြန်ဖြေ
လိုက်လျှင် သူ့ကို မ်ုးမွှန်နေအောင်ဆဲမည့် သူငယ်ချင်း အကြောင်း ကို သိနေသော ရာဟု က အသာလေး
ကုန်းလျောဆင်းသည်။
"မဟုတ်ပါဖူး ခေါင်းဖြီးနေပြီ"
တကယ် က အခု မှ ပုဆိုး ကို
ကမန်းကတမ်းလဲနေတုန်းဖြစ်သည် ။
"ခဏစောင့်..."
ငတ် ကိုခပ်တည်တည်နှင့်ဟောက်ကာ ဖုန်း ကို ချလိုက်ပြီး
အမြန် အကျီင်္ လဲ ယူရသည်။
ဒိီကောင် ကိုယ့် အထက် လူကြီး ကို လေးစားမှုမရှိ ။
ရာဟု က ဘုန်းပြည့်ကျော် ထက် ရာထူး ကြီး ၍ အလုပ်ခွင်တွင်တော့
ဘုန်းပြည့်တစ်ယောက်လေးလေးစားစားဆက်ဆံသော်ငြား ရုံးချ်ိန်နောက်ပိုင်း ၆ နာရီကျော်သည်နှင့် ရာဟု ကို
လည်ပင်းဖက်ပေါင်းတော့သည် ။
မိမိကိုယ် ကို
ကြည့်မှန်တွင် သေသပ်လာစေရန်
ပြင်ဆင်ပြီးနောက်
ဖုန်းနှင့် ကားသော့ ကို ယူ
အပြင်ထွက်ပြီး အခန်း ကို
သေသေချာချာ သော့ခတ်ပြီး ကာမှ
ကိုယ် ဝတ်လာသည့် အဝတ်အစား ကို
ကော်ရစ်တာ တွင် လမ်းလျှောက်ရင်း ကြည့်မိလေတော့
"ငင့် "
ကြက်သွေးရောင် ပုဆိုး အကွက်စိတ်နှင့် အဝါနု ရောင် လည်ကတုံး အကျီင်္ တို့
လိုက်ဖက်မှု က
တောင်မကျ မြောက်မကျ ။
သွားပြန်လဲ ရအောင်လည်း
စိတ်မရှည်
ထို့အပြင် ဟို ငပုကောင် ဘုန်းပြည့် က စောင့်မည် မဟုတ်ချေ။
"တော်ပါပြီ ဒီအတိုင်းလည်း
အဆင်ပြေပါတယ် "
ကိုယ့်က်ို ကိုယ် နှစ်သိမ့်ရင်း ပြည့်ဝ စွာ ထည့်လာသည့် ယုံကြည်မှုတို့ က
ဟော်တယ် အရှေ့ Reception တွင်
ထိုင်ကာ ဘုန်းပြည့်တို့နှင့် ပွဲကျနေသူသော်က ကို တွေ့လိုက်ကာမှ
အကုန်မြေလျှိုး မိုးပျံထွက်ကုန်သည် ။
"ဘာလား သော်က တစ်ယောက်က ဘယ်လိုပါလာ"
မိမိ မှာ စဉ်းစားနေတုန်းရှိသေး
မျက်စိ လျင်သူ ထို ကောင်လေး က သူ့ကို မြင်သည်နှင့် လှမ်းပြုံးပြလေသည် ။
သွားတက် တစ်ဖက်နှင့် ပါးချိုင့် တစ်ဖက် မှ မွေးဖွားသည့် အပြုံးလေးသည်
ယောက်ကျား လေးမတန် စွာ
ချိုမြလှမို့ ...
ရာ ဟု ထိုသူ့ ထံမှ အကြည့်လွှဲ ကာ ရှေ့ဆက် လျောက်မိတုန်း ခေါင်းထဲ က
မိုက်ခနဲ ။
"ရာဟု ရ ရဲ့လား "
ဆိုဖာ အနားရောက်ခါနီးမှ ယိုင်ခနဲ ဖြစ်သွားသော ရာဟု ကို အပြေးလေး လာတွဲသူ က ထိုကောင်လေး ။
ရာဟု မျက်ဝန်း ထဲ ဖြတ်ခနဲပြေးသွားသော မြင်ကွင်း တစ်ချို့ တွင် ကား
ဘုရားပေါ်တွင် ရေသပ္ပာယ်နေသော
သူနှင့် ထိုကောင်လေး ။
"ဘာလဲကွာ .."
စိတ်ရှုပ်စွာနှင့် ခေါင်းတို့ကို
ခါယမ်း လိုက်မိတော့
"ရာဟု အဆင်ပြေရဲ့လား "
စိုးရိမ်နေသည့် အသံနှင့် အတူ သူ့ လက်မောင်း ကို ဆုပ်ကိုင် ထားသော
လက်ဖဝါး နုနု လေး ၏ အထိအတွေ့ကြောင့် ခန္ဓာကိုယ်မှ ရှိန်းခနဲ ။
"ကျွန်တော် အဆင်ပြေပါတယ်"
ပြောရင်း လက်မောင်းပေါ်မှ
လက်တစ်ဖက်ကို ဖြုတ်ချသွားသူ ရာဟုကြောင့် သော်က နှာခေါင်းရှုံ့မိသည် ။
'ကေတုမတီတုန်း က အတိုင်းဘဲ
သူ့ အသား သူများ ထိတာ
မကြိုက်တဲ့ မာနခဲ '
ရာဟု က မိမိကို ပြုံးစိစိ ဖြင့်ကြည့်နေသူ
ဘုန်းပြည့်ကျော် ကို စူးစူးရဲရဲကြည့် ကာ
မျက်ခုံးပင့်ပြတော့ ..
အထာ နပ် သူ ကြီးက ။
"အဟဲ မင်းရော ငါရော ပဲခူး ကို
အခုမှရောက်ဖူးတာ လေကွာ
မသွားတတ်မှာ စိုးလို့
ဆရာသော်က ကို
အကူအညီတောင်းထားတာ"
ရာဟု ဘုန်းပြည့် ကို ခပ်စူးစူး
တစ်ချက်သာ
ကြည့်လိုက်ပြီး သော်က အလစ်မှာ
အံ့ကြိတ်ပြသည် ။
ဘုန်းပြည့် က မူ
'မင်း ဘာလုပ်လုပ် အခုတော့
ငါ့လက်ခုပ်ထဲ က ရေ ပါကွာ'ဟူသော အပြုံးကြီး ကို ဆင်မြန်းလျက်
ဆင်ဝင်အောက် ရပ်ထားသော ခဲရောင် Audi A6 ပေါ်သို့ ခပ်တည်တည်နှင့် တက်ထိုင်သည်
"ဘာလားဟ "
"ရာဟု မင်း ကားယူမနေနဲ့တော့လေ
ဆရာသော်က ကားနဲ့ဘဲ လိုက်တာပေါ့"
သော်ကတို့ အသိုင်းအဝိုင်းမှာ အတော်အတန်ပိုက်ဆံ ရှိသည်ဟု
အရိပ်အမြွက်သိထားသော်ငြား
မြန်မာပြည် ၌ပင် limited ဖြစ်နေသော ကား ကို စီးနိုင်သည် အထိဟု ရာဟု မထင်ထားပါချေ။
ဒါတွေ အသာထား
ရာဟု မှာ ငရစ်ကောင် ဘုန်းပြည့် ကို
ရိုက်သတ်ချင်လာလေပြီ ။
"ရပါ့မလား အားနာစရာ တွေ..."
'သူ့ကား တန်ဖိုး မင်းသိရင် ဖျားသွားမယ် အကောင်ရေ'
"မလိုပါဖူး လူလေး သုံးယောက်ကို ကား ၂ စီးနဲ့ သွားမှတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရာ ဘယ်ရောက်တော့မလဲ"
တစ်နေ့တစ်နေ့ ရုံးမှာဆိုလျှင်
စာရွက်ပေါင်း သောင်းခြောက်ထောင်
သုံးနေသော ကောင်ကများ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး
စကားပြောထွက်သေးသည် ။
လောကကြီး မှာ အံ့ဩဖွယ်အတ်ိ။
ရာဟု မှာ ပြန်ပြောဖို့ပြင်လိုက်သော်ညား
"ဟို ရာဟု အဆင်မပြေ လည်း ရပါတယ်
ရာဟု ကား ယူခဲ့လိုက်လေနော်
ကျွန်တော် က
ညနေဖက် ဆို ဘုရားရှေ့ ဆိုင်ကယ်တွေ ကားတွေ များတော့
ရာဟု က်ို စိတ်ပူလို့ပါ "
မျက်နှာငယ်လေးနှင့် သူ့ကို ပြေရာပြေကြောင်း ရှင်းပြနေသည့် ကောင်လေး ကို တွေ့လိုက်သော အခါ
ရာဟု သည်လည်း ကားရှေ့ခန်း ထဲ နေရာယူထားပြီး သား ဖြစ်သွားလေတော့သည်။
ကားပေါ်တက်တက်ချင်း ဘုန်းပြည့်
ငနဲ့သား ၏ ခပ် ရွဲ့ရွဲ့ မျက်နှာ ထား ကိုတွေ့သော အခါ
ရာဟု မနေနိုင်ဘဲ ဖြေ ရှင်း ချက်
ပေးလိုက်မိသေးသည်။
"ငါ က ဆရာ သော်က ကို
လေးစား လို့နော်
တစ်ခြားမထင်နဲ့ "
ဘုန်းပြည့် က မဲ့ကာ
"အေးပါ မင်း ကလည်း"
ရာဟု လည်း မိမိက စိတ်လုံသူမို့ ကားနောက်ခန်း ရှိ ဘုန်းပြည့် ကို လှည့်ပင်မကြည့်တော့ဘဲ အရှေ့ ဘက် ရှိ ပဲခူးမြို့
မြင်ကွင်း ကို သာ
ကြည့်နေလိုက်တော့သည် ။
တစ်ချက်တစ်ချက်တော့ စီယာရင် တိုင် ပေါ်က လက်ဖြူဖြူ နုနုလေးတွေ ကို ခိုးကြည့်မိရင်း ဖြင့် ရာဟု ညနေခင်း က သာယာနေခဲ့ပါသည်လေ။
————————-
ရွှေမောဓော ဘုရား အနီး တွင် မိမိတို့ ကားရပ်လိုက်သည်နှင့် ခလေးငယ်တစ်စု ပြေးလာကာ
စံပယ်ပန်းရောင်းတော့သည်မို့
သော်ကမှာလည်း ပြုံးလျက် သာ
ဝယ် လိုက်လေတော့သည် ။
ဤ အချင်းအရာ ကို မျက်တောင်မခတ်တိုင်း ကြည့်နေသူ က ရာဟု
'မာန ကြီးမယ် ထင်တာ ဒီလို
ခလေးတွေနဲ့လည်း ခင်တာဘဲလား'
"အစ်ကိုလေး မလာ တာကြာပေါ့"
ခလေးမလေးတစ်ယောက်က သော်က ထံ သို့ စံပယ်ပန်း ကုံးတွေ ထိုးပေးရင်း ဆိုလာတာ မို့
"အင်း အရင်တစ်လောက စာတမ်း ကိစ္စ နဲ့ အလုပ်ရှုပ်နေလို့ စံပယ်လေးရဲ့"
ပြောရင်း ထို ကောင်မလေး ထံမှ
စံပယ်ပန်းကုံးတွေ ယူ နေသူ ကား
လေညင်းသွေ့သွေ့ထဲ မှ ကြားနေရသော
ဆည်းလည်း သံထက်ပင်
ငြိမ်းအေးလှသည် ။
"အစ်ကိုလေး ဧည့်သည်တွေ ပါ လာတာ လား "
ခလေးမ လေး က အနောက်မှာ ရပ်နေသူ သူနှင့် ဘုန်းပြည့် ကို
တစိချက်ဝေ့ကြည့်ကာဆိုလာသည်။
"အင်း စံပယ်လေး
ရာဟုတို့ရော စံပယ်ပန်း ကပ်ဦးမလား "
ပြောရင်း ကောင်မလေး ကို သော်က မှ ၁၀၀၀ တန် တစ်ရွက်ထုတ်ကာ
ကျသင့်ငွေ ရှင်း နေသည်မို့
ရာဟုမှာ အားနာ စွာဖြင့်
ငြင်းရန်ပြင်လိုက်သော်လည်း ။
အလိုက်မသိသူတစ်ကောင့်သား က
"ကျွန်တော့ ကို လည်း ၅၀၀ ဖိုးလောက်"
ဘုန်းပြည့်ကျော် အသံ ကြားတော့
စံပယ်ပန်းရောင်းသူ ကောင်မလေး က
အသည်းအသန် စံပယ်ကြိုးကုံးတွေ ကို ရေ နေလေပြီ မို့ ရာဟု လည်း မတားမိတော့ ။
"ရာဟု ရော ယူဦးမလား"
"ရတယ် ကျွန်တော် သော်က စီက ဘဲ တစ်ဝက်ယူကပ်လိုက်မယ်"
ထိုစကားသံကြားတော့
သော်က နှစ်ခြိုက်စွာ ပြုံးမိသွားပြန်သည်။
အရင်ဘဝတုန်း က ဒီနေရာ ဒီဘုရားမှာ ဘဲ ကျွန်တော် တို့ နှစ်ယောက်ဟာ တစ်ယောက်တစ် ဝက် လှူခဲ့ဖူးတဲ့
အရာတစ်ချို့ရှိသတဲ့ ။
(မှတ်မိသလားဟေ့ )
—————-
ဆည်းလည်း သံ များနှင့် အတူ
တန်ဆောင်းမှ စျေးသည်တို့၏ အပြိုင် အဆိုင် လူခေါ်သံ များ ကား ဆူ ညံ လျက်ရှိသည် ။
ဘုရားဦးမချ ခင် လက်ထဲမှ စံပယ်အချို့ ကို သင့်တော်ရာနေရာမှာ
လှူဒါန်းဖ်ု့ပြင်ရသည် ။
တစ်ဝက် ခွဲ ရတာ အရမ်းကြိုက်သည့်
ကိုယ်တော်ချော ကို သော်က လက်ထဲ က ပန်းကုံးတွေ ကို
တစ်ဝက်ခွဲပေးဖို့ပြင်တော့ ...။
"ဟင် "
"ဘာလို့လဲ သော်က"
"ဟိုလေ "
ရင်ပြင်တော်ပေါ်ရှိ
ဝါကျင်ကျင် မီးရောက်တွင်မှ
ရွှန်းဝေနေသူက
အောက်နှုတ်ခမ်းလေး ကိုက် ကာ သူ့ကိုမော့ကြည့်လာလေသည် ။
သည် ကောင်လေးကား အတော်လေး ချောလှသည် ကို ရာဟု သတိထားမိသည့် အခါ
ဘယ်ဘက်ရင်အုံမှ 'ဒိန်းခနဲ' ဆန္ဒ
ပြလေသည်မို့ ။
'ဘုရား '
ယောင်ယမ်းကာ ဘယ်ဘက်ရင်အုံ ကို
ကိုင်လိုက်မိသည်အထိ။
"ဟင် ပြောပါ သော်က ဘာများဖြစ်"
"ဟိုလေ ပန်း က ၁၇ ကုံးဘဲ ရှိတယ်"
"ဟမ် "
"ခွိ "
'ဟမ်' ဟူသော အသံသည်
ရာဟု ထံမှ ဖြစ်ပြီး 'ခွိ' ဟူသော
အသံ ကတော့နှစ်ခါပြေးကြည့်စရာမလိုအောင် မည်သူမှန်း သိလိုက်ပါလေ ။
"အတူတူ သွား ကပ်ကြလေ ခွိ "
အရေးထဲ ဘုန်းပြည့် က မီးလောင်ရာ လေပင့်လုပ်သေးသည်မို့ သော်က ပို အနေရ ခက်တော့သည် ။
သာမာန် ဆိုလျှင် ဤ အခြေအနေ ကား ယင်း ကဲ့သို့ အနေရခက်မည် မဟုတ်သော်ငြား
အရင် က အဖြစ်အပျက် တစ်ချို့ က
ခေါင်းထဲ ပြေးဝင် လာသည်မို့
အရှက်သည်း ကာ လည်ပင်း ကို ဖွဖွ ပွတ်ရင်း ရာဟု ကို မော့ကြည့် မိတော့ အနှီလူ က
ခပ်တည်တည်နှင့် စံပယ် ပန်း ကိုင်ထားသည့် သူ့ လက် ကို
လက်ကောက်ဝတ်မှခပ်ဖွဖွ ဆွဲကိုင်ကာ
"အတူတူ ကပ်ကြတာပေါ့"
"ခင်ဗျာ "
သော်က လက်ဖဝါးကြီးကြီး ဖြင့်
ရစ်ပတ်နှောင်ဖွဲ့ ခံထားရသည့်
မိမိ ဘယ်ဘက် လက်ကောက်ဝတ်ကို ကြည့် ရင်း ရင်တွေကတစ်ဒိန်းဒိန်း မို့
"ဟို .."
"ကဲပါ ဆရာသော်ကရယ်
ဆရာတို့က အတူတူproject လုပ်ရမယ့် သူတွေ ဘဲ ရေစက်စုံ တဲ့ အထိန်း အမှတ်နဲ့ အတူတူသွားကပ်လိုက်ပေါ့"
သော်က ငြင်းရန်ပြင်သည့် စကားမှာ
အရင်ဘဝ က သီရ်ိကျော်ထင် ခေါ်
ဘုန်းပြည့်ကျော် ဂျင်းကောင် ၏ စကားအောက်တွင် ပျောက်ရှရှ ဖြစ်၏။
မငြင်းသာသည်မို့ ရာဟု ဆွဲရာနောက်
လိုက်ရသည်
တိုက်ဆိုင်စွာပင် ကြည့်လိုက်တော့ တနင်္လာထောင့် ဖြစ်လို့နေသည်။
အကယ် လို့ တူညီတဲ့ လူနှစ်ယောက်က တူညီတဲ့နေရာ တစ်ခုမှာ ဘဲ ပြန်လည် ချစ်ကြဖို့ မွေးဖွားလာတယ် ဆိုရင်
ဒါကို ကံကြမ္မာ လို့ခေါ်မလား ?
အချစ်စစ်လို့ခေါ်မလား?
ကျွန်တော့် အတွက်တော့ သူ
ဖြစ်နေရုံနဲ့တင် လုံလောက်ခဲ့ပြီမို့။
————————
"ဒါဆို ရွှေတိ ဂုံရယ်၊ရွှေမောဓောရယ်
ကျိုက် လမိုင်း ဘုရား ရယ်က ပုံစံ
ခပ်တူတူတွေပေါ့"
ဘုန်းပြည့်ကျော်ကား သော်က ၏ ရွှေမောဓော ဘုရား အကြောင်း ရှင်း ပြ ချက်ပြီးနောက် မေးခွန်း ပြန်မေးလေသည် ။
"ဟုတ်တယ် သီ အဲ့လေ ဘုန်းပြည့်
ဒါပေမယ့် မှတ်တမ်း ထဲမှာတော့
ဒီစေတီသုံးဆူ ထဲမှာ
ရွှေတိဂုံ က သပ္ပာယ်စရာအကောင်းဆုံး
ကျိုက်လမိုင်း က ထုထည် အကြီးဆုံးပြီးတော့ ..."
"ပြီးတော့ ..ရွှေမောဓော ကရော"
ဘုန်းပြည့် ကျော် ၏ သိချင်ဇော ဖြင့် မေးသည် ကို သော်က ကြည့် ကာ သွားတက်လေး ပေါ်သည် အထိ ပြုံးလိုက်မိတော့သည် ။
"ကျွန်တော် ရွှေမောဓော ဘုရား ရဲ့
မွန်လူမျိုးတွေခေါ်တဲ့နာမည် ပြောမယ် လေ အဲ့ထဲ မှာ အဖြေ ပါတယ် ဖြေကြည့်"
အစ ပထမ ကတော့ အဖြေ ကို တည့် ပြောရန် စဉ်းစားထားသော်ငြား
ဘုန်းပြည့်ကျော် ၏ တစ်လက်လက်တောက် နေသည့် မျက်ဝန်းအစုံ ကို မြင်သည့် အခါသော်က မှာ စ ချင်စိတ်တို့က
တဖွားဖွားပေါ်လာရကား
စနောက် ရင်း ပညာစမ်း ကြည့်ရန် အခွင့်အရေးအဖြစ်အသုံး
ချလိုက်လေတော့သည်။
ဘုန်းပြည့်ကျော် က လည်း ခေဟန်မတူပါ
မျက်ခုံးတစ်ချက်ပင့်ပြ ကာ
လုပ်လေ ဟူသော အထာပြသည် ။
"ဟုတ်ပြီ ကျွန်တော် အလကား မမေးပါဖူး
ဖြေနိုင်ရင် ဘုန်းပြည့် ကျော် ကို ထမင်း လိုက်ကျွေးမယ် တစ်ဝိုင်း ဗျာ"
"Cool !
ပြောကြည့် မွန်တွေခေါ်တဲ့ နာမည်"
"ကျိုက်မုတူး တဲ့"
ဘုန်းပြည့်ကျော် ကား မျက်ခုံး အစုံ ပင့် သွားလေသည် ။
"ကျိုက် က တော့ ဘုရား က်ုပြောတာ"
"အွမ်း မှန်တယ် ကျန်တဲ့နှစ်လုံးကရော"
ဘုန်းပြည့်ကျော် ဖတ်ဖူးသည့် စာအုပ်မှန်သမျှ ဦးနှောက် ထဲ မှ ထွက်လာလေရန် scan ဖတ်သော်ငြား
အလုပ်မဖြစ်သောကြောင့်
အရှုံးပေးရန် ပြင်လိုက်စဉ်
"ကျိုက် - ဘုရား
မုဟ်-နှာခေါင်း
တ - လောင်သည်"
မိမိအနောက်မှ အသံထွက် လာသောကြောင့် လှည့် ကြည့်မိလိုက်တော့
လက်နှစ်ဖက် ကို နောက်ပစ်ပါလျက် သူ့ကို ငုံ့မိုးကြည့်နေသူ ထိုလူသား သည်
အစဉ်အမြဲချောမောလျက် ။
မိမိကလည်း လှည့်ကာမော့အကြည့်
မိမိထက် အတော်လေး အရပ်ရှည်သူ
သည်လူ ကလည်း မိမိအနောက်တွင် ကပ်ကာ ငုံ့မိုးကြည့်နေသောကြောင့်
အတော်လေး နီးကပ် သွား သဖြင့်
သော်က ခုန်နေသော ရင်အစုံ ကို ထိန်း ကာ အနောက်သို့ အသာ ဆုတ်ဟန် ပြင်တော့ ထို လူ က အတင့်ရဲစွာဖြင့်
မိမိအဆုတ် ကို တစ်လှမ်းတက်သည်။
ပို၍ နီးသွားပြန်လေသည်။
ပြုံးစစ မျက်နှာထား က အောင်နိုင်သူ ရှင် ဘုရင် အလား ။
"အဲ့တာ ဆို ဒီဘုရားရဲ့ထူးခြားချက် က ဘာလဲ ရာဟု ပြောပါဟ"
နောက်ဆုံးဘုန်းပြည့်ကျော် က မနေနိုင်စွာ ပင် အော်ဟစ်မေးလေကာမှ
နှစ်ယောက်သား အကြည့် လွှဲ ရန် သတ်ိ ရသည် ။
သည် အခါမှ အနှီ လူဟာ ခါးကိုမတ် ၊
နောက်ပစ်ထားသည့် လက်နှစ်ဖက် က်ို အရှေ့ သို့ပြန်ခေါ်ကာ လက်ပိုက်လိုက်ပြီး
ဆရာကြီး စတိုင် အပြည့်နှင့်
"ရှေး အရင်တုန်း က မွန်အဖိုးကြီးတွေ ဟာ ဆေးတံသောက်လေ့သောက်
ထ ရှိတယ်
အဲ့ သည်လိုနဲ့ တစ်နေ့ကြတော့ မွန်အဖိုးကြီးတစ်ယောက်က ဆေးတံ ခဲရင်းနဲ့
ဘုရား စိန်ဖူးတော် ကို မော်ကာ ဖူးလေတော့ နှာခေါင်းပေါ် ကို ဆေးတံ က မီး စ ဟာ ပြန်ထွက် ကျ ပြီး နှာခေါင်း လောင် သတဲ့ ဒါ့ကြောင့် ကျိုက် -ဘုရား
မုဟ် -နှာခေါင်း
တ-လောင် သည်
ဆိုပြီး ကျိုက်မုတူး တဲ့"
သည်လောက်ရှင်းပြ ပြီး သည့်တိုင် အထာမပေါက်သည့်
ဘုန်းပြည့်ကျော် က မျက်ခုံး အစုံ ကျုံ့ ထားဆဲမို့
ရာဟု က ပင်
"ဉာဏ်တော်မြင့်လွန်း လို့
မော်ဖူးရင်း ဆေးတံ က
မီးတောင် နှာခေါင်း ကိုပြန်လောင်သတဲ့
ဒါကြောင့် စေတီသုံးဆူ ထဲမှာ ဒီစေတီက ဉာဏ်တော်အမြင့်ဆုံး လို့
သမုတ် ကျတယ် "
"ဝါး ..!"
သီရိကျော်ထင် ကား လက်ခုပ်တီးကာ ရာဟု ကို ဂုဏ်ပြုလေသည် ။
ရာဟု အကြည့် တို့ က ဘေးရှိ
ဆရာသေးသေး လေးထံ ပ်ို့မိတော့
မိမိထံ ပြုံးလျက် လက်မထောင်ပြလာသူ သော်က
သည်မြင်ကွင်း ကိုကြည့်နေရင်း
ကျင်ခနဲ ဖြစ်သွားသော နှလုံးသား တစ်စုံ ကြောင့် ရာဟု 'အ ခနဲ'အော်ကာ
ရင်ဘတ်ကို ဆုတ်ကိုင်မိပြီး မျက်စိ အစုံ ကို တင်းတင်းမှိတ်မိသည် ။
မျက်စိထဲပေါ်လာသည်က
"တစ်ခုခု ကို အရမ်းသဘော ကျ တဲ့အခါ သုံးတာပေါ့
မောင်မင်းကို အရမ်းကြိုက်တယ်ပေါ့
အာ့လို အဓိပ္ပာယ်လေ"
"ရုပ်တည်ကြီး နဲ့လက်မထောင်ပြမနေနဲ့လေ နောင်ကြီး ရဲ့ သည်လိုလည်းပြုံး ဦးမှပေါ့"
ရင်ထဲ တင်းကြပ်ကာ ဆို့တက် လာမှု က ခံရခက်လှသည် ။
ထို့အပြင် သည်တင်းကြပ်မှု အစုံ က သည် တွင်ပင် ရပ်မသွား လည်ချောင်း အတွင်းထိ လှိုက်တက် ကာ မျက်ဝန်း အစုံ ကို
ပါရိုက်ခတ်လာသည်မို့
မျက်စိတွေ ပူလာကာ
မျက်ဝန်းထဲ ရစ်သိုင်း လာသော
မျက်ရည်တစ်ချို့
တစ်စုံ တစ်ခု က ပြုစား ထားသလို သည်မြင်ကွင်း ကိုဘဲ ရင်နင့်စွာနှင့် ထပ်ခါထပ်ခါ မြင်နေသည့် အခါ ရာဟု
ရုန်းထွက် အော်ဟစ် ချင်သော်ငြား
ခြေလက်တို့က လှုပ်၍ မရ ။
အမှောင် ထု ထဲတိုးဝင် လု နီးနီး ဖြစ်နေဆဲ၌ ပင်
"ရာဟု သတိထားလေ ရာဟု"
ညာဖက် နား မှ ဝင်လာသော စိုးရိမ်သံသေးသေးလေးကြောင့် ရာဟု နှုတ်ခမ်း တို့ က အလိုလိုပင် ပြုံးမိသည် ။
အားတင်းယူ ကာ ခေါင်းက်ို တစ်ချက် ခါလိုက်သည် မြင်ကွင်းထဲနေရာယူလာသည်က လရောင်အောက်တွင်
တင်းတင်းကြပ်ကြပ်ပွေ့ဖက်လျက်
စကားဆိုနေသူ နှစ်ဦး ..
"မြတ်နိုးတာ ထက် ကို ပိုပါတယ် သော်ကလေးရယ်"
"ဘာတွေလဲ "
ရာဟု အတွေးတွေထဲ ချာချာလည်လျက်
ဒုတ်ိယ အကြိမ် ထပ်မံ ခါလိုက်ပြန်တော့ မိုးရေတွေစိုနေသည့် တစ်စုံတစ်ယောက်၏ နောက်ကျော ကိုကြည့်ပြီး ဒေါသတွေ ထွက်နေသည့် သူ
"အကူအညီဆိုတာ မတောင်းဘဲ ပေးရင် ဝန်ထုတ်ဝန်ပိုး ပေဘဲ"
'မဟုတ်ပါဖူး တကယ် က အဲ့လိုပြောချင်ခဲ့တာ မဟုတ်ရပါဖူး '
စိုးရိမ်ပူပန်မှု ၊ဒေါသထွက်မှု ၊
ကြင်နာ စိတ်တို့က တစ်ပြိုင်တည်း
ယိုဖိတ်ကျလာသည်မှာ ရာဟု နှလုံး အစုံ ကပေါက်ကွဲ လာတော့မည်ဟုပင် ထင်ရ၍ ရင်ဘတ်ကို
တင်းတင်း ဆုပ်ကိုင် ကာ
လဲကျ တော့မည့် ဆဲဆဲတွင်
မိမိကို ထွေးပွေ့လိုက်ပါသော ကိုယ်နွေးနွေးလေး နှင့် အတူ အသံ စူးစူးလေး ။
"ရာဟု သတိထားပါဦး ရာဟု ရေ
ရာဟု သတိထားလို့ ရာဟု ရေ! "
သည် အသံစူးစူးလေး ကြောင့် မိမိရင်ထဲ တင်းကြပ်မှု က တစ်ထစ်ချင်းလျော့ လာ လေသည် ။
ယိုင်နဲ့ချင်နေသော ခြေထောက် အစုံ ကို
ပြန်လည်အားယူ ကာ မျက်ခွံ တို့ ကို တစ်ထစ်ချင်း ဖွင့်ကြည့်လေတော့
ရှေ့တွင် မိမိကို စိုးထိတ်ရပါသော
မျက်ဝန်းအစုံနှင့် ကြည့်နေသူ
သည်ကောင်လေး ။
သည်အခိုက်အတန့်
သည်အခိုက်အတန့်မှာ ရာဟု ဘေးက ဖြတ်သွားဖြတ်လာလုပ်နေသော လူတွေ ကို လည်း အာရုံ ထဲမရှိတော့သလို ၊
လေတိုးလေတိုင်း မြည်နေသူ
ဆည်းလည်းလေးတွေ ကို လည်း
ဂရုမပြုမိတော့ ။
သည်လူသားတစ်ယောက်ကို သာလျှင်
ဒီမျက်စိ ရှေ့ က သည်လူသား ကို သာ
ခပ်တင်းတင်း ဆွဲပွေ့ မိလိုက်တော့သည်။
ထိုအခါမှ သာ ရင်ထဲ က ပူပန်မှုကြီး က အလုံးလိုက်ကျသွားလေသယောင်
"အို့ ...။ "
အာမေဋိတ်သံ တစ်ချို့ သာထွက် လာပြီး ရုန်းကန်ခြင်းမရှ်ိ ဘဲ ငြိမ်နေသူ ရင်ခွင်ထဲ က ကောင်လေး ကို သာ ပ်ို ၍
တင်းတင်းကြပ်ကြပ် ပွေ့ဖက်မိတော့သည်။
အရင် ဘဝ တွေ ရှေးရေစက်တွေ ကို
မမှိတ်မိတော့ပေမယ့် ဒီလူ့ကို ပွေ့ဖက်ထားသည်ကပင် ရင်ထဲ က ကွက်လပ် ကလေး ပြည့်နေသည်မို့ ပို၍ သာတင်းတင်း ဖက်ထားမိတော့ သည် ။
ဘယ်လောက် အထိ မြတ်နိုး ရသလဲ
ဆိုရင် မောင်မင်း ရဲ့ အပြုအမူ သေးသေးလေး တစ်ခု က နှစ် ၂၀၀ ကျော်
တိုင် ကိုယ်တော့ ရင်ထဲ ကိန်းအောင်းနေတာကို ဘဲ ကြည့်လေတော့ မောင်မင်းရေ။
တကယ်ချစ်ရင် သံသရာ တစ်ပတ်ချာချာလည် လည်း သူ့ အပြုအမူသေးသေး လေး ကအစ နှလုံး သား က သတ်ိရနေတာမျိုး ။
ဒါကိုရော ဘယ်လိုခေါင်းစဉ်တပ်ကြမလဲ ?
ကျွန်တော်ကတော့
သူ့ ထံ သို့ တွယ်ငြိခြင်း လို့ဘဲ
ခေါင်းစဉ်တပ်ပါသည်လေ ။
———————-
Extra က ၄ /၅ ပိုင်းလောက်ဘဲ ရှိမှာပါ
ကဲ
သူ့ထံ မှာ လှလှ ပပ တွယ်ငြိပေးကြပါဦး
Happy New Year everyone
Hope you all enjoy my gift💜
Zawgyi
သူ႔ထံ သို႔ တြယ္ျင္ိျခင္း
အပိုင္း ပို (၁)
"ဆရာ အဲ့တာ ဆို ကၽြန္ေတာ့္ ကို သြားခြင့္ျပဳပါဦး"
ရာဟုသစ္ မိမိကို အေၾကာင္းၾကား လာသူ
တပည့္ေလးအား တစ္ခ်က္မၽွေခါင္းၿငိမ့္ျပလိုက္ၿပီး ကိုယ္တိုင္ ကား တပည့္ေလးထံမွ စာရြက္စာတမ္း မ်ား ကို ယူကာ
တည္းခို ရာ အခန္းအတြင္း သို႔ အသာဝင္ ၿပီးအခန္းတံခါးက္ို
အသာအယာပိတ္လိုက္မိသည္ ။
စာရြက္ထိပ္ဆုံး မွ
ျမင္လိုက္ရေသာ
Khat Thaw Ka
Lecture
Department of History
Bago University
ဟူေသာစာတမ္းႏွင့္ ၎၏
သက္ဆိုင္ သူကို ျမင္ လိုက္ ရေသာအခါ ၌ကား ရာဟု ခႏၶာက္ိုယ္ တစ္ခုလုံး ေတာင့္ခနဲ ျဖစ္ကာ
အေတြးမ်ား က သစၥာမရွိစြာျဖင့္
လြန္ခဲ့ေသာ သုံးရက္မွ
အျဖစ္အပ်က္မ်ားဆီ တစ္ေက်ာ့ျပန္ အလည္သြားေနသျဖင့္ အသာေလး ျပန္ေခါက္ယူရေသးသည္ ။
လူ ၅ ေယာက္ေရွ႕တြင္ တင္းတင္း ၾကပ္ၾကပ္ ဖက္ခံ လိုက္ရေလျခင္း မွာ
ေနာက္ဆုံး အေတာ္ေလး အေနခက္လာမွ လႊတ္သည္ ။
သည္မၽွသာမကေသး
ေက်ာင္းအုပ္ဆရာမႀကီး ႏွင့္
ေတာက္ေလၽွာက္ စကားေျပာေနစဥ္ တြင္ လည္း ထိုေကာင္ေလး က သူ႔ကို သာ အာ႐ုံထားေနသည္ မို႔
ရာဟု အေတာ္ေလး အေနခက္ရသည္ ။
ပို ၍ အေနခက္ေစသည္ မွာ
ထို ခပ္ႏုႏု အသက္ငယ္ငယ္ ဟု ထင္ရေသာေကာင္ေလး မွာ သူႏွင့္ ေရွးသု project site 12 အတြက္ အတူ အလုပ္တြဲ လုပ္ရမည့္ သူ ျဖစ္ေနေၾကာင္း
သိလိုက္ရစဥ္တြင္ ပင္ ျဖစ္သည္ ။
"ဒါ ကၽြန္ေတာ့္ ကိုေတြ႕ခ်င္ေနတဲ့ လက္ေထာက္ညႊန္မႉး ထင္တယ္ေနာ့္
ကၽြန္ေတာ္ က ကထိက ခက္ေသာ္က ပါ"
ျပဳံးစိစိ မ်က္ႏွာေပးႏွင့္ ေအာင္နိုင္သူ သဖြယ္ သူ႔ထံ လက္ကမ္း ကာ ႏႈတ္ဆက္လာေသာ ေကာင္ေလး ကို ၾကည့္ရင္း
ရာဟု သစ္ ကမၻာတစ္ပတ္လည္
ခဲ့ရေတာ့သည္။
သူ႔ေဘးက သူငယ္ခ်င္း ဘုန္းျပည့္ေက်ာ္ ကေတာ့ျပဳံးစိစိ ႏွင့္ ရာဟု ၏ image ႀကီး ထိရွ သြားသည္ က္ို အေတာ္ေလးေက်နပ္ေနဟန္ ..။
ရာဟုမွာ ေသာ္က ဟူေသာ
အေတြးေရယာဥ္ေၾကာ ဝယ္ မေမာတမ္း လက္ပစ္ကူးခတ္ ေနဆဲ
က်ယ္ေလာင္စြာ ေအာ္ျမည္ လာေသာ ဖုန္းအသံေၾကာင့္ အေတြးစ တို႔က
ကတိုက္ကရိုက္ ျဖစ္ရသည္ ။
"ေျပာ ဘုန္းျပည့္"
"ေအး ဆင္းလာေတာ့ ေလ
မင္းဘဲ ညေန ၅ နာရီ ဘုရားတက္မယ္ဆို"
ဘုန္းျပည့္ ေဆာ္ဩ သံ ခပ္ဆာဆာ က္ု ၾကားကာမွ ရာဟု အသိ ဝင္ကာ လက္က နာရီကိုၾကည့္မိေတာ့ ..
'ဟုတ္ပါ့ ၅ နာရီထိုးဖို႔ ဘာလိုေတာ့ လို႔လဲ'
မနက္ကတည္း က သူ laptop
ေရွ႕ထိုင္ကာ
Project 12 အေပၚသာ
အာ႐ုံစိုက္ေနသည္မို႔ အခ်ိန္တစ္ခ်ိဳ႕ကို လြတ္သြားခဲ့ဟန္တူပါသည္ ။
မွန္ထဲတြင္ ေပၚေနေသာမိမိပုံရိပ္ ကို ၾကည့္ လိုက္ေတာ့လည္း
အေထြအထူး ျပင္ဆင္စရာ
လိုဟန္ မတူ ..။
သည္လို အလုပ္ရႈပ္ၿပီး ကိုယ့္ကိုက္ုယ္ သပ္သပ္ရပ္ရပ္ မေနခ်င္သည့္ အခ်ိန္၌ပင္ လၽွင္
မူလ ႐ုပ္အခံ ႏွင့္ ႐ူပါထိန္းနိုင္ေလာက္
သည္အထိ ေမြးထားေပးေသာ အေမ ကို ရာဟု ေက်းဇူးတင္လွပါသည္ ။
"ေအးေအး အခု ဆင္း လာၿပီ"
ဖုန္း ကို လက္ႏွင့္ နား ၾကား ညႇပ္ရင္း အဝတ္အိတ္ထဲ ရွိ အေပၚဆုံး က အက်ီ ၤတစ္ထည္ ကို ဆြဲထုတ္လိုက္ကာ
ကုတင္ေပၚတြင္ တင္ထားေသာ ပုဆိုး တစ္ထည္ကို ယူ လိုက္သည္။
'အနားစေတြ တြန္႔ေၾကေနေပမယ့္
အရမ္းေတာ့ အဆိုးႀကီး မဟုတ္'
'အသစ္ထုတ္လိုက္ရမလား'
တစ္ဆက္တည္းမွာပင္ မိမိညီမ ျဖစ္ သူ၏ စကား ကိုလည္း ၾကားေယာင္
လာသည္
"အစ္ကိုႀကီး နင္ ကေတာ့ အိမ္ေထာင္မႈ ထိန္းသိမ္းနိုင္မယ့္ သူတစ္ေယာက္ တစ္ကယ္ ကို လိုေနၿပီ" ဟူ၍
ရာဟု လည္း စဥ္းစားပါေသးသည္ တကယ္ဆို ၂၈ ႏွစ္ ဆိုသည့္ အရြယ္ က အိမ္ေထာင္ျပဳသင့္သည္
အရြယ္ေရာက္ေနၿပီ မဟုတ္ပါလား
သို႔ေသာ္ ျငား မိမိ ႏွလုံးသား ကမူ ေခ်ာပါေပ့ လွပါေပ့ ဟူသည့္ အလွတရား တစ္တို႔ကို လ်စ္လ်ဴရႈ
ထားဟန္ ရွိေလသည္။ တစ္ခ်က္ပင္ ခုန္ဟန္မျပဳ။
၂၈ ႏွစ္ တိတိႏွလုံးသား ကို
ဒိတ္ခနဲခုန္ေအာင္ ျပဳစားနိုင္ သူမရွိေသး၍ ရာဟုမွာ အခုခ်ိန္ထိ အိမ္ေထာင္ေရး ဟူသည္ ဂ်ိဳ ႏွင့္ လားဟု ပင္ ေမးရမည့္ ကိန္းေပ ။
မိမိမွာ ဟိုဟာဝတ္နိုး သည္ဟာ
ဝတ္နိုးစဥ္းစားေနေသာ္ျငား
ဖုန္းထဲရွိ သူငယ္ခ်င္း ငယ္ေပါင္း အသံ က ဟိန္း ခနဲ
"ေဟ်ာင့္ မင္း အခုမွ အဝတ္လဲေနတာေတာ့မဟုတ္ပါဖူးေနာ္"
သာမာန္အသံပင္ျဖစ္ေသာ္ညား
ဒီေမးခြန္း ကို အမွန္တိုင္းျပန္ေၿဖ
လိုက္လၽွင္ သူ႔ကို မ္ုးမႊန္ေနေအာင္ဆဲမည့္ သူငယ္ခ်င္း အေၾကာင္း ကို သိေနေသာ ရာဟု က အသာေလး
ကုန္းေလ်ာဆင္းသည္။
"မဟုတ္ပါဖူး ေခါင္းၿဖီးေနၿပီ"
တကယ္ က အခု မွ ပုဆိုး ကို
ကမန္းကတမ္းလဲေနတုန္းျဖစ္သည္ ။
"ခဏေစာင့္..."
ငတ္ ကိုခပ္တည္တည္ႏွင့္ေဟာက္ကာ ဖုန္း ကို ခ်လိုက္ၿပီး
အျမန္ အက်ီ ၤလဲ ယူရသည္။
ဒိီေကာင္ ကိုယ့္ အထက္ လူႀကီး ကို ေလးစားမႈမရွိ ။
ရာဟု က ဘုန္းျပည့္ေက်ာ္ ထက္ ရာထူး ႀကီး ၍ အလုပ္ခြင္တြင္ေတာ့
ဘုန္းျပည့္တစ္ေယာက္ေလးေလးစားစားဆက္ဆံေသာ္ျငား ႐ုံးခ်္ိန္ေနာက္ပိုင္း ၆ နာရီေက်ာ္သည္ႏွင့္ ရာဟု ကို
လည္ပင္းဖက္ေပါင္းေတာ့သည္ ။
မိမိကိုယ္ ကို
ၾကည့္မွန္တြင္ ေသသပ္လာေစရန္
ျပင္ဆင္ၿပီးေနာက္
ဖုန္းႏွင့္ ကားေသာ့ ကို ယူ
အျပင္ထြက္ၿပီး အခန္း ကို
ေသေသခ်ာခ်ာ ေသာ့ခတ္ၿပီး ကာမွ
ကိုယ္ ဝတ္လာသည့္ အဝတ္အစား ကို
ေကာ္ရစ္တာ တြင္ လမ္းေလၽွာက္ရင္း ၾကည့္မိေလေတာ့
"ငင့္ "
ၾကက္ေသြးေရာင္ ပုဆိုး အကြက္စိတ္ႏွင့္ အဝါႏု ေရာင္ လည္ကတုံး အက်ီ ၤတို႔
လိုက္ဖက္မႈ က
ေတာင္မက် ေျမာက္မက် ။
သြားျပန္လဲ ရေအာင္လည္း
စိတ္မရွည္
ထို႔အျပင္ ဟို ငပုေကာင္ ဘုန္းျပည့္ က ေစာင့္မည္ မဟုတ္ေခ်။
"ေတာ္ပါၿပီ ဒီအတိုင္းလည္း
အဆင္ေျပပါတယ္ "
ကိုယ့္က္ို ကိုယ္ ႏွစ္သိမ့္ရင္း ျပည့္ဝ စြာ ထည့္လာသည့္ ယုံၾကည္မႈတို႔ က
ေဟာ္တယ္ အေရွ႕ Reception တြင္
ထိုင္ကာ ဘုန္းျပည့္တို႔ႏွင့္ ပြဲက်ေနသူေသာ္က ကို ေတြ႕လိုက္ကာမွ
အကုန္ေျမလၽွိုး မိုးပ်ံထြက္ကုန္သည္ ။
"ဘာလား ေသာ္က တစ္ေယာက္က ဘယ္လိုပါလာ"
မိမိ မွာ စဥ္းစားေနတုန္းရွိေသး
မ်က္စိ လ်င္သူ ထို ေကာင္ေလး က သူ႔ကို ျမင္သည္ႏွင့္ လွမ္းျပဳံးျပေလသည္ ။
သြားတက္ တစ္ဖက္ႏွင့္ ပါးခ်ိဳင့္ တစ္ဖက္ မွ ေမြးဖြားသည့္ အျပဳံးေလးသည္
ေယာက္က်ား ေလးမတန္ စြာ
ခ်ိဳျမလွမို႔ ...
ရာ ဟု ထိုသူ႔ ထံမွ အၾကည့္လႊဲ ကာ ေရွ႕ဆက္ ေလ်ာက္မိတုန္း ေခါင္းထဲ က
မိုက္ခနဲ ။
"ရာဟု ရ ရဲ့လား "
ဆိုဖာ အနားေရာက္ခါနီးမွ ယိုင္ခနဲ ျဖစ္သြားေသာ ရာဟု ကို အေျပးေလး လာတြဲသူ က ထိုေကာင္ေလး ။
ရာဟု မ်က္ဝန္း ထဲ ျဖတ္ခနဲေျပးသြားေသာ ျမင္ကြင္း တစ္ခ်ိဳ႕ တြင္ ကား
ဘုရားေပၚတြင္ ေရသပၸာယ္ေနေသာ
သူႏွင့္ ထိုေကာင္ေလး ။
"ဘာလဲကြာ .."
စိတ္ရႈပ္စြာႏွင့္ ေခါင္းတို႔ကို
ခါယမ္း လိုက္မိေတာ့
"ရာဟု အဆင္ေျပရဲ့လား "
စိုးရိမ္ေနသည့္ အသံႏွင့္ အတူ သူ႔ လက္ေမာင္း ကို ဆုပ္ကိုင္ ထားေသာ
လက္ဖဝါး ႏုႏု ေလး ၏ အထိအေတြ႕ေၾကာင့္ ခႏၶာကိုယ္မွ ရွိန္းခနဲ ။
"ကၽြန္ေတာ္ အဆင္ေျပပါတယ္"
ေျပာရင္း လက္ေမာင္းေပၚမွ
လက္တစ္ဖက္ကို ျဖဳတ္ခ်သြားသူ ရာဟုေၾကာင့္ ေသာ္က ႏွာေခါင္းရႈံ႔မိသည္ ။
'ေကတုမတီတုန္း က အတိုင္းဘဲ
သူ႔ အသား သူမ်ား ထိတာ
မႀကိဳက္တဲ့ မာနခဲ '
ရာဟု က မိမိကို ျပဳံးစိစိ ျဖင့္ၾကည့္ေနသူ
ဘုန္းျပည့္ေက်ာ္ ကို စူးစူးရဲရဲၾကည့္ ကာ
မ်က္ခုံးပင့္ျပေတာ့ ..
အထာ နပ္ သူ ႀကီးက ။
"အဟဲ မင္းေရာ ငါေရာ ပဲခူး ကို
အခုမွေရာက္ဖူးတာ ေလကြာ
မသြားတတ္မွာ စိုးလို႔
ဆရာေသာ္က ကို
အကူအညီေတာင္းထားတာ"
ရာဟု ဘုန္းျပည့္ ကို ခပ္စူးစူး
တစ္ခ်က္သာ
ၾကည့္လိုက္ၿပီး ေသာ္က အလစ္မွာ
အံ့ႀကိတ္ျပသည္ ။
ဘုန္းျပည့္ က မူ
'မင္း ဘာလုပ္လုပ္ အခုေတာ့
ငါ့လက္ခုပ္ထဲ က ေရ ပါကြာ'ဟူေသာ အျပဳံးႀကီး ကို ဆင္ျမန္းလ်က္
ဆင္ဝင္ေအာက္ ရပ္ထားေသာ ခဲေရာင္ Audi A6 ေပၚသို႔ ခပ္တည္တည္ႏွင့္ တက္ထိုင္သည္
"ဘာလားဟ "
"ရာဟု မင္း ကားယူမေနနဲ႔ေတာ့ေလ
ဆရာေသာ္က ကားနဲ႔ဘဲ လိုက္တာေပါ့"
ေသာ္ကတို႔ အသိုင္းအဝိုင္းမွာ အေတာ္အတန္ပိုက္ဆံ ရွိသည္ဟု
အရိပ္အႁမြက္သိထားေသာ္ျငား
ျမန္မာျပည္ ၌ပင္ limited ျဖစ္ေနေသာ ကား ကို စီးနိုင္သည္ အထိဟု ရာဟု မထင္ထားပါေခ်။
ဒါေတြ အသာထား
ရာဟု မွာ ငရစ္ေကာင္ ဘုန္းျပည့္ ကို
ရိုက္သတ္ခ်င္လာေလၿပီ ။
"ရပါ့မလား အားနာစရာ ေတြ..."
'သူ႔ကား တန္ဖိုး မင္းသိရင္ ဖ်ားသြားမယ္ အေကာင္ေရ'
"မလိုပါဖူး လူေလး သုံးေယာက္ကို ကား ၂ စီးနဲ႔ သြားမွေတာ့ ပတ္ဝန္းက်င္ ထိန္းသိမ္းရာ ဘယ္ေရာက္ေတာ့မလဲ"
တစ္ေန႔တစ္ေန႔ ႐ုံးမွာဆိုလၽွင္
စာရြက္ေပါင္း ေသာင္းေျခာက္ေထာင္
သုံးေနေသာ ေကာင္ကမ်ား ပတ္ဝန္း က်င္ ထိန္းသိမ္းေရး
စကားေျပာထြက္ေသးသည္ ။
ေလာကႀကီး မွာ အံ့ဩဖြယ္အတ္ိ။
ရာဟု မွာ ျပန္ေျပာဖို႔ျပင္လိုက္ေသာ္ညား
"ဟို ရာဟု အဆင္မေၿပ လည္း ရပါတယ္
ရာဟု ကား ယူခဲ့လိုက္ေလေနာ္
ကၽြန္ေတာ္ က
ညေနဖက္ ဆို ဘုရားေရွ႕ ဆိုင္ကယ္ေတြ ကားေတြ မ်ားေတာ့
ရာဟု က္ို စိတ္ပူလို႔ပါ "
မ်က္ႏွာငယ္ေလးႏွင့္ သူ႔ကို ေျပရာေျပေၾကာင္း ရွင္းျပေနသည့္ ေကာင္ေလး ကို ေတြ႕လိုက္ေသာ အခါ
ရာဟု သည္လည္း ကားေရွ႕ခန္း ထဲ ေနရာယူထားၿပီး သား ျဖစ္သြားေလေတာ့သည္။
ကားေပၚတက္တက္ခ်င္း ဘုန္းျပည့္
ငနဲ႔သား ၏ ခပ္ ရြဲ႕ရြဲ႕ မ်က္ႏွာ ထား ကိုေတြ႕ေသာ အခါ
ရာဟု မေနနိုင္ဘဲ ေၿဖ ရွင္း ခ်က္
ေပးလိုက္မိေသးသည္။
"ငါ က ဆရာ ေသာ္က ကို
ေလးစား လို႔ေနာ္
တစ္ျခားမထင္နဲ႔ "
ဘုန္းျပည့္ က မဲ့ကာ
"ေအးပါ မင္း ကလည္း"
ရာဟု လည္း မိမိက စိတ္လုံသူမို႔ ကားေနာက္ခန္း ရွိ ဘုန္းျပည့္ ကို လွည့္ပင္မၾကည့္ေတာ့ဘဲ အေရွ႕ ဘက္ ရွိ ပဲခူးၿမိဳ႕
ျမင္ကြင္း ကို သာ
ၾကည့္ေနလိုက္ေတာ့သည္ ။
တစ္ခ်က္တစ္ခ်က္ေတာ့ စီယာရင္ တိုင္ ေပၚက လက္ျဖဴျဖဴ ႏုႏုေလးေတြ ကို ခိုးၾကည့္မိရင္း ျဖင့္ ရာဟု ညေနခင္း က သာယာေနခဲ့ပါသည္ေလ။
————————-
ေရႊေမာေဓာ ဘုရား အနီး တြင္ မိမိတို႔ ကားရပ္လိုက္သည္ႏွင့္ ခေလးငယ္တစ္စု ေျပးလာကာ
စံပယ္ပန္းေရာင္းေတာ့သည္မို႔
ေသာ္ကမွာလည္း ျပဳံးလ်က္ သာ
ဝယ္ လိုက္ေလေတာ့သည္ ။
ဤ အခ်င္းအရာ ကို မ်က္ေတာင္မခတ္တိုင္း ၾကည့္ေနသူ က ရာဟု
'မာန ႀကီးမယ္ ထင္တာ ဒီလို
ခေလးေတြနဲ႔လည္း ခင္တာဘဲလား'
"အစ္ကိုေလး မလာ တာၾကာေပါ့"
ခေလးမေလးတစ္ေယာက္က ေသာ္က ထံ သို႔ စံပယ္ပန္း ကုံးေတြ ထိုးေပးရင္း ဆိုလာတာ မို႔
"အင္း အရင္တစ္ေလာက စာတမ္း ကိစၥ နဲ႔ အလုပ္ရႈပ္ေနလို႔ စံပယ္ေလးရဲ့"
ေျပာရင္း ထို ေကာင္မေလး ထံမွ
စံပယ္ပန္းကုံးေတြ ယူ ေနသူ ကား
ေလညင္းေသြ႕ေသြ႕ထဲ မွ ၾကားေနရေသာ
ဆည္းလည္း သံထက္ပင္
ၿငိမ္းေအးလွသည္ ။
"အစ္ကိုေလး ဧည့္သည္ေတြ ပါ လာတာ လား "
ခေလးမ ေလး က အေနာက္မွာ ရပ္ေနသူ သူႏွင့္ ဘုန္းျပည့္ ကို
တစိခ်က္ေဝ့ၾကည့္ကာဆိုလာသည္။
"အင္း စံပယ္ေလး
ရာဟုတို႔ေရာ စံပယ္ပန္း ကပ္ဦးမလား "
ေျပာရင္း ေကာင္မေလး ကို ေသာ္က မွ ၁၀၀၀ တန္ တစ္ရြက္ထုတ္ကာ
က်သင့္ေငြ ရွင္း ေနသည္မို႔
ရာဟုမွာ အားနာ စြာျဖင့္
ျငင္းရန္ျပင္လိုက္ေသာ္လည္း ။
အလိုက္မသိသူတစ္ေကာင့္သား က
"ကၽြန္ေတာ့ ကို လည္း ၅၀၀ ဖိုးေလာက္"
ဘုန္းျပည့္ေက်ာ္ အသံ ၾကားေတာ့
စံပယ္ပန္းေရာင္းသူ ေကာင္မေလး က
အသည္းအသန္ စံပယ္ႀကိဳးကုံးေတြ ကို ေရ ေနေလၿပီ မို႔ ရာဟု လည္း မတားမိေတာ့ ။
"ရာဟု ေရာ ယူဦးမလား"
"ရတယ္ ကၽြန္ေတာ္ ေသာ္က စီက ဘဲ တစ္ဝက္ယူကပ္လိုက္မယ္"
ထိုစကားသံၾကားေတာ့
ေသာ္က ႏွစ္ၿခိဳက္စြာ ျပဳံးမိသြားျပန္သည္။
အရင္ဘဝတုန္း က ဒီေနရာ ဒီဘုရားမွာ ဘဲ ကၽြန္ေတာ္ တို႔ ႏွစ္ေယာက္ဟာ တစ္ေယာက္တစ္ ဝက္ လႉခဲ့ဖူးတဲ့
အရာတစ္ခ်ိဳ႕ရွိသတဲ့ ။
(မွတ္မိသလားေဟ့ )
—————-
ဆည္းလည္း သံ မ်ားႏွင့္ အတူ
တန္ေဆာင္းမွ ေစ်းသည္တို႔၏ အၿပိဳင္ အဆိုင္ လူေခၚသံ မ်ား ကား ဆူ ညံ လ်က္ရွိသည္ ။
ဘုရားဦးမခ် ခင္ လက္ထဲမွ စံပယ္အခ်ိဳ႕ ကို သင့္ေတာ္ရာေနရာမွာ
လႉဒါန္းဖ္ု႔ျပင္ရသည္ ။
တစ္ဝက္ ခြဲ ရတာ အရမ္းႀကိဳက္သည့္
ကိုယ္ေတာ္ေခ်ာ ကို ေသာ္က လက္ထဲ က ပန္းကုံးေတြ ကို
တစ္ဝက္ခြဲေပးဖို႔ျပင္ေတာ့ ...။
"ဟင္ "
"ဘာလို႔လဲ ေသာ္က"
"ဟိုေလ "
ရင္ျပင္ေတာ္ေပၚရွိ
ဝါက်င္က်င္ မီးေရာက္တြင္မွ
ရႊန္းေဝေနသူက
ေအာက္ႏႈတ္ခမ္းေလး ကိုက္ ကာ သူ႔ကိုေမာ့ၾကည့္လာေလသည္ ။
သည္ ေကာင္ေလးကား အေတာ္ေလး ေခ်ာလွသည္ ကို ရာဟု သတိထားမိသည့္ အခါ
ဘယ္ဘက္ရင္အုံမွ ဒိန္ခနဲ ဆႏၵ
ျပေလသည္မို႔ ။
'ဘုရား '
ေယာင္ယမ္းကာ ဘယ္ဘက္ရင္အုံ ကို
ကိုင္လိုက္မိသည္အထိ။
"ဟင္ ေျပာပါ ေသာ္က ဘာမ်ားျဖစ္"
"ဟိုေလ ပန္း က ၁၇ ကုံးဘဲ ရွိတယ္"
"ဟမ္ "
"ခြိ "
'ဟမ္' ဟူေသာ အသံသည္
ရာဟု ထံမွ ျဖစ္ၿပီး 'ခြိ' ဟူေသာ
အသံ ကေတာ့ႏွစ္ခါေျပးၾကည့္စရာမလိုေအာင္ မည္သူမွန္း သိလိုက္ပါေလ ။
"အတူတူ သြား ကပ္ၾကေလ ခြိ "
အေရးထဲ ဘုန္းျပည့္ က မီးေလာင္ရာ ေလပင့္လုပ္ေသးသည္မို႔ ေသာ္က ပို အေနရ ခက္ေတာ့သည္ ။
သာမာန္ ဆိုလၽွင္ ဤ အေျခအေန ကား ယင္း ကဲ့သို႔ အေနရခက္မည္ မဟုတ္ေသာ္ျငား
အရင္ က အျဖစ္အပ်က္ တစ္ခ်ိဳ႕ က
ေခါင္းထဲ ေျပးဝင္ လာသည္မို႔
အရွက္သည္း ကာ လည္ပင္း ကို ဖြဖြ ပြတ္ရင္း ရာဟု ကို ေမာ့ၾကည့္ မိေတာ့ အႏွီလူ က
ခပ္တည္တည္ႏွင့္ စံပယ္ ပန္း ကိုင္ထားသည့္ သူ႔ လက္ ကို
လက္ေကာက္ဝတ္မွခပ္ဖြဖြ ဆြဲကိုင္ကာ
"အတူတူ ကပ္ၾကတာေပါ့"
"ခင္ဗ်ာ "
ေသာ္က လက္ဖဝါးႀကီးႀကီး ျဖင့္
ရစ္ပတ္ေႏွာင္ဖြဲ႕ ခံထားရသည့္
မိမိ ဘယ္ဘက္ လက္ေကာက္ဝတ္ကို ၾကည့္ ရင္း ရင္ေတြကတစ္ဒိန္းဒိန္း မို႔
"ဟို .."
"ကဲပါ ဆရာေသာ္ကရယ္
ဆရာတို႔က အတူတူproject လုပ္ရမယ့္ သူေတြ ဘဲ ေရစက္စုံ တဲ့ အထိန္း အမွတ္နဲ႔ အတူတူသြားကပ္လိုက္ေပါ့"
ေသာ္က ျငင္းရန္ျပင္သည့္ စကားမွာ
အရင္ဘဝ က သီရ္ိေက်ာ္ထင္ ေခၚ
ဘုန္းျပည့္ေက်ာ္ ဂ်င္းေကာင္ ၏ စကားေအာက္တြင္ ေပ်ာက္ရွရွ ျဖစ္၏။
မျငင္းသာသည္မို႔ ရာဟု ဆြဲရာေနာက္
လိုက္ရသည္
တိုက္ဆိုင္စြာပင္ ၾကည့္လိုက္ေတာ့ တနလၤာေထာင့္ ျဖစ္လို႔ေနသည္။
အကယ္ လို႔ တူညီတဲ့ လူႏွစ္ေယာက္က တူညီတဲ့ေနရာ တစ္ခုမွာ ဘဲ ျပန္လည္ ခ်စ္ၾကဖို႔ ေမြးဖြားလာတယ္ ဆိုရင္
ဒါကို ကံၾကမၼာ လို႔ေခၚမလား ?
အခ်စ္စစ္လို႔ေခၚမလား?
ကၽြန္ေတာ့္ အတြက္ေတာ့ သူ
ျဖစ္ေန႐ုံနဲ႔တင္ လုံေလာက္ခဲ့ၿပီမို႔။
————————
"ဒါဆို ေရႊတိ ဂုံရယ္၊ေရႊေမာေဓာရယ္
က်ိဳက္ လမိုင္း ဘုရား ရယ္က ပုံစံ
ခပ္တူတူေတြေပါ့"
ဘုန္းျပည့္ေက်ာ္ကား ေသာ္က ၏ ေရႊေမာေဓာ ဘုရား အေၾကာင္း ရွင္း ၿပ ခ်က္ၿပီးေနာက္ ေမးခြန္း ျပန္ေမးေလသည္ ။
"ဟုတ္တယ္ သီ အဲ့ေလ ဘုန္းျပည့္
ဒါေပမယ့္ မွတ္တမ္း ထဲမွာေတာ့
ဒီေစတီသုံးဆူ ထဲမွာ
ေရႊတိဂုံ က သပၸာယ္စရာအေကာင္းဆုံး
က်ိဳက္လမိုင္း က ထုထည္ အႀကီးဆုံးၿပီးေတာ့ ..."
"ၿပီးေတာ့ ..ေရႊေမာေဓာ ကေရာ"
ဘုန္းျပည့္ ေက်ာ္ ၏ သိခ်င္ေဇာ ျဖင့္ ေမးသည္ ကို ေသာ္က ၾကည့္ ကာ သြားတက္ေလး ေပၚသည္ အထိ ျပဳံးလိုက္မိေတာ့သည္ ။
"ကၽြန္ေတာ္ ေရႊေမာေဓာ ဘုရား ရဲ့
မြန္လူမ်ိဳးေတြေခၚတဲ့နာမည္ ေျပာမယ္ ေလ အဲ့ထဲ မွာ အေၿဖ ပါတယ္ ေျဖၾကည့္"
အစ ပထမ ကေတာ့ အေၿဖ ကို တည့္ ေျပာရန္ စဥ္းစားထားေသာ္ျငား
ဘုန္းျပည့္ေက်ာ္ ၏ တစ္လက္လက္ေတာက္ ေနသည့္ မ်က္ဝန္းအစုံ ကို ျမင္သည့္ အခါေသာ္က မွာ စ ခ်င္စိတ္တို႔က
တဖြားဖြားေပၚလာရကား
စေနာက္ ရင္း ပညာစမ္း ၾကည့္ရန္ အခြင့္အေရးအျဖစ္အသုံး
ခ်လိုက္ေလေတာ့သည္။
ဘုန္းျပည့္ေက်ာ္ က လည္း ေခဟန္မတူပါ
မ်က္ခုံးတစ္ခ်က္ပင့္ၿပ ကာ
လုပ္ေလ ဟူေသာ အထာျပသည္ ။
"ဟုတ္ၿပီ ကၽြန္ေတာ္ အလကား မေမးပါဖူး
ေျဖနိုင္ရင္ ဘုန္းျပည့္ ေက်ာ္ ကို ထမင္း လိုက္ေကၽြးမယ္ တစ္ဝိုင္း ဗ်ာ"
"Cool !
ေျပာၾကည့္ မြန္ေတြေခၚတဲ့ နာမည္"
"က်ိဳက္မုတူး တဲ့"
ဘုန္းျပည့္ေက်ာ္ ကား မ်က္ခုံး အစုံ ပင့္ သြားေလသည္ ။
"က်ိဳက္ က ေတာ့ ဘုရား က္ုေျပာတာ"
"အြမ္း မွန္တယ္ က်န္တဲ့ႏွစ္လုံးကေရာ"
ဘုန္းျပည့္ေက်ာ္ ဖတ္ဖူးသည့္ စာအုပ္မွန္သမၽွ ဦးေႏွာက္ ထဲ မွ ထြက္လာေလရန္ scan ဖတ္ေသာ္ျငား
အလုပ္မျဖစ္ေသာေၾကာင့္
အရႈံးေပးရန္ ျပင္လိုက္စဥ္
"က်ိဳက္ - ဘုရား
မုဟ္-ႏွာေခါင္း
တ - ေလာင္သည္"
မိမိအေနာက္မွ အသံထြက္ လာေသာေၾကာင့္ လွည့္ ၾကည့္မိလိုက္ေတာ့
လက္ႏွစ္ဖက္ ကို ေနာက္ပစ္ပါလ်က္ သူ႔ကို ငုံ႔မိုးၾကည့္ေနသူ ထိုလူသား သည္
အစဥ္အျမဲေခ်ာေမာလ်က္ ။
မိမိကလည္း လွည့္ကာေမာ့အၾကည့္
မိမိထက္ အေတာ္ေလး အရပ္ရွည္သူ
သည္လူ ကလည္း မိမိအေနာက္တြင္ ကပ္ကာ ငုံ႔မိုးၾကည့္ေနေသာေၾကာင့္
အေတာ္ေလး နီးကပ္ သြား သျဖင့္
ေသာ္က ခုန္ေနေသာ ရင္အစုံ ကို ထိန္း ကာ အေနာက္သို႔ အသာ ဆုတ္ဟန္ ျပင္ေတာ့ ထို လူ က အတင့္ရဲစြာျဖင့္
မိမိအဆုတ္ ကို တစ္လွမ္းတက္သည္။
ပို၍ နီးသြားျပန္ေလသည္။
ျပဳံးစစ မ်က္ႏွာထား က ေအာင္နိုင္သူ ရွင္ ဘုရင္ အလား ။
"အဲ့တာ ဆို ဒီဘုရားရဲ့ထူးျခားခ်က္ က ဘာလဲ ရာဟု ေျပာပါဟ"
ေနာက္ဆုံးဘုန္းျပည့္ေက်ာ္ က မေနနိုင္စြာ ပင္ ေအာ္ဟစ္ေမးေလကာမွ
ႏွစ္ေယာက္သား အၾကည့္ လႊဲ ရန္ သတ္ိ ရသည္ ။
သည္ အခါမွ အႏွီ လူဟာ ခါးကိုမတ္ ၊
ေနာက္ပစ္ထားသည့္ လက္ႏွစ္ဖက္ က္ို အေရွ႕ သို႔ျပန္ေခၚကာ လက္ပိုက္လိုက္ၿပီး
ဆရာႀကီး စတိုင္ အျပည့္ႏွင့္
"ေရွး အရင္တုန္း က မြန္အဖိုးႀကီးေတြ ဟာ ေဆးတံေသာက္ေလ့ေသာက္
ထ ရွိတယ္
အဲ့ သည္လိုနဲ႔ တစ္ေန႔ၾကေတာ့ မြန္အဖိုးႀကီးတစ္ေယာက္က ေဆးတံ ခဲရင္းနဲ႔
ဘုရား စိန္ဖူးေတာ္ ကို ေမာ္ကာ ဖူးေလေတာ့ ႏွာေခါင္းေပၚ ကို ေဆးတံ က မီး စ ဟာ ျပန္ထြက္ က် ၿပီး ႏွာေခါင္း ေလာင္ သတဲ့ ဒါ့ေၾကာင့္ က်ိဳက္ -ဘုရား
မုဟ္ -ႏွာေခါင္း
တ-ေလာင္ သည္
ဆိုၿပီး က်ိဳက္မုတူး တဲ့"
သည္ေလာက္ရွင္းၿပ ၿပီး သည့္တိုင္ အထာမေပါက္သည့္
ဘုန္းျပည့္ေက်ာ္ က မ်က္ခုံး အစုံ က်ဳံ႕ ထားဆဲမို႔
ရာဟု က ပင္
"ဉာဏ္ေတာ္ျမင့္လြန္း လို႔
ေမာ္ဖူးရင္း ေဆးတံ က
မီးေတာင္ ႏွာေခါင္း ကိုျပန္ေလာင္သတဲ့
ဒါေၾကာင့္ ေစတီသုံးဆူ ထဲမွာ ဒီေစတီက ဉာဏ္ေတာ္အျမင့္ဆုံး လို႔
သမုတ္ က်တယ္ "
"ဝါး ..!"
သီရိေက်ာ္ထင္ ကား လက္ခုပ္တီးကာ ရာဟု ကို ဂုဏ္ျပဳေလသည္ ။
ရာဟု အၾကည့္ တို႔ က ေဘးရွိ
ဆရာေသးေသး ေလးထံ ပ္ို႔မိေတာ့
မိမိထံ ျပဳံးလ်က္ လက္မေထာင္ျပလာသူ ေသာ္က
သည္ျမင္ကြင္း ကိုၾကည့္ေနရင္း
က်င္ခနဲ ျဖစ္သြားေသာ ႏွလုံးသား တစ္စုံ ေၾကာင့္ ရာဟု 'အ ခနဲ'ေအာ္ကာ
ရင္ဘတ္ကို ဆုတ္ကိုင္မိၿပီး မ်က္စိ အစုံ ကို တင္းတင္းမွိတ္မိသည္ ။
မ်က္စိထဲေပၚလာသည္က
"တစ္ခုခု ကို အရမ္းသေဘာ က် တဲ့အခါ သုံးတာေပါ့
ေမာင္မင္းကို အရမ္းႀကိဳက္တယ္ေပါ့
အာ့လို အဓိပၸာယ္ေလ"
"႐ုပ္တည္ႀကီး နဲ႔လက္မေထာင္ျပမေနနဲ႔ေလ ေနာင္ႀကီး ရဲ့ သည္လိုလည္းျပဳံး ဦးမွေပါ့"
ရင္ထဲ တင္းၾကပ္ကာ ဆို႔တက္ လာမႈ က ခံရခက္လွသည္ ။
ထို႔အျပင္ သည္တင္းၾကပ္မႈ အစုံ က သည္ တြင္ပင္ ရပ္မသြား လည္ေခ်ာင္း အတြင္းထိ လွိုက္တက္ ကာ မ်က္ဝန္း အစုံ ကို
ပါရိုက္ခတ္လာသည္မို႔
မ်က္စိေတြ ပူလာကာ
မ်က္ဝန္းထဲ ရစ္သိုင္း လာေသာ
မ်က္ရည္တစ္ခ်ိဳ႕
တစ္စုံ တစ္ခု က ျပဳစား ထားသလို သည္ျမင္ကြင္း ကိုဘဲ ရင္နင့္စြာႏွင့္ ထပ္ခါထပ္ခါ ျမင္ေနသည့္ အခါ ရာဟု
႐ုန္းထြက္ ေအာ္ဟစ္ ခ်င္ေသာ္ျငား
ေျခလက္တို႔က လႈပ္၍ မရ ။
အေမွာင္ ထု ထဲတိုးဝင္ လု နီးနီး ျဖစ္ေနဆဲ၌ ပင္
"ရာဟု သတိထားေလ ရာဟု"
ညာဖက္ နား မွ ဝင္လာေသာ စိုးရိမ္သံေသးေသးေလးေၾကာင့္ ရာဟု ႏႈတ္ခမ္း တို႔ က အလိုလိုပင္ ျပဳံးမိသည္ ။
အားတင္းယူ ကာ ေခါင္းက္ို တစ္ခ်က္ ခါလိုက္သည္ ျမင္ကြင္းထဲေနရာယူလာသည္က လေရာင္ေအာက္တြင္
တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လ်က္
စကားဆိုေနသူ ႏွစ္ဦး ..
"ျမတ္နိုးတာ ထက္ ကို ပိုပါတယ္ ေသာ္ကေလးရယ္"
"ဘာေတြလဲ "
ရာဟု အေတြးေတြထဲ ခ်ာခ်ာလည္လ်က္
ဒုတ္ိယ အႀကိမ္ ထပ္မံ ခါလိုက္ျပန္ေတာ့ မိုးေရေတြစိုေနသည့္ တစ္စုံတစ္ေယာက္၏ ေနာက္ေက်ာ ကိုၾကည့္ၿပီး ေဒါသေတြ ထြက္ေနသည့္ သူ
"အကူအညီဆိုတာ မေတာင္းဘဲ ေပးရင္ ဝန္ထုတ္ဝန္ပိုး ေပဘဲ"
'မဟုတ္ပါဖူး တကယ္ က အဲ့လိုေျပာခ်င္ခဲ့တာ မဟုတ္ရပါဖူး '
စိုးရိမ္ပူပန္မႈ ၊ေဒါသထြက္မႈ ၊
ၾကင္နာ စိတ္တို႔က တစ္ၿပိဳင္တည္း
ယိုဖိတ္က်လာသည္မွာ ရာဟု ႏွလုံး အစုံ ကေပါက္ကြဲ လာေတာ့မည္ဟုပင္ ထင္ရ၍ ရင္ဘတ္ကို
တင္းတင္း ဆုပ္ကိုင္ ကာ
လဲက် ေတာ့မည့္ ဆဲဆဲတြင္
မိမိကို ေထြးေပြ႕လိုက္ပါေသာ ကိုယ္ေႏြးေႏြးေလး ႏွင့္ အတူ အသံ စူးစူးေလး ။
"ရာဟု သတိထားပါဦး ရာဟု ေရ
ရာဟု သတိထားလို႔ ရာဟု ေရ! "
သည္ အသံစူးစူးေလး ေၾကာင့္ မိမိရင္ထဲ တင္းၾကပ္မႈ က တစ္ထစ္ခ်င္းေလ်ာ့ လာ ေလသည္ ။
ယိုင္နဲ႔ခ်င္ေနေသာ ေျခေထာက္ အစုံ ကို
ျပန္လည္အားယူ ကာ မ်က္ခြံ တို႔ ကို တစ္ထစ္ခ်င္း ဖြင့္ၾကည့္ေလေတာ့
ေရွ႕တြင္ မိမိကို စိုးထိတ္ရပါေသာ
မ်က္ဝန္းအစုံႏွင့္ ၾကည့္ေနသူ
သည္ေကာင္ေလး ။
သည္အခိုက္အတန္႔
သည္အခိုက္အတန္႔မွာ ရာဟု ေဘးက ျဖတ္သြားျဖတ္လာလုပ္ေနေသာ လူေတြ ကို လည္း အာ႐ုံ ထဲမရွိေတာ့သလို ၊
ေလတိုးေလတိုင္း ျမည္ေနသူ
ဆည္းလည္းေလးေတြ ကို လည္း
ဂ႐ုမျပဳမိေတာ့ ။
သည္လူသားတစ္ေယာက္ကို သာလၽွင္
ဒီမ်က္စိ ေရွ႕ က သည္လူသား ကို သာ
ခပ္တင္းတင္း ဆြဲေပြ႕ မိလိုက္ေတာ့သည္။
ထိုအခါမွ သာ ရင္ထဲ က ပူပန္မႈႀကီး က အလုံးလိုက္က်သြားေလသေယာင္
"အို႔ ...။ "
အာေမဋိတ္သံ တစ္ခ်ိဳ႕ သာထြက္ လာၿပီး ႐ုန္းကန္ျခင္းမရွ္ိ ဘဲ ၿငိမ္ေနသူ ရင္ခြင္ထဲ က ေကာင္ေလး ကို သာ ပ္ို ၍
တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္မိေတာ့သည္။
အရင္ ဘဝ ေတြ ေရွးေရစက္ေတြ ကို
မမွိတ္မိေတာ့ေပမယ့္ ဒီလူ႔ကို ေပြ႕ဖက္ထားသည္ကပင္ ရင္ထဲ က ကြက္လပ္ ကေလး ျပည့္ေနသည္မို႔ ပို၍ သာတင္းတင္း ဖက္ထားမိေတာ့ သည္ ။
ဘယ္ေလာက္ အထိ ျမတ္နိုး ရသလဲ
ဆိုရင္ ေမာင္မင္း ရဲ့ အျပဳအမူ ေသးေသးေလး တစ္ခု က ႏွစ္ ၂၀၀ ေက်ာ္
တိုင္ ကိုယ္ေတာ့ ရင္ထဲ ကိန္းေအာင္းေနတာကို ဘဲ ၾကည့္ေလေတာ့ ေမာင္မင္းေရ။
တကယ္ခ်စ္ရင္ သံသရာ တစ္ပတ္ခ်ာခ်ာလည္ လည္း သူ႔ အျပဳအမူေသးေသး ေလး ကအစ ႏွလုံး သား က သတ္ိရေနတာမ်ိဳး ။
ဒါကိုေရာ ဘယ္လိုေခါင္းစဥ္တပ္ၾကမလဲ ?
ကၽြန္ေတာ္ကေတာ့
သူ႔ ထံ သို႔ တြယ္ၿငိျခင္း လို႔ဘဲ
ေခါင္းစဥ္တပ္ပါသည္ေလ ။
———————-
Extra က ၄ /၅ ပိုင္းေလာက္ဘဲ ရွိမွာပါ
ကဲ
သူ႔ထံ မွာ လွလွ ပပ တြယ္ၿငိေပးၾကပါဦး
Happy New Year everyone
Hope you all enjoy my gift💜