Unicode
*ဒေါက်.! ဒေါက်.! ဒေါက်.!*
".........."
"YB တံခါးဖွင့်ကွာ... မင်း ဒီထဲမှာရှိတာ ငါတို့သိတယ်... Yibo!! ဟေ့ကောင်!"
".........."
*ဒုန်း.!! ဒုန်း.!!*
"ဟေ့ကောင်! Wang Yibo!! တံခါးဖွင့်စမ်း!!"
*ဒုန်း!! ဒုန်း!! ဒုန်း!!"
".........."
အခန်းတစ်ခန်းရှေ့တွင် တံခါးကို တရပ်စက်ထုကာ စိုးရိမ်တကြီး မေးနေကြသော ကောင်လေးနှစ်ယောက်ရှိ၏။
ထိုအခန်းထဲတွင်တော့ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ကာ ကုတင်အစွန်းဖက်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်လည်းရှိပါလိမ့်မည်။
YB အိမ်ကို ပြန်ပြောင်းပြီးနေကတည်းကဘယ်သူနဲ့မှ စကားမပြောချင်တာကြောင့် Phone ကို စက်ပိတ်ထားကာ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ခဲ့...။
အခုဆို သူ့ Phone လည်း ဘယ်နားထားမိမှန်းပင် မသိတော့...။
သူ့စိတ်တွေရှုပ်ထွေးနေတာပဲ သူ သိသည်။
အိမ်မက်တွေနှင့်အတူ အိပ်ရေးပျက်ခဲ့ရသော ညတွေလည်းရှိခဲ့ဖူးပါသည်။
မရေရာတဲ့ ခံစားချက်များကို အဖြေရှာနေခဲ့ရသော အချိန်များလည်းရှိခဲ့ဖူးသည်။
လမင်းကြီးကို ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေမိသော အခါတွေလည်း ရှိခဲ့ဖူး၏။
စိတ်တွေလည်း ရှုပ်ပါသည်။
ဘယ်သူနဲ့မှလည်း မတွေ့ချင် ၊ စကားပြောချင်စိတ်လည်း မရှိချေ။
အခုချိန်မှာ YB တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်ပါ၏။
သူ့အတွက် ရင်ဖွင့်စရာ သူငယ်ချင်းလိုတယ် ဆိုတာ သိပေမယ့် အခုချိန်မှာ Yibo ဘယ်သူနဲ့မှကို စကားမပြောချင်သေးတာကလည်း ခက်ပါ၏။
နောက်ဆုံးတော့ အခန်းအပြင်ဘက်က "စစ်ကျွေးနဲ့ကျင်းရီ" တို့ အရမ်းစိတ်ပူနေကြမှာကို သိတာကြောင့် တံခါးသွားဖွင့်ပေးရသည်။
YB လူတစ်ကိုယ်လုံးလည်း ကိုင်ပေါက်ပြီး ရိုက်ချိုးထားခံရသလိုမျိုး ကိုက်ခဲနာကျင်နေ၏။
တံခါးအနားရောက်အောင်ကို သူ့မှာ မနဲသွားပြီးဖွင့်ပေးခဲ့ရသည်။
တံခါးဖွင့်ပေးလိုက်တာနဲ့ "စစ်ကျွေးနဲ့ကျင်းရီ" တို့ညီအကိုနှစ်ယောက် YB ကိုပင် စေ့စေ့မကြည့်ပဲ အခန်းထဲသို့ ခပ်သွက်သွက်ဝင်သွားကြသည်။
ကုတင်ပေါ်ကို သုံယောက်စလုံးနေရာတကျထိုင်ပြီးတာနဲ့ ထိုညီအကိုနှစ်ယောက် စကားတွေ တန်းစီနေအောင်ပြောတော့သည်။
"Yibo ရာ... ငါတို့ကတော့ စိတ်ပူလိုက်ရတာ...။ Hotel ကို Ph ဆက်ပြီးမေးတော့လည်း မင်း ပြန်သွားပြီတဲ့...။ မင်း Ph ဆက်တော့လည်း စက်ပိတ်ထားတယ်ပဲ အော်နေတာ...။ ကျောင်းကလည်း အရင်က Role call ခေါ်ရင် ငါတို့နှစ်ယောက် တစ်လှည့်စီထူးပေးနေကိုကွာ.....
အခု မင်း သတင်းတွေကလည်း ပြန့်နေတော့ ဆရာတွေလည်း မင်း ကျောင်းမလာတာကို ရိပ်မိနေကြပြီ...။ Role call လည်း ထူးပေးလို့ မရတော့ဘူး..."
အစွာလန်ကျင်းရီကတော့ သူပြောချင်ရာတွေကို Rap စာသားတွေ ထိုင်ရွတ်နေသလို အစဥ်အစာမပျက် တရစပ်ရွတ်သွားလေ၏။
"ဟုတ်တယ် Yibo မင်း ကျောင်းပြန်မတက်သေးဘူးလား...? စာမေးပွဲလည်း နီးပြီနော်...။ မင်း စာတော်တာ သိပေမယ့် ကျောင်းပျက်တာများရင် မကောင်းဘူးကွ..!"
"ကျင်းရီ" ရဲ့ စကားကို "စစ်ကျွေး" က ထောက်ခံသလို ဝင်ပြော၏။
ငါကလည်း ကျောင်းကို မလာချင်ပဲ နေပါ့မလား...? ငါ စိတ်ဝင်စားတဲ့ ကျောင်းကို တက်ခဲ့တာပဲလေ...။
ဒါပေမယ့် ကျောင်းလာရင် ဘေးက လူတွေ ငါ့ကို ထူးဆန်းသလို ကြည့်နေမှာ ငါ မလိုလားဘူး...။
ပတ်ဝန်းကျင်ကို အရမ်းကြီး စိတ်ဝင်စားတတ်တဲ့ လူတော့ မဟုတ်ပေမယ့် ထိုအကြည့်တွေကို မြင်နေရရင် အတိတ်တွေက ခြောက်လှန့်နေဆဲမို့...။
"Omm ငါ ကျောင်းတက်မှာပါ... ဒါပေမယ့် ကျောင်းက လူတွေ... င.."
"Wang Yibo! မင်း Ph ဖွင့်မကြည့်ရသေးဘူးလို့တော့ လာမပြောနဲ့နော်..."
YB စကားကို "ကျင်းရီ" အဆုံးထိ နားမထောင်ပဲ ကြားဖြတ်ပြောလာသော ထိုစကားကြောင့် YB နားမလည်သလို ပြန်ကြည့်မိ၏။
"ဟင်... aww ဟုတ်တယ် အိမ်ကို ပြန်လာကတည်းကPhစက်ပိတ်သွားလို့ ဒီတိုင်းထား, ထားတာ...။ ပြီးတော့ Ph ကြည့်နေရင် ငါနဲ့ကိုကို့ သတင်းတွေ အောက်က comment တွေကိုလည်း ကြည့်နေမ်ဦးမှာ ဟင်းးးး"
YB သက်ပြင်းလေးအသာချ၍ အေးအေးသက်သက်သာပြောလိုက်သော်လည်း လန်ကျင်းရီရဲ့တန်ပြန်အမေးစကားက သူ အသိမထားမိလိုက်သည့် အရာတစ်ခုကို သိသာစေ၏။
"ဘယ်လို? ကိုကို ပေါ့လေ?"
"ဟမ်..?"
Yibo သူ့ကိုယ်သူတောင် သတိမထားလိုက်မိ...။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း ခင်ဗျားကို "ကိုကို" လို့ ပါးစပ်က ထွက်သွားမိရတယ်လို့ဗျာ...။
သူငယ်ချင်းတွေကလည်း ထိုသို့အကြောင်းအရာတွေကို သိပ်အလေးမထားလို့သာ တော်တော့သည်။
"အေးပါ "ကိုကို" ဆိုတော့လည်း "ကိုကို" ပေါ့...။ မင်း ကိုကို ဖြေရှင်းစာ မမြင်သေးဘူးလား...?"
"ကျင်းရီ" စကားကြောင့် YB မျက်နှာအောက်ငုံ့နေရင်းမှ မျက်လုံးလေးပင့်ကြည့်မိသည်။
"အေး ကြည့်မနေနဲ့ Ph တောင် ဘယ်နားထားမိမှန်း မသိဘူးမလား...?"
"ကျင်းရီ" ရဲ့ စကားက မှန်နေတာမို့ YB ဘာမှ ခွန်းတုံ့မပြန်မိ...။ သူကလည်း သူပါပဲလေ...။
"ကဲပါကွာ ထားလိုက်တော့ ငါပဲ အဲ့ဒီ စာ ပြလိုက်တော့မယ်..."
ဒီလိုသာ ဆက်ပြောနေကြရင် လိုရင်းကို မရောက်တော့တာကြောင့် YB တို့နှစ်ယောက်ကြားက စကားဝိုင်းကို "စစ်ကျွေး" ဝင်ပြောပေးလိုက်ရသည်။
စစ်ကျွေး သူ့ Ph ကိုဖွင့်ကာ တစ်ခုခုရှာနေတာကို YB စောင့်ကြည့်နေမိ၏။
ဘယ်လောက်မှ မကြာလိုက် သူ့ Ph ကို YB ဆီကမ်းပေးတာကြောင့် YB ယူပြီး ကြည့်လိုက်သည်။
ဒါ ကိုကို့ရဲ့ဖြေရှင်းစာပေါ့...။
YB ထိုစာလေး ဖတ်နေရင်း သူ့ကိုယ်သူမလုံသလို ခံစားလာရ၏။
ဘယ်လိုဖြစ်လို့...? ဒီလူကြီး???
YB စာလေးကို အဆုံးထိ သေချာဖတ်ပြီးသွားတော့ "စစ်ကျွေး" Ph လေး ပြန်ပေးလိုက်သည်။
သူ့နှလုံးသားလေးကလည်း သံစဥ်မညီစွာ လှုပ်ခတ်လာလေသည်။
"YB ငါတို့ လာကတည်းကကြည့်နေတာ မင်း မျက်နှာ ဖြူဖတ်ဖြူရော်နဲ့ နေမကောင်းဘူးလား...?"
"စစ်ကျွေး" ရဲ့ အမေးကို YB ခေါင်းလေးအသာခါပြလိုက်ရင်း...
"ခေါင်းလေးပဲ နဲနဲမူးနေလို့ပါကွာ... ဘာမှမဖြစ်ပါဘူး..."
ထိုအခါ "ကျင်းရီ" က YB လက်ကလေးကို လှမ်းထိကြည့်လာရင်း ပါးစပ်မှလည်း...
"ပူကျစ်နေတာပဲကွာ... ဘာကို ဘာမှမဖြစ်ဘူးလဲ ငါ ဆရာဝန်ခေါ်လိုက်မယ်..."
"အာ... ဘာမှ မဖြစ်တာကို မခေါ်နဲ့... ဆေးသောက်လိုက်ရင် ပျောက်သွားမှာပဲဟာကို..."
YB ရဲ့ အပြောကိုအစ,သန်တဲ့ "ကျင်းရီ" က ပြုံးစ,စ နဲ့ကြည့်လာရင်း အဓိပ္ပါယ်တစ်မျိုးပါတဲ့ စကားတစ်ခွန်း ဆက်ပြောလာသည်။
"ငါ ပြောတာ ဆေးကုပေးတဲ့ ဆရာဝန် မဟုတ်ဘူး..."
"ကျင်းရီ" ရဲ့စကားကို အထာနပ်တဲ့ Wang Yibo က ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် မျက်နှာရဲတက်သွားကာ ခေါင်းတစ်ခါခါနှင့်ငြင်းလေ၏။
"နေစမ်းပါကွာ... ဘာမှမဟုတ်တာကို ဟိုကလည်း အားမှာမဟုတ်ဘူး..."
ငြင်းလိုက်မှ ပိုဆိုးကုန်တော့သည်။
"အံမယ်... အံမယ်... ဘဲကြီး စိတ်ပူသွားမှာစိုးလို့လား...? ဟဲ..."
"ကျင်းရီ" ပြောင်စပ်စပ် အပြောကြောင့် "စစ်ကျွေး" တစ်ယောက် "ကျင်းရီ" ကို တံတောင်နဲ့ တွက်ပြီး အချက်ပြသော်လည်း ထိုငနဲလေးက စ,ကောင်းနေတုန်း...။
YB. ခပ်ဖွဖွတစ်ချက်ပြုံးလိုက်ကာ...
"မဟုတ်ပါဘူးကွာ... ငါ ဆေးပဲဝယ်သောက်လိုက်မယ် နော်... မင်းတို့လည်း သွားစရာရှိတယ်မလား...? ပြန်ကြတော့..! ငါ နားလိုက်ဦးမယ်..."
"အေးအေး ငါတို့လည်း အဖိုးရဲ့နှစ်ပတ်လည်ကို သွားရဦးမှာ... ဂရုစိုက် သားကြီး..! ငါတို့ သွားပြီ..."
"Aa"
"စစ်ကျွေး" ရော "ကျင်းရီ" ရော နှစ်ယောက်လုံးထွက်သွားတော့ ကုတင်အစွန်းမှာ ထိုင်နေရာကနေ အိပ်ရာပေါ်သို့ လှဲချလိုက်၏။
အမှောင်ထုကြီး တစ်ခုက မျက်ဝန်းအိမ်တစ်လျှောက် ဖုံးလွှမ်းသွားလျက်...။
ထို့နောက်တွင်တော့ လောကကြီးနှင့် ခေတ္တခနမျှ အဆက်အသွယ်ပြတ်သွားလေသည်။
...............................
မျက်လွှာလေးကို တစ်ချက်နှစ်ချက် ဖွင့်ဟကြည့်မိတော့ အခန်းအပြင်အဆင်အရကျွန်တော့်အခန်းပါပဲ...။
နဖူးပေါ်က ခပ်အေးအေး ခပ်စိုစို အရာလေးတစ်ခုကို ဦးနှောက်ကနေတစ်ဆင့် ခံစားမိတော့ ရေပတ်လေးတစ်ခုပါလား ဟု မှတ်ချပြုမိသည်။
ငါ့အခန်းထဲမှာ ဘယ်သူရှိနေသေးတာလဲ...?
"Baby... နိုးနေပြီလား...?"
ဟင်..! ဒီ အသံက...!
အသံပိုင်ရှင်အား မျက်လုံးလေးဝေ့ပြီး ရှာကြည့်မိတော့ အခန်းထဲကို ပန်းကန်လေးတစ်ခုကိုင်ကာ ဝင်လာသော ထိုလူကြီး...။
YB အိပ်နေတဲ့ ကုတင်ဘေးနားရောက်လာပြီး လက်ထဲကိုင်လာတဲ့ ပန်းကန်လေးကို စားပွဲပေါ်တင်လိုက်သည်။
ထို့နောက် သူ့နဖူးလေးကို လက်ဖဝါးတစ်ဖက်နဲ့ နူးနူးညံ့ညံ့လေး စမ်းကြည့်လာရင်း ပါးစပ်ကနေလည်း.....
"Omm အဖျားတော့ ကျသွားပြီပဲ...။ ဒီမှာ ကိုယ် စွပ်ပြုတ်လေးလုပ်လာတယ်...။ Baby သောက်ရမယ်နော်...။ ကိုယ် ဒီလိုမျိုး တစ်ခါမှ မလုပ်ပေးဖူးဘူး...။ Baby က ပထမဆုံးပဲ..."
ပါးစပ်ကနေလည်း ပြောပြီးရော YB ကို လှဲနေရာမှ ထိုင်လို့ရအောင် တွဲကာ ထူပေးလာသည့် လူကြီးပါလေ...။
"Baby ရာ... ဒါကြောင့် ကိုယ် 'Hotel မှာပဲ နေပါဦး' လို့ ပြောတာပေါ့...။ Baby အတွက် အရမ်း အဆင်မပြေဖြစ်နေမှာမို့လို့သာ အိမ်ပြန်လိုက်ပို့ခဲ့ရတာ...။ အခုတော့ တစ်ယောက်တည်း ဖျားနေပါရောလား...?"
ဂရုဏာဒေါသလေးနဲ့ မချိတင်ကဲရွေရွတ်နေတဲ့ ဒီလူကြီးရဲ့ပုံစံဟာ သူ့ရဲ့ပုံစံအစစ်အမှန်ပေလား...?
YB မျက်တောင်ပင် မခတ်မိပါလေ...။
Xiao Zhan ခင်ဗျား ဘာလို့ ကျွန်တော်အပေါ် ကောင်းပြနေရတာလဲ...?
XZ ကသာ 'တတွတ်တွတ်' ပြောနေရပေမယ့် Baby ကတော့ သူ့မျက်နှာကိုပဲ စူးစိုက်ကြည့်နေလေ၏။
XZ ဘာမှ မပြောတော့ပဲ သူယူလာတဲ့ ပန်းကန်ထဲက စွပ်ပြုတ်လေးကို ဇွန်းလေးနှင့် ခပ်လိုက်ပြီး Baby သောက်ရင် မပူရလေအောင် နှုတ်ခမ်းက လေ လေးနဲ့ "တစ်ဖူးဖူး" မှုတ်ပေးနေမိသည်။
ထို့နောက် ဇွန်းလေးကို Baby ရှေ့တိုးပေးကာ...
"Baby အာ..."
ဇွန်းလေးကို YB ပါးစပ်ရှေ့ တေ့ပေးကာ "အာ..." ဆိုပြီး ကလေးတွေကို ထမင်းခွန့်သလို ခွန့်နေလေရဲ့...။
YB ယောင်န,နနဲ့ ပါးစပ်လေး ဟ,ပေးမိတော့ ဇွန်းလေးနှင့်အတူ စွပ်ပြုတ်ရည်လေးတွေပါ ပါးစပ်ထဲ စီးဝင်လာလေ၏။
ထိုလူကြီးကို ငေးကြည့်နေရင်း သူ သတိပြန်ဝင်လာတော့ စွပ်ပြုတ်ပန်းကန်တောင် တစ်ဝက်ကျိုးနေလေပြီ...။
YB ရေ ဘယ်လိုတွေတောင် စားလိုက်ရတာလဲဟ..!!
တကယ်ဆို ဖျားပြီးခါစ,မို့ သူ့မှာ စားချင်စိတ် လုံးဝ မရှိ...။
ဒါပေမယ့် လူကြီး ခွန့်ကျွေးသမျှကိုတော့ သူ စားနေမိပါ၏။
"Yarrrrrrr Baby က တော်လိုက်တာကွာ စွပ်ပြုတ်တွေ ကုန်သွားပြီ...။
ကဲ.. ဆေးသောက်ရအောင်နော်..."
XZ စားပွဲပေါ်က ဆေးကတ်လေးတွေကို ဖောက်ပြီး လက်ထဲထည့်ကာ ဖန်ခွက်ထဲကို ရေလေးတစ်ခွက်ပါ ငှဲ့ထည့်လိုက်၏။
ထို့နောက် Baby ကို ပေးလိုက်တော့ အသာတကြည်ပဲ ယူသောက်ပါသည်။
XZ Baby လေးရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို လိုက်ကြည့်ကာ အနူးညံ့ဆုံး ပြုံးလိုက်ပြီး...
"Baby က လိမ္မာတယ်ကွာ...။
ဆေးတွေလည်း သောက်တယ်...။
စွပ်ပြုတ်လည်း ကုန်အောင်သောက်တယ်...။
ကိုယ် စွပ်ပြုတ်လုပ်ပေးရကျိုးလည်း နပ်တယ်... တကယ် တော်တဲ့ ကလေးကွာ..."
XZ စကားကြောင့် YB အလိုမကျဟန် မျက်မှောင်ကြုံ့လိုက်ပြီး...
"ကျွန်တော့်ကို ကလေးတစ်ယောက်လို မဆက်ဆံပါနဲ့...။ ကျွန်တော် ကလေး မဟုတ်ဘူး..."
Baby လေး အပြောကြောင့် XZ ခပ်ဖွဖွလေးပြုံးကာ Baby ခေါင်းလေးကို လက်ကလေးနဲ့ လှမ်းဖွ,လိုက်ပြီး...
"ဒီ ခွေးပေါက်လေးကတော့ကွာ...
ဇွတ်တွေကို လူကြီးဆန်နေတော့တာပဲ..."
XZ စကားကြောင့် YB မျက်မှောင်ကလည်း ကြုံ့သထက်ကြုံ့လာလေ၏။
What? လူကိုများ "ခွေးပေါက်လေး" တဲ့...။
ကျေးဇူးတင်ချင်ပေမယ့် ဒီစကားကြောင့် ကျေးဇူးတောင် မတင်ချင်တော့ဘူး...။
ဒီလူကြီးကတော့ကွာ...။
XZ သူ့အရှေ့က ကုတင်ပေါ်မှာ အလိုမကျဟန် မျက်မှောင်ကြီးကြုတ်ကာ ထိုင်နေသည့် Baby လေးကို ကြည့်ရင်း ခေါင်းအသာ ခါမိ၏။
တကယ့် ကလေးလေးပါကွာ...။
စူပုပ်စ,ပြုနေတဲ့ နှုတ်ခမ်းလေးကို ကြည့်ရင်း XZ မှာ အသဲတယားယား...။
ဆံပင်ပျော့ပျော့လေးတွေကလည်း ခုန သူဖွလိုက်တာတစ်ကြောင်း ၊ ဘာဂျယ်မှ လိမ်းထားခြင်း မရှိတာကတစ်ကြောင်း မျက်နှာပေါ်မှာ ကပိုကရိုလေးတွေ ကျနေလေသည်။
မျက်နှာနုနုလေးက ဖျားထားတာကြောင့် ပါးလေးတွေရော နှာသီဖျားလေးတွေပါ ရဲနေလေ၏။
Baby ဖျားပြီး အိပ်နေတုန်းက သူ ခိုးကြည့်ထားတဲ့ မျက်နှာလေးကို အခုညပြန်ကြည့်မိတော့လည်း မျက်နှာမလွှဲချင်စရာ...။
ဒီလို ကလေးမျက်နှာနဲ့ ကောင်လေးက သူ့အကြောင်းတွေ လိုက်စုံစမ်းပြီး လုပ်ထားတွေကို XZ အခုထိ မယုံနိုင်သေးဘူး...။
"Baby အိပ်ချင်သေးလား...? အိပ်ချင်ရင် ပြန်အိပ်နေလေ ကိုယ် အောက်ခနဆင်းဦးမယ်..."
YB ထိုလူကြီးကို ကြည့်လိုက်တော့ သူ့ကို အပြုံးနုနုလေးနှင့် ပြန်ကြည့်နေပြီး စွပ်ပြုတ်ပန်းကန်လေးကိုယူလျက် အခန်းထဲမှ ထွက်သွားလေသည်။
နှုတ်ခမ်းအောက် မှည့်လေးကို YB သတိထားမိတာ ကြာပါပြီ...။
အဲ့ဒီ မှည့်လေးက လူကြီးရဲ့အပြုံးတွေကို ပိုအသက်ဝင်အောင် တန်ဆာဆင်ပေးနေသလိုပါပဲ...။
ပြုံးလိုက်တိုင်း ပေါ်လာတဲ့ ယုန်သွားလေးနှစ်ချောင်း...။
Xiao Zhan ခင်ဗျားကရော ယုန်လေး တစ်ကောင်လို ဖြူစင်မလား...?
ရှည်လျားတဲ့ အရပ်အမောင်းနဲ့ လူကြီးက ခြေတစ်လှမ်း, လှမ်းလိုက်တိုင်း သူ့အကြည့်တွေကို တစ်ခါ ဖမ်းစားသွားသလိုပဲ...။
ယောကျာ်းပီသပြီးချောမောလှတဲ့ ဒီမျက်နှာအသွင်အပြင်က YB အိမ်မက်ထဲကို အကြိမ်ကြိမ် အလည်လာခဲ့ပြီးပြီ...။
တစ်စုံတစ်ယောက်ကို လွမ်းစွတ်လာသလိုလိုရှိတိုင်း လမင်းကြီးကို ကြည့်ပြီး ခေါ်မိတဲ့ နာမ်စားလေးတစ်ခုလည်းရှိ၏။
"ကိုကို..."
....................................
"ဒေါက်တာ..! ဒေါက်တာ..! အရေးပေါ်လူနာ..."
သူနာပြု ဆရာမလေးစကားကြောင့် နားနေခန်းထဲမှာ ဂျူတီကုတ်လေးကို ချွတ်ပြီး နားဖို့ ပြင်နေတဲ့ "ရှင်းချန်" တစ်ယောက် ကုတ်အင်္ကျီလေးကို ပြန်ဆွဲယူကာ ပြေးရင်းလွှားရင်းနှင့်ပင် ကုတ်အင်္ကျီကို ပြန်ဝတ်လိုက်ရ၏။
ဆေးရုံက ဒေါက်တာတွေကို ကပ်ရောဂါဖြစ်နေသော နယ်ဘက်သို့ ပို့လိုက်သောကြောင့် ဆေးရုံမှာ နဂိုထဲက အနိုင်နိုင်ထိန်းနေရတဲ့
ဒေါက်တာ အင်အားက မလောက်ချင်တော့...။
ဒေါက်တာရှင်းချန် က အသက်လည်းငယ်ပြီး ဘက်စုံကျွမ်းကျင်သည့်အတွက် ဆေးရုံမှာ ဒေါက်တာ မလောက်မှာစိုး၍ ခန ချန်ထားခဲ့ခြင်းသာ...။
နယ်ဘက်မှာ လုံးဝ မရတော့လို့ ဒေါက်တာ အဖွဲ့ နောက်တစ်သုတ်သာ ထပ်ခေါ်ခံရရင် "ဒေါက်တာရှင်းချန်" ရဲ့နာမည်က ထိပ်ဆုံးကနေရာယူနေမှာဖြစ်ပြီး ထိုဆေးအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်သွားရလိမ့်မည်။
သူနာပြုမလေး ခေါ်ရာနောက် အပြေးလေး လိုက်လာတော့ Car accident ဖြစ်ပုံရသော လူနာတစ်ဦး...။
"ဟင် မုန့်ယောင်..."
သွေးတွေကြားမှ မြင်လိုက်ရသော ရင်းနှီးနေသည့် မျက်နှာတစ်ခု...။
"မုန့်ယောင်" ဆိုတာ "ရှင်းချန်" နဲ့ အိမ်နီးနားချင်းဖြစ်ပြီး မကြာသေးခင်ကမှ နိုင်ငံခြားက ပြန်လာသူဖြစ်၏။
"Neurs!! Surgery အတွက် အမြန်ရွှေ့ပါ"
"ဟုတ် ဟုတ်ကဲ့ ဒေါက်တာ..."
Neurs မလေးလည်း လူနာကို ခွဲစိတ်ခန်းထဲသို့ အမြန်ရွှေ့ပြောင်းပေးလေသည်။
"ရှင်းချန်" ကတော့ Surgical gown အပြည့်အစုံပြန်လဲပြီး mask တပ်ကာ အဆင်သင့်ဖြစ်နေသော ခွဲစိတ်ခန်းထဲသို့ ဝင်ရလေသည်။
ဒီတလော လူနာတွေ အရမ်းများ၏။
ဆရာဝန် အင်အားကလည်း မလောက်ငှသည့်အတွက် နားချိန်ဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိတော့...။
အဆိုးလေးနှင့်လည်း တစ်စ,တစ်စ ဝေးလာသလို ခံစားနေရ၏။
ဒီတလော အဆိုးလေးကို သူအချိန်မပေးမိ...။
Ph လေး ဆက်ဖို့လုပ်လိုက် ဘယ်အခန်းက လူနာထ, ဖောက်လာလို့ ဆိုပြီး ပြေးသွားရလိုက်...
တိုက်ခန်းပြန်မလို့ လုပ်လိုက် "ဒေါက်တာရယ် လူနာတွေအတွက် ညလေးတော့ အိပ်သွားပါဦး" ဆိုတော့ နားနေခန်းထဲမှာပဲ အိပ်လိုက်ရနဲ့ သူ့အချိန်တွေ အားလုံးက အလုပ်တွေနှင့်သာ ပြည့်နေလေ၏။
အဆိုးလေး လာတော့လည်း သူလေးနဲ့ စကားကောင်းကောင်း မပြောဖြစ်...။
ကောင်လေးရေ မင်းလေး နားလည်ပေးဖို့ပဲ မျှော်လင့်ရတယ်ကွာ... ။
.................................
Operation ပြီးတော့ အချိန်က ည 1 နာရီ ခွဲ။
အောင်အောင်မြင်မြင်ပဲ ခွဲစိတ်ပြီးစီးနိုင်ခဲ့ပါသည်။
လူကလည်း အရမ်းပင်ပန်းနေတော့ တစ်ကိုယ်လုံး လှုပ်လို့မရအောင်ကို နွမ်းနယ်နေ၏။
"ည 1 နာရီ တောင် ခွဲပြီ မင်းလေး အိပ်နေရောပေါ့..."
Ph လေးကို ကြည့်ကာ ရှင်းချန် ရေရွတ်မိသည်။
ဒီလို အခြေအနေတွေကြောင့် အဆိုးလေးဆီ ခေါ်မယ့် Ph တွေက မခေါ်ဖြစ်ခဲ့...။
သူ Ph ဖွင့်ကြည့်ရင်း အမှတ်တမဲ့ Message ထဲ ဝင်ကြည့်မိတော့ မျက်လုံးများပင်ပြာသွား၏။
သူ မကြည့်ဖြစ်ခဲ့သော အဆိုးလေး message များ.....
Voice message 122 ခု...။
"ရှင်းချန်" မျက်လုံးပြူးသွားပြီး တစ်စောင်ချင်းစီ ဖွင့်ပြီး နားထောင်နေမိ၏။
တကယ်ပါဗျာ...။
ဒီရက်တွေအတွင်း အလုပ်တွေ အရမ်းများတော့ Ph ဆို ဆက်ဖို့လောက်ပဲ တွေးခဲ့မိတဲ့ ကျွန်တော်က တော်တော်တုံးတာပဲ...။
အရင်ကတော့ message တွေ အပြန်အလှန်ပို့ခဲ့ ဖူးပါသည်။
ဒီနောက်ပိုင်း အလုပ်တွေလည်များတော့ လူက ပူထူနေပြီး Ph ဆို မြင်တာနဲ့ Ph ခေါ်မယ်ဆိုတာပဲ တွေးနေမိတာ...။
မအားရတဲ့ အကြောင်းအမျိုးမျိုးကြောင့်လည်း ဒီ Ph ဆက်ဖို့ သူတွေးထားသမျှ လက်လျော့ခဲ့ရပေါင်းများခဲ့ပါသည်။
ကိုယ့်ကို ယုံပါ ကောင်လေးရာ...။
မင်းလေးကို သတိမရတဲ့ နေ့ဆိုတာ တစ်နေ့မှ မရှိခဲ့ပါဘူး...။
Voice message တွေကို ဖတ်ပြီးတော့ မျက်ဝန်းမှာ မျက်ရည်ကြည်လေးတွေ နေရာယူခဲ့ပြီ...။
ကိုယ် သိပ်မှားသွားတယ် အဆိုးလေးရာ...။
သူလေးရဲ့အသံလေးနဲ့ 'အလုပ်ကို နားလည်ပေးနေပါတယ်' ဆိုတဲ့ voice message လေးတွေက သူ့ရင်ကို စို့စေ၏။
ခွဲစိတ်ခန်းအပြင်ဘက်က ခုံလေးမှာပဲ ရှင်းချန် ထိုင်နေမိသည်။
ဒီ ညရော ကောင်လေးကို လွမ်းမဲ့ အလွမ်းတွေ လျော့သွားမယ် ထင်လား...?
အဲ့လို ထင်ရင် မှားသွားမှာပေါ့...။
ပိုပြီးတော့တောင် တိုးလာပါသေးတယ် ကိုယ့်ရဲ့ပါပီလေးရယ်...။
...............................
"ဟက်..! အဘိုးကြီး ခင်ဗျားက ကျွန်တော့်ကို တာဝန်ယူမယ် လို့လည်း ပြောသေးတယ်..။ အခုတော့ စော်လေးနဲ့ ငြိမ့်နေတယ်ပေါ့လေ...။ တွေ့ကြသေးတာပေါ့ ဘဲကြီးရာ...။
ဝမ်ရိပေါ်တဲ့ တစ်ပေါ်တည်း ရှိတယ်... ဟင်းးး"
YB တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး ဟိုလူကြီးနှင့်စော်လေးတစ်ယောက် ထိုင်နေသော ဝိုင်းသို့ လျှောက်လာခဲ့၏။
"ကိုကို့"
XZ Yibo အသံကြားတော့ အံ့ဩသွားဟန် ချက်ချင်း လှည့်ကြည့်လာပြီး...
"ဟင် Baby... နေမကောင်းတာကိုကွာ ဘာလို့အပြင်ထွက်လာတာလဲ...?"
နေပါဦး... Baby က သူ့ကို ဘယ်လိုခေါ်လိုက်တာ...?
"ကိုကို" တဲ့လား...?
XZ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။
"ကိုကိုကလည်း Baby က နေမကောင်းလို့ ကိုကို့ကို ရှာရင်းနဲ့ ရောက်လာတာလေ..."
YB ကဖြေရင်း XZ ဘေးက ခုံလေးကို ဆွဲယူကာ XZ နှင့် အနီးဆုံးဖြစ်အောင် တမင်ကပ်ပြီး ထိုင်လိုက်၏။
"ကိုယ်တောင်းပန်ပါတယ်ကွာ... ကိစ္စလေးတစ်ခုရှိလို့ ကိုယ် အပြင်ထွက်လာရတာ... အခု Baby ဘာလုပ်ချင်လဲ...? ဘာလိုချင်လဲ...? ပြော ကိုကို ဝယ်ပေးမယ်..."
XZ သိတာပေါ့...။ ဒီ Baby လေး ဘာကြောင့် ဒီလိုထူးဆန်းတဲ့ အပြုအမူတွေ လုပ်နေသလဲ ဆိုတာ...။
"တကယ်နော် ကိုကို yayyyyy...!!"
YB ကလေးလေးတစ်ယောက်လို လက်ခုပ်လေးတီး၍ ရယ်နေလေ၏။
ချစ်စရာမကောင်းစမ်းနဲ့ Baby ရာ...။
ကြာရင် ဒီကာင်ကြီးက Baby ကို လက်မလွှတ်နိုင် ဖြစ်လာလိမ့်မယ်...။
Baby ရဲ့ ဒီလိုပုံစံ ၊ ဒီလိုအပြုအမူလေးတွေဟာ မြင်ရခဲမို့ XZ သိမ်းထားချင်မိသည်အထိ မြတ်နိုးရပါ၏။
"လီရှန်း" သူ့အရှေ့မှာ နှစ်ယောက် တစ်ကမ္ဘာတည်နေကြသော လူနှစ်ယောက်အား အကဲခတ်နေလေသည်။
ခနနေတော့.....
"အဟမ်း..! ဒီက Wang yibo နော်... တို့.."
"Aww... ဒီက အန်တီက yibo ကို သိနေတာပဲ... Yibo ကတော့ ဒီကအန်တီကို မသိဘူး... ပြီးတော့ သိလည်းမသိချင်ဘူး..."
"လီရှန်း" စကားကို ဆုံးအောင် အပြောမခံပဲ ဝင်ပြောလိုက်တဲ့ Baby စကားကြောင့် XZ
တစ်ယောက် စိတ်ခုသွားဖို့နေနေသာသာ ရယ်ချင်သွားသောကြောင့် အံကြိတ်ထားမိ၏။
ဘယ်လို ကလေးလေးလဲကွာ...?
"လီရှန်း" ဒေါသထွက်တာရော၊ အန်တီ အခေါ်ရလို့ ရှက်တာကြောင့်ရော ဆက်ဟန်မဆောင်နိုင်ပဲ မျက်စိမျက်နှာတွေ ထိန်းမရအောင် ပျက်ယွင်းသွားလေသည်။
Yibo တို့ကတော့ သူမကိုရှိတယ်လို့တောင် သဘောမထားမိပါလေ...။
"ကိုကို့ Baby ဗိုက်ဆာတယ်... မုန့်လိုက်ဝယ်ကျွေး နော်..."
YB ဗိုက်ကလေးကို ပွတ်ကာ ချစ်စရာအကောင်းဆုံး မျက်နှာလေးဖြစ်အောင်လုပ်ပြီး ချွဲလိုက်၏။
"ကောင်းပါပြီဗျာ... "လီရှန်း" ကိုယ်တို့ကို ခွင့်ပြုပါဦး..."
XZ Baby လေးနဲ့ စကားပြောနေရင်း "လီရှန်း" ဘက်လှည့်ကာ ပြောလိုက်တော့ သူမက မချိပြုံးဖြင့်သာ တုန့်ပြန်၏။
"အန်တီ Yibo နဲ့ ကိုကို့ကို ခွင့်ပြုပါဦးနော်..."
YB ပြောချင်ရာ ပြောပြီး ကိုကို့ရဲ့လက်ကို ဆွဲကာ ဆိုင်ထဲမှ ထွက်လာခဲ့လိုက်၏။
(**တကယ့် အဆိုးလေးပဲကွာ ကိုကို့ကလေးလေးက...**)
XZ တွေးရင်းသာ တစ်ဖန်ပြုံးမိပြန်၏။
ဘေးကနေ ကိုယ့်လက်ကို တွဲကာ အောင်နိုင်သူ အပြုံးကြီး ချိတ်ဆွဲထားတဲ့ Baby လေးက ကိုကို့မျက်လုံးထဲမှာတော့ အမြဲတမ်း ကလေးလေးပါပဲကွာ...။
ဆိုင်ထဲမှ မိန်းကလေးတစ်ယောက်၏ အရိုင်းဆန်သော အပြုံးတို့နှင့် ဆိုးရွားသော စကားသံတို့ကို ဆိုင်ထဲမှ အရင်ထွက်သွားကြသည့် ကောင်လေးနှစ်ယောက်ကတော့ မသိလိုက်ပါလေ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3837 words 💞
ကျန်းမာရေးဂရုစိုက်ကြပါနော် ❤
Thanks you all...💌💞
💞 အစဥ်လေးစားလျှက် 💞
K.Royalwhite💌💞💞
Dec 30,2020 (Updated Day) 🖤✨
Zawgyi
*ေဒါက္.! ေဒါက္.! ေဒါက္.!*
".........."
"YB တံခါးဖြင့္ကြာ... မင္း ဒီထဲမွာရွိတာ ငါတို႔သိတယ္... Yibo!! ေဟ့ေကာင္!"
".........."
*ဒုန္း.!! ဒုန္း.!!*
"ေဟ့ေကာင္! Wang Yibo!! တံခါးဖြင့္စမ္း!!"
*ဒုန္း!! ဒုန္း!! ဒုန္း!!"
".........."
အခန္းတစ္ခန္းေရွ႕တြင္ တံခါးကို တရပ္စက္ထုကာ စိုးရိမ္တႀကီး ေမးေနၾကေသာ ေကာင္ေလးႏွစ္ေယာက္ရွိ၏။
ထိုအခန္းထဲတြင္ေတာ့ မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ အုပ္ကိုင္ကာ ကုတင္အစြန္းဖက္တြင္ ထိုင္ေနေသာ ေကာင္ေလးတစ္ေယာက္လည္းရွိပါလိမ့္မည္။
YB အိမ္ကို ျပန္ေျပာင္းၿပီးေနကတည္းကဘယ္သူနဲ႕မွ စကားမေျပာခ်င္တာေၾကာင့္ Phone ကို စက္ပိတ္ထားကာ ဘယ္သူနဲ႕မွလည္း အဆက္အသြယ္မလုပ္ခဲ့...။
အခုဆို သူ႕ Phone လည္း ဘယ္နားထားမိမွန္းပင္ မသိေတာ့...။
သူ႕စိတ္ေတြရႈပ္ေထြးေနတာပဲ သူ သိသည္။
အိမ္မက္ေတြႏွင့္အတူ အိပ္ေရးပ်က္ခဲ့ရေသာ ညေတြလည္းရွိခဲ့ဖူးပါသည္။
မေရရာတဲ့ ခံစားခ်က္မ်ားကို အေျဖရွာေနခဲ့ရေသာ အခ်ိန္မ်ားလည္းရွိခဲ့ဖူးသည္။
လမင္းႀကီးကို ၾကည့္ၿပီး တစ္ေယာက္တည္း ၿပဳံးေနမိေသာ အခါေတြလည္း ရွိခဲ့ဖူး၏။
စိတ္ေတြလည္း ရႈပ္ပါသည္။
ဘယ္သူနဲ႕မွလည္း မေတြ႕ခ်င္ ၊ စကားေျပာခ်င္စိတ္လည္း မရွိေခ်။
အခုခ်ိန္မွာ YB တစ္ေယာက္တည္း ေအးေအးေဆးေဆး ေနခ်င္ပါ၏။
သူ႕အတြက္ ရင္ဖြင့္စရာ သူငယ္ခ်င္းလိုတယ္ ဆိုတာ သိေပမယ့္ အခုခ်ိန္မွာ Yibo ဘယ္သူနဲ႕မွကို စကားမေျပာခ်င္ေသးတာကလည္း ခက္ပါ၏။
ေနာက္ဆုံးေတာ့ အခန္းအျပင္ဘက္က "စစ္ေကြၽးနဲ႕က်င္းရီ" တို႔ အရမ္းစိတ္ပူေနၾကမွာကို သိတာေၾကာင့္ တံခါးသြားဖြင့္ေပးရသည္။
YB လူတစ္ကိုယ္လုံးလည္း ကိုင္ေပါက္ၿပီး ရိုက္ခ်ိဳးထားခံရသလိုမ်ိဳး ကိုက္ခဲနာက်င္ေန၏။
တံခါးအနားေရာက္ေအာင္ကို သူ႕မွာ မနဲသြားၿပီးဖြင့္ေပးခဲ့ရသည္။
တံခါးဖြင့္ေပးလိုက္တာနဲ႕ "စစ္ေကြၽးနဲ႕က်င္းရီ" တို႔ညီအကိုႏွစ္ေယာက္ YB ကိုပင္ ေစ့ေစ့မၾကည့္ပဲ အခန္းထဲသို႔ ခပ္သြက္သြက္ဝင္သြားၾကသည္။
ကုတင္ေပၚကို သုံေယာက္စလုံးေနရာတက်ထိဳင္ၿပီးတာနဲ႕ ထိုညီအကိုႏွစ္ေယာက္ စကားေတြ တန္းစီေနေအာင္ေျပာေတာ့သည္။
"Yibo ရာ... ငါတို႔ကေတာ့ စိတ္ပူလိုက္ရတာ...။ Hotel ကို Ph ဆက္ၿပီးေမးေတာ့လည္း မင္း ျပန္သြားၿပီတဲ့...။ မင္း Ph ဆက္ေတာ့လည္း စက္ပိတ္ထားတယ္ပဲ ေအာ္ေနတာ...။ ေက်ာင္းကလည္း အရင္က Role call ေခၚရင္ ငါတို႔ႏွစ္ေယာက္ တစ္လွည့္စီထူးေပးေနကိုကြာ.....
အခု မင္း သတင္းေတြကလည္း ျပန့္ေနေတာ့ ဆရာေတြလည္း မင္း ေက်ာင္းမလာတာကို ရိပ္မိေနၾကၿပီ...။ Role call လည္း ထူးေပးလို႔ မရေတာ့ဘူး..."
အစြာလန္က်င္းရီကေတာ့ သူေျပာခ်င္ရာေတြကို Rap စာသားေတြ ထိုင္႐ြတ္ေနသလို အစဥ္အစာမပ်က္ တရစပ္႐ြတ္သြားေလ၏။
"ဟုတ္တယ္ Yibo မင္း ေက်ာင္းျပန္မတက္ေသးဘူးလား...? စာေမးပြဲလည္း နီးၿပီေနာ္...။ မင္း စာေတာ္တာ သိေပမယ့္ ေက်ာင္းပ်က္တာမ်ားရင္ မေကာင္းဘူးကြ..!"
"က်င္းရီ" ရဲ႕ စကားကို "စစ္ေကြၽး" က ေထာက္ခံသလို ဝင္ေျပာ၏။
ငါကလည္း ေက်ာင္းကို မလာခ်င္ပဲ ေနပါ့မလား...? ငါ စိတ္ဝင္စားတဲ့ ေက်ာင္းကို တက္ခဲ့တာပဲေလ...။
ဒါေပမယ့္ ေက်ာင္းလာရင္ ေဘးက လူေတြ ငါ့ကို ထူးဆန္းသလို ၾကည့္ေနမွာ ငါ မလိုလားဘူး...။
ပတ္ဝန္းက်င္ကို အရမ္းႀကီး စိတ္ဝင္စားတတ္တဲ့ လူေတာ့ မဟုတ္ေပမယ့္ ထိုအၾကည့္ေတြကို ျမင္ေနရရင္ အတိတ္ေတြက ေျခာက္လွန့္ေနဆဲမို႔...။
"Omm ငါ ေက်ာင္းတက္မွာပါ... ဒါေပမယ့္ ေက်ာင္းက လူေတြ... င.."
"Wang Yibo! မင္း Ph ဖြင့္မၾကည့္ရေသးဘူးလို႔ေတာ့ လာမေျပာနဲ႕ေနာ္..."
YB စကားကို "က်င္းရီ" အဆုံးထိ နားမေထာင္ပဲ ၾကားျဖတ္ေျပာလာေသာ ထိုစကားေၾကာင့္ YB နားမလည္သလို ျပန္ၾကည့္မိ၏။
"ဟင္... aww ဟုတ္တယ္ အိမ္ကို ျပန္လာကတည္းကPhစက္ပိတ္သြားလို႔ ဒီတိုင္းထား, ထားတာ...။ ၿပီးေတာ့ Ph ၾကည့္ေနရင္ ငါနဲ႕ကိုကို႔ သတင္းေတြ ေအာက္က comment ေတြကိုလည္း ၾကည့္ေနမ္ဦးမွာ ဟင္းးးး"
YB သက္ျပင္းေလးအသာခ်၍ ေအးေအးသက္သက္သာေျပာလိုက္ေသာ္လည္း လန္က်င္းရီရဲ႕တန္ျပန္အေမးစကားက သူ အသိမထားမိလိုက္သည့္ အရာတစ္ခုကို သိသာေစ၏။
"ဘယ္လို? ကိုကို ေပါ့ေလ?"
"ဟမ္..?"
Yibo သူ႕ကိုယ္သူေတာင္ သတိမထားလိုက္မိ...။ သူငယ္ခ်င္းေတြနဲ႕ စကားေျပာေနရင္း ခင္ဗ်ားကို "ကိုကို" လို႔ ပါးစပ္က ထြက္သြားမိရတယ္လို႔ဗ်ာ...။
သူငယ္ခ်င္းေတြကလည္း ထိုသို႔အေၾကာင္းအရာေတြကို သိပ္အေလးမထားလို႔သာ ေတာ္ေတာ့သည္။
"ေအးပါ "ကိုကို" ဆိုေတာ့လည္း "ကိုကို" ေပါ့...။ မင္း ကိုကို ေျဖရွင္းစာ မျမင္ေသးဘူးလား...?"
"က်င္းရီ" စကားေၾကာင့္ YB မ်က္ႏွာေအာက္ငုံ႕ေနရင္းမွ မ်က္လုံးေလးပင့္ၾကည့္မိသည္။
"ေအး ၾကည့္မေနနဲ႕ Ph ေတာင္ ဘယ္နားထားမိမွန္း မသိဘူးမလား...?"
"က်င္းရီ" ရဲ႕ စကားက မွန္ေနတာမို႔ YB ဘာမွ ခြန္းတုံ႕မျပန္မိ...။ သူကလည္း သူပါပဲေလ...။
"ကဲပါကြာ ထားလိုက္ေတာ့ ငါပဲ အဲ့ဒီ စာ ျပလိုက္ေတာ့မယ္..."
ဒီလိုသာ ဆက္ေျပာေနၾကရင္ လိုရင္းကို မေရာက္ေတာ့တာေၾကာင့္ YB တို႔ႏွစ္ေယာက္ၾကားက စကားဝိုင္းကို "စစ္ေကြၽး" ဝင္ေျပာေပးလိုက္ရသည္။
စစ္ေကြၽး သူ႕ Ph ကိုဖြင့္ကာ တစ္ခုခုရွာေနတာကို YB ေစာင့္ၾကည့္ေနမိ၏။
ဘယ္ေလာက္မွ မၾကာလိုက္ သူ႕ Ph ကို YB ဆီကမ္းေပးတာေၾကာင့္ YB ယူၿပီး ၾကည့္လိုက္သည္။
ဒါ ကိုကို႔ရဲ႕ေျဖရွင္းစာေပါ့...။
YB ထိုစာေလး ဖတ္ေနရင္း သူ႕ကိုယ္သူမလုံသလို ခံစားလာရ၏။
ဘယ္လိုျဖစ္လို႔...? ဒီလူႀကီး???
YB စာေလးကို အဆုံးထိ ေသခ်ာဖတ္ၿပီးသြားေတာ့ "စစ္ေကြၽး" Ph ေလး ျပန္ေပးလိုက္သည္။
သူ႕ႏွလုံးသားေလးကလည္း သံစဥ္မညီစြာ လႈပ္ခတ္လာေလသည္။
"YB ငါတို႔ လာကတည္းကၾကည့္ေနတာ မင္း မ်က္ႏွာ ျဖဴဖတ္ျဖဴေရာ္နဲ႕ ေနမေကာင္းဘူးလား...?"
"စစ္ေကြၽး" ရဲ႕ အေမးကို YB ေခါင္းေလးအသာခါျပလိုက္ရင္း...
"ေခါင္းေလးပဲ နဲနဲမူးေနလို႔ပါကြာ... ဘာမွမျဖစ္ပါဘူး..."
ထိုအခါ "က်င္းရီ" က YB လက္ကေလးကို လွမ္းထိၾကည့္လာရင္း ပါးစပ္မွလည္း...
"ပူက်စ္ေနတာပဲကြာ... ဘာကို ဘာမွမျဖစ္ဘူးလဲ ငါ ဆရာဝန္ေခၚလိုက္မယ္..."
"အာ... ဘာမွ မျဖစ္တာကို မေခၚနဲ႕... ေဆးေသာက္လိုက္ရင္ ေပ်ာက္သြားမွာပဲဟာကို..."
YB ရဲ႕ အေျပာကိုအစ,သန္တဲ့ "က်င္းရီ" က ၿပဳံးစ,စ နဲ႕ၾကည့္လာရင္း အဓိပ္ပါယ်တစ်မျိုးပါတဲ့ စကားတစ္ခြန္း ဆက္ေျပာလာသည္။
"ငါ ေျပာတာ ေဆးကုေပးတဲ့ ဆရာဝန္ မဟုတ္ဘူး..."
"က်င္းရီ" ရဲ႕စကားကို အထာနပ္တဲ့ Wang Yibo က ခ်က္ခ်င္း သေဘာေပါက္သြားဟန္ျဖင့္ မ်က္ႏွာရဲတက္သြားကာ ေခါင္းတစ္ခါခါႏွင့္ျငင္းေလ၏။
"ေနစမ္းပါကြာ... ဘာမွမဟုတ္တာကို ဟိုကလည္း အားမွာမဟုတ္ဘူး..."
ျငင္းလိုက္မွ ပိုဆိုးကုန္ေတာ့သည္။
"အံမယ္... အံမယ္... ဘဲႀကီး စိတ္ပူသြားမွာစိုးလို႔လား...? ဟဲ..."
"က်င္းရီ" ေျပာင္စပ္စပ္ အေျပာေၾကာင့္ "စစ္ေကြၽး" တစ္ေယာက္ "က်င္းရီ" ကို တံေတာင္နဲ႕ တြက္ၿပီး အခ်က္ျပေသာ္လည္း ထိုငနဲေလးက စ,ေကာင္းေနတုန္း...။
YB. ခပ္ဖြဖြတစ္ခ်က္ၿပဳံးလိုက္ကာ...
"မဟုတ္ပါဘူးကြာ... ငါ ေဆးပဲဝယ္ေသာက္လိုက္မယ္ ေနာ္... မင္းတို႔လည္း သြားစရာရွိတယ္မလား...? ျပန္ၾကေတာ့..! ငါ နားလိုက္ဦးမယ္..."
"ေအးေအး ငါတို႔လည္း အဖိုးရဲ႕ႏွစ္ပတ္လည္ကို သြားရဦးမွာ... ဂ႐ုစိုက္ သားႀကီး..! ငါတို႔ သြားၿပီ..."
"Aa"
"စစ္ေကြၽး" ေရာ "က်င္းရီ" ေရာ ႏွစ္ေယာက္လုံးထြက္သြားေတာ့ ကုတင္အစြန္းမွာ ထိုင္ေနရာကေန အိပ္ရာေပၚသို႔ လွဲခ်လိဳက္၏။
အေမွာင္ထုႀကီး တစ္ခုက မ်က္ဝန္းအိမ္တစ္ေလွ်ာက္ ဖုံးလႊမ္းသြားလ်က္...။
ထို႔ေနာက္တြင္ေတာ့ ေလာကႀကီးႏွင့္ ေခတၱခနမွ် အဆက္အသြယ္ျပတ္သြားေလသည္။
...............................
မ်က္လႊာေလးကို တစ္ခ်က္ႏွစ္ခ်က္ ဖြင့္ဟၾကည့္မိေတာ့ အခန္းအျပင္အဆင္အရကြၽန္ေတာ့္အခန္းပါပဲ...။
နဖူးေပၚက ခပ္ေအးေအး ခပ္စိုစို အရာေလးတစ္ခုကို ဦးႏွောက္ကေနတစ္ဆင့္ ခံစားမိေတာ့ ေရပတ္ေလးတစ္ခုပါလား ဟု မွတ္ခ်ျပဳမိသည္။
ငါ့အခန္းထဲမွာ ဘယ္သူရွိေနေသးတာလဲ...?
"Baby... နိုးေနၿပီလား...?"
ဟင္..! ဒီ အသံက...!
အသံပိုင္ရွင္အား မ်က္လုံးေလးေဝ့ၿပီး ရွာၾကည့္မိေတာ့ အခန္းထဲကို ပန္းကန္ေလးတစ္ခုကိုင္ကာ ဝင္လာေသာ ထိုလူႀကီး...။
YB အိပ္ေနတဲ့ ကုတင္ေဘးနားေရာက္လာၿပီး လက္ထဲကိုင္လာတဲ့ ပန္းကန္ေလးကို စားပြဲေပၚတင္လိုက္သည္။
ထို႔ေနာက္ သူ႕နဖူးေလးကို လက္ဖဝါးတစ္ဖက္နဲ႕ ႏူးႏူးညံ့ညံ့ေလး စမ္းၾကည့္လာရင္း ပါးစပ္ကေနလည္း.....
"Omm အဖ်ားေတာ့ က်သြားၿပီပဲ...။ ဒီမွာ ကိုယ္ စြပ္ျပဳတ္ေလးလုပ္လာတယ္...။ Baby ေသာက္ရမယ္ေနာ္...။ ကိုယ္ ဒီလိုမ်ိဳး တစ္ခါမွ မလုပ္ေပးဖူးဘူး...။ Baby က ပထမဆုံးပဲ..."
ပါးစပ္ကေနလည္း ေျပာၿပီးေရာ YB ကို လွဲေနရာမွ ထိုင္လို႔ရေအာင္ တြဲကာ ထူေပးလာသည့္ လူႀကီးပါေလ...။
"Baby ရာ... ဒါေၾကာင့္ ကိုယ္ 'Hotel မွာပဲ ေနပါဦး' လို႔ ေျပာတာေပါ့...။ Baby အတြက္ အရမ္း အဆင္မေျပျဖစ္ေနမွာမို႔လို႔သာ အိမ္ျပန္လိုက္ပို႔ခဲ့ရတာ...။ အခုေတာ့ တစ္ေယာက္တည္း ဖ်ားေနပါေရာလား...?"
ဂ႐ုဏာေဒါသေလးနဲ႕ မခ်ိတင္ကဲေ႐ြ႐ြတ္ေနတဲ့ ဒီလူႀကီးရဲ႕ပုံစံဟာ သူ႕ရဲ႕ပုံစံအစစ္အမွန္ေပလား...?
YB မ်က္ေတာင္ပင္ မခတ္မိပါေလ...။
Xiao Zhan ခင္ဗ်ား ဘာလို႔ ကြၽန္ေတာ္အေပၚ ေကာင္းျပေနရတာလဲ...?
XZ ကသာ 'တတြတ္တြတ္' ေျပာေနရေပမယ့္ Baby ကေတာ့ သူ႕မ်က္ႏွာကိုပဲ စူးစိုက္ၾကည့္ေနေလ၏။
XZ ဘာမွ မေျပာေတာ့ပဲ သူယူလာတဲ့ ပန္းကန္ထဲက စြပ္ျပဳတ္ေလးကို ဇြန္းေလးႏွင့္ ခပ္လိုက္ၿပီး Baby ေသာက္ရင္ မပူရေလေအာင္ ႏႈတ္ခမ္းက ေလ ေလးနဲ႕ "တစ္ဖူးဖူး" မႈတ္ေပးေနမိသည္။
ထို႔ေနာက္ ဇြန္းေလးကို Baby ေရွ႕တိုးေပးကာ...
"Baby အာ..."
ဇြန္းေလးကို YB ပါးစပ္ေရွ႕ ေတ့ေပးကာ "အာ..." ဆိုၿပီး ကေလးေတြကို ထမင္းခြန့္သလို ခြန့္ေနေလရဲ႕...။
YB ေယာင္န,နနဲ႕ ပါးစပ္ေလး ဟ,ေပးမိေတာ့ ဇြန္းေလးႏွင့္အတူ စြပ္ျပဳတ္ရည္ေလးေတြပါ ပါးစပ္ထဲ စီးဝင္လာေလ၏။
ထိုလူႀကီးကို ေငးၾကည့္ေနရင္း သူ သတိျပန္ဝင္လာေတာ့ စြပ္ျပဳတ္ပန္းကန္ေတာင္ တစ္ဝက္က်ိဳးေနေလၿပီ...။
YB ေရ ဘယ္လိုေတြေတာင္ စားလိုက္ရတာလဲဟ..!!
တကယ္ဆို ဖ်ားၿပီးခါစ,မို႔ သူ႕မွာ စားခ်င္စိတ္ လုံးဝ မရွိ...။
ဒါေပမယ့္ လူႀကီး ခြန့္ေကြၽးသမွ်ကိုေတာ့ သူ စားေနမိပါ၏။
"Yarrrrrrr Baby က ေတာ္လိုက္တာကြာ စြပ္ျပဳတ္ေတြ ကုန္သြားၿပီ...။
ကဲ.. ေဆးေသာက္ရေအာင္ေနာ္..."
XZ စားပြဲေပၚက ေဆးကတ္ေလးေတြကို ေဖာက္ၿပီး လက္ထဲထည့္ကာ ဖန္ခြက္ထဲကို ေရေလးတစ္ခြက္ပါ ငွဲ႕ထည့္လိုက္၏။
ထို႔ေနာက္ Baby ကို ေပးလိုက္ေတာ့ အသာတၾကည္ပဲ ယူေသာက္ပါသည္။
XZ Baby ေလးရဲ႕ အျပဳအမူတစ္ခုခ်င္းစီတိုင္းကို လိုက္ၾကည့္ကာ အႏူးညံ့ဆုံး ၿပဳံးလိုက္ၿပီး...
"Baby က လိမၼာတယ္ကြာ...။
ေဆးေတြလည္း ေသာက္တယ္...။
စြပ္ျပဳတ္လည္း ကုန္ေအာင္ေသာက္တယ္...။
ကိုယ္ စြပ္ျပဳတ္လုပ္ေပးရက်ိဳးလည္း နပ္တယ္... တကယ္ ေတာ္တဲ့ ကေလးကြာ..."
XZ စကားေၾကာင့္ YB အလိုမက်ဟန္ မ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး...
"ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို မဆက္ဆံပါနဲ႕...။ ကြၽန္ေတာ္ ကေလး မဟုတ္ဘူး..."
Baby ေလး အေျပာေၾကာင့္ XZ ခပ္ဖြဖြေလးၿပဳံးကာ Baby ေခါင္းေလးကို လက္ကေလးနဲ႕ လွမ္းဖြ,လိုက္ၿပီး...
"ဒီ ေခြးေပါက္ေလးကေတာ့ကြာ...
ဇြတ္ေတြကို လူႀကီးဆန္ေနေတာ့တာပဲ..."
XZ စကားေၾကာင့္ YB မ်က္ေမွာင္ကလည္း ႀကဳံ႕သထက္ႀကဳံ႕လာေလ၏။
What? လူကိုမ်ား "ေခြးေပါက္ေလး" တဲ့...။
ေက်းဇူးတင္ခ်င္ေပမယ့္ ဒီစကားေၾကာင့္ ေက်းဇူးေတာင္ မတင္ခ်င္ေတာ့ဘူး...။
ဒီလူႀကီးကေတာ့ကြာ...။
XZ သူ႕အေရွ႕က ကုတင္ေပၚမွာ အလိုမက်ဟန္ မ်က္ေမွာင္ႀကီးၾကဳတ္ကာ ထိုင္ေနသည့္ Baby ေလးကို ၾကည့္ရင္း ေခါင္းအသာ ခါမိ၏။
တကယ့္ ကေလးေလးပါကြာ...။
စူပုပ္စ,ျပဳေနတဲ့ ႏႈတ္ခမ္းေလးကို ၾကည့္ရင္း XZ မွာ အသဲတယားယား...။
ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကလည္း ခုန သူဖြလိုက္တာတစ္ေၾကာင္း ၊ ဘာဂ်ယ္မွ လိမ္းထားျခင္း မရွိတာကတစ္ေၾကာင္း မ်က္ႏွာေပၚမွာ ကပိုကရိုေလးေတြ က်ေနေလသည္။
မ်က္ႏွာႏုႏုေလးက ဖ်ားထားတာေၾကာင့္ ပါးေလးေတြေရာ ႏွာသီဖ်ားေလးေတြပါ ရဲေနေလ၏။
Baby ဖ်ားၿပီး အိပ္ေနတုန္းက သူ ခိုးၾကည့္ထားတဲ့ မ်က္ႏွာေလးကို အခုညျပန္ၾကည့္မိေတာ့လည္း မ်က္ႏွာမလႊဲခ်င္စရာ...။
ဒီလို ကေလးမ်က္ႏွာနဲ႕ ေကာင္ေလးက သူ႕အေၾကာင္းေတြ လိုက္စုံစမ္းၿပီး လုပ္ထားေတြကို XZ အခုထိ မယုံနိုင္ေသးဘူး...။
"Baby အိပ္ခ်င္ေသးလား...? အိပ္ခ်င္ရင္ ျပန္အိပ္ေနေလ ကိုယ္ ေအာက္ခနဆင္းဦးမယ္..."
YB ထိုလူႀကီးကို ၾကည့္လိုက္ေတာ့ သူ႕ကို အၿပဳံးႏုႏုေလးႏွင့္ ျပန္ၾကည့္ေနၿပီး စြပ္ျပဳတ္ပန္းကန္ေလးကိုယူလ်က္ အခန္းထဲမွ ထြက္သြားေလသည္။
ႏႈတ္ခမ္းေအာက္ မွည့္ေလးကို YB သတိထားမိတာ ၾကာပါၿပီ...။
အဲ့ဒီ မွည့္ေလးက လူႀကီးရဲ႕အၿပဳံးေတြကို ပိုအသက္ဝင္ေအာင္ တန္ဆာဆင္ေပးေနသလိုပါပဲ...။
ၿပဳံးလိုက္တိုင္း ေပၚလာတဲ့ ယုန္သြားေလးႏွစ္ေခ်ာင္း...။
Xiao Zhan ခင္ဗ်ားကေရာ ယုန္ေလး တစ္ေကာင္လို ျဖဴစင္မလား...?
ရွည္လ်ားတဲ့ အရပ္အေမာင္းနဲ႕ လူႀကီးက ေျခတစ္လွမ္း, လွမ္းလိုက္တိုင္း သူ႕အၾကည့္ေတြကို တစ္ခါ ဖမ္းစားသြားသလိုပဲ...။
ေယာက်ာ္းပီသၿပီးေခ်ာေမာလွတဲ့ ဒီမ်က္ႏွာအသြင္အျပင္က YB အိမ္မက္ထဲကို အႀကိမ္ႀကိမ္ အလည္လာခဲ့ၿပီးၿပီ...။
တစ္စုံတစ္ေယာက္ကို လြမ္းစြတ္လာသလိုလိုရွိတိုင္း လမင္းႀကီးကို ၾကည့္ၿပီး ေခၚမိတဲ့ နာမ္စားေလးတစ္ခုလည္းရွိ၏။
"ကိုကို..."
....................................
"ေဒါက္တာ..! ေဒါက္တာ..! အေရးေပၚလူနာ..."
သူနာျပဳ ဆရာမေလးစကားေၾကာင့္ နားေနခန္းထဲမွာ ဂ်ဴတီကုတ္ေလးကို ခြၽတ္ၿပီး နားဖို႔ ျပင္ေနတဲ့ "ရွင္းခ်န္" တစ္ေယာက္ ကုတ္အကၤ်ီေလးကို ျပန္ဆြဲယူကာ ေျပးရင္းလႊားရင္းႏွင့္ပင္ ကုတ္အကၤ်ီကို ျပန္ဝတ္လိုက္ရ၏။
ေဆး႐ုံက ေဒါက္တာေတြကို ကပ္ေရာဂါျဖစ္ေနေသာ နယ္ဘက္သို႔ ပို႔လိုက္ေသာေၾကာင့္ ေဆး႐ုံမွာ နဂိုထဲက အနိုင္နိုင္ထိန္းေနရတဲ့
ေဒါက္တာ အင္အားက မေလာက္ခ်င္ေတာ့...။
ေဒါက္တာရွင္းခ်န္ က အသက္လည္းငယ္ၿပီး ဘက္စုံကြၽမ္းက်င္သည့္အတြက္ ေဆး႐ုံမွာ ေဒါက္တာ မေလာက္မွာစိုး၍ ခန ခ်န္ထားခဲ့ျခင္းသာ...။
နယ္ဘက္မွာ လုံးဝ မရေတာ့လို႔ ေဒါက္တာ အဖြဲ႕ ေနာက္တစ္သုတ္သာ ထပ္ေခၚခံရရင္ "ေဒါက္တာရွင္းခ်န္" ရဲ႕နာမည္က ထိပ္ဆုံးကေနရာယူေနမွာျဖစ္ၿပီး ထိုေဆးအဖြဲ႕ကို သူကိုယ္တိုင္ ဦးေဆာင္သြားရလိမ့္မည္။
သူနာျပဳမေလး ေခၚရာေနာက္ အေျပးေလး လိုက္လာေတာ့ Car accident ျဖစ္ပုံရေသာ လူနာတစ္ဦး...။
"ဟင္ မုန့္ေယာင္..."
ေသြးေတြၾကားမွ ျမင္လိုက္ရေသာ ရင္းႏွီးေနသည့္ မ်က္ႏွာတစ္ခု...။
"မုန့္ေယာင္" ဆိုတာ "ရွင္းခ်န္" နဲ႕ အိမ္နီးနားခ်င္းျဖစ္ၿပီး မၾကာေသးခင္ကမွ နိုင္ငံျခားက ျပန္လာသူျဖစ္၏။
"Neurs!! Surgery အတြက္ အျမန္ေ႐ႊ႕ပါ"
"ဟုတ္ ဟုတ္ကဲ့ ေဒါက္တာ..."
Neurs မေလးလည္း လူနာကို ခြဲစိတ္ခန္းထဲသို႔ အျမန္ေ႐ႊ႕ေျပာင္းေပးေလသည္။
"ရွင္းခ်န္" ကေတာ့ Surgical gown အျပည့္အစုံျပန္လဲၿပီး mask တပ္ကာ အဆင္သင့္ျဖစ္ေနေသာ ခြဲစိတ္ခန္းထဲသို႔ ဝင္ရေလသည္။
ဒီတေလာ လူနာေတြ အရမ္းမ်ား၏။
ဆရာဝန္ အင္အားကလည္း မေလာက္ငွသည့္အတြက္ နားခ်ိန္ဟူ၍လည္း သတ္သတ္မွတ္မွတ္ မရွိေတာ့...။
အဆိုးေလးႏွင့္လည္း တစ္စ,တစ္စ ေဝးလာသလို ခံစားေနရ၏။
ဒီတေလာ အဆိုးေလးကို သူအခ်ိန္မေပးမိ...။
Ph ေလး ဆက္ဖို႔လုပ္လိုက္ ဘယ္အခန္းက လူနာထ, ေဖာက္လာလို႔ ဆိုၿပီး ေျပးသြားရလိုက္...
တိုက္ခန္းျပန္မလို႔ လုပ္လိုက္ "ေဒါက္တာရယ္ လူနာေတြအတြက္ ညေလးေတာ့ အိပ္သြားပါဦး" ဆိုေတာ့ နားေနခန္းထဲမွာပဲ အိပ္လိုက္ရနဲ႕ သူ႕အခ်ိန္ေတြ အားလုံးက အလုပ္ေတြႏွင့္သာ ျပည့္ေနေလ၏။
အဆိုးေလး လာေတာ့လည္း သူေလးနဲ႕ စကားေကာင္းေကာင္း မေျပာျဖစ္...။
ေကာင္ေလးေရ မင္းေလး နားလည္ေပးဖို႔ပဲ ေမွ်ာ္လင့္ရတယ္ကြာ... ။
.................................
Operation ၿပီးေတာ့ အခ်ိန္က ည 1 နာရီ ခြဲ။
ေအာင္ေအာင္ျမင္ျမင္ပဲ ခြဲစိတ္ၿပီးစီးနိုင္ခဲ့ပါသည္။
လူကလည္း အရမ္းပင္ပန္းေနေတာ့ တစ္ကိုယ္လုံး လႈပ္လို႔မရေအာင္ကို ႏြမ္းနယ္ေန၏။
"ည 1 နာရီ ေတာင္ ခြဲၿပီ မင္းေလး အိပ္ေနေရာေပါ့..."
Ph ေလးကို ၾကည့္ကာ ရွင္းခ်န္ ေရ႐ြတ္မိသည္။
ဒီလို အေျခအေနေတြေၾကာင့္ အဆိုးေလးဆီ ေခၚမယ့္ Ph ေတြက မေခၚျဖစ္ခဲ့...။
သူ Ph ဖြင့္ၾကည့္ရင္း အမွတ္တမဲ့ Message ထဲ ဝင္ၾကည့္မိေတာ့ မ်က္လုံးမ်ားပင္ျပာသြား၏။
သူ မၾကည့္ျဖစ္ခဲ့ေသာ အဆိုးေလး message မ်ား.....
Voice message 122 ခု...။
"ရွင္းခ်န္" မ်က္လုံးျပဴးသြားၿပီး တစ္ေစာင္ခ်င္းစီ ဖြင့္ၿပီး နားေထာင္ေနမိ၏။
တကယ္ပါဗ်ာ...။
ဒီရက္ေတြအတြင္း အလုပ္ေတြ အရမ္းမ်ားေတာ့ Ph ဆို ဆက္ဖို႔ေလာက္ပဲ ေတြးခဲ့မိတဲ့ ကြၽန္ေတာ္က ေတာ္ေတာ္တုံးတာပဲ...။
အရင္ကေတာ့ message ေတြ အျပန္အလွန္ပို႔ခဲ့ ဖူးပါသည္။
ဒီေနာက္ပိုင္း အလုပ္ေတြလည္မ်ားေတာ့ လူက ပူထူေနၿပီး Ph ဆို ျမင္တာနဲ႕ Ph ေခၚမယ္ဆိုတာပဲ ေတြးေနမိတာ...။
မအားရတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လည္း ဒီ Ph ဆက္ဖို႔ သူေတြးထားသမွ် လက္ေလ်ာ့ခဲ့ရေပါင္းမ်ားခဲ့ပါသည္။
ကိုယ့္ကို ယုံပါ ေကာင္ေလးရာ...။
မင္းေလးကို သတိမရတဲ့ ေန႕ဆိုတာ တစ္ေန႕မွ မရွိခဲ့ပါဘူး...။
Voice message ေတြကို ဖတ္ၿပီးေတာ့ မ်က္ဝန္းမွာ မ်က္ရည္ၾကည္ေလးေတြ ေနရာယူခဲ့ၿပီ...။
ကိုယ္ သိပ္မွားသြားတယ္ အဆိုးေလးရာ...။
သူေလးရဲ႕အသံေလးနဲ႕ 'အလုပ္ကို နားလည္ေပးေနပါတယ္' ဆိုတဲ့ voice message ေလးေတြက သူ႕ရင္ကို စို႔ေစ၏။
ခြဲစိတ္ခန္းအျပင္ဘက္က ခုံေလးမွာပဲ ရွင္းခ်န္ ထိုင္ေနမိသည္။
ဒီ ညေရာ ေကာင္ေလးကို လြမ္းမဲ့ အလြမ္းေတြ ေလ်ာ့သြားမယ္ ထင္လား...?
အဲ့လို ထင္ရင္ မွားသြားမွာေပါ့...။
ပိုၿပီးေတာ့ေတာင္ တိုးလာပါေသးတယ္ ကိုယ့္ရဲ႕ပါပီေလးရယ္...။
...............................
"ဟက္..! အဘိုးႀကီး ခင္ဗ်ားက ကြၽန္ေတာ့္ကို တာဝန္ယူမယ္ လို႔လည္း ေျပာေသးတယ္..။ အခုေတာ့ ေစာ္ေလးနဲ႕ ၿငိမ့္ေနတယ္ေပါ့ေလ...။ ေတြ႕ၾကေသးတာေပါ့ ဘဲႀကီးရာ...။
ဝမ္ရိေပၚတဲ့ တစ္ေပၚတည္း ရွိတယ္... ဟင္းးး"
YB တစ္ကိုယ္တည္းေရ႐ြတ္လိုက္ၿပီး ဟိုလူႀကီးႏွင့္ေစာ္ေလးတစ္ေယာက္ ထိုင္ေနေသာ ဝိုင္းသို႔ ေလွ်ာက္လာခဲ့၏။
"ကိုကို႔"
XZ Yibo အသံၾကားေတာ့ အံ့ဩသြားဟန္ ခ်က္ခ်င္း လွည့္ၾကည့္လာၿပီး...
"ဟင္ Baby... ေနမေကာင္းတာကိုကြာ ဘာလို႔အျပင္ထြက္လာတာလဲ...?"
ေနပါဦး... Baby က သူ႕ကို ဘယ္လိုေခၚလိုက္တာ...?
"ကိုကို" တဲ့လား...?
XZ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္မိသည္။
"ကိုကိုကလည္း Baby က ေနမေကာင္းလို႔ ကိုကို႔ကို ရွာရင္းနဲ႕ ေရာက္လာတာေလ..."
YB ကေျဖရင္း XZ ေဘးက ခုံေလးကို ဆြဲယူကာ XZ ႏွင့္ အနီးဆုံးျဖစ္ေအာင္ တမင္ကပ္ၿပီး ထိုင္လိုက္၏။
"ကိုယ္ေတာင္းပန္ပါတယ္ကြာ... ကိစၥေလးတစ္ခုရွိလို႔ ကိုယ္ အျပင္ထြက္လာရတာ... အခု Baby ဘာလုပ္ခ်င္လဲ...? ဘာလိုခ်င္လဲ...? ေျပာ ကိုကို ဝယ္ေပးမယ္..."
XZ သိတာေပါ့...။ ဒီ Baby ေလး ဘာေၾကာင့္ ဒီလိုထူးဆန္းတဲ့ အျပဳအမူေတြ လုပ္ေနသလဲ ဆိုတာ...။
"တကယ္ေနာ္ ကိုကို yayyyyy...!!"
YB ကေလးေလးတစ္ေယာက္လို လက္ခုပ္ေလးတီး၍ ရယ္ေနေလ၏။
ခ်စ္စရာမေကာင္းစမ္းနဲ႕ Baby ရာ...။
ၾကာရင္ ဒီကာင္ႀကီးက Baby ကို လက္မလႊတ္နိုင္ ျဖစ္လာလိမ့္မယ္...။
Baby ရဲ႕ ဒီလိုပုံစံ ၊ ဒီလိုအျပဳအမူေလးေတြဟာ ျမင္ရခဲမို႔ XZ သိမ္းထားခ်င္မိသည္အထိ ျမတ္နိုးရပါ၏။
"လီရွန္း" သူ႕အေရွ႕မွာ ႏွစ္ေယာက္ တစ္ကမၻာတည္ေနၾကေသာ လူႏွစ္ေယာက္အား အကဲခတ္ေနေလသည္။
ခနေနေတာ့.....
"အဟမ္း..! ဒီက Wang yibo ေနာ္... တို႔.."
"Aww... ဒီက အန္တီက yibo ကို သိေနတာပဲ... Yibo ကေတာ့ ဒီကအန္တီကို မသိဘူး... ၿပီးေတာ့ သိလည္းမသိခ်င္ဘူး..."
"လီရွန္း" စကားကို ဆုံးေအာင္ အေျပာမခံပဲ ဝင္ေျပာလိုက္တဲ့ Baby စကားေၾကာင့္ XZ
တစ္ေယာက္ စိတ္ခုသြားဖို႔ေနေနသာသာ ရယ္ခ်င္သြားေသာေၾကာင့္ အံႀကိတ္ထားမိ၏။
ဘယ္လို ကေလးေလးလဲကြာ...?
"လီရွန္း" ေဒါသထြက္တာေရာ၊ အန္တီ အေခၚရလို႔ ရွက္တာေၾကာင့္ေရာ ဆက္ဟန္မေဆာင္နိုင္ပဲ မ်က္စိမ်က္ႏွာေတြ ထိန္းမရေအာင္ ပ်က္ယြင္းသြားေလသည္။
Yibo တို႔ကေတာ့ သူမကိုရွိတယ္လို႔ေတာင္ သေဘာမထားမိပါေလ...။
"ကိုကို႔ Baby ဗိုက္ဆာတယ္... မုန့္လိုက္ဝယ္ေကြၽး ေနာ္..."
YB ဗိုက္ကေလးကို ပြတ္ကာ ခ်စ္စရာအေကာင္းဆုံး မ်က္ႏွာေလးျဖစ္ေအာင္လုပ္ၿပီး ခြၽဲလိုက္၏။
"ေကာင္းပါၿပီဗ်ာ... "လီရွန္း" ကိုယ္တို႔ကို ခြင့္ျပဳပါဦး..."
XZ Baby ေလးနဲ႕ စကားေျပာေနရင္း "လီရွန္း" ဘက္လွည့္ကာ ေျပာလိုက္ေတာ့ သူမက မခ်ိၿပဳံးျဖင့္သာ တုန့္ျပန္၏။
"အန္တီ Yibo နဲ႕ ကိုကို႔ကို ခြင့္ျပဳပါဦးေနာ္..."
YB ေျပာခ်င္ရာ ေျပာၿပီး ကိုကို႔ရဲ႕လက္ကို ဆြဲကာ ဆိုင္ထဲမွ ထြက္လာခဲ့လိုက္၏။
(**တကယ့္ အဆိုးေလးပဲကြာ ကိုကို႔ကေလးေလးက...**)
XZ ေတြးရင္းသာ တစ္ဖန္ၿပဳံးမိျပန္၏။
ေဘးကေန ကိုယ့္လက္ကို တြဲကာ ေအာင္နိုင္သူ အၿပဳံးႀကီး ခ်ိတ္ဆြဲထားတဲ့ Baby ေလးက ကိုကို႔မ်က္လုံးထဲမွာေတာ့ အၿမဲတမ္း ကေလးေလးပါပဲကြာ...။
ဆိုင္ထဲမွ မိန္းကေလးတစ္ေယာက္၏ အရိုင္းဆန္ေသာ အၿပဳံးတို႔ႏွင့္ ဆိုး႐ြားေသာ စကားသံတို႔ကို ဆိုင္ထဲမွ အရင္ထြက္သြားၾကသည့္ ေကာင္ေလးႏွစ္ေယာက္ကေတာ့ မသိလိုက္ပါေလ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3837 words 💞
က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္ ❤
Thanks you all...💌💞
💞 အစဥ္ေလးစားလွ်က္ 💞
K.Royalwhite💌💞💞
Dec 30,2020 (Updated Day) 🖤✨