Part 22

23.7K 2.5K 151
                                    

​ခေတ်တစ်​ယောက် ဒီည​နေခင်း​လေးတွင်​တော့ခါတိုင်းနှင့်မတူ ဖင်တကြွကြွဖြစ်​နေ​လေသည်။အလုပ်ကပြန်လာ​တော့မည့်​မောင့်ကို​မျှော်ရင်း အ​ပေါက်ဝက​နေ​​ခေါင်း​​လေးပြူကြည့်လိုက်ပြန်ဝင်သွားလိုက်နှင့်သာ။မနက်ခင်းထဲက​မောင်လိမ်း​​ပေးထားတဲ့သနပ်ခါး​တွေကလည်းပါး​ပေါ်မှာမပျက်​သေး။နာရီဝက်​လောက်ဝင်ချည်ထွက်ချည်လုပ်​နေပြီး​နောက်​မောင်နှင့်​​မောင့်အ​ဖေ၏ကား​လေးနှစ်စီးသည်​ခြံထဲသို့ရှေ့ဆင့်​နောက်ဆင့်ဝင်လာ​လေသည်။

​မောင့်ကားကိုမြင်တာနဲ့အ​ပြေးထွက်ကာအလုပ်အိတ်​တွေဖိုင်​တွေ​ပြေးသယ်​ပေးပြီးအိမ်ထဲသို့အလျှင်အမြန်​ခေါ်​ပြန်သည်။ဦးသီဟ​မောင်က​တော့​ခေတ်ကိုကြည့်ကာ သူ့မိန်းမဖြစ်သူကိုမျက်စပစ်ပြီး"ဘာလဲ"ဆို​သောသ​​ဘောဖြင့်​မေး​တော့ ​ဒေါ်​မေမိုးပြည့်ကအိမ်ထဲ​ရောက်မှ​ပြောပြမယ်ဆို​သောပုံဖြင့်​ခေါင်းသာငြိမ့်ပြ​လေသည်။

"ဟဲဟဲ..ပြန်လာပါပြီလားဦး​လေး"

"​အေးကွ..ဒါနဲ့​မောင်​ခေတ်ထူးတို့ဒီ​နေ့​ပျော်​နေသလိုပဲ​နော်"

"​ပျော်ဆိုဒီ​နေ့စာသင်ရတယ်​လေဗျ...ဟဲဟဲ..ဒါ​ကြောင့်ဗျား အ​ပေါ်​လေးခဏသွားလိုက်ဦးမယ်ဗျ"

"​အေး​အေး သွားသွား"

လူကြီး​တွေကိုနှုတ်ဆက်ပြီးသည်နှင့်​မောင့်ကိုဆွဲ​ခေါ်ကာအ​ပေါ်သို့အမြန်တက်​လေ​သော​ခေတ်

"​ဖြေး​ဖြေးပါ​ခေတ်ရယ် ဘာ​တွေများဒီ​လောက်​ပျော်​နေရတာလဲ​ပြော"

"​​​ပြောချင်​နေတာဗျား...ငါက​လေ​မောင်မလာ​သေးလို့​စောင့်​နေတာကွ ဒီ​နေ့​လေစာ​တွေအများကြီးသင်ရတယ်သိလား"

"ဟုတ်လား ဘာစာ​တွေလဲ​ပြောပါဦး"

မူကြိုကပြန်လာ​သောက​လေး​လေးသဖွယ်​ပြော​နေ​သော​ခေတ်​​ကြောင့်​မောင့်မှာလည်းအလုပ်ကပြန်လာပြီးမ​မောနိုင်မပန်းနိုင်​ခေတ်စကား​တွေနား​ထောင်ရပြန်သည်။

"ဒီ​နေ့​လေ က က​လေးငယ်ချစ်စဖွယ်တို့
ခ ခ​​ရေကုံး မ​လေးပြုံးတို့ သင်ရတာဗျား။ပြီး​တော့ ပြီး​တော့ရှိ​သေးတယ် ငါက​လေကားစီးရင်ပတ်တဲ့ကြိုးကိုနဖားကြိုးလို့မ​ခေါ်​တော့ဘူးဗျား ဆရာက​ပြောတယ် အယ့်တာစိဘိတ်တဲ့ သိလားကွ"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now