ခေတ်တစ်ယောက် ဒီနေ့တော့စောစောထကာမျက်နှာသစ်ပြီးသည်နဲ့အောက်သို့တန်းဆင်းလေသည်။မောင်ကတော့မနေ့ကပွဲကအပြန်ပင်ပန်းတာရယ် သူ့အဖေထိုးထားတာတွေရယ်ကြောင့်နာကျင်နေတယ်ထင်ပါရဲ့ ခုထိမနိုးသေးပေ
ခေတ်အောက်ကိုဆင်းသွားတော့ ဒေါ်မေမိုးပြည့်ကဧည့်ခန်းမှာထိုင်ကာအဆင်သင့်စောင့်နေလေပြီ
"တီမေ"
"ဟေ သားခေတ်နိုးပြီလား လာ"
"ဟုတ်"
အောက်ရောက်တော့ဒေါ်မေမိုးပြည့်ကပင်ဦးဆောင်ကာမီးဖိုခန်းသို့ခေါ်သွားလေသည် ဒီနေ့မနက်စာတူတူချက်ဖို့ပြောထားကြသည်ကိုး...
"တီမေ အုန်းနို့ခေါက်ဆွဲလား"
"အင်းသားခေတ် သူတို့သားအဖတွေအကုန်ကြိုက်တယ်လေ"
"ဟုတ် အာ့ဆိုချက်ကြမယ်ဗျား"
"အင်း လိုအပ်တာတွေကတော့ညက မလုံးအကုန်လုပ်ပေးထားတယ် တီမေတို့ကချက်ရုံပဲ"
"ဟုတ်"
မီးဖိုခန်းထဲတွင်နှစ်ယောက်သားကြိတ်ကြိတ် ကြိတ်ကြိတ်နှင့်ချက်ရေးပြုတ်ရေးလုပ်ငန်းစကြလေရဲ့။သူတို့နှစ်ဦးရဲ့စည်းလုံးရေးလုပ်ငန်းစဥ်အစကတော့ မိသားစုထမင်းဝိုင်းလေးပင် အုန်းနို့ခေါက်ဆွဲဟင်းရည်တွေပွက်ပွက်ထလာတဲ့အချိန်လောက်ရောက်တော့ဒေါ်လုံးကိုအိုးစောင့်ခိုင်းကာ ဒေါ်မေမိုးပြည့်ကခင်ပွန်းနဲ့သားငယ်ကိုသွားခေါ်ပြီး ခေတ်ကတော့မောင့်ကိုခေါ်ရန်အပေါ်သို့ပြန်တက်လာလေသည်
အပေါ်ရောက်တော့ အလုပ်သွားရန်ပြင်ဆင်နေပြီဖြစ်သောမောင့်ကိုတွေ့လေသည်
"မောင့်"
"ဗျာခေတ်"
"မနက်စာစားရအောင်လေ ငါပြင်ထားတယ်"
ခေတ်ကထိုသို့ပြောတော့မောင်ကမျက်ခုံးတစ်ဖက်ကိုပင့်ကာပါးစပ်ကလည်းအိုပုံသဏ္ဏာန်လေးဝိုင်း၍လက်မထောင်ပြလေသည်
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)