🤭
အမယ်လေး ရီချင်နေလို့ ခဏလေး🤭ရပြီ ရပြီ ဟီးဟီး။ ဟုတ်ပြီ ဒါလေးကရွှန်းရဲ့ကျေးဇူးတင်လွှာတွေထဲမှာ အရှည်ဆုံးဖြစ်မှာပါ။ ဆိုတော့ အချိန်မပေးနိုင်ဘူး အဆုံးထိမဖတ်နိုင်ဘူးထင်ရင် ဝင်မဖတ်ပါနဲ့နော်။ အားနာပါးနဲ့ Voteလည်းဝင်ပေးသွားစရာမလိုပါဘူးနော်။
ကဲစပါပြီ.....
ဒီကျေးဇူးတင်လွှာအရှည်ကြီးမှာ ထိပ်စီးကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ချင်တာ ရွှန်းရဲ့အတူးလေးတွေပါ။ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲနဲ့ တကယ်ကိုကျေးဇူးတင်မိတာပါ။ Updateတွေမမှန်ခဲ့တဲ့ ဒီအရွှန်းလေးကို၊ စိတ်ဓါတ်တွေကျနေခဲ့တဲ့ဒီကောင်မလေးကို စကားလုံးလေးတွေနဲ့တစ်ဖုံ၊ နှစ်သိမ့်အားပေးစကားလတွေနဲ့တစ်ဖုံ တွန်းအားလေးတစ်ခုဖြစ်စေခဲ့တာ တကယ်ကို ကျေးဇူးတင်ရပါတယ်ကွယ်။ အတူးကြီးတို့အတူးလေးတို့အားလုံးကို ကျေးဇူးပါနော်။ VoteလေးတွေCommentလေးတွေ ရက်ရက်ရောရော ပေးခဲ့ကြတဲ့အတူးလေးတွေရော၊ တိတ်တဆိတ်လေးပဲ အားပေးခဲ့ကြတဲ့အတူးလေးတွေရော အကုန်လုံးကိုကျေးဇူးတင်ပါတယ်နော်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ရင်ထဲအသည်းထဲကနေတန်ဖိုးထားရပါတယ်ဗျား။
ကျေးဇူးတင်လွှာလေးပြီးတော့ ထပ်ပြောချင်တာကတော့ ဒါလေးရေးတုန်း ရွှန်းကြုံခဲ့ရတာလေးတွေပါ။ အင်း အယ့်တာတွေကို ဘယ်လိုခေါ်ရမလဲတော့ မသိဘူးရယ်။ အနှောင့်အယှက်အတိုက်အခိုက်ပဲခေါ်မလား ဘာခေါ်မလဲပေါ့နော်....
ပထမဆုံးအနေနဲ့ ရွှန်းကိုmessage boxကနေလာပြောပါတယ်။ ဒါတွေဒီလောက်ဖြစ်နေတာတောင် စာတွေတင်နေတာ အရှက်မရှိဘူးလား ဆိုတဲ့စကားလေးပါ။
ကဲ ဖြေကြည့်ကြပါဦး။ ရှက်စရာဘာများပါသလဲနော်။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ကိုယ်လေနော်။ ဖေဖေဆေးရုံတင်ထားရလို့ ကိုယ်လူနာစောင့်ရတဲ့နေ့တွေရှိတယ်။ မေမေစောင့်ပေးတဲ့နေ့တွေဆို အိမ်ကနေ လိုတာတွေလုပ်ပေးရတဲ့နေ့တွေရှိတယ်။ အယ့်တော့ သူများတွေလို နေ့တိုင်းလမ်းထွက်မနေနိုင်ဘူး။ လမ်းမထွက်ချင်တာထက် ကိုယ့်မှာလည်း ကိုယ့်အခက်အခဲနဲ့ကိုယ်လေနော်။ ဒါကြောင့်ကိုယ်နိုင်တဲ့ဘက်ကနေ သတိပေးတယ်။ ဂရုစိုက်ဖို့မှာပေးတယ်။ ပြီးတော့ ရွှန်းစာတွေဘာလို့တင်ပေးနေတယ်ဆိုတဲ့အကြောင်းပြချက်ကတစ်ခုတည်းရယ်ပါ။ မင်းတို့လေးတွေပင်ပန်းလာတဲ့အခါ အနည်းဆုံးတော့ ဒီနေရာလေးကိုအပန်းဖြေဖို့ရောက်လာကြမယ်လို့ထင်မိလို့။ ဒီကာလကြီးမှာ သူသူကိုယ်ကိုယ်အလုပ်ရှုပ်နေလို့ စာတွေမတင်ပေးနိုင်ကြတဲ့အချိန် မင်းတို့လေးတွေအတွက်ဖတ်စရာမရှိမှာစိုးလို့။ ကိုယ်လုပ်ပေးနိုင်တာ စာလေးရေးပြီး မင်းတို့လေးတွေ စိတ်အပန်းဖြေနိုင်အောင်လုပ်ပေးနိုင်တာတစ်ခုတည်းရှိတာမို့။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)