🍑Extra🍑

24.6K 1.8K 202
                                    

အဲကွန်း​လေ တဟူးဟူးနှင့် ​စိမ့်​အေး​နေ​သော အခန်းထဲတွင် ​လေထုသည်​​အေးစက်လျက်ရှိသည်။ အခန်းထဲတွင် ရှိ​နေ​သော လူသုံး​ယောက်အနက် နှစ်​ယောက်မှာ သူ့အလုပ်နှင့်သူ ကိုယ်စီအလုပ်ရှုပ်​နေ​ပေမယ့် တစ်​ယောက်မှာ​တော့ ထိုအလုပ်ရှုပ်​နေ​သောနှစ်​ယောက်အားစူးရဲစွာ စိုက်ကြည့်​နေ​လေသည်။

"ရလားစိုင်း။ Paragraphတွေကအကုန်ကျက်ရမှာ​နော်။ အယ့်တာမှ ဖြည့်လို့ရမှာ"

"ဟုတ် ရတယ်ဆရာ။ သားဒါနားလည်သွားပြီ။သားကို Math II ​လေးပဲ ​သေချာ​လေးထပ်ကျင့်​ပေးပါ"

"ဟုတ်ပြီ။ စာအုပ်ထုတ်လိုက်။ စိုင်း မရှင်းတာ​တွေ​ပြော။ ဆရာအကုန်ပြန်ရှင်း​ပေးမယ်​လေ​ နော်"

"ဟုတ်"

စိုင်း​မော်ရှန်း တပည့်ဖြစ်သူအား​ပြောရင်း မျက်လုံး​ထောင့်မှမြင်​နေရ​​​သော ရှင်းလျှန်၏ပုံရိပ်​လေးကိုလည်း ခိုးကြည့်ကာ ခိုးပြုံးမိသည်။

သူများအိမ်မှာ ဂိုက်လုံးဝလိုက်မပြပါနဲ့ ဆို​သော ရှင်းလျှန်၏ ​တောင်းဆိုမှုကြောင့် သင်​နေတဲ့ ၁၀တန်း​ကောင်​လေးကို အိမ်မှာ​ခေါ်သင်ရသည်။ ​တစ်ပတ်မှ ၂ရက်တည်း ​ခေါ်သင်တာ​တောင် ထို၂ရက်​ရောက်တိုင်း သူက​အလုပ်မသွားဘဲ​ သင်သင်​နေတဲ့အခန်းထဲမှာ ပလက်ကုလားထိုင် တစ်လုံးချပြီး သတင်းစာဖတ်သ​ယောင် ဘာသ​ယောင်နဲ့ သူ့တို့ကို ​ချောင်း​ချောင်းကြည့်​နေတက်သည်။

"Circleခန်း အရင်တွက်မလား 12ကို အရင်သွားမလား"

"Circleခန်းအရင်တွက်မယ် ဆရာ"

"ဟုတ်ပြီ။ ဒါဆို ဘယ်အပုဒ်နားမလည်ဘူးလဲ ​ပြော​နော်"

"ဟုတ် ဒီမှာဆရာ ဒီဟာ​​တွေ"

ထို​ကောင်​လေးက သူမရတာ​တွေကို လှန်​​လှောရင်း စိုင်း​မော်ရှန်း၏အနားသို့ကပ်လာကာ ပြလာ​သော​ကြောင့် စိုက်ကြည့်​နေ​သော ရှင်းလျှန်၏အကြည့်​တွေကပို၍စူးရဲလာ​လေသည်။ ထိုအကြည့်​တွေကိုသာ သတိထားမိမယ်ဆို ထို​ကောင်​လေး အရည်ပင်​ပျော်သွားတန်​ကောင်းပါရဲ့​လေ။

"အဟမ်း!!"

ထို​ကောင်​လေးက သူမရတာ​တွေပြရင်း အနားသို့ပိုတိုးကပ်လာတာနဲ့အမျှ ရှင်းလျှန်​ချောင်းဟန့်လိုက်မိသည်။ ဒါကို ထိုနှစ်​ယောက်က ဂရုစိုက်ဟန်မ​ပေါ် စာကိုသာ အာရုံစိုက်သင်​နေကြ​လေသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Hikayelerin yaşadığı yer. Şimdi keşfedin