[[Unicode]]ဒေါသများတနင့်တပိုးနှင့်မူးမေ့တော့မယောင်ရီဝေဝေဖြစ်နေသောရွှဲ့ရှန်သည်ကတုံး၏ခါးရိုးအောက်နားမှဒေါင်ဟူသောပဲ့တင်ထပ်သံကိုကြားလိုက်ရ၏။ ဝေးသလိုနီးသယောင်ဖြစ်နေသောအသံနှင့်ရုတ်တရက်သိမ့်ကနဲလှုပ်ရှားသွားမှုကြောင့်အသက်ရူမရမွန်းကျပ်လာသည်။ ဤအတိုင်းပဲမကောင်းဆိုးရွားသည်မေ့မျောသွားပြီဖြစ်၏။
သူပြန်လည်နိုးလာပြီးမျက်လုံးများဖွင့်ကာအိတ်ကပ်အတွင်းမှဖြည်းညင်းစွာခေါင်းထုတ်လိုက်ချိန်တွင်လျူအိမ်တော်အတွင်းရှိနေဆဲမဟုတ်တော့ကြောင်းသိရှိသွားသည်။ ဘေးဘီဝန်းကျင်ကိုတစ်ချက်ကြည့်ရာအိပ်ခန်းတစ်ခန်းဖြစ်ကြောင်းနားလည်သဘောပေါက်သွားသည်။
သေသပ်ပိပြားသောအိပ်ရာတစ်ခုနှင့်ဘေးတွင်အဝါရောင်မီးအိမ်ရှိသည်။ ဒန့်ဒလွန်ပင်ဆီမှလာသောအနံ့ကဲ့သို့ရနံ့ဖျော့ဖျော့နှင့်အတူသတိမပြုမိနိုင်လောက်သည်အထိဖျော့တော့သောဆေးဖက်ဝင်အနံ့အသက်များသည်အခန်းအတွင်းဝေ့ဝိုက်နေ၏။ ရွှမ်းမင်သည်ပန်းပွင့်များဖြင့်ပုံဖော်ထားသောသစ်သားစားပွဲဝိုင်းအရှေ့တွင်မတ်တပ်ရပ်နေ၏။ စားပွဲပေါ်တွင်သတိမေ့နေဆဲဖြစ်သောစက္ကူလူသားကျန်းရှီနင်၊ အကြံပေးလျူအိမ်တော်မှယူခဲ့သောကျိတ်ဆုံ၊ ပါးလွှာပေါ့ပါးမည့်ပုံပေါ်သောအထုတ်ငယ်၊ ရေဖြည့်ထားသောကြေးဇလုံနှင့်လက်ကိုင်တွင်ကွေ့ယွင်တည်းခိုဆောင်ဟုရေးထိုးထားသောလက်ဖက်ရည်ပွဲတစ်စုံတို့ရှိသည်။
မြင်ရသည့်ပုံအရတစ်စုံတစ်ယောက်၏တည်းခိုဆောင်အပေါ်ထပ်အခြမ်းဖြစ်ပုံရသည်။
ကွေ့ယွင်တည်းခိုဆောင်...[*ကွေ့=နေထိုင်သည်,ယွင်=တိမ်,ကွေ့ယွင်=တိမ်ပေါ်တွင်နေထိုင်ခြင်း]
စျေးတန်းတခွင်တွင်ရွှဲ့ရှန်လမ်းသလားခဲ့စဥ်အချိန်တုန်းကနားလည်ခဲ့သည်များရှိသည်။ စာသင်သားများသည်ကံကောင်းမှုကိုလိုလား၍ကျွမ်းယွမ်းမည်သောထိပ်တန်းပညာရှိအမည်ဆောင်သောတည်းခိုဆောင်၌ခရီးတစ်ထောက်နားတတ်ကြ၏။ ကုန်သည်များသည်လည်းစီးပွားလာဘ်လာဘတိုးတက်စေဖို့ရာနိမိတ်ဆောင်သောတည်းခိုဆောင်ကိုရွေးချယ်ကြ၏။ ထို့ကြောင့်ပဲ'ပျော်ရွှင်မှုများဆိုက်ရောက်ခြင်း'နှင့်'ဝင်လာမဆဲတသဲသဲ'စသဖြင့်အတိတ်တဘောင်ဆောင်သောအမည်ပေးထားသည့်တည်းခိုဆောင်များကိုသာတွေ့ရတတ်သည်။ ကွေ့ယွင်ဟူသောအမည်ကတော့သွယ်ဝိုက်၍မကြာခင်သေပြီးကောင်းကင်ဘုံတတ်ရတော့မည်ဟုပြောနေသလိုပင်။ စိတ်မမှန်သောသူသာဤတည်းခိုဆောင်၌လာတည်းလိမ့်မည်။
YOU ARE READING
Copper Coins《铜钱龛世》
Historical FictionNovel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တသီးတသန့်နေရတာသဘောကျ၍တည်ငြိမ်သူဘုန်းတော်ကြီးရွှမ်းမင် (ဘုန်းတော်ကြီးအစစ်မဟုတ်)နှင့် အများနှင့်မတူတမူထူးခြားသောဒေါသအိုးရွှဲရှန့် MC(shou) is h...